မှန်တာပြော ရွာပြင်ထုတ်…

hmeeApril 17, 20111min58828

ဒီပုံပြင်လေးကို ကြားဖူးသူ ရှိသလို မကြားဘူးသူလည်း ရှိမှာပါ။ ဒီနေ.တော. စိတ်ထဲမှာ ဒီအကြောင်း အရမ်းရေးချင်လာလို.ပါ။

တခါက လူတယောက်ဟာ ခရီးဝေးတခုကို ခရီးထွက်လာသတဲ့။ လမ်းလျှောက်လာရတာလည်း ဝေးရတဲ့အထဲ နေကလည်း ပူလွန်းတာမို. အမောပြေ ခရီးတထောက် နားဖို.နေရာတခုလောက် တွေ.ရင်ဖြင့် ကောင်းသားလို. တွေးရင်းနဲ. လျှောက်လာလိုက်တာ ရှေ.ခပ်လှမ်းလှမ်းမှာ ရွာတခုကို လှမ်းမြင်သတဲ့။ ဒါနဲ. အားတက်ပြီး ရွာကအိမ်တအိမ်မှာ ရေလေးတပေါက်လောက် တောင်းသောက်ပြီး အမောဖြေမှလို. တယောက်တည်း ရေရွတ်ပြီး ရွာဆီကို လျှောက်လာတာပေါ့။ အဲ.. ရွာမရောက်ခင် ထူးခြားတာ တခုကို သူမြင်တာမို. အတော်စိတ်ဝင်စားမိတာပေါ့။  အိမ်လေးတလုံးဟာ ရွာနဲ. ခပ်လှမ်းလှမ်းမှာ တကွဲတပြား သီးခြားရှိနေတာမို. ဘာကြောင့်ပါလိမ်.လို. နဂိုရှိရင်းစပ်စုချင်စိတ်ကို တားမရတာမို. ရွာကိုမသွားတော.ပဲ အဲဒီ့ ရွာပြင်က အိမ်ဆီ ဦးတည်လိုက်တယ်လေ။ တဲနားရောက်တယ် ဆိုရင်ပဲ “တဲရှင်တို. တဲရှင်တို.  ကျွန်တော်က ခရီးသွားပါ ရေလေးတပေါက်လောက်များ ရနိုင်မလားဗျာလို. ” အသံမြှင့်ပြီး ခေါ်လိုက်တယ် ဆိုရင်ပဲ  အသက်ခပ်ကြီးကြီး အဖွားအို တယောက်ထွက်လာပြီး “အော် ခရီးသွားသူငယ်လား တဲပေါ်တက်ပါ အမောဖြေပါ ” လို. ဖိတ်ခေါ်ပါတယ်။ ခရီးသွားလည်း  ရေသောက် ပြီး ခဏအမောဖြေရင်း သူသိချင်တာလေး စပြီးစပ်စုတော.တာပေါ့။  အဖွားက ဘာဖြစ်လို. ရွာထဲမှာ မနေတာပါလဲ အိုးကြီးအိုမနဲ. အဖွားရယ် ရွာပြင်မှာ တယောက်တည်း ဒုက္ခမရောက်ဘူးလားပေါ့။ အဲဒီတော. အဖွားကြီးက “ မှန်တာတွေ ပြောလို.တဲ့ သူငယ်ရယ် အဖွားကို ရွာပြင်ထုတ်ထားတာလေ”လို. ဖြေသတဲ့။  ဒီတော. ခရီးသွားက “ဟာ..မှန်တာပြောတာနဲ.များ ရွာပြင်ထုတ်ရတယ်လို.  မဟုတ်တာ ရွာကလူတွေ တခုခုလွဲနေတာဖြစ်မယ်”လို. ပြန်ပြောရင်း နားနေတာလည်း ကြာပြီမို. နှုတ်ဆက်ပြီး ခရီးဆက်ထွက်လာတယ်တဲ့။ အဲ…ခပ်လှမ်းလှမ်းရောက်တော. အနောက်က “ဟဲ. မျက်စေ့တဖက်လပ်နဲ. သူငယ် မင်းထီးကျန်ခဲ့တယ်လို.  လှမ်းခေါ်သံကြောင့် အတော်ဒေါပွသွားပြီး ထီးကိုပြန်သွားယူရင်း “ရွာကလူတွေမို.  ခင်ဗျားကိုရွာပြင်ထုတ်ရုံထုတ်တာ ကျုုပ်သာဆို သတ်ပြစ်တယ်လို.” ပြောပြီး ဒေါပွပွနဲ. ခရီးဆက်ထွက်သွားတယ်တဲ့။

