မဟာသင်္ကြန်အကြတ်နေ့ မြင်ကွင်း

ဦးကောက်April 17, 20114min653

၁၃၇၂ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် အကြတ်နေ့ကို မြန်မာနိုင်ငံအနှံ့တွင် ဆင်နွဲခဲ့ကြသည်။ နိုင်ငံအတွင်းရှိ မြို့ကြီးများတွင် နှစ်သစ်ကူးရေသဘင်ပွဲတော်ကို စည်ကားစွာကျင်းပခဲ့ကြပြီး ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့၌ ဖျော်ဖြေရေးမဏ္ဍပ်များ၊ ရေကစားမဏ္ဍပ်များဖြင့် ပျော်ရွှင်စွာဆင်နွဲခဲ့ကြသည်ကို တွေ့ရသည်။

ရန်ကုန် သင်္ကြန်အကြတ်နေ့

TG1

သင်္ကြန်အကြတ်နေ့ ရန်ကုန်မြို့ ပြည်လမ်း မြင်ကွင်း

TG2

သင်္ကြန်အကြတ်နေ့ လှိုင်သာယာ သင်္ကြန်ရေကစားမှု မြင်ကွင်း

TG3

သင်္ကြန်အကြတ်နေ့ ရန်ကုန်မြို့ ကန်တော်ကြီးကန်ပတ်လမ်း ရေကစားမှု မြင်ကွင်း

သင်္ကြန်အကြိုနေ့တွင် ရေကစားသူနှင့် ရေပက်ခံထွက်သူ နည်းပါးခဲ့သော်လည်း သင်္ကြန်အကျနေ့၌ ရေကစားသူနှင့် ရေပက်ခံထွက်သူများ ပြန်လည် စည်ကားခဲ့သည့် အလျောက် ယနေ့ သင်္ကြန်အကြတ်နေ့တွင်လည်း ရေကစားသူနှင့် ရေပက်ခံထွက်သူများဖြင့် ဆက်လက်စည်ကားခဲ့သည်ကို တွေ့ရှိရပါသည်။

ထိုသို့တွေ့ရှိရာတွင် သင်္ကြန်အကြတ်နေ့က လူစည်ကားရာနေရာများဖြစ်ကြသော ကန်တော်ကြီးကန်ပတ်လမ်း၊ ပြည်လမ်းမနှင့် ကမ္ဘာအေးစေတီလမ်းတို့သာမက မြို့တွင်းလမ်းများဖြစ်ကြသော အနော်ရထာလမ်း၊ ဗိုလ်ချုပ်လမ်းနှင့် မြို့နယ်အသီးသီးရှိ လမ်းမကြီးများပေါ်တွင်ပါ ရေကစားသူနှင့် ရေပက်ခံထွက်သူများဖြင့် ဆက်လက်စည်ကားခဲ့သည်ကို တွေ့ရှိရခြင်း ဖြစ်ပါသည်။

စည်ကားသည်ဆိုရာတွင် ယခင်နေ့များကဲ့သို့ နေ့လည်ပိုင်း၊ ညနေပိုင်းတို့တွင်သာ စည်ကားခဲ့သည်မဟုတ်ပဲ နံနက်ပိုင်းမှစ၍ မဏ္ဍပ်ကြီးများရှိရာ နေရာများ၊ ဖျော်ဖြေရေးမဏ္ဍပ်များ၌ ကားဖြင့် ရေပက်ခံထွက်သူများ၊ လမ်းလျှောက်ကာ လာရောက်ကြည့်ရှုသူများဖြင့် စည်ကားခဲ့ခြင်းဖြစ်သည်။

”ရှေ့နှစ်ရက်ကတော့ ထွက်လည်ရ ကောင်းနိုး၊ မကောင်းနိုး စဉ်းစားနေတာ၊ ဒီနေ့တော့ မနေနိုင်တော့တာနဲ့ ထွက်လည်ဖြစ်တယ်၊ နေရာတိုင်း စည်ကားနေတ တွေ့ရတော့ ကိုယ့်စိတ်လည်း ပျော်လာတယ်၊ လုံခြုံရေးတွေလည်း နေရာအနှံ့ရှိနေတော့ အဆင်ပြေပါတယ်၊ မနက်ဖြန်လည်း ဆက်လည်ဖို့ စီစဉ်ထားတယ်”ဟု သင်္ကန်းကျွန်းမြို့နယ်မှ ကားဖြင့် ရေပက်ခံထွက်လာသူတစ်ဦးက ပြောပြပါသည်။

