ငွေယား
အချိန်ကား….မြန်မာ့ဥတုလရာသီအရ မိုးတွင်းအခါသမယနှင့်ဝါဆိုလပြည့်နေ ့ဖြစ်သည့်အလျှောက်
ထိုသောဥတုလ အချိန်ခါသမယသည် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများအနေနှင့် ဝါတွင်းကာလ
ဖြစ်လေ၏ဆိုခြင်းကိုမူ အထွေးအထူးရှင်းပြရန်လိုလိမ့်မည်မထင်။
အဆိုပါ ဝါဆိုလပြည့်နေ ့၏ ညနေသုံးနာရီခန် ့တွင်ဖြစ်သည်
မိုး မရွာသောကြောင့်ရာသီဥတု သာရာသည်ဟုဆိုရမည်လား။
အကယ်၍ သင်တို ့သည် စိမ်းစို၍နေလေသော သဘာဝပတ်ဝန်းကျင်တွင် အေးမြလှသော ညနေချမ်းအချိန်ခါဝယ်
ပန်းကုန်းကျေးရွာ၏ဘုရားကုန်းတွင် လူငယ်လေးများဘောလုံးကန်နေကြသည့်မြင်ကွင်းကို ခပ်လှန်းလှန်းမှ မြင်တွေ ့ကြရပါမူ
အလွန်ပင်စိတ်ကြည်နူးလမ်းဆန်းခြင်းကိုခံစားကြရပေလိမ့်မည်မှာ မလွဲပင်တည်းဟု ကျွန်ုပ် အခိုင်အမာဆိုလှခြင်ပါတော့၏။
များသောအားဖြင့် ဒေါနတောင်တန်းတစ်လျှောက်ရှိ ဗုဒ္ဓဘာသာကျေးရွာအများစုတွင် ရွာအပြင်ဘက်၌ ဘုရားတစ်ဆူစီ
တည်ထားလေ့ရှိကြပြီး ထိုဘုရားတို့၏ ပရဝုဏ်ဧရိယာသည် အတော်တန်ကျယ်ဝန်းလှကာ ဘောလုံးကွင်း တစ်ကွင်းထက်ပင်
အတန်ငယ်ကျယ်ဝန်းလှသည်မှာလည်း ထိုသောဒေသတို ့၏ ရွာဟူသော အမှတ်အသားများ ဖြစ်ကြလေသည်ဟူမူကိုလည်း
သင်တို ့သည် ကောင်းစွာနားလည်ကြစေလိုပါသည်။
နတ်ကွတ်သည် ငထိုးထောင်၍ကန်ပေးလိုက်သောဘောလုံးကို အရှိန်ဖြင့် ဖြတ်ကန်တင်လိုက်သောအခါ
တစ်ဖက်သော ဂိုးဧရိယာစီသို ့တန်း၍သွားသည်တွင်အလွန်အလှန်းဝေးသောကန်ချက်ကြောင့်တစ်ဖက်ဂိုးသမား အဂင်မှာ
ဖန်းယူခြင်းပင်မပြုတော့ဘဲ လွယ်ကူစွာပင် တန်းပြန်၍ကန်တင်လေတော့၏။
ထိုသောကန်လိုက်သည်ကပင် ဘောလုံးသည် နတ်ကွတ်၏ ခြေအတွင်းသို ့ပင်တစ်ဖန်ပြန်၍ရောက်လာလေတော့သည်
နတ်ကွတ်၏ခြေထောက်သို ့ဘောလုံးရောက်လာသည်နှင့် တစ်ဖက်အသင်းမှ သံပုံးနှင့် တလိပ်တို ့နှစ်ယောက်က အတင်းဝင်၍လုလေတော့သည်
ထိုအခါ နတ်ကွတ်သည် တစ်ဖက်လူနှစ်ယောက်ကို မထိမ်းနိုင်တော့သဖြင့်
ဂိုး၏ တောင်ဘက်စွန်းရှိ တစ်ယောက်အားလှန်၍ ဘောလုံးကိုထောင်ကန်ပေးလိုက်ရာ
လွန်စွာမှ ရုပ်ရည်ချောလှပြီး အလွန် ့အလွန်ကြည့်၍ကောင်းသော ကိုယ်ခန္ဓာရှိသည့် ရှု ့မငြီးလှသော
ထိုလူငယ်လေးသည် ဘောလုံးအား တစ်ဖက်အသင်းလူနှစ်ယောက်ကို လှလှပပ လှည့်ပတ်ကွေ ့ဝိုက်ဆွဲယူသွားပြီး
အတော်အတန်လှန်းလှန်းမှပင်နေ၍ ခပ်စောင်းစောင်းလေး ထောင်ကန်လိုက်ရာ ကျေးရွာဘောလုံးသမားတို ့၏စကားဖြင့်ပြောပါမူ
ဆမူစာဒေါင့်ကို ကပ်၍ ဂိုးသမား၏ လက်ဖြားဖြင့် လွတ်သွားကာ လှလှပပ ဂိုးဝင်သွားသောကြောင့်
ကြည့်ရှု ့နေကြသော ပရိတ်သတ်တို ့သည် ဟေးကနဲ ့အော်သူကအော် လက်ခေါက်များမှုတ်သူကမှုတ်ဖြင့် ကွင်းလုံးပြည့်ဆူညံသွားရလေတော့၏။
ထိုသော အလွန်လှပသော ဂိုးကို သွင်းလိုက်သူခပ်ချောချောခပ်ဖြောင့်ဖြောင့် လူချောလေးမှာ အခြားသူမဟုတ်
ကျွန်ုပ် မိုက်ကယ်ဂျော်နီအောင်ပု ပင်ဖြစ်လေတော့သတည်း။
………………………………………………………………………..
