Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မိုးကြိုးပစ် လွတ်ကြစေ

နည်ရဲဇော်April 23, 20114min29610

မိုးကြိုးပစ် လွတ်ကြစေ


ကျွန်တော်တို့မြန်မာလူမျိုးများ တစ်ခုခုအလေးအနက်ထားပြောချင်လျှင် “ဘုရားစူးပါစေရဲ့။ မိုးကြိုးပစ်ပါစေရဲ့။´´ စသည်ဖြင့်ကျိန်ပြောတတ်ကြသည်။ မိုးကြိုးဆိုသည်မှာ အင်အားပြင်းထန်သော၊ လူကို သေစေနိုင်သော၊ အန္တရာယ်ပေးနိုင်သောအရာဟုသိကြသည်။ ဩောင်းတစ်ရာ့ရှစ်ကွက် ဂါထာလာ “ဝရဇိတ်လက်နက် ဗြဟ္မာစက်၊ မိုးကြိုးလက်နက် သိကြားစက်´´ ဆိုတာကိုလည်း လူကြီးတွေ ရွတ်ဆိုတာကြားဖူးသည်။ အမိအဘ ကိုစော်ကားသူမိုးကြိုးပစ်တတ်တယ်ဟုလည်းလူကြီးတွေဆုံးမတာနာယူခဲ့ဖူးသည်။  တစ်ချို့ဂမ္ဘီရလိုက်စားသည့် သူများကျတော့ မိုးကြိုးသွား ဆိုတာကိုသဲကြီးမဲကြီးလိုက်ရှာကြပြန်သည်။ မိုးကြိုးသွားရရင် “ဘာကောင်းတယ်၊ သေနတ်ပီးတယ်၊ မီး မကူးဘူး´´ စသည်ဖြင့်ယုံတမ်းစကားတွေငယ်ငယ်က ကြားခဲ့ဖူးသည်။ အခုအထိတော့ မိုးကြိုးသွားဆိုသည်မှာ ဘာမှန်းမသိ။ မိုးကြိုးသွား ရသွားသည့်သူကိုလဲ မမြင်ဘူးသေး။ မိုးဦးကျလေဦးကျ တဝုန်းဝုန်းမိုးချိန်းသံနှင့်အတူ ဝင်းလက်တောက်ပသွားသည့် အလင်းတန်းကိုကြည့်ပြီးငယ်ငယ်က တအံ့တဩနှင့် ကောင်းကင်ပေါ်က ဘယ်သူဓါတ်မီးနှင့် လှမ်းလှမ်းထိုးသလဲဟု ကလေးဘဝက အဖေ့ကိုမေးဖူးသည်။ အဖေကတော့ ခပ်လွယ်လွယ်ပင် ကောင်းကင်ပေါ်က သိကြားမင်းကြီးက မိဘစကားနားမထောင်သည့်သူများကို မိုးကြိုးလက်နက်နှင့်လှမ်းဆုံးမကြောင်းပြောတတ်သည်။ ဒီလိုနဲ့အသက်တွေကြီးလာတော့ မိုးကြိုးနဲ့ယဉ်ပါးလာကြသည်။ ငယ်ငယ်ကလိုတော့အကြောက်မကြီးတော့။ ဒါပေမယ့် မကြာခဏ ဂျာနယ်တွေမှာ မိုးကြိုးအပစ်ခံရ၍ သေဆုံးသောသတင်းများမကြာခဏတွေ့လာတော့ မိုးကြိုးအကြောင်းပြန်တွေးလာမိသည်။ မိုးကြိုးဆိုတာဘာလဲ။ မိုးကြိုးဘာလို့ပစ်တာလဲ။ မိုးကြိုးပစ်လျှင် ဘယ်လိုရှောင်ရမလဲ စသည်ဖြင့် သိပ္ပံပညာရှုထောင့် အမြင်တွေကိုသိချင်လာမိတော့သည်။ အဓိကအားဖြင့်တော့ တန်ဖိုးရှိလှတဲ့ လူသားတွေရဲ့အသက်ဆုံးရှုံးမှုရှောင်လွှဲနိုင်စေချင်ပါသည်။
မိုးကြိုးဆိုတာဘာလဲ
မိုးကြိုးဆိုသည်မှာ တိမ်တိုက်တစ်ခုအတွင်းမှာဖြစ်စေ၊ တိမ်တိုက်တစ်ခုမှတစ်ခုသို့ ဖြစ်စေ၊  ဒါမှမဟုတ် တိမ်တိုက်မှ မြေပြင်ဆီသို့ ဖြစ်စေ လျှပ်စီးထုတ်လွှတ်မှုပုံစံတစ်မျိုးဟု အဓိပ္ပါယ်ဖွင့်ကြသည်။ တစ်နည်းပြောရရင် တိမ်တိုက်အတွင်းမှာရှိတဲ့ လျှပ်စစ် အဖိုဓါတ်နဲ့ အမဓါတ်တို့ ခွဲထွက်ရာမှ ဖြစ်လာတာပါတဲ့။
Florida thunderstorm in Ponte Verde Beach, Florida, United States.
Florida thunderstorm in Ponte Verde Beach, Florida, United States.

