Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အိုဘယ့် အန်ဂျီအို NGO အပိုင်း (၁)

erosMay 6, 20111min61717

အိုဘယ့် အန်ဂျီအို NGO အပိုင်း (၁)

အန်ဂျီအို ဟု အသံထွက်သော NGO (Non Governmental Organization) သည် လုံးကောက် အဓိပ္ပာယ်ပြန်သော် အစိုးရမဟုတ်သော အဖွဲ့အစည်း ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်တော့ အန်ဂျီအိုများဟု ပြောလိုက်လျှင် ရေကြီး၊ မုန်တိုင်းတိုက်၊ ငလျင်လှုပ်သော နေရာဒေသ တွင်သွား၍ အကူအညီပစ္စည်းများ ပေးသောသူများဟု မြင်ကြသလို နိုင်ငံခြားမှ အလှုရှင်များက ဒေသခံများကိုစေတနာရှိ၍ ကူညီသည်များကို ကူညီသူများထံသို့ မပေးပဲ ကြားထဲတွင် မိမိအတွက် ဖြတ်စားသူများ၊ အကုန်ဘုန်း သူများ၊ နိုင်ငံခြားသား ကျွန်ခံကြသူများ၊ နိုင်ငံခြားသား တို့၏ နယ်ချဲ့ လက်ပါးစေများ၊ ပုဆိန်ရိုးများဟုမြင်သူများလည်း ရှိသည်။ မိမိ အမြင် မိမိ လွတ်လပ်စွာ ပိုင်ဆိုင်ခွင့်ရှိသည်။ ထားတော့။ ယခုစာစုလေးတွင် NGO များတို့အကြောင်း eros လေ့လာတွေ့ရှိသမျှ ပြောပြချင်ပါသည်။

