အဆင်.အတန်း

ေရႊဘိုသားApril 28, 20111min19622
ဒီပို.စ်ကိုတင်ချင်တာကြာပါပြီအခုတလောလိုင်းကမကောင်းတာနဲ.မတင်ဖြစ်တာ။စာဖတ်သူတွေကိုမေးချင်
ပါတယ်အဆင်.တန်းဆိုတာဘာကိုပြောတာလည်းဆိုတာဝိုင်းပြီးဆွေးနွေးပေးကြပါ။ဘာ.လို.လဲ
ဆိုတော.ဟိုတလောကနာမည်ရှိကျောက်မျက်ရတာနာကုမ္မဏီကပြုလုပ်တဲ.ပြပွဲံတစ်ခုမှာ
မော်ဒယ် ဂျူးဂျူးကေ ဖြေသွားတဲ.စကားလေးအတွက်မေးချင်တာပါ။ MRTV4 ကအစီစဉ်တင်ဆက်သူက
အင်တာဗျူးမေးပါတယ်။လက်ဝတ်ရတနာတွေဝတ်လို.ဘယ်လိုတွေပြောင်းလဲတယ်ထင်လဲဆိုတာကို
မေးတာပြန်ဖြေတဲ.လူကလက်ဝတ်ရတာနာတွေကလူတစ်ယောက်ရဲ.အဆင်.အတန်းကိုဖော်ပြပေးတာပါတဲ.။
ကိုယ်တောင် MRTV4ြြကြည်.နေရင်းနဲငါတော.လက်ဝတ်ရတာနာနဲ.ပတ်သတ်တာတူတာဆိုလို.ဘာမှမ
ရှိပါလားငါအဆင်.တန်းမရှိဘူးလားလို.တောင်တွေးမိပါသေးတယ်။စာဖတ်သူတွေရောဘယ်လိုမြင်လဲ
ဆိုတာပြောပြပေးပါလားဗျာ။သူဖြေတဲ.ပုံကလက်ဝတ်ရတာနာဝတ်မှအဆင်.တန်းရှိတယ်ဆိုတဲ.ပုံမျိုးဖြေ
သွားတာနော်။နောက်တစ်ခုက ကျွန်တော်ကလူတစ်မျိုးဗျသူများတွေမသွားချင်တဲ.ရေဝေးဆိုတဲ.နေရာ
ကိုမှမရောက်ဖူးလို.သွားချင်နေတာကြာပြီ။တစ်ရက်အလုပ်ရှင်ကသူ.အဖေအုတ်ဂူသွားရှင်းမလို.ဆိုတာ
နဲ.လိုက်ခဲ.မယ်ဆိုပြီးလိုက်သွားတာကျွန်တော်ရောဝန်ထမ်းနောက်တစ်ယောက်ရောပေါ.။အဲဒီမှာဖြစ်ချင်
တော.တူတူလိုက်လာတဲ.မာနခဲကိုတော်တော်ဒေါသထွက်အောင်လုပ်လိုက်တဲ.စကားကတော.
အုတ်ဂူလာပြီးသန်.ရှင်းရေးလုပ်တဲ.သူတစ်ယောက်က ကျွန်တော်နဲ.တူတူလာတဲ.သူကိုအစ်ကို
အုတ်ဂူတစ်ခုရှာပေးပါဆိုပြီးနာမည်ပြောရော။ဟိုကောင်ဘာပြောကောင်းမလဲမျက်နှာကိုချက်ချင်းနီမြန်း
လာပြီးလာမေးတဲ.သူကိုပြောလွှတ်လိုက်တော.တာပဲ။ကျုပ်ကအဲဒီအဆင်.တန်းကမဟုတ်ဘူးဗျ။
ခဗျလိုပဲလာပြီးသန်.ရှင်းရေးလုပ်တာဘာညာပြောလွှတ်တာပေါ.။သူ.ပုံစံကလည်းမေးချင်စရာလေနေပူလို.
ဆိုပြီးအကျင်္င်္ီကချွတ်ထားသေးတယ်။ပုဆိုးက ရေသည် ယောက်ျားပုဆိုးနဲ.ဆိုတော.မေးတာပေါ.။
သူကပြန်မေးသေးတယ်ငါ.ပုံစံကဒီကလူတွေနဲ.တူနေလို.လားပေါ.။ငါအဲဒီအဆင်.အတန်းကလူတွေ
နဲ.တူနေလို.လားစုံနေတာပါပဲ။ဒါလေးမှားပြီးလာမေးတာကိုမဟုတ်ရင်မဟုတ်ဘူးပြေပြေလည်လည်
မပြောဘူး။ဘုတော တောလိုက်တာမေးတဲ.သူကိုတောင်အားနာစရာကောင်းတယ်။သူကအဲဒီကလူတွေ
ကိုလည်းအဆင်.တန်းနိမ်.တယ်လို.ပြောတယ်။အဆင်.တန်းဆိုတာကိုဘာနဲ.ခွဲခြားလည်းဆိုတာ
စာဖတ်သူများပြောပြပေးပါဗျာ

