လိင်တူချစ်သူများတွက် မိုက်ကယ်ဂျော်နီအောင်ပု လာပြီ လိင်တူချစ်သူများကို နှောင့်ယှက်သူတိုင်း ဝေးရာကိုရှားနေကြဟေ့

ကျွန်ုပ် မိုက်ကယ်ဂျော်နီအောင်ပု သည် ယောက်ျားတစ်ယောက်ဖြစ်ပါသည်
ထို့ကြောင့် လေချွန် လက်ဖြောင့် ( လက်ဖျစ်တီးသည် ) သေးမတ်တတ်ပေါက်ခြင်း
အကြောင်းသုံးပါးကို လွပ်လပ်စွာ နေရာဒေသအခြေအနေအရ လုပ်နိုင်ပါသည်
အထူးဆိုလိုသည်မှာ မိမိကိုယ်ကိုယ် ယောက်ျားဟူ၍ဝန်ခံပါသည်
ကိုယ့်ကိုယ်ကိုယ် ယောက်ျားဟူ၍လည်းမှတ်ယူပါသည်
ယောက်ျားပီသတာ မပီသတာကတော့ သူများကိစ္စဖြစ်ပါမည် ကိုယ့်ကိုယ်ကိုယ်တော့ သေသေချာချာကို ကြည့်ပါတယ်
အမှန်အကန်ပါဘဲ ရေတောင်မရောဘူး အာမခံတယ်
ဒီနေရာမှာ ပြောစရာတစ်ခုရှိလာတာက
ဘာဘဲပြောပြော လိင်တူချစ်သူတွေကို
အပြစ်ဖို့ပြောတာကိုတော့ လွပ်လပ်စွာကန့်ကွက်ပါတယ်
ယောက်ျားက မိန်မကို
မိန်းမက ယောက်ျားကို မှ
သဘာဝအမှန်လို့ပြောသူမည်သူ့ကိုမဆို လုံဝဆန့်ကျင်ပါတယ်
ဒါ တကိုယ်ကောင်းဆန်တာပါ
ကိုယ့်ရဲ့လိုအင်ဆန္ဒကိုသာ ရှေ့တန်းတင်ပြီးပြောကြတာပါ
ဥပမာ ဆူးပုတ်ရွက်ကြိုက်တဲ့အမကြီးတွေနဲ့ ဒညင်းသီးကြိုက်တဲ့အမကြီးတွေဟာ
ဆူးပုတ်ရွက်ကြိုက်တယ် ဒညင်းသီးကြိုက်တယ်ငြင်းခုန်နေကြသလိုဘာဘဲ
ဗုဒ္ဓတရားတော်အရ နပုန်းပ မိန်းမမဟုတ် ယောက်ျားမဟုတ် ဖြစ်ခြင်းသည်
အတိတ်က ကာမေသုကံ၌ မှားရွင်းခဲ့မှု့ဟူ၍ ဆိုသော်ငြားလည်း
ယ္ခုအခါ မိမိနှင့် ကာမအရာ၌ဆက်ဆံကုန်သော သူတို့သည်
သူတစ်ပါး၏ အရာမဖြစ်နေလျှင် အပြစ်မှလွတ်တန်ကောင်းသည်ဟု ထင်မိပါသည်
ယောက်ျားက မိန်မကို
မိန်းမက ယောက်ျားကို ဖြစ်ခဲ့လျှင်လည်း သူတစ်ပါး၏ အိပ်ယာ ဖြစ်နေပါလျှင် အပြစ်ဖြစ်မည်မဟုတ်ပါလား။
ကိုယ်ကြိုက်ရာကို သာစွတ်ပြောတာဟာ လုံးဝမတရားပါ
ဒါ့ကြောင့် နောက်နောင် ရွာထဲမှာ လိင်တူချစ်သူတွေကို
ထိကပါးရိကပါးလုပ်လာသူ မည်သူ့ကိုမဆို
ကျွန်ုပ် မိုက်ကယ်ဂျော်နီအောင်ပု မှအသက်နှင့်လဲ၍ကာကွယ်သွားမည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။

56 comments

  • bigcat

    June 2, 2011 at 2:29 am

    မိုက်ကယ်ဂျော်လကီအောင်ပုကွ……..

  • santds

    June 2, 2011 at 3:32 am

    လူရယ်လို ့ဖြစ်လာပြီဆိုရင် လူ့ကျင့်ဝတ်ကိုတော့ လေးစားသင့်တယ်လို ့ ထင်ပါတယ်။
    သဘာဝတရားကြီး ဖောက်ပြန်ရင် ဒုက္ခရောက်ကြရသလိုပဲ လူ ့ကျင့်ဝတ်ဖောက်ပြန်ရင်လည်း
    လွှဲမှားတဲ့ အနေအထားတွေနဲ ့ဖောက်လွှဲဖောက်ပြန်ဖြစ်ကုန်နိုင်ပါတယ်။ လွတ်လပ်မှုဆိုတာ
    နေရာတိုင်းမှာ မကောင်းပါဘူး။

  • Ko Ko Aung

    June 2, 2011 at 3:35 am

    ကျွန်တော်လဲ ညကများသွားရင်
    အဲသလိုပဲလျှောက်ပြောတတ်ပါတယ်။ ( ကိုယ်ချင်းစာခြင်း )

    ကိုအောင်ပုက ဟိုတနေ့ကပြောထား တဲ့အတိုင်းဆိုရင် ဟိုဥစ္စာလုပ်တဲ့နေရာမှာ express တဲ့။
    သူ့အဖို့မှာတော့ အဲသလိုလုပ်ပြီးမှ ဟိုဒင်းပြုရင်
    ကိုယ့်ဖက်ပြန်မလှည့်လာတော့ဘူးပေါ့ ။ ( ဆက်စပ်တွေးခေါ်ခြင်း )

    ကိုအောင်ပု ရေ။ ပျော်လို့နောက်တာနော်။ ကျွန်တော့ကိုတော့ ချမ်းသာပေးပါ 🙂 🙂

  • ဆူး

    June 2, 2011 at 4:37 am

    ကျွန်ုပ် မိုက်ကယ်ဂျော်နီအောင်ပု မှအသက်နှင့်လဲ၍ကာကွယ်သွားမည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။

    ‘ဒါနဲ့ စကားမစပ် ဘကြီးပု ရဲ့ အသက်က ဘယ်သူလဲဟင်.. 🙂
    ဘကြီးပု နဲ့ အဲဒီ မှာ တူတူအမြဲ ရှိနေတာလား။ အချိန်မရွေး အလဲအလှယ် လုပ်လို့ ရအောင် အနားမှာ ရှိနေတာလား။

  • cobra

    June 2, 2011 at 5:48 am

    ကိုပုရဲ ့စိတ်ဓာတ်ကိုတကယ်လက်ခံပါတယ်…။
    လိင်တူချစ်သူလဲလူပါပဲ..
    ကျွန်တော်တို့ကြိုက်တာကိုကျွန်တော်တို့်လုပ်သလို
    သူတို့ကြိုက်တာကိုလည်းသူတို့လုပ်ခွင့်ရှိရမှာပေါ့လေ…..
    ဒါကိုသွားပီးပိတ်ပင်နေလို့မှမရတာ…။

    • etone

      June 2, 2011 at 8:06 am

      လိင်တူချစ်သူတွေ ကိုယ်ကြိုက်တာ ကိုယ်လုပ်တာက အရေးမကြီးဘူးဟ … ။
      ဒင်းတို့ ယောကျာ်းတွေရှားလာတိုင်း မိန်းမတွေ ရင်ထုပြီး လင်လုရမယ် ချည်းခဏခဏ ဟစ်နေလို့ ပြောနေရတာ … ။

      • Phyo

        June 2, 2011 at 9:55 am

        ဒီထဲမှာ သတိထားမိတာ တစ်ခုက မိန်းမယူထားတဲ့ ယောက်ျားတိုင်းကို မိန်းမချည်းပဲ ကြိုက်နေတယ်ဆိုရင်တော့လည်း တစ်ခါမှားပြန်ရော… မိန်းမကြီးယူထားပြီး ကလေးပေါင်း မြောက်မြားစွာမွေးပြီး နောက်ကွယ်မှာ လိင်တူချင်းကိုမှ တပ်မက်နေတဲ့ ယောက်ျားတွေဟာလည်း သန်းပေါင်းများစွာပါပဲဗျာ… 🙂

  • လင်းဝေကျော်

    June 2, 2011 at 6:47 am

    ဝင်ဖတ်မိတော့ ဘာပဲဖြစ်ဖြစ်မန်းလိုက်ပါမယ်လေ။
    ဂျော်တို့အကြောင်း ဂျော်အပေါင်းနဲ့ ပျော်ပျော်ကြီးပြောကြပေါ့။၏
    ဂျော်တွေက လိင်မတူမှ စိတ်ဝင်စားတဲ့သူတွေကို လာနှောင့်ယှက်နေရင်ကော ဘာလုပ်မလဲ မစ္စတာဂျော်…?

