Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မေလ ၈ ရက်နေ့

မမေလးMay 4, 20111min50319

မေလ ၈ ရက်နေ့မှာ ကျရောက်မယ့် အမေများနေ့ အတွက် သင်တို့ရဲ့ အမေကို ဘာလုပ်ပေးဖို့ အစီအစဉ်ရှိပါသလဲ ။ လက်ဆောင်ဝယ်ပေးမှာလား … ဒါမှမဟုတ် တစ်ခုခုပေါ့ … ? ? ?

1 . အမေ နဲ့ သင့်ကြားမှာ မေ့မရတဲ့အမှတ်တရက ???

2 . အမေ့ကို ပေးချင်တဲ့ လက်ဆောင်က ????

အမေများနေ့ကိုမေ့နေမှာစိုးလို့ပါ ။ သမီးကတော့ လက်ဆောင်ပေးဖို့ အစီအစဉ်ရှိပါတယ် ။ ဒါပေမယ့် ဘာပေးရမယ်မှန်း ခုထိမသိသေးဘူး ဖြစ်နေတယ် …

19 comments

  • ဆူး

    May 4, 2011 at 12:53 pm

    အမေ ကို ပေးမဲ့ ပစ္စည်းက အမေ အတွက် အသုံးတည့်မဲ့ ပစ္စည်းမျိုးပေါ့။
    တန်တာ မတန်တာ အရေးမကြီးပေမဲ့ နေ့တိုင်းသုံး သို့မဟုတ် ကြိုက်နှစ်သက်မဲ့ ပစ္စည်းမျိုး ဝယ်သင့်ပါတယ်။

  • king

    May 4, 2011 at 1:07 pm

    အမေ့အတွက် သားတွေက ချွေးမကောင်းကောင်းရှာပေးပြီးတော့
    သမီးတွေက သားမက်ကောင်းကောင်း လက်ဆောင်ပေးလိုက်ကြပါ
    အဟီးး
    အငှားလိုက်သည် တစ်ရက် ၅၂၈

  • မမလေး

    May 4, 2011 at 1:11 pm

    သမက်ကောင်းကောင်းရှာပေးမယ်ဆိုရင် တစ်ခါတည်း ခေါင်းခေါက်လွှတ်လိုက်လိမ့်မယ် ။။။ 😛

  • nature

    May 4, 2011 at 1:44 pm

    အမေများနေ့ ဘယ်လိုပေါ်ပေါက်လာတာလဲ။ဘယ်နှစ်ခုနှစ် ကစပေါ်တာလဲ၊ သိရင်ပြောပြပါလားရာဇဝင်ကလေး၊ ငယ်ငယ်တုန်းက အမေများနေ့လို့မကြားဖူးလို့ပါ။

  • unclegyi1974

    May 4, 2011 at 2:59 pm

    အမေများအဖို့သားသမီးများထံကမျှော်လင့်
    တဲ့အကောင်းဆုံးလက်ဆောင်ကတတ်သိလိမ္မာယဉ်
    ကျေးခြင်းလို့ထင်ပါတယ်
    မလေးလည်းတတ်သိလိမ္မာယဉ်ကျေးခြင်းဖြင့်
    မိဘကိုလက်ဆောင်ပေးနိုင်ပါစေ

  • bigbird

    May 4, 2011 at 3:37 pm

    ဒီနှစ်အမေများနေ့ကနေစပြီး အားလုံးရဲ့အမေစု ..စိတ်ချမ်းသာကိုယ်ကျန်းမာခြင်းနဲ့ထာဝရ ပြည့်စုံပါစေ။

  • မမလေး

    May 4, 2011 at 6:21 pm

    အန်ကယ်ကြီးရေ … ဒါဆိုရင်တော့ နေ့တိုင်းပေးနေတဲ့ လက်ဆောင်ပေါ့ 🙂

  • etone

    May 5, 2011 at 3:02 am

    2nd Sunday in May က mothers’ day လို့ ဘယ်သူ သတ်မှတ်ခဲ့တာလည်း မသိဘူး … ။
    လက်ဆောင်ကတော့ … အာဘွားပေးလိုက်မယ် အဟဲ 😛
    အမေ့ မွေးနေ့က 10ရက်နေ့ ဆိုတော့ … လက်ဆောင်ကို ပေါင်းပေးလို့ရတယ် ဟီးဟီး 😀