(Photo credit: http://upload.wikimedia.org/wikipedia/en/thumb/d/db/LightningFL.jpg/275px-LightningFL.jpg)

မိုးကြိုးဘာကြောင့်ဖြစ်
မိုးကြိုးဖြစ်ပေါ်လာပုံကိုရှင်းပြတဲ့ သီအိုရီနှစ်ခုရှိပါတယ်။ အကြမ်းအားဖြင့် ပထမအယူအဆကတော့ cosmic particles (ကျွန်တော်လည်းဘာသာမပြန်တတ်ဘူူး။) တွေနဲ့ လေထုထဲမှာရှိတဲ့ အမှုန်တွေ ပွတ်တိုက်ကြိတ်မိရာက ၎င်းအမှုန်တွေထဲမှာရှိတဲ့ အီလက်ထရွန် (လျှပ်စစ်အမဓါတ်)တွေ လွတ်ထွက်သွားပြီး လျှပ်စစ် အဖိုဓါတ်၊ အမဓါတ်တွေဟာ တိမ်တိုက်တွေရဲ့ထိပ်နဲ့အောက်ခြေမှာတကွဲတပြားစီဖြစ်သွားတဲ့ လျှပ်စစ်ဓါတ်ပြိုကွဲမှုဖြစ်စဉ်ဖြစ်ပေါ်လာပါတယ်။ ဒုတိယအယူအဆကတော့ ရေခဲမှုန်ကလေးတွေ နဲ့ မိုးပေါက်လေးများ တိမ်တိုက်အတွင်း တိုက်မိရာမှ လျှပ်စစ်ဓါတ်ပြိုကွဲမှုဖြစ်လာပါသတဲ့။
ဘာပဲဖြစ်ဖြစ် နောက်ဆုံးမှာ တိမ်တိုက်အောက်နားမှာရှိနေတဲ့ လျှပ်စစ်မဓါတ်တွေဟာမြေပြင်ဆီသို့ ပြန့်ကားလာသလို ဆွဲဆောင်ခံရတဲ့ အဖိုဓါတ်တစ်ချို့ဟာလဲ မြေမျက်နှာပြင်ရှိရာ ဆင်းလာပါတယ်။  ဒီတော့ မြေပြင်မှာရှိနေတဲ့အရာဝတ္ထုတွေထံမှ လျှပ်စစ်အဖိုဓါတ် ဟာ ဆင်းလာတဲ့ အမ ဓါတ်ကိုတွေ့ဖို့ ကြိုးစားပမ်းစားတက်သွားတယ်ပေါ့။ ၎င်းဓါတ်နှစ်ခုဆုံတွေ့တဲ့အခါမှာတော့ အပူထုတ်လွှတ်မှုဖြစ်လာပြီး(ဘယ်လောက်တောင်ပူသလဲဆိုတော့ နေမျက်နှာပြင်ရဲ့ ၄ ဆ အထိတောင်ပူနိုင်သတဲ့) ကျွန်တော်တို့သိတဲ့ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်းအဆင့်တွေဖြစ်ပေါ်လာတယ်လို့ဆိုပါတယ်။


