Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ပျားဘုရင်မ ကျိန်စာ

ဆူးApril 22, 20111min43615

ပျားလေး ဖိုးတုတ်တို့ မိသားစု အိမ်ပြောင်းဖို့ လိုနေပြီ။

ဖိုးတုတ် မိခင်က သားတို့ရေ.. အမေတို့ ဒီအရပ်ကနေ ခွာပြီး တခြား တနေရာမှာ အခြေချပြီးနေနိုင်အောင် လုပ်ပါအုန်း။ သားတို့ အဖွဲ့ နေရာသစ် တခုကို ရှာပြီး လာပြောပါအုန်း။ ပြီးရင် ဒီကနေ ထွက်ခွာပြီး ပြောင်းနေကြရမယ်။ မိခင်ပျားမကြီးရဲ့ စကားကို မြေဝယ်ကျ နားထောင်တဲ့ ပျားကလေး ဖိုးတုတ်ကတော့ အိမ်ကနေ ထွက် အစာရှာထွက်ရင်း အိမ်ပြောင်းရွှေ့နိုင်ရန် နေရာလိုက်ကြည့်ခဲ့တယ်။
ပန်းခြံ တခုက ပန်းခင်းထဲမှာ ပန်းဝတ်ရည်များ စားသုံးပြီး အနားမှာ ရေကန်လည်းတွေ့တော့ ဒီလိုနေရာမှာ နေမယ်ဆိုရင်တော့ စားဖို့ ပူစရာ မလိုဘူး ဟု ဆုံးဖြတ်ချက်ချပြီး အိမ်ဆောက်ဖို့ နေရာလိုက်ကြည့်တဲ့ အခါ အိမ်ပုပုလေး တခုတွေ့တယ်။ တိုက်ကြီးတာကြီးတွေမှာလို တွယ်ကပ် ဆောက်ဖို့ နေရာ မခက်ခဲပါဘူး။ ဒီလိုနဲ့ ပျားဖိုးတုတ်ရဲ့ ဦးဆောင်မှုနဲ့ အိမ်ယာ အသစ် တည်ဆောက်ဖို့ အလုပ်တွေ ပိုလုပ်ကြတယ် နေ့ကော ညကော မနားမနေ အလုပ်တွေ အရမ်းကြိုးစားပြီး အိမ်ယာ အသစ် တည်ဆောက်ကြတယ်။
ဖိုးတုတ်တို့ အဖွဲ့ ကြိုးစားပြီး အိမ်တခုဖြစ်အောင် လုပ်ပြီး မိခင်ကြီးကို ခေါ်ဆောင်လာခဲ့တယ်။ မိခင်ကြီး ဥတွေ ဥဖို့ အတွက် အခံခွက်တွေ တည်ဆောက် ကလေးငယ်များ စားသုံးဖို့ နို့နဲ့ အဟာရ တွေ စုဆောင်းပြီး အိမ်ထဲမှာ သိမ်းဆည်းပြီး အနေသား မကျတကျမှာ.. ရုတ်တရက် အိမ်ထဲ ရေတွေ ဝင်လာပါတယ်။ ကလေးတွေ နဲ့ အမေကြီး လန့်သွားရှာတယ်။ မိခင်ကြီးက ကလေးတွေကို အုပ်မိုးပြီး အိမ်ထဲမှာ ကာကွယ်ပေးပြီး ပျားကလေး ဖိုးတုတ်တို့တော့ ရန်သူကို ထွက်ရှာကြတယ်။

