အခြေအနေမဲ့ သန်းကြွယ်သူဌေး -အပိုင်း (၅)
ခန္ဓာကိုယ်တစ်ခုလုံး တစူးစူး တဆစ်ဆစ် နာနေလိုက်တာ နေရာလပ်ရယ်လို့မကျန်အောင်ပဲ။ကြိုးကြမ်းကြမ်းကြီးတစ်ချောင်းနဲ့ ကျွန်တော့်
လက်ကိုချည်ပြီး ထုတ်တန်း မှာတွဲလောင်းဆွဲထားတာ။ထုတ်တန်းနဲ ့ကြမ်းပြင်က ၉ပေလောက်ကွာတယ်လေ။ကျွန်တော့်ကို လုံးဝကိုယ်လုံးတီး ချွတ်
ထားတာ။ရင်ဘတ်က နံရိုးလေးတွေ အပြိုင်းပြိုင်းထွက်နေပုံများတော့ အာဖရိက ကငတ်နေတဲ့ ကလေးတွေလိုမျိုးပဲ။
ဂွတ်ဘိုး ကျွန်တော့်ကို ဒီလိုနှိပ်စက်ထားတာ တစ်နာရီမကတော့ဘူး။ဒါပေမဲ့ သူဆော်ဦးမှာ။နာရီဝက်လောက်ကြာတိုင်း ငနာကြီးက
ကျွန်တော့်ကို နှိပ်စက်ဖို့ ပစ္စည်းတစ်မျိုးမျိုး ယူယူလာတာ။ပထမဆုံး သစ်သားချောင်းမှာ ငရုပ်သီးမှုန် ့လား ငရုပ်ကောင်းမှုန့်လား မသိဘူး၊အဲဒါတွေ
သုတ်ပြီး မရိုသေ့စကားဗျာ ..ကျွန်တော့်ဖင်ထဲ ထိုးထည့်တာ။ခံရတဲ့ ဆိုးချက်တော့ မပြောနဲ ့တော့။မီးစကြီးနဲ ့ထိုးလိုက်သလိုပဲ။အံကြိတ်ခံရတာ။
နောက် ရေပုံးထဲ ခေါင်းထည့်နှစ်တယ်။မွန်းကြပ်ပြီး အဆုပ်တွေကွဲထွက်မတတ်တဲ့အထိ ခေါင်းကို ချုပ်ထားတာ။ကျွန်တော် ရေမွန်းပြီး ဝူးဝူးဝါးဝါးနဲ ့
အတင်းရုန်းကန်နေတာ သေလုမျောပါးပဲ။
ခု နောက်တစ်ခုယူလာပြန်ပြီ။ဓာတ်ကြိုးစ နှစ်စ။ပွတ်လိုက်ရင် ဖျပ်ခနဲ ဖျပ်ခနဲ မီးပွင့်လေးတွေလက်သွားတာများ ဒေဝါလီပွဲမှာ မီးတွေထွန်း
သလိုမျိုးပဲ။ငနဲကြီးက ကျွန်တော့်အနားပတ်ပြီး အရက်မူးသမားဟန်နဲ ့လက်ဝှေ့ရေးပြ ပြီး ဆတ်ခနဲ ပိတ်တို့လိုက်တာ။တို့လိုက်တာက ကျွန်တော့်ဘယ်
ခြေခုံကို။ပူခနဲ လျှပ်စီးက ကျွန်တော့်ကိုယ်ထဲ စီးဝင်သွားပြီး တကိုယ်လုံးတွန့်လိမ် ကွေးကောက်သွားတာပဲ။မချိမဆန့်ကိုခံရတာဗျာ။
“ခွေးမသား မင်းခုထိဝန်မခံသေးဘူးလား..ဟေ မပြောသေးဘူးလား မင်းကလိန်ကျခဲ့တာ”
“ဘယ်ပထွေးက အဖြေတွေပြောတာလဲ ပြောစမ်း..မပြောမချင်း မင်းကို တွယ်မယ်..အေး..ပြောမယ်ဆိုရင်တော့
ထမင်းလည်းကျွေးမယ် ၊အိမ်တောင်ပြန်ပို့ဦးမယ်..”