22 comments

  • pisikway

    April 28, 2011 at 9:45 am

    စိတ်ဓါတ်ပြည့်ဝသူတွေကတော့ အဆင့်အတန်းဆိုတဲ့စကား ပါးစပ်ကတောင် မထွက်တတ်ကြပါဘူး။ အတွေးအခေါ် နုနယ်သူတွေကတော့မိုးမွှန်အောင်သုံးကြတဲ့စကားစုလေးပါ။

  • kai

    April 28, 2011 at 10:14 am

    ဆင်းရဲတဲ့တိုင်းပြည်တွေက .. လူတွေရဲ့ပြင်ပအပြင်အဆင် အသုံးအဆောင်နဲ့ အဆင့်အတန်းခွဲပါတယ်..။
    တိတိကျကျဆိုရင်တေ့ာ .. ယဉ်ကျေးမှု၊ ဘာသာရေးအခြေခံလည်းပါတယ်ပေါ့..။
    မြန်မာတွေက .. (သွားဖူးသလောက်နိုင်ငံတွေနဲ့ယှဉ်ကြည့်ရင်) ပိုပိုဆိုးတယ် ထင်မိတာပဲ..။

    လူတယောက်ရဲ့.. သူ့ပင်ကိုယ်အရည်အချင်း..သိရန်မလို.. ခြုံဝတ်ထားတဲ့ အဝတ်အရောင်နဲ့တင် အတန်းအစားကြီးတွေခွဲခြားကြတဲ့ တိုင်းပြည်ကိုး..။

  • phopyi

    April 28, 2011 at 10:23 am

    လက်ဝတ်ရတနာတွေဝတ်ထားတာဟန်ပြသာဖြစ်ပါတယ်..တယ့်အဆင့်အတန်းဆိုတာ… လူနေစိတ်ထားနဲ့ဘဲဆိုင်ပါတယ်… လက်ဝတ်ရတနာတွေဝတ်ထားပြီးအဆင့်အတန်းကြီးတဲ့လူတွေအများကြီးရှိပါတယ်…

  • moethidasoe

    April 28, 2011 at 10:37 am

    သူများက ဘယ်လို သတ်မှတ်သတ်မှတ် အရေးကြီးတာက ကိုယ်ကိုယ်တိုင် ဘာလဲ ဆိုတာ သိနေရင် ပြီးတာပဲ မဟုတ်လား

  • ဆူး

    April 28, 2011 at 10:57 am

    လက်ဝတ်ရတနာ ဆိုတာ အပြင်ပန်း အဆင့်အတန်း ကို ပြချင် ပြလိမ့်မယ်.. စိတ်ဓါတ် အဆင့်အတန်း အောက်တန်း ကျတဲ့ လူ ဟုတ်မဟုတ်တော့ ဘယ်သူမှ အာမ မခံနိုင်ဘူး။

    သူဌေးတွေက အခုဆို ပွဲလန်း သဘင်ဆို စိန်ခေတ်.. တကိုယ်လုံး ကို စိန်စီ ပြီးသွားကြတာ.. စိန်မှ သေးသေး ဆို မျက်စိထဲ တောင် မမြင်ကြဘူး။ အဲလို လူစားမျိုးတွေ အတွက် ဖြေတာ ဖြစ်ပါလိမ့်မယ်။