  • photwenty

    May 5, 2011 at 3:44 am

    ငိုချင်တယ်ဗျာ
    ကျနော်ကအဝေး အမေကတစ်နေရာ
    ပြန်မဆုံနိုင်သေးတဲ. ဘဝပေါ.ဗျာ
    အဝေးကပဲ ကန်တော.လိုက်တော.မယ်
    ကဗျာလေးတစ်ပုဒ်နဲ.ပေါ.

    အမေ.အိမ်တိုင် ပွတ်လုံးတိုင်နှင်.
    ခိုင်ခံ.ဝံ.ကြွားမရှိငြားလည်း
    အမေ.အိမ်ပျဉ် ကျွန်းကွပ်ပျဉ်နှင်.
    ခန်.ထည်.ဝံ.ကြွားမရှိငြားလည်း
    အမေ.အိမ်မိုး သွပ်ပြားမိုးနှင်.
    လှပခန်.ငြား မရှိငြားလည်း
    ဪ ဒါ အမေ.အိမ်ပဲလေ
    နှလုံးအိမ်မှာ မမေ.နိုင်တဲ.
    အမေ.အိမ် နောင်ခါတစ်နေ.
    ပြန်များရောက်ခဲ.ရင်
    ပြုံးရွှင်နေတဲ. အမေ.မျက်နှာမှာ
    ရွှန်းလဲ.နေတဲ.အမေ.မျက်ဝန်း
    တွေကိုပြန်မြင်ချင်သေးတယ်
    အမေ ။။။။။။။။:):):)

  • မမလေး

    May 5, 2011 at 6:32 am

    420 … အမေက အမှာစကားပါးလိုက်တယ် … ဘုန်းကြီးပါစေ သက်ရှည်ပါစေ … မျက်နှာမြင်ချစ်ခင်ပါစေ အသံကြားသနားပါစေ … ဇောတိကလို ချမ်းသာပါစေတဲ့ …. ပြောပေးပါဆိုလို့

  • photwenty

    May 5, 2011 at 8:49 am

    မမလေးအိမ်သွားလည်သေးလို.လား
    အမေကထမင်းကျွေးလိုက်သေးလား

  • မမလေး

    May 6, 2011 at 7:35 am

    မစားဘူးလို့ပြောတာတောင် အတင်းကျွေးလိုက်လို့ အားနာနာနဲ့ နည်းနည်းတော့ စားခဲ့သေးတယ် … 😛

  • photwenty

    May 6, 2011 at 8:01 am

    သွားပါပြီ
    အမေ.နားကပ်လေးတော.ပေါင်လိုက်ရပြီနဲ.တူပါတယ်

  • manawphyulay

    May 6, 2011 at 8:25 am

    မေလ ၈ ရက်နေ့ အမေများနေ့နှင့် ပြာသိုလပြည့်နေ့ အမေများနေ့ ဘာကွာခြားပါသလဲရှင်….

  • photwenty

    May 6, 2011 at 10:06 am

    ဟုတ်တယ်အစ်မ
    ပြာသိုလပြည်.နေ.က မြန်မာနိုင်ငံကသတ်မှတ်တာလို.ထင်တယ်
    နိုင်ငံတော်တော်များကတော. နှစ်စဉ် မေလရဲ.ပထမပါတ် တနင်္ဂနွေနေ.ကိုအမေများနေ.ဆိုပြီးလုပ်ကြတယ်လို.ကျနော်တော.သိထားတာပဲ
    မှားလားမှန်လားတော.မသိဘူး
    အမေများနေ.ကို အီဂျစ်နိုင်ငံကစတင်ခဲ.တာပါမြောက်အမေရိကရဲ. အမေများနေ.ကိုတော. 1870 နှစ်ကစတင်ခဲ.တယ်လို.သိရပါတယ်