မြန်မာနိုင်ငံအတွင်းတွင် LNGO, INGO ဟူသဖြင့် ၂မျိုးခွဲခြားထားလေသည်။ LNGO မှာ Local Non Governmental Organization ဖြစ်ပြီး ပြည်တွင်းမှ တည်ထောင်ထားပြီး ပြည်တွင်းတွင်ပင် လှုပ်ရှားသောအဖွဲ့အစည်းဖြစ်ပြီး INGO International Non Governmental Organization ဖြစ်ပြီး ပြည်ပမှ အဖွဲ့အစည်းဖြစ်ပြီး၊ မြန်မာနိုင်ငံတွင်သာမက နိုင်ငံတကာတွင် လှုပ်ရှားလုပ်ကိုင်နေသော အဖွဲ့အစည်းဖြစ်သည်။ ၁၈၃၉ ခုနှစ်လောက်တွင် NGO များစတင်ပေါ်ပေါက်ခဲ့ပြီး ၁၉၁၄ခုနှစ်တွင် ၁၀၈၃ အဖွဲ့အစည်းရှိလာပြီး ၁၉၄၅ခုနှစ်တွင် ကုလသမဂ္ဂတွင် International Non Governmental Organization ဟု တရားဝင်ခေါ်ဆိုခဲ့လေသည်။ ကနဦးအစက ကျွန်မပြုရေး အမျိုးသမီးများ မဲပေးပိုင်ခွင့်ရရှိရေးတွင် NGO များကအရေးပါသော အခန်းကဏ္ဍမှပါဝင်ခဲ့လေသည်။ NGO အများစု မှာ လူမျိုး၊ ယုံကြည်ကိုးကွယ်မှု၊ အသားအရောင် ခွဲခြားမှုမရှိ၊ နိုင်ငံရေးနှင့် ပတ်သက်ဆက်နွှယ်ခြင်းမရှိပြီး၊ အဓိက လုပ်ဆောင်မှုများမှာ ဆင်းရဲမွဲတေမှုကို လျှော့ချခြင်း၊ ဒုက္ခဆင်းရဲရောက်နေမှုအားလျှော့ချပေးရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းပေးရေး၊ အရေးပေါ်အခြေအနေတွင် ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးခြင်း၊ အခြေခံလူမှုရေးလိုအပ်ချက်များဖြည့်ဆည်းပေးခြင်း နှင့် လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ပေးခြင်းစသည်တို့ဖြစ်သည်။ နောက်ဘက်ဆုံးအချက်များဖြစ်သော အခြေခံလူမှုရေးလိုအပ်ချက်များဖြည့်ဆည်းပေးခြင်း နှင့် လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ပေးခြင်းစသည်တို့တွင် ပညာသင်ကြားခွင့်ရရှိစေရေး၊ ပညာသင်ကြားရေး အကူအညီ အထောက်အပံ့များပေးရေး၊ ကျောင်းပြင်ပရောက်ကလေးများ ပညာသင်ကြားနိုင်ရေး၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအား ထောက်ပံ့မှုပေးရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်လျှော့ချရေး၊ ရောဂါကာကွယ်ရေး၊ ကျန်းမာရေးပညာပေး အသိပေးမှု လုပ်ဆောင်ခြင်း၊ ကျန်းမာရေးဆိုင်ရာ လိုအပ်သော အသုံးအဆောင်များအား ပံ့ပိုးကူညီပေးရေး၊ သန့်ရှင်းသောရေရရှိရေး၊ ရေရှားပါးသောနေရာတွင် ရေရရှိရေးကူညီလုပ်ဆောင်ပေးခြင်း၊ ယင်လုံအိမ်သာတည်ဆောက်ပေးခြင်း၊ အိမ်သာတွင် လက်ဆေးရန်နေရာများ ပြုလုပ်ခြင်း၊ မသန်စွမ်းသူများ ဒုက္ခိတများ၊ သက်ကြီးရွယ်အိုများ အားကူညီစောင့်ရှောက်ပေးရေး၊ ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များ၊ နို့စို့ကလေးငယ်များအား အဟာရပြည့်ဝရေးကူညီစောင့်ရှောက်ပေးရေး၊ စီပွားရေး တိုးတက်ကောင်းမွန်လာစေရေးအတွက် အတိုးနှုန်းနည်း အသေးစားငွေချေးလုပ်ငန်းများ လုပ်ဆောင်ပေးခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများဖော်ဆောင်ပေးခြင်း၊ စိုက်ပျိုးရေးဆိုင်ရာ အကူအညီများပေးခြင်း၊ ခိုကိုးရာမဲ့ကလေးများနှင့် အကူအညီလိုအပ်နေသော ကလေးများအား ကူညီပေးခြင်း နှင့် ကာကွယ်ပေးခြင်း စသည့်လုပ်ငန်းများစွာတို့ရှိသည်။
NGO များတွင် ၎င်းတို့၏ကိုယ်ပိုင်ရန်ပုံငွေများရှိတက်ပါသည်။ ထို့အပြင် အလှုရှင်များမှ မိမိ၏ လုပ်ဆောင်နေချက်အား နှစ်သက်သဖြင့် လာရောက်လှူဒါန်းသော ငွေကြေးများရှိပြီး၊ အလှူရှင်မှ လှူဒါန်းရန်ဆန္ဒရှိသဖြင့် မိမိအဖွဲ့အစည်းမှ လုပ်ဆောင်နေသော လုပ်ငန်းဆောင်တာများကို ရှင်းလင်းပြသပြီး၊ အလှူရှင်ထံမှ အလှူငွေတောင်းခံပြီး ဒေသအတွက် အကူအညီများ ဖြည့်ဆည်းပေးခြင်းများလည်းရှိသည်။ အလှူရှင်မှ ဒေသတခုတွင်လှူဒါန်းလိုသောကိစ္စရပ်ရှိသဖြင့် မိမိအဖွဲ့မှ ထိုဒေသတွင် အလှူရှင်လုပ်လိုသော ကိစ္စရပ်များကို မည်သို့မည်ပုံ လုပ်ဆောင်နိုင်သည်ကို ရှင်းလင်းပြသပြီး၊ အလှူရှင်ထံမှ အလှူငွေကို လက်ခံရယူပြီး ဒေသအတွက်ဖြည့်ဆည်းပေးခြင်း ဖြစ်သည်။ထို့အပြင် အလှူရှင်နိုင်ငံ၏ ဘဏ္ဍာရေးစည်းမျဉ်း အရ အဖွဲနှစ်ခုပူးပေါင်း လုပ်ဆောင်သည့်အခါလည်းရှိသည်။ ထိုသို့ဖြင့် NGO များသည် ကူညီထောက်ပံ့ရန်အတွက် ရင်းမြစ်များရရှိသည်။ အလှူရှင်ဟုဆိုရာတွင် ပုဂ္ဂလိက တဦးထဲဖြစ်နိုင်သကဲ့သို့၊အစိုးရများ၊ သာမန်ပြည်သူလူထုများ စုပေါင်းထားခြင်း၊ အလှူရှင်များစုပေါင်းထားသော အဖွဲ့အစည်း၊ အမျိုးမျိုးဖြစ်နိုင်သည်။ သို့ရာတွင် လှူသည့် အလှူများသည် နောက်ကြောင်းကင်းရှင်းရပြီး အနှောင်အဖွဲ့ကင်းရမည်ဖြစ်သည်။

