ဆူးလေစေတီတော်ပေါ်မှ အဖြစ်အပျက်တခု
ကျွန်တော်က အကြမ်းဖျင်းပြောရမယ်ဆိုရင် ဗုဒ္ဓဘာသာဝင် ဗမာလူမျိုးတယောက်ပါ။ကျွန်တော် မြန်မာနိုင်ငံ
မှာလူဖြစ်ရတာပိုပြီးဂုဏ် ယူပါတယ်….။ပြီးတော့ ကျွန်တော့်ကို မွေးပေးတဲ့ ကျွန်တော့်အမေကိုလည်းကျေးဇူး
တင်နေမိပါတယ်….အချိန်တိုင်းလိုလိုပါပဲ။အကယ်၍အမေသာမမွေးဘဲ ဖျက်ချလိုက်ရင် ကျွန်တော်ဆိုတဲ့
လူတယောက်ဘယ်ဖြစ်လာနိုင်ပါ့မလဲ..။အမေ့ကြောင့်လူသား တယောက်ဖြစ်ခွင့်ရတယ်…။အမေ့ က
ယောကျာင်္း လေးဖြစ်အောင်လေးမွေးပေးနိုင်ခဲ့တယ်…။ကျွန်တော်ယောကျာင်္းလေးဖြစ်တော့ ကျွန်တော်
ကလေးဘဝမှာ (အဲဒီတုန်းကတော့မသိတတ်သေးဘူးပေါ့) အမေက ကိုရင်စည်းပေးတယ်………..။
အခုကျွန်တော်ဆိုရင် မြင့်မြတ်တဲ့ ရဟန်းကိုရောက်ခဲ့ရတဲ့ အတွက် အမေ့ကို တသက်လုံးကျေးဇူးတင်
မိနေပါတယ်….။
အခုကျွန်တော်ပြောချင်တာကတော့ ကျွန်တော့် တို ့မြန်မာနိုင်ငံမှာ လူဖြစ်ရတာ ဂုဏ်ယူစရာပါ…………။
ကျေးဇူးရှင် မြတ်စွာဘုရားဟောကြား ခဲ့တဲ့ တရားတော် တွေကို သံဃာတော်တွေက ပြန်လည်ဟောပြော
ပြသ တာတွေဟာ ဘယ်အရာတွေနဲ ့မှအစားမထိုးနိုင်ပါဘူး…။ပြီးတော့ ကျွန်တော်တို ့နိုင်ငံမှာ အလှုခံ
ပုဂ္ဂိုလ်ဆိုလည်း အများကြီးရှိပါတယ်…။မိမိစိတ်ကြိုက် သဒါ္ဓရှိရင် ရှိသလောက်လှုနိုင်ပါတယ်………။
အကယ်၍ နတ်ပြည်ရောက်ခဲ့ရင် ရောအဲဒီလို လှုနိုင်ပါ့မလား…။ကျွန်တော်စဉ်းစားမိတယ် တချို ့သောလူ
တွေက မြင့်မြတ်တဲ့ ရဟန်းတွေ ကို မှလှုချင်ကြတယ်……။မြတ်စွာဘုရားကဟောကြားခဲ့ပါတယ်…..။
မြင့်မြတ်တဲ့သူတွေကို လှုမှမြတ်တယ်လို ့မဆိုနိုင်ပါဘူး..။မြင့်မြတ်တဲ့ သူတွေကို လှုပြီးနှမြောတွန် ့တိုစိတ်
ဖြစ်ခဲ့မယ်ဆိုရင် အဲဒါဟာအလှုမမြောက်ပါဘူး။ဒါကြောင့် အလှူခံဘယ်သူဘဲဖြစ်ဖြစ် စေတနာသန် ့သန် ့နဲ ့
လှုကြပါလို ့ပြောချင်ပါတယ်…။
ကျွန်တော်မနေ ့က ဆူးလေး စေတီတော်ကိုသွားခဲ့တယ်….။အဲဒီမှာဘာဖြစ်လဲဆိုတော့ ကျွန်တော်တို ့က
ဘုရားလာဖူးတာဆိုတော့ စိတ်လွတ်ကိုယ်လွတ် ဘုရားရှိခိုးလိုက်တယ်…။ကျွန်တော့မှာထမင်းချိုင့်တော့ပါတာ
