ဓမ္မစေတီမင်း ခေါင်းလောင်း

ဆူးApril 19, 20111min21129

ကမာ္ဘ့အကြီးဆုံး ခေါင်းလောင်းကြီးများ

ဓမ္မစေတီ ခေါင်းလောင်းကြီးသည် ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းအဖြစ် သတ်မှတ်ထားသော ခေါင်းလောင်းကို စိန်ခေါ်သည့် ခေါင်းလောင်းတစ်ခု ဖြစ်သည်။ ယင်းကား မွန်ဘာသာအားဖြင့် ‘အပိန္နသော်’ သို့မဟုတ် ‘ဓမ္မစေတီ’ ခေါင်းလောင်းပင် ဖြစ်သည်။ ခေါင်းလောင်း ဘွဲ့အမည်မှာ မြန်မာဘာသာအားဖြင့် ‘အဝိန္ဒဆောက်’ဟု ခေါ်ပါသည်။ ဓမ္မစေတီ ခေါင်းလောင်းသည် ဇာကိုလိုကော ခေါင်းလောင်းထက် မင်းကွန်းခေါင်းလောင်းတော်ကြီးတစ်ခုစာ ပို၍ ကြီးမားနေသည်ကို အံ့ဩဖွယ်ရာ တွေ့ရှိရသည်။ ဓမ္မစေတီ ခေါင်းလောင်းကို ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းအဖြစ် သတ်မှတ်ရမည် ဖြစ်ပေသည်။ ထို့အပြင် ဇာကိုလိုကော ခေါင်းလောင်းသည် (၁၈) ရာစုတွင် သွန်းလုပ်သော ခေါင်းလောင်းဖြစ်ပြီး ဓမ္မစေတီခေါင်းလောင်းမှာ အေဒီ ၁၅ ရာစုက သွန်းလုပ်ခဲ့သော ခေါင်းလောင်း ဖြစ်သဖြင့် နှစ်(၃ဝဝ) ပို၍ စောနေသည်ကို တွေ့ရှိရသည်။ ထို့ကြောင့် ဓမ္မစေတီ ခေါင်းလောင်းသည် ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းဖြစ်သင့်သည်။

မြန်မာ့ သမိုင်းတွင် မွန်တို့၏မဂဒူးမင်းဆက်တွင် ၁၆ ဆက်မြောက် မွန်ဘုရင် ဓမ္မစေတီမင်း သည် ဟံသာဝတီ (ယခု ပဲခူး) မှ အုပ်စိုးပြီး ၁၄၈ဝ ခုတွင် လူဦးရေ စစ်တမ်း ကောက်ယူခဲ့သည်။ ဓမ္မစေတီမင်းကြီးသည် ဥပိုက်၊ သမန္တရာဇ်၊ ဘုရင်ရာဇာ၊ စွန္တရာဇာ အမတ်လေးဦးကို အိမ်ဦးရေစာရင်း ကောက်ယူရန် တာဝန် ပေးခဲ့သည်။ အမတ်များက အိမ်စာရင်းသာမက အိမ်တိုင်းမှ ကြေးကိုပါ ကောက်ခံခဲ့ရာ ကြေးစင် တစ်သန်းနှင့် ရှစ်သိန်း ရရှိခဲ့သည်။ မင်းကြီးက ကြေးပါ ကောက်ယူခဲ့သော အမတ်လေးဦး အား အပြစ်ဒဏ်ပေး၏။ ကြေးများကို ကာယကံရှင်များအား ပြန်ပေးစေသည်။ ပိုင်ရှင်များက ပြန်မယူပဲ မင်းကြီး သင့်တော်သလိုသာ အသုံး ပြုရန်လျှောက်ထားလေသည်။ ထို့ကြောင့် ဓမ္မစေတီမင်းကြီးသည် ဤကြေးများဖြင့် အမတ်ကြီး ဗညားအိမ်ကို အကြီးအမှူး ခန့်တော်မူသည်။ အမတ်ကြီးသည်လည်း ဇေယဗာဟု၊ ပဲခူးသဥတ္တရာ၊ နန္ဒစည်သူကျော်၊ သံဃရာဇာ စသည့် ဆရာတို့ အခါပေးသည့် အတိုင်း တပေါင်းလဆန်း (၈)ရက်၊ ကြာသပတေးနေ့ သိဟ်လဂ်တွင် ပွဲကြီးသဘင် ကြီးစွာပြု၍ ခေါင်းလောင်းကြီးကို သွန်းလုပ်စေသည်။

အမတ်ကြီးသည်လည်း ဆရာတို့ အခါပေးသည့်အတိုင်း တပေါင်းလဆန်း ၈ ရက်ကြာသာပတေးနေ့ သိဟ်လဂ်တွင် ပွဲကြီးသဘင်ပြု၍ ခေါင်းလောင်းကြီးကို ပြုလုပ်တော်မူသည်။ သို့သော် ခေါင်းကြီးမှာ ထူးထူးခြားခြား အသံမမြည်ပဲ ရှိခဲ့သည်။ (သမိုင်းအရ ထို ခေါင်းလောင်းကြီးကို နက္ခတ္တဗေဒ သဘောအရ မကောင်းသော ၁၄၈၄ ခု ဖေဖော်ဝါရီလ ၅ ရက်နေ တွင် စတင် သွန်းခဲ့ပြီး အသံ မမည်ဟု ဆိုသည်။) ခေါင်းလောင်းသွန်းလုပ်စဉ် လောကဉာဏ အမည်ရှိဗေဒင်ဆရာတစ်ဦးက ခေါင်းလောင်းသွန်းလုပ်ပြီးလျှင် အပြစ်အနာအဆာမရှိ ချောမော လိမ့်မည်။ သို့သော်အသံကာ မြည်မည်မဟုတ်ဟု မင်းကြီးအား လျှောက်၏။ မင်းကြီးက အကြောင်းစုံမေးမြန်းရာ ခေါင်းလောင်းပြုလုပ်ရန် ဆရာတို့ပေးသောအခါသည် နက္ခတ်ခြောက်လုံးဖြစ်သည်။ ခြောက်လုံးမှာ မိကျောင်းနက္ခတ်ဖြစ်သဖြင့် မိကျောင်းမှာလျှာမရှိ၍ အသံမမြည်နိုင်ချေ။ မင်းကြီးလည်း ခေါင်းလောင်းကို ‘ အပိန္နသော်’ ဟု ဘွဲ့အမည်ပေးပြီး ရွှေတိဂုံရင်ပြင်တွင် ချိတ်ဆွဲထားစေသည်။ ရွှေတိဂုံ စေတီသို့ လှူဒါန်းသည့် ခေါင်းလောင်းများ အနက် ပထမဦးဆုံး ခေါင်းလောင်းဖြစ်သည်။

ဓမ္မစေတီမင်းသည် ထိုခေါင်းလောင်းကို ဒဂုံ (ယခု ရန်ကုန်) ရှိ ရွှေတိဂုံ စေတီတော်သို့ လှူတန်းခဲ့သည်။ ရှေးခေတ်စာ မှတ်တမ်းများအရ ၎င်း ခေါင်းလောင်းကြီးတွင် ကြေးနီ အပြင် ရွှေ၊ ငွေ တို့လည်း ပါသည်ဟုဆိုသည်။ ခေါင်းလောင်းထဲတွင် မြ နှင့် နီလာ ရတာနာ တို့လည်း မြှုပ်ထားသည်ဟု ဆိုသည်။ စေတီများ ဥစ္စာကြွယ်ဝ ပုံအရ ၎င်းမှာ ဖြစ်နိုင်သည်။ ခေါင်းလောင်းကြီးသည် ၁၂ တောင် မြင့်ပြီး ၈ တောင် ကျယ်သည်။ တစ်ပြိုင်တည်းမှာပင် ၅၀ဝ ပိဿာ ရှိ ခေါင်းလောင်း အသေး လည်း သွန်းလောင်း လှူတန်း ခဲ့သည် ဟုဆိုသည်။ “အဝိန္ဒဆောက်” အမည်ရသည်။