ဒီပုံပြင်ထဲကလို မှန်တယ်ဆိုတိုင်း မပြောသင့်ပါဘူး။ အမှန်တရားဆိုပေမဲ့ လူ.ပတ်ဝန်းကျင် အသိုင်းအဝိုင်းနဲ.  လိုက်လျှောညီထွေ ဖြစ်အောင် နေရတာမို.  တချို.ကိစ္စတွေမှာ  ပြောချင်နေတဲ့ ကိုယ့်စိတ်ကို ထိန်းရတာ အတော်ကို ခံရခက်စေပါတယ်။ အသက်ကြီးလာလေ ရှောင်ကျဉ်ရမှာတွေ များလာလေမို. တခါတခါ ကို.ကိုယ်ကို  စိတ်တိုင်းမကျလှပါဘူး။ မျက်စေ.ထဲအမြင်မတော်တိုင်း ပြောနေလို. ဂွကျတဲ. လူတွေနဲ. အံမဝင်တဲ့သူ ဖြစ်မှန်းမသိဖြစ်နေတာမို.  သူတို.ပဲ မှားသလား ကိုယ်ကပဲ အစကတည်းက တလွဲ ဖြစ်နေသလား သုံးသပ်လို.လည်း အဖြေမှန်မထွက်တော.လို. ငါပဲမှားတာနေမှာလို.ပဲ တွေးနေရပါပြီ။

တရက်က အစ်ကိုကြီး  ရှားရှားပါးပါး စကားလာပြောလို. ကိုယ်လည်း စိတ်ရှုပ်တာတွေ ပြောရင်း  ကျွန်မလည်း စိတ်ထဲရှိတဲ့အတိုင်းသာ ပြောချင်တော့တယ် ဟန်ဆောင်နေရတာ မုန်းလှပြီလို. သူ.ကိုပြောတော. အစ်ကိုကြီးက ပြန်ပြောပါတယ် နင် ရွာပြင်ထွက်နေချင်ပြီနဲ. ထင်တယ်တဲ့။ လူတွေနဲ. နေတာ လူ.ကျင်.ဝတ်နဲ. နေရမှာပေါ့။ ဒီလိုပဲ လူတိုင်းဟာ ဘဝ အဆင်ပြေဖို. ဟန်ဆောင်နေကြရတာပါဟာ နင်မှမဟုတ်ဘူး ငါရော တခြားသူတွေရော  အားလုံးမဟုတ်ရင်တောင်  အားလုံးနီးပါး ဟန်ဆောင်နေရတာပါ။  ကိုယ့်ဘဝ၊ မိသားစုဘဝ၊ ကိုယ့်ပတ်ဝန်းကျင်ဘဝ  အကုန်မဟုတ်ရင်တောင် တခုဖြစ်ဖြစ် အဆင်ပြေဖို.  ဟန်ဆောင်နေလိုက်ပါဟာ။ အဲဒီလိုမှ မဟုတ်ရင် နင်ရွာပြင် ထုတ်ခံရမှာသေချာတယ်တဲ့။ ကျွန်မလည်း ယဉ်ကျေးဟန်ဆောင်နေရတဲ့ ပြောချင်တာပြောခွင့်မရတဲ့  လက်ရှိဘဝကို ရွာပြင်ထွက်ရမှာ ကြောက်လို. စိတ်နာနာနဲ.ပဲ  မချစ်သော်လည်း အောင့်ကာနမ်း မနမ်းသော်လည်း ပင့်သက်ရှု ပြီး ဆက်လက်ချီတက်နေပါတော.တယ်။

