သစ်ပင် နဲ့ ရုက္ခစိုး
မောင်နှမလေးတို့ရေ..
ဒီနေ့ ပြောပြမဲ့ ပုံပြင်လေးကတော့ သစ်ပင် နဲ့ ရုက္ခစိုးတဲ့..
တနေ့ မိဖြူနဲ့ တခြား သူငယ်ချင်းတွေ အဖွဲ့လိုက် လေ့လာရေး ခရီးထွက်ကြသတဲ့..
အထက်မြန်မာပြည် မန်းရွှေမြို့တော်ကြီးကို ဦးတည်ပြီး ကားကလေး တစီးနဲ့ သူငယ်ချင်းတွေ အလှည့်ကျ မောင်းနှင် လာခဲ့ကြတယ်။ ဒီလိုနဲ့ မိဖြူနဲ့ သူငယ်ချင်း တစု ကားကလေးက နေပူပူ လမ်းကလေးမှာ သစ်ပင် အုပ်ဆိုင်းတဲ့ အခါ အရိပ်ရပေမဲ့ တလမ်းလုံး စကားတွေ များပြီး မောင်းလာလိုက်တာ တနေရာကျတော့ နှင်းလေး ဆိုတဲ့ တယောက်
ဟဲ့ ဖြူမ ငါ တို့ ခဏ နားရအောင်ဟာ.. အပေါ့အပါးလေး ပါလေး သွားကြတာပေါ့..
ဒီလိုနဲ့ ကားကလေး ရပ်ဖို့ သစ်ပင်ကြီးကြီး အကွယ် ကောင်းကောင်း ရှိတဲ့ နေရာကို ရွေးပြီးရပ်လိုက်တယ်။ ကားရပ်တော့ ကားပေါ်က ဆင်းပြီး အကြောလေး ဘာလေးတွေ လျော့ ခါးလေး ဆန့်ပြီး နောက်ဖုံးလေး ဖွင့်ပြီး ပါလာတဲ့ မုန့်ထုတ်တွေထည့်ထားတဲ့ ခြင်းတောင်းကို ထုတ်ပြီး မုန့်တွေ စားတဲ့သူက စားပေါ့လေ.. နှင်းလေးကတော့ ရှုးရှုးပေါက်ချင်တော့ ကားရပ်တာနဲ့ တခါတည်း သစ်ပင်ကြီးရဲ့ အကွယ် တနေရာကို ဆင်းပြေးသွားတယ်။ နှင်းလေး နဲ့ အတူ သစ္စာ ဆိုတဲ့ တယောက်လည်း အဖော်လိုက်သွားကြတယ်။ သစ်ပင်ကကြီးတော့ သူတို့ကလည်း ခပ်လန့်လန့်ပေါ့လေ.. အကာအကွယ် ရှိတဲ့ အရပ်ဆိုလို့ ဒီ သစ်ပင်ကြီးပဲ ရှိတာဆိုတော့ သစ်ပင်ကြီး ရဲ့ အနားမှာ ထိုင်ကန်တော့ပြီး ကိစ္စရှင်းနေကြတာပေါ့။ ကြောက်ကြောက်နဲ့ ရှင်းပြီး အထ မှာတော့ ရုတ်တရက် ရေတွေ ဝေါ ကနဲ ကျလာခဲ့တယ်။ ကြောက်စိတ် ရှိနေတဲ့ နှင်းလေး နဲ့ သစ္စာ တို့ နှစ်ယောက် မူးမေ့ လဲ မတတ် ဖြစ်ပြီး ကားဆီကို အပြေးအလွား အော်ပြီး လာခဲ့ကြတယ်။
မိဖြူ နဲ့ မုန့် အတူ စားနေတဲ့ သူငယ်ချင်း ၂ယောက်က ဟဲ့.. ဘာဖြစ်တာလဲ..
နှင်းလေး နဲ့ သစ္စာတို့ အလု အယက် ပြန်ဖြေကြတယ်။
မသိဘူး.. ငါတို့ ******* ရေတွေ ကျလာတာ လန့်ပြီး ပြေးလာတာ ရုက္ခစိုး က မကြိုက်လို့ ငါတို့ကို ရေလောင်းတာလား မသိဘူး ငါတို့ကိုတော့ မစိုပါဘူး အနားကို ရေက ဝေါကနဲ ကျလာတာ လန့်စရာကြီးဟယ်..