ယခုစာပိုဒ်တွင် အလှူရှင်များ၏ သဘောထားများကို တင်ပြပါဦးမည်။ နိုင်ငံတကာမှ အလှူရှင်များသည် မြန်မာ အလှူရှင်များကဲ့သို့ နိဗ္ဗာန ပစ္စယောဟောတု မဟုတ်ပါ။ မိမိလှူလိုက်သော အလှူအကျိုးဖြစ် မဖြစ်စိစစ်ကြပါသည်။ ထို့အတွက်ကြောင့် မလှူမှီ သေချာစွာ လှူမည့် အဖွဲ့ကို စစ်ဆေးပါသည်။ ထို့နောက် အလှူခံလွှာ Proposal ကို သေချာစွာစစ်ဆေးပါသည်။ Proposal နှင့်တကွ ပူးတွဲပါ ဘတ်ဂျက်ငွေခွဲဝေပုံကို သေချာစွာ စီစစ်ကြပါသည်။ Proposal တွင်ပါရှိသော အချက်များမှာ ဒေသအကြောင်းမိတ်ဆက်၊ ပထဝီအနေအထား၊ စီးပွားရေး၊ လူမှုရေးများကို ဖော်ပြထားပါသည်။ ထို့နောက် ထိုဒေသတွင်ကြုံတွေ့နေရသော ပြဿနာကိုဖော်ပြထားပြီး၊ ထိုပြဿနာများကြောင့် ရလာသည့်ဆိုးကျိုးများရှင်းလင်း ဖော်ပြထားပါသည်။ ထို့နောက် ထိုပြဿနာများ လျော့ပါး ပပျောက်သွားစေရန် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ဖော်ပြထားပါသည်။ ထို့နောက်တွင် မတော့ စီမံကိန်းပြီးဆုံးသွားချိန်တွင် ရမည့် ရလာဒ်၊ အကျိုးကျေးဇူးများကို ဖော်ပြထားပါသည်။ အဆိုပါ ရလာဒ်၊ အကျိုးကျေးဇူးများကို တိုင်းတာမည့် စံချိန်စံညွှန်းများ၊ ထို့နောက် အဆိုပါ ရလာဒ်၊ အကျိုးကျေးဇူးများ မပြည့်မှီစေရန် ပေါ်ပေါက်လာနိုင်သည့် အခက်အခဲများ ကို ဖော်ပြထားပါသည်။ ထို့နောက် ပြုပြင်ဆောက်လုပ်မည့် အဆောက်အဦးပုံကြမ်း၊ ခန့်မှန်းကုန်ကျစားရိတ်တွက်ချက်ထားမှု၊ ဘတ်ဂျက် ငွေလျာထားစီမံမှု၊ အဆိုပါဘတ်ဂျက်ငွေလျားထားစီမံမှုတွင် လိုအပ်သောပစ္စည်းဝယ်ယူရမည့်စာရင်းနှင့် ခန့်မှန်းကုန်ကျစားရိတ်ငွေ၊ ပစ္စည်းများ သယ်ယူပို့ဆောင်ရေးအတွက် ကုန်ကျမည့်ငွေ၊ ဝန်ထမ်းလစာများ၊ ရုံးအတွက်လိုအပ်သည့် ပစ္စည်းများကုန်ကျစားရိတ်၊ ဝန်ထမ်းများသွားလာရေးအတွက် ကုန်ကျစားရိတ်ငွေ၊ အစည်းအဝေးများအတွက်ကုန်ကျစားရိတ်များ၊ သင်တန်းများ အတွက်ကုန်ကျစားရိတ်ငွေများ၊ အာမခံများ၊ အထွေထွေ အသေးသုံးငွေများဖြစ်သည်။ ထို့နောက်တွင်တော့ အကောင်အထည်ဖော်ဆောင်ရွက်ရမည့် အခြေပြဇယား (Work Plan) ပါရှိပါသည်။ အဆိုပါဇယားတွင် လအလိုက် အကောင်အထည်ဖော်မည့် လုပ်ငန်း အခြေအနေများ၊ လုပ်ငန်းအပေါ် ကွင်းဆင်းစစ်ဆေး၊ အကဲဖြတ်မည့် အချိန်များတို့ ပါရှိပါသည်။ ထို့နောက် လှူဒါန်းသည့် နေရာတွင် လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်းရှိမရှိ အခြေအနေစသည်တို့ ပါရှိပါသည်။ ထို့နောက်တွင် မတော့ အချို့ သော အလှူရှင်များသည် ဖွံ့ဖြိုးပြီးနိုင်ငံများမှ ကျွမ်းကျင်ပညာရှင်များမှ အမြင်၊ နည်းပညာကိုပါ ထည့်သွင်းချင်သောကြောင့် လိုအပ်မှု ဖွံ့ဖြိုးပြီးနိုင်ငံများမှ ကျွမ်းကျင်ပညာရှင် ကို ခန့်အပ်ခြင်းရှိမရှိ စစ်ဆေးကြပါသည်။ တောင်းဆိုကြသည်။

