kaiApril 27, 20111min24318
၂၀၁၁ လော့စ်အိန်ဂျလိစ် မဟာသင်္ကြန်(မြန်မာသကရာဇ်၁၃၇၃နှစ်သစ်ကူးပွဲတော်) ၂၀၁၁ လော့စ်အိန်ဂျလိစ် မဟာသင်္ကြန်(မြန်မာသကရာဇ်၁၃၇၃နှစ်သစ်ကူးပွဲတော်)ကို ၁ရရက်၊ဧပြီ၊၂၀၁၁က Rosemead , Whiiter Narrow Parkတွင်Southern California Burmese Association (SoCal BA)မှကြီးမှူးပြီး နံနက်၁ဝနာရီမှညနေ၄နာရီထိကျင်းပရာ မြန်မာ၊အမေရိကန်ပရိသတ်၂၅၀ဝခန့် လာရောက်ခဲ့ကြသည်။ အခမ်းအနားကို Congresswoman Juday Chuနှင့် မြန်မာအသင်းအဖွဲ့ခေါင်းဆောင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည် ။မြန်မာ့ရိုးရာယဉ်ကျေးမှုအက၊အလှ၊တေးသံသာများကို အယ်လ်အေမြို့ခံဝါသနာရှင်များနှင့် ရုပ်ရှင်မင်းသမီးအကယ်ဒမီမေယု၊ အကယ်ဒမီမေဝင်းမောင်တို့မှ သီဆိုဖျော်ဖြေခဲ့ကြသည်။ ကလေးငယ်များ၏သင်္ကြန်ယိမ်း၊ရခိုင်ရိုးရာအက၊ကရင်ဒုံးယိမ်းအက၊အိုးစည်ဒိုးပတ်၊သံချပ်၊Sanfransiscoမှ လူငယ်များအဖွဲ့၏ဖျော်ဖြေမှု၊Las Vegasမှကလေးငယ်များ“ဖိုးသူတော်ယိမ်း”တို့ဖြင့်လည်း ကပြဖျော်ဖြေခဲ့သည်။ လောင်းလှေဖြင့် ကလေးငယ်များရေပက်နိုင်ရန် စီစဉ်ပေးထားသည်။ စတုဒီသာအဖြစ်မြန်မာအသင်းမှကြာဇံချက် ၊မန္တလေးဂေဇက်မြန်မာသတင်းစာမှ ကောက်ညှင်းပေါင်းနှင့်ငါးခြောက်ကြော်၊မြန်မာအမေရိကန်သိပ်ပံနှင့်အင်ဂျင်နီယာအသင်းမှကြံရည်၊ ပရိယတ္တိဒါနသဟာရဝတ်ရွတ်အဖွဲ့မှ မုန့်လုံးရေပေါ်၊ြ ပည်သူ့ဂုဏ်ရည်အဖွဲ့၏ ကျောက်ကြော၊ ဦးစိန်သန်း၏ရေခဲသုတ်၊ဒေါ်မော်နီကာရိုး၏ရွှေရင်အေး၊Garage Bandအဖွဲ့၏ ခေါက်ဆွဲသုတ်၊ဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။ ၂၀၁၁“မယ်သင်္ကြန်မမ”ပြိုင်ပွဲကိုလည်း ကျင်းပခဲ့ရာ ပထမ မရီရီမြင့်၊ဒုတိယဒေါက်တာသင်းသင်းခိုင်၊တတိယ မခင်ခင်စိန်တို့ရရှိခဲ့ကြပြီး ညနေ၅နာရီတွင် […]