“ပညာ=ရွှေအိုး=စီးပွားတိုး”

“ ပညာ=ရွှေအိုး =စီးပွားတိုး”
တစ်ခါက မိတ်ဆွေတစ်ယောက်အိမ်ကို ရောက်သွားတဲ့အချိန်မှာ
သုံးတန်းကျောင်းသား မြေးလေးကို အဖိုးဖြစ်သူက ဆူနေတာနဲ့သွားဆုံပါတယ်။
ကျူရှင်တွေမှန်သမျှလဲထားပေးရဲ့သားနဲ့ အတန်းထဲမှာ အဆင့်(2)ဘဲရလို့ မကြိုးစားဘူးဆိုပြီးဆူတာပါတဲ့။
အဲလိုဆူနေတာကို ကြားမိတော့ ကိုယ်ကလဲ ဘုမသိဘမသိနဲ့ဝင်လျှာရှည်မိပါတယ်။
“အဆင့်(2)ဆိုတာလဲ မဆိုးပါဘူး
ဗျာကျွန်တော်တို့တုံး က “ဝမ်းတူ တင်း” ဝင်ရင်တောင်ကျေနပ်နေရတာမဟုတ်ဘူးလား”လို့
လို့ဝင်ပြောရင်း”သူတို့အတန်းထဲကျောင်းသားက ဘယ်နှစ်ယောက်လဲ”လို့မေးတော့။
“ခြောက်ဆယ့် သုံးယောက်”လို့ပြန်ဖြေတဲ့အခါ ဒါဆိုလဲကလေးကိုမဆူပါနဲ့တော့ဗျာ”လို့ကျွန်တော်ကပြောလဲပြောလိုက်ရော
“ကိုပေါက်ရေ သူတို့အတန်းထဲမှာ ပထမရတဲ့သူက လူခြောက်ဆယ်ရှိတယ်”လို့ ခတ်ဆတ်ဆတ်လေး
ဖြေသံကို ကြားမိလိုက်မှ “ဂဃနဏ”မသိဘဲ ဝင်ရှည်မိတဲ့ကိုယ့် ပါးစပ်ကိုဘဲ ပြန်ပိတ်ရိုက်ချင်စိတ်ပေါက်သွားပါတယ်။
အခုခေတ်ကလေးများ တ စာထဲ စာနေကြရတာကိုလဲ အပြစ်မဆိုသာပါဘူး။
မိဘဘိုးဘွားများကလဲ ကိုယ့်ကလေးရော ကိုယ်ပါမျက်နှာမငယ်ရအောင် ကလေးတွေကို ဇွတ်တွန်းပြီးကြိုးစားခိုင်းတာကိုး။
ကလေးတွေကိုလဲ မိဘတွေက ကောင်းပေ့ဆိုတဲ့ကျုရှင်တွေထား မနားတမ်းတစ်ခုပြီးတစ်ခုတက်
အချိန်နဲ့အမျှစာကျက်ခိုင်းပါတော့တယ်။
ဒီတော့ အခုခေတ်ကလေးတွေရဲ့ဘဝမှာ မွေးလာလို့ နို့နံ့မစင်သေးဘူး ကျုရှင်ဆိုတာနဲ့တွေ့တော့တာပါဘဲ။
(သတင်းတပုဒ်ဖတ်လိုက်ရတာ အမေ့ဗိုက်ထဲက ကလေးတောင်ကျုရှင်ပေးတော့မယ်ဆိုဘဲ)

ပြီးခဲ့တဲ့တစ်ရက်ကတော့ လက်ဖက်ရည်ဆိုင်ထိုင်နေတုံး ကိုယ်နဲ့ကပ်ရက်စားပွဲက ထိုင်နေတဲ့မိန်းမနှစ်ယောက်ပြောနေတာ
တွေကနားထဲကိုအလိုလိုရောက်လာပါတယ်။
“အမကြီးသမီးရော ကျုရှင်အပ်ပြီးပြီလား? လို့တစ်ယောက်မေးတော့
“မပြောချင်တော့ဘူး မငယ်ရေ အဲဒီကျူရှင်အပ်တဲ့ကိစ္စက မအောင်မြင်တဲ့အပြင် လင်မယားတောင်စကားတွေများရတယ်”
လို့ အစချီပြီး ကိုးတန်းတက်မယ့် သမီးလေးကို အောင်ချက်ကောင်းတယ်လု့ိနာမယ်ကြီးတဲ့ ကျူရှင်ကိုသွားအပ်ဘို့လုပ်တဲ့
အခါ ဒီအတိုင်းလက်မခံဘဲ ကလေးကို စာမေးပွဲဖြေခိုင်းပြီး အင်တာဗျုးပြီးမှ လက်ခံသင့် မခံသင့်စဉ်းစားမယ်လို့ပြောတဲ့
အကြောင်း သူတို့မှာလဲ ဝန်ထမ်းတွေဖြစ်တော့ သမီးလေး (7)တန်းကျောင်းသူဘဝကတည်းက ကိုးတန်းရောက်ရင် ကျူရှင်ထားနိုင်ဘို့ ငွေစုခဲ့ရတဲ့အကြောင်း။
ဒီလိုကြိုတင်လို့ စုတာတောင် ကြီးသထက်ကြီးလာတဲ့ကျူရှင်စရိတ် မပြည့် လို့ သူ့ညီမက လိုတာစိုက်ပေးတဲ့အကြောင်း။သမီးလေးကလဲ ဒီကျုရှင်မှ ဒီကျူရှင်ဖြစ်နေတဲ့အကြောင်း။
ကျူရှင်က ချက်ခြင်း လက်မခံဘူးလဲပြောရော အိမ်က ယောက်ျားက သူတို့တောင်းသလောက်
ပိုက်ဆံလဲပေးရသေး အောက်ကျနောက်ကျခံပြီး လဲအပ်ရသေးဆိုတာကိုလက်မခံနိုင်ဘူးဆိုပြီး
အဲဒီကျုရှင်ကို မထားရဘူးပြောတော့ လင်မယားစကားတွေများရတဲ့အကြောင်းကိုစီကာပါတ်ကုံး
ပြောပြနေတာကို နားမထောင်ဘဲကြားနေရပါတယ်။
အခုမတ်လစာမေးပွဲဖြေပြီးတာမှ ရက်ပိုင်းဘဲရှိသေးတယ် ကျူရှင်တက်ဘို့လုံးပန်းနေကြရပါပြီ။
အခုလိုကျုရှင်တွေအပ်တဲ့ကိစ္စတွေကိုမိဘတွေကိုယ်တိုင်က
လုံးပန်းကြရတာမြင်တော့ ကိုယ့်နေထိုင်ကြီးပြင်းခဲ့ရတဲ့ခေတ်နဲ့ယှဉ်တွေးမိပြီး မိဘတွေရော ကလေးတွေအတွက်ပါရင်မောမိပါတယ်။