မိုးကြိုးဟာ များသောအားဖြင့် မုန်တိုင်းအစနှင့်အဆုံးပိုင်းမှာဖြစ်ပေါ်လေ့ရှိပါတယ်။  ပျမ်းမျှ မိုးကြိုးအရှည်ဟာ တိမ်တိုက်ကနေမြေပြင်အထိ ၂ မိုင်မှ ၁ဝ မိုင်ခန့်ရှည်လျားပါတယ်။ မိုးကြိုးရဲ့အပူချိန်ဟာ အမြင့်ဆုံး 50,000 ဒီဂရီဖာရင်ဟိုက် အထိမြင့်တက်နိုင်ပါတယ်။ ဒါကြောင့်လည်း မိုးကြိုးအပစ်ခံရတဲ့အရာဝတ္ထုတွေ မီးသွေးတုံးဖြစ်ကုန်တာပေါ့။ (မိုးကြိုးသွားရှာချင်တဲ့ ဆရာတွေပြောတာ ဒီမီးသွေးတုံးတွေပဲဖြစ်မယ်ထင်ပါရဲ့)။ ကမ္ဘာအနှံ့ နှစ်စဉ်မိုးကြိုးပစ်၊လျှပ်စီးလက်မှု အကြိမ်ပေါင်း သန်း ၁၄၀ဝ ခန့်ရှိပါသတဲ့။ တစ်နေ့တည်းမှာပင် 8,640,000 ကြိမ်ခန့်၊ တစ်စက္ကန့်လျှင် အကြိမ် ၁၀ဝ ခန့် ပစ်နေတဲ့သဘောဖြစ်ပါတယ်။

မိုးကြိုးနှင့်ဆိုးကြိုး
ကျွန်တော်တို့က မိုးကြိုးဆိုလျှင် မိုးခြိမ်းသံကိုကြောက်ကြတာများသည်။ တကယ့် လျှပ်စီး ကိုကြောက်ရကောင်းမှန်းမသိကြ။ ဆောင်ရန်၊ ရှောင်ရန် တွေဆိုတာကလဲ လူကြီးသူမတွေအပြောစကား၊ လူပြောသူပြောနှင့်မှတ်သားမိကြတာတွေပဲရှိသည်။ တကယ့်လက်တွေ့ ကျသည့်နည်းလမ်းတွေ မသိသည့်အတွက် အမေရိကန်လိုနိုင်ငံများမှာပင် တစ်နှစ်လျှင် လူပေါင်း 200 ယောက်ခန့် မိုးကြိုးပစ်၍သေဆုံးကြပြီး ၇၅ဝ ခန့် အပြင်းအထန်ဒဏ်ရာရနေကြသည်။ အပစ်ခံရသည့်လူ ငါးဦးတစ်တစ်ဦး(၂ဝ %)နှုန်းသေဆုံးသည်။ ကျန် ၇ဝ % က နာတာရှည်ဝေဒနာ သည်တွေဖြစ်ကုန် သည်။ လေမုန်တိုင်းတွေ လေဆင်နှာမောင်းတွေထက် မိုးကြိုးပစ်၍သေသည့်ဦးရေကပိုများသည်။ ကျွန်တော်တို့မြန်မာနိုင်ငံက မိုးကြိုးပစ်ခံရ၍ ဘယ်လောက်သေဆုံးသလဲဆိုတာတော့ ကျွန်တော်လဲမသိပေ။ စာရင်းဇယားတွေ အတိအကျရှိ/မရှိ ပင်မသိပါ။ သေဆုံးသည့်သူများကိုကြည့်ပါက ကလေးငယ်များနှင့် လူရွယ်လူလတ်ပိုင်း ၃၅ နှစ်အတွင်းအများဆုံးဖြစ်ကြသည်ကိုတွေ့ရသည်။ ဒါကလဲသဘာဝကျပါသည်။ ကလေးတွေဆိုတော့ ဘာသာဘာဝ မိုးရွာရင်မိုးရေချိုးချင်တာပေါ့။ လွတ်လွတ်လပ်လပ် ကွင်းပြင်ထဲ ဘောလုံး ကန်ရတာလောက်ပျော်စရာကောင်းတာမရှိ။ ကျွန်တော်လည်းငယ်ငယ်က ဒီလိုဆော့ကစားခဲ့တာပဲ။ နဲနဲလေးလျှပ်စီးလက်ပြီဆိုတာနဲ့ ကွင်းဘေးက သရက်ပင်အောက် ပြေးထိုင်တော့တာပဲ။ အဲ၊ နှစ်ဆယ်ကျော် သုံးဆယ်စွန်းလာတဲ့အရွယ်ရောက်တော့ အရင်လို ဘောလုံးကန်ဖို့အချိန်လဲမပေးနိုင်တော့ပါဘူး။ သူများတွေလို ဂေါက်ကွင်းထဲ စတိုင်နဲ့ ဂေါက်ဖ်ရိုက်ဖို့မပြောနဲ့ ဂေါက်ဖ်ကွင်းနားတောင်မကပ်နိုင်တဲ့ဘဝဆိုတော့ မိုးအေးအေးမှာ အိမ်တွင်းအောင်းနေရတော့ မိုးကြိုးဒဏ် လွတ်တယ်လို့ပြောရမှာပေါ့။ ဂေါက်ဖ်ရိုက်နိုင်သူ ဆရာများတော့ မိုးကြိုးပစ်ခံရဖို့ဖြစ်နိုင်ချေပိုများတာပေါ့။

