Etone ပြိတ္တာဖြစ်ပြီ
ဒီရက်ပိုင်းအတွင်း စိတ်ထဲ မသိုးမသန့် ခံစားမိတယ်… ။ တစ်စတစ် ကျွန်မပြိတ္တာဖြစ်လာတာကိုလည်း သတိထားမိပါရဲ့ … ဟုတ်ပါတယ်… တကယ့်ကို ပြိတ္တာဖြစ်လာတာပါ… စားချင်လျှက်နဲ့ စားသောက်လို့ မရတာ ပြိတ္တာပေါ့ မဟုတ်ဘူးလား … သူ့မှာ ပါးစပ်ပေါက်သေးသေးပဲ ပါလို့အများကြီး တခါတည်း စားမရဘူးလို့ ပြောပေမဲ့ … မြင်ဖူး တွေ့ဖူးခြင်း မရှိပါဘူး … ။ တချို့ တလေပြောတာကျတော့ ပြိတ္တာဆိုတာ တကယ်ရှိပါသတဲ့ … မမြင်ရပေမဲ့ ငြီ်းသံ ကြားရတတ်တယ် တဲ့ ။ အဲ့ဒီအချိန် ထင်းမီးကို နောက်ပြန်ပစ်လိုက်လျှင် ငြီးသံ ရပ်သွားပြီး အဲ့ဒီနေရာမှာ ပစ္စည်းလေးတွေ တခုမဟုတ်တခု ကျန်ခဲ့ပါသတဲ့ ထုံးဗူးလေးတွေ ၊ ကွမ်းအစ်လေးတွေ ၊ မီးခြစ်လေးတွေ စသဖြင့်ပေါ့ … ။ မယုံတော့လည်း ပုံပြင်ပေါ့ … ရှေးလူကြီးတွေ ပြောကြတာပါပဲ… ။
စကားလမ်းတွေ လွဲကုန်ပါပြီ ကျွန်မပြောချင်တဲ့ အကြောင်းက ဒီရက်ပိုင်း အပြင် အစားသောက်တွေနဲ့ ပတ်သတ်လို့ … စိတ်မသန့်တဲ့ အကြောင်းပါ …။ ပြောရလျှင် လက်နဲ့ ထိတဲ့ အစားသောက်တွေ ဆိုပါတော့ … ရောင်းတဲ့လူက လက်နဲ့ ကိုင်ပြီးမှ ကိုယ့်ဆီ တည်ခင်းဧည့်ခံတဲ့ အစားသောက်တွေပါ… ။ ပေါက်ဆီ တလုံးမှာလျှင်တောင် စားပွဲထိုးက ဗျက်ခနဲ လက်အိတ်မပါပဲ ကိုင်ပြီး ပါးကန်ထဲထည့် ပြီးတော့ ကိုယ့်ရှေ့လာချတယ်… ။ သူကိုင်တာ မြင်လိုက်မိတဲ့ ခဏမှာ အသိက လက်အိတ်မပါပါလားဆိုတာပါပဲ… ။ ဒါနဲ့ ပေါက်စီ အပေါ်ယံ အခွံတွေကို ခွာချပြီးမှ စားလို့ရတော့တယ်… ။ နောက်တခါ CP က ကြက်ကြော်ဝယ်လျှင် … ကြက်သား အပိုင်းကို ဒုတ်နဲ့ ထိုးထားပါလျှက် ဘာအကျင့်မှန်းမသိအောင် ကြက်သားတုန်းကို လက်နဲ့ကိုင်ပြီးမှ အိတ်ထဲထည့်တယ်… စနစ်တကျ ကိုင်တွယ်ပုံကို ဆိုင်မှာ တာဝန်ရှိတဲ့လူတွေ မသင်ထားဘူးထင်ပါရဲ့ … ။ လက်နဲ့ ကိုင်တော့ ကျွန်မက