ဆိုဖာ တွေကို မစားဘဲ မနေနိုင်သူ

 

လူအများစုက အချု ိကြိုက်တတ် ကြတယ်။ ကိတ်မုန့်တွေ၊ ဘီစကွတ်မုန့် တွေကို တမြုံ့မြုံ့ ဝါးပြီး အရသာခံ ကြတယ်။ ဒီ အမေရိကန်မ ကတော့ ဆိုဖာကူရှင် တွေကို စုတ်ဖြဲလို့ ဝါး ဝါးပြီး အရသာခံ နေလေ ရဲ့။ အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါ ပြည်နယ်က ကလေးငါးယောက် အမေ အဒယ်လီအက်ဒဝပ် ဟာ ဆိုဖာတွေ အပြင် သရေကွင်း တွေ နဲ့ တခြားရော်ဘာ ပစ္စည်းတွေ ကို ဝါးစားရတာ သဘောကျတယ်။ အခုချိန်ထိ သူဟာ ဆက်တီရှစ်စုံ၊ ကုလားထိုင် ငါးလုံးလောက် ကို စားခဲ့ပြီးပြီ ဆိုတော့ သူဟာ ဆိုဖာ ကူရှင် အလေးချိန် ၂၂၄ ပေါင် လောက် စားပြီးပြီလို့ ဆိုတယ်။ ဆရာဝန် တွေက အသက် ၃ဝ အရွယ် ရှိပြီ ဖြစ်တဲ့ အဲဒီ အမျိုးသမီးကို အဲဒီလို ဆိုဖာတွေကို စွဲလန်း နေရင် အသက်အန္တရာယ် ရှိနိုင်တယ် လို့ သတိပေး ကြပေမယ့် သူက မစားဘဲ နဲ့ ကို မနေနိုင်ဘူးလို့ ဆိုပါတယ်။တော်တော်ဝါးနိုင်တဲသွားတွေဖြစ်မယ်လို့ထင်ပါတယ်။

4 comments

  • cobra

    April 30, 2011 at 7:56 am

    ဘယ်လိုကြီးလဲဟ…..
    သူ ့ဗိုက်ထဲမှာအစာဘယ်လိုချက်လဲ?
    ဘာအန္တရာယ်မှရောမရှိဘူးလား?
    ဆရာဝန်တွေကရောမတားမြစ်ကြဘူးလား?
    အသေးစိတ်ကိုထပ်ပီးတင်ပြပေးပါလား…။

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 30, 2011 at 11:11 am

    တစ်ချီု့လည်း ဖန်ခွက်ကွဲအစတွေကိုဝါးစားတယ်
    ဘယ်လိုလဲတော့သိဘူး
    လုပ်ပါဦး သဂျီးရဲ့
    သဘာဝလွန်ဖြစ်ရပ်တွေကို

  • nature

    April 30, 2011 at 12:08 pm

    ဆိုဖာတွေ အပြင် သရေကွင်း တွေ နဲ့ တခြားရော်ဘာ ပစ္စည်းတွေ ကို ဝါးစားတော့ ထမင်းတို့ ပေါင်မုန့်တို့ရောမစားတော့ဘူးလား။

  • မမလေး

    May 4, 2011 at 1:29 pm

    သူက ဘယ်အချိန်ကစပြီး စားတတ်တာလဲ … မွေးကတည်းကလား …

Leave a Reply