28 comments

  • ဒီနေရာမှာ နောက်တစ်မျိုးလဲရှိပါသေးတယ်.. မှန်ကန်ရင် ကွဲတတ်တယ်တဲ့…
    မယုံရင် ကန်ကြည့်ပါလား..
    ပြောရမယ်ဆိုရင်တော့ နေ့စဉ် နေရာတိုင်းမှာ ကိုယ့်စိတ်နဲ့ သဘောမတွေ့တာ၊ အမြင်မတော်တာတွေကို မြင်နေရတိုင်း ဒေါသအမျက်တွေ ချောင်းထဲထွက်( မှားလို့ ) ချောင်းချောင်းထွက်ပြီး ကောင်းစေချင်တဲ့စိတ်ရော၊ ကိုယ့်ဒေါသတွေပါ ရောပါပြီး ပြောမိဆိုမိတတ်ကြပါတယ်.. လူတိုင်း မဟုတ်ပေမယ့် ကျွန်တော်လဲ အပါအဝင်ပဲလေ..

    ရွာပြင်ထုတ်ခံရင်ခြင်းဆိုတဲ့ အကြောင်းကို ကိုယ်တွေ့ ကြုံခဲ့ဖူးပါတယ်.. ပါတ်ဝန်းကျင်နဲ့ ကင်းကွာသွားတဲ့ထိ ဖြစ်ဖူးတယ်ပေါ့လေ.. အဲလိုနဲ့ ကိုယ်ဆုပ်ကိုင်ထားတဲ့ ငါ မှန်နေတာပဲဆိုတာကို လွှတ်မချဘဲ ဆယ်စုနှစ်တစ်စုစာ ဖြတ်သန်းလာပြီး ဘဝကို နောက်ပြန်ငဲ့ကြည့်လိုက်တော့ ခုပေးထားတဲ့ နာမည်နဲ့ လူ ဖြစ်လာတော့တာပါပဲ..

    ဒီတော့ တစ်ခုလောက် ကိုယ်တွေ့သဘောပေါက်နားလည် လက်ခံထားတာကို အကြံပြုပေးရမယ်ဆိုရင်ပေါ့ ကိုယ့်ဘက်က မှန်မြဲတိုင်း မှန်နေတာကို ဆက်လက်ထိန်းသိမ်းထားပါ.. အများမိုးခါးရေသောက်လို့ မမှန်တဲ့ဘက်မှာ၊ လိမ်လည်သူတစ်ဦးအဖြစ်မခံပါနဲ့.. စကားအရာမှာ လိမ်မာပါးနပ်စွာနဲ့ အများသူငါ နားမှာ ကြားရ ဘဝင်ရွှင်မြစေရန် ပြောဆိုတတ်ရန် လေ့ကျင့်ခြင်းက ပိုကောင်းမယ်ထင်မိပါကြောင်း…..

    • etone

      April 19, 2011 at 6:23 am

      ဟုတ်ပ့ါ အဲ့ဒီလို လုပ်လွန်းလို့ လူထူးဆန်းကြီးကို ဖြစ်ရောပဲ 🙁 ဒါပေမဲ့ ကိုယ်တွေကလည်း အကြောတင်းတယ်လေ … တယောက်ထဲလည်း ဘာဖြစ်လဲပေါ့ … မဟုတ်တာကြီးကိုတော့ ညာပြီး အာရွှီးရတာ အမုန်းဆုံးပဲ ။ တခါတလေ … မှန်ပေမဲ့ မပြောချင်လို့ကို မပြောပဲ ရှောင်ထွက်သွားတာ လည်း ရှိခဲ့ဖူးတယ် ။

  • shwepyithu

    April 18, 2011 at 3:53 am

    မှန်တာမပြောရရင် ဘာမှ မပြောတာဘဲကောင်းတယ်။ စကားနဲရန်ဆဲပေါ့။ ဒါပေမဲ့ ဒါလဲ အပြောလွယ်ပေမဲ့ အလုပ်ခက်ပါတယ်။ အားပေးသွားတယ်နော်။

