Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အနာဂတ်ပညာရေး ရွေးချယ်မှုနဲ့ဝါသနာ

SnowyJune 21, 20111min40010

မဝေရဲ့ “၁ဝ တန်းအောင်ပြီးနောက် ဘယ်ဘာသာယူရင် ကောင်းမလဲ” ဆိုတာလေးဖတ်ပြီးတော့ Comment ရေးရင် ရှည်နေတာနဲ့ ထင်မြင်ချက်ကို Post တစ်ခုရေးလိုက်တာပါ … Snowy အယူအဆမှားနေရင် လဲဝင်ရောက်ဆွေးနွေးပေးပါအုံး … ဘယ်သူကိုမှထိခိုက်စေလို့ တဲ့ရည်ရွယ်ချက်နဲ့ မဟုတ်ပဲ ကိုယ့်အတွေးသက်သက် သာဖြစ်ပါတယ် ….

ကိုယ်ကဘာဝါသာပါလဲဆိုတာ (၁၆) နှစ် (၁၇) နှစ်အရွယ်ခလေးတစ်ယောက်အတွက် သိဖို့ခဲယဉ်းပါတယ်၊၊ အဲဒီအတွက်၊ အထွေထွေဗဟုသုတရစေဘို ့သင် တန်းလေးတွေ ပေးတက် တာဟာ၊ သူတို ့အတွက်၊ စဉ်းစားဆုံးဖြတ်ဖို ့ အထောက် အကူဖြစ်စေပါတယ်၊၊ ဥပမာ၊ ကွန်ပျူတာ သင်တန်း၊ စာရင်းအင်း အခြေခံ သင်တန်း၊ စီပွားရေးဆိုင်ရာ သင်တန်း စသည်ဖြင့်ပေါ့ … ဒါမှအပြင်မှာဘာတွေဖြစ်နေတယ် ငါဘာစိတ်ဝင်စားတယ် ဘာတက်သင့်တယ်ဆိုတာ ပိုမြင်လာပါလိမ့်မယ် … ဒီဘက်ခေတ်မှာ Entertainment တွေများတော့၊ သူတို့အတွက် ဗဟုသုတရနိုင်တဲ့ ပတ်ဝန်း ကျင်လေး တွေ ဖန်တီး ပေးရပါ့မယ်၊၊  ဥပမာ၊ စာကြည့်တိုက်တွေကိုသွားတာ၊ ဘာသာရပ်နဲ့ဆိုင်တဲ့ သတင်းအချက်အလက်တွေကို အင်တာနက်ဝက်ဆိုက်တွေမှာလေ့ လာကြည့်ရှု ့နိုင်တယ် ..
ပြည်ပမှာ ကျောင်းတက်ချင်သော ကလေးများ ကောပြည်တွင်းမှာပဲကျောင်းပြီးရင် အလုပ်လုပ်မယ့် ကလေးတွေပါ ဘာတွေပြင်ဆင်သင့်တယ်ဆိုတာ သိနားလည်တဲ့ လူတွေနဲ့လဲ ဆွေးနွေးတိုင်ပင်ပါလို့ အကြံပေးချင်တယ် …. Snowy အမြင်ကတော့ ခုချိန်မှာဆရာဝန်လိုင်း ယူမဲ့လူများသေချာ စဉ်းစားစေချင်ပါတယ် … စာသင်နှစ်ကိုပဲ 5/6 years ပြီးရင် House ဆင်း bond လုပ်ထားလို့ 3 years (အတိအကျတော့မသိပါ) နိုင်ငံတော်မှာ ပြန်လုပ်… ရိုးရိုး MBBS ပဲ 9 နှစ်လောက်သွားပြီ … ပိုက်ဆံတက်နိုင်သူများ ကျတော့ England / US / France တွေမှာ သွားတက်နိုင်တာ .. ကုန်မှာလဲသောက်သောက်လဲ … ကဲဒီတော့ ပညာရေးလဲ ပြီးရော အသက်က 40 နားကက်သွားပြီ … မတက်နိုင်လို့ MBBS နဲ့ပဲ ဆိုရင် .. ရက်ကွက်ဆေးခန်းမှာတောင် လူနာလာဖို့ မသေချာသလောက်ပဲ … အသိ သူငယ်ချင်းတွေထဲမှာ တောင် ဘွဲ့ရပြီးတော့ မတက်နိုင်လို့ ဆေးကုမ္မဏီတွေမှာ အလုပ်လုပ်နေတဲ့သူတွေ အများကြီးပါ ….

