စဉ်းစားရကျပ်နေလို့

alien on the planet earthApril 22, 20111min22418

ငါနဲ့ညားတဲ့သူများရည်းစား Ves သူများနဲ့ညားတဲ့ငါ့ရည်းစား
ဘယ်ဟာကပိုနစ်နာစေပါသလဲ ?????
ရိုးရိုးတန်းတန်းမဟုတ်ပါဘဲ
နှိက်နှိက်ချွတ်ချွတ်စဉ်းစားပါကုန်…
သူများနဲ့ညားတဲ့ငါ့ရည်းစား ကမှတော်သေးသည်ထင်ပါ့ !
😀 😀 😀

 

အင်း…စဉ်းစားမိတာတင်ကြည့်တာပါ. Comment တွေကိုကျေးဇူးပါ…

အခုလတ်တလောဖြစ်ပျက်နေကြတဲ့ လူငယ်တွေ ဇတ်လမ်းတွေကြား…ကြားနေရတာနဲ့ ကိုယ်သာဆိုရင်ရောဆိုတဲ့အတွေးနဲ့ ကျပ်လိုက်တာ..

တချို့တွေကြတော့ဘောင်းဘီတစ်ထည်အဌားလှည့်သလိုဘဲ ကိုယ့်သူငယ်ချင်းနဲ့ကြိုက်..ကိုယ်နဲ့ကြိုက်..မိန်းခလေးကလဲရက်ရော..ယောက်ကျားလေးကလဲမနှမျော….ကဲ….

18 comments

  • bigcat

    April 22, 2011 at 4:29 am

    တချို့ကပြောတယ်။ လူတိုင်း ကိုယ့်ထက်လည်တယ်လို့ တွက်ပြီးထားနိုင်ရင် ရှုံးနိုင်ကိန်းနဲတယ်တဲ့။ အဲဒီလိုဆိုရင်တော့ အဖြေကတမျိုးဖြစ်မယ်ဗျို့….

  • ဆူး

    April 22, 2011 at 5:53 am

    အနစ်နာ သက်သာ စေချင်ရင်တော့ ကတုံးရိတ်ပြီး ဘုန်းကြီးအပြီးဝတ်ပြီး တောအရပ်မှာ တပါးတည်းသာ သီတင်းသုံးနေလိုက်ပါ။
    နစ်နာတယ် ဆိုတာ မရှိတော့ဘူး။
    သူများ အကျလည်း ကို်ယ်မရ..
    ကိုယ့်အကျကိုမှ သူများ လိုချင်လည်း ယူပေါ့…

  • cobra

    April 22, 2011 at 7:34 am

    ဟုတ်တော့ဟုတ်တယ်နော်….
    သူများနဲ့ညားတဲ ့ငါ့ရည်းစားကတော်သေးတယ်
    ငါနဲ့ညားတဲ့သူများရည်းစားဆိုရင်တော့သိပ်မကောင်းဘူး….
    ဒီခတ်ကောင်လေးတွေကလက်ကအရမ်းဆော့ကြတာအမလေးမတွေးတော့ဘူး…။

  • antimoe

    April 22, 2011 at 8:07 am

    သင်လုပ်သလို..လုပ်ခဲ့တဲ့ သူ…ကလည်း..
    အခု..သင်တွေးသလို…တွေးနေရောပေါ့။

  • KoNyeinChan

    April 22, 2011 at 10:03 am

    မှန်လိုက်လေ antimoe ရေ.. ဒါကြောင့် လက်မထောင်ပေးလိုက်တယ်…
    Post တင်သူကတော့ Negative Thinking အနေနဲ ့တင်လိုက်တယ်လို ့ထင်ပါတယ်(အပျော်သဘောမျိုးလည်းဖြစ်ချင်ဖြစ်မှာပေါ့လေ)
    Positive Thinking အနေနဲ ့ပြောရရင်……..
    ပန်းတစ်ပွင့်လိုပေါ…့ ကိုယ်တယုတယပြုစုခဲ့ရင် ရသွားတဲ့တခြားသူအတွက်ရော ကိုယ့်ချစ်သူအတွက်ပါကောင်းပါတယ်
    ကိုယ်ခြွေမွထားပြီးရင် တခြားလူတော့ ပိုက်ဘောမိတာဘဲ..
    တရားဝင်ပိုင်ဆိုင်ခွင့်မရသေးခင် စည်းမကျော်မိခြင်းဟာ နှစ်ဦးနှစ်ဖက်လုံးအတွက်အကောင်းဆုံးပါ…