အထက်ပါ အကြောင်းအရာများမှာ eros လေ့လာသိရှိ ရခဲ့သမျှဖြစ်၍အကြမ်းဖျင်းမျှသာဖြစ်ပါသည်။ အလှူရှင်၊ အလှူခံအဖွဲ့အစည်းအလိုက် အခြေအနေမှာ အတန်ငယ် ကွာခြားပါသည်။ နောက်အပိုင်းများတွင် NGO များအလုပ်လုပ်ပုံ ထိရောက်မှုနှင့် ပတ်သက်၍ တင်ပြသွားပါမည်။

eros
၆ မေ ၂၀၁၁ (သောကြာနေ့)

ဝေငှချင်သူများ၊ ကူးယူသူများ မူရင်းစာရေးသူ ကျွန်ုပ်၏ အမည် နှင့် တင်ထားသည့် မန္တလေးဂေဇတ် ဆိုက်လိပ်စာ (credit/web address) အားမဖော်ပြပဲ၊ credit မပေးပဲ နှင့် ကူးယူခြင်းအား တင်းကျပ်ပြင်းထန်စွာတားမြစ်သည်။

17 comments

  • eros

    May 6, 2011 at 2:38 pm

    ဟေ ဟေ့ အားပေးပဟ၊ ဈေးဦးတောင် မပေါက်သေးဘူး

  • ဆူး

    May 6, 2011 at 2:59 pm

    ဒီ ပိုစ်ကို အခုမှ မြင်တာပါ။ ဈေးဦးမပေါက်ဆို မမြင်လို့ပါ။ အခုတော့ မြင်သွားပါပြီ။
    အစိုးရ မဟုတ်တဲ့ လူမှု့အဖွဲ့ အစည်း လို့ ဘာသာပြန်ရမလားပဲနော်။
    အဲဒါတွေ ရှိတော့ ကိုယ်တိုင် မလုပ်နိုင်တာ သူတို့ လုပ်ပေးကြတယ်။
    သူတို့ကလည်း စေတနာ အရ လုပ်ပေးချင်ပေမဲ့ ဝမ်းရေးက ရှိတော့ လစာယူတာလို့လည်း တွေးပါတယ်။
    ဒီမှာတော့ ရဟန်းသံဃာတွေ ကို လှူကြတယ်။ စာရင်းလည်း မစစ်ကြဘူး။
    မေတ္တာရှင် ဆရာတော် ရွှေပြည်သာ ဆိုရင် တော်တော် လှူတာ သူ့ကျောင်းသွားတို်င်း အမြဲ အလှူခံကိုတွေ့တယ်။ သူလှူတာတွေ တရားထဲ ခဏခဏ ထည့်ဟောတော့ လူတွေလည်း သဒ္ဒါပေါက်လို့ လှူကြတယ်။
    ဒါနဲ့ စကားမစပ် မျက်စိ မကောင်းတဲ့ လူတွေကို အလကားခွဲစိတ်ပေးတယ် တလုံးကို ၈သောင်းလား ၉သောင်းလား မသိဘူး။ လှူလိုရရတယ် အမြင်အလှူပေါ့။
    သီတဂူ ဆရာတော် ဆိုလည်း အလှူ အတန်းမှာ နာမည်ကြီးပဲ.. ဒီလိုနဲ့ အလှူတွေ အများကြီး လည်း မြင်နေရတော့ ပိုပြီး သဒ္ဒါ ထက်စေတယ်။
    စသဖြင့်ပေါ့.. ရဟန်း သံဃာတွေ အများအပြား လုပ်နေကြပါပြီ။

  • MaMa

    May 7, 2011 at 1:37 am

    NGO အကြောင်းတွေ သေသေချာချာ ဂဃနဏ သိပြီးရေးထားတာပဲ။ NGO များအလုပ်လုပ်ပုံ ထိရောက်မှုနှင့် ပတ်သက်၍လည်း သိချင်နေပါတယ်။ ကျမတို့လည်း နီးစပ်ရာ သူငယ်ချင်းတွေ တစ်လ ၃၀၀ဝ စုပြီး လူမှုရေး၊ ဘာသာရေးလုပ်ငန်းတွေမှာ သွားလှုဖြစ်ပါတယ်။ စိတ်လည်း ဝင်စားပါတယ်။ တစ်နိုင်တစ်ပိုင် ကိုယ်တတ်နိုင်သလောက်လေးနဲ့ လောကကို အကျိုးပြုရတာပေ့ါ။ eros ပြောသလို နိုင်ငံခြားသားတွေရဲ့ လှုတဲ့အပေါ်မှာ တိတိကျကျ စိစစ်တာလည်း အတုယူစရာပါပဲ။