အဝိန္ဒဆောက် ဓမ္မစေတီခေါင်းလောင်းကြီး
၁။ အလေးချိန် – ၁၈၀၀၀ဝ ပိဿာ (တန်ချိန် ၂၉၀)
၂။ အတိုင်းအတာ – အဝ(၈)တောင်၊ စောက် (၁၂) တောင်
၃။ သွန်းလုပ်သည့်နေ့ – သက္ကရာဇ် (၈၃၇) ခုနှစ်၊ တပေါင်းလဆန်း(၈)ရက်၊ ကြာသတေးနေ့၊
၄။ရွှေတီဂုံစေတီတော်သို့တင်လှူသည့်နေ့ – သက္ကရာဇ် (၈၃၈) ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့၊
၅။ ဒေါပုံမြစ်လည်တွင်နစ်မြုပ်သွားသည့်နှစ် -သက္ကရာဇ် (၉၇၄)ခုနှစ်၊

ကမာ္ဘ့အကြီးဆုံးခေါင်းလောင်း အဖြစ်လက်ခံထားသည့် ရုရှနိုင်ငံ မော်စကိုမြို့မှ Tsar Kolokol စာကိုလိုကော ခေါင်းလောင်းကြီး ဖြစ်သည်။ အမြင့် ၁၉’ ၃”၊ အဝန်း ၆၀’ ၉”၊ အထူ ၂’ ရှိသည်။ ခေါင်း လောင်းသွန်းလုပ်စဉ်က တစ်နေရာပဲ့သွား၍ ပဲ့သွားသည့် အစသည်ပင် အမြင့် ၇’၊ အကျယ် ၈’ ရှိပြီး အလေးချိန် ၁၁ တန်ရှိသည်။

မြန်မာ့ စွယ်စုံကျမ်း အတွဲ (၂) တွင် ခေါင်းလောင်းကြီးတစ်ခုလုံး၏အလေးချိန်မှာ တန် ၂၀ဝ ကျော်ရှိသည်ဟု ဖော်ပြပြီး Britanica Emcyclopacedia အတွဲ (၂) တွင် တန် ၁၈ဝ ရှိသည်ဟုဖော်ပြခဲ့သည်။ သို့သော် Children Emcyclopacedia အတွဲ (၂)တွင် ၂၁၉ တန် ရှိသည်ဟုဖော်ပြခဲ့သည်။

ကမ္ဘာ့ဒုတိယအကြီးဆုံး ခေါင်းလောင်းသည်လည်း မော်စကိုမြို့မှာပင်ရှိ၍ အလေးချိန် ၁၂၈ တန်ရှိသည်။ ကမ္ဘာ့တတိယအကြီးဆုံး ခေါင်းလောင်းမှာ မင်းကွန်းခေါင်းလောင်း ကြီးဖြစ်သည်။ ယင်းခေါင်းလောင်းကို ဘိုးတော်ဘုရားလက်ထက်တွင် သွန်းလုပ်ခဲ့သည်။ ကုန်းဘောင်ခေတ်မဟာရာဇဝင်တွင် သက္ကရာဇ် ၁၁၇ဝ ပြည့်နှစ်၊ ကဆုန်လ ဆန်း ၅ ရက်နေ့တွင် သွန်းလုပ်ခဲ့သည်ဟုဆိုပါသည်။

ခေါင်းလောင်း၏အတိုင်းအတာ ကိုလည်း အဝအချင်း ၃၁ တောင် ၄ သစ် (၁၆ ပေ၊ ၁.၄ လက်မ)၊ လုံးပတ် ၃၃ တောင် ၁ မိုက် ၄ သစ် (၅ဝ ပေ ၁.၄ လက်မ)၊ စောက် ၁၃ တောင် ၁ မိုက် ၄ သစ် (၂ဝ ပေ ၃ လက်မ) ရှိသည်ဟုဖော်ပြခဲ့သည်။ တန် ၈ဝ ရှိသည်ဟု အင်္ဂလိပ်တို့က ခန့်မှန်းခဲ့ကြသည်။ သို့သော် ခေါင်းလောင်း၏အလေးချိန်မှာ ကြေးပိဿာ ၅၅၅၅၅ ရှိသဖြင့် ၎င်းကို တန်ဖွဲ့ပါက ၉၀.၅၂ တန်ရှိသည်။

ယခုအခါ ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းအဖြစ် သတ်မှတ်ထားသော စာကိုလိုကောခေါင်းလောင်းကို စိန်ခေါ်သည့် ခေါင်းလောင်းတစ်ခု ရှိသည်ကို စိတ်ဝင်စားဖွယ် တွေ့ရှိရသည်။ ယင်းကာ မွန်ဘာသာအားဖြင့် ‘ အပိန္နသော်’ သို့မဟုတ် ‘ ဓမ္မစေတီ’ ခေါင်းလောင်းပင်ဖြစ်သည်။ ခေါင်းလောင်း၏ဘွဲ့အမည်မှာ မြန်မာဘာသာဖြင့်အဝိန္နဆောက် ဟုခေါ်သည်။

အခါတစ်ပါး ဓမ္မစေတီမင်းကြီးသည် အမတ်လေးဦးကို အိမ်ဦးရေ စာရင်းကောက်ရန်တာဝန်ပေးခဲ့သည်။ အမတ်များက အိမ်စာရင်းသာမက အိမ်တိုင်းမှ ကြေးကိုပါ ကောက်ခံခဲ့ရာ ကြေးစင် တစ်သန်းနှင့် ရှစ်သိန်း ရရှိခဲ့သည်။ မင်းကြီးက ကြေးပါ ကောက်ယူခဲ့သော အမတ်လေးဦး အား အပြစ်ဒဏ်ပေး၏။ ကြေးများကို ကာယကံရှင်များအား ပြန်ပေးစေသည်။ ပိုင်ရှင်များက ပြန်မယူပဲ မင်းကြီး သင့်တော်သလိုသာ အသုံး ပြုရန်လျှောက်ထားလေသည်။ ထို့ကြောင့် ဓမ္မစေတီမင်းကြီးသည် ဤကြေးများဖြင့် အမတ်ကြီး ဗညားအိမ်ကို အကြီးအမှူး ခန့်၍ ခေါင်းလောင်းသွန်းလုပ်စေသည်။

အမတ်ကြီးသည်လည်း ဆရာတို့ အခါပေးသည့်အတိုင်း တပေါင်းလဆန်း ၈ ရက်ကြာသာပတေးနေ့ သိဟ်လဂ်တွင် ပွဲကြီးသဘင်ပြု၍ ခေါင်းလောင်းကြီးကို ပြုလုပ်တော်မူသည်။ သို့သော် ခေါင်းလောင်းကြီးမှာ ထူးထူးခြားခြား အသံမမြည်ပဲ ရှိခဲ့သည်။

