Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

လက်ရေတပြင်တည်း….

hmeeApril 11, 20111min42516

ကျွန်မ အရင်တခါက ယာထဲထမင်းပို.တဲ့ အကြောင်းရေးဖူးပါတယ်။ အခုတခါတော့ လယ်ထဲ ထမင်းပို.တဲ့အကြောင်းပါ။

ကျွန်မ ဆယ်တန်းအောင်ပြီး တက္ကသိုလ် မတက်ခင်အချိန်ပိုင်းလေးမှာ ရွာမှာပြန်နေပါတယ်။ အစ်ကိုကြီးကတော့  ဘွဲ.ရပြီးလို. အစိုးရအလုပ်မှာ ဝင်ရောက်သွားလို.  ငှာနစုမှုးအရာနဲ. နယ်မြို.တမြို.မှာ တာဝန်ထမ်းဆောင်နေပါတယ်။  မောင်လေးနဲ. ညီမလေးကတော. မြို.မှာ ကျောင်းတက်နေချိန်မို. အိမ်မှာ အဖေ၊အမေနဲ.ကျွန်မ သုံးယောက်ပဲရှိတာမို. ကျွန်မပဲ ကလေးလုပ်နေတယ်။ ငယ်ငယ်ကတည်းက အမြဲခွဲနေရတဲ့ အချိန်ကများပြီး အတူနေရတဲ့အချိန်က တော်တော်နည်းပါတယ်။  မိုးတွင်းအခါမှာ ကျောင်းဖွင့်တာမို. မြို.မှာပဲ အနေများပြီး တောဓလေ့ကို တကယ်ကို အပေါ်ယံလောက်သာရှပ်သိပြီး ထဲထဲဝင်ဝင် သိပ်မသိလှပါဘူး။ ဒါပေမဲ့ မိဘလက်ငုတ်လက်ရင်း အလုပ်မို. သံယောဇဉ်လည်း ရှိသမို. ကြုံကြိုက်တိုင်း သိချင်တာလေးတွေတော့  အမြဲမေးမိတယ်။ မိန်းခလေးမို. အနီးကပ် အမေနဲ.နေတာ များလို. အမေ့ကို ပိုပြီးမေးဖြစ်တယ်။ သားသမီးတွေက အမြဲလိုလို အဝေးမှာမို. လာတုန်းလာခိုက်လေးမှာ အတိုးချပြီး ချစ်ရတာဖြစ်လို. မေးသမျှကို မငြီးမငြူ ဖြေပေးပါတယ်။ ကျွန်မကလည်း သိချင်တာများနေလို. အမေးနွားကျောင်းသား အဖြေဘုရားလောင်းများ ဖြစ်နေသလား မသိပါဘူး။

အမေတို. ကတော့ ဓါးမဦးချ လုပ်ကိုင်လာတာမို. သိတာတွေ အတော်များတာပါ။ နွားလှည်းဆိုရင်တောင် ကျွန်မက နွားလှည်းလို.ပဲ အပေါ်ယံသိသိပေမဲ့  အမေကတော့ တခုခြင်းစီကို နံမည်တပ်ပြီး  ရွတ်လိုက်တာများ စုံစိနေတာပါပဲ။ ကျွန်မလည်း လှည်းစီးတိုင်း မေးမေးပြီး မှတ်တော.မှတ်ပေမဲ့ အခုထိ အကုန်မပြောတတ်သေးပါဘူး။ နောက်တခု နွားဆိုတာ လှည်းမှာတပ်မောင်းတာပဲ  ဘယ်နေရာတပ်တပ်လို. အထင်ရှိခဲ့ပေမဲ. တကယ်တော့ မဟုတ်ဘူး။ နွားမှာ အတိုင်နွား အလှည့်နွား ဆိုပြီးရှိပါတယ်။ သူ.နေရာနဲ. သူတပ်ပြီး မောင်းမှ ရတာမို. ဘယ်နွားကတော့ဖြင်. အတိုင်ဘက် အားသန်ပြီး ဘယ်နွားကတော့ဖြင်. အလှည်.ဘက်ကလေလို. မှတ်သား ထားပြီး  လှည်းမှာ တပ်မောင်းမှ ရတာပါ။ မှားနေရင်ဖြင့် နွားက မသွားတတ်ပဲ ကပ်နေပါတယ်။ နွားအသစ်ဝယ်ရင်လည်း တခါတည်းမေးရပါတယ် ဘယ်နေရာ အားသန်လဲလို.ပါ။ တခါတခါ လယ်ထဲသွားမယ်ဆို အမေက စိတ်မြန်တာမို. ကိုယ်တိုင်တက်မောင်းတတ်လို. လှည်းကောက် (တပ်) ခါနီးတိုင်း  အဖေ့ကို (သို.) စာရင်းငှားကို  ဟဲ့ နနီက အတိုင်လား အလှည်.လား လို. မေးတာကို အမြဲကြားရတတ်ပါတယ်။ မှားတပ်လို. လမ်းမှာကပ် နေရင်ဖြင့် တကယ်ဒုက္ခ ရောက်တာပါ။

