ဖီလိုဆိုဖာ ကိုပလာတာ နှင့် နည်းပေးလမ်းပြ

မနက်စောစောစီးစီး ဆူဆူညံညံအသံတွေကြောင့် ကိုပလာတာအိမ်ေ့ရှထွက်ကြည့်မိတယ်။နှစ်အိမ်ကျော်က
မိတူးတို့အိမ်ကပါလား။ကိုပလာတာလည်းမိတူးတို့အိမ်ဘက်ထွက်လာခဲ့တယ်။မိတူးအသံစူးစူးကိုကြားရပါပြီ။
ဘာဖြစ်တာလဲမေးစရာမလိုတော့။အကြောင်းက မိတူးသားလေးရွှေကြူးရယ်။
“ကလေးကဘာဖြစ်လို့လဲ မိတူး”
“ဘာဖြစ်ရမတုန်းတော်..သူ့ဦးလေးကိုစိန် ဘုရားပွဲကဝယ်လာတဲ့ဗုံလေးကိုတီးနေလို့တော်ရေ ့”
“ဟဲ့ဘာဖြစ်လဲဗုံလေးတီးတာ”
“အလိုတော် ရှင်မသိရင်လည်းမပြောနဲ ့ဒီသေချင်းဆိုးလေးက မနားတမ်းတီးနေတာ အိပ်မှရပ်တာ”
“နိုးတာနဲ ့ပြန်တီး..အမလေးပွက်ပွက်ကိုလောနေတာ..အိမ်နီးချင်းတွေလည်းကောင်းကောင်းမနေရ..ကျုပ်တို ့ကတော့ပိုဆိုးသပေါ့”
ဟုတ်ပ။ရွှေကြူးလက်ထဲမှာဗုံလေးတစ်လုံး။သူ့အမေကိုကြည့်လိုက် ကိုပလာတာကိုကြည့်လိုက်နဲ့လက်ထဲကဗုံလေးကိုတီးနေတာ။
“ဆူလည်းခဏ..ရိုက်လည်းခဏပဲ..ဟင် အမလေးပြောနေတာတောင်အခွက်ကပြောင်နေတုန်း အင်းဟာ..အင်းဟာ”
“ဟဲ့ဟဲ့မိတူး ကလေးကိုအဲသလောက်မလုပ်ပါနဲ့”ပြောပြောဆိုဆိုနဲ ့မိတူးကကလေးကိုထရိုက်တော့ ကိုပလာတာဝင်ဟန့်ရတယ်။
ငတိလေးကထွက်ပြေးပြီးချောင်ထဲမှာတီးနေပြန်ရော။
“အကြောတင်းပုံကတော့သူ့ဖအေ အတိုင်းပဲ”
“နောက်တော့လည်းရိုးသွားမှာပါဟယ် ကလေးပဲ” ကိုပလာတာပြောပြီးကိုမူဆာကြီးလက်ဘက်ရည်ဆိုင်ထွက်လာခဲ့တယ်။
လက်ဘက်ရည်ဆိုင်ကပြန်တော့ မိတူးတို့အိမ်ေ့ရှမယ် အရပ်ထဲက ကိုတတ်ပကြီးတွေစုနေတာကိုပလာတာတွေ့လိုက်တယ်။
ဒီလူကြီးတွေနဲ့ကိုပလာတာကနည်းနည်းမှမတဲ့။သူတို့ကလည်းကိုပလာတာကိုမကြည်ပါ။သိပ္ပံဆရာ ကိုတာရာကကလေးကို-
“သားရေ..ဒီဗုံကြီးကိုဆက်မတီးနဲ ့တော့ကွဲ့၊ သားနားထဲမှာရှိတဲ့နားစည်လေးတွေက ဒီဗုံကိုတီးလို ့ဖြစ်လာတဲ့အသံလှိုင်းတွေရဲ ့
ပြင်းထန်တဲ့တုန်ခါမှုကြောင့်ပေါက်ကွဲသွားလိမ့်မယ် သားသားနားလည်းမကြားရတော့ဘူးပေါ့ဟုတ်လား”
“ဟားဟား ကိုတာယာရယ်ကလေးကငါးနှစ်မပြည့်တပြည့်ရယ် ဘယ်လိုလုပ်နားလည်မှလဲဗျာ.ဒီမယ်ကျုပ်ပြောမယ်..”
ရာအိမ်မှုး ကိုဘိုတောက် ကဝင်နောက်တယ်။
“ကလေးရဲ ့အိုးစည်တို ့ဗုံတို ့ဆိုတာ တွေ ့ကရာမှာမတီးရဘူးကွဲ ့၊သူ ့အချိန်ခါပွဲလမ်းကျမှတီးရတာ ဟုတ်ပြီလား..လိမ္မာတယ်
မတီးနဲ ့တော့နော်”
“ကိုဘိုတောက်ကတော့လုပ်ပြီ မဟုတ်တာဗျာ ဒီလိုပြောလို ့ရမတဲ ့လားဗျ”စက်ဘီးပြင်တဲ့ဂွစာကိုတင်ကပြောပြန်တယ်။
“ဒီမယ်ခင်ဗျားတို ့ကလေးတီးတာကိုမှနားမခံသာရင်နားပိတ်ထားကြဗျာ ဒါပဲ”
