ဒီလောက်ကြီးတဲ့စိတ်ပုတီးကို ကြည့်ချင်ပါသလား?


ဒီစိတ်ပုတီးကြီးကတော့ စစ်ကိုင်းမြို့ငါးထပ်ကြီးဘုရား စောင်းတန်းအဝင်ဝမှာချိတ်ဆွဲထားပါတယ်
တောင်ဘက်က ပုတီးတစ်ကုံး မြောက်ဘက်က ပုတီးတစ်ကုံးပေါ့။
စစ်ကိုင်းကိုလာရင် စစ်ကိုင်းတောင်နဲ့ကောင်းမှု့တော်ကိုသာအရောက်များကြပါတယ်။
ဒီငါးထပ်ကြီးဘုရားကတော့ စစ်ကိုင်းမြို့ အနောက်ဖျားမှာရှိတော့ အရောက်အပေါက်နည်းပါတယ်။
ဘယ်လိုအသုံးဝင်သလဲဆိုတာထက် ထူးဆန်းတယ်လို့ ထင်တာကြောင့် တင်ပေးလိုက်ပါတယ်။
ကျွန်တော်ကိုယ်တိုင်တောင် ဒီပုတီးရှိတယ်ဆိုတာ သတိမထားလို့ မသိခဲ့ပါဘူး။

ဒီနေရာလေးကို ညွှန်ပြပေးတဲ့ အဝေးက မငယ်ကို ကျေးဇူးတင်ရှိပါတယ်။
နောက်လဲ မငယ်ညွန်ပြပေးတဲ့နေရာက ပုံတွေကိုဆက်တို်က်တင်ပေးပါမယ်။

9 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 19, 2011 at 4:46 pm

    စိပ်ပုတီးဆိုရင်တော့ ၁၀၈ လုံးရှိကြတယ်
    ဒီပုတီးတွေက တစ်ပုံက ၃၁ လုံး
    နောက်တစ်ပုံက ၃၂ လုံး
    အပေါ်က နှစ်ပုံကိုတော့ ကျန်တဲ့သူတွေ ရေကြည့်ကြပေတော့
    ဒါနဲ ့ရွာသူ ရွာသား လိင်တူချစ်သူ အပေါင်းတို ့ရေ
    ကျုပ်တို ့တွေ
    ပုတီးအကြောင်း ဝိုင်းအာကြရအောင်လား

  • nigimi77

    April 19, 2011 at 5:02 pm

    ကိုရင်ပု လိင်တူချစ်သူက ဘာလဲဗျ။

    ကျုပ် လိင်မတူပဲချစ်တာ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 20, 2011 at 2:49 am

    အော်…….
    ဒါလား
    ယောက်ကျားဆိုတာ ဓားကိုဓားခြင်း
    ဒုတ်ကိုဒုတ်ခြင်း ရင်ဘောင်တန်းပြီး ထိုးခုတ်သတ်ဖြတ်တာကိုခေါ်သဗျ
    အဲ့……
    ယောက်ကျားမပီသတဲ့သူတွေကတော့
    သစ်ခေါင်းပေါက်ကို ဒုတ်နဲ ့သွားထိုးတယ်လေ

  • bigcat

    April 20, 2011 at 4:45 am

    သူတော်ကောင်း ဘီလူးကြီးတွေလည်း ရှိသေးတယ်ကြားဖူးတယ်၊ (ဟိုကောင်လီဘူးကတော့ ဖွတ်ကျား) သူတို့စိပ်ဖို့နေမှာပေါ့။ တချို့ဆိုရင် ဘုရားချွတ်လို့ သောတာပန်တောင် တည်တယ်ဆိုလား…

  • kopauk mandalay

    April 20, 2011 at 12:17 pm

    ဘာတွေမန်းသလဲ ကိုပေါက်နားမလည်တော့ဘူးနော်။
    တင်ထားတာက စိတ်ပုတီး မန်းတာက လိင်တူချစ်သူ
    ကိုကိုပု ပေါက် ကိုရှုပ်အောင်လာမလုပ်နဲ့နော်။

  • ဆူး

    April 20, 2011 at 1:05 pm

    စိတ်ပုတီးက ဘိုးတော် ကြောင်ကြီး ဝိဇ္ဇာတန်ခိုးနဲ့ ပျံပြီး တက်ချိတ်ထားတာ.. သိကြပြီလား။

  • char too lan

    April 20, 2011 at 1:37 pm

    နှစ်ပေါင်းဘယ်လောက်ကြာပီလဲ ဘယ်သူကချိတ်ခဲ့တာလဲ လေးပေါက်
    ရာဇဝင်တွေ ဘာတွေမရှိဘူးလား ??? 🙂

  • kopauk mandalay

    April 20, 2011 at 3:46 pm

    ကျွန်တော် ဘုရားတွေရောက်ရင် သမိုင်းကြောင်းသိပ်မမေးဘူး ချာတန်လူးရေ
    တော်ကြာ ကိုယ့်လိုပါးစပ်ထဲရှိတာ လျှောက်ရွှီးတဲ့လူနဲ့တွေ့လို့ သူပြောတာ အဟုတ်မှတ်ပြီးတင်လိုက်ရင်
    အဆဲခံထိမှာစိုးလို့ ။
    ကျနော်က သမိုင်းကြောင်းထက် ပုံလေးကို မြင်လိုက်လို့ စိတ်ထဲမှာ ဖျပ်ကနဲ့ပေါ်လာတဲ့ ခံစားမူ့ ကိုပိုနှစ်သက်တယ်ဗျာ။

  • မမလေး

    April 25, 2011 at 12:26 pm

    ကျိုက်ထီးရိုးမှာရောင်းတဲ့ဟာ အဲ့လောက်ကြီးမယ်ထင်တယ် သုံးသောင်းခွဲတဲ့

Leave a Reply