မိုးကြိုးပစ်ရာထန်းလက်မကာနဲ့
မိုးကြိုးဒဏ်ကလွတ်အောင် ထန်းလက်နဲ့ကာလို့မရဘူးဆိုတာတော့ စာထဲစကားထဲပါပြီးသားမို့ မြန်မာတိုင်းသဘောပေါက်ပြီးသားပါ။ မိုးကြိုးဒဏ်ကို နည်းနိုင်သမျှနည်းနည်းခံရအောင်၊ လွတ်နိုင်သမျှလွတ်အောင်ဆောင်ရန် ရှောင်ရန်တွေ ကတော့ အောက်မှာရေးထားတဲ့အတိုင်းဖြစ်ပါတယ်။

  • ရေဒီယိုက မိုးလေဝသတင်းကြေညာတဲ့အခါ မိုးကြိုးပစ်နိုင်သည်ဟုကြေညာချက်ကို ဂရုစိုက်ပါ။
  • ကိုယ်က လှေလှော်နေရင်ပဲဖြစ်ဖြစ်၊ ရေကူးနေရင်ပဲဖြစ်ဖြစ် မိုးရွာပြီ၊ မိုးခြိမ်းပြီဆိုတာနဲ့ ကမ်းပေါ်တက်ပြီး လုံခြုံတဲ့နေရာရှာပါ။ ရေနဲ့ဝေးဝေးမှာနေပါ။ မိုးကြိုးပစ်တဲ့အခါ လျှပ်စီးဓါတ်က ရေကတဆင့် ကိုယ့်ဆီရောက်လာနိုင်ပါတယ်။
  • ဖြစ်နိုင်သမျှ လေးဘက်လေးတန် အကာအကွယ်ရှိတဲ့၊ ခိုင်ခံ့တဲ့အဆောက်အဦကိုရှာ၍ခိုပါ။ ဆရာမင်းသုဝဏ်ရဲ့ “လယ်စောင့်တဲလေးခြေတံရှည်´´ လိုဟာမျိုးကတော့မသင့်တော်ပါဘူး။ လယ်ကွင်းထဲကအကောင်းဆုံးပစ်မှတ်ဖြစ်နေတဲ့အပြင် လေပြင်းတိုက်ရင်လွင့်သွားနိုင်ပါတယ်။
  • နားခိုစရာ အဆောက်အဦးခိုင်ခိုင်ခံ့ခံ့မရှိလျှင် အနီးအနားရှိ ကားထဲမှာ မှန်တွေအလုံပိတ်၍နေပါ။ (ကားမစီးနိုင်သူသူများ ဘတ်စ်ကားလည်းအလုပ်ဖြစ်နိုင်ပါတယ်။) ကားခေါင်မိုးကသတ္တုက မိုးကြိုးလျှပ်စီးကို မြေကြီးထဲ လမ်းလွှဲပေးနိုင်ပါတယ်။ ဒါပေမယ့် သတ္တုနဲ့ခန္ဓာကိုယ်နဲ့တော့ထိမနေပါနဲ့။) အကယ်၍ကားကို မိုးကြိုးတိုက်ရိုက်မှန်လျှင်တောင်မှ ဒဏ်ရာရကောင်းရပါလိမ့်မယ်။ ဒါပေမယ့် ကွင်းပြင်မှာ ရှိနေတာထက်စာရင်တော့ပိုပြီးအန္တရာယ်ကင်းပါတယ်။
  • တောအုပ်ထဲမှာရှိတဲ့အခါ အပင်ပုလေးတွေအုပ်အုပ်ဆိုင်းဆိုင်းရှိတဲ့နေရာမှာပုန်းခိုပါ။ ကွင်းပြင်ထဲက သစ်ပင်အမြင့်ကြီးအောက်မှာဘယ်တော့မှ မခိုပါနဲ့။ ရေနဲ့ထိစပ်နေတဲ့နေရာတွေကိုလည်းရှောင်ပါ။