ခေါင်းလောင်းသွန်းလုပ်စဉ် လောကဉာဏ အမည်ရှိဗေဒင်ဆရာတစ်ဦးက ခေါင်းလောင်းသွန်းလုပ်ပြီးလျှင် အပြစ်အနာအဆာမရှိ ချောမော လိမ့်မည်။ သို့သော်အသံကာ မြည်မည်မဟုတ်ဟု မင်းကြီးအား လျှောက်၏။ မင်းကြီးက အကြောင်းစုံမေးမြန်းရာ ခေါင်းလောင်းပြုလုပ်ရန် ဆရာတို့ပေးသောအခါသည် နက္ခတ်ခြောက်လုံးဖြစ်သည်။ ခြောက်လုံးမှာ မိကျောင်းနက္ခတ်ဖြစ်သဖြင့် မိကျောင်းမှာလျှာမရှိ၍ အသံမမြည် နိုင်ချေ။ မင်းကြီးလည်း ခေါင်းလောင်းကို ‘ အပိန္နသော်’ ဟု ဘွဲ့အမည်ပေးပြီး ရွှေတိဂုံရင်ပြင်တွင် ချိတ်ဆွဲထားစေသည်။ ရွှေတိဂုံစေတီသို့ လှူဒါန်းသည့် ခေါင်းလောင်းများအနက် ပထမခေါင်းလောင်းဖြစ်သည်။

ခေါင်းလောင်းကြီးသည် စောက် ၁၂ တောင်ရှိ၍ ကြေးပိဿာချိန် ၁၈၀၀၀ဝ (တစ်သိန်းရှစ်သောင်း) ရှိသည်။ ၎င်းကိုတန်ဖွဲ့ပါက ၂၉ဝ တန် ရှိသည်။ ထို့ကြောင့်ဓမ္မစေတီခေါင်းလောင်းသည် စာကိုလိုကောခေါင်းလောင်းထက် မင်းကွန်းခေါင်းလောင်းတစ်ခုစာပို၍ ကြီးမားနေ သည်ကို အံ့ဩဖွယ်တွေ့ရှိရသည်။ ဒီအတိုင်းဆိုလျှင်ဓမ္မစေတီခေါင်းလောင်း ကို ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းအဖြစ် သတ်မှတ်ရပေမည်။

စာကိုလိုကောခေါင်းလောင်းသည် ၁၈ ရာစုတွင် သွန်းလုပ်သော ခေါင်းလောင်းဖြစ်ပြီး ဓမ္မစေတီခေါင်းလောင်းမှာ အေဒီ ၁၅ ရာစုက သွန်းလုပ်ခဲ့သော ခေါင်းလောင်းဖြစ် သဖြင့် နှစ် ၃၀ဝ ပို၍စောနေသည်ကိုတွေ့ရှိရသည်။ ထို့ကြောင့် ဓမ္မစေတီခေါင်းလောင်းသည် ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းများအနက် ရှေးအကျဆုံး ခေါင်းလောင်းဖြစ်သည်။ရှေးကျပြီး ကြီးကျယ်သော ခေါင်းလောင်းကို သွန်းလုပ် ခဲ့သော မွန်တို့၏ ကြေးသွန်းအတတ်ပညာမှာ ဂုဏ်ယူဖွယ်ရာ ဖြစ်သည်။

သို့သော် ဓမ္မစေတီခေါင်းလောင်းအကြောင်းမလှပုံမှာ ခရစ်သက္ကရာဇ် ၁၆၀၈ ခုနှစ်တွင် ပေါ်တူဂီလူမျိုး ဖိလစ်ဒိုဘရစ်တို့က ဓမ္မစေတီ ခေါင်းလောင်းကို အမြောက်သွန်းလုပ်ရန်ဖောင်ဖြင့် သန်လျင်သို့ သယ်ဆောင်ခဲ့သည်။ ဒေါပုံမြစ်အကူးတွင် ဖောင်နစ်ပြီး ခေါင်းလောင်းကြီး ရေထဲနစ်မြှုပ်သွားသည်မှာ ယနေ့ထက်တိုင် ဖြစ်သည်။ ဓမ္မစေတီခေါင်းလောင်း ရေအောက်ရောက်နေသည်မှာ နှစ်ပေါင်း ၄၀ဝ နီးပါးရှိချေပြီ။

မွန်တိုင်းရင်းသားတို့၏ လက်ရာဖြစ်သော ကမ္ဘာ့အကြီးဆုံး ဓမ္မစေတီခေါင်းလောင်းကို ကမ္ဘာ့အလည် ထည်ထည်ဝါဝါပြသနိုင်ရန် ခေါင်းလောင်း ဆယ်ယူနိုင်ရေးသည် မွန်လူမျိုးတိုင်းမှာ တာဝန်ရှိတယ်လို့ ကျနော်ထင်မြင်မိပါသည်။

မှတ်ချက် ။ ။ ဆရာနိုင်ခင်မောင်လေး ရေးသားသော တိမ်မြုပ်ပျောက်ကွယ်နေသည့် မွန်တို့၏ မြို့ပြနိုင်ငံများ စာအုပ်မှ ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းကို အကျဉ်းချုပ်၍ ကောက်နုတ်တင်ပြသည်။

ဓမ္မစေတီ ခေါင်းလောင်းကြီးကို ရှာဖွေရန် စတင်လှုံ့ဆော်သူမှာ သမိုင်းပညာရှင် ဒေါက်တာ ဒေါ်ရီရီ ဖြစ်ပါသည်။

မြန်မာအစိုးရသည် အင်္ဂလိပ် ရေငုတ်၊ ဇီဝ၊ ရှေးဟောင်း နှင့် စွမ်းအင် ပညာရှင် မိုက် ဟက်ခြာ (Mike Hatcher) အား ခေါင်းလောင်းကြီးအား ဖော်ယူ၍ စေတီတော်သို့ ပြန်လည် ပို့ဆောင်ရန် အကူအညီ ရယူခဲ့ပါသည်။ ဂျပန်၊ ဩစတြေးလျ နှင့် အမေရိကန် တို့ပါဝင်သော ၎င်း လုပ်ငန်းကို ဟက်ခြာ က သဘောတူခဲ့ပါသည်။ ဗုဒ္ဓသာသနာ ထွန်းကားရေး အကျိုးဆောင် ရစ်ချတ် ဂရီ က အားတက်သရော ပါဝင်၍ ရံပုံငွေရှာခဲ့သည်။ ၎င်းလုပ်ငန်းကို အပြည်ပြည်ဆိုင်ရာ အဆင့်ထိ စိတ်ဝင်စားစေသည်မှာ သံသယ ရှိစရာ မလိုပါ။ ဂျာမန် ရုပ်ရှင် ကုမ္ပဏီ တစ်ခုကလည်း ၎င်း စွင့်စားခန်းကို ရုပ်ရှင်ရိုက်ကူးမည် ဖြစ်ပြီး “ဒီတူးဖေါ်ရေးသာ အောင်မြင်ခဲ့လျှင် ဗုဒ္ဓဘာသာ နဲ့ပတ်သက်လို့ ဒါဟာ ခရစ်ယာန်မှာ လိုတရ ခွက် (Holy Grail) ရသလိုပါပဲ” ဟု ဆိုခဲ့သည်။

ဘာသာရေး ကိုင်းရှိုင်းသော မြန်မာ တို့ကမူ ဗုဒ္ဓ၏ မြင့်မြတ်သော် အမွေကို ပြန်လည်ထိမ်းသိမ်းခြင်းဖြင့် မြန်မာ နိုင်ငံ၏ ကံ ပြန်လည်ကောင်းမွန် လာလိမ့်မည်ဟု ယုံကြည်ကြသည်။ ဓမ္မစေတီ ခေါင်းလောင်းကြီးအား ဆယ်ယူခြင်းသည် မြင့်မြတ်သောမင်း နှင့် သူ၏ ပြည်သူပြည်သားများ၏ ဆုံးရှုံးနေသော အမွေကို ပြန်လည် ရရှိကြမှာ သေချာပါသည်။ ဒါထက် ၎င်းခေါင်းလောင်းတွင် ရေးထိုးထားသော စာများက သမိုင်း နှင့် ဘာသာစကား ပညာရှင် တို့အတွက် အဖိုမဖြတ်နိုင်သော အထောက်အထားပင် ဖြစ်ပေမည်။