  • Shwe Tike Soe

    April 22, 2011 at 10:15 am

    အင်း ကိုယ်မြတ်နိုး ရင် သူများ စွန်ပြစ်လိုက်တဲ့ အမှိုက်တောင် တန်ဖိုးရှိပါတယ်ဗျာ….

  • chancellor

    April 22, 2011 at 11:56 am

    က ကြီးကို လေးဖက်ဝိုင်းကြည့်တယ်ပေါ့ဗျာ

  • nature

    April 22, 2011 at 1:53 pm

    တကယ့်ကိုနှစ်နှစ်ကာကာချစ်တာလား၊ အပျော်တွဲသလားဆိုတာအရင်ဆုံးမေးဘို့လိုမယ်ထင်ပါတယ်၊ အဲဒီအပေါ်မူတည်ပြီး အဖြေကွာသွားပါလိမ့်မယ်။

  • တန်ဖိုးဆိုတာ ထားတတ်တဲ့လူရဲ့လက်ထဲမှာပဲ တန်ဖိုးရှိပါတယ်
    တန်ဖိုးမထားတတ်တဲ့သူရဲ့လက်ထဲမှာတော့ ဘယ်အရာမှ တန်ဖိုးမရှိတတ်ပါဘူး
    အကြွေပန်းကို ကောက်ယူပြီး တယုတယနမ်းရှိုက်နေကြတဲ့သူတွေ မမြင်ဘူးကြလေရော့သလား။ ။

  • bigbird

    April 22, 2011 at 2:23 pm

    ဒီကိစ္စမှာ အရေးပါတယ်လို့တွက်ထားသူတွေအတွက် စဉ်းစားတွေးပူစရာဖြစ်ပေမယ့်
    အရေးမပါဘူးလို့မြင်ထားတဲ့သူများအတွက်တော့ တွေးပူစရာမရှိပါဘူး။
    ဦးဏှောက်စားစရာမလိုဘူးပေါ့။
    ငါ့ရည်းစားသူများနဲ့ညားလဲ ငါ့အတွက်ကြောင့်နဲ့သူများအိမ်ထောင်ရေးအနှောင့်အယှက်မဖြစ်သင့်ဘူး။
    သူများရည်းစားငါနဲ့ညားလဲ ဒီကိစ္စအတွက်နဲ့ မိမိရဲ့အိမ်ထောင်ရေးမှာ ဆူးခလုပ်မဖြစ်သင့်ဘူး။ နှစ်မျိုးစလုံးမှာ ဦးဏှောက်ထဲမထည့်ပဲ မသိသလိုနေပြီး ဘဝကိုရှေ့ဆက်တာအကောင်းဆုံးပါပဲ။ လူ့ဘဝကတိုတိုလေးရယ်…လုပ်စရာတွေအများကြီးရှိသေးတယ်…လုပ်သင့်တာတွေအများကြီးရှိပါသေးတယ်…

  • unclegyi1974

    April 22, 2011 at 3:27 pm

    ညားတယ်ဆိုကတည်းကယောကျာ်နဲ့မိန်းမ
    တအိုးတအိမ်ထူထောင်ကြတာပေါ့နော်
    ဘယ်သူ့ရီးစားနဲ့ဘယ်သူပဲညားညား
    ယူပြီးမှတဦးနဲ့တဦးမေတ္တာမပျက်ကြေး
    သစ္စာရှိနိုင်ကြဖို့ နားလည်နိုင်ကြဖို့ကအရေးကြီးတယ်
    ထင်ပါတယ်
    ဒါဆိုရင်ဘယ်သူ့ရီးစားပဲဖြစ်ဖြစ်အရေးမကြီးတော့
    ဖူးလို့ထင်ပါတယ်

