၂၀၁၁ လော့စ်အိန်ဂျလိစ် မဟာသင်္ကြန်(မြန်မာသကရာဇ်၁၃၇၃နှစ်သစ်ကူးပွဲတော်)

kaiApril 27, 20111min24318

၂၀၁၁ လော့စ်အိန်ဂျလိစ် မဟာသင်္ကြန်(မြန်မာသကရာဇ်၁၃၇၃နှစ်သစ်ကူးပွဲတော်)

သိန်းတန် (မြန်မာပြည်)

၂၀၁၁ လော့စ်အိန်ဂျလိစ် မဟာသင်္ကြန်(မြန်မာသကရာဇ်၁၃၇၃နှစ်သစ်ကူးပွဲတော်)ကို ၁ရရက်၊ဧပြီ၊၂၀၁၁က Rosemead , Whiiter Narrow Parkတွင်Southern California Burmese Association (SoCal BA)မှကြီးမှူးပြီး နံနက်၁ဝနာရီမှညနေ၄နာရီထိကျင်းပရာ မြန်မာ၊အမေရိကန်ပရိသတ်၂၅၀ဝခန့် လာရောက်ခဲ့ကြသည်။ အခမ်းအနားကို Congresswoman Juday Chuနှင့် မြန်မာအသင်းအဖွဲ့ခေါင်းဆောင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည် ။မြန်မာ့ရိုးရာယဉ်ကျေးမှုအက၊အလှ၊တေးသံသာများကို အယ်လ်အေမြို့ခံဝါသနာရှင်များနှင့် ရုပ်ရှင်မင်းသမီးအကယ်ဒမီမေယု၊ အကယ်ဒမီမေဝင်းမောင်တို့မှ သီဆိုဖျော်ဖြေခဲ့ကြသည်။

ကလေးငယ်များ၏သင်္ကြန်ယိမ်း၊ရခိုင်ရိုးရာအက၊ကရင်ဒုံးယိမ်းအက၊အိုးစည်ဒိုးပတ်၊သံချပ်၊Sanfransiscoမှ လူငယ်များအဖွဲ့၏ဖျော်ဖြေမှု၊Las Vegasမှကလေးငယ်များ“ဖိုးသူတော်ယိမ်း”တို့ဖြင့်လည်း ကပြဖျော်ဖြေခဲ့သည်။ လောင်းလှေဖြင့် ကလေးငယ်များရေပက်နိုင်ရန် စီစဉ်ပေးထားသည်။

ငါးခြောက်ကြော်
မန္တလေးဂေဇက် စတုဒီသာ မဏ္ဍပ်

စတုဒီသာအဖြစ်မြန်မာအသင်းမှကြာဇံချက် ၊မန္တလေးဂေဇက်မြန်မာသတင်းစာမှ ကောက်ညှင်းပေါင်းနှင့်ငါးခြောက်ကြော်၊မြန်မာအမေရိကန်သိပ်ပံနှင့်အင်ဂျင်နီယာအသင်းမှကြံရည်၊ ပရိယတ္တိဒါနသဟာရဝတ်ရွတ်အဖွဲ့မှ မုန့်လုံးရေပေါ်၊ြ ပည်သူ့ဂုဏ်ရည်အဖွဲ့၏ ကျောက်ကြော၊ ဦးစိန်သန်း၏ရေခဲသုတ်၊ဒေါ်မော်နီကာရိုး၏ရွှေရင်အေး၊Garage Bandအဖွဲ့၏ ခေါက်ဆွဲသုတ်၊ဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။ ၂၀၁၁“မယ်သင်္ကြန်မမ”ပြိုင်ပွဲကိုလည်း ကျင်းပခဲ့ရာ ပထမ မရီရီမြင့်၊ဒုတိယဒေါက်တာသင်းသင်းခိုင်၊တတိယ မခင်ခင်စိန်တို့ရရှိခဲ့ကြပြီး ညနေ၅နာရီတွင် အခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းခဲ့ကြသည်။

မယ်သင်္ကြန်မမ

18 comments

  • kai

    April 27, 2011 at 9:07 am

    ရထားတဲ့ ဠပ်စစ်စာလေး တင်ပေးထားတာ…။ 🙂

    Hello Everyone,

    We would like to share more photos that were taken during the LA Thingyan 2011.

