တံတားပျက်လေးတစ်စင်းရယ် အထီးကျန်နေတဲ့သစ်ပင်လေးရယ်


တက်သိမ်းအင်းလို့အရင်ကခေါ် အခုတော့မန်းလေးကန်တော်ကြီးလို့ ပြောင်းလဲခေါ်တဲ့ကန်ကြီးက သုံးပိုင်းရှိပါတယ်။
လမ်းမကြီးရဲ့တောင်ဘက်ခြမ်းက ရေပြင်ကျယ်ကြီးတစ်ခု။
လမ်းမကြီးရဲ့အနောက်မြောက်ဘက်ခြမ်းမှာ ရေပြင် မကျယ်တကျယ့် ကတစ်ခု။
အခုပုံထဲမှာပါတဲ့ ကန်လေးကတော့ အရှေ့တောင်ဘက်ခြမ်းပေါ့။
ဒီတံတားပျက်လေးက အစကတော့ ကြမ်းကျုးိတို့ကျဲတဲနဲ့ကူးလို့ အသုံးပြုလို့ရပါသေးတယ်။
နောက်တော့ တံတားပျက်က အဆံကို ထင်းလုပ်ဖို့ ချုးိသွားကြတဲ့အခါမှာတော့ ငုတ်တိုင်တွေသာ ကျန်တော့ တဲ့ တံတားအိုလေးပေါ့။
သူ့ကု အသုံးပြုလို့ရအောင် ပြန်လည်ပြင်ဆင်ပေးမယ့် သူကိုမျှော်နေရှာပါတယ်။
အရင်က ဒီနေရာလေးက ရေအပြည့်ရှိတဲ့နေရာလေးပါ။
ဒီနှစ်မှာတော့ ကန်တော်ကြီးကို ပြန်ပြီး နက်အောင်တူးမယ်ဆိုတော့ ရေထပ်မသွင်းပါဘူး။
သစ်ပင်လေးက တော့ အရင်က ရေလည်ကျွန်းလေးလိုဖြစ်နေပါတယ်။
အခုတော့ ကန်အလည်မှာ အထီးတည်းရပ်နေတဲ့ သစ်ပင်လေးပေါ့။
ဒီပုံလေးက လှလို့တင်ပေးတာ မဟုတ်ပါဘူး။
ရင်ထဲမှာခံစားမှု့တစ်ခုခု ကျန်မလားလို့ ……………………………….

6 comments

  • manawphyulay

    April 21, 2011 at 2:53 am

    ပုံလေးကို ကြည့်ရတာ ဘယ်သူ့ကို လွမ်းလို့ လွမ်းရမှန်းမသိအောင် လွမ်းသွားမိတယ်။ ဪ ဒါနဲ့ စစ်ကိုင်းကောင်းမှုတော်က ထုံးဖြူသင်္ကန်းမဟုတ်တော့ပဲ ရွှေသင်္ကန်းကပ်ထားတဲ့ ဘုရားပုံကိုလည်း မြင်ဖူးချင်ပါတယ်လေးလေး

  • kopauk mandalay

    April 21, 2011 at 6:04 am

    စစ်ကိုင်း ကောင်းမူ့တော့ ရွှေရောင်နဲ့ပုံတင်ပြေုးပီးသားဗျာ။
    ကျွန်တော် ကို ဓါတ်ပုံတစ်ပုံကို အမှတ်80ယူတယ်ပြောတာရယ် တစ်နေရာထဲကပုံတွေကို အများကြီး အများကြီး ထပ်တင်နေတယ်လို့ လာပြောတာနဲ့ အကုန်ဖျက်လိုက်တာ ကြည့်ချင်တော့ပြန်တင်ပေးပါမယ်။

    • kai

      April 21, 2011 at 10:02 am

      ပြန်တင်ပါနော…။
      အဖြူကနေ ရွေရောင်ပြောင်းသွားတာ… နှမြောစိတ်နဲ့ကြည့်ချင်လို့..။

  • ဆူး

    April 21, 2011 at 6:30 am

    ရေတွေ ကြည်ရဲ့လား အရောင်က အလင်းအမှောင် ကြောင့်လားတော့ မသိဘူး.. ဘွက်ထ နေသလိုဘဲ

  • char too lan

    April 21, 2011 at 10:21 am

    နှမျောသွားတယ် ဗျာ…………… 🙁

  • kopauk mandalay

    April 21, 2011 at 4:18 pm

    ဆူးမမ ရေ
    ရေတွေကတော့ ရေသေမို့ မကြည်ဘူးနောက်ပါတယ်။
    ရေများတဲ့အချိန်မှာဆိုရင်တော့ ကလေးတွေရေထဲဆင်းဆော့သလို လူကြီးတွေလဲရေဆင်းချိုးကြတာပါဘဲ။
    ရေဆိုတာ တကယ်လိုအပ်လာရင်ကြည်လားနောက်လားကို မစဉ်းစားနိုင်တော့တာ ထုံးစံပါဘဲ။
    လူဆိုတာ ရွေးချယ်ခွင့်ရှိရင်သာရွေးတာလေ ရွေးစရာမရှိတော့လဲ ရတာကိုဘဲလက်ခံကြရတာပါဘဲနော်။

Leave a Reply