ရပိုင်ခွင့်….နှင့်…ရောင့်ရဲပါ

  • ကိုယ့်ရပိုင်ခွင့်ကို ကျေနပ်ပါ။ ကိုယ့်ရပိုင်ခွင့်နှင့် ကျေနပ်သူသည် စိတ်ချမ်းသာ၏။ ကိုယ့်ရပိုင်ခွင့်ကို မကျေနပ်သူများသည် သူများရထားသည်များကို လိုချင်ကြကုန်၏။
  • ကိုယ်ချမ်းသာ၊ စိတ်ချမ်းသာအောင် နေတတ်အောင် ကြိုးစားပါ။ မိမိရထားတဲ့ အခွင့်အရေးကို အထင်မသေးပါနှင့်။
  • ကိုယ် ရထားတာကို အထင်သေးသူသည် စိတ်မချမ်းသာနိုင်၊ စိတ်မချမ်းသာလျှင် သမာဓိမရနိုင်။
  • ကိုယ်ရထားသော လက်တလောတည်ရှိမှုကို မရောင့်ရဲခြင်းသည် စိတ်မချမ်းသာနိုင်။
  • ရထားတာနဲ့ ကျေနပ်ပါ.. ရှေးဘဝက ကုသိုလ်ကံအကျိုးပေါ်တွင် မူတည်၍ ဒီဘဝ၌ မတူညီသော ရပိုင်ခွင့်များ ရရှိကြပေသည်။
  • တစ်ဦးနှင့် တစ်ဦး ရပိုင်ခွင့်ခြင်းမတူနိုင်။ သူများရပိုင်ခွင့်ကို လိုချင်ခြင်းသည်လည်း စိတ်ချမ်းသာလိမ့်မည်မဟုတ်။
  • စိတ်ချမ်းသာလိုလျှင် မိမိရပိုင်ခွင့်နှင့် ကျေနပ်ပါ။ ကိုယ့်ရပိုင်ခွင့်ကို မကျေနပ်ပါက သူများရပိုင်ခွင့်ကို လိုချင်ကြ၏။
  • ကိုယ့်ရပိုင်ခွင့်ကို အထင်မသေးပါနှင့်၊ သူများရပိုင်ခွင့်ကိုလည်း အားမကျပါနှင့်။
  • ကိုယ့်ရပိုင်ခွင့်ကို မကျေနပ်ခြင်းသည် အကုသိုလ်များသာ ဖြစ်စေ၏။ အကုသိုလ်များ ပြုလုပ်ခြင်း၊ အကုသိုလ်များ ပြောဆိုခြင်း၊ အကုသိုလ်များ ကြံစည်ခြင်းသည် ကိုယ့်ရပိုင်ခွင့်ကို မကျေနပ်ခြင်းကြောင့်သာဖြစ်သည်။
  • ကိုယ့်ရပိုင်ခွင့်ကို မကျေနပ်ခြင်းသည် အကုသိုလ်အားလုံး၏ အစ ပင် ဖြစ်သည်။
  • လူဖြစ်ခြင်းသည် ရပိုင်ခွင့်ဖြစ်သည်။ လူဖြစ်အောင် ကုသိုလ်လုပ်ခဲ့ရသည်။

    သာသနာနှင့် ဆုံခြင်းသည် ရပိုင်ခွင့်၊ သာသနာနှင့်ဆုံအောင် ကုသိုလ်တွေ လုပ်ခဲ့ရသည်။

    ဆရာသမားကောင်းတို့နှင့် တွေ့ဆုံခြင်းသည် ရပါခွင့်၊ ဆရာသမားကောင်းတို့နှင့် တွေ့ဆုံကောင် ကုသိုလ်များလုပ်ခဲ့ရသည်။

    တရားဓမ္မနှင့် ကြုံဆုံခြင်းသည် ရပိုင်ခွင့်၊ တရားဓမ္မနှင့် ကြုံဆုံအောင် ကုသိုလ်တွေ ပြုခဲ့ရသည်။

  • အချိန်တိုင်း ရပိုင်ခွင့်ကို ကျေနပ်ပါ။ ကိုယ့်အလုပ်ကိုပဲလုပ်ပါ။ သူများကို ဂရုမစိုက်ပါနဲ့၊ သူများရထားတာတွေကို မလိုချင်ပါနဲ့၊ မမက်မောပါနှင့်။ သူ့ကံနှင့်သူ ရသည်ကို သဘောပေါက်ပါ။
  • ရောင့်ရဲပါ။ အလုပ်ကိုရောင်ရဲသူသည် ပျင်းရိသူဖြစ်သည်။၊ ရပိုင်ခွင့်ကို ရောင့်ရဲသူသည် တရားရှိသူဖြစ်သည်။

http://www.meepyatite.info/အရှင်ဆေကိန္န

ရပိုင်ခွင့်မျာနှင့်ရောင့်ရဲကျေနပ်စေခြင်းငှာဝေမျှအပ်ပါသည်။။။။။။။။

2 comments

  • manawphyulay

    April 24, 2011 at 12:00 pm

    ခုလောလောဆယ်တော့ ရပိုင်ခွင့်နဲ့ နေနိုင်ခွင့်ကို ရောင်ရဲတင့်တယ်စွာ နေတော်မူနေ၏……………

  • maungmoenyo

    April 25, 2011 at 12:02 am

    တင်းတိမ်ရောင့်ရဲမှုက ပြောရလွယ်သလောက် သတိလက်လွတ်ဖြစ်ကြတာတွေ အများကြီးပါ။ စိတ်ထားတတ်ရင်အလွန် အကျိုးရှိတာ ဒိဌပါ။

Leave a Reply