ပေါ့…။ထမင်းချိုင့်ကို ဘေးနားမှာထားပြီး ဘုရားကို ရိုရိုသေသေ ကန်တော့ ပြီး ပြန်ထတော့ ကျွန်တော့်ထမင်း
ချိုင့်မရှိတော့ဘူး..။ကျွန်တော်လည်း ပုထုဇဉ် လူသား တယောက်ပဲ ကိုယ် ့ပစ္စည်းပျောက်တာတော့နှမြောတာ
ပေါ့..။ကျွန်တော်တို ့က အရမ်းလည်းချမ်းသာတာမဟုတ်ဘူးလေ..။ပစ္စည်းပျောက်တော့ကျွန်တောလည်း
ဘာလုပ်ရမှန်းမသိတာနဲ ့ဘုရားပန်းရောင်းတဲ့ဆိုင်ကို မေးကြည် ့တာပေါ့…..။အဲဒီမှာပဲ ပန်းဆိုင်ကအမျိုးသမီး
ပြောလိုက်တော့မှ ကျွန်တော် မြန်မာလူမျိုးလို ့ပြောရမှာရှက် တောင်ရှက်သွားတယ်…။သူကဘာပြောတယ်မှတ်
လဲ…။အဲဒီလိုပျောက်တာခဏခဏပဲတဲ့ မနေ ့ကလည်း ပိုက်ဆံအိတ်ပျောက်တဲ့သူရှိတယ်တဲ့…။ကိုယ် ့ပစ္စည်း
ကို ဂရုမစိုက်တာပျောက်တာတောင်နည်းသေးတယ်တဲ့ဗျာ…။စဉ်းစားကြည် ့ကြပါ..။အဲဒီလိုပြောစရာလား..။
ပျောက်တဲ့သူကပြန်ရမလားလို ့မေးတာလေ…။သူတို ့ဖြေပုံက ခိုးတဲ့သူကို အားပေးနေသလိုဖြစ်မနေဘူးလားဗျာ
ကျွန်တော်လည်းဘာမှပြန်မပြောနိုင်ဘဲ ငြိမ်ပြီးပြန်လာရတယ်။ထမင်းချိုင့်ကတော့ ပါသွားပြီ..။
အနိစ္စ၊ဒုက္ခ၊အနတ္တ အခုမှပဲမှတ်နိုင်တော့တယ်…။ကျွန်တော်ပြောချင်တာကတော့ ကျွန်တော်တို ့ဘုရားမှာ
ဘာကြောင့်လုံခြုံရေးထားရသလဲ….။သူတို ့ကိုလစာပေးတာ ဘယ်သူတွေလဲ………………။
ကျွန်တော်တို ့ဘုရားမှာနေရာလည်းပေးထားတယ်……။လစာကတော့ကျွန်တော်တို ့လိုဘုရားဖူးတဲ့
သူတွေလှုတဲ့ ပိုက်ဆံကို လစာအဖြစ်ယူကြတယ်….။ဒါကြောင့် ဘုရားမှာလည်းနေသေးတယ်…။
ဘုရားက လစာကိုလည်းယူကြတယ်….။ဒါကြောင့်သိတတ်ပါ..။(အားလုံးကိုမဆိုလိုပါ)
ဘုရားရှိခိုးရုံနဲ ့ကုသိုလ်ရတာ
မဟုတ်ပါဘူး…။ကိုယ် စေတနာသန် ့သန် ့နဲ ့လုပ်တဲ့ဘယ်အလုပ်မဆို ယူတတ်ရင် ကုသိုလ်ဆိုတာ
အများကြီးရနိုင်ပါတယ်…………။ဒါကြောင့်ဘုရားဖူးလာကြသူများလည်းမိမိ တို ့ပစ္စည်းများကို စိတ်ချနိုင်အောင်လုပ်ပြီး မှ ဘုရားဖူးကြပါခင်များ….။ပျောက်သွားလို ့သွားပြော ခဲ့ရင် ကျွန်တော်ပြောသလို
ပဲပြန်ပြောခဲ့ရင် နောင်တရနေ စိုးလို ့ကျွန်တော်ကပဲ ကြိုပြီးသတိပေးပါတယ်…….။