ဒါပေမဲ့ မျက်စိမှောက်လို့လား မသိဘူး.. မတွေ့ပါဘူး။ စိတ်မကောင်း ဖြစ်ဖြစ်နဲ့ အိမ်ထဲမှာ မိသားစုတွေ အကြောက်မပိုအောင် အားပေးပြီး ပုံမှန် အတိုင်း နေထိုင်ကြတယ်။ မိသားစုတွေ ပျော်ပျော်ရွင်ရွင် နေထိုင်ကြရင်း နေ့ရက်တွေ ဆက်လက် ဖြတ်သန်းရင်းနဲ့.. မိခင်ကြီးရဲ့ ဩဝါဒ အရ ဒီပတ်ဝန်းကျင်မှာ ရှိတဲ့ မောင်မင်းကြီးသားတွေ စီးပွားဥစ္စာတွေ ကြီးပွားတိုးတက်ကြပါစေ။ စိတ်ချမ်းသာ ကိုယ်ချမ်းသာ ရှိကြပါစေလို့ မေတ္တာပို့ပြီး နေထိုင်ကြပါတယ်။
တနေ့ ဖိုးတုတ် တို့ အစာရှာထွက်ခိုက်မှာတော့.. အရင်တခေါက်က အိမ်ထဲ ဝင်လာတဲ့ ရေတွေနဲ့ မတူတဲ့ ပြစ်ချွဲချွဲ အရည်တွေ ဝင်လာပါတယ်။ ကလေးတွေ မျက်စိစပ်လို့ အော်ငိုကြတယ်။ မိခင်ကြီး တယောက်တည်း ဘာမှ လည်း မလုပ်ပေးတတ်ဘူး။ ကိုယ်တိုင်လည်း မျက်စိတွေ စပ် အသားတွေ စပ်နေတယ် လှုပ်ရှားမှု မလွယ်ကူစေအောင် ချွဲပစ်ပစ် အရည်များက ဆွဲဆောင်ထားတယ်။ လှုပ်လည်း မလှုပ်နိုင်တော့ဘူး။ ဖိုးတုတ် တပည့် က ထိုဖြစ်ရပ်ကို မြင်သွားပြီး ချက်ချင်း သတင်းပို့ပါတယ်။ သတင်းရရချင်း ရန်သူကို လိုက်ရှာပေမဲ့ တရားခံ မတွေ့ဖြစ်နေပါတယ်။ စိတ်မကောင်းလည်း ဖြစ်မိတယ်။ ကလဲ့စား လည်း မချေပေးနိုင်ဘူး ကလေးတွေ နဲ့ မိခင်ကြီး နာကျင်စွာ ခံစားနေရတယ် စိတ်မကောင်းကြီးစွာနဲ့.. ဒီအိမ်ကို ထားပြီး တခြား တပါးမှာ ပြောင်းနေဖို့ စိတ်ဆုံးဖြတ်လိုက်ပါတယ်။ အိမ်ယာ အသစ် တည်ထောင်ပြီး နေထိုင်ဖို့ လုပ်ရပါတော့မယ်။ ပထမ တကြိမ် အိမ်ယာထူထောင်ဖို့ အတွက် အတော်လေး စိတ်ရော ကိုယ်ရော ပင်ပန်းအောင် လုပ်ဆောင်ခဲ့ပြီး အခုမှ အနားရမယ် ကြံသေးတယ် နောက်တကြိမ် အိမ်ယာ ထူထောင်ဖို့ ကြိုးစားရုန်ကန်ဖို့ လုပ်ရပါတော့တယ်။
အိမ်မှာနေတဲ့ ဖိုးတုတ် မိခင်ကြီးက တရားခံ ကို သိသွားပါတယ်။ အိမ်ထဲမှာ ကလေးတွေ ထိန်းနေရင်းနဲ့ အိမ်ကို နိပ်စက်ပြီး အိမ်ထဲက ကလေးတွေ နဲ့ တခြားသော ပျားတွေအောင် သေစေအောင် လုပ်တဲ့ တရားခံ ကို သိသွားပါပြီ။ ဒီလုပ်ကြံမှုကို မတုန့်ပြန်နိုင်ပေမဲ့ ရင်ထဲမှာ စူးနင့်နေအောင် ခံစားခဲ့ရတဲ့ ရိုက်ချက်တွေ အတွက်တော့ ကျိန်စာ တိုက်ခဲပါတယ်။ သေသွားတဲ့ပျား အားလုံးကို သက်သေတည်ပြီး ကျိန်ဆိုခဲ့ပါတယ်။ ငါတို့ မိသားစု ခက်ခဲပင်ပန်းစွာ တည်ဆောက်ထားတဲ့ အိမ်ကလေး ဒင်းလက်ချက်ကြောင့် သေကြေ ဒဏ်ရာတွေ ရပြီး ပူဆွေး သောကတွေ ရခဲ့ရတယ်။

