ကျွန်{သို့မဟုတ်}မြန်မာအလုပ်သမားများ

ရှေးရှေးတုန်းကတော့
နယ်ချဲ့တွေကကျွန်ပြုဖို့ ကျွန်တော်တို့ဆီကိုလာတယ် ။
ဒီဘက်ခေတ်မှာတော့
ကျွန်ခံဖို့ကျွန်တော်တို့ကိုယ်တိုင်ခရီးထွက်ရတယ် ။

လူဖြစ်ပေမဲ့…….
ရွေးချယ်ပိုင်ခွင့်ကမရှိဘူး အမေရယ် ။
ကျွန်တော့်အဖြစ်က
အိပ်မက်ထဲကကမ႓ာကို
ကျွန်ရွာမှသွားရှာမိတဲ့အဖြစ် ။
သေရင်မြေကြီးဆိုတာကတော့မှန်ပါတယ်
ရှင်ရင်တော့
မစို့မပို့ငွေလေးက ကျွန်တေ်တို့အတွက်
ရွှေထီးပေါ့ ။

တစ်ရွာပြောင်းပေမဲ့
သူကောင်းတော့မဖြစ်ခဲ့ပါဘူး ။
ကျွန်ပဲဖြစ်ခဲ့ရတယ ်အမေ………

ကြောက်ရင်လွဲ
ရဲရင်မင်းဖြစ်သတဲ့ ။
ကျွန်တော်လေ
မေနဲ့မိသားစုအတွက်
ရဲခဲ့ပါတယ်
ခု……..ကျွန်ပဲဖြစ်နေသေးတယ် အမေ ။
ကျွန်တော်ရဲ့ရဲရင့်မှု့တွေကပဲ လွဲနေလို့လား ။
ကို့အခွင့်အရေးကိုသိဖို့နေနေသာသာ
တစ်ချို့သူငယ်ချင်းတွေဆို
ကိုယ့်အသက်ကိုယ်ဘယ်လောက်ရှိမှန်းတောင်မသိကြဘူး ။

အမေ……………
အမေပြောတော့ အလုပ်လုပ်ရင်ကြီးပွားမယ်ဆို ။
အလုပ်လုပ်လေ
ပိုပိုပြီးခိုင်းလေ
ကျွန်ဖြစ်လေလေပဲ……..အမေရဲ့ ။
လူအချင်းချင်းဆိုတဲ့အသိ
သူတို့မှာ မရှိဘူး အမေရဲ့
သွေးစုတ်ဖို့ပဲသူတို့သိတယ် ။

အမေရယ်……..
ကျွန်တော်လဲအစကတော့
ချစ်သူရဲ့မျက်နှာသုတ်ပဝါဖြစ်ဖို့
မှန်းပြီးထွက်ခဲ့တာပေါ့ ။
ခုဖြစ်လာတာက
အားလုံးရဲ့ခြေသုတ်ပဆိုး
မရှိသေးတဲ့အစွယ်တောင်ကြိုးခဲ့ပြီ ။

ခုတော့…………….
ကျွန်တော့်အသဲနှလုံးကလည်း
ကျွန်အချင်းချင်းတောင်မှ
ပြန်မစုတ်ချင်တဲ့ သရက်စေ့တစ်စေ့ပေါ့ ။

ကိုယ့်ကိုယ်ကို ကျွန်လို့သုံးလို့
မငိုလိုက်ပါနဲ့ အမေရယ်
သူတို့ဒေါသလေးတစ်ချက်ထွက်ရုံနဲ့
ရာဘာခင်းထဲ ရက်ရက်စက်စက်
အသက်ခံနိုင်ရတယ်ဆိုတာတော့
ကျွန်တော်တို့အသက်တစ်ချောင်းက
ရာဘာတစ်ပင်လောက်တောင်မှ
တန်ဖိုးမရှိဘူး……..အမေ ။
သူတို့အချစ်တော် ခွေးတစ်ကောင်လောက်
တန်ဖိုးမရှိဘူး……….အမေ ။