ခုချိန်မှာ အိမ်ဆိုတာလည်း ဝေးလွန်းနေတယ်။အစားအစာဆိုတာလည်း အန်တောင်ထွက်မယ်။ခင်ဗျား အစာမစားဘဲ အကြာကြီးနေကြည့်။
မဆာတော့ဘူး။ဒါပေမဲ့ ခင်ဗျား အစာအိမ်ထဲမှာစူးအောင့်နေလိမ့်မယ်။
ကျွန်တော် အန်ချင်လာတယ်။အသားကုန် ပျို့တက်လာတာ။ ကျွန်တော် သတိလစ်ချင်နေပြီ။ ထူပိန်းနေတဲ့ မြူတွေထဲမှာ အရပ်ရှည်
ရှည် မိန်းမတစ်ယောက်ကို ကျွန်တော့် မျက်လုံးထဲမြင်လာတယ်။လေတွေ တဝူးဝူးတိုက်နေတဲ့အထဲ သူ့ဆံပင်တွေလေထဲမှာလှိုင်းထနေတာ မျက်နှာ
တောင် ကောင်းကောင်းမမြင်ရဘူး။သူဝတ်ထားတဲ့ ဆာရီအဖြူပါးပါးလေးကလည်း လေထဲမှာ တဖျပ်ဖျပ်ခါနေတာ စွန်ကလေးလိုပဲ။ဝေ့လိုက် ဝဲလိုက်
နဲ့။သူ့လက်တွေ ကျွန်တော့်ဆီဆန့်တန်းပြီးတော့ –
“သားလေး..အို.. အမေ့သားလေး ငါ့သားလေးကို သူတို့ဘာတွေလုပ်နေကြသလဲကွယ်”
“အမေ….”
ကျွန်တော် ကြုံးအော်ပြီးတော့ မြူတွေကြားထဲ အတင်းပြေးလိုက်မိတယ်။ဒါပေမဲ့ ဂွတ်ဘိုး က ကျွန်တော့်ဂုတ်ကို ခပ်ကြမ်းကြမ်း ဆောင့်
ဆွဲတာခံလိုက်ရတယ်။ရှေ့မတိုးဘဲ ပြေးနေသလိုမျိုး ခံစားနေတုန်း ငနဲကြီးက ဖြတ်ရိုက်ပြစ်လိုက်တာ မျက်လုံးထဲ မီးဝင်းဝင်းတောက်သွားတာပဲ။
ဂွတ်ဘိုး ကဖောင်တိန်ကို ယူလာပြန်တယ်။ဖောင်တိန်က အနက်။နစ်သွားက ရွှေရောင်တောက်တောက်နဲ့ နစ်သွားထိပ်မှာ မင်လေး
စိုလို့ပေါ့။
“ဝန်ခံချက်မှာ လက်မှတ်ထိုးစမ်း”
ဝန်ခံချက်က ခပ်ရှင်းရှင်းပါပဲ။
ကျွန်တော် ရမ်မိုဟာမက်သောမတ်စ်သည် အောက်ပါအတိုင်း ဝန်ခံကြောင်းအတည်ပြုပါသည်။ဂျွန်လ ၁ဝရက်နေ့တွင်
ကျွန်တော်သည် W3B ဉာဏ်စမ်းပဟေဠိ အစီအစဉ်တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်။ကျွန်တော်သည် မသမာသောနည်း
လမ်းသုံး၍ ဖြေဆိုခဲ့ကြောင်း ဝန်ခံပါသည်။ကျွန်တော်သည် မေးခွန်းအားလုံး၏ အဖြေများကို မသိပါ။အမြင့်ဆုံးဆုကို