(၁၉၉၇-ခုနှစ်၊ စက်တင်ဘာ (၂၉)ရက်နေ့တွင် ဓမ္မစေတီမင်း ခေါင်းလောင်းတော် ရှာဖွေဆယ်ယူရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးပွဲကို ရန်ကုန်မြို့ မြို့တော်ခန်းမရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ အစည်းအဝေးခန်းမ(၄)၌ ကျင်းပခဲ့သည်။)[2]

၎င်းလုပ်ငန်းကို ကန့်ကွက်သူ မရှိဘူးတော့ မဟုတ်ချေ။ အချို့သော ဒီမိုကရေစီလိုလားသူများက ၎င်းဆယ်ယူမှုသည် မြန်မာနိုင်ငံ၏ စစ်အစိုးရအား အားပေးအားမြှောက်ပြုရာ ရောက်သည်ဟု ဆိုသည်။ ယခုခေတ်ကို ကျော်ပြီး နောင် ဒီမိုကရေစီ အစိုးရ ဖြစ်မှ ထိုလုပ်ငန်းကို စသင့်သည် ဟုဆိုသည်။

မိုက် ဟက်ခြာ နှင့် ၎င်း၏ အဖွဲ့ များက ဓမ္မစေတီ ခေါင်းလောင်းကြီးအား ဆယ်ယူခြင်း လုပ်ငန်းကို ၂၀၀၁ တွင် စရန် ရည်ရွယ် ခဲ့ပြီး ခေါင်းလောင်းကြီး၏ နေရာကို အတိအကျ စရှာရန် သတ်မှတ်ခဲ့သည်။ ဘီဘီစီ၏ သတင်းကြေငြာချက်ကြောင့် လူအများ ၎င်းဆယ်ယူခြင်း လုပ်ငန်းကို စိတ်ဝင်စားခဲ့သောလည်း မဖြစ်မြောက်ခဲ့ပေ။ ထင်ဆချက်အရ ၂၀၀ဝ ဂျူလ တွင် ၎င်းအဖွဲ့သည် အင်ဒိုနီးရှား ဆယ်ယူရေး ပြဿနာ ကြောင့် ကြံ့ကြာခဲ့ခြင်း ဖြစ်ဟန်တူသည်။

ထိုဆယ်ယူခြင်း လုပ်ငန်းသာ စခဲ့လျှင် ရေငုတ်သမားများသည် ညကြည့်မှန် တက်ထားသော ခေါင်းစွက်များဖြင့် အတူ copper sulphate ရှာဖွေရေး ကိရိယာများဖြင့် ခေါင်းလောင်းကို ရှာမည်ဖြစ်သည်။

ဒီခေါင်းလောင်းကြီးက ဘယ်လိုကျိန်စာသင့်ထားတယ်..
အဲဒီခေါင်းလောင်းကြီးနဲ့ အခုဘဝမှာ အဆက်အစပ်ရှိနေတဲ့ ဘယ်သူတွေဘယ်ဝါတွေ.. အခုဘယ်အရပ်မှာ ရှိတယ် စသဖြင့် ခေါင်းလောင်းကျိန်စာကြောင့် ဘယ်သူတွေ သေကုန်တယ်.. ဘာညာဖြင့် အဲဒီအကြောင်းတွေ ဂျာနယ်တစ်စောင်မှာ ပါလာပြီးတော့.. အဲဒါကို ကြောက်သွားကြတာလားမသိပါဘူး..
တဖြည်းဖြည်းနဲ့ ရှာဖွေတဲ့ အရှိန်က လျှော့လျှော့လာပြီး ရှေ့မဆက်ဖြစ်တော့တာ..

ခေါင်းလောင်းက မြစ်ကြမ်းပြင်မှာ သုံးပုံ နှစ်ပုံလောက်ပဲ ခပ်စောင်းစောင်းလေး မြုပ်နေတာ..
မြေကြီးပေါ်မှာ တစ်ချို့တစ်ဝက် ပေါ်နေတယ်။

ခေါင်းလောင်းမဆည်ရတဲ့အကြောင်းရင်းက….နိုင်ငံရေးကြောင့်လည်းမဟုတ်ဘူး

ကျိန်စာသင့်မှာဆိုးလို့လည်းမဟုတ်ဘူး…အခါပေးဆရာတော်ဘာဖြစ်မယ်ညာဖြစ်မယ်ပြောလို့လည်းမဟုတ်ဘူး

ခေါင်းလောင်းဆည်ပြီးရင်…ရမဲ့အကျိုးအမြတ်ကိုမြန်မာအစိုးရနဲ့ညှိလို့မရလို့..မဆည်ပဲပြန်သွားတာဖြစ်တယ်လို့ ပြောကြပါသေးတယ်။

ကျိမ်စာ အပေါ် သုံးသပ်ချက်

ဓမ္မစေတီအကြောင်းနဲ့ ဒီခေါင်းလောင်း အကြောင်းကို အခြေခံစဉ်းစားရင် အဲလိုမျိုး မဟုတ်နိုင်ဘူး။ ဓမ္မစေတီက စာတတ်ပေတတ် ဘုန်းကြီးကနေ လူဝတ်လဲပြီး ဘုရင်ဖြစ်တာ။ ဘုရင်မကြီး ရှင်စောပုက သူ့သမီးနဲ့ လက်ထပ်ပေးပြီး မင်းမြှောက်တာ။ တော်လို့ တတ်လို့ အဲလို ရွေးခံရတာ။ ဘုရင့်သားကနေ ဘုရင်ဖြစ်လာတာ မဟုတ်ဘူး။ သမာသမတ်လဲ ရှိပုံရတယ်။ တိုင်းသူပြည်သားတွေရဲ့ ကြေးတွေကို ဟိုအမတ်တွေလုပ်လို့ ရလာတော့ သူက ပြန်ပေးချင်တယ်။ ဒါပေမဲ့ ပြန်ပေးလို့ မရတော့ဘူး။ စကောက်ကတဲက စာရင်းနဲ့ ကောက်ထားတာ မဟုတ်သလို ကြေးကလဲ ပုံစံမျိုးစုံနဲ့ (ဒင်းဂါးရော၊ အပိုင်းအစရော၊ အရည်အမျိုးမျိုးရော) ဖြစ်နေလို့။ ပြန်ပေးလို့ မရသလို သူကလဲ မယူချင်လို့ ခေါင်းလောင်းသွန်းပြီး ရွှေတိဂုံဘုရားကို လှူတယ်လို့ မှတ်ရတယ်။ ဒီလို မျှမျှတတ ဖြစ်တဲ့ ဘုရင်က ခေါင်းလောင်းကို ရေထဲက ပြန်ဆည်ပြီး ရွှေတိဂုံကုန်းတော်မှာ ပြန်ရောက်တာ ပိုလိုလားမှာပဲ။ အဲဒါကို ဆယ်ဖို့ ကြိုးစားတဲ့ လူတွေကို အဲလို မကောင်းတာ ပြန်လုပ်တယ်ဆိုတာကတော့ နဲနဲ စဉ်းစားစရာပဲ။ လူတွေ အကုန်လုံးက ရွှေတိဂုံဘုရားကိုပဲ ပြန်လှူဖို့ စိတ်ရှိတာ။ သူပိုတောင် သဘောမကျဘူးလား။