  • KoNyeinChan

    April 18, 2011 at 4:35 am

    မှန်တာကိုမပြောပြန်ရင်လည်း သူ ့အမှားကိုထောက်ခံနေသလိုလို၊ ကိုယ်ကဘဲ မှားနေသလိုဖြစ်နေမှာပေါ့
    ကာလ ဒေသကိုကြည့်ပြီး လိမ္မာပါးနပ်စွာ အလိုက်အထိုက်ပြောသင့်တယ်ထင်ပါတယ်
    အပြောမတတ်ရင်ဆဲသလိုဖြစ်တတ်ပါတယ်..(ဥပမာ-“ဟဲ. မျက်စေ့တဖက်လပ်နဲ. သူငယ် မင်းထီးကျန်ခဲ့တယ်) လို ့ဆိုရာမှာ ကိုယ်အပြောမတတ်လို ့တဖက်သားဒေါသစိတ်ဖြစ်ရတာပါ
    (သူငယ် မင်းထီးကျန်ခဲ့တယ်) ဆိုရင်တောင်လုံလောက်ပါပြီ
    ကိုယ့်အိမ်ကို ဧည့်သည်လာတဲ့အခါ “ထမင်းစားပြီးပြီလား” လို ့မေးတာထက် “ထမင်းစားသွားပါဦးလား..ဘာဟင်းချက်ထားတယ်” စသဖြင့်ပေါ့ တဖက်သားစိတ်ထဲ ကောင်းတဲ့အတွေးတွေကို ကိုယ့်စကားကြောင့်ဖြစ်စေသင့်ပါတယ်
    ကောင်းတာပြောတာလည်း ကိုယ့်နှုတ်ကပါဘဲ.. မကောင်းတာပြောလည်း ကိုယ့်နှုတ်ကပါဘဲ
    အမှား ပြဿနာတခုခုဖြစ်လာခဲ့ရင်လည်း သူ ့အမှားကို စ မကြည့်ဘဲ ငါပြောတာ၊လုပ်တာ ဘာများမှားသွားလို ့လည်းလို ့ကိုယ့်ဘက်ကို အတ္တနည်းစွာနဲ ့ သုံးသပ်သင့်ပါတယ်

  • dream

    April 18, 2011 at 6:05 am

    ဟုတ်ပါတယ် အမှန်အတိုင်းပြောတဲ့အခါ တခါတခါ အဆင်မပြေတာတွေရှိတတ်ပါတယ်။
    တခါတလေ အသိတွေက အကူအညီတောင်းရင် ဖြစ်နိုင်ရင်တော့ကူညီလိုက်တယ် မဖြစ်နိုင်ရင်တော့ မဖြစ်နိုင်ဘူးလို့ပြောရင် သူတို့က မကြိုက်ကြပါဘူး။
    ဒါကြောင့် ရှဉ့်လည်းလျှောက်သာ ပျားလဲစွဲသာအောင် ကြိုးစားပေးပါမယ်လို့ပဲ ပြောလိုက်ရတယ်။

  • naywoonni

    April 18, 2011 at 7:26 am

    ကောင်းကျိုးအထွေထွေနဲ့ ချွန်စေမြစေသော်…..
    ဒေါင်းအိုးဝေရယ်လို့ တွန်စေကစေသော်………။

  • Yin Nyine Nway

    April 18, 2011 at 11:11 am

    မှန်ကန်ရင် ကွဲတယ်လေ

  • nature

    April 18, 2011 at 1:18 pm

    မှန်တာပြောသစ္စာတဲ့၊သစ္စာတရားဟာအချိုမြိန်ဆုံးပါဘဲ၊ ကိုယ့်အပေါ်ကိုသစ္စာရှိရှိနဲ့အနစ်နာခံတဲ့လူဟာ ကိုယ့်အတွက်အချိုမြိန်ဆုံးဖြစ်ပေမဲ့ ကိုယ်ကတော့ဒီလိုပြန်အနစ်နာခံဘို့ခက်ခဲပါတယ်၊ အခုဟာကမှန်တာပြောရင်ရွာပြင်ထုတ်ဆိုတာထက် သူများ weak point ကို ပိသာလေးဘေးပြစ်ပြောရင် ရွာပြင်ထုတ်ဆိုပိုမှန်မယ်ထင်ပါတယ်။