ကားဆိုတဲ့ အရာလည်းတိုက် ဆီပူလောင်လို့ နာကျင်ပါစေသား ဆိုပြီး ကျိန်စာ ရွတ်ဆိုခဲ့ပါတယ်။ ကျိန်စာ ရွတ်ဆိုပြီး မကြာခင်မှာတော့ ဖိုးတုတ် အပါအဝင် မိသားစု အားလုံး အသက်ရှုရခက်ခဲပြီး အတောင်တွေ မခတ်နိုင်ကြတော့ဘဲ သေပွဲ ဝင်ရတဲ့ ဘဝကို ရောက်ရပါတော့တယ်။
ဘာကြောင့်လည်း ဆိုတော့………….. ဆက်လက်သာ ဖတ်ရှုပြီး အဆင်ပြေသလိုသာ နားလည်လိုက်ကြပါကွယ်။

kai said: On April 7, 2011

ပြောရရင်..ကျုပ်နေတဲ့အိမ်တွေ တော်တော်များများ ပျားအိမ်အစွဲခံရဖူးတယ်.။
ရေနဲ့ဖြန်း…မရ..။
ဆပ်ပြာရေပက်မရ..နဲ့..။ အပြင်းစား ပိုးသတ်ဆေးနဲ့ ချမှ သေကြလေသတည်းပဲ..။

မချလို့လည်း မရဘူးလေ..။ တော်ကြာ လမ်းဘေးလမ်းလျှောက်တဲ့သူတွေ သွားတုတ်တာတို့.. ဒုက္ခပေးတာတို့လုပ်မှ ..ကိုယ်ပါရော.. အပြောခံနေရမယ်..။
ကိုယ့်ပရောပါးတီး ထဲကအကောင်တွေမို ့.. ကိုယ်ကတာဝန်ရှိတာပေါ့…။
တချို ့ဆို … ဆိုင်ရာ ပိုးမွှားနှိမ်နင်းရေးဖုံးဆက် သတ်ခိုင်းတာပဲ..။
ပျားအိမ်စွဲရင်… ထီပေါက်မပေါက်တော့ မသိ… ငွေကုန်မှာတော့..သေချာတယ်..။ 🙂

( ပျားအုံစွဲချင်ရင်.. လုပ်နည်းတွေရှိပါတယ်..။ ပျားမွေးတဲ့သူတွေ ပိုသိမှာပေါ့..။ အသေးစိတ်သိချင်ရင် အောက်ကလင့်မှာ ဖတ်ပါ..
http://www.beesource.com/how-to-start-beekeeping/

ရှေးပဝေဏသီခေတ်ကလို ..ပျားအကြောင်းနားမလည်.. ပျားမမွေးတတ်သူတွေခေတ်က တော့ ..ပျားစွဲရင်..ဘာညာပြောကြမှာပေါ..။ မသိတာကိုး…)

kai said: On December 11, 2010

စိတ်ပိန်နေတာ… နည်းနည်းစိတ်ဖေါင်းသွားတယ်…။
ကျေးဇူးပဲနော…။

တကယ်က … ကားက ဘယ်နှထောင်လဲမသိ ..လျှော်ရမှာ…။ ဘယ်ကားကိုလည်းဆိုတော့ ..ကိုယ့်ကားကိုယ်ပြန်လျှော်ရတာပေါ့..။
ရှေ့ကားကို ..လျှော်ရလှ ၃-၄ရာပဲ..။ သူက ..လယ်ပင်းနာတယ်ဆိုပြီး ဆေးခန်းမပြေးရင်ပေါ့လေ..။
ဆေးခန်းပြေးရင်တော့ … စုစုပေါင်း..ပေးရမှာက… ၃-၄ထောင်ဖြစ်သွားတတ်ပါတယ်..။
ကိုယ့်ကားကိုယ်ပြင်စရိတ်က .. ၃-၄ထောင်ရှိနိုင်ပါတယ်..။
ဒါကို … အာမခံပေါ်လစီမှာ ..၁ထောင်အထိစိုက်မယ်လုပ်ထားတော့ ..၁ထောင်ကိုယ်ကပေးရတာဖြစ်ပါတယ်..။
အဲဒီ၁ထောင်က ..ဟိုဖက်ကကိုယ့်ဝင်တိုက်တဲ့သူသိရင် ..ပြန်ရတဲ့ ငွေပါ..။
အခု..မသိလိုက်တော့ ..မရဘူးပေါ့လေ..။
ဆိုတော့..
အခု..ကားအက်စ်စိဒန့်မှာ.. လည်ပတ်ငွေက ..သောင်းဂဏန်း အသာလေးကျော်မဲ့ပုံပါခင်ဗျ…။
( ယူအက်စ်၊ကယ်လီဖိုးနီးယားကားအာမခံစံနစ်ကို … ရှင်းပြချင်တာ..ရှင်းမှရှုပ်ကုန်ကြသလားတော့မသိ..
ဘာပဲဖြစ်ဖြစ်… ဒီလအကြွေးတွေတင်ကုန်မှာမို ့… နှစ်ကူးလက်ဆောင်.. ရွာသားတွေကို ဖြတ်တယ်..) 🙂

