နာရေးကူညီမှုအသင်း (၁၀)နှစ်ပြည့် အခမ်းအနား ဧပြီလ ၂၃ ရက်နေ့က ကျင်းပ

ဦးကောက်April 26, 20111min835

ဆင်းရဲချမ်းသာ၊ လူမျိုးဘာသာမရွေး၏ နာရေးကိစ္စများကို ကူညီဆောင်ရွက်ပေးလျက် ရှိသော နာရေးကူညီမှုအသင်း၏ (၁၀)နှစ်ပြည့် အခမ်းအနားကို ဧပြီလ ၂၃ ရက်နေ့က ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဗိုလ်မှူးဗထူးလမ်းရှိ အဆိုပါ အသင်းတွင် ပြုလုပ် ကျင်းပခဲ့ကြောင်း သိရသည်။

ယင်းအခမ်းအနားသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ တာဝန်ရှိသူများ၊ အခြား ပြည်နယ်နှင့်တိုင်း ဒေသကြီးများတွင် ဖွင့်လှစ်ထားသည့် နာရေးကူညီမှု အသင်းခွဲများမှ တာဝန်ရှိသူများအပြင် ဒေါ်အောင်ဆန်းစုကြည်ပါ တက်ရောက်ခဲ့ပြီး အသင်းမှ တာဝန်ရှိသူများနှင်အတူ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကာ အလှူငွေများ လှူဒါန်းခဲ့ကြောင်း သိရပါသည်။

နာရေးကူညီမှုအသင်း(၁၀) နှစ်ပြည့် အခမ်းအနားတွင် ဦးသုခ၏ ပုံတူကျောက်ရုပ် ဖွင့်လှစ်ခြင်း၊ အမှတ်တရပစ္စည်းများ ရောင်းချပေးခြင်း၊ တိုင်းရင်းသားရိုးရာ အကများဖြင့် ဖျော်ဖြေခြင်း၊ ကလေးငယ်များမှ ကပြဖျော်ဖြေခြင်း၊ မြန်မာ့ရိုးရာမုန့်ပဲ သရေစာများ ရောင်းချပေးခြင်းတို့ အပြင် အနုပညာရှင်များ ဖြစ်ကြသော ဆောင်းဦးလှိုင်၊ ရဲသွင် အစရှိသည့် တေးသံရှင်များက တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ကြသည်။

နာရေးကူညီမှု အသင်းကို ၂၀၀၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ကာ ဖွဲ့စည်းတည်ထောင်ခဲ့ခြင်း ဖြစ်ပြီး မတ်လ ၂၁ ရက်နေ့တွင် ကူညီပေးခဲ့ရသည့် နာရေး အရေအတွက် တစ်သိန်း ပြည့်ခဲ့ကြောင်း သိရသည်။

5 comments

  • kopauk mandalay

    April 27, 2011 at 4:00 pm

    ဒီစာကို တင်တဲ့ ဦးကောက်က ကျွန်တော်ရေးတဲ့ မသန့်စကောင်း သန့်စကောင်းဆိုတဲ့စာကို
    အလှအပကြိုက်လေ သက်တမ်းတိုလေဆိုတဲ့နာမယ်ပြောင်းပြီး ဒီပြင်ဆိုက်တော်တော်များများမှာ
    ကူးတင်ထားတဲ့သူဖြစ်ပါတယ်။

  • kopauk mandalay

    April 27, 2011 at 4:20 pm

    စာတွေအကူးကောင်းတဲ့ ဦးကောက်ရေ
    ဓမ္မပူဇာလို ဘာသာရေးဆို်က်တွေကို ဝင်ကြည့်ပါလို့ ဖိတ်ခေါ်ထားသူက
    သူများရေးထားမှန်း ကိုယ်ရေးတာ မဟုတ်မှန်းသိပါရဲ့နဲ့နာမယ်ပြောင်းပြီး
    ခပ်တည်တည်နဲ့တင်တယ်။
    ဒါခိုးမူ့ကျုးလွန်တာပါဘဲ။
    ခင်ဗျားအတွက် မေးခွန်းကတော့
    ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?ရှက်တတ်ပါသလား?

  • doekalay

    April 28, 2011 at 4:15 am

    ဘယ်လိုတွေဖြစ်ကုန်တာလဲသီးပေါက်ရေ………

  • doekalay

    April 28, 2011 at 4:15 am

    ဘယ်လိုတွေဖြစ်ကုန်တာလဲဦးပေါက်ရေ

  • doekalay

    April 28, 2011 at 4:20 am

    နာရေးကူညီမှုအသင်းရှိနေတာကိုကတော်တော်ကိုကောင်းပါတယ်….ကျွန်တော်ကတော ့လတိုင်းလိုလိုလှူဖြစ်တယ်….တတ်နိုင်သလောက်ပေါ ့ဗျာ…………..
    အားလုံးလည်းလှူသင် ့တယ်လို ့ထင်တယ်………

Leave a Reply