ကောင်းသည်ဆိုးသည်ကို အလိုရှိသလိုဝေဖန်ကြပါကုန် ဥပုသ်နေ ့မနက်ပိုင်းတွင် ဘုန်းကြီးကျောင်းသို ့ဆွမ်းပို ့တရားနာပြီးနောက်
ညနေဘက်တွင် လူစု၍ဘောလုံးကန်ကြသည်မှာ ကျွန်ုပ်ပြောခဲ့ပါသော အဆိုပါဒေသကျေးရွာများ၏ ဓလေ့တစ်ခုဟုဆိုကြပါမည်လား။
ကျွန်ုပ်မှကန်လိုက်သောဘောလုံးကို ဂိုးသမားအဂင်မှ ဖမ်းယူနိုင်ခြင်းမပြုနိုင်၍ ဂိုးအနောက်ဘက်သို ့လိမ့်သွားလေတော့၏
ဂိုးသွား၍သာ ဂိုးအကြောင်းဖြင့်အော်ဟစ်ဆူညံနေကြသော်လည်း
ဘောလုံးလိမ့်သွားရာဖက် ခပ်လှန်းလှန်းတွင် လူလေးငါးခြောက်ယောက်စု၍ တစ်စုံတစ်ခုကို ဝိုင်းအုံကာကြည့်နေကြသည်ကို
တွေ ့ရမည်ဖြစ်ကာ တွေ ့သူကတွေ ့၍ မတွေ ့သူကမတွေ ့နိုင်ပေ။ တွေ ့သည့်တိုင်အောင် အထူးတစ်ဆန်းဖြစ်မည်မထင်
တစ်ခုခုကို ဝိုင်းအုံကြည့်နေခြင်းကဘာများထူးပေလိမ့်မည်နည်း။ အားလုံး၏အာရုံများက ဘောလုံးပွဲတွင်မဟုတ်ပါလား။
ထိုသော လူစုတွင်းမှ တစ်ယောက်သောသူ ( ဦးတောဗစ် ) သည် ကျွန်ုပ်ရှိရာသို ့အူယားဖားယားပြေးလာပြီးလျှင်
ဟေ့ကောင်ဇော်ဂျီ မင်းဘကြီးကိုသွားခေါ်မှဖြစ်မယ်ထင်တယ် ကျွန်ုပ်မှာအတွေ ့ကြုံရှိသည့်အလျှောက် ဘာဖြစ်လို ့တုန်း ဟုပင်မေးလိုက်၏
ဗမာတစ်ယောက် တိုက်မိနေပြီ ငွေယား တွေကိုင်မိလို ့ငါလဲဖြေပေးမတတ်ဘူး
ကျွန်ုပ်မှာချက်ချင်းပင်……… တစ်ခြားလူတွေမကိုင်မိစေနဲ ့ခုချက်ခြင်းကျွန်တော်ပြန်လာမယ် ဟုဆိုကာ ဘုန်းကြီးကျောင်းသို ့ပြေးလေတော့၏
ထိုစဉ်တွင်ပင် ဘာလဲဟူသောအကြောင်းများဖြင့်လူများသည် ထိုနေရာသို ့စုဝေသွားရောက်နေလေပြီဖြစ်၏
တစ်ခြားလူတွေလုံးဝမကိုင်မိကြစေနဲ ့နော် ကျွန်ုပ်မှာထပ်၍ပြောပြီးပြေးလေသတည်းပင်ဆိုရလေမည်လား။
( ဤအကြောင်းအရာအား ကျွန်ုပ်ရေးသားနေချိန်တွင် ရံခါ စာပေသမာတို ့သည် ဗုဒ္ဓရှင်တော်ဘုရား ဟောကြားတော်မူအပ်ပါသော
တရားတော်တို ့ကို ့လေ့လာပြီးသောအခါ
မိမိတို ့၏စိတ်သဏ္ဍန်တွင် လောဘ၊ ဒေါသ၊ မောဟ တည်းဟူသောအကြောင်းသုံးပါး နှိပ်စက်ခံနေရသည်ကို
နာလည်နေကြပါကုန်သော်လည်း ထိုသောအကြောင်းတို ့ကို ငြိမ်းအေးစေခြင်းငှာ မကျင့်ကြံကြပါကုန်ဘဲလျှက် သိယုံမျှ၊ ကြားယုံမျှ
မယုံကြည်သင့်ဟုဆိုသော ကာလာမ သုတ်ကိုထုပ်နှုတ်၍ ငြင်းခုန်ခြင်းအမှုကို ပြုနေကြသည်ကို အမှတ်ရမိပါသည်။
ကျွန်ုပ်သည် ထိုအချိန်တွင် လောဘ၊ ဒေါသ၊ မောဟ ဟူ၍သိသည့်အလျှောက် ရင်၌စူးသောမျှားကိုကြိုးစားထုပ်သည့် သဘောကိုသာ
ဆောင်ရွက်ပြုလုပ်ခဲ့လေသည်ဟု ကိုယ့်ကိုယ်ကိုယ်မှတ်ချက်ချမိလေတော့သည်။
အဘယ့်ကြောင့်ဆိုသော် ငွေယား ဟူသောအကြောင်းကိုကျွန်ုပ်သည် ကြားဘူထားပြီလည်းဖြစ်သလို
ကျွန်ုပ်အားပြောသောသူမှာလည်း ထိုအကြောင်းကိုသိနေသူဖြစ်သည့်အလျှောက် အချိန်ကုန်မခံဘဲ
လုပ်သင့်သည်ကို ချက်ချင်းလုပ်ဆောင်ခဲ့သောကြောင့် မလိုလားအပ်သောပြဿနာများမှရှောင်ရှားနိုင်ခဲ့လေသည် ( စကားချပ်) )
ထိုနေ ့သည် ဥပုဉ်နေ ့ဖြစ်သောကြောင့် ကျွန်ုပ်၏ဘကြီးမှာ ဘုန်းကြီးကျောင်းတွင် ဥပုသ်စောင့်လျှက်ရှိနေရသည်ဖြစ်ခြင်းကြောင့်
ကျွန်ုပ်မှာ ဘုန်းကြီးကျာင်းသို ့ဒုန်းဆိုင်းပြေးရလေသည်
ဘုရားကုန်းမှ တောင်ပေါ်ကျောင်းကို မိနစ်အစိတ်နီးပါးခန် ့ရှိမည်ထင့် မနားတမ်းပြေးခဲ့ရသောကြောင့်ကျွန်ုပ်မှာ
ဟောဟဲဟောဟဲ ရှူးရှူးရှဲရှဲဖြင့်အလွန်မောပန်းလျှက်ရှိရလေတော့သည်
ရောက်လျှင်ပင်ချက်ခြင်းကျွန်ုပ်မှ ဘကြီးအား အကြောင်းစုံကိုပြောပြလေရာ
ဥပုသ်နေ ့ကြီးကွယ် ဟုမြည်တွန်းပြီး မင်းတောင်လုံးကျော်ခြံကနေစောင့်နေငါဆရာတော်ကိုလျှောက်ပြီးလာခဲ့မယ် ဟုဆိုသဖြင့်
ဘကြီး၏ အထာများကို ချက်ဆိုလျှင်နားကွက်ကမီးတောက်အောင်နပ်သော ကျွန်ုပ်မှ အလျှင်ပြန်းဆင်းနှင့်ပြီး