အောဒါ ကန်ဆယ်လုပ်ပါတယ်.. နောက်ကွယ်မှာ ဆိုလျှင်တောင် ဒီလောက်တွေးမိမှာ မဟုတ်ပါဘူး … ။ ကြက်ကြော်ဆိုလျှင် ဒုတ်က မကိုင်လို့ ကြက်ကင်ကျတော့ရော ဘာထူးသေလဲ… လက်အိတ်တော့ဝတ်ပြီး ကြက်သားတွေကို အိပ်ထဲ ကောက်ထည့်ပေမဲ့ … လက်အိပ်က တဖက်ထဲပါတာပါ… ဓါးကိုင်တဲ့ လက်က အိတ်မပါပေမဲ့ ကြက်သားတွေ တုံးပြီးသာ းအိတ်ထဲ ကောက်ထည့်တဲ့ အခါ လက်နှစ်ဖက်နဲ့ ကြုံးထည့်ပါတယ်…တကယ့်ကို ဉာဏ်ကြီးရှင်တွေပါပဲ … ။ လက်ကြီးနဲ့ ထည့်တယ်လို့ ယောင်ယမ်းပြီးများ မပြောနဲ့ … လက်နဲ့ မထည့်လို့ ခြေထောက်နဲ့ ထည့်ရမှာလားတဲ့ ရှင် … ။အံ့ဩလိုက်တာ ဆိုင်ကလူတွေ ဘယ်လို သင်ထားလဲ မသိဘူး … ။ ကာစတန်မာလည်း သူတို့ ဂရုမစိုက်ဘူးလေ … ။ ကာစတန်မာရှိ ရှိ မရှိရှိ သူတို့ လစာက တလတခါ ပုံမှန်ရတာမို့ပါ … ။ ကျွန်မလည်း တင်းတင်းနဲ့ … ကြက်ကြော်ဝယ်လျှင် နောက်တခါ ကန်တော့ပွဲပါ ယူလာခဲ့မယ်လို့ ပြောခဲ့ရတော့တယ်… ။
နောက်တခု …ဝက်သားတုတ်ထိုးစားတဲ့ အခါ…လှီးတဲ့လူက လက်အိတ်မစွပ်တတ်ပါဘူး… အပူနဲ့ ဆီကြောင့် ချောမှာစိုးလို့ အတွက်ပါတဲ့ …ဒါနဲ့ပဲ ဝက်သားတုတ်ထိုးစားချင်းကို ရှောင်လိုက်ပြန်ပါတယ်… ၊ ဝက်သားတုတ်ထိုးက ဒုတ်တွေကလည်း တယောက်ပြီး တခါ ပြန်မဆေးပါဘူး … နောက်တတုံး ပြန်ထိုးတာပါပဲ … တယောက်က သွားရေတွေ ရှိနေလျှင် …နောက်တယောက်က မသိပဲ ….xxxx အာ … ကျွန်မဖြင့် မြင်ရတာ အန်ချင်ရော … ။
နောက်ပြီး … မုန့်ဟင်းခါးသည်ကလည်း မုန့်ဖတ်ထည့်တဲ့ အခါ သံပုရာသီးညှစ်တဲ့ အခါတို့မှာ လက်အိတ်မဝတ်ပြန်ဘူး … ပန်းကန်တွေကိုင်လိုက် ၊ ခေါင်းကုတ်လိုက် ၊ ဖင်ကုတ်လိုက်နဲ့ … ကျွန်မမျက်စိထဲ ဘောင်မဝင်လို့ … မစားဖြစ်တော့ဘူး ….