နိုင်ငံခြားမှာ ပညာသင်မဲ့သူများအတွက် ကတော့ မရှိမဖြစ် ပြင်ဆင်သင့်တဲ ့ပထမဆုံးအချက်ကတော့ အင်္ဂလိပ်စာ ကျွမ်း ကျင်မှု ့အတွက်ပဲဖြစ်ပါတယ်၊၊ တကယ်တော့ အင်္ဂလိပ်စာ အတွက်ပြင် ဆင်ရင်းနဲ့၊ အထွေထွေဗဟုသုတ၊ စာဖတ် တဲ့အလေ့အကျင့်၊ မှတ်သားတတ်တဲ့ အလေ့အကျင့်၊ ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာတဲ့ အလေ့ အကျင့်လေးတွေကိုရသွားပါတယ်…..

နိုင်ငံတကာမှာ တွေ ့ ကြုံရနိုင်တဲ့၊ သင်ယူမှု ့သင်ကြားမှု ့တွေအတွက်ပါ၊ အထိုက် အလျောက် ပြင်ဆင်ထားရစေချင်ပါတယ်၊၊ ဥပမာ၊ (၁၀) တန်းမှာ Guide နဲ ့ လေ့ကျင့်လာခဲ့တဲ့ ခလေးတစ်ယောက်အတွက်၊ မိမိဘာသာ Assignment တွေတင်ရ၊ Presentation တွေလုပ်ရတဲ့ပတ်ဝန်းကျင်ကိုရုတ်တရက်ရောက်ရှိသွားတဲ့အခါ အခက်အခဲလေး တွေရှိတတ်ပါတယ်၊၊အဲဒီအတွက်၊အင်တာနေရှင် နယ်ကျောင်းတွေမှာ အလေ့အကျင့်ရှိလာခဲ့တဲ့ ကျောင်းသူကျောင်းသား တွေအတွက် သိပ်အခက်အခဲမရှိနိုင်ပေမဲ့၊ နယ်ကခလေးတွေ အတွက်တော့၊ သင်တန်းတွေ တက်ပြီးပြင်ဆင်ရုံတင် မဟုတ်ပဲ၊ လေ့လာသင်ယူမှု  ့ Learning Style ကိုပါပြင်ဆင်ဖို ့လိုအပ်ပါတယ်၊၊

 

 

မိဘတွေအနေနဲ့လဲ သား သမီးတွေကို သူတို့ ဖြစ်စေချင်တာနဲ့ ကိုယ့်ကလေး ဘာကိုစိတ်ဝင်စားတယ် ဘာဖြစ်ချင်လဲဆိုတာ မေးပြီး အကောင်းအဆိုးပြောပြသင့်တယ် …. အဘက်ဘက်ကယှဉ်ပြိုင်မှု ့ တွေပိုပြီးများလာတဲ ့အခုလိုခေတ်ကြီးမှာ များများလေ့လာနိုင်လေ ကိုယ့် အတွက် အကျိုးရှိလေဆိုတော့ … ညီငယ် ညီမငယ် များ မှန်ကန်သော လမ်းကိုရွေးချယ် လျှောက်လှမ်းလို့ အောင်မြင်မှုများ ရရှိ နိုင်ကြပါစေ …

 