တောင်ခြေရှိ ဦးတောင်လုံးကျော်၏ခြံထဲသို ့ဝင်လိုက်ပြီးလျှင်
ဦးတောင်လုံးကျော် ဘကြီးကကိစ္စရှိလို ့မြင်းတစ်ကောင်ပေး ဟုပြောလိုက်ရာ
ဟိတ်ကောင် ဇော်ဂျီ ဒီနေ ့ဥပုသ်နေ ့ဆရာကြီးဥပုသ်စောင့်နေတယ် ရက်ကြီးအခါကြီးမင်းသောက်တလွဲတွေလာမလုပ်နဲ ့ဝေး ဟု
ကျွန်ုပ်အား အော်ငေါက်လေ၏။
ဦးတောင်လုံးကျော်သည် ရှင်ပြုရဟန်းခံများတွက် မြင်းများအငှားလိုက်ခြင်းအလုပ်ဖြင့် အသက်မွေးသူတစ်ဦးဖြစ်ကာ
တစ်ခါသော် ကျွန်ုပ်မိုက်ကယ်ဂျော်နီအောင်ပု မှ မြင်းစီးချင်သောရောဂါများတစ်ဖြန်းဖြန်းထသည့်အလျှောက်
ဘကြီး၏နာမည်ကိုအသုံးချ၍ မြင်းပု တစ်ကောင်လိမ်ညာငှားရမ်းစီးဘူးသူဖြစ်သဖြင့်
သူ ့အတွက် ကျွန်ုပ်သည် နာမည်ပျက်စာရင်းဝင်ထားသူတစ်ယောက်ဖြစ်နေလေတော့သည်။
ကျွန်ုပ်မှ တိုးရှင်းလိုရင်းပြောပြီး ဘကြီးကိုယ်တိုင်လာမည့်အကြောင်းပြောလေရာ မြင်းတစ်ကောင်ပြင်ထားပြီး ဘကြီးကိုစောင့်ဆိုင်းကြလေသည်။
နာရီဝက်ခန် ့ကြာသောအခါ ကျွန်ုပ်၏ဘကြီးမှ ခပ်သုတ်သုတ်ဆင်းလာလေသည်။
ထို ့နောက်ကျွန်ုပ်တို ့တူဝရီးနှစ်ယောက်သည် မြင်းတစ်ကောင်းကိုနှစ်ယောက်စီးကာ ဘုရားကုန်းသို ့သွားကြလေတော့သည်။
ဦးတောင်လုံးကျော်သည်လည်း အခြားသောမြင်းတစ်ကောင်ဖြင့် နောက်မှလိုက်လာလေတော့၏။
ရုပ်ရှင်ဇာတ်ဝင်ခန်းတစ်ခုအတွင်းရှိ မြင်းစီးခန်းတစ်ခုတွင် မြင်းများကို သော့သော့ စီးနင်းသွားကြသည်ကို မြင်ယောင်၍ ကြည့်ကြပါလေကုန်။
…………………………………………………………………
ကျွန်ုပ်တို ့ဘုရားကုန်းသို ့ရောက်သောအခါလူအုပ်ကြီးသည် အတော်ပင်ကြီးထွားနေပြီဖြစ်၏။ လူဦးရေ ရာနှင့်ချီနေမည်ထင်မိပါ၏။
ဦးတောဗစ် သည်ကျွန်ုပ်၏ဘကြီးကိုထွက်၍ကြိုပြီးလျှင်
ရှမ်း က သိုက်စာနဲ ့လာတူးတာ သူ ့နောက်က ဗမာနှစ်ယောက်က နောက်ယောင်ခံပြီးသူတူးလို ့ရတာနဲ ့ဝင်လုတာ
ငွေယားတွေဖြစ်နေတယ် သူလည်းမဖြေတတ်ဘူး သူ ့မှာကအဆောင်ရှိတော့သိပ်မယားဘူး
ဗမာနှစ်ယောက်ကတော့ကြည့်လို ့တောင်မကောင်းတော့ဘူး
လူတွေဝေးဝေးနေကြလေကွယ် ဟုကျွန်ုပ်၏ဘကြီးမှပြောလေရာ ရွာသဂျီးနှင့်ဦးတောဗစ်မှလူများကိုခပ်ဝေးဝေးနေပေးရန်ဆော်ဩောလေရာ
လူများမှာ လယ်ဧကဝက်စာမျှခွာ၍နေကြလေသည်။
………………………………………………………………..
………………………………………………………………..
ကျွန်ုပ်သည် သက္ကရာဇ်ခုနှစ်များကိုရေးမှတ်ရာတွင် လွန်စွာအပျင်းထူသောကြောင့် သာမန်အရပ်စကားဖြင်ပင်ပြောပါမည်။
ကျွန်ုပ်တို ့မြန်မာနိုင်ငံ့သမိုင်းတွင် လွန်လေပြီးသောအခါက မြန်မာပြည်အောက်ပိုင်းဒေသများသည်
မွန်ဗမာစစ်ပွဲများမှသည် ယိုးဒယားရှမ်းတို ့သည်လည်း သူတစ်လှည့်ငါတစ်လှည့်ပိုင်ဆိုင်ခဲ့ကြဘူးသည်ကို
သမိုင်းစာအုပ်များတွင်ရှာဖွေဖတ်ရှု ့လေ့လာကြပါကုန်။
ဤတွင်မှ ယနေ ့ခေတ်မုတ္တ၏ ဟိုမှာဖက်ကမ်း(ယ္ခုမော်လမြိုင်) မှသည်
တနင်္သာရီတစ်လျှောက်တွင် ယိုးဒယားရှမ်းတို ့ကြီးစိုးနေကြသည့်ချိန်တွင်မြန်မာတို ့မှစစ်ရေးငင်လာသောအခါ
နှစ်ဖက်သောခေါင်းဆောင်တို ့သည် ငြိမ်းချမ်းသောစစ်ပွဲကိုဆင်နွဲလိုသည်ထင့် စစ်မတိုက်ကြဘဲ ဘုရားတစ်ဆူစီပြိုင်တည်ကြလေသည်။
ဗမာတို ့သည် မုတ္တမဘက်ကမ်းရှိတောင်မြင့်တစ်ခုတွင်ဘုရားတည်၍
ရှမ်းတို ့သည် ယ္ခု မော်လမြိုင် ကျိုက်သံလံ စေတီတော်အား အုပ်အင်္ဂတေတို ့ဖြင့် အခိုင်မာတည်ကြလေသည်
ဗမာများမှာ ရွှေဉာဏ်တော်ဆူးကြသည့်အလျှောက် ဝါး၊ နှီး၊ ကြိမ်၊ နွယ်တို ့ဖြင့် အကြံဖန်လုပ်၍ တည်ကြခြင်းကြောင့်
အနိုင်ရကြလေသည်ဟုပင် ခပ်ရှင်းရှင်းပြောရပေလိမ့်မည်။ ရှမ်းတို ့ရှုံးလေသတည်းပင်။