  • mozillamedia

    April 19, 2011 at 12:27 am

    မှန်တာတွေ ပြောတာ ကို တခါတရံ လက်ခံဖို့ ခက်ခဲပါတယ်။ တဖက်သား အပေါ် မခံစားရအောင် စေတနာ လေးထားပြီး အခြေအနေ အချိန်အခါ ကြည့်ပြီး တော့ ပြောပေးနိုင်ရင်တော့ အကောင်းဖက် ကို တစ်ယောက် ဆွဲခေါ်လိုက် နိုင်မယ်လို့ ယူဆပါတယ်…
    (ဟေ့မျက်စေ့ တစ်ဘက်လပ်နေတဲ့ သူငယ်) ….. ဆိုပြီးခေါ်တာကတော့ အမှန် ဆိုပေမယ်…. မလိုအပ်ပဲ ပြောတာဖြစ်ပြီး လူတစ်ဖက်သားကို စီးစီး ပိုးပိုး ပြောဆိုတတ်တဲ့ သူ့အကျင်ကို ပေါ်လွင် စေလို့ အသိုင်းအဝိုင်း ကကျင်မှ ပဲ အဲဒီ အသိုင်းအဝိုင်း ကတိုးတက် နိုင်မယ်လို့ ယူဆပါတယ်.. အဲဒီလို အကျင့်ရှိမယ် ဆိုရင် သူက တော်တော် လေးပေးဆပ်ပြီးမှ အသိုင်းအဝိုင်းက ပြန်လည် လက်ခံနိုင်မယ် လူ့သဘာဝ ရှိပါလိမ့်မယ်.

  • MaMa

    April 19, 2011 at 3:03 am

    ရွှေပြည်သူရေ စကားနည်း (နည်းပါခြင်း) ရန်စဲ (ရပ်စဲသည်) ပါကွယ်။ ကိုငြိမ်းချမ်းကို ထောက်ခံပါတယ်။ မြတ်စွာဘုရားဟောတဲ့အထဲမှာ ကျိုးရှိဟုတ်မှန်သော စကားကိုသာ ဆိုရမယ်လို့ ဆိုပါတယ်။ ဟုတ်မှန်ပေမယ့် အကျိုးမရှိတဲ့ မျက်စိတစ်ဖက်လပ်တဲ့ ကိစ္စကို ထည့်မပြောရင် အားလုံးအဆင်ပြေသွားမှာပါ။ မိုဇီလာမီဒီယာရေ အသိုင်းအဝိုင်းက ကြဉ်တယ် လို့ ရေးမှ အဆင်ပြေပါတယ်။ ကြဉ်ဆိုတာ ရှောင်ကြဉ်တဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။

  • MaMa

    April 19, 2011 at 3:05 am

    ရွှေပြည်သူရေ စကားနည်း (နည်းပါခြင်း) ရန်စဲ (ရပ်စဲသည်) ပါကွယ်။ ကိုငြိမ်းချမ်းကို ထောက်ခံပါတယ်။ မြတ်စွာဘုရားဟောတဲ့အထဲမှာ ကျိုးရှိဟုတ်မှန်သော စကားကိုသာ ဆိုရမယ်လို့ ဆိုပါတယ်။ ဟုတ်မှန်ပေမယ့် အကျိုးမရှိတဲ့ မျက်စိတစ်ဖက်လပ်တဲ့ ကိစ္စကို ထည့်မပြောရင် အားလုံးအဆင်ပြေသွားမှာပါ။ မိုဇီလာမီဒီယာရေ အသိုင်းအဝိုင်းက ကြဉ်တယ် လို့ ရေးမှ အဆင်ပြေပါတယ်။ ကြဉ်ဆိုတာ ရှောင်ကြဉ်တဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။ မှန်စေလိုတဲ့ စေတနာနဲ့ပါ။ အပြစ်မြင်ပြီး ရေးတယ်ထင်လို့ ရွာပြင်ထုတ်ခံရမှာလည်း ကြောက်ရသေးတယ်။