အော်………….လူတွေဘုရားပေါ်မှာတောင်အကျင့်ပျက်နေကြပြီလား။ဘယ်သူပျက်ပျက်ကို မပျက်ပါစေနဲ ့…။
လူုအချင်းချင်းလှည် ့ပတ်ချင်းကင်းရှင်းကြပါစေ…။
25 comments
kogeorge
April 30, 2011 at 4:30 am
Very sorry about your lunch box. 🙁
bigcat
April 30, 2011 at 4:34 am
ကျွန်တော်မနေ ့က ဆူးလေး စေတီတော်ကိုသွားခဲ့တယ်….။အဲဒီမှာဘာဖြစ်လဲဆိုတော့ ကျွန်တော်တို ့က
ဘုရားလာဖူးတာဆိုတော့ စိတ်လွတ်ကိုယ်လွတ် ဘုရားရှိခိုးလိုက်တယ်…။ကျွန်တော့မှာထမင်းချိုင့်တော့ပါတာ
ပေါ့…။ထမင်းချိုင့်ကို ဘေးနားမှာထားပြီး ဘုရားကို ရိုရိုသေသေ ကန်တော့ ပြီး ပြန်ထတော့ ကျွန်တော့်ထမင်း ချိုင့်မရှိတော့ဘူး။
အပေါ်က စာပိုဒ်လေးဖတ်ပြီးတော့ ရယ်လိုက်မိသေးတယ်။ ဆောရီးပါဗျို့… မကောင်းတဲ့စိတ်ထားနဲ့ မဟုတ်ပါဘူး။ အဖြစ်အပျက်လေးကို တွေးကြည့်ပြီး ရယ်လိုက်မိတာပါ။ နောက်ဆို ထမင်းချိုင့် ရှေ့မှာထားပြီး ဘုရားရှိခိုးသင့်တယ်။ တခါထဲ ဆွမ်းပါကပ်လိုက်။ ကန်တော့ပြီးတော့ စွန့်တော်မူပါဘုရားဆိုပြီး ပြန်တောင်းပေါ့…. 😛
gyinkalay
April 30, 2011 at 5:02 am
အခုခေတ်က ပိုက်ဆံ 50 မရှိရင်တောင် ဘုရားသွားလို ့မရဖြစ်နေပြီ..ရွေတိဂုံ ဘုရားဖိနပ်အပ်တဲ ့နေရာမှာ..စေတနာရှိသလောက်တောင်မဟုတ်တော့ဘူး..တစ်ရံ 50 တဲ့..နှစ်ဆန်းတစ်ရက်နေ ့လူစည်ကားတဲ့နေ ့မှာ..မိန်းမကြီး နှစ်ယောက်က ပိုက်ဆံ မပေးချင်လို ့ပဲလားတော့မသိဘူး..ဖိနပ်ကို ဒီတိုင်းကိုင်ပြီးတက်သွားတာ…ဖိနပ်မအပ်သွားလို ့ဆိုပြီးအော်လို်က်တာမှ …ရပ်ကွက်ထဲရောက်သွားတဲ့အတို်င်းပဲ..ဘုရားလာဖူးတဲ့လူတွေစိတ်အနှောက်အယှက်ဖြစ်တာပေါ့…ကိုယ့်အလုပ်ကို လုပ်တယ်ဆိုပေမယ့်..စေတနာလေးနဲ နဲထည့်လို်က်ရင်ကုသို်လ်တောင်ရအုံးမယ်..အခုဟာက အော်လားငေါက်လားနဲ ့..ပိုက်ဆံ 50 တောင်စေတနာမ ရှိချင်တော့ဘူး….ပြီးတော့ရင်ပြင်တော်မှာ အုန်းပွဲ ဌက်ပျော်ပွဲ တွေရ ဲ ့ဈေးနှုန်းတွေ ဘုတ်ထောင်ထားတယ်..အဲ့ဒီဈေးနှုန်းအတိုင်း မဟုတ်ရင် ဖုန်းဆက်တိုင်လို ့ရတယ်ဆိုပြီးဖုန်းနံပါတ်တွေလဲ ရေးထားတယ်…ပွဲပေးမယ်ဆိုပြိး.