  • hmee

    April 28, 2011 at 11:01 am

    အဆင့်အတန်းဆိုတာ မိမိပင်ကိုယ် စိတ်နဲ့ ဆိုင်တယ်လို့ ထင်မိပါတယ်။

  • naywoonni

    April 28, 2011 at 11:09 am

    လူတစ်ယောက်ရဲ့ အပြောအဆို အပြုအမူ အနေအထိုင် တွေးပုံခေါ်ပုံနဲ့ သူရဲ့ အကျင့်စာရိတ္တ က သူ့ရဲ့ အဆင့်အတန်းပါပဲ..။ ကျန်နာတွေက အကာတွေပါ..။ အခွံတွေပေါ့..။

  • နိုင်နိုင်

    April 28, 2011 at 11:53 am

    အဆင့် ဆိုတာ တစ်ခုထက်ပိုလို့ပေါ့ အတန်း ဆိုတာကတော့ ဘာလဲဟင်…သိတော့ဘူး…:D
    အထက်က တစ်ယောက်ပြောသလိုပါပဲ “လူတစ်ယောက်ရဲ့ အပြောအဆို အပြုအမူ အနေအထိုင် တွေ;ခေါ်ပုံနဲ့ သူရဲ့ အကျင့်စာရိတ္တ တွေပါပဲ.
    ဆိုပါစို့ဗျာ အလူူတစ်ခုပေါ့ စိန်သီး နေတဲ့ အမျိုးသမီး လူကြီးလူကောင်းတွေနဲ့ တစ်ဝိုင်းထဲ ထမင်းစားတယ်ဆိုပါတော့ နှုတ်ခမ်းတွေ ဟင်းပေ ဇွန်းတွေ အသံမြည်အော် ချ စကားပြောကျယ်ကျယ်နဲ့ … အဲလိုလူမျိုးကျကော ရွာသားတို့ပြောကြတဲ့ အဆင်အတန်း ရှိသလား ဒါကြတော့ အပြုမူပိုင်းပေါ့ဗျာ ဟုတ်တယ်မလား တကယ်တော့ ကိုယ့်ကိုပဲသိ ကိုယ့်ကို သက်မှတ်တာတော့ကောင်းပါတယ် ဝတ်ဆင်တာတွေဟာ အခွံတွေပါဗျာ လူဆိုတာလဲ ခန္ဓာကြီးက လည်းအခွံပါပဲ အခွန်စောင်ရမယ်နော်..အယ် မှားသွားလို့ အပုတ်ကောင် ရုပ်ဆောင်နေကြတာပဲမလား…အဟန်း အဟန်း…:D

  • MaMa

    April 28, 2011 at 12:57 pm

    ရတနာဆိုင်ရဲ့ ရှိုးပွဲမို့ မော်ဒယ်ကလည်း ရတနာဝယ်ဝတ်အောင် ဆွဲဆောင်ပြီး ပြောတာ ဖြစ်ပါလိမ့်မယ်။ ဘာပဲပြောပြော သူ့နေရာနဲ့ သူတော့ လူတောတိုးအောင်ဆိုပြီး ဝတ်ကြတာပါပဲ။ တောင်းမှာအကွပ် လူမှာအဝတ်လို့တောင် စကားပုံရှိသေးတာပဲ။ အတွင်းစိတ် သန့်ရှင်းဖြူစင်ဖို့က အဓိကပေမယ့် ရတနာကလည်း သူ့နေရာနဲ့သူ ဝတ်ရသေးတာပဲ။

  • unclegyi1974

    April 28, 2011 at 3:56 pm

    အဝတ်အစားလက်ဝတ်ရတနာဆိုတာ
    မျက်မြင်အဆင့်အတန်းသတ်မှတ်ချက်တခုပါ

    အပြုအမူအပြောအဆိုကနောက်သတ်မှတ်ချက်တခု
    ပါ

    အရေးအကြိီးဆုံးကမိမိကိုယ်ပိုင်စိတ်ကမိမိရဲ့
    အဆင့်အတန်းကိုနောက်ဆုံးအနေနဲ့ပြပါတယ်