။ အသုပ်သည်လည်း ထိုနည်းလည်းကောင်းပါပဲ .. ဆိုင်မှာစားလို့ကတော့ ပါးကန်တွေကို ရေဇလုံထဲနှစ်တယ် ဆပ်ပြာမသုံးပဲ ဆေးပြီး ပြန်ထည့်တာရယ်… ဇွန်းတွေကိုလည်း အဲ့ဒီလိုပဲ လုပ်နေတာရယ်က အတော်ဆိုးပါတယ်… ။ လက်အိတ်ပါလည်း နေ့တိုင်း ဒီလက်အိတ်ကို တယောက်လာလိုက် တခါ စွပ်လိုက် ပြီးလျှင် ချွတ်ပြီး အဆီနှစ်တွေ ပေနေတဲ့ဟာကို ထားချင်တဲ့နေရာထားလိုက် ပြန်ကောက်နယ်လိုက်နဲ့ … ဘယ်အပြင်စာကမှ စားချင်စရာမကောင်းတော့ပါဘူး … ။ အကြော်စားလျှင်လည်း အတူတူပါပဲ … အကြော်သည် ညှပ်နဲ့ ကိုင်ထည့်ပေးတာ အလွန်ရှားပါတယ်… ။ ဒါကြောင့်ပြောတာပေါ့ … ကျွန်မအတွေးလွန်ရင်း ပြိတ္တာဖြစ်နေရပါပြီလို့ လေ… ။
18 comments
bigcat
June 17, 2011 at 3:27 am
အီးတုံးလုပ်မှပဲ ပြိတ္တာလား ဗြိတ္တာလား ဇဝေဇဝါ ဖြစ်သွားပြီ။ အိပ်တာပဲ ကောင်းပါတယ်လေ….
etone
June 17, 2011 at 3:39 am
ကျေးဇူးပါပဲ ကိုကြောင်ကြီးရယ်… ရိုက်ကောင်းကောင်းနဲ့ ရိုက်နေတာ ..။
အခုပြင်လိုက်ပြီနော် ဟဲဟဲ
shweminthar
June 17, 2011 at 3:35 am
မှန်ဘ
ကျနော် တို့ ပါတ်ဝန်းကျင်မှာ ဆပ်ပြာကို တွင်တွင်ကျယ်ကျယ် အသုံးပြုသင့်ပါတယ်။
တကိုယ်ရည် သန့်ရှင်းရေးအတွတ် ကောင်းတဲ့ အလေ့ အထ တွေ များများရဖိုု့လိုပါတယ်။
ဆပ်ပြာများများသုံးလေး အကျိုးရှိလေဘဲ။ ဆပ်ပြာနဲ့ တော့ ဆေးပါတယ် ဒါပေမယ့် ဆပ်ပြာကို ပြောင်အောင် ပြန်မဆေးရင်တော့ ပန်းပဒေသာ ပေါ့။
လက်အိတ်တို့ ကိုလဲ သေသေချာချာ စနစ်ကျကျ အသုံးပြုဖို့လဲ လိုအပ်ပါတယ်။
ကျနော် အမြင်ပြောရရင် အခု ဈေးရောင်းနေရတဲ့ သူ အများစုက ချောင်ချောင်လည်လည် မရှိကြတော့ ကိုယ့်အတွတ် ကုန်ကျစရိတ် သက်သာဖို့ကိုသာ အမြဲစဉ်းစားပြီး လုပ်ရပြီး ကျန်တဲ့ ကျန်းမာရေးပိုင်း ဝန်ဆောင်မှုပိုင်းတွေကို သိပ်ဂရုမစိုက်ဖြစ်ကြလို့ ထင်တာဘဲ။
အားလုံးပြေလည် ကုန်ရင် ဝန်ဆောင်မှုတွေပြိုင်လာကြမယ်။ ကျန်းမာရေးအတွတ်လဲ သူတို့ ထည့်စဉ်းစားနိုင်လာကြလိမ့်မယ်လို့ ထင်ပါတယ်…..