  • bigcat

    May 7, 2011 at 1:38 am

    ဂလိုယှိဒယ်ဗြ…
    ပုံမှန်လည်ပတ်နေတဲ့ အခြေအနေတခုမှာ
    ငွေတရာရရင် ၁ဝကျပ်ကို ရုံးချုပ်စီမံခန့်ခွဲမှုစရိတ်ဆိုပြီး ယူလိုက်တယ်…
    နောက်၃၅ကျပ်က ဒေသရုံးများရဲ့ အုပ်ချုပ်စီမံ စရိတ်အောက်ကို ဝင်တယ်…
    နောက်ထပ် ၂ဝကျပ်က လုပ်ငန်းလည်ပတ်မှု စရိတ်အောက်ရောက်တယ်…
    နောက်ထပ် ၂ဝကျပ်က ဆပ်ကထရိုက်တာတွေရဲ့ အမြတ်ငွေ ဖြစ်သွားတယ်…
    နောက်ဆုံးကျန်တဲ့ ၁၅ကျပ်မှာ ၁ဝကျပ်လောက်က ဒေသခံအာဏာပိုင်တွေနဲ့ သူတို့နီးစပ်သူတွေ စားသောက်ကြတယ်။ ဆိုတော့… တရာမှာ ငါးကျပ်ကနေ တဆယ်ကျပ်လောက်အထိ အမှန်တကယ်လိုအပ်သူများထံ ရောက်ပါမယ်…
    ဒါတွေသိလို့ ပြည်ပအန်ဂျီအိုတွေကို လက်မခံရင် ကိုယ်ရမဲ့ အလှူငွေတွေကို သူများယူသွားပါမယ်။ ပရောဂျက်တွေ များရင် ဒေါ်လာစားဝန်ထမ်းတွေများလာလို့ သုံးနိုင်ဖြုန်းနိုင်ကြမယ်။ ပြည်တွင်းစီးပွားရေးကို တဖက်တလမ်းက အထောက်အကူပြုမယ်။ ပြည်တွင်းကဝန်ထမ်းတွေလည်း အမြင်ကျယ်မယ်။ အတွေ့ကြုံကောင်းတွေရမယ်။
    တဖက်ကတွေးပြန်တော့လည်း အကျင့်ပျက်ခြစားမှု အန္တရာယ်ရှိတယ်။ ပရောဂျက်အောင်မြင်မှ ရံပုံငွေထပ်ရမှာမိုလို့ ကိုယ့်လုပ်ငန်းကို အမွှမ်းတင်မယ်။ အာဏာပိုင်တွေရဲ့ မတရားမှု၊ အကျင့်ပျက်ခြစားမှု၊ မိမိအဖွဲ့အစည်းအတွင်း စွမ်းဆောင်ရည် မပြည့်ဝမှုတွေကို မသိချင်ယောင်ဆောင်မယ်။ ပြည်တွင်းဝန်ထမ်းလောကမှာလည်း လစာကွာဟမှုကြီးကြီးမားမား ဖြစ်လို့ လူမှုရေးပြသနာတွေပေါ်မယ်။
    အသိတဦးပြောတာ ကုလသမဂ္ဂအရာရှိကြီးတဦး ကမော္ဘဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်ကို တာဝန်နဲ့သွားတယ်။ အစည်းအဝေးကအပြန်မှာ ယူအန်အမှတ်တံဆိပ်နဲ့ ကားကြီးကားငယ် အသွယ်သွယ်ကို လမ်းဘေးမှာ ရပ်ထားတာတွေ့တော့ ဘာကြောင့်လည်းလို့မေးသတဲ့။ ဒရိုင်ဘာက စားသောက်ဆိုင်တွေစုံလို့ပါလို့ လှီးလွှဲပြောလိုက်ရသတဲ့။ အမှန်ကတော့ အဲဒီနေရာက မီးနီရပ်ကွက်လို့ခေါ်တဲ့ ဖာတန်းပါ။ နိုင်ငံတကာက အမှုထမ်းအရာထမ်းများ ပေါချောင်ကောင်းပစ္စည်းများကို ဒေသစီးပွားရေး ဖွံ့ဖြိုးဖို့ တဖက်တလမ်းကနေ လက်တွေ့ အားပေးကူညီကြဟန် တူပါတယ်။
    တကယ်တော့ ဒေသခံ စာရေးစာချီ လက်ထောက် ဝန်ထမ်းတွေရဲ့ လစာဟာ နိုင်ငံခြားသားမန်နေဂျာတွေ၊ ကျွမ်းကျင်သူတွေရတဲ့ လစာရဲ့ ဆယ်ပုံတပုံတောင် ပြည့်ဖို့ခဲယဉ်းပါတယ်။ ဒါပေမဲ့လည်း သူတို့လို ပညာအရည်အချင်း အတွေ့အကြုံ မရှိသ၍၊ နောက်တချက်က နိုင်ငံတကာမှာ မြန်မာပညာတတ်တွေ လူတောမတိုးနိုင်သ၍ကတော့ လက်အောက်ငယ်သား ဘဝနဲ့သာကျေနပ်ဖို့ရှိပါတယ်။