  • Yin Nyine Nway

    May 6, 2011 at 1:21 pm

    မေမေ့ကို သတိရတယ်ဗျို့……အဲဒီနေ့မျာ မေမေ့ကို ဖုန်းဆက်ရမယ်

  • maythakhin

    May 6, 2011 at 3:55 pm

    အမေများနေ့ထက် ကိုယ့်မေမေမွေးနေ့ကို ပိုပြီးတန်ဖိုးထားမိပါတယ်။

  • မမလေး

    May 9, 2011 at 3:47 pm

    အမေများနေ့က တစ်အိမ်လုံးကို ကန်တော့လိုက်တယ် လက်ဆောင်နဲ့ … မှတ်မှတ် ရရ နားကပ် ကို အမေ့ နားမှာတွေ့ခဲ့တယ် စိန်နားကပ်ကြီး မှပြူးလို့ Photwenty ရေ ..

  • မမလေး

    May 9, 2011 at 4:09 pm

    အမေများနေ့ ဘာကြောင့်ဖြစ်

    အမေများနေ့ ဘယ်လိုဖြစ်လာတာလဲ? ဖြစ်ပေါ်လာပုံကို ပြောကြတာချင်း မတူကြဘူး။
    မြန်မာပြည်မှာတော့ ပြာသိုလပြည့်နေ့ကို အမေများနေ့အဖြစ် သတ်မှတ်ထားတယ်။
    တချို့နိုင်ငံရဲ့ အမေများနေ့အကြောင်းကို အင်တာနက်မှာ ရှာပြီး
    ဘာသာပြန်မျှဝေလိုက်ပါတယ်။ သမိုင်းပညာရှင်များရဲ့ခန့်မှန်းချက်အရ
    မိခင်များနေ့ကို ရှေးဂရိလူမျိုးတွေ Rhea နတ်သမီးကို ပူဇော်ပသရာက
    စခဲ့တယ်လို့ ဆိုပါတယ်။ ရောမခေတ်မှာလည်း မိခင်များနေ့ အထိမ်းအမှတ်ပွဲပုံစံ
    ကျင်းပခဲ့ကြတယ်။ အဲဒီပွဲက မယ်တော် Magna Mater နတ်ကို ပူဇော်ပသတာပဲဖြစ်တယ်။
    ရောမမြို့က Palatine Hill မှာ မယ်တော်Magna Materအတွက် အမှတ်တရဆောက်ထားတဲ့
    ကျောင်းဆောင်ရှိတယ်။ ဒီလိုပူဇော်ပွဲကို ဘီစီ ၂၅ဝခုနှစ်က စခဲ့ပြီး Festival
    of Hilaria လို့ အမည်ခေါ်တွင်ခဲ့တယ်။ မတ်ချ်လမှာ ကျင်းပပြီး ၁၅ရက်နေ့ကနေ
    ၁၈ရက်နေ့အထိ ၃ရက်ကြာ ကျင်းပတယ်လို့ဆိုပါတယ်။ နိုင်ငံတိုင်း
    မိခင်များနေ့ ကျင်းပတာချင်း မတူကြဘူး။ ဒါပေမဲ့ တချို့နိုင်ငံ ဥပမာ
    ဒိန်းမတ်၊ ဖင်လန်၊ အီတလီ၊ တူရကီ၊ ဩစတေးလျှနဲ့ ဘယ်လ်ဂျီယံတို့က
    နှစ်စဉ်နှစ်တိုင်းရဲ့မေလ ဒုတိယပတ် တနင်္ဂနွေနေ့မှာ မိခင်များနေ့ကို
    ကျင်းပလေ့ရှိတယ်။ ၁) အင်္ဂလန်နိုင်ငံ ကျင်းပပုံ အင်္ဂလန်နိုင်ငံရဲ့Mothering
    Sunday ကျင်းပပုံက ယခုခေတ် မိခင်များနေ့ ကျင်းပပုံနဲ့ပိုတူတယ်။ Mid-Lent