( ထိုသောကြောင့် ယ္ခုမော်လမြိုင်မြို ့ရှိ ကျိုက်သံလံ ဘုရားကို ယ္ခင်က ကျိုက်ရှမ်းလံ ဘုရားဟု ခေါ်တွင်ခဲ့ကြလေသောဟူ၏ )
ရှုံးသောရှမ်းတို ့သည် ဆုတ်ခွာကြရလေသည်။
ထိုအထည်းတွင် ရှမ်းသူဌေးများသည် ၎င်းတို ့ပိုင်ဆိုင်ကြသည့်ဥစ္စာပစ္စည်းများကို သယ်ဆောင်ခြင်းငှာ မတတ်နိုင်ကြသည်ကတစ်ကြောင်း။ ထိုပစ္စည်းများကြာင့်အန္တရယ်ပြုခံရမည်ကိုစိုးရိမ်ကြသည်ကတစ်ကြောင်းကြောင့်
နောင်များ တိုင်းပြည်အေးချမ်းသော် ပြန်လာ၍ယူဆောင်ကြပါကုန်အံ့ဟု အကြံအစည်ဖြင့် ရတနာပစ္စည်းများကို မြှုပ်နှံဝှက်သိုထားခဲ့ကြလေသည်။
အထူးသဖြင့် ဘုရားဌာပဏာပြုခြင်းနှင့် ဘုရားပရဝုဏ်များတွင် ဝှက်ထားကြသည်ကများလေပြီး
ထိုပစ္စည်းများကို မြေပုံစာ အညွှန်းများရေးဆွဲကာ ဂမ္ဘီယ အင်းအိုင်လက်ဖွဲ ့မန္တန်များဖြင့် စီမံခဲ့ကြလေကုန်၏။
များစွာကုန်သော ရှမ်းတို ့၏ အစီအမံများမှ တစ်ခုသော အစီမံဖြစ်သည့် ငွေထည်ပစ္စည်း အစီမံအကြောင်းမှာအံဖွယ်ရှိလေစွ။
ဥစ္စာရှင်သည် ၎င်းပိုင်ဆိုင်သော ပစ္စည်းများကို တစ်ခုသောနေရာတွင်မြုံပ်နှံထားခဲ့ပြီး အစီအမံပြုထားလေ၏။
ဤတွင်အလွန်ထူးဆန်းသည်မှာ သူမြှုပ်နှံထားသောပစ္စည်းကိုတူးဖော်တွေ ့ရှိမည်ဆိုပါက မူရင်းပစ္စည်းမဟုတ်ဘဲ အခြားကိုယ်အလိုမရှိသော
ကိုယ်နားမလည်သောပစ္စည်းတစ်ခုအဖြစ်ဖြင့် ပြောင်းလဲနေတတ်လေသည်။
ဥပမာ ငွေလင်ဗန်းတစ်ချပ်လို ့ဆိုပါစို ့ထိုငွေလင်ဗန်းကို စီရင်လိုက်သောအခါ အခြားလူတစ်ယောက်သည်
ထိုပစ္စည်းကို မြေလင်ဗန်း သို ့မဟုတ် ကျောက်ပြားတစ်ချပ်အဖြစ်ဖြင့်သာ တွေ ့ထိကိုင်တွယ်ရလိမ့်မည်ဖြစ်ပြီး
ပစ္စည်း၏ အစီရင်ကို ဖြေခြင်းကိစ္စမပြီးသေးဘဲ ကိုင်မိပါက ကိုင်မိသောသူမှာ တစ်ကိုယ်လုံး ယားယံသောဝေဒနာကို ခံစားကြရပေလိမ့်မည်ဖြစ်၏။
ကျွန်ုပ်မြင်ဘူးသည်ကိုသာ ရှင်းအောင်ပြောပါအံ့
ထိုသောရှေးရှေးရာဇဝင်ဟုခေါ်မည်လော သမိုင်းဟုခေါ်မည်လော ထိုသောအခါမှ ရှမ်းစော်ဘွားတစ်ဦးသည် ( သူဌေးလည်းဖြစ်ခြင်ဖြစ်မည် )
ပန်းကုန်းရွာ၏ ဘုရားကွင်းပရဝုဏ်ထဲတွင် အဆိုပါငွေထည်ပစ္စည်းများကို မန္တန်များဖြင့် စီရင်မြှုပ်နှံထားခဲ့ပြီး မြေပုံဆွဲကာ
သူ၏မျိုးဆက်များအား လက်ဆင့်ကမ်းခဲ့ပုံပေါ်သည်။
အဆိုပါ ရှမ်းလူမျိုးမှာ မြန်မာစကားကိုပင်ပီသစွာမပြောတတ်လှပေဘဲရှိနေရတော့ပြန်ပါသည်။
( နောင်များတွင် ကျွန်ုပ်ပြန်လည်၍စဉ်းစားမိသည်မှာ ထိုသူသည် မြန်မာရှမ်းလား၊ ထိုင်းရှမ်းလား ဆိုသည်ကိုပင်
အကယ်၍ ထိုင်းရှမ်းဖြစ်ပါက နိုင်ငံတော်၏ တည်ဆဲဥပဒေများအရ နယ်မြေဖြတ်ကျော်ခြင်းများသည် မည်သို ့သဘောရှိသည်မသိ
မည်သို ့ဆိုစေ ထိုစဉ်သောအခါက ကျွန်ုပ်တို ့၏ ဒေသများတွင်
သူငယ်နာဆေး၊ ဝမ်းဖောဝမ်းရောင်ပျောက်ဆေး၊ နှာချီဆေး စသည်ဖြင့် တိုင်းရင်းဆေးများကို
ခြင်းတောင်းနှစ်ခုတွင်ထည့်၍ ထမ်းပိုးဖြင့်ထမ်းကာ ဗမာလိုမပီကလာပီကလာ ဆေးလိုက်ရောင်းသော
ရှမ်းလူမျိုးများကို လူတိုင်းနီးပါးတွေ ့ဘူးကြမည်မှာမလွဲပေ )
ပန်းကုန်းရွာ ဘုရားကုန်း၏ ဘုရားကုန်းပရဝုဏ်အဖြစ်ဖြင့် အရပ်ရှစ်မျာက်နှာ ပန္နက်တိုင်ရှစ်ခုရှိလေရာ
အရှေ ့ပန္နက်တိုင်တွင် အဆိုပါငွေထည်များကို ကျွန်ုပ်တို ့ကန်ကစားကြသည့် ဘောလုံးသာသာ မြေစဉ့်အိုးဖြင့်မြှုပ်နှံထားခြင်းဖြစ်လေ၏။
ဤရှမ်းလူကြီးသည် ဆေးရောင်းခြင်းဖြင့် သူ၏မြေပုံအညွှန်းကိုလိုက်ခဲ့ရာမှ နေရာကိုသိရှိခဲ့သော်လည်း
သူမေးမြန်းမိသည့်လူနှစ်ဦးမှာ ထိုကဲ့သို ့သောဇာတ်လမ်းများကို ကြားဘူးနားဝရှိနေသူများဖြစ်သည့်အတွက်
ရှမ်းလူကြီးနောက်မှ နောက်ယောင်ခံလိုက်ခဲ့ကြပြီး ရှမ်းလူကြီးမှ ပစ္စည်းများကိုတူးဖေါ်ရရှိချိန်တွင်