ကျွန်တော်တို့ငယ်ငယ်ကတော့ နွေရာသီကျောင်းပိတ်ရက်ဆိုတာ ကျွန်တော်တို့ မီးကုန်ယမ်းကုန်
ဆော့ရ ကမျဉ်းရအောင် အခွင့်ပေးလိုက်တဲ့ကာလပါ။
အခုခေတ်ကလေးများလို ကျူရှင်တက်ဘို့မပြောနဲ့ မနက်မိုးလင်းကမိုးချုပ် ကလေးတွေစုလို့
ကစားနည်းပေါင်းစုံကို စားချိန်နဲ့အိပ်ချိန်ကလွဲရင် တစ်မျိုးပြီးတစ်မျိုးမရိုးနိုင်အောင် ပြောင်းလို့ကစားကြတာပါ။
ဒါကြောင့်လဲ ကျွန်တော်တို့အဖွားက ကျွန်တော်ကိုကြည့်ပြီးပြောလေ့ရှိတာကတော့……………..
“ ကျောင်းလဲပိတ်ရော ငပေါက်တို့လဲ ဘုတ်ပိတ်” ပါတဲ့။
သူဆိုလိုတာက ကျောင်းပိတ်တာနဲ့ ကျောင်းစာဘုတ်အုပ်ကို လုံးဝကိုမဖွင့်တော့တာကို ဆိုလိုတာပါ။
ဟုတ်ပါတယ် ကျျွန်တော်တို့ငယ်ဘဝက နွေရာသီကျောင်းပိတ်ပြီဆိုတာနဲ့ ကျောင်းပြန်ဖွင့်တဲ့
ဇွန်လ မရောက်မချင်းကျောင်းစာအုပ်ကိုပြန်ဖွင့်တယ်ဆိုတာ မရှိသလောက်ပါဘဲ။
ကျောင်းပိတ်ပြီဆိုတာနဲ့ရွယ်တူသူငယ်ချင်းတွေစုလို့ ကစားခဲ့ကြတာတွေကို ခုပြန်စဉ်းစားမိတာနဲ့တောင်
လွမ်းသလိုလိုပါဘဲ။
ကျွန်တော်တို့ ကျောင်းနေစဉ်ငယ်ဘဝတုံးကတော့ ကျောင်းသားတစ်ယောက်အဘို့
ကျောင်းက ဆရာဆရာမ သင်တာနဲ့တင်လုံလောက်ပြည့်စုံပါတယ်။
အများအားဖြင့်ကတော့ ကလေးတွေမှာစာမေးပွဲအောင်ရုံတင်မကဘူးစာလဲတကယ်တတ်ကြတယ်လို့
ထင်ပါတယ်။
ဘာလို့လဲဆိုတော့ အရင်ခေတ်က ကျောင်းသားဦးရေနဲ့ သင်ရတဲ့ဆရာဦးရေ မျှတတယ်။
နောက်ပြီး ကျောင်းဆရာ ဆရာမ ဘဝကို ခံယူတဲ့သူတွေဆိုတာ တကယ်ကို ဝါသနာပါလို့
စေတနာအပြည့် နဲ့ ဒီဘဝကို ခံယူခဲ့ကြတဲ့သူတွေဆိုတော့ သင်ကြားပေးရာမှာ စေတနာအပြည့်ပါတယ်။
နောက်တစ်ချက်ကတော့ သင်ပေးသူကိုယ်တိုင်က လည်း ကလေးတွေကိုသင်ပေးရမယ့်ဘာသာရပ်
ကို ကောင်းမွန်စွာနားလည်ပြီးသား တတ်ကျွမ်းပြီးသား သူတွေဖြစ်ကြပါတယ်။
နောက်သူတို့ကိုယ်တိုင် ကိုယ်ကျင့်တရားကောင်းမွန်သူတွေ ဖြစ်ကြပြန်တော့ ကလေးတွေရဲ့လေးစားစရာ
စံပြုစရာ ပုဂ္ဂိုလ်တွေဖြစ်ကြတဲ့အတွက် သူတပည့်တွေကလည်း ဆရာ ဆိုတာနဲ့အလိုလိုလေးစားပြီးသားပါ။
အဲ့တော့ ဆရာ ဆရာမတွေကလည်း ကျောင်းစာတင်မကဘူး တပည့်တွေကို လူမူ့ရေးနဲ့ပါတ်သက်တာတွေ
ကို သွန်သင်ညွှန်ပြ ဆုံးမကြတာကိုလဲ တပည့်တွေက လိုလိုလားလားနာယူခဲ့ကြပါတယ်။
ကျွန်တော်တို့လူပျိုပေါက်ကျောင်းသားဘဝက လက်ဖက်ရည်ဆိုင်ထိုင်ရင်ဆရာမြင်မှာကြောက်တယ်။
ဆေးလိပ်သောက်နေတုန်းများဆရာ ဆရာမ ဖြတ်သွားတာမြင်ရင် သူတို့မမြင်အောင်ဆေးလိပ်ကိုအမြန်ဖွက်ရပါတယ်။
အမှန်အတိုင်းပြောရရင်တော့ ချစ်ကြောက်ရိုသေပါ။
ဆရာဆရာမ ကို ကျောင်းသားကလဲလေးစားပါတယ် သူတို့ကလည်းလေးစားလောက်အောင်နေပါတယ်။
ဆရာ ဆရာမတွေကလည်းတပည့်တွေဆီက ဘာမျှော်လင့်ချက်မှမထားကြတာများပါတယ်။
အတန်းထဲမှာစာမလိုက်နိုင်တဲ့ကောင်မှသာစာမေးပွဲနီးတဲ့အချိန်မှသာဆရာဆရာမတွေက
“ဟိုကောင်ကျောင်းဆင်းရင်အိမ်လိုက်ခဲ့”ဆိုပြီး အိမ်မှာဆက်သင်ပေးတတ်ကြပါတယ်။
အဲလိုသင်ပေးရတာ ဘာမှ မရတဲ့အပြင် သင်ပေးရတဲ့ဆရာ ဆရာမတွေကလာသင်တဲ့ကလေးဘိုက်ဆာနေမှာစိုးလို့ မုန့်တောင်ကြွေးလိုက်ပါသေးတယ်။
ဒါရှေးရှေးတုန်းကပေါ့။

