ကျုပ်တို့ သောက်ကျင့်တွေပြင်ဖို့အချိန်တန်ပြီ
news week ဂျာနယ်မှာတွေ့လိုက်ရတာပါ ……………………..။
တချိန်တုန်းက ရွှေခေတ် …. တချို့သော ရွှေမြန်မာတို့ကိုသိစေချင်ပါတယ် ……………….။
တချို့အကြောင်းအရာတွေဆိုရင် ကျနော်တို့တောင် ငယ်ငယ်ဘဲရှိအုံးမယ် ………………….။
once up on a time ပေါ့ …..။ မြန်မာပြည်ဟာ တကယ့်ရွှေခေတ်ကိုရောက်ခဲ့ရဖူးပါတယ် ….။
မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ အချမ်းသာဆုံးနိုင်ငံအဖြစ်ထင်ရှားခဲ့ပါတယ် .. ( အခုခေတ် ပြင်ပထွက်ပြီး ရရာ လုပ်နေကြသူများ ရင်ကျိုးလောက်ရဲ့ )
၁၉၅၉ ခုနှစ်ကဖွင့်တဲ့ မင်္ဂလာဒုံလေဆိပ်ဟာ … အရှေ့တောင်အာရှမှာ အကောင်းဆုံးလို့နာမည်ကျော်ခဲ့ပါတယ် ………။
ပန်းချီဆရာကြီးဦးဘကြည်ရဲ့လက်ရာတွေနဲ့ အလှဆင်ထားတော့နိုင်ငံခြားသားတွေတအံ့တဩ ဇြစ်ခဲ့ရတာပါ ………။
( ဆရာကြီး ရဲ့ပန်းချီလက်ရာက အရင်က လေဆိပ်အဟောင်းမှာတုန်းက အပေါ်ထပ်က စားသောက်ခန်းမှာရှိတာပါ …။
နာမည်ကြီးပုံကတော့ ဆရာကြီးက နံရံကြီးပေါ်မှာ ပန်းချီဆွဲတော့ မြန်မာ့ထွက်ကုန်တွေ မြန်မာ့အလှတွေ အကုန်ပါအောင်ဆွဲပါတယ် ..။
တခုပြသနာရှိနေတာက နံရံကြီးမှာ သစ်သားတိုင်လုံးကြီးက ကန့်လန့်ခံနေပါတယ် … ဆရာကြီး အနေနဲ့ရုတ်တရက် အဲဒီကန့်လန့်ကြီကို
ဘယ်လိုလုပ်ရမှန်း ချက်ခြင်း idea မရခဲ့ပါဘူး .. သူ့ကို ဖယ်ထုတ်ဖို့ကလဲ ဘယ်လိုမှမဖြစ်နိုင်ပါဘူး …။
ရက်အတော်ကြာစဉ်းစားခဲ့ရပါတယ် .. နောက်ဆုံးတော့ အကောင်းဆုံး အကြံရခဲ့ပါတော့တယ် …..။
အဲဒီ တိုင်လုံးကြီးကို မန်းလေးနာရီစင် ကြီးအဖြစ်ပြောင်းပြီး ပန်းချီရေးဆွဲလိုက်နိုင်တာပါဘဲ …။ )
အခုတော့အဲဒီရှားပါးလက်ရာကြီးမရှိတော့ပါဘူး ……..။
အဲဒီတုန်းက ထိုင်းနိုင်ငံဝန်ကြီးချုပ် ကစ်တီကာချွန်း မြန်မာနိုင်ငံကို ချစ်ကြည်ရေး လာအပြီးမှာဘန်ကောက်လေဆိပ်ကိုပြန်ရောက်တော့
သူ့လူတွေကို မြန်မာပြည်ကိုမှီဖို့ နောက်နှစ် ( ၅ဝ ) လောက်ကြိုးစားရလိမ့်မယ်လို့ ပြောသွားခဲ့ဘူးပါတယ် ..။
အဲဒီအချိန်အခါကလည်း မြန်မာဘော်လုံးအသင်းရဲ့ရွှေခေတ်ပေါ့ ….။