ပစ္စည်းများကို ဝင်ရောက်လုယူကြသောအခါ ထိုပစ္စည်းများကို ကိုင်လိုက်သည်နှင့် တစ်ကိုယ်လုံးယားယံသည့်ဝေဒနာကိုခံစားရပြီး
လူးလှိမ့်နေရလေတော့၏။
ထိုသောရှမ်းလူကြီးမှာလည်း အဆိုပါဝေဒနာကိုဖြေပေးခြင်းငှာမတတ်ဖြစ်နေရလေတော့သည်( မတတ်သည်လား မဖြေပေးသည်လားမသိပါ )
အမှားဟူ၍ဆိုရမည်လားမသိ ကျွန်ုပ်အမြင်တွင် ရှမ်းလူကြီးသည် ညဘက် သို ့မဟုတ် လူမရှိသောအချိန်တွင်တူးယူသင့်သည်။
နောင်များဇာတ်ရည်လည်လာသည်မှာ
ဘောလုံးပွဲစသည့်အချိန်တွင်ရှမ်းလူကြီးသည်ဆေးရာင်းရင်းဘောလုံးပွဲကြည့်သည်ဟူသော
ထိုတွင်မှ အမှတ်မထင်အရှေ ့ပန္နက်တိုင်သို ့သွား၍ပစ္စည်းများကိုတူးယူခြင်းဖြစ်ကာ
လူများအလွယ်တစ်ကူမတွေ ့ကြသည်မှာ ဘုရားကုန်းပတ်ပတ်လည်သည် ခြုံများဖြင့်အတော်အတန်ထူထပ်နေသောကြောင့်ဖြစ်လေ၏။
ပစ္စည်းများကိုတူးယူပြီး ဖြေနေစဉ်တွင် အနောက်မှလိုက်ချောင်းနေသော လူနှစ်ယောက်မှာ ပစ္စည်းများကိုဝင်လုကြပြီး
ကိုင်တွယ်လိုက်သည်နှင့် တစ်ကိုယ်လုံးမခံရပ်နိုင်အောင်ယားယံလာကာ
ကိုယ့်ကိုယ်ကို ကုတ်ဖဲ့၍ အော်ဟစ်နေကြလေတော့၏။
ထိုရှမ်းလူကြီးကိုယ်တိုင်ပင် ရံခါ ယားရံနေပြီး ကိုယ့်ကိုယ်ကိုယ် ကုတ်၍ ကုတ်၍ မျာက်နှာငယ်လေးဖြင့်ထိုင်ကာ
လူးလှိမ့်နေအောင် အော်နေရသောလူနှစ်ယောက်ကို ငေးစိုက်၍သာလျှင်ကြည့်နေလေတော့သည်။
………………………………………………………………..
ဤတွင် ကျွန်ုပ်သည် ကျွန်ုပ်၏ ဘကြီးအားလွန်စွာအထင်ကြီးမိလေသည် အကြောင်းမှာ
အခြေနေမှန်ကိုသိသောအခါ ဘကြီးသည် ထိုရှမ်းလူကြီးအား မေးလိုက်လေသည်
ဘယ်အညွှန်းနဲ ့လာတာလဲ ဟုပင်အေးဆေးစွာမေးလိုက်လေသည်။ ရှမ်းလူကြီးမှာ ကျွန်ုပ်၏ဘကြီးကို ငေးကြောင်၍ကြည့်နေလေသည်။
ဒါ ဆရာဘဲ ဦးလေးသိုက်ညွှန်းပေးလိုက် ဟု ဦးတောဗစ်မှဝင်၍ပြောလိုက်သောအခါ
ရှမ်းလူကြီးမှာ ဦးတောဗစ်ကို ကြည့်လိုက်သလို ကျွန်ုပ်၏ဘကြီးမှာ ဦးတောဗစ်ကိုကြည့်လိုက်လေသည်။
အကြောင်းမှာ ကျွန်ုပ်၏ဘကြီးသည် ဤကဲ့သို ့သောကိစ္စများတွင် သူ့အားဆရာဟူ၍ခေါ်ခြင်းကို လွန်စွာမနှစ်သက်ပေ။
ရှမ်းလူကြီးသည် အဝတ်စအနီတစ်ခုကိုထုပ်ပေးလေသည်။ ကျွန်ုပ်၏ဘကြီးမှ ဖြန့်၍ကြည့်လေလျှင် ဘာများရှိပါလိမ့်ဟု သိခြင်ဇောဖြင့်
ကျွန်ုပ်မှာ ခြေဖြားထောက်ကြည့်လိုက်သောအခါ( ဦးတောဗစ်လည်းကပ်၍ကြည့်လေသည် ) ကျွန်ုပ်၏ဘကြီးမှာ
မျက်မှောင်ကြုပ်၍ ကျွန်ုပ်တို့နှစ်ဦးကိုကြည့်လေလျှင် ဦးတောဗစ်သည်ဘယ်လိုနေသည်မသိ ကျွန်ုပ်မှ အနည်းငယ်တွန့်သွားရလေသည်။
လျှပ်တစ်ပြက် ကျွန်ုပ်တွေ့ရှိရသည်မှာ အဝတ်စနီတွင် အမည်းရောင်ဖြင့်မြန်မာစာအချို့ကိုရေးထားသည်ပင်။
ကျွန်ုပ်၏ဘကြီးမှ အဝတ်နီကိုသေးချာစွာကြည့်ပြီး ခေါင်းတစ်ဆတ်ဆတ်ညှိတ်နေပြီး
မောင့်ပစ္စည်းတော့ငါဖြေပေးမတတ်ဘူး ယားတာကတော့ဖြေပေးမယ် ဟုပင်အေးအေးဆေးဆေးပြောလေသည့်အချိန်တွင်
အနှီးဗမာလူမျိုးနှစ်ယောက်မှာ ယားလွန်းသည့်အကြောင်း သနားသဖြင့်ဖြေပေးပါ ဟု ရှိခိုးကြလေသည် တစ်ကိုယ်လုံးမှာလည်း
ယားလွန်း၍ထင့် ကုတ်ဖဲ့ထားသည်မှာ သွေးချင်းချင်းနီနေလေတော့၏။
ထိုစဉ်တွင်ပင် လူများသည် တစ်ဖြည်းဖြည်းအုံ၍လာကြပြန်လေရာ ကျွန်ုပ်၏ဘကြီးမှ ကိုယ်နဲ့မဆိုင်တာဘဲ ဝေးဝေးနေကြပါလားကွယ် ဟု
တစ်ခါပြန်၍ပြောသည်တွင် ဦးတောဗစ်နှင့် ပန်းကုန်းရွာသူကြီးမှ တစ်ခါ ဆော်ဩောကြရလေပြန်၏။
အလွန်လည်းထူးဆန်းပေးစွ အံ့ဖွယ်သရဲပင်တည်း။
ကျွန်ုပ်၏ဘကြီးမှ အဆိုပါ ဘောလုံးအရွယ်ခန့်ရှိသော မြေအိုးကို အနီးရှိ ရှမ်းလူကြီးမြေတူးသည့် ခေါက်၍ရသော
သံဖြင့်ပြုလုပ်ထားသည့် ခေါက်ပေါက်ပြားလေးဖြင့်ရိုက်ခွဲလိုက်လေသည်တွင် အညိုရောင်ကျောက်ပြားလေးများ