  • kopauk mandalay

    April 22, 2011 at 4:03 pm

    ဒီဟာလေးကိုဖြေပေးဘို့ ကိုပေါက် နက်နက်နဲနဲစဉ်းစားပါတယ်။

    ့ ငါ့ရီးစား သူများနဲ့ညားတာက ကိုယ့်ရဲ့အဟောင်းကြီးကို သူများကို ပေးလိုက်တာ။
    သူများရီးစား ငါနဲ့ညားတာက သူများရဲ့ အဟောင်းကြီးကို ကိုယ်ယူလိုက်ရတာ။
    ကဲ ဘယ်ဟာက နစ်နာသလဲဆိုတာ ကိုယ့်ဘာသာကိုယ်စဉ်းစား ပြီးရင် တော့
    ဘယ်ဟာကြိုက်လဲ ကိုယ့်ဘာသာကိုယ်ပြန်တွေးပြီးရွေးပေတော့နော်……………………..

  • zoe

    April 23, 2011 at 3:33 am

    AOTPE Thorn Birds ဝတ်ထု ဖတ်ဖူးလား ။?? AOTPE ပြောတာ ဒီဇတ်လမ်း လား ။ 🙂 🙂

  • monmon

    April 23, 2011 at 6:50 am

    ကိုယ့်တန်ဖိုးကို ကိုယ်ကပဲ မြှင့်တင်ထိန်းသိမ်းရတာပါ… တကယ့် ကာယကံရှင်ကတောင် သူ့တန်ဖိုး သူမထိန်းရင် တစ်ခြားသူကလည်း ဘယ်လိုတန်ဖိုးထားမလဲ…

  • နှစ်ခုစလုံး မကောင်းပါဘူးဗျာ။ အချစ်မပါတဲ့ အိမ်ထောင်ရေး သံယောဇဉ်နဲ့မြဲနိုင် ပေမယ့် ဆားခပ်ပေါ့ပေါ့ဟင်းလို ဖြစ်နေမှာပေါ့။ ကိုယ်ချစ်တဲ့လူနဲ့ ရတာ အကောင်းဆုံးပါပဲ။ လူ့ဘဝရဲ့ တန်ဖိုးကြီးတဲ့ အချစ်ဆိုတာကို ဘာအတွက်ကြောင့် များ လက်လွတ်ခံကြရမှာလဲ။ ကိုယ့်ရည်းစား သူများရ၊ သူများ ရည်းစား ကိုယ်ရ – ဘယ်မှာလဲ အချစ်။ ဘယ်မှာလဲ မြတ်နိုးတန်ဖိုးထားရမှု။

  • bigbird

    April 23, 2011 at 3:41 pm

    အခုခောတ်အချစ်က တစ်ယောက်ထဲကိုပုံအောပြီးချစ်တာမျိုးမဟုတ်တော့ဘူးဗျို့
    တစ်ချိန်ထဲမှာ ငါးယောက်လောက်ကို မျှဝေပြီးချစ်တာဗျ…
    မယုံရင်..တစ်ချိန်ထဲမှာ ရည်းစားငါးယောက်ထားဖူးတဲ့ ရွာထဲက ရွာသူတစ်ချို့ကိုမေးကြည့်…(ကိုငှက်ကြီးကို ရန်မတွေ့ရ)

  • niyezaw

    April 24, 2011 at 2:32 am

    ကျွန်တော်ကြားဖူးတဲ့စကားတစ်ခုလိုပေါ့။
    စာအုပ်တစ်အုပ်ဟာ ဘယ်လောက်ပဲဟောင်းနေပါစေ မဖတ်ရသေးသူအတွက်တော့ အသစ်ပါပဲတဲ့။

    ဒီကိစ္စမှာလည်း နှစ်ဖက်စလုံးအတွက် စာအုပ်အဟောင်းတွေရပေမယ့်လည်း သူမဖတ်ရသေးတော့ အသစ်ပဲပေါ့။

Leave a Reply