လူ့အမှုထဲမှာ တရားရှာ အဲဒါ ဝိပဿနာ

KotrueApril 25, 20112min14411

ဝိပဿနာ

(   http://ariyadhamma.multiply.com/video/item/1/1  )  တွင်ရှိသော သီချင်းလေးပါ။

 

(ကိုယ်၊ နှုက်၊ နှလုံး သုံးပါးလုံး x x x  ကောင်းမြတ်စွာ လှုပ်ရှားပါ x x x x x ၊

လူ့လက်ထဲမှာ လက်ကိုရှာ x x x  ရှာပါတော့လည်း လက်မတွေ့ပါ x x x x x ၊

လူ့ကိုယ်ထဲမှာ လူကိုရှာ x x x x x  ရှာပါတော့လည်း လူမတွေ့ပါ x x x x x ၊

မတွေ့ပေမယ့် လူရှိနေတာ x x x  နေရာမှား၍ မတွေ့တာပါ x x x x x ၊

လူ့အမှုထဲမှာ တရားရှာ အဲဒါ ဝိပဿနာ x x x x x ၊) ၂ ခေါက်

 

(သီလတွေ အထပ်ထပ်ဖြည့်ရင် သမာဓိတည်လာ x x x  သမာဓိတည်လာ x x x ၊

သမာဓိတွေ အထပ်ထပ်ဖြည့်ရင် ရမည် ပညာ x x x ရမည် ပညာ x x x x x ၊

သီလ၊ သမာဓိ၊ ပညာ စုပေါင်းတည်တော့ ဘာဝနာ x x x x x ၊

လူ့အမှုထဲမှာ တရားရှာ အဲဒါ ဝိပဿနာ x x x x x ၊

 

ကိလေသာ x x x ကိလေသာ x x x ကိလေသာ x x x ဂျီးညှော်အဖြာဖြာ x x x x x

သစ္စာအလင်းရောင်နဲ့ ဆေးကြောရမှာ x x x

အစိုးမရ အနတ္တ လူအကဲမဖြစ်တာ လူ့ကိုယ်ပေါ်မှာ x x x x x

အနတ္တ မြူတစ်မှုံမျှ မရှိကြအောင်သာ x x x

ဝိပဿနာ ကျင့်စဉ်မြတ်နဲ့ သန့်ရှင်းကြပါ x x x x x

လူ့အမှုထဲမှာ တရားရှာ အဲဒါ ဝိပဿနာ x x x x x ၊ ) ၂ ခေါက်

 

ဝိပဿနာရဲ့ အရှုခံ အာရုံဟာ လူကိုယ်လို့ဆိုတဲ့ ပစ္စုပ္ပန် နာမ်၊ ရုပ်လား။

လူလုပ်ကိုင်၊ ပြောဆို၊ တွေးတောနေတဲ့ ပစ္စပ္ပန်ကံ (အမှု)တွေလား ဆိုတာ ဒီသီချင်းလေးနားထောင်ကြည့်မှ ကွဲကွဲပြားပြား

ပိုသိလာတာမို့  အသံနားထောင် စာဖြင့် ကူးယူပြီး စိတ်ဝင်စားသူများအတွက် မျှဝေပေးလိုက်ပါတယ်။

11 comments

  • weiwei

    April 25, 2011 at 4:38 am

    ညံ့တယ်ပဲပြောပြော … ၂ ခေါက် ဖတ်ကြည့်လဲ နားမလည်သေးဘူး …
    စာရေးတဲ့သူ ဘယ်လိုနားလည်သွားတယ်ဆိုတာ ရှင်းပြပေးနိုင်ရင် ရှင်းပြပေးပါလို့ တောင်းဆိုချင်ပါတယ် …