နောက်ပြီး သူနဲ့ပတ်သတ်တဲ့ တခြားအကြောင်းကိုလဲ ကြားဖူးတယ်။ အဲဒီခေတ်က ရွှေတိဂုံဘုရား အဝန်းအဝိုင်းက တော်တော် ကျယ်တယ်။ ဒါပေမဲ့ မြို့ရွာ ချဲ့ရတော ဘုရားဝတ်တော်မြေကို ကျဉ်းရမဲ့ အနေအထားရောက်လာတယ်။ ဒါပေမဲ့ ဘုရားကို ရှေးမင်းတွေက လှူထားတဲ့ ဝတ်တကမြေကို ပြန်ယူလို့ မရဘူး။ ဘုရားကို လှူပြီးသားကို ပြန်ယူတဲ့ ထုံးစံမရှိဘူး။ ဒါကို ဓမ္မစေတီမင်းက ဘယ်လိုဖြေရှင်းလဲ ဆိုတော့ မြေကိုတော့ ချုံ့လိုက်တယ်။ ဒါပေမဲ့ မြေကို တန်ဖိုးတွက်လိုက်ပြီးတော့ အဲဒီတန်ဖိုးနဲ့ ညီတယ်ဆိုလား ပိုများတယ်ဆိုလား… အဲဒါကို ရွှေဝယ်ပြီး ရွှေတိဂုံဘုရားကို ရွှေအကြီးအကျယ်ချခဲ့တယ်။ သူက အဲလို သာသနာရော ဥပဒေရေးရာကို အဲလိုကြည့်တတ်တဲ့ အကျင့်မျိုးရှိတယ်လို့ မှတ်ရတယ်။ ဒီလို သမာသမတ်ရှိတဲ့ မင်းက လူတွေကို မတရား ကျိန်စာတိုက်မယ်လို့တော့ မထင်ပါဘူး။ အစကတဲက သူ့ခေါင်းလောင်းလို့ သူက သတ်မှတ်ချင်မှာတောင် မဟုတ်ဘူး။ ပြည်သူတွေ ခေါင်းလောင်းလို့ပဲ သတ်မှတ်ချင်မယ်လို့ ထင်ပါတယ်။

ရှေးယခင်က ပရောဟိတ်များ တွက်ချက်မှု

အဲဒီခေါင်းလောင်းကြီးက စပြီးသွန်းလုပ်ကထဲက မှားနေတာ ဟု ပုရောဟိတ်တစ်ဦးက ဘုရင်ကို လျှောက်ထားဘူးပါတယ်။ စလုပ်ကတည်းက မိကျောင်းနတ်ခတ်နဲ့ ယှဉ်တဲ့အတွက် မိကျောင်းက လျှာမရှိသလို့ ခေါင်းလောင်းကလဲ အသံမမြည်ဘူး။ ထိုကဲ့သို့ မိကျောင်းက ရေမှာပျော်သလို ခေါင်းလောင်းကလဲ နှစ်ပေါင်းများစွာ ရေမှာစံပယ်မှာ ဖြစ်တယ်လို့ ဘုရင်အား လျောက်တဲ့ အတွက် ဘုရင်က အမြတ်ထွက်ခဲ့ပါတယ်။ သူနဲ့တိုင်းသူပြည်သားတွေရဲ့အလှူကို အဖျက်ပြောတယ်ဆိုပြီး ထောင်သွင်းအကျဉ်းချပြီး သတ်ဖို့ စဉ်းစားသတဲ့
အဲဒီမှာ စဉ်းစားဆင်ခြင်တတ်တဲ့ဘုရင်ဖြစ်တော ဒီလူဟာ သူ့အသက်ကိုမနှမြောဘဲ ဒီလိုပြောတယ်ဆိုတော့ အကြောင်းရှိရမယ် ဒီတော့ ဒီလူကို ခေါင်းလောင်း သွန်းလုပ်ပြီးသည် အထိမသတ်ဘဲ ထောင်ထဲ ထည့်ထားခဲ့တယ်။ ခေါင်းလောင်းလုပ်ပြီးမှ ဒီလူဟောတာ ဟုတ်မဟုတ်ကြည့်ပြီး မဟုတ်ရင်တော့ အသေဘဲဆိုပြီး အဲဒီပုရောဟိတ်ကို ထောင်ချထားခဲ့ပါတယ်။ ခေါင်းလောင်းပြီးတဲ့ အချိန် အဲဒီပုရောဟိတ်နဲ့ တိုင်းသူပြည်သားတွေရှေ့မှာ ခေါင်းလောင်းကို သူကိုယ်တော်တိုင် တီးကြည့်ပါတယ်။ ဒါပေမဲ့ အသံက တကယ်မမြည်တာကိုသွားတွေ့ပါတယ်။ အဲဒီတော့မှ ပုရောဟိတ်ကိုလွှတ်ပြီး တောင်းပန်ပါတယ်။ အသံမြည်အောင်၊ ရေမှာမစံပယ်အောင် ဘယ်လိုလုပ်ရမလဲ မေးတဲ့အခါ ပုရောဟိတ်က အသံမြည်အောင်တော့ လုပ်လို့မရတော့ပါဘူး။ အဲဒါပေမဲ့ ဘုရင်ကြီးလက်ထက်မှာတော့ ရေမှာမစံပယ်အောင် ကြိုးစားပေးမယ်လို့ပြောခဲပါတယ်။ ဒါ့ကြောင့် ဘုရင်ကြီးလက်ထက်မှာတော့ ခေါင်းလောင်းကြီးဟာ ရွှေတိဂုံကုန်းတော်မှာ ခန့်ညားစွာတည်ရှိတော်မူခဲ့တယ်တဲ့…
ဘုရင်ကြီးဟာ ရွှေတိဂုံဘုရားကို ဖူးမြော်ပူဇော်တိုင်း သူနဲ့ တိုင်းသူပြည်သားတွေရဲ့ ကုသိုလ်တော် ခေါင်းလောင်းကြီးကို ပိတိဖြစ်စွာ ရှုစားတော်မူသတဲ့…
နောက်ပိုင်းတော့ အားလုံးသိတဲ့အတိုင်းဘဲ ဖြစ်သွားသတဲ့.. ဒါ့ကြောင့် တချို့ကတော့ပြောကြတယ်… အဲဒီ ဓမ္မစေတီမင်းကြီးနဲ့ ပုရောဟိတ်သာ အဲဒီခေါင်းလောင်းကြီးကို
ဆယ်နိုင်လိမ့်လို့ ယုံကြည့်ကြတယ်.. ဘဝတစ်ခုမှာ သူတို့နှစ်ယောက်ပြန်ဆုံခဲ့ရင်ပေါ့လေ… အဲဒီခေါင်းလောင်းကြီးဟာ အရင်လိုဘဲရွှေတိဂုံကုန်တော်ပေါ်မှာ ခန့်ညားစွာ
တည်ရှိတော်မူနိုင်လိမ့်မယ်လို့ ယုံကြည့်ကြပါတယ်။

29 comments

  • ဆူး

    April 19, 2011 at 4:03 pm

    စာတွေ ပြုပြင် တည်းဖြတ် မလုပ်ရဘဲ တက်သွားတာ.. ပြင်လို့လည်း မရသေးဘူး.. လိုင်းကောင်းတော့မှ.. ပြန်ပြင်တော့မယ်။
    အခုတော့ မှားတာကို မှားတယ်လို့ သဘောထားပြီး ဖတ်ပေးပါ ဗျို့…….