etone
June 17, 2011 at 3:41 am
ကုန်ကျစရိတ်ကို ရောင်းကုန်ထဲ နည်းနည်းပိုတင်လိုက်ပြီး သန့်သန့်ပြန့်ပြန့်လေးဆို ပိုကောင်းမှာပါပဲ … ။ အဓိကက စိစစ်ပေးတဲ့လူ မရှိလို ့ ဒါမျိုးဖြစ်ရတာပါ … ။
chitpyae
June 17, 2011 at 3:56 am
သင်တန်းတခု သွားတက်မိတုန်းက အဲဒီ့က ဆရာမကပြောပြတာလေး ပြန်ပြောပြချင်ပါတယ်။
အသုပ်ဆိုင်တဆိုင်ရှိတယ်တဲ့ အရမ်းသန့်တယ်ပေါ့နော်.. သန့်တယ်ဆိုတာ သုပ်တဲ့သူက လက်အိပ်ကို သုံးပြီးပဲ အသုပ်နယ်ပါတယ်။ စားတဲ့သူတွေက ကျေနပ်တာပေါ့နော်။ တနေ့ကျတော့ customer တယောက်က မေးမိပါတယ် ။ အဒေါ်ကြီးပေါ့ လက်အိပ်ဖိုးတွေ တော်တော်ကုန်မှာပဲ နော်လို့ မေးလိုက်တော့ ဘာပြန်ပြောတယ် မှတ်လဲ …..
မကုန်ပါဘူးကွယ် … ဆေးရုံကြီး အနောက်ဘက်မှာ အများကြီးပဲ ရှိတယ် … အဲဒီ့ကနေ သွားယူလိုက်ရုံပဲတဲ့ ။
နွယ်ပင်
June 17, 2011 at 4:26 am
အဲလိုတာ သေချာတွေးကြည့်ရင်တော့ ဘယ်အစားစာမှ မသန့်တာများပါတယ် .. သန့်ပါတယ်ဆိုတဲ့ ဆိုင်တွေတောင် အနောက်ထဲဝင်ပြီးသေချာသွားကြည့်ရင်တော့ ကိုယ့်စိတ်နဲ့မတည့်တာ မသန့်ရှင်းတာ တစ်ခုခုတော့ တွေ့ရတာပဲ .. အဲတော့ etone ပြောသလို ပြိတ္တာဖြစ်မှာဆိုးလို့ တစ်ခါတစ်လေကျရင် မမြင်ချင်ယောင်ဆောင်ပြီးစားပါတယ် … 🙂
weiwei
June 17, 2011 at 4:35 am
မဝေကတော့ အပြင်ကအစာတွေ သိပ်မစားဘူး … စားချင်စိတ်ပေါက်လာရင် ကိုယ့်ဟာကိုယ်ပဲ လုပ်စားတယ် … မနေ့က ကြက်ကြော်လုပ်စားတာလေး တင်ထားသေးတယ် ….
mnoe
June 17, 2011 at 5:04 am
ကိုယ်တစ်ယောက်တည်း ဇီဇာကြောင်နေတာလားလို့၊ အဖော်ရပြီ။ ဒါဆို တို့လဲ ပြိတ္တာဖြစ်တာကြာပေါ့။
etone
June 17, 2011 at 9:09 am
တွေးလွန်းလျှင်လည်း ဇီဇာကြောင်တယ်ဖြစ်ပြန်ရော… တကယ်တမ်း မသန့်တာတွေ စားမိလို့ ဝမ်းကိုက်ပိုးမိလျှင် ကိုယ်ပဲ ခံရတာလေ.. ဟုတ်တယ် ဟုတ် .. သူများတွေ ဘာပြောပြော ကိုယ့်အန္တရာယ်တော့ ကိုယ်ကြည့်ရှောင်မှ … ။
စုံ စုံ
June 17, 2011 at 5:39 am
တကယ်သာစဥ်းစားပြီးမှစားရမယ်ဆိုရင်
ဘယ်ဆိုင်မှာမှဝယ်စားဖြစ်မှာမဟုတ်တော့ဘူး
အားလုံးကညစ်ပတ်တဲ့နေရာမှာအနဲနဲ့အများဘဲကွာမှာပါ
အဲ့ဒါကြောင့်နွယ်ပင်ပြောသလိုမမြင်ချင်ယောင်ဆောင်ပြီးစားမှဘဲ
စားဖြစ်တော့မှာ
ကိုပေါက်(မန္တလေး)
June 17, 2011 at 7:38 am
မဆာသေးဘူးဆိုရင်တော့ ဒါတွေတွေးမိတယ်။
တကယ်ဆာပြီဆိုရင်တော့ ဒါတွေမတွေးမိဘဲ အားရပါးရ လွေးမိပါတယ်။
naywoonni
June 17, 2011 at 3:13 pm
တစ်ကိုယ်ရည် အသိလေးတွေပေါ့……….
