ရဟနာ္တနဲ့ ပုဂ္ဂိုလ်ထူးများ စာအုပ်

ဆူးApril 23, 20111min43841

ရဟနာ္တနဲ့ ပုဂ္ဂိုလ်ထူးများ စာအုပ်ကို အောက်ပါ လင့်တွင် ဒေါင်းလုပ်ပြီး ဖတ်ရှုနိုင်ပါသည်။

http://www.mediafire.com/?wzwojjj25ut#

ဒီမှာတော့ အဲဒီလို မတင်တတ်တဲ့ အတွက် လင့်ပဲ ပေးလိုက်ပါသည်။ စိတ်ဝင်စားသူများ ဖတ်ရှုနိုင်ရန် ရှာဖွေ တင်ပေးလိုက်ပါသည်။

41 comments

  • weiwei

    April 23, 2011 at 5:05 pm

    အဲဒီစာအုပ် ဖတ်ဖူးတယ် … အိမ်က စာအုပ်စင်မှာ ရှိပါတယ် ..
    ဓမ္မာစရိယ ဦးဌေးလှိုင်ရေးခဲ့တဲ့ အနာဂါမ် ဆရာသက်ကြီး စာအုပ်လဲ ကောင်းတယ် …

    ဖတ်ခဲ့ဖူးသမျှ ဘာသာရေးစာအုပ်တွေထဲမှာတော့ အရှင်ဇနကာဘိဝံသရဲ့ တစ်ဘဝသံသရာ စာအုပ်ကို အကြိုက်ဆုံးပဲ ..

    • Sai Malt

      February 11, 2012 at 7:48 pm

      သည်စာအုပ်က before မိုးကုတ်ဆရာတော် ကြီး လက်ထက် က ရဟန္တာတော်များ ပါ .. after မိုးကုတ်ဆရာတော်ကြီး လက်ထက်ကစလို့ စာအုပ်ပြုစုပေးမယ့်သူများ ရှိရင် သိပ်ကောင်းမှာပဲ

  • bigcat

    April 24, 2011 at 1:46 am

    အဲဒီစာအုပ်ကို ငယ်ငယ်ကထဲက ဖတ်ဖူးတယ်။ အကြိမ်ကြိမ်ထုတ်ရတယ် မှတ်တယ်။ ဆရာကြီး ဓမ္မာစရိယ ဦးဌေးလှိုင် သက်ရှိထင်ရှား ရှိသေးလား မသိဘူး။ ဦးဌေးလှိုင်တွေက များတော့ ထပ်နေတယ်။ မြေဇင်းတောရအသံဖိုင်ထဲမှာလည်း ဓမ္မာစရိယ ဦးဌေးလှိုင်ဆိုတာ တွေ့တယ်။ သူ့စာအုပ်ဖတ်ပြီး နောက်ပိုင်း စိတ်မကောင်းဖြစ်တာ တခုပဲရှိတယ်။ သဲအင်းဂူဆရာတော်ကြီး အကြောင်းမပါလို့။ စာတတ်အများစုက ပရိယတ်မာန်နဲ့ သဲအင်းဂူဆရာတော်နဲ့ သဲအင်းဂူနည်းလမ်းကို သမထဆိုပြီး လက်မခံကြဘူး။ ဆရာကြီး သက်ရှိထင်ရှားရှိသေးရင် သူ့အမြင်ကို သိချင်ပါတယ်။

    • shwe ni

      April 24, 2011 at 11:27 am

      မြေဇင်းဆရာတော်ကြီးနဲ့ဆရာကြီးနဲ့ ညီအကိုအရင်း တော်ကြောင်း သိဘူးတယ်ကိုကြောင်ကြီးရေ ။ ဆရာကြီးလဲဆုံးသွားတာကြာပါပြီ

      • bigcat

        April 24, 2011 at 8:45 pm

        ကျေးဇူးပါဗျို့။ ဒါဆို သူတို့က တဦးထဲပါပဲ။ မေးရခြင်းက အသံဖိုင်ထဲမှာ ဆရာကြီးက မြေဇင်းကမ္မဌာန်းကို သူ့ကိုယ်တွေ့မို့ အရမ်းညွှန်းပါတယ်။ သူလုပ်ဖူးခဲ့သလောက်ထဲမှာ အစစ်မှန်ဆုံးလို့ ပြောတာပါ။ သမာဓိတည်လာတဲ့အခါ ကိုယ်ခန္ဓာရဲ့ အသုဘလက္ခဏာကို ကွက်ကွက်ကွင်းကွင်း မြင်လာရတယ်လို့ ပြောထားပါတယ်။ အဲဒါနဲ့စပ်လို့ သဲအင်းဂူဆရာတော်ကို သူ့ခေတ်သူ့အခါက စာတတ်များက ဆရာတော်ရဲ့ ဝိပဿနာ အသုဘကမ္မဌာန်းရှုနည်းနဲ့ ပတ်သက်လို့ သမထ၄ဝထဲက သမထလုပ်ငန်းပါလို့ စွပ်စွဲကြပါတယ်။ ဆရာကြီးရဲ့ ကိုယ်တွေ့နဲ့ သဲအင်းဆရာတော် ပြောခဲ့တဲ့ ဝေဒနာနုပဿနာအမြင်တို့ သွားတူနေလို့ ဆရာကြီးများ အသက်ရှိ ထင်ရှားရှိနေသေးရင် သဲအင်းဂူနည်းကို ဘယ်လိုမြင်သလဲလို့ မေးချင်လို့ပါ….

  • kai

    April 24, 2011 at 2:49 am

    ဓမ္မာစရိယ ဦးဌေးလှိုင်နဲ့… လွန်ခဲတဲ့ဆယ်စု ၂ခုကျော်က ..တော်တော်စကားပြောဖူးပါတယ.်.။ အဲဒီံနောက်ပိုင်းနှစ်တွေက… အူရဒူ ဟင်ဒီဆရာတောင်ခေါ်ပြီး… စာပြန်သင်နေတာ..။ သီဟို အိနိ္ဒယက..စာတွေ မြန်မာလိုပြန်ရေးမလို့ ..ကြိုးစားနေခဲ့တာ…။
    အခု မရှိတော့ပါဘူး.. ဆုံးသွားတာကြာလှပါပြီ..