”အစည်ကားဆုံးကတော့ ဂျေမီမဏ္ဍပ်ပါပဲ။ လာတဲ့သူတွေ တော်တော်များတယ်။ ဒီနှစ်သင်္ကြန်မှာ ထူးခြားတာကတော့ ခါးပိုက်နှိုက်ခံရတာတွေ ပိုများတာပဲ”ဟု ပြည်လမ်းရှိ အင်းလျားကန်စောင်း မဏ္ဍပ်များ၌ တာဝန်ကျသူ လုံခြုံရေးဝန်ထမ်းတစ်ဦးက ပြောပြပါသည်။

TG4

သင်္ကြန်အကြတ်နေ့ ရန်ကုန်မြို့ ကမာ္ဘအေးစေတီလမ်း ရေကစားမှု မြင်ကွင်း

TG8

သင်္ကြန်အကြတ်နေ့ ရန်ကုန်မြို့ အင်းယားကန်ဘောင်တွင် ရေနားချိန် မြင်ကွင်း

TG9

သင်္ကြန်အကြတ်နေ့ ရန်ကုန်မြို့ အင်းယားကန်ဘောင်တွင် ရေနားချိန် မြင်ကွင်း

”အရင်နှစ်က ဒီအချိန်ပေါ့ဗျာ၊ ကန်ပတ်လမ်းမှာ ဗုံးပေါက်တယ်၊ ပျော်နေတဲ့သူတွေက ပျော်နေကြပေမယ့် ကျွန်တော့်စိတ်ထဲ လည်နေတုန်း မနှစ်ကအကြောင်းတွေ ပြန်သတိရလာတော့ စိတ်ထဲ ထိုင်းမှိုင်းသွားတယ်။ အရင်နှစ်ရက်ကတော့ အိမ်ထဲမှာပဲ နေတာပါ။ ဒီနေ့တော့ သူငယ်ချင်းတွေ ခေါ်တာနဲ့ အပြင်ထွက်လာခဲ့တာ၊ ပုံမှန်အတိုင်း ပြန်စည်ကားလာပြီဆိုတော့ မနက်ဖြန်လည်း လူပိုစည်မယ့် သဘောရှိတယ်၊ ကျွန်တော်ကတော့ မနက်ဖြန် အိမ်မှာပဲနေဖို့ စဉ်းစားထားတယ်”ဟု အလုံမြို့နယ်မှ ရေပက်ခံထွက်လာသူတစ်ဦးက ပြောပါသည် ။

ယခုနှစ်ရန်ကုန်သင်္ကြန်သည် ယခင်နှစ်များထက် မဏ္ဍပ်ကြီးများ နည်းပါးခဲ့ပြီး မိမိအိမ်ရှေ့တွင်သာ အုန်းလက်မဏ္ဍပ်များ၊ ရေတိုင်ကီများဖြင့်သာ ရေကစားကြသူများသာ ရှိခဲ့သည်။ မဏ္ဍပ်ကြီးများ နည်းပါးခဲ့သောကြောင့် ရှိသည့်မဏ္ဍပ်များတွင်သာ ကားများစုပြုံရေကစားခဲ့ကြသည်ကို တွေ့ရသည်။

“သင်္ကြန်အကြိုနေ့နဲ့ အကျနေ့က ဘုန်းကြီးဝတ်နေတာ။ ဒီနေ့မနက်အစောကြီးထွက်ပြီး မဏ္ဍပ်မှာရေလာကစားတာပါ။ မနက်ဖြန်လည်း ဒီမဏ္ဍပ်မှာပဲ ရေကစားဦးမှာပါ”ဟု ကန်တော်ကြီးကန်ပတ်လမ်းရှိ black culture မဏ္ဍပ်တွင် ရေကစားနေသော စမ်းချောင်းမြို့နယ်မှ လူငယ်တစ်ဦးက ပြောပါသည်။

တာမွေမြို့နယ်မှ ကန်တော်ကြီးကန်ပတ်လမ်းသို့ ကားဖြင့် ရေပက်ခံလာသူတစ်ဦးက “ပြီးခဲ့တဲ့နှစ်ရက်ထက်စာရင် ဒီနေ့ ပိုစည်တယ်။ မဏ္ဍပ်မှာရေ ကစားတဲ့သူတွေနဲ့ ရေပက်ခံလာတဲ့ကားတွေလည်း ပိုများတယ်။ လုံခြုံရေးတွေလည်း မနှစ်ကထက်ပိုပြီးချထားတယ်။ မဏ္ဍပ်တွေမှာလည်း စီစီတီဗီတွေတပ်ထား တာတွေ့ရတယ်။ ဒါပေမယ့် မိန်းကလေးတချို့ရဲ့ ဝတ်စားပုံကတော့ ယဉ်ကျေးမှုနဲ့ မလျော်ညီတာကိုတွေ့ရတယ်။ တချို့ဆိုရင် တော်တော်လည်း မူးနေပုံပေါ်တယ်။ သူတို့ ရဲ့ပုံတွေကတော့ အင်တာနက်ပေါ်ရောက်ဦးမှာ သေချာတယ်”ဟု ပြောပါသည်။