10 comments

  • weiwei

    June 21, 2011 at 2:41 pm

    ကလေးတစ်ယောက်က ဘယ်ဘာသာမှာ ထူးချွန်တယ်ဆိုတာတော့ သိနိုင်ပါတယ် … စာမေးပွဲဖြေရင် ပေါ့ပေါ့ပါးပါးနဲ့ အမှတ်အများဆုံးရနေတဲ့ ဘာသာရပ်ကို သူက စိတ်အဝင်စားဆုံးနဲ့ အကျွမ်းကျင်ဆုံးပဲ ဖြစ်ပါလိမ့်မယ် … မဝေငယ်ငယ်က မြန်မာစာနဲ့ အင်္ဂလိပ်စာကို အမှတ်အများကြီးရအောင် ဘာမှအားမထုတ်ရပဲ ဖြေနိုင်ပေမယ့် သချင်္ာကို သေချာဂရုစိုက်နိုင်မှ အမှတ် ၈ဝ ကျော်ရုံပဲ ရခဲ့ဖူးပါတယ် … အဲဒါကိုကြည့်ရင် ဘာသာစကားကို စိတ်ဝင်စားတယ် (ဝါသနာပါတယ်) လို့ သိနိုင်ပေမယ့် အမှတ်က YIT ကိုမှီနေတာနဲ့ တက်လိုက်တယ် … သချင်္ာအဓိကပါတယ့် အင်ဂျင်နီယာဘာသာတွေကို သင်ရတာ အရမ်းပင်ပန်းတယ် … စိတ်လဲ မဝင်စားဘူး … ဒါပေမယ့် အလုပ်တစ်ခုလုပ်စားနိုင်တဲ့ အသက်မွေးဝမ်းကျောင်းဘွဲ့တစ်ခုဖြစ်နေလို့ အခုထိ အဲဒီဘွဲ့နဲ့ လုပ်စားနေပေမယ့် (အဆင်ပြေနေပေမယ့်) တကယ်တမ်း စိတ်ကျေနပ်မှု မရသေးဘူး … အရမ်းထူးချွန်တဲ့ အင်ဂျင်နီယာတစ်ယောက်လဲ ဖြစ်မလာခဲ့ဘူး …

  • bigcat

    June 22, 2011 at 3:34 am

    ဆေးတို့ စက်မှု ဝင်ခွင့်အမှတ်တွေ ထိပ်ဆုံးမှာမရှိတော့တာ ကောင်းလည်းကောင်း၏၊ ဆိုးလည်းဆိုး၏။ ကောင်းတာက မြောက်ကြွမြောက်ကြွတွေ နည်းသွားမှာမိုလို့၊ ဆိုးတာက မြန်မာပြည်ထိပ်တန်းကျောင်းသာတွေ စုဝေးရာ ဆေး၊စက်မှု တက္ကသိုလ်တိုတဲ့ နာမည်ကောင်း ထိခိုက်သွားနိုင်လို့။ ဘာပဲဖြစ်ဖြစ် မစားရတဲ့ စပျစ်သီး ချဉ်တာပဲကောင်း၏…….. 👿

  • moethidasoe

    June 22, 2011 at 4:42 am

    ဆေးတက္ကသိုလ်တွေမှာ ကျောင်းသား လက်ခံမယ် ဆိုရင် အရင်ဆုံး psycho test လုပ်သင့်တယ်လို့ ထင်တယ် .. အဲဒီအခါမှာ တကယ်ဖြစ်ချင်လို့ ဝင်လာတာလား .. မိဘတိုက်တွန်းလို့ စိတ်မပါပဲ ဝင်လာတာလား .. ယောင်ဝါးဝါးနဲ့ အမှတ်မီလို့ ဝင်လာတာလား .. ကွဲကွဲပြားပြား သိသွားမယ် ..
    အခုတော့ စစ်တော့ စစ်ပါတယ် .. ပြန်လည် မသုံးသပ်ဖူး .. စစ်တဲ့ အဖြေလွှာကိုပဲ သိမ်းထားတာ ..

    ဒါနဲ့ ဆုံးဖြတ်ချက်ပေးမယ် ဆိုရင်လဲ ကြောက်ရမှာ တခုက .. အဲဒါကို ဆုံးဖြတ်ပေးတဲ့ တဦးတယောက် ဒါမှ မဟုတ် အဖွဲ့က အဂတိ လိုက်စားမှာ စိုးတယ် ..