  • မိုးကြိုးရဲ့သဘောက အမြင့်ဆုံးအရာကို ပစ်ချတဲ့အတွက် မျှော်စင်လိုမျိုး၊ သစ်ပင်မြင့်မြင့်တွေ၊ ဓါတ်တိုင်တွေ၊ တယ်လီဖုန်းကြိုးတိုင်တွေ၊ စတဲ့နေရာမျိုးတွေကိုဝေးဝေးမှရှောင်ပါ။ မိုးကြိုးပစ်တာလွတ်ဦးတော့ သစ်ပင်ပိ၊ ဓါတ်လိုက် ခံရနိုင်ပါတယ်။
  • ငယ်ငယ်ကတော့ ကွင်းပြင်ထဲရောက်လို့ မိုးကြိုးပစ်တော့မယ်ဆိုရင် မြေပြင်မှာဝပ်နေရမယ်လို့ကြားဖူးနေကျဖြစ်မှာပါ။ ဒါမနည်းလမ်းမှန်ဘူးလို့ ပညာရှင်တွေကထောက်ပြကြပါတယ်။မြေပြင်မှာဝပ်လိုက်တဲ့အခါ ကိုယ်ကပစ်မှတ်ပိုကြီးသွားတဲ့သဘောရှိပါတယ်။ မြေပြင်မှာဒူးခေါင်းနှစ်လုံးကိုကွေးထိုင်ပြီးလက်နှစ်ဘက်နှင့်ပိုက်၊ ခေါင်းကို ဒူးခေါင်းဆီငုံ့ကပ်ထားကာ ပစ်မှတ် သေးနိုင်သမျှသေးသွားအောင်လုပ်သင့်ပါတယ်။
  • ကိုယ်ကမိုးကြိုးစက်ကွင်းထဲရောက်နေရင် ဆံပင်တွေထောင်လာတာ ကိုယ့်ဆီမိုးကြိုးရောက်လာမယ့်ရှေ့ပြေးသတိပေးချက်ပါ။ သတ္တုပစ္စည်းတွေနဲ့လူ့အသားနဲ့ထိတွေ့မထားတာ အကောင်းဆုံးပါပဲ။  သတ္တုဟာ လျှပ်စစ်စီးဆင်းဖို့အင်မတန်ကောင်းတဲ့ လျှပ်ကူးပစ္စည်းဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်လည်းဒီသဘောပါပဲ။ မိုးခြိမ်းသံတွေကြားနေရလျှင် တယ်လီဖုန်း(မိုလ်ဘိုင်းဖုန်း) မပြောတာအကောင်းဆုံးပါပဲ။ အဆောက်အဦတစ်လုံးကို မိုးကြိုးပစ်လိုက်တဲ့အခါ လျှပ်စစ်ဓါတ်တွေဟာ အဲဒီအဆောက်အဦထဲရှိ ဝါယာကြိုးတွေကတဆင့် မြေကြီးထဲ ဝင်ရောက်သွားပါတယ်။ စီးဝင်စရာကမြေကြီးမဟုတ်ဘဲ တီဗွီတို့၊ ရေခဲသေတ္တာတို့ ဖြစ်နေရင် လောင်ကုန်တော့တာပါပဲ။ ဒါကြောင့် ဒီလျှပ်စစ်ပစ္စည်းတွေကို ပလပ်ဖြုတ်ထားသင့်ပါတယ်။
  • မိုးကြိုးပစ်တဲ့အခါ တစ်ကြိမ်ထဲပစ်တာမဟုတ်ဘဲ နောက်ဆက်တွဲတွေလဲလာတတ်ပါတယ်။ ပထမတစ်ခါ ကိုယ်နဲ့လွဲသွားလို့ လွတ်ပြီထင်ပြီး ပေါ့ပေါ့ဆဆမနေပါနဲ့။ မိုးကြိုးသံကြားပြီးအနည်းဆုံး ၅ မိနစ်ခန့် စောင့်ဆိုင်းပြီးမှ ပုံမှန်အလုပ်တွေပြန်လုပ်သင့်ပါတယ်။