    Sunday လို့လဲ ခေါ်ကြတယ်။ နှစ်စဉ်နှစ်တိုင်း ခရစ်ယာန်ဘာသာဝင်ရဲ့အာပတ်ဖြေပွဲ
    နောက်ဆုံးပတ် တနင်္ဂနွေနေ့မှာ ကျင်းပကြတယ်။ တချို့ဆိုရိုးတွေက ဒီပွဲဟာ
    ရှေးရောမတွေ Cybele နတ်သမီးကို ပူဇော်တဲ့ပွဲနဲ့ ဆက်နွယ်နေပြီး
    မယ်တော်မာရီကို အထိမ်းအမှတ်ပြုတဲ့ပွဲလို့ ဆိုပါတယ်။ တချို့ကလည်း Mother
    Churchနဲ့ နတ်သမီးနေရာကို အစားထိုးလိုက်ပြီး အဲဒီအချိန်ရောက်ရင်
    ယုံကြည်ကိုးကွယ်တဲ့ ဘာသာဝင်တွေက သူတို့နှစ်ခြင်းခံခဲ့တဲ့ နေရာကို
    ပြန်လာပြီး သူတို့ရဲ့ဝိညာဉ်ကို မိခင်သဖွယ် လမ်းပြပေးတဲ့ မယ်တော်မာရီကို
    ပူဇော်ကြတယ်လို့ သိရတယ်။ တစ်ဖန် ၁ရ ရာစုအင်္ဂလန်မှာ
    အပြင်ရောက်နေတဲ့ သားသမီးတွေက နှစ်တိုင်းနှစ်တိုင်းရဲ့ဒီလိုရာသီမှာ
    အိမ်ပြန်ကြပြီး မိခင်နဲ့ စုဝေးကြတယ်။ လက်ဆောင်ပစ္စည်း ဒါမှမဟုတ် mothering
    cake တွေကို မိခင်အတွက် လက်ဆောင်ပေးကြတယ်။ တချို့က ဒီလိုပွဲတော်မှာ ဂျုံ၊
    သကြား၊ နွားနို့နဲ့ အမွှေးနံ့တွေကို ရောကျိုပြီး စားကြတယ်။ မတူတဲ့
    နေရာဒေသမှာ အစားအစာတွေကလဲ ကွဲပြားကြတယ်။ အင်္ဂလန်နဲ့ စကောတလန်ဖက်က carlings
    လို့ခေါ်တဲ့ စားစရာတစ်မျိုးကို မိခင်များနေ့မှာ လုပ်စားကြတဲ့အတွက်
    မိခင်များနေ့ကို Carling Sunday လို့လဲ ခေါ်ကြတယ်။ ၂) အမေရိကန် ကျင်းပပုံ အမေရိကန်
    အမျိုးသမီး Anna M. Jarvis (၁၈၆၄- ၁၉၄၈) ရဲ့ထောက်ခံပြောဆိုမှုကြောင့်
    မိခင်များနေ့ကို လူသားမိခင်ရဲ့ အထိမ်းအမှတ်နေ့အဖြင့် သတ်မှတ်လိုက်ကြတယ်။
    တစ်သက်လုံး အိမ်ထောင်မပြုခဲ့တဲ့ Anna က သူ့မိခင် Anna Rees Jarvis နဲ့
    သက်ဆုံးတိုင်နေခဲ့တယ်။ သူ့မိခင်က ဖာသာတစ်ဦးရဲ့သမီးဖြစ်ပြီး West Virginia
    ပြည်နယ် Grafton ဆိုတဲ့ မြို့လေးရဲ့ဘုရားကျောင်းတစ်ခုမှာ Sunday School
    အနှစ်နှစ်ဆယ် စာသင်ခဲ့တယ်။ နှစ်ဆယ်ရာစုနှစ်စမှာ
    အမျိုးသမီးတွေ လူ့အဖွဲ့အစည်းတွေထဲ ပါဝင်ခွင့်ရပြီး နိုင်ငံရေးတွေမှာ
    ဆန္ဒမဲပေးခွင့်တွေ ရလာကြတယ်။ ဒီလိုအခွင့်အရေးရတဲ့ နေရာမှာ ကြီးပြင်းလာခဲ့တဲ့