https://myanmargazette.net/36179/creative-writing/drama-essays-humor-memoirs-novel-excerpts-short-stories

kai said: On April 18, 2011

တချို ့ကရေဆေးပြီးမှ ..ကြော်တဲ့..။
တချို ့က.. ရေမဆေးပဲကြော်တဲ့..။
၂မျိုးလုံးလုပ်လိုက်တာ.. ရေဆေးတဲ့ဟာတွေက.. ဆီပေါက်ပြီး လက်အပူလောင်နေတယ်.. ။ 🙂

ဘယ်လိုလုပ်ထားထား… လူ၁ထောင်စာကြီး..နည်းနည်းနောနောမဟုတ်….
နှစ်ကူးနေ့.. ဘယ်ကျပျောက်သွားသလဲတောင်ထင်ရတယ်…။
သမုဒ္ဒရာ ဝမ်းတထွာတဲ့..။
တထွာလောက်ဗိုက်ကလေးတွေထဲ.. ထည့်ထည့်သွားကြတာ… အခုဆို.. အမေရိကားရဲ့..ရေဆိုးကန်တွေထဲ.. ဗက်တီရီးယား ဘီလီယံချီတွေကို အဟာရဖြစ်နေစေလောက်ပြီ..။
ဪ..။
အိုဘယ့် သံသရာ.. 🙂

တရားခံ သဂျီး… အခုရေးတဲ့ စာကိုတောင် မျက်မှန်လေး ပင့်မ ပြီး အနီးကပ်ဖတ်နေတယ်။

15 comments

  • eros

    April 22, 2011 at 8:06 am

    လက်စသတ်တော့ ဘာများလည်း အောင့်မေ့နေတာ သူကြီးကို ဆုံးမနေတာကိုး

  • zoe

    April 22, 2011 at 9:41 am

    သူကြီး အာလူး ဘယ်နှစ်လုံး သီးသွား ပြီ လဲ ?? 🙂

  • kai

    April 22, 2011 at 9:58 am

    ကြည့်ရတာ.. ပိုးသတ်ဆေးက ..နည်းနည်းပျော့သွားတယ်နဲ့တူတယ်..။
    ကျိန်စာတိုက်ဖို့.. အချိန်ရသွားတယ်..။ 🙁

    နောက်ဆို.. မြန်မြန်သေ..များများသေအောင်.. ရှယ်ဆေးတွေသုံးပေးမယ်နော..။
    ဒါမှ..ဖိုးတုတ်တို့မိသားစုတွေ… တိရိစ္ဆာန်ဘဝကမြန်မြန်ကျွတ်ပြီး.. နိဗ္ဗာန်နဲ့ နည်းနည်းပိုနီးလာမှာ..။
    ကြားထဲက.. သူကြီးအနစ်နာခံပေးလိုက်ပါမယ်..။
    သတ္တဝါတွေ ကျွတ်လွတ်ဖို့ပေါ့လေ…။ 🙂

  • hmee

    April 22, 2011 at 11:13 am

    သဂျီး ပြောပြန်ပြီ ဆူးက နောက်တပုဒ် ထပ်ရေးမှာနော်။

  • kopauk mandalay

    April 22, 2011 at 12:02 pm

    သူဂျီးရေ ပြောလိုက်လေ
    မင်းငါ့ကိုသေအောင်တစ်ခါထဲကိုက်ရင်ကိုက် ငါမသေလို့ကတော့ မင်းနာပြီလို့ဆိုပြီးတော့ ပေါ့နော်။

  • ဆူး

    April 22, 2011 at 12:43 pm

    သဂျီးကတော့ ဘယ်တော့မှ ကျွတ်မလဲ မသိဘူး။
    အကုသိုလ်နဲ့ စိန်ပြေးတမ်း စကားနေတယ်။ ကောင်းကံက ပြေးတာ အရှိန်သေသွားရင်တော့ အကုသိုလ် ပိုက်ခွံထဲမှာ တဝဲ တလဲလဲ နဲ့ ရုန်းရခက်တော့မှာဘဲ။

