စေတနာ အကျိုး….

hmeeApril 14, 20111min1786

ကျွန်မ မိဘများသည် တကယ့်ကို တောမှာမွေး တောမှာကြီး တောမှာပဲ ခေါင်းချမည်.သူတွေပါ။ ဒါပေမဲ့ တောအရပ်မှာ နေသော်လည်း ဗဟုသုတကတော့ဖြင့် တကယ်ကို ပြည့်စုံသူပါ။ အဖေရော အမေပါ စာဖတ်အား အရမ်းကောင်းပါတယ်။ အဲ ..အဖေကတော့ မှတ်သားတတ်တဲ့စိတ် ပိုကြီးတယ်။ ကျွန်မတို.လည်း ဒီစာအုပ်၊ ဒီစာကို ဖတ်ပေမဲ့ အဖေ.လို တော. ပြန်ပြီး မပြောနိုင် မပြောတတ်ဘူး။ စာတိုပေစလေးတွေ  ကဗျာတိုလေးတွေကို  တခါတလေ  ကိုယ်ကအစလောက်သိလို. အဖေ.ကို မေးရင်ဖြင့် အစအဆုံး ရွတ်ပြတတ်တယ်။  တောအရပ် ဖြစ်လို. နေ.ခင်းနေ.လည် အားလပ်ချိန်များမှာ ဖြင့် အိမ်အောက် တန်းလျှားမှာ အဖေက အရှေ.ဖက်တန်းလျှား အမေက အနောက်ဖက် တန်းလျှား မှာ လဲလျှောင်းရင်း စာဖတ်နေတာကို ငယ်ငယ်ကတည်း ကနေ အခု အချိန်ထိ မပြောင်းမလဲ ရွာပြန်တိုင်း တွေ.မြင် ရတယ်။

ကျွန်မတို. မောင်နှမအားလုံး စာဖတ်ဝါသနာပါတာ စာအုပ်စုတာတွေဟာ မိဘတွေ ထံမှ အတုမြင် အတတ်သင်လာတာပါ။ ငယ်ငယ်ကတည်းက စာဖတ်နေတာ မြင်ရင် အလုပ်လုပ်ဖို. ရှိရင်တောင် မခိုင်းပါဘူး။  စာဖတ်တာကို အရမ်းအားပေးသလို ဖတ်ဖို.စာအုပ်တွေလည်း ဝယ်ပေးတတ်တယ်။ အဖေရန်ကုန်ကို အလည်ရောက်ရင်ဖြင့် မပျက်မကွက် သွားတာကတော. ရွှေတိဂုံဘုရားပါ။ ဘုရားဖူးပြီးတာနဲ. တောင်ဘက်မုဒ်က စာအုပ်ဆိုင်တွေ မွှေတော.တာပဲ။ တခါတလေ မနက် ကတည်းက အိမ်ကထွက်သွားတာ ညနေမှ ပြန်ရောက်ပါတယ်။ သူလိုချင်တဲ့ စာအုပ် မတွေ. မခြင်း ထမင်းမစားပဲရှာတာပါ။ ရွာက အိမ်မှာလည်း စာအုပ်တွေကို အမြတ်တနိုး ဘီဒိုထဲ ထည်.ပြီး သော.ခတ်ထားတယ်။ တချို.က ငှါးပြီး စည်းကမ်းမရှိ ဆုတ်ပြဲတာ ပျောက်တာ ဖြစ်ရင် မျက်နာ နာရသူတွေဆို ပြောမကောင်းလို.  စည်းကမ်းရှိသူက လွဲရင် မငှါးပါဘူး။ သော.ခတ်ထားတာက သူမသိအောင် သူမြတ်နိုးတဲ့ စာအုပ်ကို ခိုးမှာစိုးတဲ့အတွက် ကြိုတင် ကာကွယ်တာလေ။

