ကိုယ်က
ကျယ်ဝန်းစွာစီးဆင်းတယ်
တစ်ချို့က
အလိုမတူစီးဝင်လာကြ
ပြီးတော့လည်းပြုံးပြနှုတ်ဆက်လို့
တစ်ချို့ကျတော့
ကြည်ကြည်ဖြူဖြူ
နောက်မှ ကျောခိုင်း လက်ပြလို့
တစ်ချို့လည်းခဏတာ
တစ်ချိုု့လည်း တစ်ဘဝစာ
ဒါပေမယ့် မြစ်ဆိုတာတော့ သိမသွားကြရှာဘူး …..
ရွက်နု
ဧပြီလ ၂၈၊ ၂၀၁၁
Post Views: 168
7 comments
naywoonni
April 28, 2011 at 11:04 am
ငါဟာ..မြစ်ကြီးတစ်ခုလို… စီးတယ် ။ ရာသီပန်းတွေ ပွင့်ကြွေ..ခရီးစဉ်ထဲဝယ်..။ အဝေးးကျောင်းက ခေါင်းလောင်းသံ နာခံခဲ့ဖူးးးးးးးးးးးး ……..ဆိုတဲ့ ဇော်ဝင်းထွဋ် သီချင်းကို ကြားယောင်မိလာစေတဲ့ အတွက် ဒီကဗျာလေးကို ကျေးဇူး တင်ရမယ်……..။။
ရှူံးနိမ့်မှုများနဲ့.. လူ
April 28, 2011 at 11:09 pm
ပေါင်းဆုံတဲ့ရေ အသွင်ပင်မတူပါငြား
စီးဆင်းရာ တစ်ခုတည်းသာမို့
ပေါင်းဖက်လို့ အသွင်တူ
ခွဲခါမှ ကွဲလေရော့။
တစ်သားတည်းဖြစ်ကာမှ
ကြည်မြမြစမ်းချောင်းရေ မဖြစ်လိုတော့
ပြာလဲ့လဲ့ ပင်လယ်ကြီးဆီ
တူယှဉ်ကာ တွဲလို့စီးလိုက်တော့မယ်
အိုဘယ့်မြစ်ကြီး။ ။
bigcat
April 29, 2011 at 3:49 am
မြစ်မသိလည်း
အရေးမကြီး
အချစ်ရှိဖို့ပဲ
လိုတယ်….
weiwei
April 29, 2011 at 4:04 am
မြစ်ဆိုတာ ကွေ့ကောက်တဲ့ သဘောရှိတယ်တဲ့ …
bigcat
April 29, 2011 at 4:06 am
ပဲမြစ်ကြတော့ရော….
weiwei
April 29, 2011 at 4:24 am
ပဲမြစ်ကတော့ … အတိုဆုံးနဲ့ အရသာအရှိဆုံးမြစ် 🙂
ဆူး
April 29, 2011 at 5:05 am
ပဲမြစ်ကို ထညက်နဲ့ ပြုတ်.. အခွံခွာ စား.. ချိုပြီး အရသာရှိတယ်။ ချောကလက်နဲ့ ပဲမြစ်တော့ မတည့်ရှာဘူးနော်.. ကြည့်စားအုန်း.. သူငယ်ချင်း တယောက် စားပြီး ဆေးရုံကြီး ရောက်သွားတယ်။ သေတော့ မသေဘူး.. ခပ်မျော့မျော့ဘဲ..