    အဲဒီတုံးက စာအုပ်တွေ..ဆောင်းပါးတွေတောက်လျှောက်ရေးနေတာ..
    တချို ့ဇတ်လမ်းတွေက… နယ်ကတောသားတွေ..သူတို့အဖြစ်အပျက်တွေစာနဲ့ရေးပို့…
    အဲဒါတွေကို ..ကျမ်းတွေနဲ့ညှိ..ချဲ့ရေးနေတာမို ့.. မေးမိတော့…
    ရှေးရှေးက.. အဌကထာဆရာတွေက..အခုလိုပဲ.. လုပ်ခဲ့တာတဲ့…။ သူတို့ တွေ ကျမ်းနဲ့ညှိ..စိတ်မှန်းတွေးခဲ့တာ ရေးခဲ့သလို… မြန်မာပြည်မှာလည်း.. ဗုဒ္ဓဘာသာသမိုင်းကျန်ရစ်…ဖြစ်ချင်သတဲ့လေ…။
    နောင် အနှစ် ၁ထောင်လောက်ဆို..ဓမ္မာစရိယ ဦးဌေးလှိုင်(မြန်မာအဌကထာ)ဆရာဖြစ်သွားမလား…ဗုဒ္ဓသမိုင်းမှာ တွင်ကျန်သွားမလားပဲ..။

    သူ့သားကတော့ … ဂျပန်ဇင်ဘာသာရပ်အကြောင်း..ဆယ်စုနှစ်တခုမက…ဂျပန်မှာ…တော်တော့ကို လေ့လာသွားတယ်..။
    အခုထိတော့ ..စာတွေရေးနေတာ.. စာအုပ်ထုတ်နေတာ…မတွေ့မိသေး..
    ကြည့်ရတာ… ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးတွေရဲ့.. တန်ခိုးဓမ္မစက်နဲ့မိပြီး…
    မဟာယာနအကြောင်းရေးတာကို …အစိုးရ အာဏာစက်နဲ့..အပိတ်ခံနေရတယ်နဲ့တူတယ်..။ 🙂

    ========
    ပြောရရင်.. မြန်မာလူ့အသိုင်းအဝိုင်းက… အားနည်းချက်ရှိတယ်..။
    ဒါကလည်း ဘုရင်အစဉ်အဆက်နဲ့..အာဏာရှင်တွေရိုက်သွင်းခဲ့တဲ့အတိုင်းဖြစ်နေတာပါ…။
    အဲဒီအားနည်းချက်ကို .. နင်းနိုင်ရင်… သိရင်..သုံးတတ်ရင်… နာမယ်ကြီးလဘ်လာဘပေါတဲ့..ဘုန်းကြီး..။ ဘာသာရေးစာရေးဆရာ … လူလေးစားတဲ့သူဖြစ်ပါတယ်..။
    သာသနာအတွက်နဲ့.. နိုင်ငံ့ရှေ ့ရေးအတွက်တော့.. အင်မတန်ရင်လေးစရာ ဖြစ်တာပေါ့..။

  • realman

    April 24, 2011 at 9:49 am

    အဲဒီစာအုပ် ဖတ်ဖူးတယ်၊ အရမ်းကောင်းတာပဲ၊ သိုင်းဝတ္ထုဖတ်ရသလိုပဲ။ ဘာသာပြန်လား၊ ပင်ကိုယ်ရေးလား မသိ။
    ဒီစာအုပ်ထဲကအတိုင်း လျှောက်လုပ်ကြရင်တော့ . . . . .
    ့အင်း . . . မပြောတော့ပါဘူးလေ . . . . ။

  • parlayar46

    April 24, 2011 at 3:43 pm

    ကိုခိုင် ။ မြန်မာလူ့အသိုင်းအဝိုင်းကအားနည်းချက်ရှိတယ် ဆိုတာ ဘယ်လိုအားနည်းချက်မျိုးများလဲ။ ကိုခိုင့်အမြင်လေး သိပါရစေဗျာ။ (ကျွန်တော်ကနဲနဲဝေးပါတယ်။ အဲဒီစကားချီးနောက်က စကားဆက်တွေကိုဖတ်ပေမယ့် မမှန်းတတ်လို့ပါနော။)

  • maungmoenyo

    April 25, 2011 at 12:13 am

    သမ္မထ လားဝိပဿနာလား…ကျင့်ကြံကြသူ ပုဂ္ဂိုလ်းများ ကိုယ်တိုင်သာသိနိုင်လိမ့်မယ်လို့ထင်ပါတယ်။ အရိယာစစ်ရင် လူတွေနဲ့ သိပ်မရောတော့တဲ့အပြင်…သူဘယ်အဆင့်လဲလို့ ထုတ်ပြောလေ့မရှိတော့ပါဘူး။ လေ့လာကြသူတွေကသာ မှန်းဆပြောကြရေးကြတာပါ။ Catholic ဘာသာရေးလောကမှာတော့ Vatican ကနေ စုံစမ်းစစ်ဆေးရေးပညာရှင်တွေ အထပ်ထပ်လျွတ်ပြီးနှစ်ရာနဲ့ ချီမှ sainthood ကိုရကြပါတယ်။ ဖြစ်ရပ်တခုထဲပေါ်မှာ အခြေခံသတ်မှတ်လို့မရတဲ့ လုပ်ထုံးလုပ်နည်းတွေ ပြဌာန်းထားပါတယ်။ အရိယာကျင့်စဉ်အဆင့်ရရှိမှုကို.. သက်ဆိုင်သူပုဂ္ဂိုလ်တွေက မှန်းဆကြမဲ့အစား၊ သူတို့တွေကျင့်ကြံကြပုံနည်းနိဿယတွေ အတုယူကျင့်ကြံကြဘို့မကောင်းဘူးလား။

    • bigcat

      April 25, 2011 at 2:37 am

      ဘုရားရှင်ပညတ်ခဲ့တာ မဟုတ်ဘဲနဲ့ မပြောရလို့ပါ။ မပြောရလို့ မထားခဲ့ပါဘူး။ ဒါကြောင့် ရဟနာ္တအရှင်မြတ်များအနေနဲ့ ပြောဖို့လိုအပ်မယ်ထင်ရင် အကျိုးများမယ်ထင်ရင် ပြောကောင်းပါတယ်။ ခေတ်ကာလအလိုက် လူတွေရဲ့စိတ်နေသဘောထားနဲ့လည်း ဆိုင်ပါလိမ့်မယ်။ ပြောမှသိမယ်ဆိုရင် အကျိုးအပြစ်ချင့်ချိန်ပြီး ပြောနိုင်ပါတယ်။ တဖက်ကလည်း ဒါကိုအခွင့်ကောင်းယူပြီး ကလိန်ကျနိုင်ကြပါတယ်။ ဒါပေမဲ့ ဘုရားတောင် တရားဟောတဲ့အခါ ကျွတ်ခွင့်ကျွတ်ထိုက်သူတွေ မျက်နှာတခုထဲသာထောက်ပြီး သူနဲ့လိုက်ဖက်မဲ့တရားကို ဟောရလို့ ရဟနာ္တဖြစ်တိုင်း ထုတ်ပြောလေ့မရှိ၊ မသင့်လို့ တရားသေစွဲရန် မသင့်လို့ ထင်ပါသည် ဦးမိုးညိုခင်ဗျား။

    • Sai Malt

      February 11, 2012 at 7:57 pm

      ကောင်းပါတယ် အတုယူ ကျင့်ကြံနိုင်ရင် မိမိအတွက် ကော အများအတွက် ကော အကျိုးများပါတယ်၊ ထိုကဲ့သို အရှင်မြတ်ကြီးများအတိုင်း ကျင့်ကြံပြီး မပြီးမြောက်သွားတဲ့ ပုဂ္ဂိုလ်များ လဲရှိပါတယ်၊ ဘာလို့လဲဆိုတော့ ကိုယ် စရိုက် နဲ့လိုက်ဖက်တဲ့ တရားကို ရွေးချယ်တတ်ဖို့ အရေးကြီးလှပါတယ် .

