ဘယ်သူတွေလဲ
ဪ….
လူတွေ လူတွေ
မကောင်းတာပြောလည်း သူတို့
ကောင်းတာပြောလည်း သူတို့
ဟုတ်တာရော
မဟုတ်တာရော
မှန်တာရော
မမှန်တာရော
အသေးအမွှားရော
အပြင်းစားရော
လိုတာရော
ပိုတာရော
ရောတာတွေများနေတော့
အဲတော့….
သောက်နေကျ ကော်ဖီထဲ
ရေနွေးရောတာ များသွားပါလား…..
ဪ….
လူတွေ လူတွေ
8 comments
naywoonni
June 6, 2011 at 11:11 am
သောက်နေကျ ကော်ဖီထဲ
ရေနွေးရောတာ များသွားပါလား…..
ဆိုတော့ ကော်ဖီနဲ့ သကြား ထပ်ထည့်ပြီး ဖျော်သောက်လိုက်ပေါ့ …. များများတောင် သောက်ရသေး ဟေးး ဟေးး
windtalker
June 6, 2011 at 2:01 pm
လဘက်ရည်ဆိုင် မှာ ဆိုရင်တော့ ရေနွေးများသွားလို ့ဆိုပြီး နို ့ဆီ လေး နဲနဲတောင်းလိုက် ။ နို ့ဆီ များသွားလို ့ဆိုပြီး ကော်ဖီမှုန် ့လေး ထပ်တောင်းလိုက် ။ ကော်ဖီ များသွားလို ့ဆိုပြီး ရေနွေး တောင်းလိုက်နဲ ့ အလုပ် ကို များလိုက်မယ့် ဖြစ်ခြင်း ပဲ ။
OQ23
June 6, 2011 at 2:43 pm
လူတွေအကြောင်းကတော့ ပြောမဆုံးပေါင် တောသုံးတောင် ထက်ဆိုးနေတယ်။
လောကကြီးမှာကောင်းတာ မကောင်းတာရောနေတယ်ဆိုပေမဲ့ လူတော်တော် များများရဲ့
အကျင့်စရိုက်က မကောင်းတဲ့ဘက်ကနေကြည့်ရင်တော်တော်အခြေအနေဆိုးနေသော
လောကကြီးထဲက လူတွေပါ။
ဆူး
June 6, 2011 at 3:11 pm
စိတ်ကို တသမတ်တည်းထား..
ရေနွေးများတယ်ဆိုတာ.. အာရုံပျံ့လွင့်တဲ့ သဘောရှိတယ်။
အတွေးများရင် ဘေးကားသွားမယ်။
နောက်ကော်ဖီ ဖျော်ရင်း သိပ်မတွေးနဲ့..
အိပ်ခါနီးမှ တွေး.. နဖူးပေါ်လက်တင်ပြီးတော့ တွေးပေါ့..
etone
June 7, 2011 at 3:30 am
ရေနွေးရောတာ များမှာစိုးလျှင် ကိုယ်တိုင်မဖျော်နဲ့လေ မနောရဲ့ …. ။
ကော်ဖီဆိုင်မှာ သွားသောက်လိုက် အစဉ်သင့်လေး ဖျော်ပြီးလာချပေးလိမ့်မယ်…။ အဲ့ဒီအချိန် ကိုယ်က အေးဆေး တွေးနေယုံပဲ … 😛 😛 😛
“တွေးတာတွေ ကြာသွားလို့ ခေါင်းပူလာပြီလား … မတွေးရလျှင် မနေနိုင်တော့ဘူးလား …” ဒါလည်း စိတ်မပူပါနဲ့ စိတ်တည်ငြိမ်အောင် တရားထိုင်လိုက် စိတ်ကြည်ယုံမကဘူး ရုပ်ပါကြည်တယ်…တကယ် !
king
June 7, 2011 at 5:05 am
ဒီအမဆီတော့
အလည်မသွားတော့ဘူးးးးးးးးး
တော်ကြာ နို့ဆီကင်းကွာ သကြားမထည့် ကော်ဖီမှုန့်မပါတဲ့ ရေနွေးချည်းပဲ တိုက်မှာစိုးလို့
😛 😀 🙂
manawphyulay
June 7, 2011 at 5:20 am
ဒါများ လွယ်လွယ်လေး နို့ဆီနဲ့ သကြားကော သောက်ချင်ရင် ဆိုင်က မှာတိုက်လိုက်မှာပေါ့ … 🙂
နီလေး
June 7, 2011 at 9:56 am
ဘယ်သူတွေ ဘယ်သူတွေ က ဘယ်ကသူတွေလဲ ရွာထဲကိုမရောက်တာကြာလို့ မျက်စိတောင်လှည်သွားတယ် မနောရေ မှာတော့မတိုက်ပါနဲ့ မှာပဲသောက်ပါနော်