ကဲဒါတွေကတော့ မိုးကြိုးအန္တရာယ်နဲ့ပတ်သက်တဲ့သိသင့်သိထိုက်တဲ့အချက်များပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံလူဦးရေရဲ့ အများစုဟာ တောသူတောင်သား ကွင်းပြင်မှာ အလုပ် လုပ်ကိုင်နေ ကြရသူတွေဖြစ်လို့ မိုးကြိုးဒဏ်ခံရနိုင်ချေအများဆုံးသူတွေဖြစ်ကြပါတယ်။ မြို့နေလူထုဆိုလျှင်လည်း အထပ်မြင့်အဆောက်အဦးလုပ်ငန်းခွင်က ဆောက်လုပ်ရေး လုပ်သားတွေ လည်း သတိထားစရာပေါ့။ အစဉ်အလာ   ရိုးရာယုံကြည်မှုတွေကို လက်ခံတာကန့်ကွက်စရာမရှိပေမယ့် သိပ္ပံနည်းကျ အသိအမြင်တွေ ပြည်သူလူထုအကြားမှာ ပိုမိုပျံ့နှံ့လာလျှင် ပို၍အကျိုးရှိမှာ မျှော်ကိုး၍ ရေးသားတင်ပြလိုက်ရပါတယ်။

နည်ရဲဇော်
(၂၃-၄-၂၀၁၁)
**စာရေးသူလည်း မိုးလေဝသ သိပ္ပံပညာရှင်မဟုတ်သဖြင့် ပြည့်ပြည့်စုံစုံမရေးသားနိုင်တာကိုခွင့်လွွှတ်စေချင်ပါတယ်။ ကိုယ်သိချင်တာကို အင်တာနက်မှာ ရှာရင်းနဲ့ သူများတွေကိုလည်း သိစေချင်၍ ရေးသားအပ်ပါတယ်။ အောက်ပါ website များမှ အချက်အလက်များရယူပါတယ်။** 


10 comments

  • kai

    April 23, 2011 at 8:28 am

    ဒီလိုစာတွေ.. လူတွေသိအောင် စုဆောင်းရေးပေးအတွက် အမြဲကျေးဇူးတင်ပါတယ်..။
    အဆင်ပြေရင်.. မြေမြို တယ်ဆိုတဲ့အကြောင်းလေးပါ… ရေးဖို့ကောင်းတယ်.။