      • Sai Malt

        February 11, 2012 at 8:02 pm

        တောထွက်မှ ရဟန်းဝတ်မှရတာ မဟုတ်ပါဘူး … ကိုယ့် ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ ဖြစ်မယ့် ကမ္မဌာန်း တစ်ပါးပါးကို ရွေးချယ်ပြီး ကျင့်ကြံဖို့ပါပဲ … ဘာကြောင့်လဲဆိုတော့ မရဏမင်း ဘယ်အချိန်လာမလဲဆိုတာ ကျနော်တို့ မသိနိုင်ပါဘူး … မိုးကုတ်ဆရာတော် ကြီးတရားတစ်ပုဒ်မှာ ဟောပါတယ် ဘုရားရှင်လက်ထက် ရဟန်းထက် ပုထုဇဉ်က အရိယာဖြစ်တာပိုများပါတယ် …

  • Shwe Tike Soe

    April 25, 2011 at 3:02 am

    ကျေးဇူးတင်ပါတယ် ကျွန်တော် Download လုပ်ပြီးဖတ်လိုက်အုံးမယ်…

  • etone

    April 25, 2011 at 7:28 am

    အိမ်မှာလည်း အဲ့ဒီ စာအုပ်ရှိတယ် ဘိုးဘိုး ဖတ်ခဲ့တာ ပြီးတော့ ဖားသားကြီး ဖတ်တယ်…… etone ကတော့ ယောင်လို့တောင် မထိမိဘူး ဖားသားကြီး နဲ့ မကြည်တာနဲ့ ထော်လော် ကန့်လန့်ချည်းလုပ်နေတာ … ။ 😀

  • kai

    April 26, 2011 at 7:21 am

    .. မြန်မာ့သမိုင်းထဲ..ရဟန္တာလို့ ဝန်ခံရဲတဲ့..ရဟန်းရှိဘူးသလားတော့မသိ..။
    လူတွေထင်ချင်သလိုထင်အောင်. .ရောချနေတာမျိုးတော့ .. .တော်တော်တွေ့ဖူးကြားဖူးတယ်..။

    သမိုင်းထဲကမြန်မာပြည်အခြေအနေ… လောလောဆယ် မြန်မာပြည်အခြေအနေနဲ့.. သာသနာရေးအခြေအနေနဲ့. .အောင်မြင်တိုးတက်အကျိုးများတာတွေ ..ချိန်ထိုးကြည့်မိသလောက်… ခန့်မှန်းမိသလောက်တော့…
    မြန်မာ့သမိုင်းထဲ.. ရဟန္တာတပါးမှကို မပွင့်ထွန်းခဲ့ဖူးဘူးယူဆမိပါတယ်…။

    ကိုယ်ပိုင်အယူအဆသာဖြစ်ပါတယ်နော..။
    တော်ကြာ..နောင်နှစ်ဂွမ်တီ.းးဂွမ်တီးကျရင်… ဒီလိုယူဆသူ..ပြောရဲသူမရှိဘူးထင်နေကြမှာစိုးလို့..
    သမိုင်းကျန်ရစ်ရအောင်…။ 🙂
    =====================
    ပါရာဇိက ၄-ပါး

    ရဟန်းတော်များ ၎င်းတို့ဘဝမှ ဆုံးရှုံးမှုကြီး ၄-ပါး။
    (၁) ပဌမ ပါရာဇိက- အဗြဟ္မစရိယ အမှုကို ပြုခြင်း၊
    (၂) ဒုတိယ ပါရာဇိက- လူဇာတ် ပစ္စည်းကို ငါးကျပ်တန်မှစ၍ ခိုးယူမှု၊
    (၃) တတိယ ပါရာဇိက- လူဇာတ်ဖြစ်သူကို သတ်ခြင်း၊
    (၄) စတုတ္ထ ပါရာဇိက- ဈာန် မဂ် ဖိုလ် မရဘဲရ၏ဟု လိမ်ပြောမှု။

    ပါရာဇိက ၂၄-ပါး

    တနည်း။ ။
    အဘဗ္ဗပုဂ္ဂိုလ် ၁၁-ယောက်၊
    ရဟန်းယောက်ျား ပါရာဇိက ၄-ပါး၊
    ရဟန်းမ ပါရာဇိက ၄-ပါး၊
    စုတ်မှီအောင်ရှည်သော အင်္ဂါဇာတ်ရှိသူ၊
    အင်္ဂါဇာတ်ကို စုတ်မှီအောင် ခါးပျော့သောသူ၊
    ဘိက္ခုနီမ လူထွက်၊
    သူတပါး အင်္ဂါဇာတ်ကို စုတ်သောရဟန်း၊
    သူတပါးအင်္ဂါဇာတ်ကို ဖင်ထဲဝင်အောင် ဖိထိုင်သော ရဟန်း။

    • weiwei

      April 26, 2011 at 3:58 pm

      ကိုယ်မသိနိုင်တဲ့ ဉာဏ်မမှီနိုင်တဲ့ အရိယာနယ်ကို မဝေဖန်တာ ကောင်းပါတယ် …
      ဘာရယ်မဟုတ်ပဲ ပြစ်မှားမိရင် ဒါဏ် (၁၀)ပါး ထိတတ်တယ်တဲ့ …