အဖေက သူနှစ်သက်တဲ့စာ၊ မှတ်သားသင့်တဲ့ စာတွေကိုဖြင့် တခါတည်း ဦးနှောက်ထဲမှာ မှတ်သားထားသလို သူ.အလုပ်သမားလေးတွေ ကိုလည်း အချိန်သင့် အခါသင့် ဆိုဆုံးမတတ်ပါတယ်။ တခါတလေများ အလုပ်သမား ကလေးတွေကို ပုံတိုပတ်စ လေးတွေနဲ. ဥပမာပေးပြီး ဆုံးမတာများ ကလေးတွေလည်း ထိထိမိမိနဲ. ချက်ချင်း သဘောပေါက်စေတယ်။ ကျွန်မတို. မောင်နှမတွေလည်း အမြဲ အကျိုးအကြောင်းနဲ. ဆုံးမလေ့ရှိတယ်။ ဒါကြောင့်မို. တခုခု လုပ်မယ်လို. စဉ်းစားမိတာနဲ. တပြိုင်နက်တည်း မိဘတွေကြိုက်ပါ့ မလားလို.ပါ တွေးမိပြီး မိဘကိုသနားတာနဲ. အလိုလိုကို ဆင်ခြင်မိတတ်ကြတယ်။ အဖေ အမြဲ ပြောပြတတ်တာကတော. သားသမီးကို ငယ်စဉ်ကသာ  ရိုက်ပြီး ဆုံးမသင့်ရင် ဆုံးမရပေမဲ့  အရွယ်တူလာရင် ၊ ခွန်အားတူလာရင် တော.ဖြင့် မေတ္တာနဲ. ဆုံးမမှသာ ထိရောက်တာမို. မေတ္တာနဲ.သာ ဆုံးမသင့်တော.တယ်တဲ့။ အဖေ.ကို သူ.အလုပ်သမားတွေက ချစ်လည်းချစ် ကြောက်လည်းကြောက်နဲ. ချစ်ကြောက်ရိုသေလေးစားကျသလို အတော်လည်း အားကိုးကြတယ်။

ရွယ်တူလူကြီးတွေလည်း အဖေအားလပ်ချိန်မှာ လာရောက်ပြီး စကားစမြည် ပြောလေ.၊တိုင်ပင်လေ့  ရှိတယ်။ လူစုမိပြီ ဆိုရင်ဖြင့် အမေက ရေနွေးကြမ်းအိုးနဲ. အမြည်းတို. ဆေးလိပ်တို. ပြင်ဆင်ပေးပါတယ်။ ကျွန်မလည်း ရွာရောက်နေချိန်မှာဖြင့် အဖေတို. လူကြီးတွေ စုပြီး စကားပြောပြီဆို အမြဲနားထောင်ပါတယ်။ တကယ်ကို ဗဟုသုတ တိုးတာပါ။ တချို.ဦးကြီးတွေကဖြင့် အတော်စကားပြော ကောင်းတာပါ။ စကားပုံတွေကို စကားပြောရင်း လိုအပ်တဲ့နေရာမှာ ထည့်ပြီး ခိုင်းနှိင်းပြောတာများ ချက်ကျလက်ကျပါပဲ။ လယ်ယာအကြောင်းပြောလိုက် နောက်စကားလမ်းလွဲပြီး ရွာထဲက  အကြောင်းရောက်လိုက်နဲ. တခါသူတို. ဖတ်ခဲ့တဲ့ စာအကြောင်းဆွေးနွေးချင်ဆွေးနွေး  စကားတွေက ဟိုရောက်ဒီရောက်နဲ.  အစုံပါပဲ။ ကျွန်မ အတွက်ကတော. မှတ်စရာတွေ အတော်ကို များတာမို. တခါတလေ လိုက်မမှီပါဘူး။