ကျေက်ခွက်များ ရွှံ့ဖြင့်လုပ်ထားသော ငှက်ရုပ်လေးများထွက်လာလေသည် ဆယ်ခုကျော်ကျော်ရှိမည်ထင်ရသည်
အမှန်မှာ ကျွန်ုပ်၏ လက်သီးဆုပ်အရွယ်ခန့်ရှိ ငွေရေနွေးကယားနှစ်ခုကို ရှမ်းလူကြီးသည်ဖြေထားနှင့်ပြီး ကျန်သည်များကို
ဖြေ၍မရဖြစ်နေစဉ်အချိန်တွက် ဗမာနှစ်ယောက်မှ ဝင်လုခြင်းဖြစ်၏ဟု သက်ဆိုင်သူတို့မှဖြေကြားပြီးဖြစ်၏။
ထိုအရုပ်ကလေးများအတွင်းမှ အဝတ်ထုံးလေးတစ်ခုကို ကျွန်ုပ်၏ဘကြီးမှ ကောက်ယူလိုက်ပြီး ဖြေလိုက်သောအခါ
အဝတ်စညိုညစ်ညစ်ကလေးတစ်စဖြစ်သည်ကိုတွေ့ရလေပြီး ထိုအဝတ်စကလေးကို သုံးပိုင်းဖြဲလိုက်လေပြီးလျှင်
ဗမာလူနှစ်ယောက်ဘက်သို့လှည့်ကာ
မင်းတို့သူများပစ္စည်းကိုမတရားလိုချင်တဲ့လူတွေဘဲ နောက်နောင် ဒီလိုမလုပ်တော့ပါဘူးလို့ကတိပေးရင်ဖြေပေးမယ် ဟု
ကျွန်ုပ်၏ဘကြီးမှပြောလိုက်သောအခါ ထိုလူနှစ်ယောက်သည်
လက်အုပ်များချီ၍ပင် အားရဝမ်းသာ ဂတိပေးကြလေသည်။
ငါ့….မရှိခိုးပါနဲ့ကောင်တွေရာ ဘုရားဘက်လှည့်ပြီးနောက်နောင်ဒီလိုမလုပ်တော့ပါဘူး ဘုရားကိုကတိပေးကြပေတော့
တည်တာမတည်တာ ငါ့နဲ့ဆိုင်ပါဘူး ဟုဆိုလေလျှင်ချက်ခြင်းပင် ဘသားချောနှစ်ယောက်မှာ ဘုရားဘက်သို ့လက်အုပ်ချီ၍
နောင်တွင်ဤသို့မလုပ်တော့ပါကြောင်းနှင့် လုပ်ပါက ဘာဖြစ်သည်ညာဖြစ်သည် ၎င်းတို့အလိုရှိသလိုကျိမ်တွယ်ပြီးသည့်နောက်
ရော့ဒါကိုယူထားလိုက် ဟုအဆိုပါအဝတ်စလေးတစ်ခုစီအားပေးလိုက်သည်တွင်ပင်
ထိုလူနှစ်ယောက်မှ လက်ဝယ်ဆုပ်ကိုင်လိုက်သည်နှင့် မျက်နှာများဝင်းလက်လာကာ
ပျောက်ပြီဆရာကြီးဟု အားရဝမ်းသာ ငိုယို၍ ကျွန်ုပ်ဘကြီး၏ခြေကိုဖက်ကာ ငိုသံကြီးများဖြင့်ရှိခိုးကြလေသည်။
ကျွန်ုပ်မှာလည်း ထိုသူတို့၏ဝေဒနာသက်သာခြင်းများတွက် မုဒိတာဖြစ်ခဲ့ရသေးသည်။
လွယ်လွန်းပေသည်တကား ဤသည်တို့မှာကျွန်ုပ်တွက် တစ်ခုသော တွေ့ကြုံမှုအသစ်ဖြစ်လေ၏။
…………………………………………………………….
ရှမ်းလူကြီးသည် သူကိုယ်တိုင်လည်း အနည်းငယ်ယားယံနေကာ အတော်တန်ကြောက်ရွှံ ့တုန်လှုပ်နေဟန်ရှိနေသည်ဟု
ကျွန်ုပ်ထင်မှတ်မိပေသည်။ ကျွန်ုပ်၏အထင်ပင်ဖြစ်၏။
ထိုလူကြီးသည် ဗမာစကားကို ကောင်းစွာမပြောတတ်သော်လည်း တော်တော်နားရည်လည်ပုံရလေသည်။
မောင့်မှာ အညွှန်းဘယ်နှစ်ခုပါသလဲ ဟု ကျွန်ုပ်၏ဘကြီးမှ ထိုရှမ်းလူကြီးကိုမေးလိုက်သောအခါ
ထိုလူကြီးသည်နောက်ထပ် အနီရောင်ပိတ်စလေးတစ်ခုကိုပေးလာပြန်သည်တွင် ကျွန်ုပ်၏ဘကြီးမှ ဖြန်ကြည့်လာပါလေသောအခါ
ကျွန်ုပ်နှင့် ဦးတောဗစ်မှာ မလှုပ်ရဲတော့ပေ
ဒီဟာကတော့ မောင်ဘယ်လိုမှယူလို့ရတော့မှာမဟုတ်ဘူး ဟု ကျွန်ုပ်၏ဘကြီးမှ ရှမ်းလူကြီးအားပြောလိုက်သောအခါ
ထိုလူကြီးမှ ခေါင်းကိုသာ အခါခါငြိပ်လေတော့၏
ခုဒီဟာတွေကိုဘယ်လိုလုပ်မလဲ ဟုကျွန်ုပ်၏ဘကြီးမှ ငွေခရားလေးနှစ်ခုနှင့် မြေအိုးထဲမှ ကျောက်ခဲများလား ကျောက်ပြားများလားမသိရသော
ပစ္စည်းများကို လက်ညှိုးကာပြရင်ဆက်၍ပင်
ငါတော့မဖြေတတ်ဘူး မောင်ဖြေတတ်ရင်ယူသွား ဒါပေမယ့်လမ်းမှာမောင်ဒုက္ခရောက်လိမ့်မယ် လူတွေရဲ့စိတ်ကို
မောင့်စိတ်နဲ့တွက်ကြည့်ပေါ့ ဟု ပြောလိုက်လေလျှင်
ယားတယ် ဟု ထိုရှမ်းလူကြီးမှ ပြောလှာသောအခါ ကျွန်ုပ်၏ဘကြီးမှ ပြုံး၍သာ အဆိုပါ အဝတ်စလေးတစ်ခုကို ပေးလိုက်သည်နှင့်ပင်
ထိုရှမ်းလူကြီးမှာသက်သာသွားပေလိမ့်မည်ထင်ရပါတော့၏။
ယနေ့ထိကျွန်ုပ်နားမလည်သည်မှာ ထိုအဝတ်စလေးကို ကိုင်လိုက်သည်နှင့် သက်သာသည်လား
မည်သည်တို့ကိုမန်းမှုတ်ရသည်လားဆိုခြင်းကိုပင်။ ကျွန်ုပ်ဘကြီးကိုမေးလျှင်လည်း ရမည်မဟုတ်
သိလိုလျှင်သူပြောတဲ့အချိန်ကိုဇွဲရှိရှိစောင့်မှသာရလိမ့်မည်ကို သိနှင့်ထားပြီးဖြစ်သည့်အလျှောက် မသိခဲ့သည်မှ ယနေ့ထိပင်။
……………………………………………………….