ဒါကို……..ကိုယ့်ကိုယ်ကို”သခင်”လို့
မျက်လုံးစုံမှိတ်ပြီး ကြွေးကြော် နေရမှာလား ။
အနာရှိတာကိုလက်ခံမှ
ဆေးထည့်လို့ရမှာ…….. အမေ ။

လူတွေကပြောတော့
မြန်မာအချင်းချင်း ရိုင်းပင်းကြတယ်ဆို၊
ကောင်းတဲ့သူတွေရှိသလို………
တစ်ချို့ဆို တော်တော်ကိုဆိုးတယ.် ……အမေ ။

ကျွန်တော်တို့……
ရွှေလို့ခြုုံံငုံခေါ်နေတဲ့အထဲကပဲ
ပွဲစားအချင်းချင်းရောင်းစားနေကြတာ……..အမေ ။

တိုင်းပြည်မီးလောင်လို့
အချင်းချင်း ချနင်းရက်တာလား?
ဘာပဲဖြစ်ဖြစ်…….
သူတို့လူစိတ်မရှိတာကတော့
သေခြာပါတယ်………အမေ ။

ရွှေဆိုတဲ့စကားလုံးက
အကုန်လုံးနဲ့တော့မတန်ပါဘူး ၊
သူတို့ကို………
ရွှေစာရင်းထဲက ကျွန်တော်ထုတ်တယ်……အမေ ။

ဟိုတစ်လောက………
စာအုပ်ထဲမှာ ကျွန်တော်ဖက်လိုက်ရတယ်
လင်ကွန်း{အမေရိကန်သမ္မတ}ဆိုတဲ့သူက
ကျွန်စနစ်ပပျောက်အောင်
သူလုတ်ဆောင်ပေးခဲ့သတဲ့ ၊
ဘယ်မှာဟုတ်လို့လဲ………အမေရယ် ။
သားတို့ကိုလာကြည့်စမ်းပါ
သူလုတ်နိုင်ခဲ့တာ
သူ့နိုင်ငံကွက်ကွက်လေးပဲ၊
သူ့ကိုလေးစားပေမဲ့
သူဟာ{လင်ကွန်း}
သမိုင်းတင်နိုင်လောက်အောင်
မစွမ်းဆောင်နိုင်သေးပါဘူး……….အမေရယ် ။

အမေ……..
လူ့အဖြစ်ကရခဲတယ်ဆို ၊
ရခဲတာပဲကောင်းပါတယ် အမေ
ကျွန်တော်လူမဖြစ်ချင်တော့ဘူး ။
ကွန်တော်ငှက်ကလေးတွေငေးကြည့်မိတယ်၊
ငှက်အချင်းချင်း……….
အမျိုးအနွယ်မတူလို့
မကူညီနိုင်သော်မှ
မရက်စက်ကြပါဘူး………..အမေ ။

ငှက်ကလေးတွေမှာ……..
ပြည်တွင်းစစ်မရှိဘူး ၊
ငှက်ကလေးတွေမှာ……..
ဘာသာရေးအဓိကရုန်း မရှိဘူး ၊
ငှက်ကလေးတွေမှာ……..
စီးပွားရေးနယ်ချဲ့တာမရှိဘူး ၊
ငှက်ကလေးတွေမှာ……..
ကိုယ့်အသိုက်အမြုံကို ဗိုကြပြီး
အတင်းရွေ့ခိုင်းတာမရှိဘူး ၊
ငှက်ကလေးတွေမှာ……..
ကံဆိုးမိုးမှောင်ကျပြီး
လှောင်အိမ်ထဲမှာနေရရင်တောင်
သူတို့သခင်က
သူတို့ကို အချစ်နဲ့လှောင်ထားတာ ။
ကျွန်တော်တို့ကတော့……….
အမုန်နဲ့လှောင်ထားခြင်း ခံရတယ်………အမေရယ် ။