သော်လည်းကောင်း ၊အခြားမည်သည့်ဆုကိုမျှသော်လည်းကောင်း တောင်းဆိုခြင်းကို ရုပ်သိမ်းပါသည်။ကျွန်တော့်
ကိုခွင့်လွှတ်ပေးရန် တောင်းပန်အပ်ပါသည်။ဤထွက်ဆိုချက်သည် ကျွန်တော့်ကိုယ်ပိုင်ဆုံးဖြတ်ချက်သာဖြစ်ပါသည်။
မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်းခြင်း၊ညှဉ်းပန်းနှိပ်စက်ခြင်းကြောင့် မဟုတ်ပါ။
လက်မှတ်
(ရမ်မိုဟာမက်သောမတ်စ်)
ကျွန်တော် သိတယ်။ဒါ အချိန်ပဲ။ကျွန်တော် ဝန်ခံကတိလက်မှတ်မထိုးခင် ဘယ်လောက်ထိတောင့်ခံနိုင်မလဲ။ဘယ်လောက်ထိကြာ
အောင်လဲပေါ့။ဟုတ်တယ်။ကျွန်တော် မခံနိုင်တော့ဘူး။ရဲတွေနဲ ့ပြဿနာမတက်စေနဲ့လို့ ကျွန်တော်တို့ ကိုပြောကြတယ်။အစာကွင်းဆက်ကို
သိလား။ဟိုးရေမှော်လေးတွေကနေ အကောင်ကြီးတွေထိလေ။ငယ်တဲ့ကောင်ကိုကြီးတဲ့ကောင်ကစား။ကျွန်တော်တို့လို လမ်းပေါ်က ကလေ
ကချေလေးတွေဆိုတာ အစာကွင်းဆက်မှာဆို အောက်ဆုံးကပေါ့ဗျာ။ကျွန်တော်တို့ အပေါ်ကတော့ ခါးပိုက်နှိုက်လိုမျိုး သူခိုးကြမ်းပိုးလေး
တွေ။အဲ..သူတို့အထက်ကတော့ အကြပ်ကိုင် ငွေညှစ်တဲ့လူတို့ အတိုးကြီးကြီးနဲ ့ငွေချေးစားတဲ့လူတို့ပေါ့လေ။သူတို့ အထက်မှာ ဆရာကြီးတွေ
ရှိတယ်လေ။ဂိုဏ်းဆရာကြီးတွေပေါ့။နောက် သူတို့အထက်မှာလည်းရှိသေးတယ်။စီးပွားရေးလုပ်ငန်းကြီးတွေပေါ့ဗျာ။အပေါ်ဆုံးကတော့ ရဲ
တွေပဲ။သူတို့က ပါဝါအကြီးဆုံး။တကယ့်ပါဝါနော်။ဘယ်သူမှ သူတို့ကို မေးမဲ့စစ်မဲ့သူမရှိဘူး။ရဲ ကို ဘယ်သူက ရဲတိုင်မှာလဲ။အဲဒီတော့ ကျွန်တော်
လက်မှတ်ထိုးပေးလိုက်တယ်။ချက်ချင်းတော့ ဘယ်ဟုတ်မလဲ။ဆယ့်လေးငါးချက်လောက် ဆော်ပလော်တီးတာခံ၊လေး ငါး ခြောက် ချက်လောက်
လျှပ်စစ်နဲ့တို့တာခံပြီးမှပေါ့ဗျာ။
ရုတ်တရက် တံခါးပေါက်ဘက်မှာ ဆူညံဆူညံနဲ့ ရဲသားတွေ အော်ဟစ်နေတာကြားလိုက်တယ်။အသံတွေပိုကျယ်လာပြီး တံခါးက ဒိုင်း