  • Phyo

    June 2, 2011 at 7:38 am

    ကိုမိုက်ကယ်ဂျော်နီအောင်ပုရေးတာ ကောင်းသလိုလို ထင်ရပေမယ့် Gender အမြင်နဲ့ တကယ်တမ်း ပြန်စဉ်းစားကြည့်ရင် လိင်တူချစ်သူတွေကို စော်ကားသလိုလိုတောင် ဖြစ်ပါတယ်… ကျနော်လည်း ယောက်ျားပါပဲ… ကိုယ့်ကိုယ်ကို မိန်းမတယောက်လိုလည်း မမြင်ပါဘူး… ဒါပေမယ့် ကျနော်ရဲ့ လိင်စိတ်ခံယူမှုက ယောက်ျားအချင်းချင်းပဲ ချစ်တာပါပဲ… ကိုမိုက်ကယ်ပြောသလို ကျနော်လည်း သေးမတ်တပ်ပေါက်ပါတယ်… အကြောင်းသုံးပါးကို အခြေအနေရ လုပ်နိုင်တာပဲ… စဉ်းစားကြည့်မယ်ဆိုရင် မိန်းမတွေကရော မလုပ်နိုင်လို့လား… တချို့လုပ်နိုင်တဲ့ မိန်းမတွေမှ အများကြီးနော်… Gender အမြင်နဲ့ကြည့်ရင် သတ်မှတ်ချက်တွေပါ… ဘာပဲဖြစ်ဖြစ် ကိုမိုက်ကယ်ကိုတော့ အထူးပဲကျေးဇူးတင်ပါတယ်… လိင်တူချစ်သူတွေ အခွင့်အရေးကို လုပ်တယ်ဆိုတာကလည်း သူတို့ကို သနားဖို့ ငဲ့ညှာဖို့ မျက်နှာငယ် အသားနားခံ တောင်းဆိုတာမျိုး မဟုတ်ပါဘူး… လူအချင်းချင်း မခွဲခြားပဲ အချင်းချင်း အပြန်အလှန် လေးစားပေးဖို့ကို တောင်းဆိုတာပါ… လိင်တူချစ်သူတွေကလည်း သေချာကြည့်မယ်ဆိုရင် ညံ့ဖျင်းနေကြတာ မဟုတ်ပါဘူး… သူတပါးဆီမှာ လက်ဖြန့်တောင်းစားနေကြတာ မဟုတ်ဘူးလေ… အဲဒါကြောင့် လိင်တူချစ်သူမှ မဟုတ်ဘူး ဘယ်သူမဆို လူသားအချင်းချင်း အပြန်အလှန် လေးစားဖို့ကို တောင်းဆိုချင်တာပါ… အဲနီးဝေး ကိုမိုက်ကယ်ကို အထူးပဲ ကျေးဇူးတင်ပါတယ်ဗျာ… မတွေ့ဖူးပေမယ့် ခင်မင်ပါတယ်… မှားသွားတာများရှိရင်လည်း တောင်းပန်ပါတယ်နော် အားလုံးကို 🙂

  • apulay

    June 2, 2011 at 7:47 am

    အပုလေး က မိုက်ကယ်ဂျော်နီ အောင်ပု ဆိုတာ လူလို့ထင်နေတာ ။ တကယ်တမ်းကျတော့ ကိုမိုက်ကယ်က ဂဏန်းကြီးဖြစ်နေတာကိုး ။ ဂဏန်းဆိုတဲ့ အမျိုးက အမြဲတမ်း ကန့်လန့်တိုက်တယ်လေ ။
    စိတ်လေတယ် ကိုမိုက်ကယ်ရယ် ။ အပုလေး ကတော့ မိုက်ကယ်ဂျော်နီအောင်ပု ကို တိုင်းပြည် အုပ်ချုပ် မင်းလုပ်တဲ့သူ မဖြစ်ပါစေနဲ့လို့ ဆုတောင်းနေပါတယ် ။ လွဲမှားတဲ့ အတွေးအခေါ်တွေ အူကြောင်ကြောင် အယူအဆတွေ နဲ့ တိုင်းပြည်ကို အုပ်ချုပ်ရင် တော့……………..။

  • Phyo

    June 2, 2011 at 7:52 am

    အပုလေးကလည်း လူတွေက တယောက်နဲ့တယောက် မတူညီကြဘူးလေ… အဲဒီတော့ တယောက်ချင်းစီမှာလည်း မတူညီတဲ့ အမြင်တွေ မတူညီတဲ့ သဘောထားတွေ ခံစားချက်တွေ ကိုယ်စီကိုယ်ငှ ရှိကြမှာပေါ့… အပုလေး မကြိုက်တိုင်း အများသူငှာကို မကြိုက်ရဘူး မလုပ်ရဘူးလို့ လိုက်ပိတ်ပင်နေလို့ ဘယ်ရမလဲ… လွတ်လပ်စွာ ကွဲလွဲခွင့်ပေါ့… အဲဒီအပေါ်မှာကိုမှ ကိုယ်တွေက ဘယ်လိုမျိုး လူအချင်းချင်းကို နားလည်မှု ပေးနိုင်ကြမလဲဆိုတာ အရေးကြီးသလားလို့… အမြင်အချင်းချင်း ဖလှယ်ကြည့်တာနော်… ကိုယ့်စိတ်ထဲမှာ ရှိကြတဲ့အတိုင်း ပွင့်ပွင့်လင်းလင်း ပြောကြမှ အကောင်းဆုံးဆိုတာ ဖြစ်လာမှာပေါ့ဗျာ… 🙂

  • apulay

    June 2, 2011 at 9:16 am

    ဖြိုးဆိုလိုချင်တာကို အပုလေး သဘောပေါက်ပါတယ် ။ လူတွေမွေးဖွားလာရင် ယောကျာင်္း သို့မဟုတ် မိန်းမ ။
    နှစ်မျိုးထဲက တစ်မျိုးမျိုးပေါ့ ။ အဲဒီအထဲကမှ သဘာဝနဲ့ဆန့်ကျင်တာတွေလဲ ပါလာတတ်တယ် ။
    အတိတ် က အကြောင်းတရား ကြောင့် ဒါမှမဟုတ် အခြားအကြောင်းတခုခုကြောင့် ။ ထားလိုက်ပါတော့ ။
    မှားတော့ မှားနေတယ်မဟုတ်လား ။ အပုလေးက မှားနေတာကို နှိပ်ကွပ်ဖို့ဆိုလိုတာမဟုတ်ဘူး ။ ကိုယ့်ပတ်ဝန်းကျင်မှာ မှားနေတာရှိရင် တတ်နိုင်သလောက် ပြန်တည့်ပေးရမယ်လေ ။ မိုက်ကယ်ဂျော်နီအောင်ပု လိုတော့မြှောက်ထိုးပင့်ကော် မလုပ်သင့်ဘူးလေ ။ ဟုတ်တယ် မဟုတ်လား ။

  • Phyo

    June 2, 2011 at 9:53 am

    အပုုလေးက မှားနေတယ်ဆိုတာကို ဘယ်လိုမျိုး ဆိုလိုချင်တာလဲ မသိဘူးနော်… လိင်တူချစ်တာကို မှားနေတယ်လို့ ဆိုလိုတယ်ဆိုရင်တော့ လေ့လာလိုက်ပါဦးလို့ပဲ ပြောပါရစေဗျာ… လောကမှာ မိန်းမနဲ့ ယောက်ျား နှစ်မျိုးပဲ ရှိရမယ်လို့ရော ဘယ်သူတွေက သတ်မှတ်ထားခဲ့တာလဲ… မှားတယ် မှန်တယ်ဆိုတာကို ဘယ်လိုမျိုးနဲ့ တိုင်းတာတာလဲ ဆိုတာလည်း ရှိသေးတယ်လေ… အခု ခေတ်မီတိုးတက်ပြီး အသိအမြင်တွေ ဖွံ့ဖြိုးလာတာနဲ့အမျှ Gender ဆိုတဲ့ အမြင်သဘောထားအပေါ်မှာရော ဘယ်လိုမျိုး နားလည် သဘောပေါက်လည်း ဆိုတာပါ ပါလာတာပေါ့… Gender ဆိုတဲ့ သဘောတရားတွေကို နားလည်တယ်ဆိုရင်တော့ မှားတယ် မှန်တယ် ပြောတာဟာ ရှက်စရာ ကောင်းတဲ့ အတွေးအခေါ်တစ်မျိုး ဖြစ်သွားမှာလို့ပဲ ကျနော်ကတော့ မြင်တယ်… 🙂 နောက်ပြီးတော့ တွေးချင်စရာ ကောင်းတာတစ်ခုက သဘာဝဆိုတာ ဘာလဲပေါ့… သဘာဝအကြောင်းကို ဂဂဏဏမသိပဲ သဘာဝနဲ့ဆန့်ကျင်တယ် ပြောနေရင်လည်း လေပေါကြီးဖြစ်နေတတ်ပြန်ရော… 🙂