ကမ႓ာ့ခေါင်းဆောင်တွေကလည်း
ကျွန်တော်တို့ငိုသံတွေဘယ်လောက်ကျယ်ကျယ်
ဘယ်သူသေသေ၊ငတေမာပြီးရော
အမျိုးသားအကျိုး စီးပွားဆိုတဲ့
စကားလုံးများအောက်မှာ
နားပေါက်တွေပိတ်နေကြတယ်ထင်ပါရဲ့။

လူ့အခွင့်အရေးဆိုတဲ့ ပန်းဟာ
ဖိနှိပ်သူတွေရဲ့နှုတ်ခမ်းမှာ မပွင့်ဘူး……….အမေ ။

ကျွန်စနစ်ဟာ
စာရွက်ပေါ်မှာတောင်မှ
ပျောက်မသွားသေးပါဘူး………..အမေရယ် ။

 

သိပ်ကြိုက်လွန်လို့တင်လိုက်တယ်ဗျာ

ဖော်ဝပ်မေးလ်းကရပါတယ်(တင်ပြီးသားရှိရင်ပယ်ဖျက်ခိုင်းနိုင်ပါတယ်)

9 comments

  • parlayar46

    April 12, 2011 at 5:26 am

    ကောင်းလိုက်တာနော်။ (စာကိုပြောတာ စာထဲကအဖြစ်ကိုပြောတာမဟုတ်ပါ)။ လောကမှာ အမှန်ကိုမြင်တဲ့သူနည်းပါတယ်။ အမှန်ကိုမြင်ပြီး ပြန်ပြောတဲ့သူကတော့ ပိုပိုပြီးနည်းပါတယ်။
    ကျုပ်ငယ်ငယ် ၁၉၉ဝ ဝန်းကျင်တုန်းက ကျုပ်သူငယ်ချင်းတွေ နိုင်ငံခြားထွက်အလုပ်လုပ်ကြတော့ ကျုပ်လဲ ထွက်လုပ်ချင်လာတယ်။ ကျုပ်ရဲ့အားနည်းချက်တချို့ကြောင့် (အဲဒီထဲကတချက်က အလွန်အကျွံအောက်ကျမခံနိုင်တာ) ကျုပ်ဒီမှာပဲကျန်ခဲ့တယ်။ ပြီးတော့ သူငယ်ချင်းတွေရဲ့ အောင်မြင်မှု့သတင်းကို ထိုင်ပြီးသရေကျဘို့ နားစွင့်နေခဲ့တယ်။ ကြားရသမျှဟာ စိတ်ဆင်းရဲစရာ ခံပြင်းစရာ ဒေါသဖြစ်စရာတွေချည်းပဲ။ နောက်ငါးနှစ်ခြောက်နှစ်အတွင်း သူငယ်ချင်းတွေ တယောက်ပြီးတယောက်ပြန်လာတယ်။ ငါးပုံတပုံလောက်ကတော့ ငွေလေးကြေးလေးနဲနဲစုလာနိုင်ပါတယ်။ ဥပမာ ဒေါ်လာ လေးငါးခြောက် သောင်းစီလောက်ပေါ့။ နောက်လေးငါးနှစ်အတွင်း အဲဒီပိုက်ဆံတွေလေထဲပျောက်ကုန်တယ်။ အခုအချိန်မှာတော့ အဲဒီသူငယ်ချင်းတွေဟာ ဘဝမှာ မအောင်မြင်ဆုံးလူတွေဖြစ်နေပြီ။ ကျုပ်ပြောချင်တာက ကျွန်ခံပြီး ဘာမှလဲအဖတ်မတင်ဘူးဆိုတာ။ ကျုပ်လို ဇိမ်နဲ့နှပ်နေပြီး အဖတ်မတင်တာက အများကြီးတော်သေးတာပေါ့။ ၁၉၉ဝ ဝန်းကျင်တုန်းက shore job တွေရဲ့အနေအထားက အခုအချိန်ထက် အများကြီး အများကြီး သာသေးတာနော်။