ကျွန်တော့်အဘိုးက ကျောင်းအုပ်ကြီးဘဝကနေပင်စင်ယူလိုက်တဲ့အခါ အိမ်မှာကျုရှင်သဘောမျိုးဖွင့်ပါတယ်။
ကျောင်းသားမိဘတွေက တောင်းပန်လို့ဖွင့်ရတာပါ။
ကျွန်တော့်အဖိုးက သချင်္ာနဲ့အင်္ဂလိပ်စာပြပါတယ်။
အတန်းထဲမှာစာမလိုက်နိုင်တဲ့ကလေးတွေကို သင်ပေးရတာပါ။
အဲဒီခေတ်က စာတော်တဲ့သူက ကျုရှင်မတက်ပါဘူး။
အဲဒါကျွန်တော်ကျောင်းနေစကပေါ့။

ကျွန်တော်တို့ရှစ်တန်းလောက်အရောက် စံနစ်သစ်ပညာရေးဆိုပြီးတော့ သိပ္ပံနဲ့ဝိဇ္ဇာစခွဲပါတယ်။
သိပ္ပံတွဲနဲ့ဆယ်တန်းအောင်ရင် ဆရာဝန်လိုင်းတို့ အင်္ဂျင်နီယာလိုင်းတို့ဆိုတဲ့လိုင်းကောင်းတွေတက်လို့ရသလို
ဆယ်တန်းဆိုတဲ့ တက္ကသို်လ်ဝင်တန်းကိုအောင်ဘို့သိပ်မခက်ပါဘူး။
ဒါပေမယ့် အရင်က မသင်ဘူးတဲ့ ဘိုင်အိုတို့ ဘော်တနီတို့ဆိုတဲ့(အကောင်ပလောင်ဗေတို့ သစ်ပင်ဗေဒ)တို့ဆိုတာတွေက ကိုးတန်းရောက်တာနဲ့စသင်ရပါတယ်။
ဝိဇ္ဇာတွဲကနေအောင်ရင်တော့ အီကိုဆိုတဲ့စီးပွားရေးတို့ ဘီအီးဒီဆိုတဲ့ပညာရေးတက္ကသို်လ်တို့သာ
အမြင့်ဆုံးလောက်အနေနဲ့တက်လို့ဘဲရသလို ဆယ်တန်းအောင်ဘို့လဲခက်ပါတယ်။
အားလုံးက ကျက်စာတွေဖြစ်နေတာလဲပါ ပါတယ်။
နောက်ရှစ်တန်းအောင်လို့ ဆယ်တန်းရောက်တဲ့အခါ ရတဲ့အမှတ်ကိုမူတည်လို့
အသက်မွေးဝမ်းကျောင်းဆိုတဲ့ အင်စတီကျူ့ဆိုတာကြီးကို ဝင်ခွင့်သတ်မှတ်ပေးပါတော့
ပထမ ဆေးတက္ကသိုလ် သူနောက်က စက်မှု့ အဲဒီနောက်က သွား …………………………..
ဘီအီးဒီ၊အီကို၊သစ်တော၊စိုက်ပျိုးရေး၊ဘူမိ၊ဓါတု၊ရူပ အစသဖြင့်အစဉ်အတိုင်းခွဲသွားလိုက်တာ
ဝိဇ္ဇာဘာသာရပ်များက အမှတ်အနည်းဆုံး၊နောက်ဘိတ်ဆုံးမှာရပ်တည်လို့ အမှတ်နည်းသူတွေ
အတွက်ကဝိဇ္ဇာဘာသာရပ်ဖြစ်လို့သွားတော့ ပညာအဘိုးတန်တာ မတန်တာအပထား
ဝိဇ္ဖာဘာသာရပ်ဆိုတာ စာညံ့သူ အမှတ်မကောင်းသူတွေအတွက်လို့ သတ်မှတ်တာခံရပါတော့တယ်။

အဲလိုလဲစနစ်သစ်ပညာရေးကိုစပြောင်းရော မိဘတွေကစလှူပ်လာပါတော့တယ်။
၈တန်းအောင်လို့ လိုင်းခွဲရင် သိပ္ပံလိုင်းရအောင် ကလေးတွေကိုစမောင်းပါတော့တယ်။
ကလေးတွေ ရှစ်တန်းရောက်တာနဲ့မိဘတွေရဲ့ပါးစပ်ဖျားမှာ ကလေးတွေ ရှစ်တန်းရောက်တာနဲ့ တသိပံ္ပထဲသိပ္ပံလို့
သိပ္ပံရောဂါတွေတက်ကြ ပါတော့တယ်။
အဲဒီကစလို့ ကျုရှင်ထားတယ်ဆိုတဲ့ ဘာသာစကားကလဲခေတ်စားလာပါတော့တယ်။
အဲရှစ်တန်းအောင်လို့ ကိုးတန်းလဲရောက်ရော ကျူရှင်ဆက်တက်ရပါတော့တယ်။
ဘာလို့လဲဆိုတော့ ဆယ်တန်းဖြေတဲ့အခါမှာ ကိုးတန်းစာပါထည့်မေးပါတယ်။
နောက်ပြီးကိုးတန်းရောက်တာနဲ့အရင်က မသင်ခဲ့ရတဲ့ဘာသာရပ်တွေကိုစသင်ရတာကလဲ အခက်အခဲတစ်ခုလိုပါဘဲ။
ဓါတုဗေဒ၊ရူပဗေဒ၊ဘိုင်အို၊အယ်လ်ဂျီဘရာ၊တြီဂိုစတဲ့နာမယ်အသစ်တွေပါလာပါတော့တယ်။
အဲဒီတော့ မိဘများကလဲ ကိုယ့်ကလေးဆယ်တန်းအောင်ရင် အမှတ်ကောင်းဘို့အတွက်
ကျောင်းကဆရာတွေသင်တာနဲ့တင်မလုံလောက်ဘူး အပြင်မှာနောက်ထပ်ဆရာတွေနဲ့
ထပ်သင်မှရတော့မယ်ဆိုတဲ့အတွေးနဲ့ကျုရှင်ပြေးလို့အပ်ပါတော့တယ်။