တရက်ကတော. စကားပြောရင်း ငြင်းရင်းနဲ. အဖေ.ပညာပေးခန်း ရောက်သွားတာပေါ့။  တယောက်က အစဖေါ်ပေးတော. တခြားသူတွေက သိချင်လို. ဝိုင်းမေးကြတယ်။ အဖေက ခပ်ပြုံးပြုံး လုပ်ရင်းပြန်ပြောပြတယ်။ ဖြစ်ပုံကတော. လယ်ထဲက တလင်းမှာ ပဲနယ်တဲ့ အချိန် အလုပ်သမား ကောင်လေးတွေကို ကိုယ့်စေတနာ ကိုယ့်အကျိုး ပြန်ပေးတယ် ဆိုတဲ့ အကြောင်းကို လက်တွေ. ပြလိုက်တာပါတဲ့။  ဆောင်းအကုန် နွေအကူးမှာ ပဲတွေကို ခူးပြီး (ကျွန်မတို.အခေါ် ကောက်ပြီး) တလင်းထဲမှာ နွားနဲ. နယ်ပါတယ်။ အခင်းထဲကနေ တလင်းထဲရောက် တခါ တလင်းကနေ အိမ်အရောက် အဆင့်တွေ အများကြီးပါ။ ဘယ်သီးနှံမဆို ကျီထဲ ရောက်မှ မိမိပစ္စည်း လို.သတ်မှတ်ရတာပါ။ ကျီထဲမရောက်မှီထိ ပျက်ဆီးဖို. အကြောင်းတွေက အများကြီးမို.  မြန်မြန်ကျီထဲ ရောက်ဖို. တခါတလေ လူအင်အား အများကြီး သုံးရလေ့ရှိတာမို.  တာဝန်သိတဲ့ စေတနာပါတဲ့ အလုပ်သမားများမှ အကျိုးရှိမယ်လေ။ တချို.သောသူများက မိမိကိုယ်ပိုင်ပစ္စည်းလို သတ်မှတ်ပြီး စေတနာပါပါ လုပ်တတ်တဲ့ သခင်စိတ်ရှိပေမဲ့ တချို.ကတော. ကိုယ့်ပစ္စည်းမှ မဟုတ်တာလို. ပြီးပြီးရော ကျွန်စိတ်နဲ. စေတနာမရှိသူတွေလည်း ပါတတ်တယ်။ အခကြေးငွေပေးလို. လုပ်ပေးပေမဲ့ နဂိုအခံက စေတနာမရှိ ၊ ရေသာခို အချောင်သမားတွေကို အဖေက မြင်ပေမဲ့ တခွန်းမှ နှုတ်က အပြစ် မပြောပေမဲ့ ထိထိမိမိ ပညာပေးမယ်လို. စိတ်ထဲမှာ တေးထားလိုက်တယ်တဲ့လေ။ အလုပ်မှာသာ အချောင်ခိုတာ အခွင့်အရေးကိုတော.ဖြင့် အလုပ်ကြိုးစားသူထက် ပိုလိုချင်တာကိုလည်း အဖေက သိနေလို. ပညာပေးမယ်လို. စဉ်းစား ထားတာတဲ့။ နှစ်တိုင်းအဖေက အလုပ်ကြိုးစားသူ၊ အနွံတာခံသူတွေကို အလုပ်သိမ်းတဲ့နေ.မှာ ဆုပေးပေးလေ့ ရှိပါတယ်။ စေတနာရောင်ပြန်ဟပ်တဲ့ သဘောပေါ့။ ် အလုပ်ရှင်နဲ. အလုပ်သမား ဆိုတာ တပြန်တလှည့် မှိခိုနေတာပါတဲ့။ သူတို.မရှိရင် ကိုယ်အလုပ်မဖြစ်သလို ကိုယ်မရှိရင်လည်း သူတို.မဖြစ်တာမို. စေတနာထားရမယ် နိုင်လိုမင်းထက် ဘယ်တော့မှမလုပ်နဲ.    လို.အခါအခွင့်သင့်တိုင်း ဆုံးမလေ့ရှိပါတယ်။     ဒီနှစ်လည်း အလုပ်သိမ်းတဲ့နေ. ရောက်တော. အဖေက ဘာမှမပြောပဲ  အလုပ်သမားလေးတွေကို လူစုခိုင်းလိုက်ပြီး “ကဲ..သားတို. သမီးတို. ဟိုး…မှာပုံထားတဲ့ အိတ်ပုံထဲက အိတ် တယောက်တလုံး ယူပြီး  ပုံထားတဲ့ ပဲပင်ပုံထဲက ပဲပင်တွေ ထည့်ချေကွာလို.” ပြောလိုက်တော. အလုပ်သိမ်းချိန်ရောက်လို. ပြန်ချိန်မှာ ထပ်ခိုင်းတယ်ထင်တာနဲ. နဂိုက ရေသာခိုချင်သူတွေဟာ ပဲပင်တွေကို အိတ်ထဲထည့်တာ အများကြီးမပါအောင် ဖွထည်.သတဲ့ အများကြီးထည့်ရင် အလေးကြီး သယ်နေရမယ်လို. တွေးပြီး လျှော.ထည့်တယ်လေ။ အဖေက ခပ်လှမ်းလှမ်းကနေ အကဲခတ်နေတယ်တဲ့။ “ကဲ..ပြည့်ပြီးလား။ ထည့်လို.ပြီးပလား”လို. မေးတဲ့အခါ “ဟုတ်ကဲ့ အဘ ပြီးပါပြီး” လို.လည်းပြန်ဖြေရော အဖေက “အေးအေး.. ပြီးပြီဆို မင်းတို.ထည့်တဲ့ အိတ်တွေ မင်းတို. ယူကွာ အဘက မင်းတို.ကို ပေးတာကွာ” လို. ပြောလည်း ပြောလိုက်ရော  စိတ်ထားမှန်သူတွေကတော. ပြုံးပြီး သူတို.ရသင့်ရထိုက်တာလေးကို ကျေကျေနပ်နပ် သယ်ပြီးပြန်သွားပေမဲ့  ရေသာခို အချောင်သမားတွေ ကတော.ဖြင့် သူတို. စေတနာကြောင့် သူတို.နဲနဲ ရတာမို.  အခုမှ ထပ်ထည့်လို.လည်း မဖြစ်တာမို. အတော်ကို အီလည်လည် ဖြစ်ပြီး ပြန်သွားရတယ်တဲ.။ အဖေက အဲဒီလို ကိုယ့်စေတနာ ကိုယ့်အကျိုးပေးတယ်လို.  တခါတည်း မှတ်သွားအောင်ကို  ပညာပေးလိုက်တာပါတဲ့။  ဒါကြောင့် ကျွန်မလည်း ကိုယ့်စေတနာ ကိုယ့်အကျိုးပေးတယ်လို. စိတ်ထဲမှာမှတ်ထားပြီး  မည်သည့် ကိစ္စမဆို တာဝန်ဝတ္တရား အပြင် စေတနာလေး အမြဲထည့်ပြီး လုပ်ကိုင်ပေးပါတော.တယ်။