    • Sai Malt

      February 11, 2012 at 7:30 pm

      ရဟန္တာ ပုဂိ္ဂုလ်မှန်ရင် ဘယ်တော့အခါကာလ မှ မိမိနှုတ်မှ ဖွင့်မပြောပါဘူး၊ ဘာလို့လဲဆိုတော့ ပုထုဇဉ်တွေဟာ အတ္တကြီးတာတကြောင်း၊ မိမိအတွက်နဲ့ ပုထုဇဉ် တွေအပြစ်မသင့်အောင် မပြောတာပါ၊ ပုထုဇဉ်တို့၏ နှုတ်ကအငြိမ်မနေပါဘူး၊ မပြောတာကမှ ပိုကောင်းလို့မပြောတာပါ။ ဒါပေမယ့် ပြောချင်ရင် အရိပ်အမြွက်ပဲပြပါတယ်၊ ရှပ်ပြီးပဲပြောပါတယ် ခေတ်စကားနဲ့ပြောရင် Direct မပြောပါဘူး၊ အရိပ်အမြွက်ပြတာတောင် ပုထုဇဉ်တွေမသိပါဘူး အင်မတန်ဉာဏ်တုံးပါတယ် ၊ ဥပမာပြရရင် – တခါက ရဟန္တာအရှင် မြတ်တပါး ဟာ နောက်လိုက်ရဟန်းများနဲ့ တောမှာနေပြီး ဝိပဿနာ အားထုတ်ကြပါတယ်၊ တစ်နေ့တော့ ကပ္ပိ်ရ ရဟန်းက ထိုအရှင်မြတ်ကို လျှောက်ပါတယ် .. အရှင်ဘုရား တပည့်တော် များ ရဟန္တာကို ဖူးချင်လွန်းလှပါတယ် ဘုရား ရဟန္တာ ဆိုတာဘယ်လိုမျိုး သိနိုင်ပါသလဲ ဘုရား … ဆိုတော့ ရဟန္တာအရှင်မြတ် က ထိုကပ္ပိရ ကို ဖြေပါတယ် … အေးရဟန္တာဆိုတာ နေ့တိုင်း နောက်ကလိုက်ပီး အနားမှာ နေပြီး ဝေရာဝိစ္စ လုပ်တာတောင် မသိနိုင်ဘူး ကွဲ့ အဲသလောက်ထိအောင် သိနိုင်ခဲလှတယ် ။

    • Sai Malt

      February 11, 2012 at 7:38 pm

      မိုးကုတ်ဆရာတော်ကြီးလည်း ရဟန္တာ ဖြစ်ကြောင်း ဝန်ခံသွားပါတယ် ၊ တခါကအောက်ပြည် အောက်ရွာမှာ ရဟန္တာ ပေါ်တယ်ကြားလို့ ဆရာတော်ကြီးရဲ့ ဒကာမအရင်း (နာမည်မမှတ်မိ) က ဆရာတော်ကိုလျှောက်ပါတယ် … ဆရာတော် ဘုရားတပည့်တော်မ အောက်ပြည်အောက်ရွာကို ခရီးထွက်မလို့ပါဘုရား … ဆိုတော့ ဆရာတော် ကမေးတယ် .. ဘာလုပ်ဖို့တုန်း .. အောက်ပြည်အောက်ရွာ မှာရဟန္တာ ပေါ်တယ်လို့ ကြားလို့ သွားဖူးမလို့ပါဘုရား .. ဆိုတော့ ဆရာတော်ကရယ်ပါတယ် … ကောင်းပါတယ် ရဟန္တာ သွားဖူးတော့ ကုသိုလ်ရတာပေါ့ … ဒါနဲ့နေပါအုံး ဒကာမ ရဟန္တာ ဆိုတာဘယ်လိုသိတုန်း … ရဟန္တာ ကြီးတစ်ယောက်လုံးကိုယ့် ရှေ့မှာထိုင်နေတာတောင် နင်သိလို့လား …ဟူဧ။်

    • Sai Malt

      February 11, 2012 at 7:45 pm

      ကိုယ့်လူ Kai …. comment ကိုတစ်ကယ်စိတ်ရင်း နဲ့မရေးရင်တော့ ဘာမှမပြောလိုပါဘူး ၊ ဒါပေမယ့် ပြင်ရင်မှီပါသေးတယ် . ကိုယ်တိုင်သိမြင်ချင် ရင် ဝိပဿနာ အားထုတ်ပါ. ဒီလောက်ပဲ ပြောချင်ပါတယ် .. detail မပြောလိုပါဘူး ၊ ကျနိုပ် လည်း ကျင်ကြံနေဆဲသူ မို့ ရှေးသူတော်ကောင်းများ မိန့်ခဲ့သည့် အတိုင်း မိမိက ရှေ့မှ အရင်မရောက်နှင့်ပဲနဲ့ နောက်လူကို မတွဲခေါ်သင့် ပါဘူး

    • True Answer

      February 12, 2012 at 8:05 am

      ဂျပန် ဘာသာရေးဇိမ်ဂိုဏ်း အလယ်မကျတကျ အစွန်းရောက် ပစ္စပ္ပါန်ရုပ်ဝါဒီ သဂျီးကတော့
      အထင်နဲ့ပြောနေတော့တာပါပဲ။ း) ရမ်းပြော မှန်းပြော အထင်နဲ့ ပြောနေတော့ ရမ်းပြော မှန်းပြော အထင်ပြောဘဲဖြစ်တော့တာပါပဲ

      သဲအင်းဂူဆရာတော်ကြီးလည်း ရဟန်းကိစ္စပြီးကြောင်း (ရဟန္တာဖြစ်ကြောင်း) ဝန်ခံ ပါ၏။
      သူ့ကို စာတတ်ရဟန်းတော်များ အကြိမ်ကြိမ်စစ်မေးကြပါ၏။
      အသေးစိတ်နားဆင်လိုပါက

      http://www.mediafire.com/?sa55u0uvgtal6#o44544q2xx6hy

  • maungmoenyo

    April 26, 2011 at 1:32 am

    ဟုတ်ပါပေ့ ..ကိုကြောင်ကြီးရေ့…။ တရားသေလို့မယူဆသင့်ကြောင်းပါ။

  • kai

    April 26, 2011 at 5:35 pm

    ဘယ်လိုလုပ်မသိနိုင်…ဉာဏ်မမှီနိုင်ရမှာလည်းကွယ်…။ 🙂
    ဘုရားပွင့်ချိန်က.. အိနိ္ဒယမှာ… ဒီခေတ်ထက်အများကြီးကို … ပုဂ္ဂိုလ်ထူးတွေ ပေါတာပေါ့..။
    ဒါတွေ..ဒီလူတွေကို..ဘာတွေလည်းး… ဒုက္ခဆိုတာဘာလည်း.. ဒုက္ခလွတ်ရာကဘာတွေလည်း..စသဖြင့်လူတွေ မှီအောင်သိအောင် ..ဂေါတမဗုဒ္ဓက..၄၅နှစ်လုံးလုံးလုံး တရားတွေမနားတန်းဟောခဲ့တာ…
    ဒီခေတ်.. ပညာအမြင်မျက်စိပါထပ်ဆောင်း..တကမ္ဘာလုံးက ..တခြားကိုးကွယ်ကြရာဘာသာကြီးတွေနဲ့… တွေးခြုံကြည့်.. သုံးသပ်…ဆန်းစစ်…