ဒါပေမယ့်ဟိုအရင်ခေတ်က ကျုရှင်မှာသင်တဲ့ဆရာဆိုတာ အစိုးရကျောင်းတွေမှာ အလုပ်မလုပ်တဲ့
ပြင်ပက ဆရာတွေဘဲသင်ပေးတာပါ.။
အစိုးရကျောင်းမှာ လက်ရှိသင်နေတဲ့ဆရာ ဆရာမက အပြင်မှာကျုရှင်ပြစားတယ်ဆိုတာ မရှိသလောက်
ရှားပါတယ်။
တစ်ချို့အပြင်မှာကျုရှင်လဲမတက်နိုင်တဲ့ကလေးတွေကို အခမဲ့ဖြစ်စေ သဒ္ဒါကြေးနဲ့ဖြစ်စေသင်ပေးတဲ့ဆရာ
တွေတော့ အနည်းအကျဥ်းရှိပါတယ်။
ဒါပေမယ့် အဲဒီတုန်းက ကျူရှင်ဆိုတာက အစိုးရကျောင်းရဲ့နောက်မှာဘဲရှိနေသလို အခုလောက်လဲမိဘတွေ
သဲသဲမလှုပ်ခဲ့ကြတာကလဲအမှန်ပါဘဲ။
ကျွန်တော် တို့ဆယ်တန်းရောက်တဲ့အချိန်မှာကျူရှင်ဆိုတာတွေက အရှိန်ရစပြုနေပါပြီ။
ဘာသာစုံသင်တဲ့ကျုရှင်တွေရှိပေမယ့်နည်းပါးပါတယ်။
ကျွန်တော်လို့ သိပ်ပိုက်ဆံမတတ်နိုင်သူများကတော့ ကျုရှင်တစ်ခုထဲမှာ
ဘာသာစုံသင်ပေးတဲ့ဆီမှာတက်ကြပါတယ်။
(လူတွေက အထင်သေးတတ်ကြလို့ပါ အဲဒီလိုကျုရှင်တွေမှာလဲတကယ်ကိုအသင်အပြကောင်းတဲ့ဆရာတွေအများကြီးရှိပါတယ်။)
အများအားဖြင့်ကတော့ တစ်ဘာသာခြင်းစီကို သီးသန့်သင်တဲ့ဆီကိုအလုအယက်တက်ကြပါတယ်။
မန်းလေးမှာအဲဒီတုန်းက မြန်မာစာဆိုရင် ဦးသိန်းနို်င်၊သချင်္ာဆိုရင်နန်းညွန့်၊ဇော်ဂျီဦးအေးမောင်၊အင်္ဂလိပ်စာဆိုရင် BM ဘားမား၊ဦးအောင်ကိုးရူပဆိုရင်ဦးဝင်းထိန်၊ဓါတုဦးစိန်လှိူင် ဆိုရင် ဘိုင်အိုဆိုရင်မေဂျာတင်ဝင်း ဦးစိုးတင့်တို့က နာမယ်ကြီးဆရာတွေပေါ့။ဘာသာစုံမှာနယ်မယ်ကြီးတာကတော့ ကျုံးဘေးက အားသစ်ကျုရှင်ပါဘဲ။
ကျူရှင်ဆရာတင်နာမယ်ကြီးတယ်မထင်ပါနဲ့ဘယ်ကျောင်းက ဆရာကတော့ ဘယ်ဘာသာမှာအသင်အပြ
ကောင်းတယ်ဆိုတဲ့ ပန်းသတင်းမွှေးမွှေးလေးတွေကိုလဲ လေညှင်းဆောင်သလိုဆောင်ခဲ့ကြပါတယ်။
နောက်ပိုင်းမှာတော့ ပညာရေးပုံစံကပြောင်းလဲလို့သွားပါတယ်။
အစိုးရကျောင်းမတက်ရင်လဲရတယ် ဘော်ဒါနေပြီး အပြင်ကနေဖြေရင်ရတယ်ဆိုတော့ ဘော်ဒါဆောင်တွေပေါ်လာပါတယ်။
ဒါပေမယ့်စ စခြင်းကတော့ သိပ်မအောင်မြင်ခဲ့ပါဘူး။
ကျွန်တော်တို့ ဆယ်တန်းနှစ်က ထောင်တဲ့ဘော်ဒါတစ်ခုက အဆန်းထွင်လို့ ကျောင်းသားတကယ်နှစ်သက်တဲ့
ကြီုက်တဲ့ဆရာနဲ့ သင်ပေးမယ် ကျောင်းသားကိုရွေးချယ်ခွင့်ပေးမယ်ဆိုပြီးဖွင့်ပေးလိုက်တာ နှစ်တစ်ဝက်သာကျုးိသွားတယ် ဆရာရွေးလို့ မပြီးဘူး ဆိုတာကို ပုံပြင်လိုလို တကယ်လိုလိုနဲ့ကြားရဘူးပါတယ်။
ဒီလိုနဲ့ကျွန်တော်လဲဆယ်တန်းအောင်ပြီးလို့ နှစ်အတော်ကြာမှာ ပညာရေးရဲ့ပုံစံတစ်ခုလုံး
ပြောင်းလဲသွားတာကိုသိလိုက်ရပါတယ်။
တူလေးတွေတူမလေးတွေ သူ့အတန်းပိုင်ဆရာမဆီမှာ ကျုရှင်တက်ရသတဲ့။
နေ့ကျောင်းက ကျောင်းဆင်းရင် ဆရာမက သတ်မှတ်ပေးထားတဲ့ အိမ်မှာစုပြီးစာဆက်သင်ပါသတဲ့။
အဲတော့ ဒါတရားဝင်လားဆိုတော့လဲမဟုတ်ပါဘူး ခွင့်ပြုထားတာမဟုတ်ပါဘူးတဲ့။
ဒါနဲ့ အမကို မေးကြည့် မိပါတယ် “မထားရင်ကော……………..”ပေ့ါနော်။
အမကတော့ ဘာမှပြန်မဖြေပါဘူး သူ့မျက်လုံးထဲမှာတော့ ကျွန်တော့်ကို “အ….ရန်ကော”လို့ပြောနေသလိုပါဘဲ။
နောက်တော့ ပြောင်းလဲသွားတဲ့အခြေအနေတွေအောက်မှာ ဈေးကွက်စီးပွားရေးဆိုတဲ့အထဲကို ဒီပညာရေးလဲပါသွားပါတယ်။
(ဟိုအရင်က ကျောင်းဆရာ ဆရာမ ဆိုတဲ့ဘဝက တကယ့်ကိုပင်ပန်းဆင်းရဲရှာကြပါတယ်။
နိုင်ငံတော်က ပေးထားတဲ့လခ နဲ့ သိတတ်တယ်ဆိုတဲ့နည်းပါးလှစွာသော တပည့်များက ကန့်တော့တဲ့
ပုဆိုးလေး ပိတ်စလေးကလွဲရင် ဘာမှ မရကြတာများပါတယ်။
ဒီတော့လည်း တကယ်ကိုဝါသနာပါသူကလွဲရင် ဒီဘဝထဲကို ဘယ်သူမှဝင်မလာကြပါဘူး။
နာသုံးနာနဲ့ ပြည့်စုံခဲ့တဲ့ခေတ်လို့ပြောရင်ရပါတယ်။)
နောက်တစ်ချက်ကတော့ တိုးတက်လာတဲ့လူဦးရေနဲ့ ကျပ်တည်းကျဉ်းမြောင်းလာကြတဲ့စီးပွားရေးတွေ၊
စားဝတ်နေရေးခက်ခဲ့တဲ့ဘဝတွေမှာဝါသနာနဲ့ ဝမ်းရေးကိုခွဲခြားမထားနိုင်ကြတော့ပါဘူး။
ဟိုအရင်ကတော့ အိမ်မှာတစ်ယောက်ထဲလုပ် မိသားတစ်စုလုံးစားဆိုတာကနေ အိမ်ရှိလူကုန်အလုပ်လုပ်မှစားရတဲ့အခြေအနေတွေကြုံလာရတဲ့အခါမှာတော့ ရ ရာအလုပ်ကို ဝင်လုပ်
ကြရပါတော့တယ်။
အဲဒီလိုကြုံရာ ရရာ အလုပ်ကိုလုပ်ရခြင်းရဲ့အကျိုးဆက်ကတေ့ာ ဝါသနာမပါပေမယ့် ထမင်းစားရုံသက်သက်အတွက် ကိုယ်လုပ်တဲ့အလုပ်အပေါ်မှာ စိတ်ဝင်စားမူ့
နည်းပါးသွားတော့တာပါ။
အရင်က ဝါသနာပါလို့လုပ်တော့ ဒီအလုပ်ကို ဘယ်လိုကောင်းအောင်လုပ်မလဲဆိုတာ ကို အမြဲစိတ်ထဲမှာထည့်ထားတယ်။
ဝမ်းရေးအရလုပ်တဲ့အခါ ကိုယ်တာဝန်ချိန်ပြီးရင် ပြီးပြီ။
ကျန်တာမလာနဲ့တော့ဆိုတာမျုးိဖြစ်သွားကြပါတယ်။
အဲတော့ လဲ အစိုးရကျောင်းက ဆရာ ဆရာမတွေက ကိုယ့်အတန်းထဲက ကလေးကိုခေါ်ပြီးကျုရှင်ပြ။
ရမှန်းသိတော့ ကျုရှင်မထားနိုင်တဲ့ အခြေခံလူတန်းစားများများရှိတဲ့ရပ်ကွက်က ကျောင်းတို့ နယ်မှာရှိ
တဲ့ကျောင်းတို့မှာ သွားအလုပ်လုပ်ချင်သူရှားပါးလို့ ကျုရှင်ထားနိုင်တဲ့ကလေးများရှိတဲ့ မြို့လယ်ကကျောင်း
တွေမှာသာ ဆရာလုပ်ဘို့ စိတ်ဝင်စားကြပါတော့။
မတော်လို့များ ခွင်မကောင်းတဲ့ကျောင်းများရောက်သွားလို့ကတော့ မြို့ကျောင်းကိုပြန်ရောက်အောင်နည်းမျုးိစုံ
သုံးလို့ကြိုးပမ်းကြပါတော့တယ်။
ဆရာ ဆရာမမျုားအားလုံးဒီအတိုင်းဘဲလို့ မဆိုုလိုပါဘူး။
နာသုံးနာနဲ့ပြည့်စုံသော ဆရာ ဆရာမပေါင်းများစွာလဲ မြန်မာပြည်မှာရှိသေးတယ်ဆိုတာကတော့
အသေအချာပါဘဲ။သို့သော်လည်းအရေအတွက်နည်းပါးသွားတာကတော့ အသေအချာပါဘဲ။