    • eros

      May 7, 2011 at 3:52 am

      ကိုကြောင်ကြီး ပြောတာတွေက မှန်သင့်သလောက် မှန်ပါတယ်။

      ဒေသခံ စာရေးစာချီ လက်ထောက် ဝန်ထမ်းတွေရဲ့ လစာဟာ နိုင်ငံခြားသားမန်နေဂျာတွေ၊ ကျွမ်းကျင်သူတွေရတဲ့ လစာရဲ့ ဆယ်ပုံတပုံတောင် ပြည့်ဖို့ခဲယဉ်းပါတယ်။ ဒါကတော့ အသေအချာပါ။

      ဒါပေမယ့် နိုင်ငံခြား၊ သူတို့ဒေသက လစာနဲ့ တွက်လိုက်ရင်တော့ ပုံမှန်လစာလောက်ပါပဲ။ တချို့ကတော့ အရမ်းရတာပါပဲ။ မြန်မာတွေလည်း သူတို့လို ဘွဲ့၊ ဒီဂရီတွေ ရရင် သူတို့ရာထူးယူ သူတို့ လစာစားလို့ ရမှာပါ။ ဒါပေမယ့် တချို့တချို့ သော အန်ဂျီအို တွေမှာ ဘွဲ့တွေ၊ ဒီဂရီတွေ၊ အလုပ်တာဝန် တူဘေးချိတ်လို့ မြန်မာနိုင်ငံသားဆိုတာနဲ့ သူတို့ နဲ့ ရာထူးတူ၊ တာဝန်တူကို ဒေသခံဝန်ထမ်းလို့ သက်မှတ်ပြီး သူတို့ ယူတဲ့ လစာရဲ့ တဝက်၊ ဒါမှမဟုတ် သုံးပုံ တပုံ လောက် ပဲပေးပါတယ်။ နောက်တခုက မြန်မာဝန်ထမ်းတွေ က သူက မြန်မာမို့လို့ နိုင်ငံခြားသား လစာမပေးနဲ့လို့လဲ ကန့်ကွက်တယ်လို့ ကြားမိပါတယ်။

  • တညင်သား

    May 7, 2011 at 4:03 am

    သီတဂူ ဆရာတော်ဘုရားပြောတာ သွားသတိရတယ်.. ကို့လူမျိုးတွေ လူမူ့ရေးတွေ ညံ့ဖြင်းရင်ဖြင့် တခြားသောသူများက လူမူ့ရေးလုပ်ပြီး ဘာသာရေးတွေဆွယ်သွားလိမ့်မယ်တဲ့…………..

    • eros

      May 7, 2011 at 4:41 am

      အဲဒါတွေကတော့ missionary သာသနာပြုအဖွဲ့ တွေပါ NGO တော်တော်များများကတော့ သူတို့ရဲ့ Vision မှာဖော်ပြထားတာကတော့ လူမျိုး ကိုးကွယ်ယုံကြည်မှုဘာသာ အသားအရောင် ဓလေ့ထုံးစံ မခွဲခြားပဲ ကူညီပေးတယ်လို့ ဖော်ပြထားပါတယ်။ အကူအညီပေးတဲ့ အတွက်လည်း ဘယ်ဘာသာဝင်ပါ မဆွယ်ပါဘူး။

  • MaMa

    May 7, 2011 at 1:29 pm

    ကြားရသိရသမျှတွေက အံ့ဩစရာတွေချည်းပါပဲလား။ ကိုကြောင်ကြီးအတွေ့အကြုံနဲ့ eros အတွေ့အကြုံတွေ ပေါင်းလိုက်တော့ တော်တော်စုံသွားတယ်။

