အဝေးရောက် သားသမီးများ

စဆရ ႀကီးMay 21, 20111min2269

ယနေ့ခေတ် လူငယ်တော်တော်များများ၊ တိုင်းပြည်၏ ကုန်ထုတ်စွမ်းအားအတွက် အဓိကကျသော လူငယ်၊ လူရွယ် တော်တော်များများသည် နိုင်ငံရပ်ခြားတိုင်းပြည်များတွင် အလွှာပေါင်းစုံ အလုပ်သမားများအဖြစ် လုပ်ကိုင်လျက်ရှိကြသည်။ ထို့အတွက်ကြောင့် တိုင်းပြည်တွင် အင်အားအတော်လေး ချိနဲ့နေသည်ဟု ဆိုရမည်ဖြစ်သည်။ မိမိနိုင်ငံကို တိုးတက်စေရန်အတွက် လူငယ်များကသာ စွမ်းဆောင်နိုင်သည်မဟုတ်ပါလား။ တစ်နည်းပြန်ကြည့်လျင်မူ မိမိနိုင်ငံတွင် ရနိုင်ခဲသော လုပ်ငန်းအတွေ့အကြုံများကို နိုင်ငံခြားတိုင်းပြည်များတွင် ရှာဖွေရယူနေကြသည်ဟုလည်း ဆိုနိုင်သည်။

ယခုအချိန်တွင် နိုင်ငံတော်တော်များများတွင် ကြုံတွေ့နေရသည့် ဦးဏှောက်ယိုစီးမှုကို ကျွန်တော်တို့နိုင်ငံသည်လည်း ခံနေရသည်သာ မလွဲဧကန်ဖြစ်သည်။ ဒီနေရာတွင် တရုတ်ပြည်ကို ယခုအခြေအနေရောက်အောင် ထူထောင်ခဲ့ပုံ၊ စင်္ကာပူဝန်ကြီးချုပ်ဟောင်း လီကွမ်ယုရေးသားသည့် စင်္ကာပူအကြောင်းစာအုပ်မှ မြန်မာပြည်တွင် ပြုလုပ်သင့်သည့်၊ လေ့လာအတုယူသင့်သည့် အချက်ကို ပြေးမြင်မိသည်။ ထိုနိုင်ငံ့ခေါင်းဆောင်များ ၎င်းတို့တိုင်းပြည်ကို လက်ဝယ်ရရှိစဉ်က ဘာဆိုဘာမှ မရှိသည့်အနေအထားဖြစ်သည်။ သို့သော် တိုင်းပြည်တွင် တိုးတက်အောင်စွမ်းဆောင်နိုင်မည့် အသိပညာရှင်၊ အတတ်ပညာရှင်များ ပေါများလာစေရန်အတွက် အစိုးရကိုယ်တိုင်မှ ကမကထပြုပြီးသော်လည်းကောင်း၊ သွားရောက်လေ့လာဆည်းပူးလိုသည့် လူငယ်များကို လမ်းဖွင့်ပေးခြင်းဖြင့်လည်းကောင်း နိုင်ငံရပ်ခြားတိုင်းပြည်များမှ ခေတ်နှင့်လျော်ညီသော ပညာရေးများကို သင်ယူစေခဲ့သည်။ ထိုစဉ်က သွားရောက်လေ့လာဆည်းပူးကြသော လူငယ်၊ လူရွယ်များအနက်မှ ၄၀% ခန့်သာ မိမိ်နိုင်ငံသို့ ပြန်လာကြပြီး အများစုမှာ ထိုနိုင်ငံများတွင်သာ အခြေချနေထိုင်ကြကြောင်း ဖတ်ရှူရသည်။ ထို့အတွက်ကြောင့် နိုင်ငံ့ခေါင်းဆောင်များသည် အဖြေရှာဖွေကြရာ ထိုနိုင်ငံများနှင့်တန်းတူ ဝင်ငွေ၊ ပါတ်ဝန်းကျင် အခြေအနေများကို ဖန်တီးပေးနိုင်ခြင်းမရှိသည့်အတွက် ဦးဏှောက်ယိုစီးမှုဖြစ်ရခြင်းအကြောင်း သိရှိကြပြီးနောက် နေချင့်စရာနိုင်ငံတစ်ခုဖြစ်လာစေရန် အားသွန်ခွန်စိုက် ကြိုးစားဖန်တီးလိုက်သောအခါ နေရာအနှံ့အပြားသို့ ပြန့်ကျဲရောက်ရှိနေသော နိုင်ငံသားတို့မှာ မိမိနေရပ်သို့ ပြန်လာကြပြီး ၎င်းတို့ လေ့လာသိရှိခဲ့ရသည့်၊ အတွေ့အကြုံ ပညာရပ်များကို မိမိနိုင်ငံတွင် အသုံးချ၊ လုပ်ကိုင်ကြသဖြင့် မည်သူမှ တားမရအောင် တိုးတက်လာသည်ကို သေချာကြည့်မြင်လျင် အထင်အရှားမြင်ရပေမည်။ ယနေ့ခေတ် တရုတ်ပြည်ကိုရှု…