  • rabbit

    June 2, 2011 at 10:26 am

    ဘာတွေလဲဟင် .. ဘာတွေပြောနေကြတာလဲ … ကို ကိုယ်တိုင် တိုက်ရိုက်မသိသေးပဲ ဝင်ငြင်းနေကြမဲ့အစား သေချာသိသွားအောင် ကိုယ်တိုင် experience လေးအရင်ယူလိုက်ကြပါလားဟင်… (စော်ကားလိုခြင်းလုံးဝမရှိပါ .. မိမိသဘောထားအမြင်ကိုသာပြောခြင်းဖြစ်ပါသည်.. အမှားပါက ခွင့်လွှတ်ကြပါကုန် …)

  • noob

    June 2, 2011 at 10:33 am

    မိုက်ကယ် ကြီးက ကာကွယ်ပေးသလိုလိုဘာလိုလိုနဲ ့ နောက်ဆုံးတော့ သူ အပုန်းဆို တာကို သွယ်ဝိုက်ပြီးပြောသွားတယ် ကြိုက်တဲ့သူကို ချစ်ပါ (စိတ်ချမ်းသာစရာကြီးပဲကို) ယောကျာ်းလေ တယောက်အနေနဲ ့တော့ မိန်းကလေးတယောက်တလေကို မှစိတ်ဝင်စားမှုမရှိဘူးဆိုရင် တေပြီပဲ (ယောကျာ်းလေမွေးရကြိုးမနပ်ဘူးလိုဆိုရမလားပဲ ) တချို ဟိုမို တွေက မိန်းကလေတွေကို (ဘယ်လောက်ချောချော) စိတ်မဝင်စားလို နောက်ဆုံး အဘိုးကြီးသာဖြစ်သွားတယ် ပြုစုမဲ့ သားသမီးတယောက်တလေ တောင်မရှိပဲ ရှောသွားမယ်

    • Phyo

      June 8, 2011 at 5:49 am

      အဲလို ဆိုစတမ်းဆိုရင် လူပျိုကြီးတိုင်းက ဟိုမိုတွေပေါ့… လူပျိုကြီးတိုင်းလည်း ဟိုမို မဖြစ်နိုင်သလို ဟိုမိုတိုင်းလည်း လူပျိုကြီး မဖြစ်နိုင်ပါဘူး… နောက်ပြီးတော့ ယောက်ျားနဲ့မိန်းမ အိမ်ထောင်ပြုတဲ့ သူတိုင်းလည်း သားသမီးမရနိုင်သလို သားသမီးတွေ အများကြီးမွေးပြီးတော့လည်း အိုနာလို့ အသက်ကြီးတဲ့အချိန်မှာ ဒုက္ခဆင်းရဲဖြစ်ပြီး နေကြရတဲ့သူတွေမှ အများကြီး… ကဲ ဘယ်အရာက မြဲတယ်ဆိုတာ ရှိလို့လဲ လောကကြီးမှာ… ရှိရင် အချက်နဲ့ အလက်နဲ့ တိတိကျကျ ပြပါ… 🙂

  • king

    June 2, 2011 at 10:54 am

    ငါလည်း ဘာရေးရင် ကောင်းမလဲ
    သေချာတာတစ်ခုကတော့ လိင်တူစိတ်ဝင်စားမှုတွေများလာရင် ….
    ငါကြိုက်တဲ့မိန်းကလေးကို ပြိုင်လိုက်မယ့် လူနည်းသွားပြီ
    😛 😛 😛

  • yyin123

    June 2, 2011 at 12:00 pm

    သူများတွေမန့် လို့ ဝင်ပြီးမန့်လိုက်ပါတယ်။ အမြင်ကျဉ်းတယ်ပဲပြောပြော အဲဒီ သဘာဝတရားနဲ့ဆန့်ကျင်တဲ့ လိင်တူဆက်ဆံခြင်းကိုတော့ လုံးဝ လုံးဝ မကြိုက်ပါ။ ကန့်ကွက်ပါတယ်။ စဉ်းစားကြည့်ရင်တောင် ကြက်သီးထစရာကြီး … ဘယ်လိုများ စခန်းသွါးကြပါလိမ့် … 😀 😀
    ဲပြန်ပြီး စဉ်းစားကြည့်ပါဦး။ ဘယ်မိဘက ကိုယ်မွေးတဲ့ သါးသမီးကို ဒါမျိုး ဖြစ်စေချင်မှာလဲ။ သား/သမီးကေါင်း ရတနာပဲ ဖြစ်စေချင်မှာပေါ့….

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 2, 2011 at 12:31 pm

    ဒီလိုရှိတယ်မိတ်ဆွေတို့ရဲ့
    အမှန်မှာဆို ဒီအကြောင်းတွေက သေသေခြာခြာဆင်းစားကြည့်ရင်
    လူတစ်ဦးရဲ့သဘောသဘာဝကို ကိုယ်နဲ့မတိုက်ဆိုင်တိုင်း ထိုသူကို ဆန့်ကျင်သူသည်သာလျှင်
    အမှားလို့ကျွန်တော်ကမြင်တယ်ဗျ
    ဒီလိုလေ
    လူသားတွေရယ်လို့ဖြစ်လာကြတဲ့အခါ
    လိင်ဆက်ဆံမှုဆိုတာကလူ့ဘဝကြီးရဲ့ ကြီးလေးတဲ့အခန်းကဏ္ဍကြီးတစ်ခုအဖြစ်ဖြစ်
    ပါဝင်နေမယ်ပါတယ်လို့ပြောရင် လွန်မလားဗျ
    ယဉ်ကျေးပါပေ့ သန့်ရှင်းပါပေ့ဆိုတဲ့လူသားတွေများ
    လိင်နဲ့ပတ်သက်လာရင် ကွယ်ရာမှာ ဘယ်လိုများ အိန္ဒြေပျက်ကြတယ်ဆိုတာကို
    အထူးတော့မပြောခြင်တော့ပါဘူးနော
    တစ်ချို့များ ထမီတန်းအောင်ဝင်ရင် ဘုန်းနိမ့်တယ်တို့ဘာတို့ ကြီးကျယ်ကြပြီး
    လိင်ဆက်ဆံတဲ့အခါတွေမှာများ ကိုယ့်ကိုယ်ကိုယ်သိကြမှာပါနော
    ဥပမာ အမျိုးသားသည် အမျိုးသမီးကို
    အမျိုးသမီးသည် အမျိုးသားကိုသာ တက်မက်ခြင်းက သဘာဝပါလို့
    ဘယ်သူက ဘာ့ကြောင့်ဘယ်နေရာမှာ အတည်ပြုထားသလဲ ( ခိုင်လုံတဲ့အကြောင်းကိုပြပါ )
    ဒီနေရာမှာမြင်တတ်ရမှာက တက်မက်မှုခြင်းတူကြတာဘဲ
    ဒါကိုများ ကိုယ့်ရဲ့တက်မက်မှုကမှ မှန်ပါတယ်ဆိုတာကတော့
    ခင်ဗျားတို့ သေသေခြာခြာ ဆင်းစားကြပေတော့
    နောက်တစ်ခုက ကဲ
    ခင်ဗျားတို့ပြောသလို
    အမျိုးသားသည် အမျိုးသမီးကို
    အမျိုးသမီးသည် အမျိုးသားကိုသာ အမှန်လို့ဆိုပါဆို့
    ကာမပိုင်ရှိသော သူကို ပြစ်မှားရင်
    အလိုမတူသူကိုပြစ်မှားရင်
    ခံရမဲ့အပြစ်က အတူတူပါဘဲ
    ထားပါတော့ အရပ်စကာနဲ့ပြောပါမယ်
    အခြောက်တစ်ယောက်ဟာ လိင်ကိစ္စတွက် သူ့ကိုလက်ခံနိုင်တဲ့ သူနဲ့သဘောတူတဲ့သူနဲ့
    လွပ်လပ်စွာဆက်ဆံခွင့်ရှိတယ်လို့ကျုပ်ကမြင်တယ်
    တစ်ယောက်နဲ့တစ်ယောက် သဘောတူတိုင်း
    ပြည်သူနဲ့သက်ဆိုင်တဲ့ မြင်ကွင်းမှာ လိင်ဆက်ဆံခွင့်မရှိသလို
    ခင်ဗျားတို့ပြောကြတဲ့
    အမျိုးသားသည် အမျိုးသမီးကို
    အမျိုးသမီးသည် အမျိုးသားကို လို့ဆိုတဲ့ သဘာဝတရားထဲက လိင်ဆက်ဆံတဲ့သူတွေဟာဆိုရင်လည်း
    ဒီလိုပါဘဲ
    ရှင်းရှင်းပြောရရင်
    မည်သည့် လိင်ဆက်ဆံမှုမျိုးမဆို အများရဲ့မြင်ကွင်မှာ သက်ဆိုင်ရာ
    တိုင်းနိုင်ငံတွေရဲ့တည်ဆဲဥပဒေနဲ့အညီနေထိုင်ရတာဘဲမဟုတ်လားဗျာ
    ဒါ့ကြောင့် သူ့ရဲ့စိတ်ဝင်စားမှု့က သူ့ရဲ့အခွင့်ရေးလို့ကျုပ်ကတော့မြင်တယ်
    ဘာသာရေးရှု့ထောင့်ထဲကနေ အကျဉ်းချုံးပြီးပြောရရင်
    လိင်တူခြင်းမှမဟုတ်
    အမျိုးသားသည် အမျိုးသမီးကို
    အမျိုးသမီးသည် အမျိုးသားကို
    မည်သူမဆို အလိုမတူဘဲ သို့မဟုတ် ပြစ်မှားသောစိတ်ဖြင့် ပြုမူကြရင်
    ကိုယ့်စိတ်လေးနက်မှု့အပေါ်ကိုမူတည်ပြီးတော့ အပြစ်ဖြစ်ကြတာဘဲမဟုတ်ပါလားရှင်
    ဟုတ်ပါဘူး ယောင်လို့ ဗျာ