    ဒါတောင်..မသိသေးရင်…တော်တော် “အ”သေးလို့ဖြစ်မှာပါ…။
    .. ဓမ္မကိုဖတ်တာ..လေ့လာတာ..မအ, အောင်လို့ လို့ (ဒေါက်တာသန်းထွန်းစကား ယူသုံးပြီး) ပြောရမလိုဖြစ်နေပြီ…။

    ဆိုတော့..
    လူရဲ့အရိုးက… ကယ်လစီယံနဲ့..ဖော့စ်ဖိတ်ဓါတ်ပါတယ်..။
    ဒါကို မီးပြင်းနဲ့မြိုက်ရင်.. ကယ်လ်စီယံအောက်ဆိုက်.ပါရောက်ဆိုက်ဖြစ်တယ်..။
    ပူလွန်းတဲ့အချိန်ကိုက်… အုန်းရေလို..ကာဗွန်နိတ်ပါတဲ့.. ရေအအေးနဲ့ဖြတ်လောင်း… ကယ်လ်စီယံအောက်ဆိုက်ဟာ…အစေ့အစေ့အလုံးလုံးတွေဖြစ်တတ်တယ်ဆိုတာ… ဓါတ်ခွဲခန်းထဲလုပ်ပြရဦးမလားတော့မသိ…။

    သူများနိုင်ငံတွေများ… အရိုးပြာကို… အမှတ်တရလိုချင်သူများအတွက်…ဆားဗစ်မျိုးစုံပေးတာ… ပြာဖြစ်နေတဲ့..ကာဗွန်တွေကို..အပူချိန်..ဖိအားပေးတော့… စိန်အတုလေးတွေပါလုပ်ပေးတယ်…။ ရောင်စုံကျောက်ကလေးတွေလုပ်ပေးတယ်..။ အမှတ်တရ.. စာရေးလို့ရတဲ့.. ခဲဆံတောင်လုပ်ပေးသေး..။ မြန်မာတွေက .. ဓါတ်တော်ဆိုတာတွေကို ..ကိုးကွယ်နေကြတယ်ဆိုတာ.. တခြားနိုင်ငံက လူတွေမေးကြည့်ချင်သေးလား..။ မြန်မာပြည်အပြင်မှာနေတဲ့ ..ရွာသားတွေ.. အနီးအနားက လူတွေမေးကြည့်လိုက်ပါဉ်ိး..။ အာဖျံကွီးရိုးရိုးသူမမေးပါနဲ့.. ဘဝမှာအောင်မြင်နေသူတွေကိုသာ.. ပွင့်လင်းစွာဝေဖန်ပေးပါဆိုပြီးမေးပါ…။ ပက်လက်တောင်လန်ကျသွားဦးမယ်…။ 🙂
    လူသေရင်… မပုပ်ပဲခြောက်သွားအောင်ဆိုတာ… ကမ္ဘာမှာ.. လွန်ခဲ့တဲ့နှစ်ထောင်ချီကတည်းက..မာယာ..အင်ကာယဉ်ကျေးမှုတွေမှာလုပ်တတ်တယ်…။ အခုထိလည်း အာဖရိကတောထဲက… လူတွေလုပ်တတ်တယ်…။ ဘာခေတ်မှီဆေးမှမသုံးဘူး..။

    ထားပါတော့…
    ဘုရားပွင့်တယ်..။ရဟန္တာပွင့်တယ်ဆိုလို့..လူတွေအကျိုးများတယ်ဆိုတာ… ဘုရား၊ရဟန္တာ သူတို့ကိုယ်နှိုက်ကတင်…များနေတာမဟုတ်ဘူး…။
    လူတွေကအကျိုးများတာ…။
    များမှာပေါ့.. အရိယာက… အမှန်တွေချည်းပြောပြ ရှင်းပြတာကိုး.. ဘာအစွဲမှာမရှိ..။ဘာကိလေသာမှမရှိ…အရိယာ ပြောတဲ့စကားတိုင်း..တရားတိုင်း… လူတွေအတွက်အင်မတန်အကျိုးများတယ်..။
    နိုင်ငံရေး..စီးပွားရေး.အိမ်ထောင်ရေး….ကြီုက်တာသွားမေး…။ ဖြေတာပြောတာအကုန်သေသေချာချာ နားထောင်..အင်မတန်အကျိုးများတဲ့တရားတွေချည်းဖြစ်တယ်…။
    အကျိုးများတော့ ဘာဖြစ်သလဲ..။
    ရဟန္တာတပါး..အရိယာတဦး…ထင်ရှားရှိတဲ့တိုင်းပြည်.သူ့အဆုံးအမထဲ တည်တဲ့တိုင်းပြည်.. .မင်း…အစိုးရ…လူ့အသိုင်းအဝိုင်း..အင်မတန်တိုးတက်တယ်…။ ငြိမ်းချမ်းတယ်..။ အောင်မြင်တယ်…။

    ဗုဒ္ဓရဲ့..သံဃာ..ဂိုဏ်းကိုဖွဲ ့စည်းပေးတဲ့ရည်ရွယ်ချက်ကဘာလဲ…။ သေသေချာချာ သဘောပေါက်ကြရဲ့လားမသိ..။
    ရဟန်းကနေ.. ရဟန္တာဖြစ်ပဟ ဆိုပြီး…ဘယ်သူ့မှမပြောပဲ.. တိတ်တ်ိတ်လေး.. တောထဲဝင်.. တရားထိုင်နေကြဖို့များ… ဘုရားကတိုက်တွန်းခဲ့တယ် ထင်နေကြသလားမသိ..။ 🙁

    (မြန်မာပြည်မှာ .ပုဂ္ဂိုလ်ထူးတော့တော်တော်ပေါမယ်လို့တော့ ထင်ပါတယ်..။
    ယောဂကျင့်စဉ်တွေကို …တစိုက်မတ်မတ်လုပ်ရင်… ဈာန်နဲ့.. အဘိဉာဉ်တော့ ရလောက်တယ်..။ ဤကားစကားချပ်)

    • bigcat

      April 27, 2011 at 12:54 am

      သဂျီးရေ သိချင်ရင် ပေးထားတဲ့ ဖိုလ်ဒါလင့်ခ်ထဲက အသံဖိုင်၁-၂-၃ ကိုသာနားထောင်ကြည့်ပေတော့။
      http://www.mediafire.com/kotseikkosit#o44544q2xx6hy,1
      သဂျီးပြောသလို ရဟနာ္တဖြစ်တယ်လို့ တိုက်ရိုက်တော့ ပြောတယ်မကြားမိပါဘူး။ ဒါပေမဲ့ သဲအင်းဂူဆရာတော်ကတော သိရသလောက်ထဲမှာ အသိသာဆုံး ဖွင့်ဟပြောခဲ့တဲ့ ရဟနာ္တကြီးပါ။