    • kosicca

      April 25, 2011 at 7:35 am

      အသိ အခံခြင်း မတူသေးလို့ နားလည်တာခြင်း မတူတာဖြစ်ပါလိမ့်မယ်။
      မတရားမှု၊ တရားမှုတွေကို သိဖို့ လူကိုယ်(နာမ်၊ ရုပ်)ရဲ့ အစိတ်အပိုင်းတွေကို အစိပ်စိပ်၊ အဖြာဖြာလုပ်ပြီး ရှာရမှာလား။
      လူ့ရဲ့ ကိုယ်၊ နှုက်၊ နှလုံး သုံးပါးလှုပ်ရှားမှုတွေမှာ ရှာရမှာလားဆိုတာကို အရင်ပိုင်းခြားသိဖို့ လိုပါတယ်။
      ကိုယ်ဆိုတဲ့(နာမ်၊ ရုပ်)တွေက မတရားတာလား?
      လူရဲ့ အလုပ်၊ အပြော၊ အတွေးတွေက မတရားတာလား?
      နာမ်၊ ရုပ်တွေက တရားတာလား?
      လုပ်ကိုင်၊ ပြောဆို၊ တွေးခေါ်မှုတွေက တရားတာလား ဆိုတာအရင်ဝေဖန်ကြည့်ပေးပါ။

      • Ko Malt

        July 28, 2012 at 9:57 pm

        မှန်ပါသည်။ မည့်သည့်တရားရိပ်သာ မှ လာသော ရွတ်ဖတ်သရစယ် ဩဝါဒကထာ မသိပါ။ သို့ပေမယ့် မည်သည့်တရားရိပ်သာ ဖြစ်စေကာမူ ဝိပဿနာမှန်လျှင် အဆုံးမှာ ဒုက္ခသိ ဖို့ကတာ အဓိကဖြစ်ပါသည်။ ရှုကွင်းရှုကွက် သာကွာပါလိမ့်မည်။ ဥပမာအားဖြင့် ကျိုက်ထီးရိုးဘုရားဖူး ဖို့ရာ ကားလမ်းဖြင့်သွားလို့ရသလို၊ လမ်းလျှောက်လည်းရပါသည်၊ တောလမ်းမှသွား လည်းရပါသည်၊ တောလမ်းမှသွားသူက လမ်းလျှောက်သွားလမ်းရသည့်လမ်းကို သိချင်မှ သိမည်။

  • bigcat

    April 25, 2011 at 4:54 am

    အဲဒါ ပို့စ်မော်ဒန်ခေါ်တယ်။ အခုနေတော့ လူတွေသိပ်နားလည်ကြမယ် မဟုတ်ဘူး။ နောင်အနှစ် ၂၄၀ဝကျော်မှ လူတောတိုးမှာ…..

    • lionking

      April 25, 2011 at 7:57 am

      bigcat ရယ် နင်ပြောတိုင်း ငါဝင်ပါနေရပါလား။
      လူ့အမှုထဲမှာ တရားရှာရမယ်ဆိုတာ စဉ်းစားတတ်တဲ့ လူတွေ နားလည်တာ ပေါ့ဟယ်။
      ဒီသီချင်းက လူတောတိုးပြီးသားကွဲ့။ FM ကတောင် ခဏခဏ လွှင့်ပေးနေတာ။ နင်နားလည်နိုင်အောင် ကြိုးစားဦးနော့။ နင့်အတွေးတွေက နှစ်ထောင်နဲ့ချီပြီး မော်ဒန်အောက်နေတယ်နဲ့တူတယ်။
      update လုပ်လိုက်ပါဦးကွယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 25, 2011 at 11:19 am

    ငါဟာ…ငါမဟုတ်ဘူးးးးးးးးးးးး
    ဒါဟာ..ငါ့ရဲ ့ယောက္ခမ…………..
    အိုးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးဝိုးးးးးးးးးးးးးးးးးးးးးးးးးးးးဝိုးးးးးးးးးးးး
    အိုးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးဝိုးးးးးးးးးးးးးးးးးးးးးးးးးးးးဝိုးးးးးးးးးးးးးးးးး
    ကျေးဇူးတင်ပါတယ်ဗျာ
    ရှုပြီးရင်ဘာတွေ ့မလဲခင်ဗျ
    ရှုမှာဘဲရှုမှာဘဲ
    ငါ့ကို လာမတားနဲ ့