  • အန်ကယ်ကြီးပြောတာ မှန်လိုက်လေဗျာ။ “နောက်ဆုံးအနေနဲ့” ဆိုတဲ့စကားလုံး အကြိုက်ဆုံးပါပဲ။ လူတွေရဲ့ဦးနှောက်ဟာ သိပ်ပြီးနုတယ်။ တစ်ခုခုကို ကောက်ချက်ဆွဲဖို့ မလွယ်ဘူး။ နောက်ဆုံးလုပ်ရပ်က စကားပြောပါတယ်။

  • Shwe Tike Soe

    April 29, 2011 at 2:16 am

    အဆင့်အတန်းဆိုတာ ဘယ်သူမှသတ်မှတ်တာမဟုတ်ဘူး ကိုယ်ဟာကို သတ်မှတ်တာ..
    ကိုယ့်ကိုကိုယ်အဆင့်အတန်းရှိတယ်ဆိုတဲ့လူတွေ ငါးပါသီလလေးလုံအောင်ထိန်းကြည့်ကြစမ်းပါ…
    ကျွန်တော်လဲ မလုပ်နိုင်သေးပါဘူး..

  • char too lan

    April 29, 2011 at 10:22 am

    လူတွေအတွက် အဆင့်အတန်းဆိုတာ ခွဲနေစရာမလိုဘူး
    သူ့အမူအကျင့်အလိုက် သူ့အလိုလိုကွဲသွားတာမျိုး လို့ထင်တယ်ဗျ

  • aungbala

    April 29, 2011 at 10:43 am

    အဆင့်အတန်းရှိတယ်ဆိုတာ ဉာဏ်ပညာမြင့်မားခြင်း၊ ကိုယ်ချင်းစာစိတ်မြင့်မားခြင်း၊ သည်းခံခွင့်လွှတ်နိုင်စွမ်းမြင့်မားခြင်း၊ မိမိကိုယ်ကို နှိမ့်ချနိုင်စွမ်းမြင့်မားခြင်း စသည်တိုနှင့် သက်ဆိုင်သည်ဟုထင်မြင်မိပါသည်။

  • nature

    April 29, 2011 at 2:29 pm

    ကိုယ်ကျင့်တရားသည်သာလူ့အဆင့်အတန်းလို့မြင်ပါတယ်။

  • kopauk mandalay

    April 29, 2011 at 4:21 pm

    အဆင့်အတန်းဆိုတာ တကယ်တော့ပေတံ တစ်ခုပါဘဲ။
    အဲတော့ လူအများသတ်မှတ်တဲ့ ရွှေငွေလက်ဝတ်ရတာ ဝတ်နိုင်မှ အဆင့်ရှိတယ်လို့ သတ်မှတ်တဲ့သူကလဲ
    အဆောင်အယောင်ဆိုတဲ့ပေတံကို ကိုင်ထားမှာပါဘဲ။
    ငွေကြေးကြွယ်ဝချမ်းသာမှ ရာထူးရှိမှဆိုတဲ့သူကလဲ ငွေကြေးရာထူးဆိုတဲ့ ပေတံကို ကိုင်ထားမှာပါဘဲ။
    ကိုယ်ကျင့်တရားကောင်းမွန်ခြင်းကို အဆင့်အတန်းအဖြစ်သတ်မှတ်သူကလဲ
    စောင့်ထိန်းခြင်းဆိုတဲ့ပေးတံကို ကိုင်ပြီးတိုင်းမှာပါဘဲ။
    ပညာရှိမှ အဆင့်ရှိတယ်ဆိုသူကလဲ ပညာဆိုတဲ့ပေတံကိုင်ထားမှာဘဲ။
    အဲတော့ ကိုယ့်ပေတံနဲ့ကိုယ်ကတော့ မှန်သလိုပါဘဲ။
    အရေးကြီးတာကတော့ ကိုယ့်ရဲ့နေထို်င်ပြုမူတာက လူတစ်ဦးတစ်ယောက်ကို မထိခိုက်အောင်နေနိုင်ဘို့လိုတယ်လို့ ထင်ပါတယ်။
    တကယ်တော့လဲ သတ်မှတ်ချက်လေး တစ်ခုထက် မပိုဘူးထင်ပါတယ်။
    ဒါပေမယ့် အဆင့်အ

