မျက်နှာဖုံး

naywoon niApril 16, 20111min15812

တို့လူမျိုးက ကမ္ဘာပေါ်မှာ ရှားတယ်ကွ..။ တစ်နှစ်လုံး 365 ရက်ရှိတဲ့အထဲက 361 ရက်လုံး မျက်နှာဖုံးစွပ်တစ်ခုတပ်ပြီးနေတာ..။ ပကတိ မျက်နှာနဲ့ ပကတိ စိတ်ရင်းနဲ့နေတာမဟုတ်ဘူး.။ လေးရက်ပဲ မျက်နှာဖုံး စွပ်ကိုဖြုတ်ချပြီး ပကတိ မျက်နှာ ပကတိ စိတ်ရင်းနဲ့နေတာ.။ ကြည့်ပါလား။ ဒီလိုရက်မျိုးဆိုရင် တစ်နှစ်လုံး အောင့်အီးပြီး ဟန်ဆောင်ပန်ဆောင် နေခဲ့ကြရတာတွေကို အတိုးချပြီး လုပ်ချင်တာအကုန်လုပ်ကြတော့တာ.။ ဒါကိုများ နှစ်ကူးတာတဲ့…။ နာမယ်လှလှလေးပေးလို့လေ..။ ဒီလိုရက်မျိုးမှာ အရက်သောက်မယ်..။ မူးမယ်..။ လူကြားသူကြားထဲ မရှက်မကြောက် ကမယ် ခုန်မယ်….။ ဘယ်သူကမှ ဒီလိုအချိန် နှာခေါင်း မရှုံ့ ကြဘူး။ ပျော်တတ်သတဲ့..။ တစ်နှစ်တစ်ခါပျော်ပါစေ …တဲ့ ။သင်္ကြန်ရေ ကစားတာအကြောင်းပြ ပြီး စမယ် နောက်မယ်..။ ကိုယ်ချင်းစာ စိတ်မထားကြဘူး..။ (ဒီမှာ စိတ်ဆိုးတဲ့သူအပြစ်တဲ့…………။) တစ်နှစ်လုံး မထ်န်းသမ်းခဲ့တဲ့ စည်းကမ်း ဒီလေးရက်မှာ ကမ်းကုန်အောင်မဲ့ပြမယ်..။ ဆိုင်ကယ်ကို တစ်မင်အသံမြည်အောင်လုပ်ပြီး စီးမယ်..။ ဟွန်းကိုအမျိုးမျိုးတပ်ပြီး နှိပ်မယ်..။ သုံးလေးယောက်စီးတာလောက်တော့ပြောမနေနဲ့..။ ဟေးလာ ဝါးလလားအော်မယ်..။ အသံသေး အသံကြောင်နဲ့ ဆဲတာမှန်းမသိ သီချင်းဆိုတာမှန်းမသိ ဟစ်မယ်..။ လမ်းလယ်ခေါင် မှာ လမ်းဘေးမှာ အရက်ဝိုင်ဖွဲ့မယ်..။ ဘယ်သူမှလာမတားကြဘူး. ။ ဒါမှ သူတို့ရဲ့ မျက်နှာ အစစ်အမှန်..။ ပကတိ စိတ်ရင်း အစစ်အမှန်………….။
သင်္ကြန်မရောက်ခင်တုန်းက ကလေးတွေ တပ်ပြီးဆော့တဲ့ မျက်နှာ ဖုံး အစွပ်သည်ကို တွေ့ပြီး စကားပြောဖြစ်လို့ ဒီအတွေးပေါ်လာတာပါ….။ ” ကလေးတွေက သင်္ကြန်မှာပဲ မျက်နှာဖုံး စွပ်ပြီးဆော့တာ…။ လူကြီးတွေက စွပ်ထားတဲ့ မျက်နှာ ဖုံး ခွာချလိုက်ကြတာ………..။ ဒါတောင် တစ်ချို့က တပ်ထားတဲ့မျက်နျာဖုံးအဟောင်းကို ခွာမချနိုင်ပဲ လူအထင်ကြီးမဲ့ လူရှိန်မဲ့ မျက်နျာဖုံးမျိုး ရှာ ပြီး ခပ်တည်တည် စွပ်ထားတပ်ထားလိုက်ကြသေးရဲ့…….။ ဘယ်သူတွေလည်း သိလား ။ တစ်နှစ်လုံး အရက်သောက် ဖဲရိုက် နှစ်လုံးသုံးလုံး ဒိုင်လုပ် ။ ကောင်းတာကလွဲရင်အကုန်လုပ်လာသူတွေလေ..။ သင်္ကြန်ရောက်တော့မှ ဘုရားမှန်း တရားမှန်း သိဟန်ဆောင် ဘုန်းကြီးကျောင်းသွားသလိုလို..။ ဒုလ္လဘ လေး ဝတ်သလိုလိုနဲ့..တစ်မျိုး။ တစ်နှစ်လုံး အတိုးပေး..။ နေပြန်တိုးကောက် ဆုကြေးကောက် လုပ်နေပြီး ယတြာချေသလိုလို ဆံချပြီး မယ်သီလလုပ်နေလိုက်တာမျိုး..။
တစ်နှစ်လုံး လုပ်ချင်တာတွေ လုပ်လာပြီး ဒီသုံးလေးရက်နဲ့ အပြီး သင်ပုန်းချေပစ်လိုက် ဖို့ ကြိုးစားနေလိုက်ကြတာ..။ ဘာပဲဖြစ်ဖြစ်ပေါ့လေ……….။ မယဉ်ကျေးတော့တဲ့ သင်္ကြန်မှာ ယဉ်ကျေး ချင်ယောင်ဆောင်နေပေးတာ တစ်မျိုးတော့ကောင်းပါရဲ့..။
တစ်ချို့ကျပြန်တော့ တပ်ထားတဲ့ မျက်နှာဖုံးနဲ့ အသားကျနေပြီး ခွာလို့မရကြတော့ဘူး..။ သူတို့က လူဂွစာ တစ်စွတ်ထိုး တစ်ဇောက်ကန်းဆိုတဲ့ နာမယ်ဆိုးနဲ့ ဒီအတိုင်းသား……..။
ကဲ ……..ခင်ဗျားကော ဘယ်လိုမျက်နှာဖုံး စွပ်ထားသလဲ? ဒီလို သင်္ကြန်မှာ ဘယ်လိုမျက်နှာဖုံး ထပ်စွပ်လိုက်သလဲ? အရင်စွပ်ထားတဲ့ မျက်နှာ ဖုံးအဟောင်းကို ခွာချလိုက်ပြီး စိတ်ရင်းအတိုင်း ပြုမူ နေထိုင်လိုက်တာပဲလား ?
အော်…….. မေ့တော့ မလို့ဗျို့..အဓိက ကို……။ သူများကြတော့ ပြောပြီး ကိုယ့်ကိုကိုယ်မပြောရသေးဘူး..။ ကိုယ့်ကိုကိုယ်ကျတော့ ချန်ထားလို့ဖြစ်မလား နော့ …..။ ကျွန်တော်ကတော့ လူဂွစာ ။ လူ့ကန်လန့် ။ လူ့သပွတ်အူ ဆိုတဲ့နာမယ်ဆိုးနဲ့ တပ်ထားတဲ့ မျက်နျာဖုံးနဲ့ မျက်နှာ တစ်သားထဲ ဖြစ်နေလို့ ခွာချလို့ မရတာကြာပါပြီကော…….။ တစ်သက်လုံး ဒီမျက်နျာဖုံးကိ်ုပဲ မက်မက်မောမောတပ်ထားတော့မယ်ဗျို့…….။ ။ ခင်ဗျားတို့ ဒီသင်္ကြန်မှာပျော်ပါစေ ဗျာ