  • shweminthar

    June 2, 2011 at 2:42 pm

    ကျနော်တို့အားလုံးက ပါတ်ဝန်းကျင်တစ်ခု တည်ထောင်နေကြရတာပါ။
    ကမ္ဘာ ကြီးက အကျယ်ကြီးဆိုပေမယ့် ကိုယ်နေတဲ့ နေရာ ကိုယ် ဆက်ဆံတဲ့ သူတွေနဲ့ ကိုယ့် ပါတ်ဝန်းကျင် ကိုယ့်ပိုင်ကမ္ဘာ ငယ်လေးကို ကိုယ့် စိတ်ကြိုက်တည်ထောင်နေကြရပါတယ်။
    သူလဲ သူနဲ့ တူရာတူရာ စု ပြီး သူကြိုက်တာ သူလုပ်
    ကိုယ်လဲ တူရာတူရာစုပြီး ကိုယ်ကြိုက်တာ ကိုယ်လုပ်
    လိုင်းတွေပူးကုန်တော့ အဲဒီမှာ စတာဘဲ…..
    အများလက်မခံရင်တော့ အားလုံးနဲ့ အဆင်ပြေအောင် ကိုယ့်ကိုလက်ခံမယ့် နေရာကို ရွှေ့ကြပေါ့။
    အများလက်ခံတဲ့ နေရာ မှာ တူရာတူရာစုနေကြပေါ့။

  • pooch

    June 2, 2011 at 3:36 pm

    အဲတော့ ဘာတွေပြောနေ ကြတာလဲ သိဘူး 😛

  • ကော်ရကို ကျော်ရကိုက်တာ ကိုယ်ရကိုယ်လော်ရကုပ်လေ။
    သော်ရကူမျော်ရကားကို ဆိကျန်မနေနဲ့ပေါ.
    ်ဆူသန်ဆားမြန်ကိုလဲ မဆော်ရကွယ်နဲ့။

    ဆိုကန်ဆိုက်ကျန်ရင် ် ဆုတ်လန်လိုက်ရုံဘဲပေါ့။
    သိုက်ဒူမြိုက်ဒါးကို ဂရော်ရကု စော်ရကိုက် မနော်ရကေနဲ့နော်။
    ဆုတ်ဟန်တယ်နော်။

    • eros

      June 3, 2011 at 4:30 am

      ဘာသာပြန်ပေးပါ။

    • R Ga

      July 18, 2011 at 4:31 pm

      ကောရကို ပေါ်ရကောက် က လည်း လာရှိကုပ် ပရှိပြန်ပြီ..။
      အစရှိဘန်း တရှီဘွေ..။

  • unclegyi1974

    June 2, 2011 at 5:03 pm

    ကိုပုုရေ ကိုပေါက်ကလင်တူဂါထာတဲ့ရေးသွားပြီ
    အတော်စွမ်းတယ်လို့ပြောသံကြားပါတယ်
    ဟုတ်မဟုတ်လက်တွေ့ရွတ်ကြည့်လိုက်တော့နော်

  • Yin Nint

    June 2, 2011 at 5:07 pm

    အဲ့ဒါပဲဗျ တစ်ချို့လူတွေကလိင်တူခြင်းဆက်ဆံရင်ကိုပဲအခြောက်ထင်နေကြတာ ဂျော်တို့ဘာတို့ခေါ်ပီးတော့ အထင်သေးတာလိုလို မတန်သလိုလို ရွံ့တာလိုလိုနဲ့ တစ်ကယ်တော့လိင်တူချင်းဆက်ဆံတဲ့သူလည်းလူပဲ လိင်ကွဲဆက်ဆံတဲ့သူလည်းလူပဲ ဒါကြောင့်မို့ကျွန်တော်ကတော့ ယောက်ကျားရော မိန်းမရော အခြောက်ရော အကုန်လုံးကိုလူလို့ပဲမြင်ပါတယ် ဒါကြောင့်မို့လူလိုပဲဆက်ဆံပါတယ် ကျွန်တော့်သဘောထားကိုဝင်ရောက်ဆွေးနွေးခြင်းဖြစ်ပါတယ်

  • KoNyeinChan

    June 2, 2011 at 5:32 pm

    ဟာ… ဒါ့ကြောင့် ပုပု စမူဆာ စားတာကိုး…. 😀 😀

  • leonus007

    June 3, 2011 at 3:40 am

    လိင်တူ ဆက်ဆံ ခြင်းဆို တာက ဘာသာတိုင်း ရဲ ့ပညတ်ချက် အရ တော့တားဆီးထားတာပဲ။ ကာမပိုင် ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အကျုံးဝင်တာပဲ။ နိုင်ငံ တွေရဲ ့ဥပဒေအရလဲ ကွယ်ရာမှာ လိင်တူဆက်ဆံ ခြင်းကို မတားဆီးနိုင်ပေမဲ့ လိင်တူ လက်ထပ်ခြင်းကို တားဆီးတဲ့ ဥပဒေ ရှိတဲ့ နိုင်ငံတွေ အများကြီးပါ။ သဘာဝ အရလဲ မဖြစ်သင့်တာ အမှန်ပဲ။ သဘာဝတရား ဆိုလို ့သဘာဝတရားကို ဂဃနဏ မသိပဲ ပြောတယ်လို ့တော့ မပြောပါနဲ ့ သဘာဝ တရားကို ဂဃနဏ သိတဲ့သူ လောကမှာ မရှိပါဘူး။ အခု သိပ္ပံပညာရှင်တွေ စူးစမ်းလေ့လာ ပြီး အသစ် အသစ် တွေ ဖေါ်ထုတ်နေတာတွေက မသိသေးတဲ့ သဘာဝတရား ထဲက အရာတွေပါ။
    လိင်တူဆက်ဆံခြင်း ဆိုတာက ဦးနှောက်က တည်ဆောက်ပုံ မှားယွင်းပြီး လုံးဝ စိတ်မထိန်းထားနိုင်တဲ့သူ၊ လိင်ဆက်ဆံခြင်းမှာ အခြေအနေမရွေး တဲ့သူ တွေပဲလုပ်တာပါ။ လိင်တူဆက်ဆံတိုင်း မိန်းမလျာ၊ ယောကျင်္ား လျာတော့မဟုတ်တာတွေ တွေ ့ဖူးပါတယ်။
    သေချာတာကတော့ ဒီအမူအကျင့်တွေဟာ လူမှုရေးကို သွယ်ဝိုက်ပျက်စီးစေတာပဲ။ လူ ့အသိုင်းအဝိုင်းမှာ ပေါ်ပေါ်ထင်ထင် လက်ခံ လာခြင်းကို တော့ လုံးဝ ကန် ့ကွက်ဆန် ့ကျင်ပါတယ်။