အုန်းပွဲဌက်ပျော်ပွဲဆိုင်က ကောင်လေးကို ဈေးမေးကြည့်တော့..ဈေးက တစ်ခြားဆီပဲ..ဈေးတက်သွားတာကြာပြီတဲ့…ဘုတ်ကို မပြောင်းပဲထား ထားတာတဲ့…အဲ့ဒါနဲ ့မယုံလို အောက်ဆင်းပြီး…့ဆိုင်အထိလို်က်မေးကြည့်တော့လဲ…ဟုတ်တယ်..ဈေးနှုန်းတွေတက်သွားတာတဲ့…အဲဒါဆိုရင်..ဘာဖြစ်လို ့ဈေးနှုန်းတွေရေးထားတဲ့ကြေညာဘုတ်က မပြောင်းဘဲ ဒီအတိုင်းပဲထားတာလဲ…မသိရင်ကြားထဲမှာ..ပွဲလို်က်ပို ့တဲ့ ကောင်လေးတွေကပဲ ဖြတ်စားတာလား… တောင်ထင်မြောက်ထင်တွေဖြစ်ကုန်ရော..အဲလိုမျိုး လုံးဝမဖြစ်သင့်ပါဘူး..ဈေးနုန်းပြောင်းရင် ကြေညာဘုတ်ပါ ပြောင်းလိုက်တော့ပေါ့….မဟုတ်ဘူးလား
parlayar46
April 30, 2011 at 5:44 am
ကိုကြောင်ကြီးပြောသလို ရှေ့မှာထားရင်ကော ဦးချတဲ့အချိန် ဝင်မဆွဲလောက်ဘူးလို့ သေချာလို့လား 😀
ဘုရားနားကလူတွေ ဘုရားနားရောက်နေတာက သူတို့ တနည်းနည်းနဲ့ ဝမ်းစာရှာ (လုပ်စား) ဘို့ပါ။ အပြင်ကလူတွေ ဘုရားရောက်တာက ဘုရားဖူးဘို့ ကုသိုလ်လုပ်ဘို့ပါ။ အဲဒါလေးနှလုံးသွင်းပြီး သည်းခံကြပါကွယ်တို့ …။
PinkCandy
April 30, 2011 at 6:17 am
ဪ ဘုရားပေါ်တောင် အလွတ်မပေးတော့ပါလားနော်
king
May 4, 2011 at 1:53 pm
ကျွန်တော်ကတော့ ဘုရားပေါ်မှာ အလွတ်ပေးပါတယ်
အပြင်ရောက်မှသာ ………………
etone
April 30, 2011 at 7:54 am
ဆူးလေး ဘုရားမှာ ဖိနပ်လည်း ခိုးတယ်တော့… ။
ထမင်းချိုင့်တို့ ၊ လက်ကိုင်အိတ်တို့က လူနဲ့ ထိထားလည်း ရတယ်… အခု ဖိနပ်က ချိုင်းကြားညှပ်ထားလည်းမရမှမရတော့ ချထားတာ …. ဒါနဲ့ပဲ ခိုးသွားလေသတည်းလေ … ကိုယ်တိုင်မဟုတ်ပါဘူး သူငယ်ချင်းတယောက် ဖြစ်ခဲ့တာပါ… ။ နောက်ပြီး ဘုရားတွေမှာ ဖိနပ်အပ်လျှင် အလှူခံပုံးထဲ ထည့်တာ မကြိုက်ဘူး … သူတို့ကိုပေးတဲ့… ဖိနပ်တရံ ငါးဆယ်နှုန်းနဲ့ နှစ်ရံဆို ၁၀ဝ ပေးရတယ်… .ဖိနပ်အပ်တဲ့နေရာဆို ဗိုလ်တထောင်က အဆိုးဆုံးပဲ … ဒါပေမဲ…အဲ့ဒီမှာတော့ ထမင်းဗူး၊ အိတ်၊ ဖိနပ် တိုတဲ့ လူ နည်းတယ်… ။
king
May 4, 2011 at 1:52 pm
ဗိုလ်တထောင် ဆိုတာမပြောကြပါနဲ့ဗျာ