နွားလှည်းပဲ ဘယ်သူမောင်းမောင်းပေါ့ လို. ပြောလို. မရပါဘူး။ ကားကမှ သက်မဲ.မို. ကိုယ်လိုသလို ရပေမဲ့ သက်ရှိကို ထိန်းရတာ ပိုခက်ပါတယ်။ ကျွန်မလည်း တခါတော့ အရမ်းမောင်းချင်လို. မောင်းပါရစေလို.  ခွင့်တောင်းတော. အမေက လမ်းလည်းဖြောင့်နေတာမို. မောင်းလေလို.  ပြောပြီးခွင့်ပြုလို. မောင်းတာ  နွားကလည်း မမောင်းတတ်သူ မောင်းမှန်းသိလို.  ပညာပြတာနဲ. ကျွန်မလည်း လက်လျှော.လိုက်ရတယ်။ ကျျွန်မမောင်းတုန်းက အမောင်းမခံတဲ့နွား အမေလက်ထဲ ကြိုးရောက်တာနဲ. ဖြောင့်နေတာပဲ သွားတာမို. သူတို.ဘယ်လိုများသိသလဲ မသိဘူးလို. ပြောလို. အမေကရီလိုက်တာ။ နွားနဲ.ဖက်ပြီး ရုန်းရတာမို. နွားဆိုးရင်လည်း တကယ်ကို မလွယ်တဲ့ဒုက္ခပါ။ နောက်ကြုံမှ ခွေ.တတ်တဲ့နွား၊ ကန်တတ်တဲ့နွားကို  မခွေ. မကန်အောင် ဘယ်လိုလုပ်တယ် ဆိုတာ ရေးပါဦးမယ်။

တမိုးတွင်း ၊တဆောင်းတွင်းလုံး လူနဲ.အတူ ပင်ပန်းရတာလည်း နွားတွေပါပဲ။ ဒီလောက်ပင်ပန်းတာတောင် တချို.နွားပိုင်ရှင်တွေက အစာကို ဝအောင် ကြွေးချင်မှ ကျွေးပြီးမနားရအောင် ခိုင်းတတ်တဲ. သူတွေ လက်ထဲ ရောက်ရတဲ. နွားတွေကတော. သနားစရာပါ။ ကျွန်မအဖေ နွားနဲ.ပတ်သက်ပြီး အမြဲပြောလေ့ရှိတဲ့ စကားကတော. နွားစာခြံထဲမှာ တနှစ်စာ နွားစာအပြည့်ထည့်မှ  လူစာက မရှိရင် ချေးငှားစားလို.ရတယ် နွားစာကမရဘူတဲ.။ အလုပ်သမားတွေကိုလည်း တခြားအကြောင်းအရာတွေမှာ အမြဲသဘောကောင်းတဲ့ အဖေက နွားကို အစာဝအောင်မကျွေးပဲ ခိုင်းဖို.ခေါ်လာတာတွေရင် အလွန်ဒေါ်သ ထွက်ပါတယ်။ အခုနောက်ပိုင်း ခေါတ်မှီ စက်ကရိယာတွေ တိုးတက်လာပေမဲ့ နွားကိုတော. စွန်.လို.မရသေးပါဘူး။  တချို.အရာတွေမှာ စက်သုံးမရပဲ နွားနဲ.မှ အဆင်ပြေတာတွေ ရှိပါတယ်။  ကောက်စိုက်ချိန် ပျိုုးခင်းကနေ စိုက်မဲ့လယ်ထဲကို ပျိုးထုံးတွေ တင်ထားတဲ့ စွပ်ဖားကို နွားတွေနဲ.ပဲ ဆွဲရတာပါ။

ပျိုးထုံးတွေကို သမန်ညက်အောင် ထွန်ထားတဲ့လယ်ထဲမှာ မနက်ဖြန်စိုက်မယ်ဆို ဒီလိုနေ.ကတည်းက အတန်းလိုက် လိုက်ချရပါတယ်။ ပျိုးထုံးတွေကများလို.  နွားနဲ.သယ်ရတာပါ။ ဒါပေမဲ့ တခါတခါတော. ကိုယ်.ပျိုးခင်းနဲ.လယ်ကွက် ကြားမှာရှိတဲ့ တခြားလယ်တွေက စိုက်ပြီးပြီဆိုရင်တော.နွားသုံးလို.မရတော.လို. လူကထမ်းပြီးသယ်ရတယ်။   တံပိုးမှာ ရှေ.နောက်လျှိုထမ်းပြီး လယ်ကွင်းတွေကလည်း ရေအပြည့်မို. ကမ်းသင်ရိုးတလျှောက် လမ်းလျှောက်သယ်ရတယ်လေ။ နှစ်စဉ်လုပ်နေကျမို. သူတို.ကတော. သူတို.ဟန်ချက် ထိန်းနိုင်လို. မလဲကျကြပါဘူး။ လယ်ထဲရောက်တော. ပျိုးထုံးတွေကို လိုသလိုချထားခဲ့ပြီးရင် သူတို.တာဝန်ပြီးသွားပါပြီ။