  • Phyo

    June 3, 2011 at 5:04 am

    ဒီထဲမှာ လိင်တူဆက်ဆံခြင်းကို ဦးနှောက်တည်ဆောက်ပုံမှားယွင်းတာတို့ စိတ်မထိန်းထားနိုင်လို့တို့ သဘာဝမဟုတ်ဘူး မှားနေတဲ့ လူတွေလို တော်တော်များများ ရေးသားထားတာတွေ့ရတယ်… လေ့လာလိုက်ပါ… WHO (ကမ္ဘာ့ကျန်းမာရေးအဖွဲ့) က ၁၉၉၁ခုနှစ် မေလ ၁ရ ရက်နေ့ကတည်းက လိင်တူချင်းချစ်တာ ရောဂါတစ်ခု မဟုတ်ပါဘူး… သဘာဝတရားအရ လိင်စိတ်ခံယူမှုတစ်ခုသာ ဖြစ်တယ်ဆိုတာကို အတည်ပြုပြီးသား ဖြစ်ပါတယ်… ကဲ WHO အဖွဲ့ကိုတောင် မှားနေတယ်လို့ ပြောမယ့် သူများရှိဦးမလားမသိဘူး… တကယ့်လေ့လာမှုမရှိပဲ ထင်ရာမြင်ရာတွေကို ရမ်းသမ်းပြောဆိုတာထက် ကိုယ်ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အကြောင်းအရာတစ်ခုကို ပြောမယ်ဆိုရင်တော့ လေ့လာပါလို့ပဲ ပြောဆိုပါရစေဗျာ… 🙂
    လိင်တူချစ်သူတွေရဲ့ အကြောင်းအရာတွေကို လေ့လာချင်တယ်ဆိုရင် မြန်မာလိုနဲ့ http://www.coloursrainbow.com မှာ တင်ပြပေးထားပါတယ်… တစ်ကမ္ဘာလုံးက လိင်တူချစ်သူတွေရဲ့ သတင်းတွေကို တင်ထားပေးတာပါ.

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 3, 2011 at 5:22 am

    တဏှာ ကာမနဲ့ လိင်ဆက်ဆံတာခြင်း အတူတူကိုတောင်
    သူတို့ရဲ့ လိင်ဆက်ဆံခြင်းကမှ မှန်တယ်ဆိုတဲ့
    အတ္တဝါဒီတွေနဲ့ပြိုင်ပြီး ပြောမနေပါနဲ့ ဖြိုးဖြိုးရယ်
    ကိုယ့်လိုအပ်မှုကို ကိုယ်အဆင်ပြေသလို
    အပြစ်မရှိအောင် ဆောင်ရွက်ရုံဘဲရှိတယ်
    လင့် ကိုပေးလို့ကျေးဇူးပါနော်
    တစ်နေ့များကြရင်တွေ့ကြမယ်နော်..
    နော်..လို့

  • phyoshein

    June 3, 2011 at 5:01 pm

    ဒါက ဒီလို ရှိပါတယ်.. ဟိုဟာက ဟိုလိုရှိပါတယ်…
    ဒီလိုပါ….
    ကမ္ဘာလောကကြီးကို အချစ်နဲ့ တည်ဆောက်ထားတယ်လို့ဆိုပါတယ်..
    ဘယ်လို အချစ်မျိုးနဲ့များ တည်ဆောက်ထားတယ်လို့ထင်ပါသလဲ..
    အမျိုးသားနဲ့ အမျိုးသမီးနဲ့ နှစ်ဦးကြားက ချစ်ခြင်းမေတ္တာနဲ့ တည်ဆောက်ထားတာပါ…
    ဘာကြောင့်ဆို… အဲဒီ ချစ်ခြင်းမေတ္တာကြောင့်သာ ခင်ဗျားတို့ ကျွန်တော်တို့ လူဖြစ်လာကြရတာလေ…
    အဲဒီလို လူတွေ လူတွေ… သန်းပေါင်းများစွာ ဖြစ်လာဖို့…. ယောက်ျားအချင်းချင်း.. မိန်းမအချင်းချင်း ချစ်နေကြလို့ပြီးမှာလား..
    ယဉ်ကျေးသော..လူ့အဖွဲ့အစည်းတစ်ခုမှာ ဘာတွေလိုအပ်တယ်လို့ထင်ပါသလဲ…
    အမျိုးကောင်းသား.. အမျိုးကောင်းသမီးတွေ လိုအပ်ပါတယ်..
    အဲဒီ အမျိုးကောင်းသား သမီးတွေကသာလျှင် လူ့အဖွဲ့အစည်းကို မြင့်သည်ထက်မြင့်အောင်.. ဆောင်ရွက်ပေးနိုင်တာပါ…
    ကျွန်တော်တို့ လူ့ပတ်ဝန်းကျင်ကို ကောင်းကျိုးမပြုဘူးဆိုရင်… အဲဒီအရာကို ကျွန်တော်တို့ ဝန်းကျင်ကနေ ဖယ်ထုတ်ဖို့.. သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူတိုင်း.. သို့တည်းမဟုတ်.. ကမ္ဘာမြေပေါ်နေ လူသားအားလုံးမှာ တာဝန်ရှိပါတယ်.. ဥပမာ.. ပလတ်စတစ် လို ဟာမျိုးကအစ…ကျွန်တော်တို့ဖယ်ထုတ်ပစ်ရပါမယ်..
    ဒါကြောင့် လူ့အဖွဲ့အစည်း၏ ယဉ်ကျေးမှုသရုပ်သကန်ကို ပုံစံပျက်စေသော အပြုအမူများဖြစ်သည့် လိင်တူချင်းချစ်တာကို အပြင်းအထန်ကန့်ကွက်ပါတယ်… ကန့်ကွက်ရပါမယ်..
    မိမိနှင့် မိမိပတ်ဝန်းကျင်ကို မထိခိုက်ရင်.. မိမိကိုယ်ပိုင်ခံစားချက်ကို အကောင်အထည်ဖော်ပိုင်ခွင့်ရှိပါတယ်..
    မိမိနှင့် မိမိပတ်ဝန်းကျင်ကို ထိခိုက်ရင်.. မိမိကိုယ်ပိုင်ခံစားချက်ပင်ဖြစ်လင့်ကစား… ပြုမူပိုင်ခွင့်မရှိပါ….
    မိမိခံစားချက်ကို ဘေးချိတ်ပြီး… အများအကျိုးကို ဆောင်ရွက်ရပါမယ်..
    လိင်တူချင်း ချစ်တယ်ဆိုတာ.. ခင်ဗျားတို့ကိုယ်တိုင်ကို အရင်ဆုံးထိခိုက်ပါတယ်… မိမိရဲ့ စိတ်ဓာတ်… တန်ဖိုး… ဘဝ… ပြီးတော့.. ခင်ဗျားတို့ မိသားစုရဲ့ ဂုဏ်သိက္ခာ.. သမိုင်း.. ကို ထိခိုက်နစ်နာစေပါတယ်..
    ဒါကြောင့် မည်သူပင်ဖြစ်စေ.. အဲဒီစိတ်ကို ထိန်းချုပ်ပြီး.. မိသားစုနဲ့ ဆွေမျိုးအသိုင်းအဝိုင်းအတွက်.. မိမိဆန္ဒကို ချိုးနှိမ်ရပါမယ်.. ဒါမှလည်း မိမိရဲ့ မိခင်နဲ့ ဖခင်အတွက်.. မွေးရကျိုးနပ်သော သားကောင်းသမီးမွန်ဖြစ်ပါလိမ့်မယ်..
    ဒါကြောင့် ခင်ဗျားတို့ ဆန္ဒကို အကောင်အထည်ဖော်ဖို့ ဟိုအကြောင်းပြ..ဒီအကြောင်းပြတွေကို ရပ်ဆိုင်းပါ..
    ပတ်ဝန်းကျင်ကလည်း သူတို့လိုလူတွေနည်းနိုင်သမျှနည်းအောင်.. ထိုထို အပြုအမူတွေကို ဆန့်ကျင်ရပါမယ်… တလောက ယောက်ျားမယ်ပြိုင်ပွဲတွေ ဘာတွေကို ကြီးကြီးကျယ်ကျယ်လုပ်.. ခွေတွေဖြန့်.. ဒါကို လူတွေကကြည့်.. မိမိပတ်ဝန်းကျင်ကို ဖျက်ဆီးမိမှန်းမသိ ဖျက်ဆီးနေကြတာပါ..
    မိမိနိုင်ငံကို ပျက်စီးစေမှန်းမသိ ပျက်စီးစေနေတာပါ…
    မိမိတိုင်းပြည်ကို တည်ဆောက်ရာမှာ.. အုပ်ချုပ်သူအစိုးရအပြင် မိမိမှာလည်း တာဝန်အပြည့်အဝရှိပါတယ်..
    ခေါင်းဆောင်တွေကို ခေါင်းမရှိဘူး ခေါင်းမရှိဘူးနဲ့.. ပြောနေကြတာ..
    အဲဒီ ခေါင်းမရှိတဲ့ လူကြီးတွေ လုပ်သမျှခံနေရတဲ့ ကျုပ်တို့က ပိုပြီးခေါင်းမရှိသလိုဖြစ်ပါတယ်..
    အုပ်ချုပ်ခံပြည်သူတွေ ခေါင်းရှိရင်.. အုပ်ချုပ်သူအစိုးရခေါင်းမရှိလို့မဖြစ်ပါဘူး..
    ဘာကြောင့်ဆို..လက်ရှိစစ်အုပ်ချုပ်ရေးကလူတွေကို အမေရိကန်ပြည်ထောင်စုရဲ့ ပြည်နယ်လေးတစ်ခုကိုပဲ အုပ်ချုပ်ခိုင်းကြည့်ပါ… ထိန်းချုပ်လို့ရနိုင်မယ်များထင်နေသလား..
    ဒါကြောင့် ကျွန်တော်တို့နိုင်ငံသားအားလုံး ခေါင်းရှိဖို့လိုပါတယ်.. ခေါင်းဆောင်ကောင်းတွေ မွေးထုတ်ဖို့လိုပါတယ်.. ဒါကြောင့်ပဲ.. ခေါင်းဆောင်ကောင်းတွေ ဖြစ်မလာနိုင်စေတဲ့ … စိတ်ဓာတ် နိမ့်ဆင်းစေတဲ့.. ခင်ဗျားတို့ရဲ့ လိင်တူချစ်တာကို အပြင်းအထန်ကန့်ကွက်ပါတယ်.. ဖြစ်နိုင်ရင် ဥပဒေထုတ်ပြန်ပြီးတားမြစ်သင့်ပါတယ်.. တိုင်းပြည်တိုးတက်ဖို့ပါ…လူ့ယဉ်ကျေးမှုတိုးတက်ဖို့ပါ..