    Photos by George Swar
    http://gswar.smugmug.com/Click2Myanmar/Local-Events/LA-ThinGyan-2011/16662304_CMdQKD#1256327252_J6ZvzDT

    Photos by Steven Chang
    http://triophotography.smugmug.com/Events/2011-LA-Thin-Gyan/16670038_zCcQkP#1256937862_XvJTxHh

    Sincerely,
    Organization Committee
    Southern California Burmese Association

    For all your most up to date event information
    http://www.socalburmeseassociation.com

    • eros

      April 27, 2011 at 1:53 pm

      မယ်သင်္ကြန်ဘေးမှာ မိုက်ကိုင်ပြီးပွားနေတာ ဖြစ်မယ်။

  • MaMa

    April 27, 2011 at 2:43 pm

    သဂျီးရေ MG ကကျွေးတာ ကောက်ညှင်းပေါင်းနဲ့ ငါးကြော်လား။ ငါးခြောက်ကြော်လား။ ကြော်တုန်းကတော့ ငါးလို့ပြောပြီး ပုံမှာကျတော့ ငါးခြောက်တွေဖြစ်နေတယ်။ ငါးနီတူခြောက်တွေထင်တယ်။ ဘယ်ကလာတာလဲ။ မြန်မာပြည်ကပဲလား။ ငါးနီတူခြောက်တွေဆိုရင် အဆင်ပြေရင် export လုပ်ချင်ပါတယ်။
    သဂျီးပုံက သစ်ပင်နောက်ကနေ ကင်မရာကြီးနဲ့ ချိန်နေတဲ့ပုံ ဖြစ်လိမ့်မယ်။

  • ဆူး

    April 27, 2011 at 2:47 pm

    ဟုတ်ပါ့.. ပုံကို ကြည့်နေတာ ငါးကြော် မတွေ့လို့.. လိုက်ရှာနေတာ..
    ငါးတွေ ကြော်နေတုန်း ဆီ အိုးထဲက ခုန်ထွက်သွားလို့ ငါးနီတူးခြောက်တွေ ဖြစ်နေတာလား မသိဘူးနော်။
    သဂျီးပါတဲ့ ပုံ နံပါတ် ကိုပြော.. နံပါတ်ဘယ်လောက်လဲ

  • bigbird

    April 27, 2011 at 3:17 pm

    သဂျီးကိုတွေ့ချင်တယ်ပေါ့..ပြောလိုက်ပါသဂျီးရယ်..ဘယ်ပုံလဲဆိုတာ..

  • kopauk mandalay

    April 27, 2011 at 3:43 pm

    သူဂျီးပုံ က မပါဘူး။
    သူဂျီးက ကင်မရာမင်းလေ
    ပျော်စရာကြီးနေမှာနော် မောင်သင်္ကြန်ရောမရွေးဘူးလား

  • တညင်သား

    April 27, 2011 at 5:30 pm

    သူကြီးက ငါးကြော်တွေတူးသွာလို့ စိတ်ညစ်ပြီး မဏ္ဍပ်နောက်မှာ ငုတ်တုပ်ထိုင်နေတယ်………….

    • kai

      April 28, 2011 at 5:26 am

      ငါးနီတူကို ကြော်လျှင် ငါးနီတူကြော်
      ငါးကလေးကို ကြော်လျှင်ငါးကလေးကြော်
      ငါးကို ကြော်လျှင် ငါးကြော်…
      ဒယ်အိုးနှင့်ကြော်လျှင် ဒယ်အိုးကြော်
      လက်နှင့်ကိုင်ကြည့်လျှင် လက်ကြော်ဟုခေါ်သည်

  • weiwei

    April 28, 2011 at 5:29 am

    သူကြီး မူးနေပြီထင်တယ် …
    လက်နဲ့ကိုင်ကြည့်လျှင် ပူမှာပေါ့ …
    လက်ကို ကြော်လိုက်မှ လက်ကြော် ဖြစ်မှာပေါ့ … 😛

  • ဆူး

    April 28, 2011 at 5:31 am

    ငါးနီတူး ကြော် ရင် ငါးနီတူးကြော်
    ငါးကြော်ရင် ငါးကြော် ဟုတ်သေးတယ်..
    ဘယ်လိုလုပ်.. ဒယ်အိုးကြော် လက်ကြော် ဖြစ်ရတာလဲ..

    သဂျီး ကိုယ်တိုင် ဆီအိုးထဲ ခုန်ဆင်းပြီး အကြော်ခံတာ မိုလို့လား.. (ပျားတွေ အတွက် အကြွေးဆပ်တာလား)

  • kai

    April 28, 2011 at 6:43 am

    အိမ်မြှောင်လည်း မဟုတ်.. ကျောင်းမြှောင်လည်းမဟုတ်
    လက်ပေါ်မှာ ရောက်နေ၍ လက်မြှောင် ..တဲ့..
    (ခုံတော်မောင်ကျဘမ်း ) 🙂

  • hmee

    April 28, 2011 at 7:32 am

    ငါးနီတူတွေကို ခေါင်းမဖြုတ်ပဲ ကြော်တယ်တော်။

    • ဆူး

      April 28, 2011 at 10:40 am

      ခေါင်းမဖြုတ်တော့ ကြမ်းတာပေါ့..