မြန်မာပြည်တွင်လည်း ကုန်းဘောင်ခေတ်နှောင်းပိုင်းကာလများတွင် အင်္ဂလန်သို့ ပညာတော်သင် စေလွှတ်ခြင်းများရှိခဲ့သည်။ ကျွန်တော်မှတ်မိသည့် နာမည်တစ်ခုမှာ ကိုရွှေအိုးဖြစ်မည်ထင်ပါသည်။ ပြင်သစ်လား၊ အင်္ဂလန်လားတော့မသိပါ။ ပညာတော်သင်ထွက်ပြီးနောက်ပိုင်းတွင် မြန်မာပြည်မှ နိုင်ငံရေးအခြေအနေ ကယောက်ကယက်ကြောင့် ပြည်တော်မပြန်နိုင်ဘဲ တိုင်းတစ်ပါးတွင် သောင်တင်နေခဲ့သည့် ပညာတတ်များလည်းရှိသည်။ ထိုစဉ်က ဆက်လက်ပြီး ပညာတော်သင်များကို ဖန်တီးစေလွှတ်စေနိုင်ခဲ့မည်ဆိုလျင် ယနေ့အချိန်တွင် မြန်မာပြည်ကြီး အဘယ်မျှ တိုးတက်နေလိမ့်မည်နည်း? အကြောင်းမရှိပါ၊ ယခုအချိန်တွင် တိုင်းတစ်ပါးတွင် အကြောင်းအမျိုးမျိုးနှင့် အခြေချနေထိုင်ကြသူများ၊ အလုပ်လုပ်ကိုင်နေကြသူများရှိကြသည်။ ထိုသူများကို အမျိုးသစ်စာဖောက်များဟု ဆိုနိုင်ပါမည်လော? အမေကျော် ဒွေးတော်လွမ်းကြသူများဟု ဆိုနိုင်ပါမည်လော? မြန်မာများ အသုံးများသောစကားရှိပါသည်။ “အမိနိုင်ငံတော်ကြီး” ဟု ဖြစ်သည်။ မိခင်နှင့်တူသော နိုင်ငံတော်ကြီးဟု တင်စားခေါ်ဝေါ်ကြခြင်းဖြစ်သည်။ သို့ဆိုလျင် မြန်မာနိုင်ငံသားတိုင်းသည် နိုင်ငံတော်၏ ရင်နှစ်သည်းချာများသာ ဖြစ်ကြသည်။ ငယ်စဉ်က အမိနိုင်ငံမှ ကျွေးမွေးစောင့်ရှောက်ခဲ့သော်ငြား အချိန်တန် အရွယ်ရောက်သော် မိဘရင်ကို စုံကန်ကာထွက်သွားကြသည့် သားသမီးများကို အပြစ်တင်သင့်ကြပါ၏လော? အပြင်လောက အတွေ့အကြုံများကို ရှာဖွေခဲ့ကြပြီး ခက်ခဲမှုများ၊ ကြမ်းတမ်းမှုများနှင့်တွေ့တိုင်း အမိရင်ခွင်ကိုသာ ပြန်လည်တမ်းတကြမြဲဖြစ်သည်။ ကောင်းကောင်းနေ၊ ကောင်းကောင်းစားရသောအခါတွင်လည်း ငယ်စဉ်က နေထိုင်ကြီးပြင်းခဲ့ရာ အိမ်လေးကို ပိုမိုကောင်းမွန်အောင် ပြုပြင်ပေးလိုကြသည်သာဖြစ်သည်။ ထိထိရောက်ရောက် မလုပ်နိုင်သော်လည်း တတ်နိုင်သည့်ဖက်မှ ပြင်ဆင်ပေးချင်စိတ်ရှိကြသည်ချည်းသာဖြစ်သည်။