နေဝန်းနီ

12 comments

  • naywoonni

    April 16, 2011 at 10:49 am

    အကြိုနေ့က တည်း က တစ်ဝူးဝူး စီနေလိုက်ကြတဲ့ ဆိုင်ကယ် ခု အတက်နေ့ရောက်ပြီမနားသေးဘူး ။။ တိုက်လိုက် မှောက်လိုက် သေလိုက်တဲ့ ကေ့စ်တွေကလည်း လက်ချိုးရေလို့မရဘူး ။ ပြီးတော့ ဘယ်သူမှ ဦးထုပ်ဆောင်းဖို့ သတိမရကြဘူး..။ သူ့လမ်းသူသွားနေတာပေမဲ့ လမ်းဘေးက တိုက်ပေါ်ကတောင်တုန်အောင်မောင်းတာ……

  • bigbird

    April 16, 2011 at 1:41 pm

    ဦးနီကလဲ အမှန်တွေပြောနေပြန်ပြီး..မျက်နှာဖုံးတပ်တဲ့အထဲ ..ငှက်မပါဘူးနော်..အ.ဟီး။

  • eros

    April 16, 2011 at 2:01 pm

    ဆိုင်ကယ်ဆိုတော့ ငါတို့ ရန်ကုန်မဟုတ်ဘူး။

  • ဆူး

    April 16, 2011 at 2:10 pm

    အဘနီက မြန်မာနိုင်ငံရဲ့ မြို့တော်ကြီးမှာ နေတာ… ဒို့လို တတိယ မြို့တော်က မဟုတ်ဘူး။

  • bigbird

    April 16, 2011 at 2:25 pm

    ဒုတိယမြို့တော်က ဘယ်မှာတုန်းဆူးရေ..

  • ဆူး

    April 16, 2011 at 2:28 pm

    မန်းက ဒုတိယ မြို့တော်လေ။

  • bigbird

    April 16, 2011 at 2:41 pm

    ရန်ကုန်က အလိုအလျှောက် တတိယနေရာ ရောက်သွားတာပေါ့..
    ဖြစ်မှဖြစ်ရလေ ရန်ကုန်သူရယ်..

  • bigcat

    April 17, 2011 at 4:39 am

    ရန်ကုန်က မြို့တော်ထက်ပိုကြီးတဲ့ မဟာမြို့တော်ကြီးပါဗျ။ မြန်မာပြည်မှာ ဥက္ကဌထက်ကြီးတဲ့ ဥက္ကဌကြီး၊ သမတထက်မြင့်တဲ့ သမတကြီးတွေရှိတာသိသားနဲ့…..

  • naywoonni

    April 17, 2011 at 9:05 am

    အင်းးးးး အဲဂလိုသာဆို မမတို့ မော်ရွှေမြိုင် ကဘယ်နေရောရောက်သွားပြီလဲ….. ပထဝီ သမားမျက်စေ့လည်အောင်လုပ်နဲ့…….ဟင့်!!!!!

  • winkyawaung

    April 17, 2011 at 10:48 am

    ကြီးသထက်ကြီးသူတွေ နေတာကတော့ နေပူတော်လားဗျာ…။

  • teacher

    April 17, 2011 at 12:09 pm

    တို့ရတနာမြေလဲ အဲလိုပဲဟေ့……………….

  • naywoonni

    April 17, 2011 at 1:59 pm

    ဘယ်ရတနာမြေလဲဗျ ဆရာ(မ)….။

Leave a Reply