နောက်ပိုင်းမှာတော့ ကျူရှင်ဆိုတာတင်မကဘဲ ဆိုင်းဘုတ်အမျုးိမျုးိတပ်ထားတဲ့
ပညာရေးဝန်ဆောင်မူ့တွေပေါ်လာတော့တာပါဘဲ။
အစကအချိန်ပိုင်းကျုရှင်ပေးတာကနေ တစ်နေကုန်အစိုးရကျောင်းနဲ့အပြိုင်စာသင်ကျောင်းတွေထောင်လာကြပါတယ်။
အဲဒီအခါမှ သင်ပြပေးတဲ့ဆရာတွေကို တစ်ကျောင်းနဲ့တစ်ကျောင်း သူထက်ငါသာအောင် အပြိုင်ခေါ်ကြတဲ့အခါ
အထက်တန်းကျောင်းက နာမယ်ရ ဆရာတွေတင်မကဘဲ တက္ကသိုလ်အသီးသီးက ဆရာများပါ ဆယ်တန်းဆိုတဲ့
အထဲမှာ ပါဝင်ပါတ်သက်လာပါတော့တယ်။
အဲလိုမျုးိလဲ ဖြစ်ရော ကျောင်းဆရာတွေဝင်ငွေကောင်းတဲ့ခေတ်ကိုရောက်သွားပါတယ်။
(မှတ်မှတ်ရရ အဲဒီအချိန်က မန်းလေးမှာ ဟွန်ဒါရွှေရောင်ဆိုင်ကယ်တွေခေတ်စားတဲ့ခေတ်ပါဘဲ)
ကျောင်းသားတွေကို လဲ သူ့ထက်ငါအလုအယက် ဈေးသည်များဈေးဝယ်ခေါ်သလို မက်လုံးတွေ
ပေးလို့ အပြိုင်အဆိုင်ခေါ်ကြပါတယ်။
ဒီလို ပညာသင်ကြားရေးတွေပေါ်လာတဲ့အတွက် ကောင်းလာတဲ့တစ်ချက်က တော့ မိဘက
သေသေချာချာမကြည်ု့နိင်လု့ိပျက်ချင်ချင်ဖြစ်သွားတဲ့ကလေးတစ်ချို့ကတော့ သင်တန်းက
ဆရာ ဆရာမတွေက အနီးကပ်ကြည့်နိုင်တဲ့အတွက် ဘဝလေးတွေလှသွားတာပါဘဲ။
အဲဒီအချိန်မှာနောက်ထပ်ခေတ်စားလာပြန်တာတစ်ခုကတော့ စာကျက်တာကို စောင့်ပေးတဲ့
“ဂိုက်ဆရာ” ဆိုတဲ့လူတန်းစားတစ်ရပ်ပေါ်လာတာပါဘဲ။
သူက စာသင်ပေးသူမဟုတ်ဘူး။
စာဘယ်လိုကျက်ရမယ်ဆိုတာကိုနည်းလမ်းပြပေးရသူလို့ဆိုပါတယ်။
နားမလည်ရင်တော့ရှင်းပြပေးမယ် တနည်းအားဖြင့်ပြောရရင်တော့ စာကျက်မကျက်အစောင့်ခိုင်းတာပါဘဲ။
နောက်တော့လဲအ စုအဖွဲ့လေးလုပ်လို့ စာကျက်ဝိုင်းဆိုတာတွေထောင်လို့ကလေးတွေကို စာစုကျက်ခိုင်းပါတော့တယ်။