မြန်မာနိုင်ငံသည်သာ ထိုလူတန်းစားများအတွက် နေချင့်စရာနေရာလေးတစ်ခုဖြစ်လာလျင် ပြန်လည်ပြီး ဝင်လာမစဲ တစ်သဲသဲဖြစ်ကြမည်မှာ ဧကန်မုချဖြစ်သည်။ ၎င်းတို့သာ ပြန်လည်ဝင်ရောက်လာခဲ့မည်ဆိုပါက လူချည်းသက်သက်သာ ပြန်ဝင်လာမည်မဟုတ်ပါ။ အနှစ်နှစ်အလလ ဆည်းပူးလာခဲ့ကြသည့် ပညာရပ်များ၊ အတွေ့အကြုံများသာမက လုံလောက်သော ငွေကြေးအရင်းအနှီးများပါ ပြန်လည်စီးဝင်လာမည်ဖြစ်သည်။ ထိုအခါတွင်မတော့ တိုင်းရင်းသားစစ်စစ်ပိုင် လုပ်ငန်းများ ပေါ်ပေါက်လာပေတော့မည်။ နိုင်ငံသားကဒ်ကိုင်ဆောင်ထားသည့် တိုင်းတစ်ပါးသား၊ ခေတ်ပေါ်ချစ်တီးများ မဟုတ်ဘဲ မိမိနိုင်ငံကောင်းစားရေးကို ရှေးရှုဦးတည်လုပ်ကိုင်မည့် တိုင်းရင်းသားစစ်စစ်များ ပြန်လည်ရောက်ရှိလာတော့မည်။ ထို့အတွက်ကြောင့် မြန်မာပြည်တွင်းနေထိုင်ကြသူများအနေဖြင့် အဝေးရောက်နိုင်ငံသားများအတွက် နွေးထွေးစွာ လက်ကမ်းကြိုနေစေချင်ပါသည်။ နေချင်စရာ နိုင်ငံလေးတစ်ခုအဖြစ် ဖန်တီးကြစေလိုပါသည်။ မိမိသွေးသားရင်းချာများကို မိမိတို့ကိုယ်တိုင်က ကမ်းလင့်လို့ ကြိုမနေနိုင်သေးသမျှတော့ အမိမြေကို စွန့်ခွာကြမည့်သူများသာများကြပြီး ခေတ်သစ်ကိုလိုနီပြုခြင်းကိုသာ ခံရကြမည်ဖြစ်ပါကြောင်း စိတ်ထဲမှာတွေးမြင်မိသမျှကို ရေးသားလိုက်ရပါသည်။

(တစ်ချို့သော ခွဲခြားပြောဆိုနေကြသည်များကို တွေ့မြင်နေရသောကြောင့် ယခုကဲ့သို့ အကျယ်ချဲ့ရေးသားခြင်းဖြစ်ပါသည်။ လိုအပ်သည်များ၊ မကျေနပ်စရာများ ပါလာခဲ့ပါက သည်းခံပြီးသာ ဖတ်တော်မူကြပါကုန်လော့…)

9 comments

  • Myanmar

    May 22, 2011 at 1:24 am

    I agree with you. Pointing fingers to those who left the country for a variety of reasons does not help. Leaving country is not due to unfaithfulness to the country or selfishness alone. We should find the root cause and amend it in time. Those who are working abroad are missing their mother land. They are doing the best they can for the country and people. If the conditions favour, they will definitely come back to serve the country and the people with all the knowledge and skills they acquired abroad. What happen in Myanmar now is the intellectuals are put aside and undermined so that they left the country. What happen? Other country gets the skillful experienced intellectual Myanmar people without needing to invest in human resource and without needing to wait for a period time to be trained,of course, with a chaper price. So sad. It is not good for our country and the people.