ခနဲပွင့်ထွက်လာတာ တုန်တောင်သွားတယ်။အမျိုးသမီး ခပ်ငယ်ငယ်ပဲ အခန်းထဲ ဝုန်းဆိုဝင်ချလာတာဗျ။အရပ်ကတော့ သာမန်ပဲ။ကိုယ်လုံးသွယ်
သွယ်နဲ့။သွားလေးတွေ ဖွေးဖွေးစီစီနဲ့။မျက်ခုံး ကွေးကွေး နှာတံစင်းစင်း။နဖူးမှာလည်း ခပ်ကြီးကြီး အပြာရောင် နဖူးဆွဲကို ဆင်ထားတယ်။ဝတ်ထား
တာတော့ လက်ပြတ် တင်ပါးဖုံးအင်္ကျီပွပွနဲ ့ဘောင်းဘီပွပွပဲ။အပြာရောင် ခြုံပုဝါနဲ ့သားရေခြေညှပ်လေးစီးလို့ဗျ။ဆံပင်နက်နက်ရှည်ရှည်တွေကိုတော့
စည်းမထားဘူး။ဖားလျားချထားတာ။အိတ်ညိုတစ်လုံးကို ဘယ်ဘက်ပခုံးမှာလွယ်လို့။အဲ့ဒီအချိန်က ကျွန်တော်မြင်တော့ အဲဒါ သူ့ပုံပန်း အတိအကျပဲ။
ဂွတ်ဘိုးလည်း ရုတ်တရက်ပြာတုပ်သွားပြီး သူ့လက်ထဲကိုင်ထားတဲ့ ဓာတ်ကြိုးစကို သူ့ဘာသာသွားထိမိတယ်လေ။ငနဲကြီး အော်လိုက်တာများဗျာ။
သူ့ကျ နာတတ်လိုက်တာ။ကျူးကျူးကျော်ကျော်ဝင်လာတဲ့ ကောင်မလေးဆိုပြီး လည်ပင်းတောင်ပြေးညှစ်မလားထင်ရတယ်။နောက် မိန်းကလေး ဆို
တော့ ကိုယ်ရှိန်သတ်ပြီး-
“မင်း..မင်း ဘယ်ကလဲ ဘာလဲကွ ဒီလိုဝုန်းဝုန်းဒိုင်းဒိုင်း ဝင်လာရအောင် ဘာတုန်း။..ငါအလုပ်များနေတာ မြင်လား”
အမျိုးသမီးကတော့ ခပ်အေးအေးပဲ ပြန်ပြောပါတယ်။
“ကျွန်မ စမီတာရှား ပါ။ကျွန်မက မစ္စတာရမ်မိုဟာမက်သောမတ်စ် ရဲ ့ရှေ့နေပါပဲ။”
သူ ကျွန်တော့် အခြေအနေကို တစ်ချက်ကြည့်ပြီး ချက်ချင်း အကြည့်လွှဲလိုက်ပါတယ်။(ကျွန်တော်က ကိုယ်လုံးတီးနဲ့ဟာ)
ဂွတ်ဘိုး ခပ်တောင့်တောင့်ဖြစ်သွားတာပဲ။သူသတိမထားမိတာ ကျွန်တော်လည်းဂွတ်ဘိုးလိုပဲ ကြောင်အမ်းအမ်းဖြစ်သွားတာဗျာ။ကျွန်တော် ဒီ အမျိုး
သမီးကို တခါမှ မြင်ဖူးပါဘူး။တက်စီ ငှားဖို့တောင် ပိုက်ဆံမရှိတာဗျာ ။ရှေ့နေဆိုတာကတော့ ဝေးရောပဲ။
“ဟေ..ပြောစမ်းပါဦး..မင်းက သူ့ရှေ့နေ..”