    ( ကိုဂျော်နီကို ဒီပို့စ်အတွက် ကျေးဇူးတင်ပါတယ်.. ကိုဂျော်နီက နောက်တီးနောက်တောက်ရေးရာက..
    အချို့အချို့တွေရဲ့ သဘောထားကိုသိရပြီး.. ဒါတွေက တိုင်းပြည်ကို ဘယ်လောက်တောင်နစ်နာစေတယ် ဆိုတာ ပြောပြခွင့်ရလို့ပါ…)

    • Phyo

      June 6, 2011 at 4:43 am

      ဒီလိုစိတ်ဓါတ်ရှိတဲ့ အတွေးအခေါ်ရှိတဲ့ သူမျိုးသာ နိုင်ငံခေါင်းဆောင်များ ဖြစ်လာရင်တော့ သူပြောသွားတဲ့ လူမှုပတ်ဝန်းကျင် နိုင်ငံတော်ကြီး တိုးတက်ပြောင်းလဲဖို့ဆိုတာ ဖြစ်နိုင်ပါ့မလားမသိ… စဉ်းစားစရာပဲ… အတွေးအခေါ်ကလည်း အံ့ဩပါ့ 🙂

      • bigcat

        June 6, 2011 at 5:02 am

        ဒီအတွက်တော့ မပူပါနဲ့ ဖြိုးရယ်။ အခုနိုင်ငံတော်အစိုးရ လူကြီးမင်းများက ဖြိုးတို့အကြိုက် ချိတ်ထမီအရောင်စုံဝတ်ပြီး စတင်ပြောင်းလဲဖို့ ကြိုးစားနေကြပါပြီ။ ခက်တာက ဖြိုးတိုလို ခါးမှာပတ်ပြီးဝတ်လိုက်ရင် ဗိုက်ထွက်တာ ပိုသိသာနေတယ်။ ပြည်သူများ သိပြီးတုန်လှုပ်ခြောက်ခြားသွားရင် တိုင်းပြည်အေးချမ်းတည်ငြိမ်မှု ပျက်ဆီးနိုင်လို့ ကြားတဆင့်ခံပြီး ပုဆိုးအဖြစ် ဝတ်ထားကြပါသေးတယ်။ တဖြည်းဖြည်းနဲ့ အဝတ်အစားသာမက လူရောစိတ်ပါ ပြောင်းလဲသွားကြမှာပါ။ ရှည်တယ်ဆိုတာ ဖြိုးတို့အကြိုက်မိုလို့ စိတ်ကိုရှည်ရှည် ထားပါကွယ်…

        • Phyo

          June 6, 2011 at 5:17 am

          အဲဒီအတွေးကိုက ကိုဘစ်ကက် မှားနေတာဗျ… လိင်တူချင်းကြိုက်တာနဲ့ မိန်းကလေးလို ပြုမူဝတ်စား နေထိုင်တယ်ဆိုတာကိုက ရှေးရိုးစွဲ အမြင်တွေ ဖြစ်နေတာဗျ… ကျနော်က လိင်တူချစ်တယ်… ယောက်ျားလေး အချင်းချင်းကိုပဲ ချစ်တယ်… ဒါပေမယ့် မိန်းကလေးလို ဝတ်စားဆင်ယင် နေထိုင်တာမဟုတ်ဘူးဗျ… မိန်းကလေးလို ဝတ်စားဆင်ယင် နေထိုင်ရတာကိုလည်း မနှစ်သက်ပါဘူး… ကိုယ့်ကိုယ်ကို မိန်းကလေးတယောက်လိုလည်း မခံစားရဘူးဗျ… ချိတ်လုံခြည်ဆိုတာနဲ့ ထမိန်ဖြစ်ရမယ်လို့ ဘယ်သူက ဥပဒေအတိအကျနဲ့ သတ်မှတ်ထားလို့လဲဗျ… သတ်မှတ်ချက်တွေ အားလုံးက လူတွေရဲ့ စိတ်ကြိုက် ပုံစံသွတ်သွင်းထားတဲ့ သတ်မှတ်ချက်တွေချည်းပဲလေ… အဲဒါတွေကြောင့်ပဲ အခုခေတ်ကာလ အတိုင်းအတာနဲ့ စဉ်းစားပြီးတော့ ပုံစံခွက်တွေကို ပြင်သင့်တာပြင် လက်ခံသင့်တာ လက်ခံရမှာက လူမှုရေးအသိုင်းအဝိုင်းကြီးကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နေတဲ့ သူတွေအတွက် အရမ်းကို အရေးကြီးတဲ့အချက်ပဲလေ… အခုဏကပြောတဲ့ ချိတ်လုံခြည်ဆိုတာကိုရော သဘာဝက သူ့အလိုလို ဖန်တီးထားတာလား လူတွေက လုပ်ဆောင်ပြီးမှ ပုံစံသွတ်သွင်းတာလားဆိုတာ ရှင်းနေတာပဲလေ… Homosexual is not a Sickness but Homophobia is ….