ဒီကျောင်းတွေက အစကတော့ လာသမျှကျောင်းသားကို လက်ခံပါတယ်။
နောက်ပိုင်းတော့ အောင်ချက်မကောင်းမှာစိုးတော့ နည်းနည်းလေးကန့်သတ်လို့လက်ခံလာပါတယ်။
အခုနောက်ပိုင်းမိဘတွေ ကျောင်းသားတွေက အားကိုးမှန်းသိလာတဲ့အခါမှာတော့သူတို့က
အထက်ကြေးရောက်သွားသလိုပါဘဲ။
သူတို့ သင်တန်းနာမယ်ကောင်းရရေး အောင်ချက်ကောင်းရေးအတွက် တကယ်အောင်နိုင်တဲ့လူဆိုတာထက်
တကယ်ကိုတော်တဲ့ ထူးချွန်ထက်မြက်တဲ့ကျောင်းသားမှသာ လက်ခံပါတော့တယ်။
သင်တန်းကြေးကလဲ သိန်းဂဏန်းကနေ သိန်းဆယ်ဂဏန်းရောက်သွားပါတယ်။
ဒါတောင်ကန့်သတ်ချက်အမျိုးမျိုးစည်းကမ်းအမျိုးမျိုးနဲ့မှလက်ခံပါတယ်။
ဝင်ခွင့်စာပေးပွဲဖြေရမယ်။
တစ်ဝက်တစ်ပျက်နဲ့မနေနိုင်လို့ ပြန်မထွက်ရင် သင်တန်းကြေးပြန်မပေးဘူးတို့ဆိုတာတွေပေါ့။
ခက်တာက မိဘတော်တော်များများရဲ့စိတ်မှာ ကျောင်းသားတွေရဲ့စိတ်မှာအစိုးရကျောင်းတွေက
ဘယ်လောက်ကောင်းအောင် ပျံနေအောင်သင်သင် ဒီလိုကျူရှင်မျုးိမှာ မထားရရင် လူရာမဝင်
တော့ဘူးဆိုတဲ့လွဲမှားတဲ့အတွေးတွေဝင်ကုန်တဲ့အခါမှာ ရှေးက ထားခဲ့တဲ့ “ပညာရွှေအိုးလူမခိုး”
ဆိုတဲ့စကားပုံကပြောင်းလဲသွားတော့တာပါဘဲ။
ပညာရဘို့အတွက် ရွှေအိုးနဲ့စက်ဝယ်မှ ရတယ်ဆိုတဲ့ အနေအထားမျုးိရောက်သွားပါတော့တယ်။
လက်ရှိအခြေအနေမှာတော့ ပညာ= ရွှေအိုးဖြစ်သွားပါတယ်။
“ကလေးလေးတွေပညာရရှိဘို့ကတော့ …………………..”လို့ ဆိုတဲ့ဆရာမြို့မငြိမ်းရဲ့သီချင်းစာသားမှာ
အဓိကကျတဲ့ အာစရိယဆိုတဲ့ ဆရာကိုသာ ဆည်းကပ်ကိုးကွယ်ရုံနဲ့ရနိုင်ပေမယ့်အခုခေတ်မှာတော့
အာစရိယ ဆိုတဲ့ဆရာရဘို့ ရွှေအိုးလိုအပ်လာပါပြီ။
အာစရိယဆိုတဲ့ဆရာကလည်းကျောင်းထောင်စားသူရဲ့အလိုဆန္ဒအတိုင်း ကလေးလေးတွေကိုပညာဖြန့်ဝေတဲ့နေရာမှာ စေတနာ အနစ်နာ ဆိုတာကွယ်ပျောက်လို့
အသပြာက ရှေ့တန်းရောက်လာသလိုပါဘဲ။
ကျောင်းထောင်စားသူကလဲ ကလေးတွေကို ပညာဖြန့်ဝေဘို့ထက် သူထောင်တဲ့ကျောင်းနာမယ်ကောင်းရရေး
ဝင်ငွေတိုးရေးက အဓိကဖြစ်လာပါတယ်။
စစ်စစ်ပေါက်ပေါက်ပြောရရင်တော့” စီးပွားတိုး”ဘို့က အဓိကဖြစ်လာပါတယ်။
ဒါကြောင့် ရှေးစကားပုံဟောင်းကိုပြောင်းရပါတော့မယ်။
ပညာရွှေ့အိုးလူမခိုးကနေ ပညာ=ရွှေအိုး=စီးပွားတိုးလို့ပါ။
ဒါဆိုရင်မမှားလောက်ဘူးထင်ပါရဲ့နော်?

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
(27-4-2011)

20 comments

  • weiwei

    April 27, 2011 at 2:01 pm

    ပညာရွှေအိုးကို ဘယ်သူမှ မခိုးတော့ဘူးလေ … ရောင်းစားလို့မှ မရတာ 😛
    ကျွန်မတို့ခေတ်က ပညာရေးအတွက် ပိုက်ဆံမကုန်ခဲ့ရဘူး … အဲဒါကြောင့်လားမသိဘူး … အဲဒီပညာရေးနဲ့ ပိုက်ဆံပြန်ရှာလို့လဲ မရဘူးဖြစ်နေတယ် … 🙁

  • ဆူး

    April 27, 2011 at 2:17 pm

    မူလတန်းတုန်းက သူများတွေ တက်တာ ဆူး မတက်ပေမဲ့ ဆရာမ က သဘောထား လျော့မသွားဘူး။

  • bigbird

    April 27, 2011 at 2:49 pm

    ခောတ်ကိုက ဖြစ်လာတော့ မိဘတွေကလည်း မရှိမဲ့ရှိမဲ့နဲ့ အနောက်ကလိုက်ရတော့တာပေါ့….

  • paukpauk

    April 27, 2011 at 3:46 pm

    It’s not just in Myanmar, but all Asian countries – in this trend.
    We should look back what we could have done for our country with easy-going education!
    Today’s generation come from such a way including me.
    Shouldn’t we encourage new generation as far as we can support rather than oldies way?