    Annaက နိုင်ငံရေးတွေမှာ ပါဝင်ခဲ့တယ်။ ၁၉၀၅ ခုနှစ် မေလမှာ သူ့မိခင်ဆုံးတယ်။
    မိခင်ဆုံးပြီး (၂)နှစ်မှာ Anna က သူ့မိခင်စာသင်ခဲ့တဲ့ ဘုရားကျောင်းမှာ
    (၂)နှစ်ပြည့် (မေလ ဒုတိယပတ် တနင်္ဂနွေနေ့) အထိမ်းအမှတ်နေ့အဖြင့်
    ကျင်းပခဲ့တယ်။ အထိမ်းအမှတ်ပွဲမှာ မိခင်ရဲ့ချိုမြိန်မှု၊ ရိုးသားမှုနဲ့
    ထာဝရတည်တံ့မှုကို မိခင်ကြိုက်တဲ့ အဖြူရောင် Dianthus caryophyllus
    ပန်းတွေနဲ့ အစားထိုး ခင်းကျင်းခဲ့တယ်။ အခုခေတ်မှာတော့ မိခင်များနေ့ပန်းကို
    အနီရောင် Dianthus caryophyllus အဖြင့် ပြောင်းလဲခဲ့ပြီး အဖြူရောင်ကိုတော့
    ကွယ်လွန်သွားတဲ့ မိခင်တွေအတွက် သုံးကြတယ်။ ၁၉၀၈ ခုနှစ်မှာ
    ပုံစံတူအထိမ်းအမှတ်နေ့ ထပ်ကျင်းပခဲ့ပြန်တယ်။ အဲဒီနောက် Anna ဟာ မိတ်ဆွေ
    တချို့နဲ့ပေါင်းပြီး letter-writing campaign အဖွဲ့ကို ဖွဲ့စည်းခဲ့တယ်။
    ခေါင်းဆောင် အကြီးအကဲ၊ ကုန်သည်၊ ပါတီဝင်တွေရဲ့ ထောက်ခံမှုကိုယူပြီး
    အဲဒီအထိမ်းအမှတ်နေ့ကို တစ်နိုင်ငံလုံးရဲ့ မိခင်များနေ့အဖြင့်
    သတ်မှတ်ခဲ့တယ်။ အဖွဲ့အစည်းရဲ့ရည်ရွယ်ချက်တစ်ခုက သူ့မိခင်ကို
    လွမ်းဆွတ်ခြင်းကနေ ရှိသမျှ အမေအားလုံးကို လေးစားပြီး လူတွေအားလုံး
    ဒီလိုအချိန်အခါမှာ မိခင်အပေါ်ထားတဲ့ လေးစားမှု၊ ချစ်ခြင်းတွေကို
    ထုတ်ဖော်ပြသဖို့နဲ့ မိသားစုအချင်းချင်း မေတ္တာတွေ
    ပိုမိုခိုင်မြဲစေအောင်ဖြစ်တယ်။ နောက်ရည်ရွယ်ချက်တစ်ခုက အမျိုးအမီးများအတွက်
    နေ့တစ်နေ့အဖြင့် သတ်မှတ်ပြီး အထူးသဖြင့် အိမ်ထောင်တစ်ခုလုံးအတွက် အနစ်နာခံ
    ပေးဆပ်နေတဲ့ မိခင်ဆိုတဲ့ အမျိုးသမီးကို အာရုံထား၊
    ဂရုပြုမိဖို့အတွက်ဖြစ်တယ်။ Annaရဲ့
    ကြိုးပမ်းမှုကြောင့် ၁၉၁ဝခုနှစ်မှာ West Virginia ပြည်နယ်က မိခင်များနေ့ကို
    အပြည်ပြည်ဆိုင်ရာနေ့အဖြစ် သတ်မှတ် ကြော်ငြာလိုက်တယ်။ ၁၉၁၁ခုနှစ်ရောက်တော့
    ပြည်နယ်တိုင်းက မိခင်များနေ့ကို ကျင်းပကြတယ်။ အဲဒီနှစ်မှာပဲ
    ကမာ္ဘ့နိုင်ငံအသီးသီးက ဥပမာ မက်ဆီကို၊ ကနေဒါ၊ တရုတ်၊ ဂျပန်၊