  • Oo Oo

    April 19, 2011 at 4:19 pm

    ဗဟုသုတအဖြစ်မှတ်သားသွားပါတယ်..မသိသေးတာတွေသိရှိလိုက်ရလို့ကျေးဇူးပါဆူး..

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 19, 2011 at 4:21 pm

    ဆယ်လို ့မရသေးတာက သေချာမတွေ ့သေးလို ့
    မိချောင်းနက္ခတ်နဲ ့မကြုံရင်လည်း
    ဟို မသာတွေ ယူသွားပြီး အမြောက်လုပ်လိုက်လို ့ရှိရင် ကိစ္စကပြတ်ပြီ

  • shwe ni

    April 19, 2011 at 4:23 pm

    ဟိုတုန်းက snapshot မှာနဲ့တူတယ် အခန်းဆက် ရေးထားတာဖတ်ဖူးတယ်။ . ပြီးတော့ စာအုပ်လဲရှိတယ်ထင်တယ် ဆူးရေ . ခိုက်တယ်လိုရေးကြတာသေတဲ့လူတွေလဲများတယ်လို့အဲဆောင်းပါးတွေတုန်းကဖတ်ဖူးတယ် ဦးချစ်စံဝင်း ရဲ့သားတောင် အဲခေါင်းလောင်းဖော်ရင်း ခွေးကိုက်ခံရပြီးသေတာလို့ရေးတာပဲ တိုက်ဆိုင်တယ်ပြောလို့ရပေမဲ့ နောက် ပိုင်းရှာတာကိုနားလိုက်ကြတယ်

    • ဆူး

      April 19, 2011 at 4:36 pm

      ချစ်စံဝင်း သား ခွေးကိုက်ခံရတဲ့ ကိစ္စ တမင် ထည့်မရေးတာပါ။
      ရွာထဲမှာက ခွေးကိုက်တာ ခွေးကို သွားစလို့.. ခွေးသွားယားနေလို့ စသဖြင့် ပြောပြီး ငြင်းနေရမှာ စိုလို့ မရေးတာပါ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 19, 2011 at 4:24 pm

    အော်….
    တော်တန်တိတ်
    ဟိုလိုဖြစ်သင့်ပါတယ်
    ဒီလိုဖြစ်သင့်ပါတယ် လာဝင်မဖောနဲ ့
    ဟိုလိုလဲမဖြစ်ဘူး
    ဒီလိုလဲမဖြစ်ဘူး
    မဖြစ်ဘူး
    မဖြစ်ဘူး
    မဖြစ်ဘူး
    မဖြစ်ဘူးဆိုရင် ဘာလုပ်ကြမလဲ

    • ဆူး

      April 19, 2011 at 4:32 pm

      ရှိနေတာကို ရှိနေတယ်လို့ မှတ်.. ရုပ်တရားနဲ့ နာမ် တရား ကွဲပြားအောင်ကြည့်…
      မြုပ်နေတာက ခေါင်းလောင်း..
      ခေါင်းလောင်းက ရေထဲမှာ..
      ရေတွေက မြစ်ထဲမှာ.. ရုပ်တရားတွေ ကွက်ကွက် ကွင်းကွင်း ထင်းထင်းကြီး မြင်သွားရင်.. ရေအောက်ကို စက်ပစ္စည်း အကူအညီ မလိုဘဲ.. အရှိကို အရှိအတိုင်း မြင်လိမ့်မယ်။
      ဒီလိုနဲ့… တဆင့်ပြီး တဆင့်တက်သွားရင် လက်ညိုးနဲ့ကော် တက်စေသတည်းဆို ထိုင်ရာ မထ သူ့အလိုလို ကုန်းပေါ် တက်လာလိမ့်မယ်။

      • kai

        April 19, 2011 at 9:43 pm

        ခေါင်းလောင်းဆိုတာက.. ပညတ်တွေ..။
        တကယ့် ပရမတ် (ပရမတ္ထ) တွေ ဖြစ်တဲ့.. ရုပ်နဲ့နာမ်ရဲ့..ဇောတွေနဲ့.. ရောပြီး..အမတေ(အမြုတေ)တယ်..ထုပြီး… ဂွိလိုက်ရင်.. ဂွမ်းကနဲ့.. ခေါင်းလောင်းကြီး.. ရေထဲကနေ.. ရွေတိဂုံပေါ်ရောက်လာမှာ..
        တကယ်တော့..
        ခေါင်းလောင်းရော..။ ရေရော.. ခွေးရော. လူရော.. ရွေရော..ရတနာရော… ..အနိစ္စတရားတွေကြီးပဲမို ့… ဘာမှမလုပ်..ငြိမ်ငြိမ်ထိုင်..
        ခြင်ကိုက်တာတောင်..ခြင်သွေးလှူ ကုသိုလ်ပြုတယ် အာရုံထား.. ဖြစ်လိုက်ပျက်လိုက်ဖြစ်နေတဲ့..စိတ်ဆိုတာကို ..မဖြစ်မပျက်ခင်မိအောင်ဖမ်း.. အဲဒီလိုနဲ့.. ငှက်ဖျားနဲ့. မြန်မြန်ကြွတော့… ဘာမှန်းမသိတဲ့.. ဟိုလိုဟိုဟာ.. တယောက်တမျိုးပြောကြတဲ့…. နိဗ္ဗာန်ဆိုတာကြီးနဲ့ မြန်မြန်နီးသတဲ့..။ 🙂

  • တညင်သား

    April 19, 2011 at 5:54 pm

    တော်တော်ကြာပြီ ဖတ်ဘူးတယ် ချစ်စံဝင်း တို့ သားအဖ နှစ်ယောက်လုံးခွေးကိုက်ခံရတာ .. ရေငုတ်တဲ့ ဒေါပုံကလူတွေလဲ သေဆုံးဘူးတယ်ဆို ..စက်ကရိယာ အကူအညီနဲ့ဆို ရနိင်ကောင်းပါရဲ့ ..

  • bigcat

    April 20, 2011 at 5:06 am

    ဒီလိုမျိုးစိတ်ဝင်စားဖွယ်လေးတွေ လုပ်ပေးပါအုံးဗျို့။ ခေါင်းလောင်းကြီးသတင်းလည်း နောက်ဆက်တွဲ လုပ်ပါအုံး။ သဂျီးက အဲဒီအချိန်က ပေါ်ဒီဂီငဇင်ကာဖြစ်ပုံရတယ်။ ခေါင်းလောင်းကြီးအကြောင်းရေးတာကို ကဖျက်ရဖျက်နဲ့… ခေါင်းလောင်းကို ရေထဲချခဲ့တဲ့ ပေါ်တူဂီနယ်ချဲ့ ငဇင်ကာဖြစ်တလဲ သဂျီးကို ဝိုင်းဆော်ကြပါဗျို့….