နောက်တနေ. မနက်မှာတော. ကောက်စိုက်သမတွေ ကောက်စိုက်ပွဲ စပါပြီ။ ကောက်စိုက်တာကတော.  နေ.စားနဲ. မဟုတ်ပါဘူး။ သုတ်ဖွဲ.ထားပြီး အဖွဲ. ခေါင်းဆောင်ကို ပြောပြီးငှားရတာပါ။ တဖွဲ.မှာ မိန်းခလေး သုံးလေးဆယ် ပါပါတယ်။ စိုက်မဲ့လယ်ကိုလဲ ဘယ်နှစ်ယောက်စိုက်လဲလို. မေးပြီး သိရပြီဆို သူတို.ဘာသာ တာဝန်ခွဲပြီး လိုက်ခိုင်းပါတယ်။ လုပ်အားခလည်း ခေါင်းဆောင်နဲ.ပဲ ရှင်းရတာပါ။ တခါတလေ တနေကုန်စိုက် ကြတာပါ။ ကောက်စိုက်ပြီးလို. အပြီးသတ်တဲ. နောက်ဆုံး နေ.မှာတော. ထမင်းကျွေးလေ့ ရှိပါတယ်။ မနက်ဖြန်တော.ဖြင့် လုပ်ငန်း အဆုံးသတ်မယ်ဟ လို. အဖေက အမေ.ကို ပြောလိုက်တယ် ဆိုရင်ပဲ အမေ့ဟာ ဟင်းစားရှာဝယ်ရပါပြီ။ ကျွန်မတို. ရွာမှာ ဈေးမရှိပါဘူး။ ခေါင်းရွက်ဗျက်ထိုးသည်လေးတွေပဲ လိုက်ရောင်းတာကို ဝယ်စားရတာပါ။ အများအားဖြင့်တော့ ခြံထဲမှာ စိက်ထားတာကိုပဲ ချက်စားတာပေါ့။ အခုတော. လူ သုံးဆယ်စာ ဆိုတော. အမေမှာ ကြိုတင်ပြင်ဆင်ရပါပြီ။ သူ.ယောင်းမ ၊ညီမတွေကိုလည်း ထမင်းဟင်းချက်ကူဖို. လိုက်ပြောရပါသေးတယ်။လိုအပ်တာတွေ  အားလုံး အသင့်ဖြစ်မှ အမေလည်း စိတ်ချလက်ချ နားပါတော.တယ်။

ထမင်းကျွေးမဲ့ မနက်အစော ရောက်တော. အဒေါ်တွေလည်း တယောက်ပြီး တယောက် ရောက်လာပါပြီ။ ထမင်းချက်တာဝန်ယူတဲ့ သူကထမင်းစချက်ပြီး ဟင်းတာဝန်ကျသူကလည်း သူ.တာဝန်နဲ.သူ တက်ညီလက်ညီ လုပ်ကိုင်ပါတယ်။ အဲဒီလို တယောက်တလှည်. ကူညီနေကျ ဖြစ်လို. လုပ်ငန်းလည်း ကျွမ်းကျင်နေလို. လုပ်ကိုင်နေတာများ ကျွန်မအမြင်တော. အလုပ်ရှပ်နေတယ်တောင် မထင်ပါဘူး။  စကားတပြောပြောနဲ. ပြောလိုက် ရီလိုက်နဲ.  ချက်နေတာများ အလွန်ပျော်စရာ ကောင်းပါတယ်။ လူအများကြီး ကျွေးရမှာမို. ဒန်အိုးတို. ချိုင့်တို.နဲ. ထည်.လို.မရပါဘူး။ ခွဲတောင်းထဲမှာ ငှက်ပျောဖက်ကို သေသေချာချာ သုတ်ပြီးခင်းပါတယ်။ငှက်ပျောဖက်ကို ဘာလို.သုံးရတာလဲဆိုတော. ငှက်ပျောဖက်က ထမင်းအပူကို ထိန်းထားနိုင်လို.ပါ။  ထမင်းတအိုး ကျက်တာနဲ. တောင်းထဲသွန်ထည်. နောက်တအိုးထပ်ချက်နဲ. လိုအပ်သလောက်မရမချင်း ချက်ရတာပါ။ အဲဒီနေ. ဟင်းကတော. ချဉ်ရည်ဟင်း၊ တညင်းသီးကြော်၊ ငါးခြောက်ကျော် နဲ. ငရုပ်သီးထောင်းပါ။ ကျွန်မလည်း ပြုတ်ထားတဲ့ တညင်းသီးကို ပြားအောင်ထုပေး ရတဲ့ တာဝန်ကျပါတယ်။  အဒေါ်နဲ. နှစ်ယောက်သား တညင်းသီး အလုံး  ၂၅ဝ လောက်ကို ထုရတာ လက်အံ့ကို သေနေတာပါပဲ။ ချဉ်ရည်ဟင်းကိုလည်း မိုးပြဲဒယ်နဲ. ချက်ရသလို အကြော်အလှော် တွေကိုလည်း မိုးပြဲဒယ် အလတ်နဲ့ ချက်ရတာပါ။ အားလုံးကျက်တော. ထမင်းပို.ဖို.ပါ တခါတည်း ပြင်ဆင်ပေးပြီး ပြန်သွားကျပါတယ်။ သူတို.လည်း အိမ်ပြန် ရေချိုးပြီး အိမ်မှာပဲ နေ.လည်စာ ထမင်းလာစားမှာပါ။ အမေရယ် ကျွန်မရယ် အလုပ်သမား ကောင်မလေးရယ် ထမင်းတောင်းတွေ ရွက်ပြီး လယ်ထဲ ထမင်းသွားပို.ပါတော.တယ်။