  • cobra

    April 28, 2011 at 7:52 am

    သူကြီးပုံမတွေ ့ဘူးလား….
    ပထမဆုံးပုံကိုကြည့်လိုက်သစ်ပင်တစ်ပင်တွေ ့လိမ့်မယ်
    သစ်ပင်ရဲ့အောက်ခြေနားမှာပေ့ါ…..
    သူမူးပီးလဲနေတာလေ….
    ပြောသေးတယ်သူက…
    ငါအရမ်းမမူးသေးဘူးတဲ့လာမတွဲနဲ့တဲ့…။

  • favourite

    April 28, 2011 at 8:10 am

    အင်္ကျီအနီ ဘောင်းဘီအဖြူ ဝတ်ပြီး ဂစ်တာတီးနေသူမှာ ကျွန်ုပ်တို့၏ သူကြီးပင် ဖြစ်ပေတော့သတည်း။

  • kai

    April 28, 2011 at 8:22 am

    အပေါ်ဆုံးကော်မန့်မှာ ဓါတ်ပုံလင့်တွေရှိတယ်..
    ဓါတ်ပုံဆရာတွေ.. တော်တော်စိတ်နာလို့နဲ့တူတယ်..။
    ကျုပ်ပုံရော.. မဟေသီပုံရော…… တယောက်မှကို ရိုက်မသွားဘူး..။ အဲဒီည အကြိုည အိမ်ပြန်မိုးချုပ်တာမို ့.. မနက်လည်းနောက်ကျတယ်..။
    ဒါကြောင့်ထင်ပါတယ်..။ ဓါတ်ပုံဆရာတွေလွတ်ကုန်တာ…။

    ကောက်ညှင်းငချိပ်ကို ဘုန်းကြီးကျောင်းမှာ တညလုံးပေါင်းပေးတာက.. ကိုပေါက်လို့ခေါ်တဲ့ မိတ်ဆွေတယောက်ပါ..။
    သူ့ပုံလည်း မပါဘူး..။
    ငါးကလေးတွေက.. အထုတ်လိုက်ရောင်းတာ.. စုစုပေါင်းအထုတ်၁၀ဝ ဝယ်ပြီး ကြော်တာ..။ ယိုးဒယားက ထုတ်လုပ်သည်ရေးထားတယ်..။
    Dried Anchovy တထုတ်.. ၈အောင်စကို .. ၃ဒေါ်လာကျော်ကျော်ပေးရတယ်..။
    Wholesale ဈေးဆိုရင်တော့.. ၂ဒေါ်လာကျော်ကျော်လောက်ပဲရှိမယ်..။
    အရသာက ထင်သလောက်မငန်..မခါးထားမို ့.. ဒီအတိုင်းပဲ ကြော်တာ…။
    အဲဒါ.. ကြော်ရင်းတန်းလန်း… ရေဆေးရတယ်ပြောကြတာမို ့.. ရေဆေးပြီးမှ ကြော်လိုက်တာ… ဆီတွေပေါက်ကုန်တာပါ..။ တဝက်စာ..အထုတ်၅ဝပေါ့..။

    ငရုပ်သီးလှော်တွေက .. အဲဒီနှစ်ဆန်းမနက်အတွက်ဆွမ်းကပ်ဖို့.. သီးသန့်လုပ်ထားတာ…။
    ပြောရရင်. .. ဘန်ုးကြီးကပ်တာနဲ့.. စတုဒီသာအလှူနဲ့ ငါးခြောက်လည်းမတူဘူး.။
    ဆွမ်းကပ်တာက..ခေါင်းဖြုတ်.. အူအသည်းတွေထုတ်ထားတဲ့ ငါးကလေးတွေ…။
    ဘုန်းဘုန်းက အစပ်လည်းရတယ်ပြောတာမို ့.. ငရုပ်သီးမှုန့်တွေထည့်တာ…။

    ဒီနှစ်ရဲ့ ..မယ်သင်္ကြန်မမ ရွေးပွဲက… အသက် ၄ဝနှင့်အထက် အိမ်ထောင်ရှိသူတွေကိုပဲ.. လုပ်တာ…။
    အဲဒီပုံ..ဘယ်အစွန်လူက.. ဒီမှာအင်တာဗျူးတင်ဘူးတဲ့..Adrian Zaw။ ဘေးက.. ၂၀၀၅ မယ်ရွေးပွဲပထမရတဲ့..Sundie Zin
    အခန်းအနားမှုးတွေဆိုပါတော့..။

  • maungmoenyo

    April 29, 2011 at 3:25 am

    အခက်အခဲမျိုးစုံကြားက နှစ်စဉ် အစဉ်အလာမပျက် ပွဲစဉ်ဆက်အောင်ဆောင်ရွက်ပေးကြတဲ့ လူကြီးမင်းများ နှစ်သစ်မှာ ကိုယ်စိတ်ကျန်းမာ တိုးတက်မှုအပေါင်းနဲ့ ပြီးပြည့်စုံကြပါစေဗျာ…။

Leave a Reply