“အမယ်..ကိုတင်ခင်ဗျားအဲလို ဂွမပြောနဲ ့လေဗျာ”ကျောင်းဆရာ ကိုသောင်းမြိုင်က ဝင်တွယ်တယ်။
“ကလေးကိုတခြားတစ်ခုခုပေးပြီးစိတ်ပြောင်းအောင်လုပ်ကြည့်ပေါ့ဗျာ”
“အဲသလိုလုပ်လို့ရမှတော့အစောကြီးထဲက ပြဿနာကပြီးနေရောပေါ့ မောင်သောင်းမြိုင်ရယ်” ရပ်ကွက်ဓမ္မာရုံတာဝန်ခံ ဘကြီးအောင်ရယ်လေ။
“ဒါကကလေးရဲ ့ပြဿနာမဟုတ်ဘူးကွဲ ့မင်းတို ့လူကြီးတွေရဲ ့ပြဿနာ..ကလေးကဆူတော့မင်းတို ့နားမခံသာတော့ဘူးပေါ့ ဒါဖဿဓာတ်ခိုက်တာ
ဒီတော့ကာ ဒေါသတွေထွက်လာမယ် နှလုံးကပိုခုန်လာပြီး သွေးဖိအားတွေမြင့်လာမယ် မကောင်းဘူး..ဒေါသကိုထိန်းရမယ်၊
မထိန်းရင် အကုသိုလ်တွေပွားမယ် ကျန်းမာရေးထိခိုက်မယ် သဘောပါသလား”
“အမလေး ..ကိုသာအောင် ဥူးသုမင်္ဂလလေသံမတုနဲ ့လေ ခင်ဗျားဒီအရွယ်ရောက်နေပြီ အဓိကနဲ ့သာမညတောင်ခွဲမသိသေးပဲကိုးဗျ”
ဘကြီးအောင်နဲ ့တရားငြင်းဘက်(အဲ)ဆွေးနွေးဘက် လူပြန်တော် ဦးရွှေနီ။
“ကျုပ်တို ့ဒါကိုမတားနိုင်ရင် နုနယ်တဲ့ကလေးရဲ ့စိတ်ထဲမှာ ဒဏ်ဖြစ်သွားနိုင်တယ်..မြေးလေး ဘဘပြောမယ်
ဝင်လေထွက်လေကိုမှတ်ပြီး မျက်လုံးလေးမှိတ် ခဏလေးထိုင်ကြည့်..စိတ်ထဲမှာအေးငြိမ်းသွားလိမ့်မယ်၊ဟုတ်ပြီ ဟုတ်ပြီ ငါ့မြေးကလိမ္မာတယ်”
ဘယ်လိုလုပ်လုပ်ကလေးက ခဏပဲ။တော်ကြာနေတော့ဗုံကိုပြန်တီးတာပဲ။အဲဒီအချိန်မှာ ကိုပလာတာဝင်လာတယ်။ကိုတတ်ပကြီးတွေကတော့ဒီကောင်
လာရှုပ်ပြန်ပြီပေါ့လေ။ကိုပလာတာရဲ ့လက်ထဲမှာဝက်အူလှည့်အပြားတစ်ချောင်းနဲ ့တူတစ်လက်။
“သားသားရွှေကြူးလေး ဒီဗုံထဲမှာဘာရှိလည်းကွဲ ့ဦးဦးသိချင်လို့ သားသားရော”
“သားလည်းသိချင်တယ်ဦးဦး”
“လွယ်ပါတယ်ကွယ် ရော့”
အဲဒီကတည်းက ဗုံသံမကြားရတော့ဘူး။တစ်ရက်တော့ မိတူးတစ်ယောက်ကိုပလာတာအိမ်ေ့ရှမှာ လာပြီးကော်တုတ်ပါလေရာ။တုတ်မှာပေါ့ ကိုပလာတာ နည်းပေးလမ်းပြလုပ်ခဲ့တာကိုး။ရွှေကြူးလေးကအထဲမှာဘာရှိလည်း သိချင်တိုင်းတူနဲ ့ရိုက်ပြီးဖွင့်ဖွင့်ကြည့်နေတော့တာ အိမ်ကပစ္စည်းတွေလည်းအကောင်းမကျန်တော့သလောက်ပဲ။တီဗွီတွေ အောက်စက်တွေလည်းကုန်ပါရောလား။

2 comments

  • MaMa

    May 26, 2011 at 1:24 pm

    တစ်ခုလိုချင်ရင် တစ်ခုကို စွန့်ရမယ်လို့ ပြန်ဖြေရှင်းလိုက်ပေါ့ ကိုပလာတာရ။ (ပြောလည်းပြော ပြေးလည်းပြေးမှ ရာဇဝတ်ဘေးက လွတ်မယ်ထင်တယ်။)

  • naungnaung

    May 26, 2011 at 4:16 pm

    😛 ဗုံသံ လည်းတိတ်၊ကျန်တဲ့ အသံတွေလည်း အကုန် တိတ်ပေါ့……

Leave a Reply