ရေဝေတဲ့ တာဘောင် တလျှောက်ခြေထောက်ဗလာနဲ. လမ်းလျှောက်  သွားရတာပါ။ မိုးတွင်းမို. ဗွက်တွေရှိလို. မလဲကျအောင် အတော်သတိထား လျှောက်ရတာပေါ့။ ကျွန်မကိုတော. အပေါ့ဆုံး ရွေးပြီးရွက်ခိုင်းပေမဲ့ ကျွန်မအတွက် အတော်လေး တာမို. ဇက်တွေတောင် နာလာပါတယ်။ အဖေကလည်း ထမင်းပို.ချိန် မှန်းပြီး ကောက်စိုက်သမတွေကို ထမင်းတောင်း ကြိုဖို. လွှတ်လိုက်လို. တာဘောင်ထိပ်မှာ စောင့်နေကြတယ်လေ။ ကျွန်မဆီက တောင်းကို ယူပြီး ရွက်သွားတာများ သူ.အတွက် ခေါင်းပေါ် ပစ္စည်းပါတယ်တောင် ထင်ပုံမရပါဘူး။ ပြီးတော. ကမ်းသင်ရိုးတလျှောက် လမ်းလျှောက်သွားတာများ တချက်ကလေးတောင် မယိုင်ပါဘူး။ ကျွန်မမှာတော. လူချည်းပဲတောင် မနည်းရောက်အောင် သွားခဲ့ရတာပါ။

ထမင်းတောင်းလည်းရောက် စားချိန်လည်း တန်ပြီမို. အလုပ်ရပ်ပြီး ထမင်းစားဖို. လာကျပါပြီ။ ဗဟုသုတပြောချင် ပါသေးတယ်။ သူတို.လက်တွေကို အဝတ်တွေပတ်ထားပါတယ်။ ပုဆိုးကို အရှည်လိုက် စုတ်ထားတဲ့ ပိတ်ပိုင်းစ တွေကို စိတ်ရှည်လက်ရှည် လက်ချောင်းလေးတွေကနေ တတောင်ဆစ် အထိပတ်ထားတာပါ။ ထမင်းစားမဲ့နေရာကို လျှောက်လာရင်း လမ်းတလျှောက် ဖြည်လာတာပါ။ ကျွန်မလည်း တခါမှ မမြင်ဘူးလို. ကမ်းသင်းရိုးမှာထိုင်ရင်း ဖြည်ပြီးလို. လယ်ထဲကရေနဲ.ပဲ လက်ထိုင်ဆေးနေတဲ့ အမ တယောက်ကို ကပ်မေးတာပေါ့။ အဲတော.မှ အကြောင်းအရင်းကို သိရပါတယ်။ သူကပြောပါတယ် လယ်ထဲက ကောက်စိုက်မဲ့ မြေကို သမန်းညက်အောင် ထွန်ထားလို. မြေကြီးရဲ. အဆီအနှစ်ဟာ လယ်ထဲက ရေပေါ်မှာ ဝေ့နေပါတယ်တဲ့။ အဲဒီ. အဆီကို သမန်းညက်အောင်ထွန်ရာက တက်လာတဲ့ အဆီမို. သမန်းဆီလို. ခေါ်ပါတယ်တဲ.။  ကောက်စိုက်တဲ့အခါ လက်ကိုရေထဲ နှစ်ပြီး မြေထဲမှာ ကောက်ပင်စိုက်တာ အကြိမ်ကြိမ် အခါအခါမို.  ကြာလာတော. လက်မှာ မြေကြီးအဆီတွေ ကပ်တာ ဆေးလို.မရတာမို. အခုလိုကြိုတင်ပြီး  အဝတ်ပတ်ထားတော. မပေတော.ပါဘူးတဲ့။ လူလည်းစုံပြီမို.  ထမင်းပန်းကန်ယူ မိမိစားနိုင်သလောက် စားခွင့်ရှိလို. ကြိုက်သလို ထည့်စားနိုင်ပါတယ်။ ဟင်းရော ထမင်းပါ အဝစားနိုင်ပါတယ်။ တယောက်နဲ.တယောက် အတွင်းသိ အဆင်းသိမို. ရှက်စရာမလိုသလို ဟန်ဆောင်ဖို.လည်း မလိုတာမို.  လက်ကို လယ်ကွက်ထဲက ရေမှာပဲ ဆေးပြီး အားပါးတရ စားကျပါတော.တယ်။ စပ်တဲ့အခါ ရေနွေးကြမ်းငှဲ.သောက်လိုက် စားလိုက် တယောက်နဲ.တယောက်စလိုက် မခံနိုင်လို. ပြန်ပြောလိုက် ဝိုင်းရီလိုက်နဲ. အလွန်ပျော်စရာ ကောင်းတာပါ။  ထမင်းကျွေးတာလည်း လယ်ပိုင်ရှင်ရဲ. စေတနာပါ။တချို.ကတော. တာဝန်ကြီးလို. မုန်.လုပ်ဆောင်းလိုမျိုး အော်ဒါမှာပြီး ကျွေးတတ်ပေမဲ့ အမေကတော. နှစ်တိုင်း ထမင်းအဝကျွေးပါတယ်။  ဒါကြောင့်မို. စတီးဇလုံ အကြီးစားတွေ အလုံး ငါးဆယ်လောက် ဝယ်ပြီးသိမ်းထားကာ ကောက်စိုက်ချိန်မှာ သုံးလေ့ရှိပါတယ်။ ကျွန်မလည်း သူတို.ကို ကြည့်ပြီး ထမင်းဝင်စားချင်စိတ် ပေါ်လာတာမို. ဝင်စားတော.မယ်လို.ပြောတော. အမေက ညဉ်းအိမ်ရောက်မှ စားမယ်ပြောလို. ပန်းကန်အပို မရှိတော.ဘူးလို.ပြောပေမဲ့ အရမ်းကို စားချင်နေတာမို. ငါးပိထောင်း ထည့်လာတဲ့ ဒန်အိုးအဖုံး လေးထဲ ထည့်ပြီး ဝင်စားပါတော.တယ်။

