SnowyJuly 6, 20112min19211
ဒီတစ်လော အလုပ်အသစ်လျှောက်မယ်ဆိုပြီးစလုပ်တော့ တော်တော် စိတ်ပြက်မိတဲ့ အကြောင်းအရာလေးပါ … ပြောပြန်ရင်လဲ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလိုဖြစ်အုံး မယ် … အုပ်ချုပ်တဲ့ လူတွေအသုံးမကျ …. ပညာရေးက အသုံးမဝင်ဆိုတော့ … BA / BSc / BE ဘွဲ့တွေတစ်သီ တစ်တန်းကြီး ကိုင်ထားလဲ သူများနိုင်ငံမှာ ရိုးရိုး Secondary အောင်ထားတဲ့ လူတွေနဲ့တောင် ယှဉ်လို့မရ … မြန်မာနိုင်ငံ ကတော်တော်များများ ကိုတော့ အလုပ်ရှင်တွေကြိုက်ကြတယ် … ဘာလို့လဲ မမေးနဲ့ တစ်ခွန်းပဲ  .. ခိုင်းကောင်းလို့ Complaint မတက်လို့ … Singapore မှာပြီးခဲ့တဲ့ လပိုင်းလောက်ကတင် ရွေးကောင်ပွဲ လုပ်တော့ Party တစ်ခုက Foreigner တွေကြောင့်Local တွေအလုပ်အကိုင်ရှားပါးလာ တယ်ဆိုပြီးတော့အဆိုတင်သွင်းခဲ့တယ် […]


SnowyJune 21, 20111min16110
မဝေရဲ့ “၁ဝ တန်းအောင်ပြီးနောက် ဘယ်ဘာသာယူရင် ကောင်းမလဲ” ဆိုတာလေးဖတ်ပြီးတော့ Comment ရေးရင် ရှည်နေတာနဲ့ ထင်မြင်ချက်ကို Post တစ်ခုရေးလိုက်တာပါ … Snowy အယူအဆမှားနေရင် လဲဝင်ရောက်ဆွေးနွေးပေးပါအုံး … ဘယ်သူကိုမှထိခိုက်စေလို့ တဲ့ရည်ရွယ်ချက်နဲ့ မဟုတ်ပဲ ကိုယ့်အတွေးသက်သက် သာဖြစ်ပါတယ် …. ကိုယ်ကဘာဝါသာပါလဲဆိုတာ (၁၆) နှစ် (၁၇) နှစ်အရွယ်ခလေးတစ်ယောက်အတွက် သိဖို့ခဲယဉ်းပါတယ်၊၊ အဲဒီအတွက်၊ အထွေထွေဗဟုသုတရစေဘို ့သင် တန်းလေးတွေ ပေးတက် တာဟာ၊ သူတို ့အတွက်၊ စဉ်းစားဆုံးဖြတ်ဖို ့ အထောက် အကူဖြစ်စေပါတယ်၊၊ ဥပမာ၊ ကွန်ပျူတာ သင်တန်း၊ စာရင်းအင်း အခြေခံ သင်တန်း၊ စီပွားရေးဆိုင်ရာ သင်တန်း စသည်ဖြင့်ပေါ့ … ဒါမှအပြင်မှာဘာတွေဖြစ်နေတယ် ငါဘာစိတ်ဝင်စားတယ် ဘာတက်သင့်တယ်ဆိုတာ ပိုမြင်လာပါလိမ့်မယ် […]


SnowyJune 11, 20111min1248
ချစ်ပေမယ့် ချစ်သူတော့မဟုတ်ဘူး ဂရုစိုက်ပေမယ့် မိသားစုလည်းမဟုတ်ဘူး နာကျင်မှုတွေကို ဝေမျှခံစားဖို့ အသင့်ရှိနေပေမယ့် ဆွေမျိုးသားချင်းလည်း မဟုတ်ခဲ့ဘူး ဒါပေမယ့် သူတို့တတွေက အဖေတစ်ယောက်လို့ ဆူတတ်တယ် အမေတစ်ယောက်လို ဂရုစိုက်တယ် အစ်မတစ်ယောက်လို ကျီစယ်တတ်ပြီး အစ်ကိုတစ်ယောက်လို ဒေါသထွက်တတ်တယ် ဒါတွေကိုလုပ်ဆောင်တတ်တာ စစ်မှန်တဲ့ သူငယ်ချင်းပဲပေါ့ . . . ဒီလိုသူငယ်ချင်းမျိုးကို ပိုင်ဆိုင်ခဲ့ပြီဆိုရင်တော့ ဆုံးရှုံးမသွားအောင် တန်ဖိုးထားပါ။ သူငယ်ချင်းကောင်းဆိုတာ တစ်သက်မှာတစ်ခါပဲ ရရှိပြီး ထာဝရတည်မြဲသွားတတ်တဲ့သူပါ။……………………   With Love; $nOwY ^_*