    ညာစွန်းရောက်ကွန်ဆာဗေးတစ် အာဏာရှင်တွေရဲ့ မြန်မာတမျိုးသားလုံးကို.. ရာစုနှစ်ပေါင်းများစွာ ရိုက်သွင်းခဲ့တဲ့….. ခြောက်လုံးလှန် ့လုံးတွေလေ…။

  • nigimi77

    April 23, 2011 at 9:54 am

    ကိုယ့်ဟာကိုယ်ဆို ဒါမျိုးတွေ ဘယ်မှာ ရှာရမှန်းကို မသိတာ။ ကျေးဇူးတင်ပါတယ်။

  • asiamasters

    April 23, 2011 at 9:59 am

    အတော့်ကိုပြည့်စုံတဲ့ လေ့လာစုစည်းမှုဖြစ်ပါတယ်။ ကျွန်တော်က Golf ပစ္စည်းရောင်းဝယ်ရေးနဲ့ ဂေါက်သီးကစားခြင်းနဲ့ အသက်မွေးသူဆိုတော့ မိုးကြိုးပစ်ခံရဖူးတဲ့ အဖြစ်အပျက်တွေကို အတော်အတန်ကြားခဲ့ဖူးပါတယ်။ မြန်မာနိုင်ငံမှာ လဲဖြစ်ခဲံ့ဖူးတာရှိပါတယ်။ ဒီလို လူသားတွေကို အန္တရာယ်ဖြစ်စေတတ်တဲ့ အကြောင်းကို စဉ်းစား၊ စုဆောင်း ဖေါ်ပြထားတဲ့ အတွက် အလွန်လေးစားပါကြောင်းပြောကြားလိုပါတယ်။ နောက်နောင်လည်းလူသားတွေအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ အကြောင်းလေးများရေးသားပါဦးခင်ဗျား.

  • hmee

    April 23, 2011 at 11:51 am

    မှီတို့ရွာမှာလည်း ကြုံဖူးတယ်။ တယောက်က သေသွားတယ်။ တယောက်ကတော့ အကြာကြီး လမ်းမလျှောက်နိုင်ဘူး။နောက်တော. ပြန်ကောင်းသွားတယ်။

  • naywoonni

    April 23, 2011 at 2:14 pm

    ဟီးးးး ငယ်ငယ် တုံးက မိုးကြိုးသွားရရင်ဈေးကောင်းရတယ် ဆိုလို့ အနီးအနား မိုးကြိုး ပစ်ရင်ကောင်းမှာပဲလို့ တွေးနေတာ ကြောက်ရမှန်းမသိဘူး..။ မိုးကြိုးသွားဆိုတာ ဘယ်လိုလဲ သိချင်မြင်ချင်နေတာ ..။ တစ်ခါမှလဲ အနားမှာ မပစ်ခဲ့ပါဘူး..။ ခုမှ………..

  • kopauk mandalay

    April 23, 2011 at 4:29 pm

    မြန်မာပြည်က လယ်သမားတော်တော်များများမှာ ဒီလိုမျိုးမသိတော့ မိုးရွာထဲမှာလယ်ကွင်းထဲမှာ မိုးကြိုးပစ်ခံရလို့ သေကုန်တယ်

