တောင်ကိုရီးယားသင်္ကြန်(၃)

တညင္သားApril 20, 20111min17112

 ၂၀၁၁ ဧပြီလ ၁ရ (တနင်္ဂနွေ) နေ့ မှာ ကိုရီးယာနိင်ငံ  ဘူးချွန်းမြို့တော် ပြည်သူ့အားကစားကွင်းမှာ မြန်မာ့ရိုးရာ နှစ်ကူးအတာသင်္ကြန် ကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ် ..မြန်မာအသင်း(ကိုရီးယား)ရဲ့ ဦးဆောင်မူ့ဖြင့် မြန်မာနိုင်ငံသားများနှင့်တကွ သင်္ကြန်ကို စိတ်ဝင်စားသော ကိုရီးယားနိုင်ငံသားတချို့ တပျော်တပါး  ပါဝင်ဆင်နွဲခဲ့ပါတယ်..လူဦးရေ (၁၀၀၀)နီးပါးခန့် လာရောက်ကြပြီး အကျွေးအမွေး အနေဖြင့် ညီအကို၊ သူငယ်ချင်း၊ အသင်း၊ အဖွဲ့ (၂၀) ကျော်  မုန့်မျိုးစုံ ။ထမင်း ၊ အချိုရည် စသည်ဖြင့် စတုဒီသာကျွေးမွေးဧည့်ခံကြပါတယ်.. ဖျော်ဖြေရေးကိုတော့ ရိန်ဘိုး တေးဂီတ ၊ မျိုးချစ်မောင် ဒိုးဝိုင်း ၊ ကိုရီးယား (လူ့အခွင့်ရေးနဲ့ ဖွင့်ဖြိုးရေး)ကျောင်းမှ ကျောင်းသာ၊ကျောင်းသူများလာရောက်ဖျော်ဖြေပေးခဲ့ကြပါတယ်…စတုဒီသာကျွေးမဏ္ဍပ်များ

12 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 20, 2011 at 7:48 pm

    အထင်ကိုပြောတာနော
    ရေကစားတဲ့သူအများစုက
    အင်္ကျ ီလက်ရှည်တွေနဲ ့

  • တညင်သား

    April 21, 2011 at 12:45 am

    ချမ်းတယ်လေ အဘပုရဲ့ ရာသီဥတုကနဲနဲအေးတယ်..တချို့ဆို အနွေးထည်တောင်ပါသေး..

  • MaMa

    April 21, 2011 at 1:00 am

    မြန်မာသင်္ကြန်ကို ကိုရီးယားမှာ ချမ်းချမ်းစီးစီးနဲ့ ပျော်ပျော်ရွှင်ရွှင် ကျင်းပခဲ့ရမှာပေါ့ နော်။

  • ဆူး

    April 21, 2011 at 6:09 am

    ဒီမှာက အိုက်လို့ ရေလောင်းကြတာ ဆိုတော့.. ချမ်းတယ်ဆိုတော့.. သင်္ကြန်ကို အချိန်ပြောင်း လုပ်သင့်တယ်လို့ထင်တယ်။

    • kai

      April 21, 2011 at 8:20 am

      နယူးယောက်မှာ သင်္ကြန်ကို ဂျုလိုင်ဩဂုတ်လောက်မှလုပ်တယ်..။
      အဲဒီအချိန်မှ ပူတာကိုး..။

      အယ်လ်အေမှာလည်း အပူကြီးတော့မဟုတ်ပေမဲ့.. အတင်းကို သင်္ကြန်ပွဲကို သင်္ကြန်တွင်း..ဒါမှမဟုတ်အတာသင်္ကြန်နဲ့အနီးဆုံးမှာလုပ်ပါတယ်..။
      တကယ်တော့ ..သင်္ကြန်ပွဲဟာ မြန်မာတွေရဲ့ အသဲနှလုံးထဲရှိနေတာမို ့.. မြန်မာပြည်ရဲ့သင်္ကြန်တွင်းမှာ..လုပ်ကြတယ်ဆို ပိုလို့.. စိတ်လှုပ်ရှားမိတာပါပဲ..။
      အဲဒီအရသာက…တော်တော်မှန်းရပြောရခက်ပါတယ်..

      တကယ်တော့ ..သင်္ကြန်ဆိုတာ.. ဟိန္ဒူအယူကလာတာမို ့… တနှစ်မှာ သင်္ကြန်တွေအများကြီးရှိတာပါပဲ..။
      အတာသင်္ကြန်ကတေ့ာ … နှစ်ကူးသင်္ကြန်ပေါ့လေ..။

  • juttue.gyi

    April 21, 2011 at 10:46 am

    ဟုတ်တယ်နော် ကျတော်တို့ဆီလောက် ပျော်စရာကောင်းလောက်မှာမဟုတ်ဘူး

  • MaMa

    April 21, 2011 at 1:34 pm

    မြန်မာသင်္ကြန်ချိန်မှာ လုပ်မှ သင်္ကြန်ပိုးတွေ အပြည့်အဝ ရမှာပေါ့ နော်။

  • moethidasoe

    April 22, 2011 at 4:33 am

    သံချပ် ထိုးမရ စင်တင်ပြဇာတ် ပြမရ ဟစ်ဟော့တွေသာ အော်နေတဲ့ သင်္ကြန်က သင်္ကြန်အစစ်အမှန် မဟုတ်ပါ

  • nigimi77

    April 22, 2011 at 5:42 am

    တညင်သား က ကကြီးမှာ နေတာလား

  • တညင်သား

    April 23, 2011 at 3:02 am

    ခင်းဗျားကို ကျုပ်ကမေးရမှာ.. ကကြီးမှာနေတာလား.. ဘာသာပြန်တွေ ရေးတာတွေ့လို့

  • nigimi77

    April 23, 2011 at 3:59 am

    ဗမာပြည်မှာ နေတာပါဗျ။ အခု ။

  • မမလေး

    April 25, 2011 at 11:53 am

    တစ်ခြားနိုင်ငံတွေမှာလည်း သင်္ကြန်လုပ်တယ်နော် … ဓလေ့မတူတော့ မလုပ်ဖုူးထင်နေတာ … အဝေးရောက်မြန်မာတွေ ရန်ကုန်ပြန် ကဲစရာ မလိုတော့ဘူးပေါ့နော့် …

Leave a Reply