  • bigbird

    April 22, 2011 at 2:33 pm

    အန်တီဆူးတို့ကတော့ လုပ်ချလိုက်ပြန်ပြီး…ဖတ်ရင်းနဲ့ တဝက်တစ်ပျက်နဲ့ဘာမှန်းမသိ ပြီးသွားတာလားလို့…ခုမှပဲ .ဘောပေါက်တော့တယ်…

  • ဆူး

    April 22, 2011 at 2:56 pm

    ဆက်လက်ဖတ်ရှုပြီး အဆင်ပြေသလို နားလည် ခိုင်းထားတဲ့ အတွက်.. နားလည်မယ် ထင်ပါတယ်။ တကယ်လို့ ဒီထက် ရှင်းအောင် ရေးရင် သဂျီး ထ ရိုက်မှာ စိုးလို့.. တိုတိုနဲ့ လိုရင်း ရေးလိုက်တာပါ။

  • bigcat

    April 22, 2011 at 11:33 pm

    သဂျီးအလှူကြောင့် သေခဲ့ရတဲ့ငါးတွေကလည်း မကျေနပ်ကြဘူးတဲ့…..

  • ဆူး

    April 23, 2011 at 6:25 am

    သေတဲ့ ငါးက မကျေနပ်လို့ ဆီအိုးထဲမှာ.. အမြီးထ ခတ်လို့ ဆီစင်ပြီး အပူလောင်တာ နေမှာပေါ့။

  • cobra

    April 23, 2011 at 1:30 pm

    ဪ……
    သူကြီး သူကြီး….
    ဖြစ်မှဖြစ်ရလေ….။

    • ဆူး

      April 23, 2011 at 2:02 pm

      မသေသေးဘူးလေ.. အလတ်ကြီး ရှိသေးတယ် အဲလောက် ဝမ်းနည်းမနေနဲ့.. ဟီးဟီး..

  • MaMa

    April 24, 2011 at 3:56 am

    အော် သဂျီး သဂျီး ယူအက်စ်မှာ နေပြီး ကိုယ့်ကိုယ်ကို လည်လှပြီ ထင်နေတာ။ ငါးကို ဘယ်လိုကြော်ရမှန်းမသိ။ ငါးကိုရေဆေးပြီး ကြော်မှတော့ ဆီပေါက်တော့မပေါ့။ (ဆီပူလောင်ရင် မြန်မာ့နည်း မြန်မာ့ဟန် မီးဖိုချောင်မှာ ငံပြာရည်ကို ချက်ခြင်းစွတ် ပေးရတယ်။) ဒါ့ကြောင့် ကျွမ်းကျင်ရာလိမ္မာလို့ ပြောတာပေါ့။

  • nature

    April 24, 2011 at 10:11 am

    ပျားဆိုတဲ့သတ္တဝါတွေဟာစိတ်ဝင်စားဘို့ကောင်းပါတယ်၊ တရားတပုဒ်မှာလူတွေကိုယင်ကောင်လိုမကျင့်နဲ့ ပျားလိုကျင့်လို့ဆုံးမထားပါတယ်။

    • ဆူး

      April 24, 2011 at 1:50 pm

      ပျားဆိုတာ သင်းပျံတဲ့ ပန်းရနံတွေ အနားမှာ ရှိတတ်သလို အလုပ်ကြိုးစား ကြတဲ့ သတ္တဝါပါ။
      ယင်ဆိုတာ အပုတ်နံ အညှီအဟောက်နံတွေ ရှိတဲ့နေရာတွေမှာ ရှိတတ်ပါတယ်။

      အညှီအဟောက်နဲ့ တူတဲ့ ကိလေသာ တော ထဲမှာ နေပြီး နစ်မွန်းမခံဘဲ..
      တရားဓမ္မ ပန်းရနံ သင်းတဲ့ အရပ်မှာ တရားအလုပ်ကို အားသွန်ခွန်စိုက် ကြိုးစားပြီး ပျားလို ကျင့်ဖို့ ဥပမာ ပေးတာ ဖြစ်ပါတယ်။

Leave a Reply