  • hninkharr

    April 12, 2011 at 11:18 am

    အရမ်းကောင်းတယ်။ဒါပေမယ့်ဘာများတတ်နိုင်လို့လဲ။အခုနောက်ပိုင်းက ဒီမှာတစ်လ အလုပ်လုပ်လျှင် အခြေခံလခ က 50000 လေ။ ဟိုမှာက နည်းနည်းပိုရတော့လည်း သွားကြတာပေါ့။

  • kokolatt

    April 12, 2011 at 2:27 pm

    ဒီလိုပါပဲ..ပိုရတဲဆီကိုသွားကြာတာကိုယ်တိုင်လဲအပါပဲ…ကိုယ့်ဆီမှာနည်းနည်းတောင်ရှာရခက်တယ်လေ (ကိုယ့်အတွက်ခက်ခဲတာပြောတာပါ) လွယ်တဲ့သူများကြတော့လည်းလွယ်ပါ့..

  • ငှက်ကြီး

    April 12, 2011 at 2:33 pm

    ကဗျာလေးက အရမ်းကောင်းပါတယ်။ ရင်ထဲကို လာထိတယ်ဗျာ။

    ”’ သခင်မျိုးဟေ့ဒို့မြန်မာ အရေးတော်ပုံအောင်ရမည်””

  • unclegyi1974

    April 12, 2011 at 2:48 pm

    ကျွန်ဖြစ်အောင်ဘယ်သူလုပ်
    ကိုယ်ကိုယ်တု်ိင်လုပ်
    ဘာဖြစ်လို့လုပ်
    ုကို်ယ့်နိုင်ငံကအခြေအနေတွေကြောင့်လုပ်
    ကိုယ့်နိုင်ငံကအခြေအနေတွေဘယ်သူဖန်တီး
    သိတဲ့သူများပြောပေးပါအုန်း

    • kai

      April 12, 2011 at 7:03 pm

      ကိုယ့်နိုင်ငံကအခြေအနေတွေဘယ်သူဖန်တီး..
      ကိုယ်ပဲဖန်တီး.. 🙂

      လူထုဟာ သူနဲ့တန်တဲ့အစိုးရပဲရတယ်ဆိုတဲ့.. စကားကိုမှီးပြီးပြောတာ..။
      ဆိုတော့..
      လူအများစုက.. ဒီလိုအခြေအနေတွေဖန်တီးနေတာလား..
      လူအများစုက..မတရားတာကို ..မတရားဘူးမပြော… ကြားနေကြသလားပဲ..။

      If you are neutral in situations of injustice, you have chosen the side of the oppressor. If an elephant has its foot on the tail of a mouse and you say that you are neutral, the mouse will not appreciate your neutrality.
      Desmond Tutu

  • kokothandar

    April 13, 2011 at 12:57 am

    ok. returnback and try hard inside myanmar will be better than that place.everybody must do

  • maungmoenyo

    April 14, 2011 at 1:08 am

    အော်…. လူတန်းစားခွဲခြားခြင်းခံရတာက စတဲ့ depression!

  • maungmoenyo

    April 14, 2011 at 1:14 am

    ဟိုးအရင်တုံးက အင်္ဂလိပ်နဲ့ ဂျပန်က ကိုယ့်ဆီတကူးတကလာပြီးကျွန်ပြုကြတယ်။
    ခုတော့တယ်ဟန်ပေါ့…။ ကိုယ်ကသူတို့ဆီတကူးတကခက်ခက်ခက်ခဲခဲကြီးရောက်အောင်သွားပြီးကျွန်ခံရတယ်။
    သွားရပုံလဲကြည့်ကြအုံး….
    ငွေကိုရေလိုသုံးပြီးသွားကြရတာနော….။ သံရုံးရှေ့မှာရက်ချိုးရေမရနိုင်တဲ့ ရက်တွေ၊ နာရီတွေ။ ပြီးတော့…ပြီးတော့….
    ကျုပ်တို့အတွက် ကိုယ်ကိုယ်ကို နှစ်သိမ့်စရာ ဆိုရိုးစကားတခုကြားဘူးပါရဲ့….
    ဘာတဲ့……”လောကဓံ”…
    ဆိုဘဲ။

Leave a Reply