လမ်းဘေးဆိုင်ဖြစ်ခြင်း ………………။
အဖုံးအကာမရှိခြင် ………………………….။
ဝက်နားရွက်ပြာရောဂါများဖြစ်နေခြင်း ………………………..။
တို့ကြောင့် ဝက်သားဈေးတွေကျနေတုန်း ဝဝလင်လင် စားကြရအောင် ………………….။
ရန်ကုန်တိုင်းဒေသကြီးမှာတော့ ဝက်နားရွက်ပြာ မဖြစ်သေးပါဘူး ဝက်ပုလိပ်ရောဂါ ပါဘဲတဲ့ …………။
Post Views: 243
11 comments
PinkCandy
May 27, 2011 at 2:57 am
စားချင်စရာကြီး
လေးလေးဖက်က အဲလိုဝက်သားတွေစားစားပြီး ဝဝလာတာလားဟင်?
etone
May 27, 2011 at 4:09 am
ဗိုက်တောင်စာလာပြီ … အမိုးကာ မရှိလည်း ထားသိုတာက သပ်သပ်ရပ်ရပ်လေးပါ….. ဝက်ခေါင်းသုတ်လေးဆွဲလိုက်ရလျှင် ဖြင့် … ရှလွတ် 🙂
Snowy
May 27, 2011 at 4:19 am
ကျမ်းမာရေးနဲ့ မညီညွှတ်ပေမဲ့ စားချင်စဖွယ်ပါ …
hmee
May 27, 2011 at 7:37 am
I want to eat. I want to eat . 🙂
kai
May 27, 2011 at 7:51 am
အဲဒါလမ်းဘေးဆိုင်လား..။
ကြည့်ရတာတော့… တော်တော်သန့်ရှင်းပုံရပါတယ်..။
အသုပ်လုပ်မဲ့သူက… လက်အိပ်မပါတာကလွဲရင်ပေါ့…။
ပန်ကန်တွေဘယ်လိုဆေးကြောနေသလည်း… သိချင်သား…။ 🙂
fatty
May 27, 2011 at 8:18 am
ဝက်ခေါင်းသုပ်လုပ်တဲ့အခါ လက်အိပ်နဲ့နယ်ပါတယ် …….။
အဲပန်းကန်တွေဆေးရင်တော့ သူများနိုင်ငံတွေမှာလို pump တွေမရှိဘူးပေါ့ …..။
လင်းဝေကျော်
May 27, 2011 at 8:21 am
ဒီဆိုင်လေး ဘယ်နားကတုန်း ပြောပါဦး။
nigimi77
May 27, 2011 at 8:53 am
ပန်းကန်တွေ ဘယ်လို ဆေးလဲဆိုတော့ဗျာ….။
ဟို ဒင်းလေ အမဲအူ ဒုတ်ထိုးသိတယ် မှတ်လား။ ထိုးတဲ့ ဝါးဒုတ်ချောင်းတွေက အကြီးကြီးတွေလေ။
ရွှေတိဂုံ ဘယ်ဖက် မုဒ်လဲတော့ မသိဘူး လမ်းမတစ်လျှောက်မှာ ဆိုင်တွေတန်းစီနေတာ ဆိတ်သား ဒုတ်ထိုးလဲ ရှိတယ်။
မိတ်ဆွေတစ်ယောက်က စားကောင်းတယ်ဆိုလို ့ခေါ်သွားတာ ကျုပ်က ဆေးလိပ်ဖွာဆဲမို ့မစားရသေးဘူး သူကတော့
၅ ချောင်းလောက် တွယ်ပြီးပြီ။ တခြားလူတွေလဲ စားနေကြတယ်။ ဘေးနားမှာ နံရံ ပတ်တီးရိုက်တဲ့ ပုံးရှိတယ် အဆီ တဝင်းဝင်းနဲ ့။
အထဲမှာ အသားဖတ် တွဲလောင်းတွေနဲ ့ အမျိုးအမည် မသိတဲ့ အဖတ်တွေ အပြည့်ပဲ။ ရောင်းတဲ့သူ က လူတစ်ယောက် စားထားတဲ့