  • kopauk mandalay

    April 30, 2011 at 11:18 am

    ဒါပေမယ့် အဆင့်အတန်းဆိုတာကို ကျနော်အမြင်ပြောရရင်တော့
    ကိုယ်ကျင့်တရားကောင်းအောင်ထိမ်းသိမ်းတဲ့ပေတံလေးကတော့
    လူ့လောကထဲမှာ အကောင်းဆုံး အလိုအပ်ဆုံး အမြင့်ဆုံးလို့ယူဆပါတယ်.။
    ဒါတော့ ကျနော်အမြင် သူများနဲ့တူချင်လဲ တူနိုင်ပါတယ်။
    တူချင်မှလဲတူမယ်။
    ဒါပေမယ့်ကျနော်ကိုယ်တိုင် နှစ်သက်တဲ့အဆင့်အတန်းလေးတစ်ခုပေါ့။
    မှီအောင်ကြိုးစားနေဆဲပါ။

  • မမလေး

    May 4, 2011 at 2:02 pm

    လူတစ်ယောက်ရဲ့ အဆင့်အတန်းကို သမီးကတော့ စိတ်ဓါတ်နဲ့ပဲတိုင်းတာတယ် ။ စိတ်ဓါတ်နဲ့ပဲဆိုင်တယ်ထင်လိ်ု့ ။

  • king

    May 4, 2011 at 2:29 pm

    ဟဲ ဟဲ နဲ နဲ ဝင် ဖော လိုက် အုန်းမယ်
    ကိုယ်ထင်တာလေးတွေ ရမ်းတုတ်ကြည့်မယ်
    အဆင့်အတန်းဆိုတာ ခွဲခြားဆက်ဆံမှုပြုဖို့အတွက် ခွဲလိုက်တဲ့ ခေါင်းစဉ်တစ်ခုပါ
    အဲဒီအတွက် လူသားတွေက သူတို့ ခွဲခြားဆက်ဆံချင်ကြတဲ့ ကိစ္စတွေမှာ
    ဒီခေါင်းစဉ်ကလေးကို သုံးပြီးတော့ လုပ်ကြတယ်ဗျ

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 4, 2011 at 5:10 pm

    အဆင့်အတန်းဆိုတာက
    သာမန်အားဖြင့်ပြောရရင်တော့ သတ်မှတ်မှု့တစ်ခုဆိုတာအားလုံးသိမှာပါဘဲ
    တစ်ကယ်လေးလေးနက်နက်အ..ဂတိကင်ကင်းဝန်ခံကြစတမ်းဆိုရင်
    ကိုယ်ကျင့်တရားက.. အဆုံးမှာနေမယ်ထင်တယ်
    ကိုယ်ကျင့်တရားဆိုတာကို ထပ်ပြီးနည်းနည်းလေးအနုစိပ်လိုက်ရင်
    ကိုယ်ကျင့်တိုင်း တရားလို့ပြောရင်တော့ သဘောတူညီမှုတွေရမယ်လို့မထင်မိပါဘူးနော်
    ဂုဏ်ငွေပကာသဏတွေက သပ်သပ်သွားပါမယ်
    ရာထူးအဆင့်အတန်းဆိုတာက သပ်သပ်သွားပါမယ်
    အပြန်အလှန်နားလည်တတ်ခြင်း ( ပညာဖြင့်သီးခံတတ်ခြင်းလည်းပါပါမယ်)
    အဆုံမှာအဆင့်အတန်းဆိုတာ
    လူမှုပတ်ဝန်းကျင်နဲ့အကျိုးပြုနေထိုင်တတ်ခြင်းသာလျှင်
    အဆင့်အတန်းလို့ခံယူပါတယ်
    ကျွန်တော့်အမြင်ကိုပြောတာပါ။

Leave a Reply