မိဘမေတ္တာ

ေရႊဘိုသားJune 19, 20111min1697

ဒီပို.စ်ကိုတင်ရတာကတော. ကျွန်တော်အကြောင်းဆိုရင်လည်း မမှားပါဘူး။ကျွန်တော်နယ်မှာ နေတုန်းက တော်တော်ကချော်ကချွတ်နိုင်ပါတယ်။ကျွန်တော်တို.မှာ

ညီကိုနှစ်ယောက်ရှိပါတယ်။နှစ်ယောက်ထဲရှိတာဆိုတော.  ဘယ်လောက်ထိချစ်ကြသလဲဆိုရင် တစ်နေကုန်တောင်မှ မျက်နှာချင်းမဆိုင် ဖူးပါဘူး။အရင်ကြိုပြော

ထားမယ် ကျွန်တော်.အမေကအမြင်.ဆို တော်တော်ကိုကြောတတ်ပါတယ်။ရွာဘက်က မိန်းကလေးတွေက အတော်သင်.ကတော. အသီးအရွက်

မန်ကျီးသီး မန်ကျီရွက် လောက်ကတော. ကိုယ်တိုင်တက်ခူးပြီးမှ ချက်ကြပါတယ်။ဘယ်သူမှပိုက်ဆံကုန်ခံပြီးမဝယ်ကြပါဘူး။အစ်မကတော. တစ်ခြားလူတွေနဲ.

ဆန်.ကျင်ဘက်ပါပဲ။အမြဲဝယ်ချက်ပါတယ်။ကျွန်တော်တို.ကလည်း တက်ခူးမပေးပါဘူး။အစ်မေကိုယ်တိုင်မတက်သလို ကျွန်တော်တို.ကိုလည်း ဘယ်တော.မှအမြင်.

ကိုမတက်ခိုင်းပါဘူး။တစ်နေ. ကျွန်တော်.ညီလေးက သစ်ပင်ပေါ်တက်ပြီးသရက်သီးတက်ခူးပါတယ် အမြင်.ကအနည်းဆုံး ပေ 50 လောက်တော.ရှိမယ် သူတက်တဲ.

အပင်မှာ ပျားအုံးတစ်အုံးလည်းရှိပါတယ် ကျွန်တော်ကလည်း သူ.ကိုမတည်.တော. ဘာမှမစဉ်းစားပဲ ပျားအုံးကို လေးခွ နဲ.ပစ်လိုက်ပါတယ်။အဲဒီမှာ ပျားကောင်တွေက

ကျွန်တော်.ညီကို ဝိုင်းပြီးတုပ်ကြပါရော ညီလေးကလည်း အပေါ်မှာတအားငိုနေပါတော.တယ် ကျွန်တော်လည်းဘာလုပ်ရမှန်းမသိ ဒီတိုင်းကြည်.နေပါတယ်

ကိုယ်လုပ်ပြီးမှ ညီလေးကိုတော်တော်လည်း သနားမိပါတယ် အဲဒီမှာ အမေက ညီလေးငိုလို.ဆိုပြီး အပြေးရောက်လာပြီး ပျားကောင်တွေ

တုပ်လို.ငိုနေတာလို.ပြောလိုက်တော. အမြန်ပဲတက်သွားပြီး ညီလေးနားက ပျားကောင်တွေကို သစ်ခက်တွေနဲ.ရမ်းထုတ်ပြီးညီလေးကို ကူပြီးပြန်ဆင်းလာပါ

တော.တယ် အဲဒီမှာ ကျွန်တော်လည်းအရမ်းအံ.ဩသွားပါတော.တယ် အစ်မေအမြင်.ကြောက်တာ ကျွန်တော်ကိုယ်တိုင် အသိဖြစ်တာတောင် သားသမီးစိတ်နဲ.ဆို

တော.ဘာမှမကြောက်ပဲ တက်ရဲတဲ. စိ်တ်ဓာတ်ကို အရမ်းကိုအံ.ဩလေးစားမိပါတယ်။ ကျွန်တော်လည်း အဲဒီနေ.ကစပြီး ညီလေးကို အနိုင်မကျင်.တော.သလို

အမေ.ကိုလည်း အရင်ကထက်ပိုပြီး ချစ်လာပါတော.တယ်။ ဒီပို.စ်ကိုရေးပြီးတင်လိုက်ရတာ ဘာရယ်မဟုတ်ပါဘူး ကျွန်တော် အခုပြန်စဉ်းစားမိရင်း ညီလေးများ

ပြုတ်ကျခဲ.ရင် ခြေကျိုး လက်ကျိုးဖြစ်မှာ သေချာတယ်ဆိုတာကို ပြန်တွေးပြီး ဝမ်းနည်းနောင်တရပြီး အမေ.ကိုလည်းလေးစားတာနဲ. အခုလို.ပို.စ်တင်လိုက်တာပါ။

အရမ်းလည်း အမေ နဲ.အဖေနဲ. ညီလေးကိုလွမ်းလို.ရေးလိုက်တာပါ။ကိုယ်.အကြောင်းတင်တယ်ဆိုပြီးလည်း အပြစ်ပြောလည်းခံရမှာပါပဲ။ ရွာသားတို.လည်း

မိဘကိုဘာပဲဖြစ်နေဖြစ်နေ လေးစားပါ ချစ်ကြပါလို. ပြောချင်ပါတယ်။ကိုယ်အခက်ခဲရှိရင် မိဘသာအားကိုးရာပါလို.ပြောကြားလိုပါတယ်