ထို အချိန်မှာတော့ မိဖြူက အသားကုန် ထ ရီပါတော့တယ်။
ကြောက်အားလန့်အားနဲ့ ပြေးလာတဲ့ နှစ်ယောက်က ကြောင်တောင်တောင် နဲ့ ဘာဖြစ်လို့ ရီသလဲ ဆိုတဲ့ စိတ်နဲ့ ပြူးကြည့်နေကြတယ်။
မိဖြူက ဘာမှ မဖြစ်ဘူး အဲဒါ ငါလုပ်လိုက်တာ.. မုန့်တောင်းထဲက အချိုရည်တွေ မှောက်ကုန်လို့ အပြင်က အိတ်ထဲ အရည်တွေ ဖိတ်ကျတာနဲ့ အိတ်ကို လွဲပြီး သစ်ပင်ဘက် ပြစ်လိုက်တာ.. အိတ်က အပေါ်မှာ ချိတ်နေပြီး အရည်တွေ အောက်ကို ကျသွားတာ.. ဟိုမှာ ကြည့် ဆိုပြီး လက်ညိုး ညွန်ပြမှ.. ကြောက်နေတဲ့ နှစ်ယောက် ဟင်းးးးးးးးးး ဆိုတဲ့ သက်ပြင်း အရှည်ကြီး ချပြီး
အမလေး တော်ပါသေးရဲ့ ဆိုတဲ့ စကားသံကို ပြုံးစိစိနဲ့ ငါတို့ကို ကလဲ့စားချေတဲ့ အနေနဲ့ ရုက္ခစိုးကြီး ရှုးရှုးပေါက်ချ သလားလို့.. အဲလို တွေးမိလိုက်တာ.. တော်တော် လန့်သွားတယ်ဟ..
ပုံပြင်လေးကတော့ ဒီမျှပါပဲ.. မောင်နှမလေးတို့ တတွေလည်း ဘယ်အရာကို မဆို လွယ်လွယ် မယုံဖို့နဲ့ အကြောက်တရား ကြီးစိုးမှုတွေ ရှိရင် ဆုံးဖြတ်ချက်တွေ မှားတတ်တယ် ဆိုတာ သတိပြုရင်း.. အရာရာကို စဉ်းစား ချင့်ချိန် နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။
ယနေ့ ညပိုင်း ပုံပြင် အစီအစဉ် ဒီတင် ပြီးဆုံးပါပြီ။
12 comments
padonmar
June 2, 2011 at 3:44 pm
ဒါဆို ရုက္ခစိုးက မိဖြူပေါ့။
unclegyi1974
June 2, 2011 at 3:58 pm
ဟိုးရှေးရှေးကသစ်ပင်တွေများနေတဲ့အချိန်က
ရုက္ခစိုးများတကယ်တန်ခိုးပြကြဆိုပဲ
နောက်လူတွေကထင်းခုတ်ကြ
အိမ်ဆောက်ကြ အပြောင်ရှင်းကွက်တွေရောင်းစားကြနဲ့
အပင်တွေတဖြေးဖြေးနဲလာ
ရုက္ခစိုးတွေလည်းနေစရာမရှိလို့တဖြည်းဖြည်းအစုကွဲသွားလိုက်တာ
နောက်ဆုံးလူလာရင်အပင်ခုတ်မယ်မှတ်ပြီးထွက်
ထွက်ပြေးကြပါရောတဲ့
ဆူး
June 2, 2011 at 4:07 pm
လူတွေကတော့ သစ်ပင်ကြီးရင် ကြောက်တာ အမှန်ပဲ။
လမ်းခင်းရင်တောင် သစ်ပင်သိပ်ကြီးလွန်းရင် လမ်းလယ်ခေါင်မှာ ဒီတိုင်း ထားခဲ့ပြီး ပတ်ခင်းတာမျိုးတောင် ရှိသေးတယ်။
ဒါနဲ့ စကားမစပ်.. နေပြည်တော် လက်လုပ်တောင် သွားတုန်းက အဲဒီ တောင်ခြေမှာ လမ်းရှိတယ် ရာဇဌာနီ လမ်းမကြီး.. လမ်းစခင်းတုန်းက အဲဒီ အခြေမှာ ရှိတဲ့ သစ်ပင် တပင်ကို လမ်းနဲ့ မလွတ်ဘူး ဆိုပြီး ဘူဒိုဇာနဲ့ ထိုးတာ စက်ရပ်ရပ်သွားတဲ့ အပြင် ယာဉ်မောင်းလည်း ရုတ်တရက် ဖျားသေသွားလို့ လမ်းအူကြောင်းပြောင်းပြီး လမ်းလုပ်သွားတယ်လို့ အဲဒီက ဒေသခံတွေ ပြောပြတာပဲ။
kai
June 2, 2011 at 4:50 pm
သစ်ပင်ကြီးတပင်ဖြစ်ဖို့… နှစ်ပေါင်းများစွာစောင့်ရတယ်..။
တချို့ဆို နှစ်ရာချီကြာတာပါ..။
သစ်ပင်ကြီးရင်.. လူတွေခုတ်လိုက်ရင်..နှမြောစရာဖြစ်တာမို ့… အသိသညာမဖွံ ့ဖြိုးသူတွေကို…ရုက္ခစိုးခြောက်.. ခြောက်ထားတဲ့ကိစ္စ…
ဒါကို… တကယ်ထင်ပြီး… အသက်မရှိတဲ့သစ်ပင် ထိုင်ကန်တော့တာတွေဖြစ်လာတာပါ…။
ဆိုတော့..