    • Sai Malt

      February 11, 2012 at 8:17 pm

      သာသနာတော် အကျိုး အဓွန့်ရှည် အောင်လုပ်ချင်ရင်တော့် ကို Kai ဆုကြီးပန်လုပ်တာ ပိုသင့်တော် ပါတယ်

      • Sai Malt

        February 11, 2012 at 8:23 pm

        ကျနော်ကတော့ အဲဒီလောက်ကြီးထိ မစောင့်ချင်တော့ဘူးဗျ ၊ အရိုး ၁၃ မိုင် လည်းမတက်ချင်တော့ပါဘူး ၊ ကို Kai က သမိုင်းကို တော်တော် နှံ့နှံ့စပ်စပ်သိပုံရပါတယ် ၊ ရှေးအခါကာလက ဘုရားရှင် လက်ထက် IT နည်းပညာ Gtalk တွေ Facebook တွေ မပေါ်သေး ပါဘူး၊ တစ်နည်းပြောရရင် အခုခေတ်လို လောကီအရာ မှာ မကျယ်ပြန့်ပါဘူး ၊ ဒါပေမယ့် ဘုရား ရဟန္တာ တွေမှာ မိမိသန္တာန်အကြောင်းကိုတော့ ကောင်းကောင်းသိကြတဲ့ ပုဂိ္ဂုလ်များ ပါ၊

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 26, 2011 at 12:40 pm

    ( သမိုင်းထဲကမြန်မာပြည်အခြေအနေ… လောလောဆယ် မြန်မာပြည်အခြေအနေနဲ့..သာသနာရေးအခြေအနေနဲ့..အောင်မြင်တိုးတက်အကျိုးများတာတွေ ..ချိန်ထိုးကြည့်မိသလောက်… ခန့်မှန်းမိသလောက်တော့…
    မြန်မာ့သမိုင်းထဲ.. ရဟန္တာတပါးမှကို မပွင့်ထွန်းခဲ့ဖူးဘူးယူဆမိပါတယ်…။)
    မိုးကုတ်ဆရာတော်ဘုရားကြီးက
    ဘယ်သမိုင်းလောက်မှာ ပါဘာလိမ့်????
    ဪ…….
    ကြုံလို ့ပြောရရင်
    ဓာတ်တော်ဆိုတာကို အနောက်တိုင်းကဘာ်လိုဖွင့်ဆိုသလဲဗျ
    ဆိုလိုတာက
    ဓာတ်တော်လိုမျိုးအရာကို သူတို ့ရဲ ့ပညာရပ်တွေနဲ ့
    ဘယ်လို ဘာညာ သာရကာပေါ့

    • Sai Malt

      February 11, 2012 at 8:10 pm

      ကို ဂျော်နီ ကိုအကောင်းဆုံး အကြံပေးချင်တာကတော့ မြန်မာ့သမိုင်းထဲမှာ ရဟန္တာတစ်ကယ် ပွင့်မပွင့် ကအရေးမကြီးပါဘူး .. အရေးကြီးတာက မိမိခန္ဓာမှာ ဘုရား အရင်ပွင့်ဖို့၊ သာသနာပွင်ဖို့ က ပိုအရေးကြီးပါတယ်၊ ဓာတ်တော်အကြောင်းက နောက်တစ်ပိုင်းမှပါ

  • ဆူး

    April 26, 2011 at 12:53 pm

    သဂျီး ရယ်.. ဖြစ်မှ ဖြစ်ရလေ.. သူဟာသူ ရဟန်းဘဲ ဖြစ်ဖြစ် ရဟနာ္တဘဲ ဖြစ်ဖြစ်.. ကိုယ်နဲ့ မှ မဆိုင်တာ.. တကယ် ရဟန်းကိစ္စ ပြီးသွားတဲ့ ရဟန်း ဆိုရင်လည်း သိတဲ့ လူတွေ သိသလို မသိတဲ့ လူတွေ လည်း မသိကြဘူး..

    အဓိကတော့ လူသိမခံချင်လို့.. လူတွေ သိရင် ထူးတယ် ဆိုပြီး လိုက်ရှုပ်လွန်းလို့ လူတွေနဲ့ ကင်းအောင် မသိမသာ နေကြတာ.. မဟုတ်တာကို ပြောဆိုပြီး ပါရာဇိကံ ကျမှာ စိုးလို့ မဟုတ်ဘူး။
    တချို့ ရဟန်းများဆို လူမသိ သူမသိ ပျံလွန်တော် မူမှ ဓါတ်တော် ကျတာတို့ ဘာတို့ ဖြစ်မှ သိကြတယ်။
    ထူးခြားတဲ့ ရဟန်းတွေ အများကြီးပါ.. စာအုပ် ပြုစုတဲ့ ခေတ်နောက်မှ ရဟန်းတွေလည်း ရှိပါသေးတယ်။
    တခါတုန်းက ဟင်္သာတ ကို အလှူကိစ္စနဲ့ သွားတာ ရွာသားတွေ ပြောတာ မယုံလို့.. အဲဒီ ရွာက ဘုန်းကြီး အုတ်ဂူကို သွားကြည့်ခဲ့တယ်.. ဘုန်းကြီး ဘွဲ့နာမည် ရေးထားတဲ့ စာတမ်းအတိုင် တခြားတဖက်မှာ မီးတန်းလိုလို တဖျက်ဖျက်နဲ့ ပေါ်နေတယ်။ တကယ်လည်း မြင်ခဲ့တယ်။ အဲဒီ လို ရဟန်းမျိုး သေပြီးမှဘဲ လူတွေ သတိထားမိတယ်။ ဒါမျိုးတွေလည်း ရှိသေးတယ်။ မယုံရင် မြန်မာပြည် ပြန်လာပြီး စာတမ်း လာပြုစုမလား.. လိုအပ်တဲ့ အချက်အလက်တွေ ဝိုင်းစုံစမ်းပေးမယ်။ ထင်တာတွေ လျှောက်မပြောနဲ့..
    ကိုယ်တိုင် မြင်အောင် သိအောင် လုပ်ကြည့် ပြီးမှ ဟုတ်မဟုတ် လက်ခံ.. ပြန်လာရင်တော့ ဖားအောက်မှာ တရားစခန်း ၃ လ ဝင်ပြီးမှ ပြန်ရမယ် ဒါဘဲ။
    နောက်ပြီး ရဟန်းကိစ္စ ပြီးတဲ့ ရဟန်းများ မီးသဂြိုလ်တာ မလုပ်ဘဲ ပြစ်ထားရင် အသွေးအသား အလိုလို ခြောက်သွားတာ.. ပိုးထိုးလောက်ကိုက် မဖြစ်ဘူး။
    သဂျီးများ သေရင် လောက်မတက်ဘူး အာမခံ နိုင်မလား..