“လက်ရေတပြင်တည်း နှီးဒေါင်းတွေနဲ. ဝိုင်းဖွဲ.ကာ စားကြသည်တွင် မြရင် ခပ်ငယ်ငယ်က တေးဆိုကြ မြူးပျော်ကြ  ဟေ. သူငယ်ချင်းရေ တို.နယ်ပယ်တွင် မိုးသက်ကယ်ဆင် ရှစ်ခွင်ကမည်း မိုးရွာမလိုလိုနဲ.ပဲ ညီညွတ်ရေးနဲ. အသက်ရှည်ရှည်ခင်ခင်မင်  လက်ရေတပြင်တည်း ရှေးကထက် ပိုချစ်ကြတယ်” ဆိုတဲ.သီချင်းလို တကယ်ကို  မိုးမျှော် ငရုတ်သီးနဲ. ကောက်စိုက်သမတွေနဲ. လယ်ထဲမှာ တပျော်တပါးစားခဲ့ ရလို. ထင်ပါတယ် တကယ်ကို အရသာရှိတဲ့ ထမင်းတနပ်ပါပဲ။ အခုများတော. တကယ်ကို ဝေးနေရလို. တောဓလေ. တောသဘာဝကို တကယ်ကို လွမ်းမိနေပါတော.တယ်။

 

 

 

16 comments

  • nigimi77

    April 11, 2011 at 4:22 pm

    ဒီနေရာလေး…..အဲဒီနေရာလေး……” အဲဒီနေ. ဟင်းကတော. ချဉ်ရည်ဟင်း၊ တညင်းသီးကြော်၊ ငါးခြောက်ကျော် နဲ. ငရုပ်သီးထောင်းပါ။ ကျွန်မလည်း ပြုတ်ထားတဲ့ တညင်းသီးကို ပြားအောင်ထုပေး ရတဲ့ တာဝန်ကျပါတယ်။ အဒေါ်နဲ. နှစ်ယောက်သား တညင်းသီး အလုံး ၂၅ဝ လောက်ကို ထုရတာ လက်အံ့ကို သေနေတာပါပဲ။ ချဉ်ရည်ဟင်းကိုလည်း မိုးပြဲဒယ်နဲ………….”

    ဖတ်ရင်းနဲ ့ သရေ(သွားရည် ? ပါးစပ်ရည် ? လျှာရည် ?) တောက်တောက်ကျလာတယ်။

    သို ့ပေမဲ့လည်း အလွန် အဟာရဓါတ်ပြည့်ဝတဲ့ ကျေးလက် အစားအစာတွေမို ့……. 🙁

  • ဆူး

    April 11, 2011 at 4:33 pm

    အလွန် ဖတ်ကောင်းတဲ့ ဇတ်လမ်းလေးပါဘဲ။
    မြို့မှာ မွေးပြီး မြို့မှာ ကြီးတဲ့ လူ အဖို့ ဒါတွေသိဖို့ မလွယ်ပါဘူး။
    ဗဟုသုတ လည်း ရပါတယ်။ ဒါက နောင် နှစ်ပေါင်း များစွာကြာရင်(ဒီမျိုးဆက်ပြီး နောက်မျိုးဆက်တွေ) ဒီပိုစ်လေးက သမိုင်းဝင် မှီငြမ်းကိုးကား တဲ့ ပိုစ်တောင် ဖြစ်သွားနိုင်တယ်။
    အားပေးနေပါတယ်။