သစ်လုပ်ငန်းက ဝန်ထမ်းကြီးတယောက်နဲ့ စကားပြောတော့…
လူတွေက..”သစ်မခုတ်ရ”လို့ ဆိုင်းဘုတ်တတ်လဲခုတ်တယ်တဲ့..။
အဲဒါ.. “သစ်မခုတ်ရ၊ နတ်မကြိုက်..”လုပ်လိုက်ရင်..ရွာသားတွေက.. တော်တော်လန့်တတ်တယ်ဆိုတာပဲ..။
နောက်ဆို..မြန်မာပြည်မှာ သစ်တွေမပြုန်းတီးအောင်..
သစ်တော့တွေထိပ်မှာ…”သစ်ခုတ်လျှင် ရုက္ခစိုးသတ်မည်” ဆိုင်းဘုတ်တွေ လိုက်စိုက်ဖို့ကောင်းတယ်..။ 🙂
အထူးသဖြင့်.. တောထူနေသေးတဲ့..မဟာမြိုင်တောမှာ…။ 🙂
ဆူး
June 2, 2011 at 5:02 pm
မဟာမြိုင် တောထဲမှာ အဲလို ဆိုင်းဘုတ် ရှိမရှိ သိရအောင် သွားကြည့်မလား သဂျီး လိုက်ပို့ပေးမယ် အသွားတကြောင်း ရန်ပါယ်ချောင်း အထိ တာဝန်ယူတယ်။ အပြန်ကိုတော့ ကိုယ့် အစီအစဉ်နဲ့ ကိုယ် သွားပြန်ပေါ့။
MaMa
June 2, 2011 at 11:50 pm
ဆူးရေ အသွားတစ်ကြောင်းတာဝန်ယူတယ်။ အပြန်တော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် ဆိုလိုတဲ့သဘောက တစ်ဖက်လှည့်နဲ့ သဂျီးကို ဒီဘဝမှာပဲ ကျွတ်တမ်းဝင်စေချင်နေတယ်နဲ့ ထင်တယ်။ 🙂 😀
ဆူး
June 4, 2011 at 7:45 am
သဂျီး ကျွတ်တမ်းဝင်ရင် ဘယ်လို ပုံစံ ဖြစ်မလဲ မသိဘူးနော်.. တွေးကြည့်တာ တော့ တမျိုးမျိုးပဲ.. ဒေါင်းရုပ်နဲ့ ဆိုတော့ မောရသုတ်လေး ဘာလေး ရွတ်ထားပေါ့..
etone
June 3, 2011 at 4:01 am
အရင်က etone တို့ လမ်းထိပ်က အိမ်တအိမ်မှာ အိမ်အောက်က တောင်ပို့ကနေ သစ်ပင်ပေါက်လာတာ တဖြည်းဖြည်း ကြီးလာတယ်ပေါ့… မှတ်မိသလောက်ဆို ညောင်ပင်ပါ… ။ နှစ်တွေကြာတော့ သားစဉ် ၊ မြေးဆက် အပင်က တဖြည်းဖြည်းသက်တမ်းရင့်ကြီးဖြစ်နေတာပေါ့ …အ ိမ်ထဲမှာ ပေါက်နေလို့ ခေါင်မိုးကိုတောင် အပင်ထွက်ဖို့အတွင် ဖွင့်ပေးရတယ်…။ အဲ့ဒီအိမ်က မိသားစုတွေများပြီး အရက်သေစာ သောက်စားတယ်၊ အချင်းချင်း ခိုးယူလုယှက်တယ်… မောင်နှမတွေ မသင့်မြတ်ဘူးပေါ့ … လ္ဘက်ရည်ဆိုင်လည်း ဖွင့်ထားတယ်… ။ သူတို့ဆီးပွားရေးကျလာပြီး နောက်တော့ အဲ့ဒီအိမ်ကို ရောင်းလိုက်ရတယ်.. ။ ဝယ်တဲလူကလည်း ဘုကလန့်တယောက်ပါပဲ…။ အယုံကြည်မရှိပေမဲ့ သူ့သားတွေက သစ်ပင်ကြီးကို မခုတ်ရဲကြဘူး …. အမွှေးတိုင်၊ ဖယောင်းတိုင်တွေနဲ့ ပူစော်တယ်… ။ ကံအကျိုးပေးကောင်းလို့လားတော့ မသိဘူး.. သူတို့အဲဒီနေရာမှာ ဂိမ်းဆိုင်ဖွင့်တာ အတော်အောင်မြင်တယ်… ။ သူ့သားတွေ တရုန်းရုန်းနဲ့ တရက်ကျတော့ သားတွေ ဆေးချတယ်ဆိုတဲ့ ကောလဟာလသတင်းနဲ့ အောင်မြင်နေတဲ့ဆိုင်ကို ပိတ်လိုက်တယ်… ။ နောက်အညာသားတွေကို အငှားလ္ဘက်ရည်ဆိုင်ဖွင့်စေတယ်…ဒါလည်း တနှစ်ကျော်ပဲခံတယ်… ။ စားပွဲထိုး မရှိလိုက် ၊ အကြော်စရာ မရှိလိုက်နဲ့ …. ရောင်းအားကောင်းရက်နဲ့ ပိတ်ရတဲ့အဆင့်ဖြစ်ရော…။ အခုနောက်ဆုံးလဲကျရော… ပိုင်ရှင်ရဲ့ သားကြီး ဂျပန်ကပြန်လာပြီ …သစ်ပင်ကြီးကို အမြစ်ကနေ ခုတ်ပစ်လိုက်ပါတယ် …. တရပ်ကွက်လုံးစိတ်ဝင်စားစရာ သတင်းတပုဒ်ဖြစ်ခဲ့ပြီး စောင့်ကြည့်ခံခဲ့ရတယ်…. ။ အိမ်ကိုလည်း ပြန်ဆောက်ပြီး အကျအန ဆိုင်ထပ်ဖွင့်ပါတယ် … စားသောက်ဆိုင်လိုမျိုးပေါ့ … ။အဲ့ဒီအချိန် သူ့အဖေ လေဖြတ်တယ်…(တိုက်ဆိုင်မှူလား မပြောတတ်ဘူး) … ဆိုင်လည်း ရောင်းအားကောင်းရက်နဲ့ … ဆိုင်ရှင် အပေါက်ဆိုးတာကြောင့် လက်အောက်ငယ်သား စားပွဲထိုးတွေ ကန့်လန့်တိုက်တယ်… ဒါနဲ့ …. ဆိုင်ပိတ်မလိုဖြစ်နေရတယ်… ။ အခု တဦးကို ပြန်ငှားလိုက်တယ်… ဖွင့်တာ ၃ရက်လောက်ပဲ ကြာသေးတယ်… ပိုက်ဆံ နှစ်နှစ်စာပေးထားတယ် ကြားတယ်… ဘယ်လောက်ခံမလဲ အားလုံးစိတ်ဝင်စားနေကြတယ်…။
သစ်ပင်ကြီးက သက်တမ်းအတော်ရင့်နေခဲ့ပေမဲ့ သစ်ပင်ပေါ်က ကိုင်ကြွေလျှင်တောင် အိမ်ပေါ်လုံးဝမကျတာ ဆန်းသလိုလိုပဲ… ။
weiwei
June 3, 2011 at 8:43 am
ပုံပြင်လေးက သင်ခန်းစာယူစရာလေးပါ ပါတော့ အရမ်းကောင်းပါတယ်ကွယ် …
အခုလိုပုံပြင်မျိုး များများပြောပေးပါနော် … အိမ်ကကလေးတွေကို ပြန်ပြောပြတာ သူတို့သဘောကျကြတယ် … 😛
kai
June 3, 2011 at 8:49 am
အင်း..ဟုတ်ပါတယ်..။
မြန်မာရှေးပုံပြင်တွေက..ခြောက်တာနဲ့..မြှောက်တာတွေများလွန်းလို့… ဒီလိုခေတ်မှီ ပုံပြင်မျိုးတွေကို.. ကလေးတွေပြောပြသင့်တယ်..။
manawphyulay
June 3, 2011 at 9:18 am
ဘယ်အရာမဆို ကိုယ်ပိုင်ဦးနှောက်နဲ့ နှိုင်းယှဉ်ပြီး အရာရာ စဉ်းစားဆင်ခြင်ဖို့ အသိလေးတစ်ချက် ရရှိလိုက်ပါတယ်။
ကြေးမလောင်
November 28, 2011 at 3:58 pm
သရဲဆို မကြောက်တတ်အောင် သင်ပေးတဲ့ ပုံပြင်လေးပဲ။ ကြေးမလောင် က သရဲ ကြောက်တတ်တယ် သရဲ ဇတ်လမ်းလည်း နားထောင်ချင်တယ် ဖတ်ချင်တယ်။