    • bigbird

      April 26, 2011 at 3:43 pm

      ထိုင်းမှာ လောက်ကောင်တွေကို ဆီနဲ့ကြော်ရောင်းတယ်။
      လောက်များများရရင် ပါစယ်နဲ့ ပို့လိုက်ပါ…အန်တီဆူးရေ..

    • Sai Malt

      February 11, 2012 at 8:12 pm

      မဆူးက ဖားအောက် သာဝက ကို သာဓု ဗျာ သာဓု

  • fatty

    April 26, 2011 at 3:03 pm

    ကျနော်ကတော့ တခါကရေးခဲ့ဘူးသလိုပါဘဲ ရဟန်းကိစ္စပြီးသွားပြီဆိုရင် သူ့ဖာသာပြီးသွားတာဖြစ်ပါတယ်။ ဘယ်သူ့မှလဲပြောနေမှာမှုတ်ပါဘူး။ပြီးတော့ရဟန္တာတပါးရဲ့ စိတ်အမြင်ကို အလုပ်လုပ်ဘူးသူတွေ နဲနဲမှန်းကြည့်နိုင်မှာပါ ..။ သူ ငါ မရှိတော့ဘူးလေ ..။ ခန္ဓာရှိနေသေးလို့ ကုသိုလ်ရကြပါစေတော့ ..။ဆိုပြီး အဖူးခံတာတော့ရှိချင်ရှိမယ် အဲဒီအချိန်မှာ
    ပညတ်ကို ပြန်ခေါ်ရမှာပေါ့ ..။ သာသနာပြုဖို့ ဆက်လုပ်တာတော့ရှိချင်မှရှိမယ် .. အလှုခံတာမျိုးကိုပြောတာပါ ..။ဘုရားတည်ကျောင်းဆောက်တွေ လုပ်ချင်မှလုပ်တော့မယ်။ သူ့ဆုတောင်းကလဲရှိသေးတာကိုး ..။ ရဟန္ဓာဖြစ်ပြီး သာသနာတည်တံ့အောင်ဆက်လုပ်ဖို့ အဓိဌာန်
    ထားတာမျိုးလဲရှိချင်ရှိမှာပါ ..။တခုဘဲရှိတာက ရဟန္တာ ပေါ်တယ်ဆိုရင် အများစုက ပြေးဖူးကြပြီ။
    ကုသိုလ်ရဖို့ရော ရဟန္တာက ကိုယ့်ကို မ,စမယ်ထင်လို့ရော ရောထွေးနေပါတယ် ..။ သဘာဝတရားရဲ့
    တည်ရှိပုံ ဖြစ်ပျက်ပုံတွေကို ၃ လလောက် အချိန်ပြည့်နီးပါး ဆင်ခြင်ကြည့်ရင် ပိုမြင်ပြီး သဘောပေါက်
    နိုင်မယ်ထင်ပါရဲ့။

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 27, 2011 at 2:46 am

    ဒါဆိုရင်ဒီလိုလုပ်ပါလားသဂျီးရဲ ့
    ကိုယ်က ကိုယ့်ကိုယ်ကိုယ် ဗုဒ္ဓတရားတော်တွေကိုလက္ခံယုံကြည်တယ်
    သိပ္ပံပညာနဲ ့လည်းရုတ္တိရုတ္တန်ခွဲခြားပြနိုင်တယ်ဆိုတော့
    ယနေ ့မြန်မာတစ်နိုင်ငံလုံးမှာရှိနေတဲ့
    မိုးကုတ်ဝိပဿနာဌာနတွေနဲ ့
    အခြားနေရာတွေကို
    ဤသောသိပ္ပံပညာရပ်၏လက်တွေ ့စပ်းသပ်ချက်ကြောင့်
    မိုးကုတ်ဆရာတော်ဘုရားကြီးဟာ
    ရဟန္တာကြီးဆိုတာ ချင့်ချိန်ပြီးယုံကြပါလို ့
    လိုက်ပြီးနှိုးဆော်ဘို ့တိုက်တွန်းပါတယ်
    ဘာဖြစ်လို ့လဲဆိုတော့ ပုဂ္ဂိုလ်တစ်ယောက်ကို အထင်မှားနေရင်လဲ
    ဒိဋ္ဌိသဘောဆိုတာကိုရောက်စေတယ်မဟုတ်ဘူးလား
    ဒီတော့ကာ
    သဂျီးကိုယ်တိုင်လည်း
    ဗုဒ္ဓရှင်တော်ဘုရားရဲ ့တရားတော်မြတ်တို ့ကိုသက်ဝင်ယုံကြည်သူတစ်ယောက်ဖြစ်တယ်လို ့
    မှတ်ယူထားတဲ့အတွက်
    လူတွေအထင်မမှားစေဘို ့လုပ်ဆောင်သင့်သလို
    သဂျီးကိုယ်တိုင် ဗုဒ္ဓရှင်တော်ဘုရားရဲ ့တရားတော်မြတ်တို ့ကို မယုံကြည်နိုင်သူတစ်ယောက်ဖြစ်ခဲ့ရင်
    ရုတ္တိမရှိတဲ့သဘောတရားတွေကို လူတွေမကျင့်ကြံကြဘို ့
    လုပ်ဆောင်ရာကိုလည်းသဘောသက်ရောက်မှာဖြစ်တဲ့အတွက်
    ချသဂျီးချ
    လှုပ်ဆော်သင့်တယ်

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 27, 2011 at 2:47 am

    ဒါပေမယ့်
    အောင်ပုလွတ်လွတ်နော်

  • weiwei

    April 27, 2011 at 2:57 am

    သူကြီးရေ … သူများပြောတိုင်း မယုံနဲ့ … ကိုယ်တိုင်လေ့လာပြီးမှ ကျင့်ကြံပြီးမှ ယုံရတယ်တဲ့ …

    သန်လျင်က ဖားအောက်တောရရိပ်သာမှာ စမ်းကြည့်မလား … သန်လျင်က အောင်သုခဓမ္မရိပ်သာမှာ စမ်းကြည့်မလား … ၂ ခုစလုံးအတွက် စပွန်ဆာပေးပါ့မယ် … (ယူအက်စ်-ရန်ကုန် လေယာဉ်စရိတ်မပါ) …

    • ဆူး

      April 27, 2011 at 1:01 pm

      မ အ အောင် စာဖတ်ပြီးတော့
      မ အ အောင် ဘာလို့ အားမထုတ်တာလဲ.
      အားထုတ်ဖို့ စပွန်ဆာ ပေးတဲ့ လူ ၂ယောက် ဖြစ်နေပြီနော်..