ထိုနေ့ညက ထိုရှမ်းလူကြီးသည် ကျွန်ုပ်ဘကြီးနှင့်အတူ ဘုန်းကြီးကျောင်းသို့အတူလိုက်၍တည်းခိုခဲ့ပြီး
ထိုမြေအိုးထဲမှ မြေရုပ်၊ ကျောက်ရုပ်၊ ကျောက်ပြားများကို ရှမ်းလူကြီးသည် ဖြေ၍မတတ်ဟူ၍ ယူမသွားခဲ့ပေ။
နောက်တစ်နေ့တွင် တစ်ခုသောငွေရေနွေးကရားလေးကို ကျွန်ုပ်၏ဘကြီးအားပေးခဲ့လေပြီး ကျွန်ုပ်ဘကြီး၏ အစီအစဉ်ဖြင့် တိတ်တစိတ်ပြန်သွားလေတော့သည်။
…………………………………………………………
ထိုအဖြစ်အပျက်များသည်အချိန်အားဖြင့် ရက်နှစ်ဆယ်ခန့်ကြာသောအခါ ပန်းကုန်းရွာရှိ ဘုရားကုန်း၏ အလုံးစုံသော ပန္နက်တိုင်တို့ကို
လူတို့သည်တိတ်တစ်ဆိတ် တူးဖော်ကြကုန်ပြီး ဘာများရရှိကြသည်မသိရခြင်းနှင့် လေးလကျော်ခန့်ရှိသောအခါ ဘုရားဌာပဏာကိုပင်
ခိုး၍ ဖောက်ထွင်းကြလေသည် မည်သူဖြစ်သည် ဘာရသည် ကိုလည်းမည်သူမျှမသိရှိနိုင်ကြကုန်။
ထိုမြေအိုးထဲမှ မြေရုပ်၊ ကျောက်ရုပ်၊ ကျောက်ပြားများနှင့် ရှမ်းလူကြီးပေးသော ငွေရေနွေးကယားလေးကိုလည်း ကျွန်ုပ်၏ဘကြီးမှ မြစိမ်းတောင်ရှိစေတီငယ်အဟောင်းတစ်ဆူအား ပြုပြင်မွန်မံခိုက်နှင့်ကြုံကြိုက်ပြီး ဘုရားဌာပဏာအဖြစ်ဖြင့် လှူခဲ့ပြီး နှစ်နှစ်ခန့်ကြာသောအခါ
ထိုစေတီငယ်သည်လည်း ဌာပဏာ ဖေါက်၍ အခိုးခံရလေတော့သည်။
ဤတွင် ဦးတောဗစ် ဟူသောဦးလေးကြီးမှာလည်း ထိုကဲ့သို့ရတနာသိုက်များကို ရှာဖွေလိုက်စားသူတစ်ဦးဖြစ်ကာ
ထိုနေ့ကလည်း ရှမ်းလူကြီးအားလိုက်ချောင်းသော အဖွဲ့၏ခေါင်းဆောင်ဖြစ်ပြီး
သူ၏တပည့်များကိုဝင်လုခိုင်းရာမှ သူကိုယ်တိုင်မဖြေတတ်၍ ကျွန်ုပ်၏ဘကြီးအား ခေါ်ရပါသည့်အကြောင်းနောင်များတွင်
ကျွန်ုပ်၏ဘကြီးထံတွင်လာ၍ဝန်ချတောင်းပန်လေသည်။
……………………………………………………………………
အဆုံးအနေဖြင့် ကျွန်ုပ်၏ဘကြီးမှပြောသော ရှမ်းလူကြီးအား သွား၍ယူရန်မလွယ်ကူသည့် ကျန်ရှိသောမြေပုံစာရွက်မှာ
( အကယ်စင်စစ် ထိုရှမ်းလူကြီးသည် ထိုနေရာကိုရောက်နှင့်ခဲ့ပြီးဖြစ်ကာ ယူရန်လုံးဝမဖြစ်နိုင်ဟု သိခဲ့ပြီးလေပြီ )
ပဲခူးတိုင်း ပဲခူးမြို့ရှိ ရွှေမော်ဓောဘုရား၏ ဘုရားပရဝုဏ်အတွင်းရှိ တစ်ခုသောနေရာတွင်ဖြစ်လေတော့သတည်း။
10 comments
bigbird
April 27, 2011 at 3:10 pm
ဖတ်လို့ကောင်းတယ်…ဆွဲဆောင်မှုရှိတယ်….
bigcat
April 28, 2011 at 2:58 am
ကိုအောင်ပုဘကြီး မျက်မှောင်ကြုပ်ကြည့်သလို သဂျီးကလည်း မျက်ခုံးကြုပ်ပြီး ဖတ်နေဒယ်… ဖတ်ရင်းဖတ်ရင်းနဲ့ ပါးစပ်က ပွစိပွစိနဲ့ လိမ်ဒါလိမ်ဒါလို့ပြောပြော………………………
ဗျုန်းဆို တကိုယ်လုံးယားလာလို့ ပလပ်ကင်ဆွဲနေပြီ။ နောက်ဆုံး စီနီယာမိုက်ကယ်ဂျော်နီအောင်ပုခင်ဗျား ကျနော်မှားပါပြီ၊ နောင်ကို မယုံမကြည်မလေးမစား မလုပ်ဝံ့တော့ပါဘူးလို့ သုံးကြိမ်သုံးခါတိတိ အော်ပြောမှ ယားတာပျောက်သွားဒယ်….