ဖားကြီးတစ်ကောင်လိုပဲ။အသံကြီး ပြာအက်အက်နဲ့ ဂွတ်ဘိုး ပြောနေတာ။
“ဟုတ်ပါ့ရှင်..ဒီမယ် ..ရှင် ကျွန်မ အမှုသည်ကို ဒီလိုလုပ်နေတာ လုံးဝတရားဥပဒေနဲ့မညီဘူးနော်။ညှဉ်းပန်းနေတာ ခုချက်ချင်း
ရပ်ပါ။အိန္ဒိယနိုင်ငံ ပြစ်မှုဆိုင်ရာဥပဒေ အပိုင်း ၃၃ဝ နဲ ့၃၃၁ အရ သူက ရှင့်ကိုတောင် ပြန်တရားစွဲပိုင်ခွင့်ရှိတယ်။သူ့ဖမ်းဆီးတဲ့
ကိစ္စနဲ့ ပတ်သက်တဲ့ စာရွက်စာတန်းတွေ ကြည့်ချင်တယ်။ပြစ်မှု အစီရင်ခံစာမှာ ဘာအထောက်အထားမှ ရေးထားတာမတွေ့
ပါလား။အခြေခံဥပဒေ အပိုဒ် ၂၂ အရ ဖမ်းဆီးကြောင်း ဘာမှလည်း မသိရဘူး။ပြစ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်း အပိုင်း ၅ဝ ကို
ရှင်ကောင်းကောင်းကြီး ချိုးဖောက်ထားတာပါလား။သူ့ဖမ်းဆီးခွင့် ဝရမ်းကို ရှင်မပြနိုင်ရင်၊ ကျွန်မ အမှုသည်ကို ခုချက်ချင်း
ရဲစခန်းက ခေါ်ထုတ်သွားပြီး သီးသန့်ဆွေးနွေးရမယ်”
“အင်း..အဲ..ကျွန်..ကျွန်တော်..ဟို..မင်းကြီးကို ပြောရပါဦးမယ် ..ခဏစောင့်ပါနော်”
ငနာကြီး ..သူဒါပဲပြောနိုင်တော့တာပဲ။အမျိုးသမီးကို သူတစ်ချက်လှမ်းကြည့်သေးတယ်။ကူကယ်ရာမဲ့နေတဲ့ မျက်လုံးတွေနဲ့လေ။နောက်တော့
ခေါင်းတခါခါနဲ ့ ကုပ်ချောင်းချောင်း လုပ်ပြီး အခန်းထဲက ထွက်သွားတာပဲ။
ကျွန်တော် အထင်ကြီးသွားပြီဗျ။ရှေ့နေတွေက ရဲတွေအပေါ်မှာ ဒီလိုပါဝါမျိုးရှိတာ ကျွန်တော်မသိဘူးဘဲ။အဲ..ကျွန်တော့် အစာကွင်းဆက်
ဥပမာလေး ပြန် ပြင်ဆင်ရဦးမယ်ထင်တယ်။
ဂွတ်ဘိုး ကိုဟိုဘက်က ဘာတွေညွှန်ကြားလိုက်လည်း မသိပါဘူး။ရှေ့နေ အမျိုးသမီးနဲ ့ ဂွတ်ဘိုး ဘာတွေပြောကြဆိုကြလဲ ကျွန်တော်
မကြားဘူး။ကျွန်တော်လွတ်လာတယ်။အပျော်နဲ့ အတူ ဆာတာတွေ နာတာတွေရော ပါသပေါ့ဗျာ။
5 comments
babymay
May 5, 2011 at 4:34 am
ဖတ်ဦးမယ်။ ဖတ်ဦးမယ်။။ ကျေးဇူးပြုပြီး နောက်ဆက်တွဲတွေ မြန်မြန်တင်ပါ။
mgbahlaing
May 5, 2011 at 4:49 am
ဟုတ်ကဲ့..အားပေးတာ ကျေးဇူးပါဗျာ..
ကျွန်တော်က ဘာသာပြန်ဘူးတာ မဟုတ်တော့
နည်းနည်းတော့ နှေးလိမ့်မယ်။
cherrywine
May 11, 2011 at 5:51 am
အားပေးနေပါတယ်။
kai
May 11, 2011 at 7:26 am
ကောင်လေးရဲ့… အတွေးလေသံတွေဖတ်ရတာ.. နာကျင်တာကို အရသာခံနေသလိုပဲ..။
အဲဒီလို အတွေးပေါက်လာတယ်..။
ဘာသာပြန် လှပါ့ဗျာ..။
Mobile
February 5, 2013 at 10:33 pm
အပိုင်း (၅) ကိုတော့ဖြင့်ရောက်လာပြီ
ရောက်ရှိတယ်ဆိုတဲ့အကြောင်းလေး ခြေရာလေးထားခဲ့တာပါ။