  • bigcat

    June 6, 2011 at 5:23 am

    ဒါဆို ဘဘကြီးတို့ခင်မျာ ထမိန်ဆင်ဝတ်လိုက်ရတာပဲ အဖတ်တင်သွားတာပေါ့၊ ရက်စက်လိုက်တာ ဖြိုးရယ်… ဒါထက် ဖြိုးရေးလိုက်တဲ့ Homophobia ဆိုတာ စစ်တပ်ကို ပြောတာလားဟင်။ ဒီဆိုက်မှာ တဖက်သားကို ပုဂ္ဂိုလ်ရေး ဝေဖန်တိုက်ခိုက်မှု မလုပ်ရဘူးကွဲ့။

  • Phyo

    June 6, 2011 at 5:41 am

    အစ်ကိုကလည်းဗျာ ကျနော်ရေးတဲ့ထဲမှာ သဘောတရားတွေပဲ ပါတယ်… ဘယ်သူ့ ဘယ်ဝါ ပုဂ္ဂိုလ်ရေး တပ်ထားတာ တစ်ခုမှ ပါဝင်မနေပါဘူး… Homophobia ဆိုတဲ့အဓိပ္ပါယ်က လိင်တူချင်း ချစ်တဲ့သူတွေကို မုန်းတီးတဲ့သူတွေလို့ အဓိပ္ပါယ်ဖွင့်ဆိုတယ် အစ်ကို… ကျနော်ပြောတာ လိင်တူချစ်သူတွေကို မုန်းတီးတဲ့သူတွေလို ယေဘုယျပြောတာပါ… ပုဂ္ဂိုလ်ရေးတွေကို ဘယ်သူ ဘယ်ဝါဆိုပြီး တပ်ပေးလိုက်တာက အစ်ကိုလေ… ဟုတ်တယ်ဟုတ် 🙂 “လိင်တူချင်း ချစ်တာ ရောဂါမဟုတ်၊ လိင်တူချစ်သူများကို မုန်းတီးခြင်းသည်သာ ရောဂါဖြစ်သည်”တဲ့… ဒီဆောင်ပုဒ်က ကျနော်ပြောတာမဟုတ်ဘူးနော်… ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO အဖွဲ့ကပြောတာ… 🙂

    • bigcat

      June 6, 2011 at 5:48 am

      အကိုဆိုတဲ့စကားလုံးလေးကြားရတော့ ရင်ထဲမှာ.. ဟဲ့ဟဲ့ ဘယ်ကလက်ကြီး ငါ့ပေါင်ပေါ်ရောက်လာရတာတုံး.. ေဩာ် သေလိုက်ပါတော့ ကိုယ့်လက်ကိုယ်တောင် မမှတ်မိတော့ဘူး။ အဲဒါပဲကြည့်တော့ဖြိုးရေ ကိုကြောင်လည်း Handyphobia ဖြစ်နေပါပြီ။ လက်အသုံးများတာလေး လျှော့အုံးမှပါ။ (စာရေးခြင်း၊ ကီးဘုတ်နှိပ်ခြင်း…) 😀

  • Phyo

    June 6, 2011 at 6:02 am

    မဟုတ်ပါဘူးဗျာ… ကျနော်က အပြုသဘောနဲ့ ပြောတာပါ… ပြောချင်တာက လိင်တူချစ်သူတယောက်က လိင်တူချစ်သူ အချင်းချင်းကိုပဲ ချစ်မှာပါ… လိင်တူကိုစိတ်မဝင်စားတဲ့သူတွေကိုလည်း လိုက်ချစ်နေလို့ မရပါဘူး… ရိုးရိုးရှင်းရှင်းလေး စဉ်းစားကြည့်ဗျာ… ယောက်ျားလေးအချင်းချင်းကို မကြိုက်တဲ့ ယောက်ျားတယောက်ကို အတင်းပဲ ကြိုက်ပါလို့ လုပ်ယူလို့မရနိုင်သလိုမျိုးပဲ ယောက်ျားလေး အချင်းချင်းကိုမှ ကြိုက်တဲ့ယောက်ျားတယောက်ကိုလည်း မိန်းကလေးကိုပဲ ကြိုက်ပါလို့ အတင်းလုပ်ယူလို့ မရပါဘူးဗျာ… လူတယောက်ချင်းစီမှာ မွေးဖွားလာကတည်းက ပြုပြင်ပြောင်းလဲလို့ မရတဲ့ လိင်စိတ်ခံယူမှုဆိုတာ ပါလာပြီးသားပါ… လိင်စိတ်ခံယူမှုဆိုတာ “လိင်” ကိုပြောတာမဟုတ်ဘူးနော်… တော်ကြာရှုပ်ကုန်မှာစိုးလို့… လိင်တူချစ်သူတွေဆိုတာကလည်း လူဦးရေအားလုံးရဲ့ ဆယ်ပုံပုံမှ တစ်ပုံစာတောင် မပြည့်တဲ့ လူနည်းစုတွေပါ… အဲဒါလူနည်းစုလေးတွေက လူမှုအသိုင်းအဝိုင်းရဲ့ နေရာဒေသတိုင်းမှာ ရှိနေတယ်လေ

  • aungnng87

    July 18, 2011 at 3:59 pm

    အော်…။ဖြိုးရယ်..။ရေးထားတဲ့ကွန်.မန့်တွေကိုဖတ်ကြည့်လိုက်ပါဦး။ကိုယ်ရေးထဲ့အရေးအသားကမိန်းမဆန်နေ
    သလား.။ယောက်ျားဆန်သလားဆိုတာလေ။ဘယ်လိုဘဲပုံမှန်ပါဘဲဆိုဆို (ယောက်ျားချင်းစိတ်ိဝင်စားတာကလွဲလို.)ပုံမှန်မဟုတ်ဘူးဆိုတာကိုယ်.ဟာကိုယ်သိနေမှာပါ။ကိုယ့်အထင်
    တော့တါတွေဟာဗိုင်းရပ်(င်္စ)ပိုးတွေပျံ့နှံ့.လာတာလို.ထင်တာဘဲ။မလေးမှာလည်းကောင်လေးတော်တော်များ
    များဟာဝတ်ထားတာတော့ယောကျာ်းလေးတွေလိုပါဘဲ။ပြင်တာဆင်တာတွေကတော့တော်တော်များတယ်။သူတို.ဟာခြောက်နေတာတော့မဟုတ်ဘူး။တာပေမဲ့သာမန်ယောက်ျားလေးတွေနဲ.တော့မတူဘူး။ဒါမျိုးတွေတ
    ရုတ်တွေအဖြစ်များတယ်။ပညာတတ်လာတော့အပြောအဆိုလေးတွေသိမ်မွေ.ပြိးကိုယ့်ကိုကိုယ်တသသလုပ်
    ်ရင်းကနေနွဲ.လာတာနေမှာပေါ့။မိန်းမတွေလွယ်တဲ့ဆလင်းဘတ်တွေလည်း၂အိတ်လောက်လွယ်တယ်။အဲဒါကစတိုင်လိုမျိုးကိုဖြစ်နေတာ…။

  • secret

    July 18, 2011 at 4:19 pm

    အချစ်ဆိုတာလူတွေအားလုံးအတွက်ပဲ
    ယောက်ျားနဲ့ ယောက်ျား ချစ်ချစ် / မိန်းမနဲ့ မိန်းမ ချစ်ချစ်/ ယောက်ျားနဲ့ မိန်းမချစ်ချစ်
    ဘယ်သူ့ကိုဘယ်လိုချစ်ချစ်
    အရေးကြီးတာချစ်တတ်ဖို့ပဲလိုတာ အကောင်းမြင်တတ်ဖို့ပဲလိုတယ်
    ကိုယ်မကြိုက်ရင်ကိုယ်မလုပ်နဲ့ပေ​ါ့ကွာ respect လေးတော့ လူအချင်းချင်းရှိသင့်တယ်
    သူများကိုဝေဖန်ချင်ရင် ကိုယ်ဟာဘယ်လိုလူမျိုးလဲဆိုတာ ကိုယ့်ဟာကိုသိ
    သူတစ်ပါးတွေရဲ့အချစ်ကိုနားမလည်ေ​ပးရင်နေမစော်ကားနဲ့
    ကြည့်မရရင်လည်းလဲသာသေလိုက်

  • pan pan

    July 18, 2011 at 4:31 pm

    လိင်တူချစ်သူဆိုတာ ယောက်ျားချင်းမှမဟုတ်ဘူး
    မိန်းမချင်းလည်းရရှိတာပဲ
    အဲဒါကျ သိပ်ပေါ်ပျူလာမဖြစ်သလိုပဲ
    မပွင့်လင်းလို့လား၊ ရှက်လို့လား၊ မိသားစုကို (ယောက်ျားလေးတွေလို) မလွန်ဆန်နိုင်လို့လားမသိဘူး

  • secret

    July 18, 2011 at 5:15 pm

    လူလူချင်းလေးစားတတ်ဖို့ပါပဲ
    ကိုယ်မကြိုက်ရင်ကိုယ်မလုပ်ကြနဲ့
    ခဏရတဲ့ဘဝလေးမှာအကောင်းမြင်လိုက်လို့သေသွားမှာမလို့လား
    လူသားအားလုံးကိုလေးစားတယ်
    ဒါပေမဲ့ကိုယ်အလုပ်ကိုယ်မလုပ်ပဲသူများကိုအပြစ်တင်ဝေဖန်နေတဲ့လူကိုတော့မလေးစားချင်ဘူး
    လောကမှာလူဖြစ်တာသူများကိုဝေဖန်အပြစ်တင်ဖို့မှမဟုတ်တာ
    အခြောက်တွေယောက်ျားလျာတွေထက်သူများကိုအပြစ်တင်ဝေဖန်နေတာကိုပိုရွံတယ်