naywoonni
April 28, 2011 at 1:33 pm
အောင်ဘု ရေ……. ဒါမျိုး ငါတွေ့ဖူး သလိုပဲနော် အပြင်က ဂန္ဘီရ မဂ္ဂဇင်းတစ်ခုထဲမှာ…….. ဟင်းးးးနော် ကိုကိုဘု ဟုတ်မှလုပ်…. တော်ကြာ
unclegyi1974
April 28, 2011 at 2:59 pm
ဘာဖြစ်ဖြစ်ဖတ်လို့ကောင်းပါတယ်
စိတ်ဝင်စားအောင်လည်းရေးနိုင်ပါတယ်
ငွေယား တကယ်ရှိတယ်ဆိုတာလည်းကိုယ်တွေ့
ကြုံဖူးတဲ့သူကပြောလို့မှတ်သားဖူးပါတယ်
မိုက်ကယ်ဂျော်နီအောင်ပု
April 29, 2011 at 2:50 am
နောက်ထပ်ရေးတဲ့ပို့စ်တွေဆိုရင်
ပုံပြင်လို့ခေါင်းစဉ်တပ်ရတော့မယ်
ဂမ္ဘီယတွေကိုမယုံတဲ့သူတွေကို
ဂမ္ဘီယနည်းတွေလက်တွေ့ပြရမယ်
ဆိုလိုတာ ကိုကြောင်ကြီးပြောသလို
ဆိုင်ရာပိုင်ရာ အရှင်ကြီးတွေ အရှင်သာသားလေးတွေကို
မတောင်းပန်ရင် နာဖို့သာပြင်ထားဘဲ
တစ်ကယ့်အဖြစ်အပျက်ကိုရေးထားတာ
ဖတ်လို့ကောင်းတယ်ဆိုတော့
မသိရင်အောင်ပုက ဖောလ်ထားသလိုဒေါင်ဖြစ်နေဒယ်
မိုက်ကယ်ဂျော်နီအောင်ပု
April 29, 2011 at 2:53 am
ဒါနဲ့
ဂမ္ဘီယပညာတွေအကြောင်းရေးလို့ရတဲ့ဆိုက်တွေရှိရင်
လမ်းညွှန်ကြပါခင်ဗျ
သူများလက်မခံတော့ အကုသိုလ်များပါတယ်
နောက်ပို့စ်တွေကြရင်
လိုင်းတူတဲ့ဆိုက်မှာဘဲတင်မှာမို့ပါ
ချစ်စ/ဆ ရာ
April 29, 2011 at 3:16 am
ဂမ္ဘီယပညာရှင်ကြီး မိုက်ကယ်ဂျော်နီအောင်ပု ခင်ဗျား
ဂမ္ဘီယဆိုက်တွေတော့ ကျွန်တော်မသိပါဘူး
ဗေဒင်နဲ့ယတြာချေတဲ့ဆိုက်တွေတော့
ကျွန်တော်ကောင်းကောင်းသိပါတယ်ခင်ဗျ
လိုခြင်ရင် ပေးပါ့မယ်
တညင်သား
April 29, 2011 at 3:25 am
ကျွန်တော်လက်ခံတယ်…. ကျွန်တော်တို့နားကရွာတရွာမှာ ကျောက်လက်ဝါးနဲ့ ဆေးကုတာ အနယ်နယ် အရပ်ရပ်ကလာတဲ့ သူတွေ ၉၆ ပါးရောဂါ သက်သာကြတယ် ကျွန်တော်တို့ အဖေ ခါးနာတာတော့ မသက်သာဘူး.(ခြွင်းချက်)…………………….ြမြို့တော်ဝန် ဟောင်းရဲ့ ဆွေမျိုးတယောက်တောင် ဆေးလာကုသေးတယ်…..
meelay
April 29, 2011 at 6:09 am
လေးပု – စာလုံးပေါင်းက ဂမ္ဘီရ ဖြစ်ရမှာ – google search မှာ ရှာလိုက်ရင် ဂမ္ဘီရအကြောင်း ရေးတဲ့ဆိုဒ်တွေကို တွေ့ရမှာပါ ….
http://www.ledidapani.com/
http://www.mawluu.com/
http://www.baydathukhuma.com/
etone
April 29, 2011 at 6:14 am
ကိုယ်တိုင် မကြုံဖူးတာရယ် …လက်တွေ့ကျကျ စဉ်းစားမယ်ဆိုလျှင်တော့ ယုံနိုင်စရာမရှိပါဘူး … ယားနေတာ အဝတ်စလေးကိုင်တာနဲ့ ပျောက်မယ်ဆိုလျှင် ဒီလို လုပ်နိုင်တဲ့ လူတွေ ကမာ္ဘကျော်တော့မှာပေါ့ … သို့သော်လည်း ချွင်းခြက်အနေနဲ့ ရှေးလူကြီးတွေ ပြောလို့ ကြားခဲ့ဖူးပါတယ်…
မြင်အပ် ၊ မမြင်အပ်တဲ့ ပယောဂ အောက်လမ်းနည်းတွေ ဆိုတာကလည်း ယုတိ္တ ရှိရှိ တွေးလျှင် မရှိနိုင်ဘူး ထင်ရပေမဲ့ တကယ်ကြုံခဲ့ဖူးလို့ လက်ခံခဲ့ရပါတယ်… ။ etone တစ်သက်မှာ တကြိမ် တစ်ခါပါပဲ… ။ နှဖူးတွေ့ ဒူးတွေ့ ကြုံဖူးတာတောင် ဒါတိုက်ဆိုင်လို့များလားလို့ သံသယဝင်မိတာ … လူ့သဘာဝကိုး ။
အရင်ခေတ်က ရှမ်းတွေက မွေးရာပါ ဝမ်းတွင်း စုန်း ပညာ တတ်တယ်လို့ ကြားဖူးတယ် ….. ရှမ်းအိမ်သွားလို့ ထမင်းကျွေးလျှင်တောင် မစားခဲတဲ့ အဖြစ်ပျက် ရှိခဲ့ဖူးတယ်တဲ့… ။ ဖားသားကြီး ရှမ်းပြည်သွားတုန်းက တည်းစရာမရှိတာနဲ့ လန့်လန့်နဲ့ပဲ ရှမ်းအဖွားကြီးအိမ်ဝင်တည်းတာ ညဘက် အိပ်ဆေးသောက်အိပ်ပြီး မနက်နိုးလာတော့ မျက်နှာသစ်မယ် အလုပ် စဉ့်အိုးထဲက ရေကို ခပ်လိုက်တာ …. ရေသံမကြားဘဲ ခွက်ခေါက်သံကြားတော့…. စဉ့်အိုးထဲ ရေတွေက အေးခဲနေပါပကောတဲ့ … ။ ဒါကို မြင်ရတာ … ချွေးစေးတွေတောင် ထွက်တယ်ဆိုပဲ …. အဖွားကြီးကို လန့်လန့်နဲ့ မေးတော့ အေးလွန်းလို့ ရေခဲတာပါပြောတယ်…။ ဒီလောက်လည်း အေးချမ်းတဲ့ ဒေသမဟုတ်တာ သေချာတယ်ပြောရင်း မျက်နှာမသစ်ပဲ ဖားသားကြီး ပြန်လစ်လာတာ အခုထိရှမ်းပြည် အဲ့ဒီနေရာ မသွားတော့ဘူး… ။