  • ဆူး

    April 20, 2011 at 12:55 pm

    သဂျီးက ဝါတာကာလာ ဂိုဏ်းထောင်မလို့..
    (((စိတ်ဝင်စားသူများ သဂျီးထံသို့ လူကိုယ်တိုင် သော်လည်းကောင်း အီးမေးဖြင့်သော်လည်းကောင်း တိုက်ရိုက် စုံစမ်းမေးမြန်းနိုင်သည်။)))
    ရေထဲက ခေါင်းလောင်း အကြောင်းပြောတော့ သိပ်သဘောမတွေ့ဘူး…
    ရေစိုသွားရင် အရောင်ပြယ်မှာ စိုးလို့.. ဝင်ပြောတာပါ.. ခွင့်လွတ်ပေးလိုက်ကြပါ။

  • bigbird

    April 20, 2011 at 3:53 pm

    တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်။မြန်မြန်ဆယ်ယူနိုင်ပါစေဗျာ…

  • kai

    April 20, 2011 at 5:00 pm

    ရေထဲက ခေါင်းလောင်းကို ကုန်းပေါ်ပြန်တင်တာ… ရှိပြီးရှေးဟောင်းစေတီတွေကို ရွေဆိုင်းအထပ်ထပ်တင်နေတာထက် အများကြီးကြိုက်ပါတယ်…။

    ဒါကြီးက ..ရှေးဟောင်းပစ္စည်းဖြစ်နေပြီပဲ..။ ဆယ်လို့ရပြီးရင်.. အရောင်မတင်လိုက်ဖို့တော့ ဆန္ဒထားမိပါရဲ့..။
    ထားပါတော့…
    ပြောချင်တာက.. အဲဒါကိုပြန်ဆယ်ဖို့က မြန်မာ့နည်းမြန်မာ့ဟန်နဲ့.. ဘိုးတော်၊ဘုန်းကြီးသွားမေးနေရတာမဟုတ်..။ ကျိန်စာတွေ ကြောက်နေရတာမဟုတ်…။
    နိုင်ငံခြားက အင်ဂျင်နီယာတွေနဲ့ တိုင်ပင်ရမှာ..။ အကြံပေးတွေခေါ်ရမှာ…
    စရိတ်ကြေအောင်… ဟောလိဝုဒ်ရုပ်ရှင်အဖွဲ ့ကို ဇတ်လမ်းရောင်းစားပေါ့..။ ကြားထဲ..ပေါက်တပ်ကရ.စဉ်းစားလို့ရတဲ့ ဂမ္ဘီရတွေ.. ထူးဆန်းတာတွေ.. အံ့ဖွယ်တွေအကုန် နိုင်ငံခြားသားတွေသိအောင်… ပရိုမိုရှင်းလုပ်… သတင်းတွေလွှင့်ပေါ့..။ ရှင်မွေ ့နွမ်း မင်းနန္ဒာနဲ့ပါဇတ်လမ်းဆက်ပေးလိုက်…။
    လူစိတ်ဝင်စားလေ… ဟောလိဝုဒ်ကဇတ်လမ်းဝယ်ချင်လေပဲ..။ 🙂

    နိုင်ငံခြားသားတော့ တိုက်ရိုက်ပေးမလုပ်သင့်ပါဘူး..။ ဂွမ်တီးဂွမ်တီးက အယူအဆ.”.ရေအဆုံးကုန်းတဝက်လည်း..”မလိုပါဘူး..။
    မြန်မာသိက္ခာကျတယ်..။

    ဆိုတော့..။
    ရေထဲက… တန် ၃၀ဝလောက်တေ့ာ အသာလေး..အသာလေးစက်တွေအများကြီးပဲ..။

    Biggest sheerlegs
    Name Company Lifting capacity (in tons) Country
    Svanen Ballast Nedam 8700 ton Netherlands
    HL 5000 4536 ton Saint Vincent and the Grenadines
    kaisho IHI 4100 ton JAPAN
    Yoshida No.50 3700 ton Japan
    Musashi Fukada Salvage 3700 ton Japan
    Rambiz Scaldis 3300 tons Belgium
    Asian Hercules II Asian Lift (Smit & Keppel FELS) 3200 ton Singapore
    Fuji Fukada Salvage 3000 ton Japan
    =======================
    http://www.pwpl.com.sg/
    PW L-801 Pacific Workboats Pte Ltd 800 ton Singapore

    • ဆူး

      April 21, 2011 at 6:04 am

      သယ်နိုင်မနိုင်တဲ့ စက်တွေ တင်သွင်းဖို့.. အရင်ဆုံး ပါမစ် လျောက်ပေးပါ သဂျီး
      ကျန်တာ နောက်မှ ဆက်ပြောမယ်။

      ကြားလား ကြားလား.. ကြားရင် အကြောင်းပြန် ဒါဘဲ။

      😉 😉 😉

      • kai

        April 21, 2011 at 8:31 am

        စင်္ကာပူက မြန်မာတယောက်ယောက်ဦးစီးပြီး အဲဒီခေါင်းလောင်းဆယ်ဖို့.. လုပ်ကြမယ်ဆို ..မဖြစ်စရာအကြောင်းမရှိပါဘူး..။
        စက်ကလည်း စင်္ကာပူကပါပဲ..။
        ဝယ်ဖို့မလိုပါဘူး..။ ငှားယုံပါပဲ..။
        တကယ်က.. အခုဆောက်ပြီးတူးနေတဲ့ ကမ်းလွန်ရေနံတွင်းတွေလုပ်တော့..အဲဒါမျိုးစက်တွေအများကြီးသုံးမယ်လို့ခန့်မှန်းမိပါတယ်..။
        မြန်မာပြည်တွင်းမှတင် အများကြီးရှိလောက်တယ်..။

        ပြသနာက..
        တိုင်းပြည်ရဲ ့အရင်းအမြစ်တွေ..ငွေကြေးတွေ..လုပ်အားတွေသုံးစွဲတာမှာ.. အလဟသဖြစ်တာတွေများလွန်းလို့.. ဒီဘာသာရေးနဲ့ဆက်နွယ်နေတဲ့…ခေါင်းလောင်းကိစ္စမှာလည်း..သိနားလည်သူတွေသိပ်စိတ်မပါဘူးဖြစ်နေပုံရပါတယ်..။
        ဒါကြီးကနေ.. တိုးရစ်ဇင်ဖွံ ့ဖြိုးပြီး နိုင်ငံခြားသားတွေလာကြည့်အောင်လုပ်ပေးမဲ့.. စာတန်းမျိုးအရင်ရေးတင်.. ပြည်ပကို ထပ်ခါ ပရိုမိုးရှင်းလုပ်မှရနိုင်မယ်..။

  • တညင်သား

    April 20, 2011 at 5:16 pm

    ကိုကြောင်ကြီးပြောတာဖြစ်နိင်တယ် ငဇင်ကာ နဲ့ဘာတော်လဲတော့မသိဘူး သူကြီးကိုတိုင်ပြောတာပဲ ရေနံတင်သင်္ဘောနဲ့ မြစ်ဆုံမှာ စက်ပြင်ဆရာ အယောင်ဆောင်ပြီး ရှာနေတာလေ စက်ထဲက ဒီဇယ်လေး နဲနဲပေးပြီးတော့…. သူ့ရဲမျိုးဆက်တွေတောင် ချန်ထားခဲ့သေးတယ်ဆိုပဲ ………………..ဟဲဟဲ

  • babymay

    April 21, 2011 at 7:34 am

    ရှာနိုင်ရင်တော့ကောင်းပါတယ်။ ကမ္ဘာ့အကြီးဆုံး ကြီးဆိုတော့ ကမ္ဘာမှာမြန်မာဟေ့ ပေါ့။ ကျိန်စာတွေဘာတွေ လုပ်မနေပါနဲ့။ ကျိန်စာဆိုလည်း တစ်မျိုးသားလုံးအကျိူးရှိမဲ့ကိစ္စမို့ ခွင့်လွှတ်ပါ ဘာညာပြောပြီး တွေ့အောင်ရှာသင့်ပါတယ်။