  • phyoshein

    May 9, 2011 at 7:53 pm

    စနစ်တကျဖွဲ့စည်းထားတဲ့ လူမှု ကူညီရေးအဖွဲ့တွေပေါ့…
    ကောင်းတာတွေလုပ်နေတဲ့ အဖွဲ့များဖြစ်လို့ ကောင်းပါတယ်…
    အဖွဲ့လှုပ်ရှားမှုရဲ့ နောက်ကွယ်မှာ ဘယ်လိုမျှော်လင့်ချက်မျိုးတွေ ပါလာသည်ဖြစ်စေ..
    ဒေသဖွံ့ဖြိုးမှုကို အမှန်တကယ် ဖြစ်စေတယ်ဆိုရင် ကြိုဆိုရမှာပါ….
    လူ့သမိုင်းရဲ့ လူအချင်းချင်း ကူညီပံ့ပိုးပေးမှုတွေ ဖြစ်နိုင်ပါတယ်..
    ပြည့်ပြီးသားသူတွေရဲ့ အခြားသူများအပေါ်စေတနာလို့လည်း ဆိုနိုင်ပါတယ်….
    eros ရေ..ဆက်ရေး…အားပေးမယ်….တကယ်…
    ဒါမျိုးတွေက ပြောပြသင့်တယ်…နားထောင်သင့်တယ်…
    သိုင်းကျူး

    • eros

      May 10, 2011 at 2:04 am

      အားပေးတဲ့ အတွက် ကျေးဇူးပါ။ နောက်ထပ် အပိုင်းဆက် ၁ ခုဒါမှမဟုတ် ၂ခုလောက် ကျန်ပါလိမ့်မယ်။

  • ဆူး

    May 10, 2011 at 2:24 pm

    ဒါဆိုလည်း မြန်မြန် ရေးပါဗျို့..

    • eros

      May 10, 2011 at 2:29 pm

      ရေးပါမယ်ဗျာ။ အလုပ်က ပိနေ၊ ကုန်ကြမ်းကလဲရ တော့ ရေးချင်၊ ရေးရင်း lap top ဘေးအိပ်ပျော်သွားတဲ့ ညလည်းမနည်းတော့ဘူးဗျို့

  • nigimi77

    May 15, 2011 at 4:49 am

    အိပ်တာလဲအိပ် နံငယ် ပိုင်းလဲ လုံအောင် ဖုံး

  • kopauk mandalay

    May 15, 2011 at 12:15 pm

    ဒီလို လူမူ့ရေးလုပ်ငန်းတွေကို စိတ်ဝင်စားတဲ့ညီငယ်တစ်ယောက်နဲ့ ဆုံဘူးပါတယ်။
    သူတို့ က လမ်းဘေးမှာလေလွင့်နေတဲ့ကလေးကို ပညာသင်ပေးပါသတဲ့။
    နေသူလဲ နေ ကြာတော့ စည်းနဲ့ကမ်းနဲ့မနေနိုင်လို့ထွက်ပြေးသူလဲပြေးပေါ့။
    သူ့အထက်က သူက အဲလို့ အဖြစ်မှန်အတိုင်း မှတ်တမ်းရေးပေးရင်လက်မခံပါဘူးတဲ့။
    ကျနော်တို့ တိုးတက်အောင်မြင်ခြင်တယ်ဆိုရင် ပကတိ အဖြစ်မှန်အတိုင်း နားထောင်ရဲဘို့ရယ်
    ပြောရဲဘုူိ့ရယ် ပြောတတ်ဘို့ရယ် နားထောင်ပြီးရင်ဘယ်လိုကောင်းအောင်လုပ်မယ်ဆိုတာကို
    ရောက်အောင်ပြုပြင်ဘို့တော့ လိုနေပြီလို့ထင်ပါတယ်။

    • eros

      May 15, 2011 at 1:13 pm

      နောက် အပိုင်းတွေကျရင် NGO ကောင်းကြောင်း၊ မကောင်းကြောင်း၊ အကျိုးခံစားခွင့် ရသူ ကောင်းကြောင်း မကောင်းကြောင်း တွေ ရေးမယ်။

  • MaMa

    May 15, 2011 at 2:06 pm

    ဆူးလိုပဲ ထပ်ပြီး တိုက်တွန်းရဦးမယ်။ Hurry up eros!

  • နီလေး

    October 19, 2011 at 9:07 am

    NGOအကြောင်းကိုကြားဖူးနေတာကြာပြီ ဂဂနနမသိဘူး ခုမှပဲသိသွားတော့တယ် ကိုယ်မသိသေးတဲ့အကြောင်းအရာတွေကို အများသိအောင် ရေးတင်ပေးတဲ့အတွက် ကျေးဇူးပါ

Leave a Reply