    တောင်အမေရိကားနဲ့ အာဖရိကတိုက်တို့ကလဲ မိခင်များနေ့ကို စတင်ကျင်းပခဲ့တယ်။
    ၁၉၁၂ ခုနှစ် ၁၂ လပိုင်း ၁၂ ရက်နေ့မှာ The Mother’s Day International
    Association ကို စတင်ဖွဲ့စည်းပြီး မိခင်များနေ့ကို အသိအမှတ်ပြုခဲ့တယ်။ ၁၉၁၃
    ခုနှစ် Pennsylvania ပြည်နယ်ကလည်း မိခင်များနေ့ကို
    အပြည်ပြည်ဆိုင်ရာနေ့အဖြစ် ကြော်ညာခဲ့တယ်။ ၁၉၁၄ ခုနှစ် မေလ ၈ ရက်နေ့ မှာ
    လွတ်တော်ကိုယ်စားလှယ်တို့ရဲ့ အတည်ပြုချက်နဲ့ မေလ ဒုတိယပတ် တနင်္ဂနွေနေ့ကို
    အမေရိကားရဲ့မိခင်များနေ့အဖြစ် သတ်မှတ်ခဲ့ကြတယ်။ အမေရိကန် သမတ္တ Woodrow
    Wilson က အတည်ပြုချက်ကို လက်မှတ်ရေးထိုးပေးခဲ့တယ်။ ၃) ကမာ္ဘ့အရပ်ရပ်က မိခင်များနေ့ ကျင်းပပုံ ကမာ္ဘ့အရပ်ရပ်က
    မိခင်များနေ့ ကျင်းပချိန်ခြင်း မတူကြဘူး။ နော်ဝေးက ဖေဖော်ဝါရီလ ဒုတိယ
    တနင်္ဂနွေ၊ အာဂျင်တီးနားက ၁ဝလပိုင်း ဒုတိယ တနင်္ဂနွေ၊ လက်ဘနွန်က နွေဦးဝင်စ
    ပထမနေ့ရက်၊ အာဖရိကက မေလ ပထမ တနင်္ဂနွေနေ့မှာ ကျင်းပကြတယ်။ Yugoslavia
    နိုင်ငံ Serbian လူမျိုးတွေ မိခင်များနေ့ကို Materice လို့ခေါ်ကြပြီး
    ခရစ်စမတ် မရောက်ခင် နှစ်ပတ်အလိုမှာ ကျင်းပကြတယ်။ ကျင်းပပုံက မိခင်များနေ့
    မနက်ခင်းမှာ ကလေးတွေက မိခင်အိပ်ခန်းထဲ ခိုးဝင်ပြီး မိခင်ကို
    ကြိုးနဲ့တုတ်ကြတယ်။ မိခင်နိုးလာရင် ကလေးတွေကို ခေါင်းအုံးအောက်မှာ
    သိမ်းထားတဲ့ လက်ဆောင်ပစ္စည်းတွေပေးပြီး ကြိုးဖြည်ပေးဖို့ တောင်းဆိုရတယ်လို့
    ဆိုပါတယ်။ အိနိ္ဒယလူမျိုးတွေက ၁ဝလ လဆန်းပိုင်းမှာ Durga Puja
    လို့ခေါ်တဲ့ ၁ဝရက်ပွဲကို ကျင်းပကြတယ်။ ပွဲက သူတို့ဘာသာမှာ အရေးအပါဆုံး
    နတ်သမီးတစ်ပါးဖြစ်တဲ့ Durga Durga ကို ပူဇော်ပသကြခြင်းဖြစ်တယ်။
    အဲဒီနတ်သမီးက ခန္ဓာကိုယ်မြင့်မားပြီး လက်၁ဝချောင်းပါတယ်။
    လက်တိုင်းမှာကိုင်ထားတဲ့ လက်နက် ကိရိယာတွေက မကောင်းဆိုးဝါးတွေကို
    မောင်းထုတ်ဖျက်ဆီးနိုင်စွမ်း ရှိတယ်လို့ ဆိုပါတယ်။ စပိန်နဲ့