  • bigcat

    April 12, 2011 at 1:23 am

    ကျုပ်ရဲ့စီးတော်ကျားနဲ့ လယ်ထဲမှာသုံးတဲ့ ခြင်္သေ့တွေ ဆင်တွေအကြောင်း တနေ့ရေးအုံးမယ်။ 😛

  • kai

    April 12, 2011 at 4:49 am

    အငြင်းပွားစရာတွေတက်လာမှာစိုးသမို ့..အောက်မှာ ..ကြိုရှင်းပေးထားတာပါ..။
    ========
    xxx လက်ရေတပြင်တည်း နှီးဒေါင်းလန်းတွေနဲ့ ဝိုင်းဖွဲ့ကာ စားကြသည်ရှင်၊ မြမဒီခင် ခပ်ငယ်ငယ်၊ တေးဆိုကြ မြူးပျော်ကြ∙∙∙∙ ဟေ့သူငယ်ချင်းရေ တို့နယ်ပယ်တွင် မိုးသက်ကယ်ဆင် xxx (နန်းတော်ရှေ့ဆရာတင် – လက်ရေတပြင်တည်းအစပိုင်း)
    “လက်ရေတပြင်တည်း” ဆိုတာ “တစိတ်တည်း တဝမ်းတည်း” လို့ ဆိုလိုတာ ဖြစ်တယ်။
    ==
    လက်ရေတပြင်စီး (နေသည်)
    တစ်စီးပွားတည်း တစ်အိမ်ထောင်တည်းနေသည်။
    ရှေးက ထမင်းစားသောအခါ အိမ်ထောင်စုသား အားလုံးသည် ပန်းကန်ကိုယ်စီမယူဘဲ ဗျပ်ခေါ် ယွန်းပန်းကန်ပြားကြီးထဲတွင် ကိုယ့်ထမင်းပုံနှင့်ကိုယ် ဝိုင်းစုံစားသောက်ကြရာ တစ်ဖက်က ဆမ်းသော ဟင်းရည်တို့သည် တစ်ခြားတစ်ဖက်က ဆမ်းသော ဟင်းရည်တို့နှင့် တပြင်တည်း စီးဆုံပေါင်းစပ် သွားတတ်လေသည်။ ထိုသို့ လက်ရည် ဟင်းရည် (ရေ) တပြင်တည်းစီးအောင် စားသောက်နေထိုင်ကြသည်ကို တင်စား၍ အိမ်ထောင်စုမခွဲဘဲ မိဘ-မောင်ဖွားတို့ စုပေါင်းနေထိုင် လုပ်ကိုင် စားသောက်သည်ကို တင်စား၍ ဆိုသည်။

  • hmee

    April 12, 2011 at 9:09 am

    @ nigimi77ရေ တောထမင်း၊ဟင်း တွေက အရမ်းစားကောင်းပါတယ်။ အသီးအရွက်ဆိုလည်း အခုခူး အခု ချက်မို. လတ်ဆတ်ပါတယ်။ မှီ.အမေ ရန်ကုန်လာရင် တပတ်တောင် ကြာအောင်မနေပါဘူး ညဉ်းတို.မြို.က အစားအစာတွေက မလတ်ဆတ်တော. အချိုမှုန်.နဲ. ချိုနေတာ ဘယ်လာအာဟာရဖြစ်မလဲလို. အမြဲပြောပြီး ပြန်ပါတယ်။ @ ဆူးရေ မြှောက်မပေးနဲ.နော် အခုတောင် အိမ်ဦးနတ်က မနက်လင်းတာနဲ. ကွန်ပြူတာဖွင့် ရွာထဲဝင်ကြည့်ပြီးမှ မနက်စာ စီစဉ်လို. မင်းကွာ လွန်လွန်းတယ်ဆိုပြီး သိပ်မကြည်တော.ဘူး။
    ကိုကြောင်ကြီး ပြောမှ အလှုမှာ ဆင်နဲ.လှည့်တဲ့အကြောင်းရေးဖို. သတိရသွားပြီ။ @ ကိုခိုင် ကျေးဇူးပါ။ မနေ့က ရေးနေတော. အိမ်က အိမ်ကြီးသခင်ကလည်း အဲဒီလို ပြောပါတယ်။ မှီလည်း အဲဒီ. သီချင်းကို အဓိပ္ပါယ်ဖွင့်ထားတဲ့စာအုပ် အဖေ.ဆီမှာရှိလို.ဖတ်ဖူးတယ်။ ခေါတ်အလိုက် သီချင်းတွေကို မှတ်တမ်းတင်ထားတာလေ။ လေဘာတီမမြရင်၊ ဆင်ခိုးမလေး၊ မြိုမငြိမ်း စတဲ့ အထင်ကရ လူတွေရဲ. ဓါတ်ပုံတွေပါပါတယ်။ ဒါပေမဲ့ ပို.စ်တင်တော. ခေါင်းစဉ် စဉ်းစားမရတာနဲ. အလွယ်ယူသုံးမိတာ။ ပြီးတော.ခေါင်းစဉ်နဲ.လိုက်အောင် သီချင်းထည့်ဖို. သီချင်းကို တမနက်လုံး ရှာရသေးတယ်။ အလွယ်သုံးမိလို. ဆောရီးနော်။ နောက်တခါမှ သူငယ်ချင်းတွေနဲ. အလှုမှာ လင်ပန်းတချပ်တည်း ထမင်းဟင်း ပုံပြီး လက်ရည်တပြင်တည်း စားတာ ရေးမယ်နော်။