  • ဆူး

    April 22, 2011 at 4:29 am

    တန်ချိန် ၃၀၀ဝ လောက်သာ အသတင် တွက်နေကြတာ.. ခေါင်းလောင်းထဲမှာ သဲတန်ချိန် ဘယ်လောက် ဝင်နေမလဲ အရင်သိထားသင့်တယ်။
    ရေထဲ နစ်နေတဲ့ ခေါင်းလောင်းကို ကရိန်းနဲ့ ဆွဲတင်ရင် ရေ အလေးချိန် နဲ့ သဲ အလေးချိန် ကို ပေါင်းပြီး ဆွဲနိုင်မှ ဖြစ်မယ် ထင်တယ်။
    ဥပမာ အားဖြင့် ၂ဆ တွက်မှ ရမယ် လို့ ထင်ပါတယ်။

  • kai

    April 22, 2011 at 4:41 am

    ဆူးမမ..က ဂမ္ဘီရဖြစ်အောင်.. ပရိုမိုးရှင်းတော့ စလုပ်နေပြီ..။
    ဘိုးမမ တန်ခိုးနဲ့.. သုံညတလုံးတိုးလိုက်ပါလား..။ ဒါလည်းဖြစ်တာပဲ..နယ်သာလန်ကစက်က.. တန် ၈၇၀ဝ မနိုင်တယ်တဲ့..။

    သာမန်အားဖြင့်တော့ .ရေထဲကနွံ(သဲ)ဆိုတာ … ပိုက်နဲ့စုပ်ထုတ်နေရာဖယိလို့ရပြီး.. အရာဝတ္တုတွေဟာ… ရေထဲမှာ အပြင်ထက်အများကြီးပို ့ပေါ့ပါတယ.်…။

    • ဆူး

      April 22, 2011 at 5:54 am

      လက်တွေ့ ရေထဲက အရာက ပိုပေါ့သော်ညား အစအရုန်းမှာတော့ ပေါ့မယ် မထင်ပါဘူးကွယ်။ အရွေ့ရှိပြီးမှ ဆက်တိုက် ရေရဲ့ ပင့်တင်အားနဲ့ တက်လိမ့်မယ် ထင်ပါတယ်။

      တန် ၈၇၀ဝ မ နိုင်တယ် ဆိုပေမဲ့လည်း အဲဒီ အရာကို ကိုယ်တိုင် ဝင်ဆယ်နေတဲ့ လူတွေ မဟုတ်တဲ့ အတွက် ငါပြောသလိုလုပ်.. ငါလုပ်သလို မလုပ်နဲ့ လို့ အော်နေတဲ့ လူတွေ လိုဘဲ ဖြစ်မယ် ထင်ပါတယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 22, 2011 at 4:47 am

    အဲ့သည်
    ဟောင်းလောင်းကြီးဘယ်မှာရှိတယ်သာအတိကျပြောပါ
    လိုချင်တဲ့နေရာအရောက် ဆယ်ပေးပါ့မယ်
    လူလုပ်ရင် အရုပ်တောင်ဖြစ်သေးတာ
    ဒါလေးကိုတွေးပူနေရသေးတယ်
    ဆင်ဖန်းမယ် ကျားဖန်းမယ်မလုပ်ကြပါနဲ ့ဦး
    ဆင်နဲ ့ကျားကိုအရင်ရှာပါဦး

  • unclegyi1974

    April 22, 2011 at 3:42 pm

    ပင်လယ်ဒီရေအတက်အကျနဲ့
    ပြည်သူတွေမတတ်နိုင်တာသေချာတယ်
    တတ်နို်င်သူတွေကလည်းသူတို့်အကျိုး
    ဘာမှမတို်းလို့စိတ်မဝင်စားပါဖူးတဲ့

  • မင်းပြည့်ရှိန်

    July 2, 2011 at 6:32 pm

    ယဉ်ကျေးမှု အနုလက်ရာလည်း ဖြစ်တယ်..
    အမွေအနှစ်လည်း ဖြစ်တယ်…
    ကမ္ဘာအကြီးဆုံး ခေါင်းလောင်းကြီးဆိုတဲ့ ဂုဏ်ပုဒ်လည်းရှိတယ်..
    အဲဒီခေါင်းလောင်းကြီးက အသံမမြည်ဘူးဆိုတာ့ စိတ်ဝင်စားစရာလည်း ကောင်းတယ်..
    ရေထဲမှာ နှစ်ပေါင်းများစွာ နေခဲ့တဲ့ ခေါင်းလောင်းကြီးလည်းဖြစ်တယ်…
    ကုန်းပေါ်မှာ နေလိုက် ရေထဲမှာနေလိုက်နဲ့လေ…
    ဒါကြောင့်
    ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်မယ့် ဈေးကွက်တစ်ခုလည်းဖြစ်တယ်….
    ဟုတ်တယ်..နိုင်ငံခြားသားတော့ တိုက်ရိုက်ပေး မလုပ်သင့်ဘူး….
    နိုင်ငံခြားနေ တစ်ဖြစ်လဲ မြန်မာ တစ်ဖြစ်လဲ သဂျီးကပဲ ဦးစီးပါ….
    သဘာဝဓါတ်ငွေ့ရောင်းလို့ရတဲ့ ငွေကို တောင်းပေးမယ်..
    ဆယ်ကြစို့..
    အဲဒီ ခေါင်းလောင်းကြီးသာ ဆယ်ပေးမယ်ဆိုရင်.. ရွာသားများကလည် ရှိတဲ့ ပွိုင့်တွေ အကုန်လှူကြမယ် ထင်ပါရဲ့..
    တော်နေကြာ…
    ငလျင်ကြောင့် ပျောက်သွားမှာစိုးလို့..
    သဂျီးရေ.. ဆယ်ပေးမယ်.ဟုတ်…

  • kai

    July 2, 2011 at 11:17 pm

    အဲဒီအကြောင်း.. ဂျူးစီးပွားရေးသမားပြောကြည့်တော့.. ရှေးဟောင်းပစ္စည်းကို .ရှေးဟောင်း.နေရာကရွေ ့တာထက်စာရင်… အဲဒီခေါင်းလောင်းမြုပ်နေတဲ့နေရာမှာပဲ…ရေပေါ် ပြတိုက်ဆောက်ပြီး… လူတွေကို ရေအောက်က ကမ္ဘာ့အကြီးဆုံးခေါင်းလောင်ဆိုတာကြီး.တခါကြည့် ဘယ်လောက်ဆိုပြီး.ပြဖို့ကောင်းတယ်တဲ့..။
    ဒီခေတ်တိုးရစ်တွေက..အဲဒါမျိုးမှ ပိုစိတ်ဝင်စား ဆိုပဲ..။ 🙂

    • bigcat

      July 3, 2011 at 2:09 am

      မရဘူး သဂျီးရေ။ ခေါင်းလောင်းကြီးက မိချောင်းနက္ခတ်ကုန်လို့ အချိန်တန်ရင် ရေပေါ်ပြန်တက်လာမှာ။ အဲဒီအချိန်ကျမှ မယုံတဲ့သဂျီးကို ဆယ်ပေါင်တူပေးပြီး ခေါင်းလောင်းကြီး အသံမထွက်မချင်း ထုခိုင်းမယ်။ အခုထဲက ဝိတ်မလေ့ကျင့်ထားဗျို့….

  • phyo1980

    July 3, 2011 at 6:50 am

    ဒါများလွယ်လွယ်လေး တို့ရွာသားတွေ စုပြီး ငါးမျှားတံ နဲ့ခေါင်းလောင်းချိတ်ကို ချိတ်ပြီးဆွဲတင်လိုက်ရုံဘဲ။ 😛

Leave a Reply