7 comments

  • bigcat

    June 19, 2011 at 1:00 pm

    သားစိတ်မွှန်နေတဲ့ နွားမကြီး တဟုန်ထိုးခေါင်းနဲ့ဝင်ခွေ့လို့ သွားနေတဲ့ မီးရထားရပ်သွားတာ ကြားဖူးတယ်။ ဒါထက် အမြင်ဆိုတာကို အမြင့်လို့ ပြင်လိုက်ပါလားကွယ်။ မမ မြင်ရင် ပြောနေအုံးမယ်။ သူ့မြန်မာ့မီးရထားအကြောင်း မှတ်ချက်ထဲ ထည့်ရေးတာတောင် စိတ်ဆိုးနေမလား မသိဘူး။ ခွင့်တောင်းပါတယ် မမ ခင်ဗျား…..
    အောက်ကမြင့် – shift + u

    • MaMa

      June 20, 2011 at 2:25 am

      အင်းးးးးးးးး ကိုယ်တွေတောင် မလိုဘူး။ တပည့်တွေနဲ့တင် တော်တော်အဆင်ပြေနေပြီ။ 😀
      ပုံ/ မြန်မာ့မီးရထား

  • manawphyulay

    June 19, 2011 at 1:24 pm

    မိဘမေတ္တာဆိုတာ တုနှိုင်းမရပါပဲ။ ဒီလိုပါပဲ မောင်နှမတွေမှာလည်း အတူတူရှိနေစဉ်မှာ တည့်ရကောင်းမှန်းမသိပဲ ဝေးကွာခဲ့မှ လွမ်းရကောင်းမှန်းသိတယ်လို့ဆိုသလိုပေါ့။ နီးတကျက်ကျက် ဝေးတစ်သက်ဆိုတာလိုပဲပေါ့။ ဘဝမှာ မိသားစုဘဝလောက် ပျော်ရွှင်ချမ်းမြေ့မှုပေးနိုင်တာ မရှိသေးပါဘူး။ မိသားစုကို ကြင်နာပါ၊ နွေးထွေးပါ၊ ကူညီပါ၊ ရိုင်းပင်းပါလို့ ပြောလိုက်ပါရစေရှင်………

  • padonmar

    June 19, 2011 at 3:21 pm

    ကိုယ့်အကြောင်းတင်တာ အပြစ်မဟုတ်ပါဘူး၊
    သုမောင်ဆို သူ့အကြောင်းလေးတွေဘဲရေးသွားတာ ဖတ်လို့အလွန်ကောင်းပါတယ်။
    အခုလည်း စာဖတ်တဲ့သူကို ရွှေဘိုသားက အမေ့မေတ္တာအကြောင်း ပြောပြပေးလိုက်နိုင်ပါတယ်။

  • maythakhin

    June 19, 2011 at 5:29 pm

    ငယ်စဉ်ကလေးဘဝက အဖြစ်လေးကို တွေးပြီးစိတ်မကောင်းဖြစ်နေတာပဲ။ ကလေးဆိုတာ သိတတ်မှုနည်းပါတယ်။ စိတ်ထဲမှာလည်း နားလည်မှုလေးတွေ တွေးခေါ်မှုလေးတွေ နည်းပါးသေးတဲ့ အချိန်ဆိုတော့ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ချက်ချင်းပဲသိပြီး ပြန်လည်ဖြည့်ဆည်းပေးလိုက်တဲ့ ဆုံးဖြတ်ချက်
    (“ ကျွန်တော်လည်း အဲဒီနေ.ကစပြီး ညီလေးကို အနိုင်မကျင်.တော.သလို

    အမေ.ကိုလည်း အရင်ကထက်ပိုပြီး ချစ်လာပါတော.တယ် ” )ကလေးက အရမ်းကောင်းပါတယ်။နောင်တဆိုတာ ရှိမနေတော့ဘူးပေါ့။

  • နွယ်ပင်

    June 20, 2011 at 5:35 am

    မိဘမေတ္တာဆိုတာ နှိုင်းယှဉ်ဖို့တော်တော်ခက်ခဲပါတယ် …

  • Yan Shin

    June 20, 2011 at 2:29 pm

    မိဘမေတ္တာ ဆိုတာ ဘာနဲ့မှနှိုင်းလို့မရပါ။
    မိဘနေရာရောက်လာမှ ပိုပြီးကိုယ်တွေ့သိလာမှာပါ။
    နောင်ခါမှ တတဲ့နောင်တ မဖြစ်ဘို့သာ သတိရရမှာပါ။

    သူ့မောင် အဖေ သာဓုကစ မင်းလူ မောင်ဝဏ်ဏ စသည် သူတို့မိသားစုတွေ သူတို့မိသားစုအကြောင်းရေးရင်း စာကောင်းတွေဖြစ်လာတာပါ။
    မောင်သာရကလည်းပြောဘူးပါတယ်။ ရေးတတ်ရင် ဝတ္တုဖြစ်တယ်တဲ့။
    ဆရာကြီးတွေ ရေးတဲ့စာတွေဖတ်ပြီး ဆရာဝင်လုပ်ရတာပါ။

    ကျွန်တော်တို့လည်း ဒီလိုပဲစကြမယ်လေ။

    သကြီးနဲ့တကွ ရွာကို ကျေးဇူးတင်ပါတယ်။

Leave a Reply