  • winkyawaung

    May 22, 2011 at 2:35 am

    အင်း ဆရာပြောတာမှန်ပါတယ်။ တိုးတက်နေတဲ့ စင်ကာပူလို နိုင်ငံက အတုယူသင့်တာတွေ ကို ယူသင့်တာပေါ့။

  • kai

    May 22, 2011 at 9:21 am

    မှတ်မိသလောက်… ကနောင်မင်းသားကြိးလွှတ်တဲ့..အဦးဆုံးပညာတော်သင်တွေအထဲ.. ပြင်သစ်မှာ နေလိုက်တဲ့ သူတွေရှိတယ်..။
    အခုဆို… ဘာတွေဖြစ်နေမလည်းမသိ..။
    လောလောဆယ် သိသလောက်..အထောက်အထားခိုင်တာက… အောက်ကလင့်က.. ဒေါက်တာမောင်ရှောလူးပါ..။
    ဘာရယ်မဟုတ်… မြန်မာပြည်ကထွက်ခဲ့သူများနဲ့. ပြန်လာခဲ့သူများအကြောင်း.. ဝင်ပြောတာလေးပါနော..။
    http://www.bucknell.edu/x1384.xml
    Maung Shaw Loo

    Maung Shaw Loo – Class of 1864
    Bucknell’s First International Student

    Bucknell University’s first international student, Maung Shaw Loo, Class of 1864, was the first Burmese native to study in the United States. He arrived in Pennsylvania in 1858 to study at the Academy, preparatory branch of the University at Lewisburg (renamed Bucknell University in 1886).

    Born in 1839 in Moulmein, the eldest son of U Shwe Tha and Dwa Hla, the first converts of the pioneering Baptist missionary Adoniram Judson, the early years of Maung Shaw Loo were difficult. U Shwe Tha, a scholar of the Burmese language who tutored British officers, developed an addiction to alcohol that led to divorce in 1854. Because of these family problems, Shaw Loo grew up in the care of relatives.

    At age fifteen, Shaw Loo went to Calcutta to pursue his studies which were interrupted three years later by the Sepoy Mutiny. He returned to Burma and was baptized in 1857 by U Shew Aye, pastor of the Burmese Baptist Church at the Royal Lakes. Shaw Loo’s religious commitment linked him to the Baptist Mission in Moulmein where he was encouraged to continue his studies at the University of Lewisburg by Eugenio Kincaid, the missionary who had returned to Burma after aiding in the founding of the university. The university’s Board of Trustees made Shaw Loo’s education possible by voting to remit tuition and fees.

    Mrs. Marilla Ingalls traveled with Shaw Loo on the voyage from England in 1858. It is believed that he paid for his passage by working as a cabin boy. Once Shaw Loo arrived in the United States, he made his way from New York to Lewisburg where he received a warm welcome. Adjusting quickly to American life, he became a brother of the Phi Kappa Psi fraternity, attended the Junior and Senior Class parties with a large group of his friends, and earned spending money by working as a gardener and caretaker for Dr. Thomas F. Curtis, Professor of Theology. Shaw Loo gave a number of informative talks on Burmese culture and customs that were well-received by Lewisburg audiences.

    After his graduation from the university in 1864, Shaw Loo was admitted to the newly organized Charity Hospital Medical College in Cleveland, Ohio, where he obtained his degree in 1867. An appeal to collect surgical equipment and books published in the Medical and Surgical Reporter enabled him to begin medical practice in Burma. Before leaving the United States, he met President Andrew Johnson who provided a letter containing an excellent personal recommendation of Dr. Shaw Loo to the King of Burma.

    Shaw Loo visited England and France briefly before returning to his country in 1868. For the next ten years, he assisted Dr. Ellen Mitchell at the Mission Hospital in Moulmein where he received practical training. Later, the government appointed him Science Master at the State High School in Rangoon. He was named Medical Adviser, and became a member of the school’s governing body. The government also created a special position for Shaw Loo. He became Inspector of Schools for Science. In that capacity, he visited all high schools throughout Burma.

    Shaw Loo then decided to devote his life to mission work and his own medical dispensary. He also started a family. His first wife, Lucy Pereira, bore four sons and three daughters. She died giving birth to her last child. Two years later, Shaw Loo married Daw Shwe, Head-Mistress of the American Baptist Mission Girls’ School. They had a son and two daughters, the youngest of whom was Elizabeth (Daw Huin Aye), born in 1894.