TG6

သင်္ကြန်အကြတ်နေ့ လှိုင်သာယာမြို့နယ်မှ ရပ်ကွက်သင်္ကြန် မြင်ကွင်း

TG7

သင်္ကြန်အကြတ်နေ့ ရန်ကုန်မြို့ အုန်းလက်မဏ္ဍပ်များဖြင့် မိသားစုလိုက် ရေကစားမှု မြင်ကွင်း

TG5

သင်္ကြန်အကြတ်နေ့ လှိုင်သာယာမြို့နယ်မှ ရပ်ကွက်သင်္ကြန် မြင်ကွင်း

ထို့အတူ ဆင်ခြေဖုံးရပ်ကွက်များတွင်လည်း ရေကစားကြသူများဖြင့် စည်ကားခဲ့သည်။ လှိုင်သာယာမြို့နယ်တွင် ဖျော်ဖြေရေးမဏ္ဍပ်တစ်ခုရှိခဲ့ပြီး ထိုနေရာတွင် ရေကစားသူများ၊ ရေပက်ခံသူများ၊ လာရောက်ကြည့်ရှုသူများဖြင့် စည်ကားခဲ့သည်ကို တွေ့ရသည်။

မန္တလေး သင်္ကြန်အကြတ်နေ့

M1

သင်္ကြန်အကြတ်နေ့ ကျုံးအရှေ့ဘက်ခြမ်း နံနက် ၁၁နာရီခန့် မြင်ကွင်း

 

M2

သင်္ကြန်အကြတ်နေ့ ကျုံးအရှေ့ဘက်ခြမ်း နံနက် ၁၁နာရီခန့် မြင်ကွင်း


 

M3

သင်္ကြန်အကြတ်နေ့ နေ့လည်ပိုင်းက ဦးပိန်တံတားကို တွေ့ရစဉ်

 

 

M4

တောင်သမန်အင်းအတွင်း သင်္ကြန်အကြတ်နေ့ ရေကစားမှု မြင်ကွင်း

 

 

M5

သင်္ကြန်အကြတ်နေ့ နေ့လည်ပိုင်းက ဦးပိန်တံတားကို တွေ့ရစဉ်

 

M6

နေပြည်တော် သင်္ကြန်အကြတ်နေ့

N1

သင်္ကြန်အကြတ်နေ့ နေပြည်တော် ဟိုတယ်ဇုန်တွင် ရေပက်ခံကားများ စောင့်ဆိုင်းနေစဉ်

N2

သင်္ကြန်အကြတ်နေ့ နေပြည်တော် ဟိုတယ်ဇုန်ရှိ ဖျော်ဖြေရေး မဏ္ဍပ် နှင့် ရေကစားသူများ မြင်ကွင်း

N3

သင်္ကြန်အကြတ်နေ့ နေပြည်တော် ဟိုတယ်ဇုန်ရှိ ဖျော်ဖြေရေး မဏ္ဍပ် နှင့် ရေကစားသူများ မြင်ကွင်း

 

Eleven Media Group မှ ကူးယူဖော်ပြသည်။

3 comments

  • m

    April 18, 2011 at 8:37 am

    ကျေဇူးတင်ပါတယ်ခင်ဗျာ —–

  • moethidasoe

    April 19, 2011 at 5:28 am

    ဦးကောက်က နေရာတော်တော် ရောက်တာလား .. ဘော်ဒါ တောင့်တာလား .. ဘာပဲ ဖြစ်ဖြစ် ကျေးဇူး တင်ပါတယ်

  • MaMa

    April 19, 2011 at 5:54 am

    ဦးကောက် ကြည့်ရတာ media သမား ဖြစ်ပုံရတယ်။ ကိုယ်ကိုယ်တိုင် ထွက်လည်ရင်တောင် ဒီလို မြင်ကွင်းကျယ် မြင်ရမှာ မဟုတ်ဘူး။

Leave a Reply