အာရှရဲ့ ဘောလုံးအင်အားအကြီးဆုံးနိုင်ငံဖြစ်ခဲ့တာကိုး ……………………။
ထုိုင်းလူမျိုးတွေဟာ သူတို့မသေခင် မြန်မာဘောလုံးအသင်းကိုနိုင်တာ တွေ့ဖူးချင်တယ် လို့တောင် ပြောယူရလောက်အောင်ပါဘဲ ..။
မလေးရှားနိုင်ငံရဲ့ပထမဆုံးဝန်ကြီးချုပ်လာတော့လဲ … ( တွန်ကူအပ်ဗဒူရာမန်း ) သူအပြန်မှာ ဖဆပလ တိုက်ခန်းတွေကိုနမူနာယူပြီးတော့
သူ့နိုင်ငံမှာ ပုံစံယူဆောက်ခဲ့ရပါတယ် ..။
အဲဒီကာလက အင်ဒိုနီးရှားနိုင်ငံက မလေးရှားပိုင် ဆာဘားနဲ့ ဆာရာဝတ်ပြည်နယ်တွေကိုသိမ်းမယ်လုပ်တော့ ဦးသန့်ကြားဝင်ဇြေရှင်းပေးလို့
ပြေလည်သွားခဲ့ရပါတယ် ..။ မလေးဝန်ကြီးချုပ်က ဦးသန့် ကိုဂုဏ်ပြုတဲ့အနေနဲ့ကွာလာလမ်ပူ လမ်းမကြီးတခုကို ဦးသန့်လမ်း လို့
နာမည်ပေးခဲ့ပါတယ် ..။
စကာင်္ပူမှာလဲ Rangoon Street ဆိုပြီးမြန်မာပြည်ကို ဂုဏ်ပြုပြီး အမည်ပေးထားတာရှိပါတယ် ..။
ရွှေခေတ်တုန်းက …အရှေ့တောင်အာရှမှာ နာမည်အကြီးဆုံးတက္ကသိုလ်ဟာ ရန်ကုန်တက္ကသိုလ်ပါ ..။
ရန်ကုန်တက္ကသိုလ်ကိုဝင်ခွင့်ရဖို့မလွယ်ကူခဲ့ပါဘူး …..။ ပီနန်ပြည်နယ် အစိုးရဝန်ကြီးဒေါက်တာတိန်းဟုတ်နန်းကပြောရာမှာ ..
ကျနော်တို့ခေတ်က ရန်ကုန်ဆေးတက္ကသိုလ် ဟာ အဆင့်မြင့်လွန်းလို့ ဝင်ခွင့်မရခဲ့ဘူး ….
ကျနော် အိန္ဒိယကိုသွားပြီးဆေးကျောင်းတက်ရပါတယ်တဲ့ ..။
မြန်မာနိုင်ငံက BPI ဆေးဆိုရင် တခြားအိမ်နီးချင်းနိုင်ငံတွေ ဘယ်လိုမှရှင်လို့မရခဲ့ပါဘူး … ဒါက ကျနော်တို့အရွယ်ရောက်တဲ့အထိပါ ….။
ကြက်ဆင်ဖဲထီး .. ဟန်သာအေးနိုင်လွန် …ဗန္ဒုလစောင် ပေါ်ဆန်းမွှေးဆန် တို့ဟာ ဒေသတွင်းနိုင်ငံတွေမှာ ဂုဏ်ယူစွာ သုံးစွဲခဲ့ရတာပါ …။
အင်္ဂလန်နိုင်ငံ အောက်စဖို့ တက္ကသိုလ်က အင်္ဂလိပ်စာဌာန ပါမောက္ခ ဟာ မြန်မာနိုင်ငံသားဖြစ်ခဲ့ပါတယ် ..။ ဒေါက်တာထင်အောင်ပါ ..။
Thirty Burmese Tales ) ကိုရေးခဲ့တဲ့ ဆရာကြီးပါ ..။ အခုလဲသူ့စာအုပ်တွေ ရှိဆဲပါ ..။
ဆန်စပါးတင်ပို့မှုမှာ ကမ္ဘာ့ အဆင့် ( ၁ )ဖြစ်ခဲ့ပါတယ် ..။ ကမ္ဘာမှာနော် .. ဒေသတွင်းနိုင်ငံတွေလောက်ထည့်မတွက်ဘူး ..။
အဲ အဲ ..ဒီတုန်းက တကဲ့ရွှေခေတ်နော် …………..။ အဲဒီရွှေခေတ်ပြန်ရောက်ဖို့ ..