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 23, 2011 at 5:14 pm

    အပေါ်က အမတွေက
    မြေကြီးထဲက အထီးတွေရှိတဲ့နေရာကို လာပူးတာလေ
    အထီးနဲ ့အမတွေ ့တော့မီးတွေတောက်တာပေါ့
    အထီးနဲ ့အမဓာတ်ပြုပြီး ရုပ်ဝတ္ထုတစ်မျိုးဖြစ်လာတယ်
    သံ၊ ကြေး
    ဒီဓာတ်နှစ်မျိုးဖြစ်လာတာ
    မိုးကြိုးပစ်ပြီး လျှပ်စစ်စီးဝင်တဲ့အပေါက်ကိုတွေ ့ရင်
    နေ ့ရက်တွေတွက်ချက်ပြီး ငပိအိုးရဲ ့စလောင်းဖုံးနဲ ့ပိတ်ထားရင်
    အချိန်ရောက်တဲ့ခါ မိုးဂျိုးသွားဆိုတာထွက်လာတယ်
    ကျုပ်ကတော့ သိပ္ပံပညာရှင်ဖြစ်တဲ့အတွက်
    ရေအားလျှပ်စစ်ထုပ်လုပ်ဘို ့လယ်ယာမြေတွေအသိမ်းခံရ
    ဂက်စ်ပိုက်လိုင်းတွေကို ဟိုမအေ – ိုးတွေဆီကို ဒီမအေ -ိုးတွေက
    ရောင်းလို ့ လယ်ယာမြေတွေ အသိမ်းခံရပြီး
    လျှပ်စစ်ဓာတ်အား ငတ်မွတ်နေသူတွေအတွက်
    မိုးကြိုးပြစ်တဲ့အချိန်မှာ ထွက်ရှိတာတဲ့လျှပ်စစ်ဓာတ်အားတွေကို
    မြေကြီးထဲမှာ ထရန်စစ်စတာအကြီးးးးးးးးးးးးးးးးးးးးးးးးကြီး တစ်ခု
    တည်ဆောက်ပြီးတော့
    သိုလှောင်ထားမယ်
    ဆိုလိုတာက သူများတွေမိုးကြိုးပစ်ခံရမှာကြောက်နေပေမယ့်
    ကျုပ်က ကြောက်ဘူး
    မိုးဂျိုးပစ်ခံမှာ
    ပြီးရင်
    အဲ့လိုအဲ့လို လျှပ်စစ်ဓာတ်အားတွေထုပ်ဝေမှာ
    ဘူ ့ကိုမှမရောင်းဘူး
    ဘူ ့လယ်ယာမြေမှမသိမ်းဘူး
    ခင်ဗျားတို ့ကိုလျှပ်စစ်တွေပေးမှာ

  • noob

    April 23, 2011 at 7:32 pm

    မိုးကြိုပစ်ရင် ကိုယ်ဟာကိုယ်မိုးကြို ကပစ်လိုထွက်တဲ့အသံကို မကြောက်ရဘူး တခါတလေ အဒေါ်ကြီးတို မိန်းကလေးချောချောကလေးတွေ ထထယောင်ပြီး တခါမှ မဆဲဖူးတဲ ့ဆဲနည်းတွေဆဲတာတို ့တွေကရာလူရှောက်ဖက်တာတို ့ကိုကြည်ပြီး ရီးရတယ်

  • MaMa

    April 24, 2011 at 11:04 am

    ဒါမှ သဂျီးဝါဒနဲ့ အံကိုက်ပဲ။ ဘုရားရှစ်ခိုးမေတ္တာပို့ပြီး မိုးကြိုးပစ်လွတ်ကြပါစေလို့ ဆုတောင်းပေးမယ့်အစား ခုလို ပညာပေးစာရေးတင်တော့ လူတွေအားလုံးအသိပညာတိုးပြီး မိုးကြိုးကို ရှောင်နိုင်တာပေါ့။ လက်လှမ်းမှီသလောက် လက်ဆင့်ကမ်းလိုက်ပါ့မယ်။ ခုလောလောဆယ်တော့ အိမ်မှာရှိတဲ့လူတွေကို ဖတ်ပြပြီး ဗဟုသုတပေးနေပါတယ်။ နောင်လည်း ဆက်လက်ရေးဖို့ အားပေးပါတယ်။

  • nigimi77

    April 24, 2011 at 11:46 am

    ဟေ့ဟေ့ အပေါ်ကမမ သဂျီးဝါဒ မလုပ်ပါနဲ ့ သူတစ်ယောက်ထဲ မောင်ပိုင်စီးနေဦးမယ်

    လက်တွေ ့ကျတဲ့ အယူအဆအတွေးအခေါ်တွေဟာ အသိဉာဏ်ရှိတဲ့ လူတိုင်းနဲ ့ သက်ဆိုင်ပါတယ်ဗျ

Leave a Reply