    • Snowy

      June 22, 2011 at 4:59 am

      တစ်ခါက ကြားဖူးတယ် အသိအဒေါ်ကြီးရဲ့ သမီးကဆေးတက်ချင်တာ အမှတ်ကမမှီဘူး ကပ်ပြီးကျန်တာလို့ ကြားတယ်…. အဲဒါ ၁ဝ သိန်းနဲ့ လိုက်လိုက်တာ တစ်ခြားဝင်ခွင့် အမှတ်မှီတဲ့တစ်ယောက်နဲ့ ချိန်းလိုက်တာတဲ့ .. မျက်လုံးတောင်ပြူးသွားတယ် …

  • Snowy

    June 22, 2011 at 4:52 am

    ဟိုတုန်းက ဆေး၊ စက်မှုကကျောင်းပြီး တဲ့သူတွေက တစ်ကယ်ကိုပညာတတ်ကြတယ် ကျောင်းပြီးရင် အလုပ်အကိုင်လွယ်ကူတယ် … ခုခေတ်ကတော့ ဘွဲ့အမည်ခံလေး ရဖို့ ကျောင်းတက် … ဘွဲ့ရပြီးတော့လဲ တစ်ခြား Certificate တွေအထပ်လိုက် မရှိရင်အလုပ်ကရဖို့ မလွယ် … ရတဲ့ လစာနဲ့ လမ်းစရိတ်တောင်မကာမိ …. ရင်လေး၏ 🙁

  • windtalker

    June 22, 2011 at 5:01 am

    သားသားကြီးရင် ဘာလုပ် မယ် ဖေဖေမေးရင်ကွယ် ဆိုတဲ့ သီချင်း လေး က အတိတ်စိမ်းလေးပါ

  • လင်းဝေကျော်

    June 22, 2011 at 5:20 am

    အလုပ်အကိုင်အခွင့်အလမ်းတွေများပြားစုံလင်အောင် လုပ်နိုင်မှသာ…..
    အထက်တန်းအောင်တဲ့ အရွယ်မှာ အသိဉာဏ်ကလည်း မြင့်နေပြီး ကိုယ်ဘာလုပ်ချင်တယ်ဆိုတာကို သိနိုင်မှသာ…

  • naywoonni

    June 22, 2011 at 6:11 am

    ဘယ်ဘာသာယူမလဲဆိုတာ ဆယ်တန်းအောင်ပြီးမှစဉ်းစားရင် နောက်ကျသွားပါပြီ… တစ်ကယ်တော့ ဆယ်တန်းစတက်တဲ့နေ့ကတည်းက ဆုံးဖြတ်ပြီး အမှတ်ကောင်းအောင် စီမံကိန်းချရမှာ … ။ ဆယ်တန်းအောင်မှကတော့ ရတဲ့အမှတ်နဲ့တန်ရာဘာသာပဲရမှာပေါ့……. ဒီမှာက အမှတ်နဲ့အကဲဖြတ်စနစ်လေ…….. တစ်ဘာသာမှဂုဏ်ထူးမပါပဲနဲ့ ဆရာဝန်ဖြစ်ချင်လို့မရပါဘူး ဒါလေးတော့ သတိပေးကြပါဦးးး ။ ဘွဲ့ဆိုတာလည်းတစ်ခုပဲရမယ်ဆိုတာ ………..သတိရကြပါဦး……တို့ ငယ်ငယ်တုန်းက A GTI တက်နေရင်းနဲ့ စာပေးစာယူခိုးဖြေရတဲ့သူရှိဖူးတယ်……..

  • fatty

    June 23, 2011 at 3:08 am

    အခုခေတ်ဝိုင်းပြီးတိုးနေကြတာတော့ ရေကြောင်းတက္ကသိုလ်ဘဲဗျ။
    အဲဒီက port and harbour နဲ့ပြီးတဲ့တယောက် ထားဝယ် စီမံကိန်းမှာ တွေ့ခဲ့တယ်
    လခ တလကို သိန်း၃ဝ ရတယ်။ အမှတ်ကလဲ ယောကျာင်္းလေးဆို ၅၀ဝ ကျော်မှ စိတ်ချရမယ်။

  • Snowy

    June 23, 2011 at 6:32 am

    ဟုတ်တယ် ဦးဖက်ရေ .. Snowy သူငယ်ချင်းတစ်ယောက် က ရေကြောင်းတက္ကသိုလ် ပထမဆုံးစဖွင့်တဲ့နှစ်မှာ တက်တာခုတော့ Second Mate ဖြစ်နေပြီ သဘောင်္လိုင်းတစ်ခုမှာ 🙂 လစာကတော့မေးစရာကို မလိုတော့တာ

Leave a Reply