  • ဆူး

    April 12, 2011 at 3:06 pm

    အိမ်က လူကြီး ပြောရင် ပြောလိုက်ပေါ့.. အလကား ဝင်ရေးနေတာ မဟုတ်ဘူး ပိုက်ဆံ ရှာနေတာ တပုတ်ကို ဒေါ်လာ ၈ဝ နဲ့ ရေးတာ.. အလကား မဟုတ်ဘူး.. ၁သိန်း ပြည့်လို့ ထုတ်ရင် မြန်မာငွေနဲ့ ဒေါ်လှ အမှတ်မှားသွားတယ်လို့.. ပြန်ပြင်ပြောလိုက်ပေါ့.. ဟီးဟီး..

  • kopauk mandalay

    April 12, 2011 at 3:33 pm

    မိုးမျှော်ငရုတ်သီးထောင်းနဲ့ ကိုဘိုကေရယ် ဒေါင်းလန်းကြီးရဲ့အလယ်
    အသက်ရှည်ရှည်ခင်ခင်မင် လက်ရည်တပြင်တည်း ရှေးကတော့ ပိုချစ်ကြတယ်

    နန်းတော်ရှေ့ဆရာတင်ရေး မမြရင်ဆို ပါသည်
    သိပ်ကြိုက်ပါသည်၊
    အခုခေတ်ကတော့ အဲလိုမစားကြတော့ပါ
    ကျန်းမာရေးအရ မညီညွတ်ဟု ခေတ်ပညာတတ်များကဆိုပါသည်၊
    ကိုပေါက်လဲ ကြားသာ ကြားဘူးသည်ပါသည် ။
    မစားဘူးပါ။
    ထိုကြောင့် သူကြီးအား တင်ပြတောင်းဆိုလိုက်ပါသည်။
    မန်းဂေဇက်မှရွာသူရွာသားများစိတ်ဝမ်းကွဲနေခြင်းကိုပြေပျောက်စေခြင်းအလို့ငှာ
    အားလုံးကိုဖိတ်ကြား၍ လက်ရည်တပြင်တည်းစားစေ၍
    လက်ရည်တပြင်စီးသွားအောင် ဆောင်ရွက်ပေးပါရန်
    လေးလေးနက်နက်တောင်းဆိုလိုက်ပါသည်။
    အကယ်၍အထက်ပါတောင်းဆိုချက်ကို မလိုက်ရောပါက
    ဘုံ ဘုံ ဗုံ………………………………………………………
    ပုံ
    ကိုပေါက်(မန္တလေး)

  • unclegyi1974

    April 12, 2011 at 5:32 pm

    ထမင်းတောင်ထဲငှက်ပျောဖက်ခင်ထည့်တာ
    အပူလုံဖို့အဓိကထက်
    ထမင်းတွေတောင်းမှာကပ်မနေအောင်လို့လို့ထင်ပါ
    တယ် အပူလုံသွားတာလည်းပါမှာပေါ့
    ဦးကမှန်းပြောရတာပါနော်

    • kai

      April 12, 2011 at 6:30 pm

      ဂျပန်က စားစရာတချို ့က.. ငှက်ပျောရွက်.. ဝါးရွက်တွေနဲ့ထုတ်ပြီး ပေါင်းတယ်..ကင်တယ်..။
      အရွက်နံ ့သင်းသင်းက.. ဟင်းထဲထိရောက်သွားတာပေါ့..။
      ဈေးလည်း ကြီးသွားရော..။

  • kai

    April 12, 2011 at 5:32 pm

    ပီဇာ အပြားအကြီးကြီးကို နွားနို့လောင်းပြီးဒေါင်းလန်းထဲထည့်ကြွေးရင်ဖြစ်နိုင်မယ်..။
    တယောက်တခုစီ စားကြပေါ့..။
    လက်ရည်တပြင်စီးမှာပဲလေ..။ 🙂

  • weiwei

    April 12, 2011 at 6:03 pm

    ကျွန်မတို့ကျောင်းက နိုင်ငံခြားသား ကုလားလူမျိုး (၇၈၆) တွေကတော့ အခုအချိန်အထိ လက်ရေတပြင်တည်း စားနေကြတုန်းပါပဲ … စတီးဒေါင်းလန်းကြီးထဲမှာ ထမင်းနဲ့ ဟင်းထည့်ပြီး အားရပါးရ လက်ချောင်းကြားထဲအထိ ဟင်းရည်တွေစီးလို့ …. သူငယ်ချင်းတွေ ဧည့်သည်တွေဖိတ်ပြီး အတူတူစားကြတယ် … ကျွန်မက မိန်းကလေးဖြစ်လို့ ကံကောင်းသွားတယ် … နို့မို့ဆို အားနာပါးနာနဲ့ အတူတူအတင်းစားခိုင်းရင် ဒုက္ခ .. 🙂