ခင်ဗျားတို့ ကျုပ်တို့ သောက်ကျင့်တွေပြင်ဖို့အချိန်တန်ပြီ ….. ဒါက ဗိုလ်ချုပ်ပြောခဲ့တဲ့စကား …………..။
8 comments
fatty
June 8, 2011 at 4:16 am
မနေ့ကဒီပိုစ်ကို ၄ နာရီကြာအောင် တင်ယူရတယ်ဗျာ ….
ခေါင်းစဉ်ပြုတ်ထွက်သွားတယ် ………………………………………
ခေါင်းစဉ်က ရွှေမြန်မာတွေ သိစေဖို့ …….လို့ပေးထားပါတယ် …။
bigcat
June 8, 2011 at 4:59 am
အခုမှ ပြင်နေလည်း မထူးပါဘူး ဦးဖက်ရယ်။ အိပ်လိုက်တာပဲ ကောင်းပါတယ်။ ဂွတ်နိုက် everybody…
char too lan
June 13, 2011 at 10:03 am
ထလော့မြန်မာ၊ အို မြန်မာတို့
တို့ရွာ တို့ပြည်၊ တို့ရွာမြေဝယ်
စေတီ စပါး၊ များလည်းများ၏
များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
ယာစကာမျိုး၊ တညှိုးညှိုးနှင့်
ပုထိုးမြင့်မောင်း၊ ကျောင်းကြိုကျောင်းကြား
လှည့်လည်သွားလျက်မစားလေရ၊ ဝမ်းမဝ၍
ဆွမ်းမျှမတင်နိုင် ရှိမည်တည်း………………
မကြောက်နဲ့ မကြောက်နဲ့ ယောင်တာ 🙂
ဦးဖက်ကလည်း……. အဲ့လိုစကားပလ္လင်မခံပဲပြောတော့ ဝမ်းနဲစရာကြီး 😥
padonmar
June 8, 2011 at 5:45 pm
၁၉၈၂ ခုနှစ် ဆေးတက္ကသိုလ်(၁) အောင်စာရင်းမှာ မော်ရေးရှား Mauritius နိုင်ငံသား တစ်ယောက်ပါပါတယ်။ 1st MB ကနေစပြီးလာတက်သွားတာပါ။
chitlay
June 9, 2011 at 2:48 am
လူတစ်ဦးတစ်ယောက်တည်း ပြင်လို့မရပါဘူး မြန်မာပြည်မှာနေတဲ့ မြန်မာနိုင်ငံသား အားလုံးပြုပြင်ကြရမှာပါ…။
thihayarzar
June 13, 2011 at 7:16 am
ကောင်းလိုက်တဲ့ စာသားတွေဗျာ… တကယ်ကိုအားတက်စရာပါပဲ … အခုနဲ့များကွာပါ့ဗျာ …. အဘယ်ကြောင့် ကျွန်တော်တို့မြန်မာနိုင်ငံဟာ မတိုးတက်ပါပဲနှင့် ဆုက်ယုက်သွားတာလဲ ….အရင်ကမြန်မာနိုင်ငံသားတွေက အရမ်းကိုဂုဏ်ယူကြမှာပဲနော်… ကျွန်တော်တို့ကတော့အခုမြန်မာနိုင်ငံသားဖြစ်တာကို ရှက်နေပီ
လင်းဝေကျော်
June 13, 2011 at 7:22 am
အခုတော့ မလေးမှာ သွားအလုပ်ကြမ်းလုပ်ရ။
စကာင်္ပူမှာ အလုပ်မကြမ်းတကြမ်း၊ ရုံးစာရေးလေးတွေလုပ်ရနဲ့ပါ။
မြန်မာ့ သိက္ခာက တော့….
mzm
June 29, 2011 at 1:47 pm
ရောင်နီကတော့သမ်းလာခါနီးပါပြီဗျာ
တစ်ချိန်ကရွေခေတ်ကိုပြန်ရတော့မှာပါ