    Maung Shaw Loo fondly remembered his years at Lewisburg and kept in touch through correspondence. At age 83, in a 1922 letter to the Bucknell Alumni Monthly, he reported news of his family. One son was a doctor who worked for the Burmese railroad system. Elizabeth was teaching at the Government High School. Two of his grandsons had served in the military during World War I. One died in Mespot; the other returned from battle unharmed. A third grandson was in military training at Madras when the war ended.

    In later years, Elizabeth maintained Shaw Loo’s connection to Lewisburg. In 1958 she attended the Burma-Bucknell Weekend at her father’s alma mater. Maung Shaw Loo died October 10, 1929, revered as a prominent physician and educator in his native country. He will also be remembered for the critical role he played in joining together the diverse worlds of Burma and Bucknell.

    At right: Dr. Shaw Loo, M.A., M.D., about to address the Mass Meeting of the Judson Centennial Convention held in Moulmein on the 14th December 1913 at the Judson Hall. On the table are Dr. Judson’s Burmese Holy Bible and his two dictionaries.

  • MaMa

    May 22, 2011 at 10:02 am

    စလုံးရောက်နေတာ ကြာပြီဖြစ်တဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်။ ဘာလို့ နိုင်ငံသားမခံယူသေးတာလဲလို့ တွေ့တဲ့လူတိုင်းကမေးတယ်။ အသက်ကြီးလာရင် မြန်မာပြည်မှာ ပြန်နေမယ်တဲ့လေ။ သူကိုယ်တိုင်က အိမ်ထောင်မရှိ၊ ကလေးမရှိ၊ မိဘတွေက မြန်မာပြည်မှာ ရှိတာကြောင့်လည်း ပါမှာပေ့ါ။

  • nature

    May 22, 2011 at 4:46 pm

    နိုင်ငံခြားမှာနေတဲ့မြန်မာပြည်သားတွေဟာ သူတို့တတ်တဲ့ပညာနဲ့ မြန်မာနိုင်ငံမှာ လုပ်စရာအလုပ်တော်တော်ရှားပါးပါတယ်။ ဘာပဲပြောပြောနိုင်ငံခြားမှာနေတဲ့မြန်မာပြည်သားတွေဟာ အနဲနဲ့အများတော့ မြန်မာပြည်အပေါ်မှာ သံယောဇဉ်ရှိကြပါတယ်။

  • paukpauk

    May 22, 2011 at 5:09 pm

    ကောင်းတယ်ဗျာ၊ တစ်သဘောတည်းဖြစ်နေတာ..
    ခုထိ Dislike တစ်ခုမှ မမြင်ရဘူး။
    ဒါဟာ ဘာကိုပြသလဲဆိုတော့…
    မိမိနိုင်ငံကို ကောင်းမွန်စေလိုတဲ့စိတ်ဓါတ် လူတိုင်းမှာ ရှိကြတယ်ဆိုတာ
    ပြနေတာပါပဲ။

