မဖြစ်နိုင်တာ မရှိပါ

မောင် ပေJune 3, 20111min990

(ကာလ ကြာညောင်းသော်လည်း ယနေ ့တိုင် မဟောင်းသေးသည့် ဆိုဗီယက် ခေတ် ဟာသ)

ဂျော်ဂျီယာ ပြည်နယ် ရွာကလေး တစ်ရွာ မှ အဘိုးကြီး ဂေါ ်ဂီ မော်စကို သို ့သုံးရက်ကြာ ခရီး ထွက်မည် ဖြစ်၍ ဘူတာရုံ တွင် လိုက်ပို ့သူများနှင့် စည်ကားနေသည် ။ လိုက်ပို ့သူများ အထဲက တစ်ယောက် က ပြောသည် ။

” အဘိုး ဂေါ ်ဂီ ၊ မော်စကို ရောက်ရင် ဘော်လ်ရွိုင်း ဇာတ်ရုံ မှာ ဘဲလေးက ကြည့် ဖြစ်အောင် ကြည့်ခဲ့စမ်းပါ ။ နောက်တော့ ဒူဘလွန်းကာ (သိုးသားရေ နှင့် လုပ်ထားသည့် ဆောင်းဝတ်ရုံ) တစ်ထည် ကို ဖြစ်တဲ့နည်း နဲ ့ရအောင် ဝယ်ခဲ့ပါ ။ အဲ ပြီးတော့ လီနင့် ဗိမာန် ကို သွားပြီး အလုပ်သမား လူတန်းစား ရဲ  ့ခေါင်းဆောင်ကို ဂါဝရ ပြုခဲ့ပါ ။ ခေါင်းဆောင်ကြီး ရဲ  ့ရုပ်ကလာပ် ကို ဆေးစီရင် ပြီး မှန်ပေါင်းချောင် မှာ ထည့်ထားတယ် ဆိုပဲ ။ အဲဒီ သုံးခု ကို လုပ်နိုင်ခဲ့ မှ မော်စကို ကို သွားရကျိုးနပ် မှာနော် ”

”  အဲဒါ ဆို မဖြစ်မနေ လုပ်ရတာပေါ့ ငါ့တူ ရာ ”

အဘိုးကြီး ဂေါ ်ဂီ မော်စကို သို ့ရောက်လာသည် ။ ပထမနေ ့တွင်ပင် ဘော်လ်ရွိုင်း ဇါတ်ရုံ သို ့သွားတယ် ။ လက်မှတ်ရောင်း  ဌာန တွင် ထိုင်နေသော အမျိုးသမီးငယ် ကို ပြောသည် ။

” သမီးရယ် ။ ဒီနေ ့ညကမယ့် ‘ ငန်းတို ့ပျော်ရာ ရေကန်သာ ‘ ဘဲလေးက အတွက် လက်မှတ်တစ်စောင် ရောင်းပါကွယ် ”

အဘိုးကြီး ကို ‘ ရူးနေသလား ‘ ဆိုသည့် မေးခွန်းကို မေးသည့် အမူအရာဖြင့် အမျိုးသမီး က ကြည့်လိုက်ပြီး ပြောသည် ။

” မဖြစ်နိုင်ဘူး အဘိုး ၊ ဘော်ရွိုင်းက ဘဲလေးအက ကို ကြည့်ချင်ရင် လွန်ခဲ့တဲ့ သုံးလလောက်ကတည်းက လက်မှတ် ကို ကြိုဝယ်ထားရတယ်ရှင့် ၊ လက်မှတ်တစ်စောင်မှ မကျန်တော့ဘူးရှင့် ”

အိတ်ထဲက ငွေစက္ကူများ ကို အဘိုးကြီး ထုတ်လိုက်သည် ။ တစ်ရာ တန် တစ်ရွက် ကို ကောင်မလေး ၏ ရှေ  ့ထိုးပေးလိုက်သည် ။

” ဒါ သမီးကိုယ်တိုင် ကြည့်ဘို ့။ (နောက်ရာတန် တစ်ချပ် ကို ထပ်ထုတ်ပြီး) ဒါကတော့ အဘိုး အတွက် ”

အမျိုးသမီးသည် ပိုက်ဆံ နှစ်ရွက် ကို ခပ်မြန်မြန်လေး ယူလိုက်ပြီး အဘိုးကြီး ကို လက်မှတ်တစ်စောင် ထုတ်ပေးလိုက်သည် ။ ထိုနေ ့ည အဘိုးကြီး ဘဲလေးအက ကြည့်လိုက်ရသည် ။

ဒုတိယ ရက် ။

ရင်ပြင်နီ ရှေ  ့ရှိ ‘ ဂွမ်း’  စတိုးဆိုင်ကြီး သို ့သွားသည် ။ အရောင်းစာရေးမလေး တစ်ယောက်အနားသို ့ကပ်သွားပြီး အဘိုးဂေါ ်ဂီ ပြောသည် ။

” သမီးရယ် ။ အဘိုး အတွက် ဒူဘလွန်းကာ တစ်ထည် ရောင်းပါကွယ် ”