  • chityaaung

    April 19, 2011 at 2:31 pm

    အဲဒါက သူတစ်ပါးရဲ့ ပြုပြင်လို့မရတဲ့ အားနည်းချက်ကို အနိုင်ယူတဲ့နည်းပါ..။ လုသားချင်းစာနာပြိးမလုပ်သင့်ဘူးလို့ မပြောသင့်ဘူးလို့ထင်တယ်လေ…. ကိုယ့်ကိုထိပါးလာရင်တော့ တစ်မျိုးပေါ့..။ ဘုရားရှင်ဟောခဲ့တဲ့ စကားခြောက်ခွန်းလူ၌ ထွန်း လေးခွန်းကိုပယ် နှစ်ခွန်းတည် (တယ်) ဆိုတဲ့ဆုံးမစကားရှိနေသားပဲ
    ၁။ ပြောစကား မမှန် အကျိုးမရှိ ကြားသူမနှစ်သက်…။
    ၂။ ပြောစကားမှန်၏။ အကျိုးမရှိ ။ ကြားသူမနှစ်သက်..။
    ၃။ ပြောစကားမမှန်..။ အကျိုးမရှိ..။ ကြားသူနှစ်သက်၏..။
    ၄။ ပြောစကားမှန်၏ အကျိုးရှိ၏ ။ ကြားသူနှစ်သက်၏..။
    ၅။ ပြောစကားမမှန်..။ အကျိုးရှိ၏ ။ ကြားသူမနှစ်သက်..။
    ၆။ ပြောစကားမှန်၏ အကျိုးရှိ..။ ကြားသူမနှစ်သက်..။ ဆိုတာလေးပါ
    အဲဒိမှာ နံပါတ် (၄)နဲ့(၆) ကိုပဲယူရမှာပါ..။ ကျန်တဲ့လေးမျိုးကိုမပြောသင့်ပါဘူး..။
    စကား…ဟကား…ပြောပါများ…… လူချစ်လူခင်များစေသတည်းးးးးးးးးးး

  • ahthi

    May 2, 2011 at 5:37 pm

    အင်းလေ… ”ကြမ်းကျွံလျှင် နုတ်ရ.. နှုတ်ကျွံလျှင် နုတ်မရ” တဲ့…
    လူကြီးတွေပြောတာကြားဖူးတယ်… ကိုဇာဂနာကြီးတောင် လေယာဉ်ပေါ်တက်ခါနီး သူ့ဆန္ဒအတိုင်းမှန်တစ်ချပ်တောင်းတယ်တဲ့… ပြီးတော့မှန်ကိုထောင်ပြီး ခြေထောက်နဲ့ကန်တယ်တဲ့ ပါးစပ်ကလည်း “မှန်ကန်တဲ့လူတွေသွားရတော့မယ်” တဲ့လေ… သင်ခန်းစာပေါ့ဗျာ…..

  • kai

    May 2, 2011 at 6:41 pm

    ဒီရွာထဲမတော့.. မှန်တာပြောရင် ဘယ်တော့မှရွာပြင်မထုတ်ဖူး..။
    သူကြီးအိမ်ခေါ်ထားမယ်..။ 🙂

    • char too lan

      May 3, 2011 at 8:41 am

      တဂျီးရေ……
      ဟိုအပျိူဂျီး မှန်တာတွေစွပ်ပျောနေတော့တာပဲ
      ဒွတ်ခဒေါ့ ရောက်ကုန်ဒေါ့မယ် ………..
      ခေါ်ပီးဆောက်လျောက်ထားလိုက်ပါအုံး 🙂

  • cobra

    May 3, 2011 at 5:40 am

    သူကြီးကအိမ်ခေါ်ပီးဘာလုပ်မှာလဲ…
    ထမင်းကျွေးမှာလား….။
    ရှုံးနိမ့်မှုများနဲ့လူကလည်းသူကလည်းဟာသတွေပြောနေတယ်…
    မှန်ကန်မှတော့ကွဲတော့မှာပေါ့…။

  • cobra

    May 3, 2011 at 5:44 am

    သူကြီးကအိမ်ခေါ်ပီးဘာလုပ်မှာလဲ…
    ထမင်းကျွေးမှာလား….။
    ရှုံးနိမ့်မှုများနဲ့လူကလည်းဟာသတွေပြောနေတယ်…
    မှန်ကန်မှတော့ကွဲတော့မှာပေါ့…။

  • nature

    May 3, 2011 at 10:34 am

    ခေါ်ထားတဲ့အကြောင်းကတော့ သူကြီးကအနားမှာဆေးပေးမီးယူ လက်တိုလက်တောင်းအကူအညီပေးမဲ့သူလိုနေလို့တဲ့။

    • kai

      May 3, 2011 at 4:41 pm

      ကလေးထိန်းခိုင်းမလို့ဟေ့…။ သိပြီလား..။ 🙂

      • ဆူး

        May 3, 2011 at 4:52 pm

        သဂျီး မလိမ့်တပတ်နဲ့ လူကုန် ကူးမလို့လား။

      • အိမ်း…. လူကြီးလေနဲ့ပြောရမယ်ဆိုရင်ဖြင့် ပုံတိုပါတ်စတွေနဲ့ တော်တော်လေးကို ရှည်လျားထွေပြားနေတော့မကွဲ့
        လိုတိုရှင်း ပြောရလျင်တော့ဖြင့် စောင်မ ကြည့်ရှုပေးမယ့်အကြောင်းနဲ့ လိုအပ်ရင် ကိုယ်ဖိ ရင်ဖိ ပြုစုပေးဖို့ဖြစ်ပါလိမ့်မယ် စာဖတ်ပရိသတ်ကြီးတို့ရေ..

        တစ်ကယ်တန်းတော့ ဆေးပေး မီးယူလေးသာ အလိုရှိပါကြောင်း..

  • winkyawaung

    May 3, 2011 at 3:05 pm

    အင်း မှန်တိုင်းလည်း မကောင်းဘူးလို့ ကိုဇာဂနာရဲ့ စကားလုံးလေးကို သတိရပြန်ပါတယ်နော်..။

  • MaMa

    May 3, 2011 at 4:53 pm

    သဂျီးကလည်း မှန်တာပြောလို့ ရွာပြင်ထုတ်ချင်နေပြီထင်တယ်။ စိတ်ထိန်း စိတ်ထိန်း ဒေါသရှေ့ထား မှားမှာပေါ့။ 🙂

  • nature

    May 4, 2011 at 12:34 am

    ကိုဇာဂနာကတော့တော်ပါပေတယ်၊ သူ့ပျက်လုံးတွေကပညာသားပါပြီး အဓိပါယ်ရှိလို့သဘောကျတယ်၊ ဦးနေဝင်းလက်ထက်ကပျက်လုံးတခုမှာ… တဘက်နဲ့တဘက်စစ်တိုက်နေကြတာ၊နောက်ကစစ်ဗိုလ်က အမိန့်ပေးတာက…(ကျဉ်ဆံ)မမှန်သေးတဲ့လူတွေတက်တက်၊ မှန်တဲ့လူတွေ ကျကုန်ပြီ ကျကုန်ပြီတဲ့။..

  • mnoe

    May 4, 2011 at 3:28 am

    မမရေ..ဟုတ်တယ်နော် စကားနည်း ရန်စဲဖြစ်ရမှာ။ အမှားပြင်ပေးတာ ကျေးဇူးအများကြီးတင်ပါတယ်နော်။

  • king

    May 4, 2011 at 4:24 am

    သူကြီး အနားကို အကုန်ခေါ်မထားနဲ့
    ခေါ်မယ်ဆိုရင် ကျွန်တော့်ကိုခေါ်ဗျ
    ကျွန်တော်ဆိုရင် သူကြီးအိမ်အတွက် အဆင်ပြေမယ်ထင်တယ်
    ဘာလို့လဲဆိုတော့
    သူကြီးသမီး။ နှမ တွေကို ကိုယ်ဖိရင်ဖိနဲ့ စောင်မကြည့်ရှုပေးနိုင်တယ်ဗျ
    (^ _ *)

  • nature

    May 4, 2011 at 11:40 am

    King ရေသူကြီးက Welaome တဲ့၊သူ့မှာ ညီ ၆ယောက်နဲ့ သား၆ယောက်ရှိတယ်တဲ့။

  • king

    May 4, 2011 at 11:53 am

    ဒီလောက်လေးများ ရွာထဲက မိန်းမပျိုလေးတွေမြင်လိုက်တာနဲ့
    သူကြီးတစ်အိမ်သားလုံး ငုတ်တုတ်မေ့သွားမှာပေါ့

Leave a Reply