      ဘယ် ဖားအောက် သွားချင်လဲ.. မော်လမြိုက် ဖားအောက် သွားမလား..
      သန်လျင် ဖားအောက် သွားမလား..

    • shwe ni

      April 27, 2011 at 1:36 pm

      သူကြီး မော်လမြိုက် ဖားအောက် နဲ့ သန်လျင် ဖားအောက် လာမယ်ဆို
      ထိုင်း-ရန်ကုန် လေယာဉ်စရိတ် (၁)ကြောင်းစာ ဒါနပြုလိုပါကြောင်း

  • eros

    April 27, 2011 at 4:27 am

    ရွှီး….ရွှီး…… ဂျိန်း..ဂျိမ်း..ဝုန်း… ဒက် ဒက် ဒက်… ဘောင်းဘောင်းဘောင်း… ဒိုင်းဒိုင်း.. ရွှီး….ရွှီး .. အုန်း..အုန်း..ဖောင်းဖောင်း… ဒက် ဒက် ဒက်..ဒိုင်းဒိုင်း..ဒိုင်းဒိုင်းဒိုင်း…ဝရော..ဝရော..ဝုန်း.ဝုန်း.ဝုန်း.ဝုန်း.ဝုန်း. ဂျိမ်း၊ ဒက် ဒက်.. ဒက် ဒက် ဒက်

  • padonmar

    April 28, 2011 at 7:18 pm

    “လူရဲ့အရိုးက… ကယ်လစီယံနဲ့..ဖော့စ်ဖိတ်ဓါတ်ပါတယ်..။
    ဒါကို မီးပြင်းနဲ့မြိုက်ရင်.. ကယ်လ်စီယံအောက်ဆိုက်.ပါရောက်ဆိုက်ဖြစ်တယ်..။
    ပူလွန်းတဲ့အချိန်ကိုက်… အုန်းရေလို..ကာဗွန်နိတ်ပါတဲ့.. ရေအအေးနဲ့ဖြတ်လောင်း… ကယ်လ်စီယံအောက်ဆိုက်ဟာ…အစေ့အစေ့အလုံးလုံးတွေဖြစ်တတ်တယ်ဆိုတာ… ဓါတ်ခွဲခန်းထဲလုပ်ပြရဦးမလားတော့မသိ…။

    သူများနိုင်ငံတွေများ… အရိုးပြာကို… အမှတ်တရလိုချင်သူများအတွက်…ဆားဗစ်မျိုးစုံပေးတာ… ပြာဖြစ်နေတဲ့..ကာဗွန်တွေကို.. အပူချိန်..ဖိအားပေးတော့… စိန်အတုလေးတွေပါလုပ်ပေးတယ်…။ ရောင်စုံကျောက်ကလေးတွေလုပ်ပေးတယ်..။ အမှတ်တရ..စာရေးလို့ရတဲ့.. ခဲဆံတောင်လုပ်ပေးသေး..။ မြန်မာတွေက .. ဓါတ်တော်ဆိုတာတွေကို .. ကိုးကွယ်နေကြတယ်ဆိုတာ.. တခြားနိုင်ငံက လူတွေမေးကြည့်ချင်သေးလား..။ မြန်မာပြည်အပြင်မှာနေတဲ့ ..ရွာသားတွေ.. အနီးအနားက လူတွေမေးကြည့်လိုက်ပါဉ်ိး..။ အာဖျံကွီးရိုးရိုးသူမမေးပါနဲ့.. ဘဝမှာအောင်မြင်နေသူတွေကိုသာ.. ပွင့်လင်းစွာဝေဖန်ပေးပါဆိုပြီးမေးပါ…။ ပက်လက်တောင်လန်ကျသွားဦးမယ်…”

    သဂျီးရေ၊ လွန်ခဲ့တဲ့ ၃နှစ်လောက်က ပျံလွန်သွားတဲ့ မိုးကုတ်ဆရာတော် ဦးဃောသိတ(တစ်ဘဝသာသနာကျမ်းပြု)ဟာသူသက်ရှိထင်ရှားရှိစဉ်မှာ မြဝတီရုပ်သံကနေ တနင်္ဂနွေနံနက်တိုင်း သူ့တရားတွေလွှင့်ပေးပါတယ်၊သူ့ဈာပန အခမ်းအနားကိုလည်း လွှင့်ပေးပါတယ်၊ နာရီပေါင်းများစွာ(၆နာရီခန့်-နေ့လည်မှ ညနေစောင်းသည်ထိ )မီးသဂြိင်္ုလ် အပြီးမှာ မျက်လုံးနဲ့ နှလုံး ဟာ မီးမလောင်ပဲကျန်ခဲ့ပါတယ်၊ အဲဒါ TV ကနေ တစ်တိုင်းပြည်လုံးကို ပြသွားတာပါ၊Record လည်းရှိမှာပါ။ ဆရာတော်ရဲ့ မျက်လုံးနဲ့ နှလုံးလည်း သူ့ကျောင်းမှာ ကိုးကွယ်ထားပါတယ်၊ Caူcium Carbonate တွေ မဟုတ်တဲ့ ဒီလို soft tissue တွေ ကျန်တာကိုကော ဘယ်လို ပြောမလဲ၊ ရှေးပဝေသဏီက ယုံတမ်းပုံပြင်မဟုတ်ပါ၊

  • MaMa

    April 28, 2011 at 1:09 pm

    eros ရေ ကိုင်ထားတာကမျှား။ ထွက်လာတဲ့အသံက တခြားပါလား။

    • eros

      April 28, 2011 at 1:32 pm

      ဪ ဒါက မော်ဒန် eros. နောက်တာနော်။ တကယ်ကတော့ အချင်းချင်း ချစ်ခင်အောင် မြှားနဲ့ ပစ်မယ်ကြံတုန်း တိုက်ပွဲပြန်းထန်လာတာကို ကြားမိတာ ပြန်ရေးလိုက်တာ။ ဟဲဟဲ

  • nature

    April 28, 2011 at 2:11 pm

    ရွာသားတွေသူကြီးကိုပညာသားပါပါချစ်ကြတယ်နော်၊သူကြီးကိုပညာသားပါပါ စပွန်ဆာပေးနေတယ်၊ အသွားလေယာဉ် လက်မှတ်နဲ့ တရားထိုင်ဖို့ စပွန်ဆာ ရပြီး အပြန်လေယာဉ်လက်မှတ်စပွန်ဆာမပါတော့ သူကြီးဘယ်လိုလုပ်ပြန်မတုန်း၊ သူကြီးရေတခါတည်း တရားအားထုတ်ပြီးအရိုးထုတ်ရတော့မယ်ထင်တယ်။ 🙂

Leave a Reply