  • hmee

    April 27, 2011 at 4:09 pm

    အင်း ဖတ်ပြီးတော့ ရင်ထဲမှာ လေးသွားသလိုပဲ။ နောက်ရောက်လာမဲ့ မျိုးဆက်အတွက် ရွှေအိုး တော်တော်များများ စုရမလိုပဲနော်။

  • parlayar46

    April 27, 2011 at 5:17 pm

    ဒီကပညာရေးစံနစ်အဆက်ဆက်ကလဲ လိုအပ်ချက်တွေများပါတယ်။ စမ်းပြီးရင်း စမ်းရင်းနဲ့ အခုထိကောင်းမလာသေးပါဘူး။ ဒါပေမယ့် ခေတ်ကိုကလဲ ပိုသိပိုတတ်ဘို့ ပိုပိုပြီးလိုလာသလိုပါဘဲ။ ကျုပ်ကတော့ ကျောင်း၊ကျူရှင် နဲ့ဂိုက်တွေကြားမှာ ပင်ပန်းလှတဲ့ ကျုပ်တူမလေးတွေ ကိုသနားမိတယ်။ သူတို့တွေ လူလားမြောက် ပညာစုံပြီးရင်တော့ ကျုပ်ကိုပြန်သနားလိမ့်မယ်ထင်တာပဲ။

  • တညင်သား

    April 27, 2011 at 5:57 pm

    ကျွန်တော် လဲ အလယ်တန်းအထိ ကျူရှင်မတက်ခဲ့ရပါဘူး ဒါပေမဲ့ ဆုကတော့ နှစ်တိုင်းတော့ ရခဲ့တယ် အဲဒါ အဖေ ကရှက်လို့တဲ့လေ … အားကစားမှာနော်………………

  • mihninlay

    April 28, 2011 at 3:07 am

    မိနှင်းလေးတို ့၉တန်းနှစ်ကအတန်းတစ်တန်းလုံးလိုလို အတန်းပိုင်ဆီကျုရှင်တက်တယ်မိနှင်းအပါအဝင် သူငယ်ချင်း၅ယောက်ပဲအတန်းပိုင်ဆီ မတက်တော့လပတ်စာမေးပွဲဖြေတိုင်းတို ့ ၅ယောက်ကျတယ် တခြားဘာသာတွေမှာအမှတ်မရတဲ့သူတွေကလဲ အဲဒီဘာသာကျအမှတ်ပြည့်တွေရတယ်… .စာမေးရင်လဲတို ့၅ယောက်ကိုမကျက်ရသေးတာေ မးပြီးမရရင်ဆော်တော့တာပဲ…ဒါတကယ့်လက်တွေ ့ပါ… ဒါတောင်အတန်းပိုင်ဆရာမကတို ့အဖေနဲ ့ခင်မင်နေတဲ့သူပါ… တို ့အဖေကလဲအဲဒီကျောင်းကကျောင်းဆရာပါပဲ ဒါပေမယ့်အဖေတို ့ခေတ်တုန်းကတော့တကယ့်နာသုံးနာနဲ ့ဆရာတွေပါ

  • good

    April 28, 2011 at 3:46 am

    ဆယ်တန်း အောင်သည် အထိ ကျူရှင် တက်စရာ မလိုဘဲ ကျူရှင် နှင့် အပြိုင် သင်ပေး ခဲ့ကြသော အမိကျောင်း တော်မှ ကျေးဇူးရှင် ဆရာ ဆရာမ များ အား ထာဝရ ရို သေစွာ ဦးခိုက်ပါဧ။်။

  • kai

    April 28, 2011 at 7:21 am

    အနန္တော အနန္တ ငါးပါးထဲကနေ ဆရာကို ထုတ်သင့်နေပြီထင်ပါတယ်..။
    ဒီစကားကို ဒီလိုပြောတော့ကာ. ကွန်ဆာဗေးတစ်စိတ်ရှိသူတွေအတွက်… .တော်တော်တော့ ဒေါသသင့်စရာကောင်းပါလိမ့်မယ်..။
    ဒါပေမဲ့.. ဒီသဘောထားက… တိုးတက်တဲ့နိုင်ငံကြီးတွေမှာ အတူတူပါပဲ..။
    ဆရာလည်း ဆရာအလုပ်လုပ်..တပည့်လည်းတပည့်အလုပ်လုပ်ကြရတာပါ..။ တပည့်တွေဆီကကောက်လို့ရတဲ့ ငွေနဲ့..ဆရာတွေကို လစာပေးရတော့ ..အလုပ်ရှင်အလုပ်သမားသဘောတောင် ဖြစ်နေပါသေးတယ်..။
    ကျောင်းသား..တပည့်ဆိုတာ.. ဆရာတွေကို ထမင်းကြွေးထားတဲ့… အလုပ်ရှင်ပါ..။

    ကိုယ့်အလုပ်ကိုယ်လုပ်ကြရတဲ့..ဒီခေတ် လူ့လောကသစ်မှာ.. ရှေးခေတ်က ဂွမ်တီးဂွန်တီး(ဒီသာပါမောက္ခခေတ်)အယူအဆ.. အနန္တော အနန္တ ငါးပါးထဲ..ဆရာကိုထည့်…သူတို့ကို ဖားပြီး ပညာပိုရအောင်လုပ်ရတဲ့ခေတ်ကုန်ပါပြီ..။
    ဆရာတွေက..ဒီတပည့်ဆိုးတယ်.. ဆရာစားချန်သင်မယ်..ခေတ်လည်းကုန်ပါပြီ…။
    ဆရာက တပည့်ကို .. ရိုက်နှက်ဆုံးမခွင့်လည်း မရှိသင့်တော့ပါဘူး..။
    ဆရာက..တပည့်တွေထက်… ကိုယ်သင်ကြားပေးနေတဲ့ပညာရေးအရာတွင်သာမဟုတ်.. အရာရာမှာ ပိုတတ်သိနားလည်တယ်လည်း မရှိရ..မဖြစ်သင့်တော့ပါဘူး..

    ဆိုတော့..
    အနန္တော အနန္တ ငါးပါးဝင်ထဲကနေ ဆရာအတန်းအစားကို အငြိမ်းစား(ပင်စင်)ပေးသင့်ပြီထင်ကြောင်းပါ…။
    ( အနန္တော အနန္တ ငါးပါးထဲကထုတ်တာနဲ့.. ဆရာဖြစ်တည်မှုနဲ့ ဆရာတွေကို စော်ကားလို့ရပြီ လုံးဝ(လုံးဝ) မဆိုလိုပါ..။
    လူ့ဆက်ဆံရေးတိုင်းမှာ ..ထိုက်သင့်တဲ့..လေးစားအသိအမှတ်ပြုမှု(Respect)တေ့ာ ရှိရပါမယ်…)

    • eros

      April 29, 2011 at 12:16 pm

      ကျွန်တော့်ကို ကျွန်တော့် အသိ တိုင်းတပါးသားတွေက လက်ယာဆန်တယ်၊ ရှေးရိုးစွဲတယ်ပေါ့။ ကျွန်တော်လို လူမျိုးတောင် ကိုခိုင်ရဲ့ အမြင်ကို သဘောကျတယ်ဗျာ။ ဒါပေမယ့် ကျူရှင်ဆရာထဲမှာ အနန္တောအနန္ဒငါးပါး ဂိုဏ်းဝင်တဲ့ ဆရာကို ကြုံခဲ့ဘူးတယ်ဗျိုး။

  • nozomi

    April 28, 2011 at 9:39 am

    အဖေကပြောတယ် ငါတို့ ငယ်ငယ်က လူငယ်တွေက လိမ္မာတယ် စာကြိုးစားတယ် လူကြီးသူမကို ရိုသေတယ် အခုခေတ်များတော့ မင်းတို့ဝတ်တာ စားတာကစ မျက်စေ့ကိုနောက်နေတာပဲတဲ့…

    အဲဒီလိုနဲ့ ကျွန်တော်လဲ အရွယ်ရောက်လာပြီး ကျွန်တော့်သားကို ငါတို့ငယ်ငယ်က ဆိုတာကို ပြောဖြစ်တယ်

    ဒီလိုနဲ့ ကျွန်တော့်သားလဲအရွယ်ရောက်လာပြီး အချိန်တန်ရင် သူ့သားကို ငါတို့ငယ်ငယ်တုန်းက ………………………..