 

6 comments

  • ဆူး

    April 14, 2011 at 2:58 pm

    မမှီရေ.. ပိုစ်တင်ရင် Categories ကို သတိထားပြီး ရွေးဖို့ အကြံပေးချင်ပါတယ်။
    အထာ မသိသေးတဲ့ အသစ်တွေ ကူးလာပြီး တင်တာ news နဲ့ ဖြစ်ဖြစ်နေလို့.. copy paste ပြင်ထားပုံရတယ်။ ဒါကြောင့် အမ ကိုယ်တိုင် ရေးတာ ဖြစ်တဲ့ အတွက် သတိထားပြီး ရွေးသင့်တယ်။

  • hmee

    April 14, 2011 at 3:02 pm

    ဆူးရေ ပြင်လိုက်ပြီနော်။ တင်ချင်ဇောနဲ. အဲဒါကို အမြဲမေ့တယ်။

  • ငှက်ကြီး

    April 14, 2011 at 3:14 pm

    ကိုင်းကျွန်းမှီ..ကျွန်းကိုင်းမှီ ဆိုသလို အလုပ်ရှင်ကလဲ အလုပ်သမားအပေါ်ငဲ့ညှာရသလို အလုပ်သမားကလဲ အလုပ်ရှင်ရဲ့ပစ္စည်းတွေကို မိမိပစ္စည်းတွေကဲ့သို့သဘောထားကြရမှာပါ။

  • unclegyi1974

    April 14, 2011 at 3:56 pm

    ဒီခေတ်အလုပ်လုပ်တဲ့သူတွေက
    ကိုယ့်အလုပ်မှမဟုတ်တာဆိုတဲ့စိတ်ထားကြတာများပါတယ် အများအားဖြင့်အဲလိုလူတွေကဘယ်တော့မှ
    ကိုယ်ပိုင်အလုပ်မဖြစ်လာကြတာများးပါတယ်
    စိတ်ရင်းအတိုင်းအကြိုးပေးတယ်ဆိုတာကိိုယုံတယ်

  • ငှက်ကြီး

    April 14, 2011 at 4:04 pm

    အကျိုးပေးလို့ရေးရမှာပါ ..အန်ကယ်ကြီးရေ။
    ငှက်ကြီးမှားတဲ့အခါလဲ ဝိုင်းပြင်ပေးကြပါနော်။

  • unclegyi1974

    April 14, 2011 at 4:27 pm

    ဟုတ်ပကိုငှက်ရေ အခုမှပြန်ကြည့်လို့မှားမှန်းသိတယ်
    မှားတာလေးတွေပြင်တာကိုအားပေးပါတယ်
    မြန်မာမှာနေတဲ့ကလေးတွေကအရေးမကြီး
    ပေမဲ့ နိုင်ငံခြားမှာမွေးတဲ့ကလေးတွေက
    အမှန်ထင်ကုန်ရင်မကောင်းဖူးလေ

Leave a Reply