  • maungmoenyo

    May 22, 2011 at 11:15 pm

    ကိုယ်တိုင်းပြည်ကိုယ်လွမ်းကြသူတွေ ချည့်ပါဘဲ။ ဒါကို အမျိုးချစ်လို့ ဆိုတဲ့ စကားလုံးကြီးကြီးကျယ်ကျယ်နဲ့ တန်ဆာဆင် ပြောမဲ့ အစား၊ ဘာကြောင်းကိုယ်နိုင်ငံကို ကိုယ်ပြစ်ပြီးသွားကြရတာလဲ ဆိုတဲ့ root cause ကိုရှာရပါမယ်။ ရှာဘို့ကလဲ မခက်ပါဘူး။ အကြောင်းချင်းရာကလယ်ပြင်မှာဆင်သွားသလိုထင်ရှားနေပြီးသားပါ။
    ဗြိတိသျှအပါအဝင် နယ်ချဲံ အဆက်ဆက်ကို တော်လှန်ခဲ့ ကြတဲ့ သမိုင်းဝင်ထိပ်တန်းခေါင်းဆောင်ကြီးများ ရဲ့ သားသမီးဆွေးမျိုးရင်းချာတွေ ဘာဖြစ်လို့ နိုင်ငံတကာအနှံ့ရောက်ပြီး တော်တော်များများဟာ ခေတ် ပညာတတ်များဖြစ်နေရတာဘာ့ကြောင့်ပါလဲ။ (၁၉၅၈) နောက်ပိုင်း နိုင်ငံကထွက်ခွာကြတဲ့ အဲ့ဒီပုဂ္ဂိုလ်ကြီးငယ်များအပါအဝင်၊ ဒီကနေ့ ခေတ်လူငယ်တွေ ရော၊ ပညာတတ် တွေ ရော တတ်နိုင်ရင်တတ်နိုင်သလို ထွက်နေကြသူ တွေ (အာဏာရှိသားသမီးနှင့် လက်ရှိ စီးပွားရေးဒိတ်ဒိတ်ကြဲ တွေ ရဲ့သားသမီးများအပါအဝင်) တွေ ဒလဟော နိုင်ငံကခွာနေကြတာ ဘာ့ ကြောင့် ပါလဲ၊ နယ်စပ်မှ ရှိတဲ့ ထွက်ပြေးတိမ်းရှောင်ကြသူ refugee (၁) သန်းလောက်ဟာလဲ လျောမသွားတဲ့ အပြင် တိုးလာရတာကရောဘာ့ ကြောင့်ပါလဲ…ဒါတွေ အားလုံးဟာအဖြေရှိပြီးသားပါ။ ဘယ်လိုဖြေရှင်းရမလဲ ဆိုတဲ့ အဖြေကလည်းရှိပြီးသားပါ။
    Singapore Story ဟာကမ္ဘာကိုကိုင်လှုပ်နိုင်ခဲ့သလို၊ အိမ်နီးချင်းနိုင်ငံအတော်များများရဲ့ခေါင်းဆောင်တွေကိုလှုပ်နှိုးခဲ့ပါတယ်။ မြန်မာခေါင်းဆောင်များကိုတော့ ဒီနေ့အထိ လှုံ့ဆော်လို့မရသေးပါဘူး။ နိုင်ထူထောင် ရေးအတွက် တကယ်အမျိုး နိုင်ငံသားတွေ ကြီးပွားချမ်းသာရာကို နေ့ စဉ်တွေးနေ တဲ့ Lee Kwan Yoo ရဲ့ အမြှော်အမြင်ကြီးမှုကြောင့်ပါ။ သူဟာ နိုင်ငံကို နှစ်ပေါင်းမြောက်များစွာအုပ်ချုပ်ခဲ့ပေမဲ့ သူ့ အစီအမံ အားလုံးဟာ ဒီကနေ့ စင်္ကာပူရဲ့ တိုးတက်မှုဟာ သက်သေပါဘဲ။
    စင်္ကံာပူနိုင်ငံသားတဦးဟာ သူ့နိုင်ငံကိုပစ်ပြီး တခြားနိုင်ငံ ကိုထွက်သွားဘို့ (တနည်း) brain drain ဖြစ်ဘို့ အကြောင်းမရှိပါဘူး။
    ဘာ့ကြောင့်လဲ………။

  • agism

    May 23, 2011 at 2:29 pm

    Lee Kuan Yew is educated man from Oxford University with acamedic subject Law, but Nay Win had education level only inter(second year not finished Degree). So he was jealous to university student. All junta follow him. Aung Gyi is only high school level.

  • babymay

    May 24, 2011 at 5:11 am

    အဖြေကတော့ရှင်းရှင်းလေးပါ။။။ သွားချင်လို့သွားနေကြတဲ့သူတွေမဟုတ်ကြပါဘူး။။ သွားမှဖြစ်မှာမို့ စိတ်ညစ်ညစ်နဲ့သွားနေကြတာပါ။ မယုံရင်လိုက်မေးကြည့်လိုက်ပါ။။ အားလုံးပြန်ဖြေမှာက ” ငါတို့ပြန်လာကြမှာပါ ” ။ ဒါပေမယ့် ပြန်လာဖို့ဆိုတာလည်း ပြန်လာချင်စရာကောင်းမှ ပြန်လာလို့ရမှာပေါ့။ မဟုတ်ရင်တော့ ပြန်လာမဲ့ရက်တွေ ကြာနေဦးမှာပါပဲ။။။။။

Leave a Reply