    သူ့သားကလည်း …………….

  • paukpauk

    April 28, 2011 at 2:42 pm

    ပညာရွှေအိုုးလူမခိုး
    ရွှေအိုးရှိမှ ပညာရ။

  • unclegyi1974

    April 28, 2011 at 3:38 pm

    ဆရာတွေကျူရှင်ပြကြတာလည်းအပြစ်လို့
    မမြင်ကြပါနဲ့
    ဟိုးတုန်းကဆရာတွေကျူရှင်မပြကြတာကိုပဲ
    ပြောနေကြတယ် ဟိုးတုန်းကဆရာတွေရတဲ့
    လခနဲ့စားဝတ်နေရေးစရိတ်ယှဉ်ကြည့်ကြပါအုန်း
    စားဝတ်နေဖူလုံတော့စာကိုစိတ်အေးအေးသင်
    နိုင်တယ်နော့
    အခုဆရာတွေရတဲ့လခနဲ့အခုလူနေမှုစရိတ်နဲ့ယှဉ်
    ကြည့်ကြပါအုန်းရတဲ့လခကအဝတ်အစားဖိုး
    ကားစရိတ်နဲ့ကုန်ပြီကျူရှင်မပြလို့ဘာလုပ်ကြရမှာ
    တုန်းအကြံပေးကြပါအုန်း

  • kopauk mandalay

    April 28, 2011 at 3:43 pm

    ကျူရှင်ပြတာ မပြတာကို အဓိက မပြောလိုပါဘူး။
    မတတ်လို့ ပညာသင်ချင်တဲ့ကလေးကို တောင်မှ
    တကယ်တော်မယ် စာမေးပွဲအောင်နိုင်လောက်မယ်ထင်သူကိုသာ
    ကြေးများများယူလို့ရွေးပြီး သင်ပေးချင်တဲ့ ဆိုင်းဘုတ်အမျုးိမျုးိတတ်ထားတဲ့ ကျောင်းတွေကိုသာ
    ဦးတည်ပြီးပြောချင်တာပါ။

  • unclegyi1974

    April 28, 2011 at 4:05 pm

    အဲဒါတော့ဟုတ်တယ်ဗျို့
    တော်နေတတ်နေမှဘယ်အကုန်ခံသင်နေမလဲ
    ကိုယ့်ကလေးလိုလို့ကျူရှင်ကိုငွေအကုန်ခံပို့တာနော့
    ကျူရှင်ကထိုက်သင့်တဲ့ကြေးယူပြီ
    တော်သူပိုတော်အောင်ညံ့သူအောင်အောင်
    လုပ်ပေးရမှာ တော်သူတွေချည်းလက်ခံ
    မှအဲဒီကျူရှင်အထင်ကြီးစရာမရှိကြောင်းပါ
    မဟုတ်လည်းတော်တဲ့ကလေးတွေစုထားတာ
    အောင်မှာလေ

  • parlayar46

    April 28, 2011 at 6:18 pm

    “အနန္တော အနန္တ ငါးပါးထဲကနေ ဆရာကို ထုတ်သင့်နေပြီထင်ပါတယ်..။”
    kai ကိုထောက်ခံအပ်ပါတယ်။ အမှန်ကတော့ အနန္တော အနန္တ ငါးပါး ဆိုတာကိုက ဂုဏ်ချင်း မတူတာတွေ စုထားတာ ။ ဘယ်သူ ဘယ်ခေတ်က စုလိုက်မှန်းမသိဘူး။ အဲဒီဟာကြီးကိုင်ကိုင်ပြီး ဂိုဏ်းသင့်မယ်ဆိုတဲ့ ချိန်းခြောက်မှုနဲ့ တဖက်စောင်းနင်း နေရာယူမှုတွေဟာ ကလေးသူငယ် ကျောင်းသားအရွယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေပါတယ်။ (ကျုပ်လဲ ဆရာ လုပ်ဘူးပါတယ်။)

  • char too lan

    April 29, 2011 at 9:44 am

    ခုခေတ်မှာ ကြုံရဆုံရ ဆရာမတွေကတော့ ဩချရလောက်တယ်
    ဖတ်စာအုပ်ထဲမှားနေတဲ့ စာလုံးပေါင်းလေးတွေကို ဖတ်စာအုပ်အတိုင်းပဲသင်တယ် မပြင်ရဲကြဘူးလားမသိ! 🙁
    ကျနော်တို့ငယ်ငယ်ကလဲကြုံဖူးပါတယ် ဖတ်စာအုပ်ထဲကအမှားလေးတွေ ဆရာမကပြန်ပြင်ပေးတယ် ဒါကဒီလိုမဟုတ်ဘူး ဟိုလိုစာလုံးပေါင်းမှ မှန်တာ ဖတ်စာအုပ်ကဟာကို ပြင်ရေးထားလိုက်ကြပါ….. ခုအဲ့ဒါမျိုး မရှိတော့ဘူး ဆရာတစ်ယောက်ကို ကလေး ခြောက်ဆယ့် သုံးယောက် နဲ့ လုပ်သက်ဘယ်လောက်ဆိုပီးသာ တွက်ကြည့်ကြပေတော့ ………

  • char too lan

    April 29, 2011 at 9:51 am

    ပီးတော့ Uni နောက်ဆုံးနှစ် တက်တုန်းပေါ့ ဆရာမတစ်ယောက်က section ထဲမှာကျောင်းသားတစ်ယောက် ဆံပင်ရှည်ကို အရောင်ဆိုးထားပီး ဂေါ်လီပုံပေါက်နေတာကို မိနစ် ၂ဝလောက်ဆူပူကြိမ်းမောင်းသွားတယ်။ ၄၅မိနစ်ပြည့်လို့ နောက်ဆရာမတစ်ယောက်ဝင်တော့ မဟော်ဂနီရောင် ဆံပင်လေးနဲ့ ဆရာမကတော်တော်လေးလှတယ်ဗျာ…………… Day သုံးနှစ်တက်လာတာ အဲ့ဆရာမလေးကတော့ မှတ်မှတ်ရရပဲ 😉 😀

Leave a Reply