အမှတ်တရတွေများလွန်းလို့ပါ
ခုတောင် သတိရလာပြီ ဘုရားပေါ်မှာ ပိုက်ဆံလာတောင်းတဲ့ ကလေးတွေရယ်
nayzaw
April 30, 2011 at 8:06 am
အော်ဘုရားတောင်ကောင်းကောင်းအာရုံမပြုကြရတော့ပါလား ဒုက္ခပါပဲနော်
yaunglone
April 30, 2011 at 8:11 am
မြန်မာပြည်မှာ ဘုရားမှန်း မသိ၊ တရားမှန်းမသိ၊ မိဘမှန်းမသိ၊ သားသမီးမှန်းမသိ၊ ကိုယ့်ကိုယ်ကိုယ် ဘာမှန်းမသိ၊ ညာမှန်းမသိ၊ တဲ့ အကျင့်ပျက်နေတဲ့သူတွေ များနေလို့ ကျွန်တော်တို့ နိုင်ငံကြီး ဆင်းရဲတွင်းက မလွတ်တဲ့ အပြင်.. ငရဲပြည်မှာ နေရာလုနေကြရတာတွေ များနေပါတယ်။ ကျွန်တော်တို့လည်း အဲဒီထဲမှာ မပါအောင်တော့ ကြိုးစား ကြပါလို့ပဲ ပြောချင်ပါတယ်။
search123
April 30, 2011 at 9:40 am
ဟုတ်ပါတယ်။တစ်ယောက်တည်းဘုရားသွားရင် ဂရုစိုက်တာကောင်းပါတယ်။
ဘုရားပေါ်ဆိုပေမဲ့လည်း လူပေါင်းစုံလာနေတာဆိုတော့။
အဲဒါထက်ဆိုးတာရှိသေးတယ်။ဘုရားပေါ်လာပြီး၊ယိုသူမရှက်၊မြင်သူရှက် ဆိုသလို လာချိန်းတွေ့နေကြတဲ့ စုံတွဲတွေ လည်းရှိပါသေးတယ်။
king
May 4, 2011 at 1:51 pm
ဟီးးးးးးး
သားသားပါဘူးနော်
ချိန်းတွေ့တဲ့အထဲမှာ ဘုရားဖူးပြီး လိပ်ဥတူးမလို့ ဘုရားအရင်ဝင်လိုက်တာ
intro
April 30, 2011 at 9:41 am
နောင်ဆို ဘုရားသွားရင် တစ်ယောက်တည်းမသွားနဲ့… အဖော်ခေါ်သွား၊ ပြီးရင် တစ်ယောက်ပြီးမှ တစ်ယောက် ဘုရားရှိခိုး၊ ပုတီးစိတ်၊ တရားထိုင်၊ ကျန်တဲ့ လူက ကိုယ့်အဖော်ရဲ့ ပစ္စည်းလေးတွေ ဂရုစိုက်၊ ဖြစ်ပြီးသွားမှ မကျေမနပ်ဖြစ်နေတာထက် အတတ်နိုင်ဆုံးသာ မဖြစ်အောင် ကာကွယ်လိုက်ဗျာ…
မိုက်ကယ်ဂျော်နီအောင်ပု
April 30, 2011 at 11:15 am
ဟီဟိ…ကံဝါဒီတွေ
ဟိုဘဝက သူခိုးဆိုတာ
ဒီမှာဖေါက်သည်လာချနေဂျဒယ်
ဘာမှမပျောက်ဖူး..ဘူး
ဗျို့သဂျီး..ဘာပျောက်ဘူးသတုံး 🙂 🙂 🙂
MaMa
April 30, 2011 at 1:21 pm
ပြုသူအသစ် ဖြစ်သူအဟောင်း ဆိုတာ တကယ်တာသွားတဲ့ စကားလုံးလေးပါ။
bigbird
April 30, 2011 at 5:39 pm
ဒီပို့စ်၊ဒီကွန်မန့်တွေကို အဲ့ဒီလူတွေဖတ်ရပါ့မလား….
သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက် ဖြစ်သလိုရှာနေကြပြီးလား။
ဦးကောက်
May 1, 2011 at 1:40 am
အစကတော့လူတွေက သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက် ပေါ့…နောက်တော့ အလွယ်ရတော့ အချောင်လိုက်ကြတာပါ…ပတ်ဝန်းကျင်ကိုကြည့်တော့လည်း…အကျင့်ပျက်သမားတွေကခပ်များများရယ်…
ကိုသိုလ်ထက်…အကုသိုလ်ကိုပိုလုပ်နေကြတယ်…ကြောက်တယ်ဆိုတာဘာလည်းတဲ့…
တဒင်္ဂကိုဘဲဖက်တွယ်နေကြတယ်…သတိရှိကြပါ…ဘယ်သူပျက်ပျက်ကိုယ်မပျက်ဖို့က၉၀%ဘဲ…
ဘုရားကဟောထားတာဘဲ…ခိုးတဲ့သူကိုမမုန်းနဲ့တဲ့…ခိုးတဲ့စိတ်ကလေးကိုအဓိကမုန်းဖို့ပါဘဲ…
ကိုယ်အိမ်ကဘုရားလည်း…ဘုရားပါဘဲ…
ဦးကောက်
May 1, 2011 at 1:41 am
အစကတော့လူတွေက သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက် ပေါ့…နောက်တော့ အလွယ်ရတော့ အချောင်လိုက်ကြတာပါ…ပတ်ဝန်းကျင်ကိုကြည့်တော့လည်း…အကျင့်ပျက်သမားတွေကခပ်များများရယ်…
ကုသိုလ်ထက်…အကုသိုလ်ကိုပိုလုပ်နေကြတယ်…ကြောက်တယ်ဆိုတာဘာလည်းတဲ့…
တဒင်္ဂကိုဘဲဖက်တွယ်နေကြတယ်…သတိရှိကြပါ…ဘယ်သူပျက်ပျက်ကိုယ်မပျက်ဖို့က၉၀%ဘဲ…
ဘုရားကဟောထားတာဘဲ…ခိုးတဲ့သူကိုမမုန်းနဲ့တဲ့…ခိုးတဲ့စိတ်ကလေးကိုအဓိကမုန်းဖို့ပါဘဲ…
ကိုယ်အိမ်ကဘုရားလည်း…ဘုရားပါဘဲ…
myatthu
May 1, 2011 at 3:24 am
ကျွန်တော်တို ့မြန်မာ လူမျိုး ဗုဒ္ဓဘာသာဝင်တိုင်း ဟာ ဘုရားမြင်သမျှဝင်ပြီး ဖူးတတ် ကြပါတယ်………။ကိုယ့် အိမ်ရောက်ရင်လည်း ဘုရားကန်တော့ပြီးမှ
အိပ်တတ်ကြပါတယ်….။ဒါကြောင့်အိမ်မှာ ပဲကန်တော့ ကန်တော့ စေတီပေါ်
မှာပဲ ကန်တော့ကန်တော့ ကုသိုလ်စိတ်တွေပွားများ နိုင်မှာပါစေ……။
MaMa
May 1, 2011 at 5:29 am
တစ်ခါတုန်းက တောရွာတစ်ရွာမှာ ရွာသူရွာသားတွေ လယ်ယာတွေဖြစ်ထွန်းပြီး စီးပွားရေးတွေကောင်းကြတော့ မြို့တက်ပြီး ဘုရားဖူးကြမယ်လို့ လူစုတယ်။ စီးပွားရေးကောင်းတဲ့အချိန်မို့ လူတော်တော်များများက စိတ်ဝင်စားပြီး လိုက်ပါကြတယ်။ သွားခါနီး ရွာဦးကျောင်းက ဆရာတော်ဆီသွားပြီး မြို့တက်ဘုရားဖူးမယ့်အကြောင်း သွားလျှောက်တယ်။ ဆရာတော် မြို့က မှာချင်တာ ရှိရင်လည်း မှာနိုင်အောင်ပေ့ါ။ အဲဒီမှာ ဆရာတော်ကြီးက ရွာသားတွေကို ပြောတယ်- မြို့တက်ဘုရားဖူးတာလည်း ကောင်းပါတယ်။ ဒါပေမယ့် ရွာက ဘုရားတွေ မသိစေနဲ့။ သိရင် အားနာစရာကြီး- တဲ့လေ။
ဆူး
May 1, 2011 at 1:20 pm
ထမင်းချိုင့် ဆိုလို့..