ဆူး
June 17, 2011 at 3:40 pm
ကိုယ်တိုင် မလုပ်နိုင်တဲ့ အခါ သူများ အားကိုးရင်တော့ အဲဒီ ဒဏ်ကို ခံရတာပါပဲ။ အကောင်းဆုံးကတော့ အိမ်မှာ ချက်စား အကုန်ကျ သက်သာတယ်။
nozomi
June 17, 2011 at 6:01 pm
အပြင်စာ စားချင်ရင် အိမ်ဝယ်လာ အိမ်ကျမှ နွှေးစားပါလား
nature
June 17, 2011 at 6:12 pm
အီတုန်းရေ၊ အမျှ ၊ အမျှ ၊ အမျှ။
Shwe Tike Soe
June 18, 2011 at 3:14 am
ကျွန်တော်ကတော့ လမ်းဘေးမှမစားတော့ဘူး စားချင်ရင် အိမ်မှာ လုပ်စားတယ်
အရသာက တော့ အစုံပဲ စားချင်တဲ့ ဟာတွေစုပြီး တစ်မျိုးထဲပေါင်းချက်ပြစ်တာ ဟဟ
ကျန်းမာရေးနဲ.လဲညီညွတ်တယ် သန်.လဲသန်.တယ် ကိုယ်စိတ်တိုင်းကျဆိုတော့ ကောင်းကောင်းမကောင်းကောင်း စားပေတော့ပဲ
တညင်သား
June 18, 2011 at 3:25 am
အော် .. ကျွန်တော်တို့ တောသားတွေ တော့ ထမင်းထဲ ငါးပိရေဆမ်း ပဲပြုတ်ထည့် လယ်ထဲ က နွားသေးရောနွားချေးပါ ပျော်ဝင်နေတဲ့ ခပ်နောက်နောက်ရေထဲ လက်နစ်ဆေးပြီး နယ်ဖတ်စားလိုက်တာပဲ..မိုးလေးများရွာလို့ ရွံ့တွေစင် ထားတဲ့ ခမောက်ပေါ်က ကျလာတဲ့ ရေစက်ကလေးတွေက ထမင်းပုဂံထဲတစက်စက်ကျ ..ဖြုတ်ကလေးများကိုက်ရင် ထမင်းစားနေတဲ့လက်နဲ့ သာသာလေးကုတ် ….အမလေးစားရတာ မိန်မှ မိန် ..မြို့ကြီးသူတွေများတော့ ..ဟင်းးးးးးးးးးး
ဒါလဲ ဝဋ် တမျိုးပဲနော်……တိုင်းပြည်ကို ကာကွယ်နေတဲ့ စစ်သားတွေဆို အခုလို မသန့်ရှင်းတဲ့ အစားလေးတောင် မစားရရှာဘူး… 🙁
winnmyo
June 18, 2011 at 5:16 am
တကယ်ကရောင်းတဲ့သူတွေစေတနာပါဖို့ပါပဲ…….. စေတနာပါရင်ကောင်းကောင်း သန့်သန့်လေးလုပ်ကြမှာ
လေ….