ဒုတ်ချောင်းတွေကို ရေတွက်ပြီး ဘယ်လောက်ကျပါတယ်ပေါ့။ ပြီးတော့ ဒုတ်ချောင်းတွေကို သူ ့ရဲ ့Assistant ကို ပေးလိုက်တော့
အဆိုပါ သကောင့်သားက ဒုတ်ချောင်းတွေကို အဲဒီ အမျိုးအမည်သိရှိဖို ့ ခက်ခဲတဲ့ ပလတ်စတစ် ပုံးဖြူထဲကို သူ ့လက်ကြီးပါ
နှစ်ပြီး ဘလွမ်းဘလွမ်း မည်အောင် လှုပ်ခါပြီး ဆေးလိုက်တယ်။ ပြီးတော့ လက်ကို ခါပြီး ရေ စစ်လိုက်တယ်။
ပြီးတော့ အသင့်လှီးထားတဲ့ အသားတုံးတွေကို အဲဒီ ဝါးဒုတ်ချောင်းတွေမှာ ပြန်ထိုးစိုက်လိုက်တယ်။
စား..စား..စားကြမယ်ဟေ့ ကောင်းကောင်း……။
ကွမ်းပါးစပ်ကြီးကလဲ ဒီဒုတ်
ဇိုးသမားကြီးကလဲ ဒီဒုတ်
သလိပ် သမားကြီးကလဲ ဒီ ဒုတ်
တီဘီ သမားကြီးကလဲ ဒီဒုတ်
A,B,C သမားကြီးတွေကလဲ ဒီဒုတ်
အလန်း မဒမ်းလေးတွေကလဲ ဒီဒုတ်
အားရပါးရ Recycle , Reduce , Reuse ကို ကျင့်သုံးနေကျတာ ဝမ်းသာစရာ။
ပန်းကန်တွေကိုလည်း ထိုနည်း၎င်း……။
ဂလွမ်း ဂလွမ်း ဘွမ်းဘွမ်း နဲ ့နှစ်ချလိုက် ပြန်ဆယ်လိုက် ပြန်ထည့်လိုက် ပြန်စားလိုက် နှစ်ထည့်လိုက် ပြန်ဆယ်လိုက် ပြန်စားလိုက်
နှစ်ချလိုက် ပြန်ဆယ်လိုက် ပြန်ထည့်လိုက် ပြန်စားလိုက် နှစ်ထည့်လိုက် ပြန်ဆယ်လိုက် ပြန်စားလိုက်………………။
fatty
May 27, 2011 at 9:55 am
ရွှေပုဇွန်နဲ့ မျက်နှာချင်းဆိုင်မှာပါ ဆရာရေ ….။
KoNyeinChan
May 27, 2011 at 12:05 pm
မစားရပေမယ့်အလွမ်းပြေတော့ကြည့်ရတဲ့အတွက် ကျေးဇူးပါ ကိုကိုfat.. ဒီ KL က မြန်မာဆိုင်တွေမှာရနိုင်ပေမယ့် အရသာချင်းတော့မတူဘူး.. မှတ်မိသေးတယ် 1995 လောက်က ရန်ကင်း ၁၂လုံးတန်း မှာ ရောင်းတဲ့လမ်းဘေးဆိုင်တခု ကာလတိုအတွင်းမှာ ရွှေတွဲလွဲ ငွေတွဲလွဲနဲ ့ ဝက်သားတုတ်ထိုးရောင်းရင်းစီးပွါးဖြောင့်သွားတဲ့ အစ်မကြီးတစ်ယောက်..
ကိုပေါက်(မန္တလေး)
May 27, 2011 at 4:14 pm
ဒီလိုမှမစားဘဲ နေရင်လဲ မစားလိုက်ရတာဘဲရှိမယ်။
ဒီတော့ကာ နောင်ခါလာနောင်ခါဈေးဘဲပေါ့။
သီချင်လေးဆိုရင်းစားမယ်………..
စားမှာဘဲ ဝါးမှာဘဲ
ငါ့ကိုလာမတားနဲ့ ဘိုက်ပေါက်အောင်စားမယ်…………………….