ပြူးကျယ်သော မျက်လုံးများဖြင့် အဘိုးကြီး ကို ကြည့်ပြီး စာရေးမ ပြောတယ် ။

” ဒူဘလွန်းကာ ဆိုတာ အင်မတန် ရှားပါး တဲ့ ပစ္စည်းရှင့် ၊ ပြီးတော့ ဈေးကလည်း အင်မတန် ကြီးတယ် ၊ ကျွန်မ တို ့ဆိုင် မှာ မရှိပါဘူး ”

အဘိုးကြီး ငွေစက္ကူများ ကို အိတ်ထဲ က ထုတ်လိုက်သည် ။ ရူဘယ် ၁၅၀ဝ ကို စာရေးမ ၏ လက်ထဲ သို ့ကမ်းပေးလိုက်သည် ။

” အဲဒါ သမီး ဒူဘလွန်းကာ ဝယ်ဝတ်ဖို ့။ (နောက်ထပ် ၁၅၀ဝ ထုတ်ပြီး) ဒါကတော့ အဘိုးအတွက် ”

ပိုက်ဆံတွေ ကို အမျိုးသမီး ဖြတ်လတ်စွာ ယူလိုက်သည် ။

” နေဦး အဘိုး ၊ ကျွန်မ အခု ပြန်လာခဲ့မယ် ”

ကောင်မလေး ဆိုင်နောက်ကို ထွက်သွားသည် ။ မကြာမှီ ဒူဘလွန်းကာ တစ်ထည် ပိုက်ပြီး ပြန်ထွက်လာသည် ။ အဘိုးကြီး ဂေါ ်ဂီ ဒူဘလွန်းကာ တစ်ထည် ရလိုက်ပြီ ။

ကိစ္စ သုံးခုမှာ နှစ်ခု ပြီးသွားပြီ ။ ခေါင်းဆောင်ကြီး ကို ဂါရဝ ပြုဘို ့ပဲ ကျန်တော့တယ် ။ ကနေ ့အချိန် မရှိတော့ ။ မနက်ဖြန် ညနေ ဘူတာ မဆင်းခင် ပြီးအောင် လုပ်ရမယ် ။

မနက် ကိုးနာရီတိတိတွင် ဆိုင်ဖွင့်သည် နှင့် ကုန်စုံဆိုင်ကြီး မှာ အဘိုးကြီး ဂေါ ်ဂီ  နာမည်ကြီး ကော့ညက် အရက် ဆယ်ပုလင်း ဝယ်လိုက်သည် ။ ပုလင်းတွေ ကို လက်ဆွဲအိတ်ထဲ ထည့်ပြီး ဗိမာန်ရှိရာ ရင်ပြင်နီဘက် သွားသည် ။ ဂါရဝ ပြုရန် တန်းစီ စောင့်နေကြသည့် လူတန်းကြီးသည် ၂ မိုင် နီးပါးလောက် ရှည်လျားနေသည် ။ ဘိုးဂေါ ်ဂီ လူတန်းကို စွေကြည့်လိုက်ပြီး ဗိမာန် ရှေ  ့တည့်တည့် ကို ချီတက် သွားသည် ။ ဗိမာန် ၏ အဝင်ပေါက် တွင် သတိအနေ အထားဖြင့် ရပ်ပြီး စောင့်ကြပ်နေကြသည့် စစ်သားနှစ်ယောက် အနက် တစ်ယောက် ၏ ဘေးနားတွင် အရက်အိတ် ကို ချလိုက်သည် ။ အိတ် ကို အလုံပိတ်ထားခြင်း မဟုတ် ။ ထို ့ကြောင့် အစောင့် စစ်သား က မသိမသာ လှမ်းကြည့်လိုက်သော အခါ ပုလင်းတွေ ကို အထင်အရှား မြင်နေရသည် ။

အဘိုး ဂေါ ်ဂီ စစ်သားလေး ကြားရုံ ပြောသည် ။

”  သားရယ်… အဘိုး က နယ်ကလာတာပါ ။ ဒီနေ ့ညနေ ပဲ ပြန်ရမှာပါ ။ မပြန်ခင် ခေါင်းဆောင်ကြီး ကို ဂါရဝ ပြုချင်လိုက်တာကွယ် ။ စောင့်နေတဲ့ လူတန်းကလည်း ရှည်လွန်းလှတယ် ။ အဘိုးကို ကူပါလားကွယ် ။ ဂါရဝ မှ မပြုရရင်တော့ အဘိုး အပြန်ဖြောင့်မှာ မဟုတ်တော့ဘူး ”

အရက်အိတ် ကို အစောင့်စစ်သား မသိမသာ ထပ်ကြည့်သည် ။ ထို ့နောက် တစ်ဘက်လူ ကြားရုံ ပြန်ပြောသည် ။

” အဘိုး ကိုယ်တိုင် ဝင်ကြည့်မှာလား ။ ဒါမှ မဟုတ် ကျွန်တော်တို ့ထုတ်ယူ လာရမလား ”

(မှတ်ချက် ။ ။ မောင်ကောင်းထိုက် နှီးပဒေါ ၏ ဟာသပဒေသာ အမှတ် ၁၆ မှ ကူးရေးသည်)