    ပေါ်တူဂီတွေရဲ့ ကျင်းပပုံက ဘာသာရေးပွဲနဲ့ ဆက်နွယ်နေတယ်။ ၁၂ လပိုင်း ၈ ရက်နေ့
    မယ်တော်မာရီကို ပူဇော်တဲ့နေ့နဲ့အတူ သားသမီးတွေက မိခင်အပေါ်ထားတဲ့
    သူတို့ရဲ့မေတ္တာကို ထုတ်ဖော်ပြသတဲ့နေ့ (မိခင်များနေ့)အဖြစ် ကျင်းပကြတယ်။
    ပြင်သစ်နိုင်ငံရဲ့မိခင်များနေ့က မေလ နောက်ဆုံးပတ် တနင်္ဂနွေနေ့ဖြစ်ပြီး
    တစ်အိမ်သားလုံးရဲ့မွေးနေ့ပွဲအဖြစ် ကျင်းပကြတယ်။ ညစာစားပွဲကို
    မိသားစုအားလုံး တူညီ တက်ရောက်ကြပြီး စားပွဲပြီးရင် မိခင်အတွက် လုပ်ထားတဲ့
    မွေးနေ့ကိတ်ကို စားကြပြန်တယ်။ ဆွီဒင်နိုင်ငံလည်း မေလ
    နောက်ဆုံးပတ် တနင်္ဂနွေနေ့မှာ မိခင်များနေ့ကို ကျင်းပကြပြီး
    ဆွီဒင်ကြက်ခြေနီအသင်းက မိခင်အတွက် ရည်စူူးထားတဲ့ ပလပ်စတစ်ပန်းတွေကို
    ရန်ပုံငွေအဖြင့် ရောင်းချကြတယ်။ ဂျပန်နဲ့ မြောက်အမေရိကားတိုက် နိုင်ငံများက
    အမေများနေ့ကို တစ်နေ့ထဲ ကျင်းပကြတယ်။ ၄နှစ်တစ်ခါ ဒီလိုနေ့ရက်မှာ အသက်
    ၆နှစ်မှ ၁၄နှစ် အရွယ်ထိ “ကျွန်တော့်မိခင်” ဆိုတဲ့ ခေါင်းစဉ်နဲ့
    ပန်းချီပြပွဲကို ကမာ္ဘ့အနှံ့ လှည့်လည်ကျင်းပကြတယ်။ မိခင်များနေ့ကို
    ယနေ့တိုင် ပြုလုပ်ကျင်းပခဲ့ကြတယ်။ အရင်က မိခင်တွေကို
    သတိရအောင့်မေ့တဲ့နေ့အဖြင့် ကျင်းပခဲ့ရာကနေ လူအဖွဲ့အစည်းအတွက် စတေးခံ၊
    အနစ်နာခံ ပေးဆပ်ခဲ့တဲ့ အမျိုးအမီးတွေအတွက်ပါ ကျင်းပလာကြတယ်။ အမျိုးသမီးတွေဟာ
    အရာရာမှာ ရင်ဘောင်တန်းလာနိုင်သလို မိခင်တစ်ဦးကလည်း မိသားစုဆိုတဲ့
    နယ်ပယ်ထဲမှာတင်မကပဲ အဖက်ဖက်မှာ အရေးပါကြောင်းကိုု ပြသခြင်းလဲဖြစ်တယ်။
    Annaက ဥပမာကောင်း တစ်ခုဖြစ်တယ်။ သူဟာ တစ်သက်လုံး အိမ်ထောင်မပြုခဲ့၊
    မိခင်မလုပ်ဖူးခဲ့ဘဲ မိခင်၊ အိမ်ထောင်ရှင်မ၊ ဇနီးမယားဆိုတဲ့ သရုပ်ကို
    မဆောင်ခဲ့ဖူးသူဖြစ်ပေမဲ့ မိခင်ရဲ့ကြီးမားတဲ့ အနှိုင်းမဲ့မေတ္တာတရားကို
    လူတွေသိအောင်၊ နားလည်အောင် ပြသနိုင်ခဲ့တယ်။ Sources:http://en.wikipedia.org/wiki/Mother's_Dayhttp://forum.yam.org.tw/mday99/dic.htm#003 နိုင်းနိုင်းစနေ (Tuesday, January 22, 2008)

Leave a Reply