  • secret

    July 18, 2011 at 6:46 pm

    လူလူချင်းလေးစားတတ်ဖို့ပါပဲ
    ကိုယ်မကြိုက်ရင်ကိုယ်မလုပ်ကြနဲ့
    ခဏရတဲ့ဘဝလေးမှာအကောင်းမြင်လိုက်​လို့သေသွားမှာမလို့လား
    လူသားအားလုံးကိုလေးစားတယ်
    ဒါပေမဲ့ကိုယ်အလုပ်ကိုယ်မလုပ်ပဲသ​ူများကိုအပြစ်တင်ဝေဖန်နေတဲ့လူကိ​ုတော့မလေးစားချင်ဘူး
    လောကမှာလူဖြစ်တာသူများကိုဝေဖန်အ​ပြစ်တင်ဖို့မှမဟုတ်တာ
    အခြောက်တွေယောက်ျားလျာတွေကိုရွံ​ ဖို့ကောင်းတယ်လို့ပြောတဲ့သူတွေမ​ျား
    အဲလိုပြောတဲ့လူများကပိုရွံ ဖို့ကောင်းနေတာကိုသဘာပေါက်စမ်းပ​ါကွာ

  • Moe Z

    August 27, 2011 at 12:30 pm

    ဟီး ဟီး ကိုယ့်အတွေးနဲ့ကိုယ် ကယ်လ်ဆမ်ကွေကာသောက်ကြသည်ပေါ့. 😛

  • ပေစုတ်စုတ်

    August 31, 2011 at 5:19 pm

    ကျွန်တော့်ကိုလဲ လူ ့အခွင့်အရေးနားမလည်သူ.. အမြင်ကျဉ်းမြောင်းသူ.. အသစ်အသစ်တွေကိုလက်မခံနိုင်သူ.. သဘာဝတရားကိုနားမလည်သူ… သူများကိုအရေမရအဖတ်မရ လေကန်ချင်သူ.. စသည်ဖြင့်ဆော်ချင်သလိုဆော်ကြတော့ဗျို ့..မနေနိုင်လို ့ဝင်ပြောပြီ… ကျွန်တော်လဲ ဒီကိစ္စကြီးကို လုံးလုံးရော ပြားပြားရောကို ကန့်ကွက်တယ်ဗျို ့.. ဘယ်လိုမှမဖြစ်သင့်ဘူး… ယောကျင်္ားချင်းဖြစ်ဖြစ်..မိန်းမချင်းဖြစ်ဖြစ်… ဒီနေရာမှာ သဘာဝဆိုတာနဲ့ ကိုင်ပေါက်လာတယ်ထားပါတော့.. သဘာဝမှာ.. အလင်းအမှောင်.. အအေးအပူ.. အဖိုအမ စသည်ဖြင့်ပဲ.. ဆန့်ကျင်ဘက်တွေကိုပဲ ပေါင်းပေးထားတယ်လို ့မှတ်ယူထားပါတယ်… အဖိုအဖိုချင်း.. အမ အမချင်းပေါင်းလို့တော့ ..မီးပွင့်မယ်လို ့မထင်ဘူး… ဒီနေရာလိင်ကိစ္စနဲ ့လာညိနေတော့.. မြင်သလောက်ပြောကြည့်ပါဦးမယ်… လိင်ကိစ္စကို Pleasure အရလုပ်တာ လူရယ် ဝေလငါးရယ်ပဲရှိတယ်ဆိုလားပဲ ဟုတ်မဟုတ်တော့မသိဘူးပေါ့နော.. လူကတော့သေချာပါတယ်… ဆိုတော့ကာ ခြုံပြောရရင် မျိုးစိတ်တွေအများစု လိင်ကိစ္စကို.. ဘာအတွက်များသုံးကြတာပါလိမ့်… မျိုးဆက်မပြောက်ကွယ်ဖို ့.. မျိုးစိတ်ပြန့်ပွားဖို့ အတွက်ပဲဆိုတာသေချာပါတယ်… ဒီတော့ အခုလိုသာ အဖိုအဖိုချင်း.. အမအမချင်းတွေပဲ မျက်စိကျကုန်ကြမယ်ဆိုရင်… ဘယ်လိုလုပ်ပြီး မျိုးဆက်ပြန့်ပွားကြပါမလဲ… “ငါတို ့ကအနဲစုတွေပါ ကျန်တဲ့အများစု ထမ်းလိမ့်မပေါ့” လို ့တော့မပြောကြလောက်ဘူးထင်ပါရဲ့… ထားပါတော့ ဆင့်ကဲဖြစ်စဉ်အရ.. လူသားမျိုးစိတ်ကြီးတစ်ဆင့်မြင့်ပြီး ဒါမျိုးတွေချွန်ထွက်လာတယ်ပဲ ဒါပေမဲ့ ဖြစ်သင့်ရဲ့လား… ဘယ်လိုမှမဖြစ်သင့်ဘူးလို ့ပဲမြင်တုန်းပါပဲ… ဘာလို့ဆို.. leonus007 ပြောသလိုပဲလူမှုရေးတွေကိုသွယ်ဝှိုက်ပျက်စီးစေတာတော့ အမှန်ပဲ လုံးဝထောက်ခံပါတယ်… ကျွန်တော်သာဆိုရင်လဲ.. စီးပွားရေးအရ အခြေအနေအရသာ အဲဒိလိုလူမျိုးနဲ ့ပတ်သက်ကောင်းပတ်သက်မယ်.. တစ်ကယ် မိတ်ဆွေရင်းချာဘယ်လိုများဖြစ်နိုင်မှာတုန်းဗျာ… ညကြီးမိုးချုပ်အရက်ဘီယာ မူးလို ့မှသူ ့အိမ်လိုက်မအိပ်ရဲ… ဖက်လှဲတကင်းမနေရဲနဲ ့… တစ်ကယ်ခင်မင်မှုအစစ်အမှန်ကို ဘယ်လိုဖော်နိုင်မှာလဲ… နောက်ပြီးတော့ တစ်ခုပြောလိုက်ဦးမယ်ဗျို ့ အစက ဒီထဲဝင်ဖတ်ရင်း ရွာလူမိုက်ကြီး ဦးအောင်ပုကို သဘောကျလွန်းလို့ဗျာ (ရိုးရိုးနော်) ကြုံရင်များ အတူသောက်ဖို့ ဖိတ်မလို ့ အခုတော့များ သူပေးထားတဲ့ ကွန်းမန့်မှာ “တစ်နေ့များကြရင်တွေ့ကြမယ်နော်..
    နော်..လို့” ..အဲလိုအဲလို တွေ ့လို ့ အတူသောက်ရဲတော့ဘူးဗျို ့….. ဟီး…။ ။

  • windtalker

    October 12, 2011 at 7:14 pm

    အသက်ပဲ ပေးမှာလား
    အတူးကော မပေးဘူးလား
    မှတ်မိပါဒယ် အသက်ရယ်
    သတိရပါဒယ် အတူးရယ်
    ဒီလို ညမျိုး အခါတစ်ရာမက တိုင် တွေ ့ပါရစေ

  • pu ma

    February 8, 2012 at 8:53 pm

    အော် မြန်မာပြည်ကယောက်ျားကောင်းတွေ
    အော်ဂလီဆန်လိုက်တာဖွီး

  • pu ma

    February 8, 2012 at 9:03 pm

    တို့အိမ်နားကညီအကိုနှစ်ယောက်
    တကသိုလ်ရောက်မှအခြောက်စိတ်ပေါက်
    မိဘများမှာသောကရောက်
    အော်….ဂေါက် ဂေါက် ဂေါက် ဂေါက် ဂေါက်

  • koyinmaung

    February 8, 2012 at 9:18 pm

    ဟယ်..ဒေါင်းယောင်ဆောင်သောကျီးဇာတ်ကားကြီး
    အမှတ်ရမိပါရဲ့တော…အဲ့ယောင်လို့…..ဗျာ့
    ဖြိုးရေမတွေ့တာတောင်အတော်ကြာပေါ့
    ဆရာပုကြီးခေါ်မှဘဲရောက်လာတော့တယ်
    ကျမ်းခမ်းသာလို့မာပါစ…………

Leave a Reply