  • bigcat

    April 25, 2011 at 11:24 pm

    @ lionking မသိလို့ပါ ခြသေ့င်္မင်းရယ် လူတောတိုးတဲ့ FM သီချင်းအရိယာသစ္စာပေါ့။ လူမြို့ပါတိုးနိုင်အောင် ဒီဂျေတို့ ဟစ်ပေါ့ပ်အလိုက်တွေနဲ့ပါ လုပ်ပါအုံး။ သာသနာကွယ်ပြီးရင်တော့ လူကြိုက်များမှာပါ။

    @kosicca အကြောင်းသတ် အကျိုးသတ် နှစ်မျိုးရှိသဗျ။
    ပရမတ် ရုပ်နာမ်မကွဲလို့ ဖြစ်တဲ့မသိမှုအဝိဇ္ဇာသည် အကြောင်း၊
    ကုသိုလ် အကုသိုလ် ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးလှုပ်ရှားမှုတွေက အကျိုးဗျို့။
    အကြောင်းမသတ်ဘဲနဲ့ ဘယ်လိုလုပ် အကျိုးပြတ်တဲ့ အရိယာလို့ ဖြစ်မှာလဲ။ လုံးဝအကျိုးမဲ့လို့မဆိုလိုပါ။ အရိယာသစ္စာမဟုတ်ဟုသာ ဆိုရင်းဖြစ်ပါသည်။

  • True Answer

    May 13, 2011 at 6:29 am

    ယနေ့ မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာအားလုံးမှ အဓမ္မဝါဒ အဖြစ် လက်ခံထားသော မိုးပြာဂိုဏ်း၏ ဝါဒဖြန့် သီချင်းဖြစ်ပါသည်။ ဝိပဿနာ ဆိုသော စကားလုံးအတွက် အဓိပ္ပါယ်ဖွင့်ဆိုမှု မှားယွင်းနေပါသည်။

  • naywoonni

    May 13, 2011 at 7:32 am

    I know. So I am. တဲ့ ဖရန့်ဒေးကားရဲ့ အဆို….
    အဆိုတော်ချစ်ကောင်းတောင်သီချင်းလုပ်ဆိုဖူးတယ်..။။ ငါတွေးတယ် …သိတယ် …ငါတော့ အသက်ရှင်ဆဲ…..။ တဲ့….။ ဒိုင်ယာရီမရှိ အမှတ်တစ်တမဲ့ပဲ….။ ငါတည်ရှိနေတယ်….။ အဲဒိတော့ ငါတည်ရှိနေဖို့ အရေးကြီးတာလား …….။ (နာမ်၊ ရုပ်)တွေ ပရမတ် တွေပ ညတ်တွေ ကွဲဖို့က အရေးကြီးတာလား…။ ကျုပ်ကတော့ လူအကောင်အထည်မရှိတော့ရင်ဘာမှမသိတော့ဘူး…။ ဒါကြီး အသက်ရှင်နေဖို့ပဲ အရေးကြီးတယ်…။ ကျန်တာတွေက နောက်မှ…..။ နို့မို့ဆို လူသေကောင်ကို သရဏဂုဏ်တင်သလိုဖြစ်နေမှာစိုးလို့……….

  • shwethitsa

    May 16, 2011 at 8:15 am

    သီချင်းကို downloads ဆွဲပြီးနားထောင်ကြည့်မိပါသေးတယ်။ တရားသီချင်းထင်ပါရဲ့။
    ဒါပေမယ့် ပြည့်စုံတဲ့ အဓိပါယ်ဖွင့်ဆိုချက်ပါရင် ပိုကောင်းမယ်ထင်တယ်။ ဘာဖြစ်လို့လဲ
    ဆိုတော့ နှစ်(၂၄၀၀)လောက်ထိအောင်စောင့်ချင်တဲ့သူတွေထဲမှာ မပါချင်လို့ပါ။

Leave a Reply