၁၉၉ဝ ပထမတန်း အရွယ် ကျောင်းသူလေး ကို ကျောင်းကား သမား ဟန်ဆောင်ပြီး သမီး ခြင်းတောင်းပေး ဆိုပြီး တောင်းတဲ့ အတွက် ကလေးမလေးလည်း ကျောင်းကား ဆရာ အမှတ်နဲ့ ပေးလိုက်တယ်။ ကားပေါ်ရောက်တော့ ကားဆရာကိုမေးတော့ ငါ့မပေးပါဘူး ငါဒီမှာ ဘဲ ရှိနေတာ လူမှားသွားပြီတဲ့.. ဒီလိုနဲ့ ခြင်းတောင်းလေးနဲ့ စတီးထမင်းချိုင့်ကလေး ပါသွားပါလေသတည်းပေါ့။
၁၉၉ဝ ဝန်းကျင် ၁၄နှစ်လောက် ရှိတဲ့ ကောင်လေး တယောက်ကို အိမ်က ပဲဟင်းသွားဝယ်ခိုင်းတာ စတီးချိုင့်လေးနဲ့ ပဲဟင်းဝယ်ပြီး ဆိုင်က ထွက်အလာမှာ ကုလားမကြီး တယောက်က ဒေဝါလီ မုန့်လေး ဝယ်ချင်လို့ တိုးလို့ မရလို့ ကူညီပါ ဒီချိုင့်လေး ကိုင်ပေးမယ်နော် ဆိုပြီး ကိတ်မုန့် တလုံး ဖိုး ပိုက်ဆံ ပေးပြီး သွားဝယ်နေတဲ့ အခိုက်အတန့်မှာ စတီးချိုင့်လေး ပါသွားပါလေရောကွယ်။
wakawaka7
May 2, 2011 at 4:46 am
အကျင့်ပျက်အစီုးရရှိမှတော့ အကျင့်ပျက်တဲ့သူတွေပေါးများနေဦးမှာပဲ။
hsu hsu
May 2, 2011 at 6:54 am
ဘုရားပေါ်မှာ ဘုရားကိုခုတုန်းလုပ် စီးပွါးရှာနေကြသူတွေ အများကြီး…ရွှေတိဂုံ အနောက်မုခ်က ဖိနပ်အပ်တဲ့နေရာမှာလည်း ခပ်ဝဝ မိန်းမကြီးက နံပါတ်မပေးပါဘူး..တစ်ရံကို ၅ဝနဲ့ လေးရံ ကို ၂၀ဝ ပေးပါတဲ့….ပေါ်တင်ကြီး..(သူများတွေများ ငွေရှာရလွယ်တာနော့)……….
nature
May 2, 2011 at 1:08 pm
လောကကြီးမှာ ကိုယ်ကျင့်တရားပျက်ပြားသူတွေတဖြေးဖြေးများလာခြင်းဟာ ဆင်းရဲဒုက္ခတွေတဖြေးဖြေးများလာပါလိမ့်မယ်။
မမလေး
May 4, 2011 at 1:42 pm
ဘုရားရှိခိုးရင်းဥစာခြောက်ရင်းပေါ့ … 😛 … ရွှေတိဂုံ အရှေ့ဘက်မုဒ်မှာဆို ကလေးလေးတွေ သူများလွှတ်ပစ်ထားတဲ့ ကျွတ်ကျွတ်အိတ်ကိုပြန်ကောက်ပြီးရင် နားပူနားဆာနဲ့ ဘေးမှာ အတင်းလိုက်ပြီး ၁၀ဝ လောက်ပါ ၂၀ဝ လောက်ပါနဲ့ လိုက်တောင်းတာ သိပ်စိတ်ပျက်ဖို့ကောင်းတာပဲ ။ မယူဘူး အိတ်ပါတယ်ဆိုလည်းမရဘူး … နိုင်ငံခြားသားတွေ ဆိုပိုဆိုးသေးတယ် ။ တစ်ချိူ့ဆို ပန်းရောင်းတာ ထိုင်ကန်တော့တဲ့ ကလေးတွေရှိသလို မဝယ်လို့ ထိုင်ငိုတဲ့ ကလေးလည်းရှိတယ် နောက်ကနေ ငိုပြီးအတင်းလိုက်ရောင်းတာလည်းရှိတယ် အရင်တုန်းကတော့ Family Mart & Eugenia အရှေ့မှာ ကြုံဖူးတာပေါ့ … အမြင်ကတ်ဖို့ကောင်းတယ် …