  • nigimi77

    April 12, 2011 at 8:01 pm

    ငှက်ပျောရွက်ဆိုလို ့….အခုခေတ် (ရန်ကုန်က စားဖူးတဲ့ နေရာတွေကို ပြောတာပါ) ကောက်ညှင်းပေါင်း စားရတာ အရသာသိပ်မရှိတော့ဘူး။ ငယ်ငယ် ကျောင်းသားဘဝက (အထက်တန်းအထိ) ကျောင်းရှေ ့မှာ
    မနက်စောစော ရောင်းတဲ့ ကောက်ညှင်းပေါင်း သိပ်သတိရတယ်။ တချို ့အသည်က ငှက်ပျောရွက်နဲ ့။
    တချို ့အသည်က ဗန်ဒါရွက်နဲ ့ ထုပ်ပြီးရောင်းတာ။ အဲဒီ အရွက်နံ ့သင်းတဲ့ ကောက်ညှင်းကို တသက်မေ့မှာ
    မဟုတ်ဘူး။ အခုက ကျွတ်ကျွတ်အိတ်တွေနဲ ့ …… 🙁

    မှီးရေ။ ကျေးလက် အစားအစာတွေ ကြိုက်ပါတယ်။ ကျုပ်ပြောချင်တာ အဲဒီ တညင်းသီး…..။

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 13, 2011 at 2:12 pm

    ဘာဘဲပြောပြောဗျာ
    လက်ရည်တစ်ပြင်တည်းဆိုလို ့
    ကျုပ်တို ့ရွာမှာနေတုန်းက
    တောအရက်တစ်လုံးကို
    ခွက်တစ်ခွက်တည်းနဲ ့
    ဘော်ဒါတွေစုပြီး
    တစ်ယောက်တစ်ပက်စီ
    ဝိုင်းချကြတာလဲ
    လက်ရည်တစ်ပြင်တည်းဘဲ

  • naywoonni

    April 13, 2011 at 2:46 pm

    ခွက်လှည့်သောက်တာက မူးလာရင်လက်ရည်တင်တစ်ပြင်ထဲမဟုတ်ပါဘူး ကိုအောင်ဘု ..။ သွားရည်တွေပါ တစ်ပြင်ထဲဖြစ်သွားတာ….. ။ ယုံလား ? မယုံရင် ကျုပ်နဲ့ ခွက်လှည့်သောက်ရအောင်…။ ခွက်လှည့်ဆိုလို့ ကဗျာဆရာ ပိုင်သ ရဲ့ ခိုးခြင်းကဗျာလေးတောင် သတိရမိ …။ ဘာတဲ့…..။
    ” ဟလို… အလီဘာဘာ
    သင်နှင်ငါ
    လမသာတဲ့ညတစ်ည
    အင်းလျားကန်စပ်တစ်နေရာမှာ
    ရမ်သို့မဟုတ်ဘီယာ ကို
    ခွက်လှည့်သောက်ရင်းနဲ့
    ခိုးခြင်းကိစ္စ နဲနဲဆွေးနွေးကြရအောင်……….”
    ဆိုလားပဲ……..။။။။

  • kopauk mandalay

    April 13, 2011 at 3:34 pm

    သူကြီး ရူးချင်ယောင်ဆောင်မနေပါနဲ့
    တောင်းဆိုထားပါသည်
    ထိုကြောင့် သူကြီးအား တင်ပြတောင်းဆိုလိုက်ပါသည်။
    မန်းဂေဇက်မှရွာသူရွာသားများစိတ်ဝမ်းကွဲနေခြင်းကိုပြေပျောက်စေခြင်းအလို့ငှာ
    အားလုံးကိုဖိတ်ကြား၍ လက်ရည်တပြင်တည်းစားစေ၍
    လက်ရည်တပြင်စီးသွားအောင် ဆောင်ရွက်ပေးပါရန်
    လေးလေးနက်နက်တောင်းဆိုလိုက်ပါသည်။
    အကယ်၍အထက်ပါတောင်းဆိုချက်ကို မလိုက်ရောပါက
    ဘုံ ဘုံ ဗုံ………………………………………………………
    ပုံ
    ကိုပေါက်(မန္တလေး)

  • nigimi77

    April 13, 2011 at 3:41 pm

    ဆြာပေါက် သွေးထိုးနေသည်။ AB သွေး လက်မခံပါ။

    လက်စသပ်တော့ စီပိုးတွေ ဘီပိုးတွေ အလင်းရဲ ့ အလျင်နှုန်းနဲ ့ပျံ ့နှံ ့နေတာ ကိုရင်ပုတို ့ လက်ချက်ကိုး။

Leave a Reply