SnowyJune 3, 20111min712
“ဘာဖြစ်လို့ ကျွန်တော့်ကို စွန့်လွှတ်လိုက်တာလဲ!”   အေးစက်စက်မြေပြင်ပေါ် လဲကျရင်း အချစ်ကမေးတယ်။   “ဝါသနာနဲ့ မျှော်မှန်းချက်ကိုပဲ ကိုယ်လိုချင်ခဲ့တာပါ”   “ကျွန်တော့်ကို ကောက်ယူပါ။ ကျွန်တော်ဘယ်လောက် တန်ဖိုးရှိတယ်ဆိုတာ နောက်တော့ ခင်ဗျားသိမှာပါ” အချစ်က ခခယယတောင်းဆိုတယ်။   “ဟို….”   အချစ်ရဲ့ခယတောင်းဆိုမှုမှာ ကိုယ်တွေဝေနေမိတယ်။ ပြောစရာ စကားလုံး ကိုယ်ရှာမတွေ့ခဲ့ဘူး။ ကိုယ့်အတွေးထဲမှာ အချစ်ကဒြပ်မဲ့ပစ္စည်း…. မမြင်နိုင်ဘူး၊ ဆုပ်ကိုင်လို့မရဘူး။ ဒါကြောင့် အချစ်နဲ့မျှော်မှန်းချက်ကြားမှာ မျှော်မှန်းချက်ကိုရွေးဖို့ ကိုယ်ဆုံးဖြတ်လိုက်တယ်။   ဒါပေမယ့် မျက်ရည်တွေနဲ့ ပြည့်နှက်နေတဲ့အချစ်ကို မကြည့်ရက်ခဲ့လို့ ခါးချိုးဦးညွှတ်ပြီး အချစ်ကို ကိုယ်ကောက်ယူလိုက်မိပြန်တယ်။ ဒီတစ်ကြိမ်မှာတော့ အချစ်က ကိုယ့်လက်ဖဝါးထဲမှာ တလက်လက်တောက်ပပြီး နွေးထွေးတဲ့ရောင်ခြည်တွေ ယှက်ဖြာနေတဲ့ ပုလဲတစ်လုံးလို့ ကိုယ်ခံစားမိတယ်။   ဒါပေမယ့်….   […]


SnowyMay 27, 20111min722
တစ်ခါက ကောင်လေး တစ်ယောက်က ကောင်မလေးတစ်ယောက်နဲ့ ချစ်သူတွေ ဖြစ်ကြပြီး ကာလ အတန်ကြာတော့ နှစ်ဖက်မိဘတွေ သဘောတူညီမှု နဲ့ လက်ထပ်လိုက်ကြတယ်.။ ဒါပေမဲ့.. ကောင်မလေးမိဘတွေ ဘာအလုပ်လုပ်တယ် ဆိုတာကို ကောင်လေးက မသိခဲ့လေတော့ လက်ထပ်ပြီး တစ်ဦးတည်းသော သမီးဖြစ်သောကောင်မလေးကြောင့် ကောင်မလေးမိဘတွေက ကောင်လေးတို့အိမ်ကို လိုက်နေပြီးနေတယ်.။ ဒီမှာ တစ်ပတ်လောက်ကြာမှ ကောင်မလေးမိဘတွေရဲ့ အလုပ်ကို သိလိုက်ရတော့တယ်.။ ကောင်မလေးမိဘတွေရဲ့ အလုပ်က သမာအာဇီဝအလုပ်ပါပဲ.။ ဒါပေမဲ့ ကောင်လေးရဲ့ ယောက္ခထီးရော ၊ ယောက္ခမရောက ၃ရ မင်းနတ်တွေကို လွန်စွာ ယုံကြည်ကိုးကွယ်ကြပြီး သူတိုရဲ့ အလုပ်ဆိုတာကလည်း နတ်တွေကို ချောမြူရတဲ့ နတ်ကတော် အလုပ်ပဲ ဖြစ်တယ်.။ ကောင်လေးက ခေတ်ပညာတတ်လူငယ်လေး ဖြစ်လေတော့ ဒီ ၃ရ မင်းနတ်ဆိုတာတွေကို ဘယ်လိုမှ […]

myanmar-democracy-cartoon.png

SnowyMay 26, 20111min16810
တစ်ကယ်ဆိုရင် မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ အတိုးတက်ဆုံးနဲ့ အချမ်းသာဆုံး နိုင်ငံအဖြစ် ထင်ရှားခဲ့ဘူးပါတယ်၊ 1959 ခုနှစ်လောက်က ဖွင့်ခဲ့တဲ့ မင်္ဂလာဒုံလေဆိပ်ဟာ အရှေ့တောင်အာရှမှာ အကောင်းဆုံးလို့ နာမည်ကျော်ခဲ့ပါတယ်. အဆောက်အဦးတစ်ခုလုံး လေးအေးစက်တွေနဲ့ ပန်းချီဆရာကြီး ဦးဘကြည်ရဲ့ ပန်းချီလက်ရာတွေဟာ ပြောမဆုံးအောင် ဂုဏ်ယူစရာဖြစ်ခဲ့ပါတယ်၊ ကျနော်တို့ ငယ်ငယ်တုန်းက လေအေးစက်ကြောင့် အေးနေတဲ့ လေယာဉ်ကွင်းအဆောက်အဦးကြီးထဲကို ဝင်ပြီး တအံ့တဩဖြစ်ခဲ့ရပါတယ်။ ကျနော်တို့တင် မဟုတ်ပါဘူး …… အဲဒီတုန်းက ယိုးဒယားဝန်ကြီးချုပ် ကစ်တီကာချွန်း မြန်မာပြည်ကို ချစ်ကြည်ရေးနဲ့ လေ့လာရေးလာပြီး အပြန်မှာ ဘန်ကောက်လေဆိပ်ရောက်တော့ သူ့လူတွေကို “မြန်မာပြည်ကို မှီဖို့ နောက်ထပ် နှစ်(၅၀)လောက် ကြိုးစားရမယ်”လို့ ပြောသွားခဲ့ဘူးပါတယ်၊ မလေးရှားနိုင်ငံရဲ့ ပထမဆုံးဝန်ကြီးချုပ် တွန်ကူအပ်ဗဒူရာမန်း  လည်း မြန်မာပြည်ကို လာပြီးလေ့လာခဲ့တယ်၊ အပြန်ကျတော့ ဖဆပလတိုက်ခန်းပုံစံတွေ ယူပြီး ဆောက်တယ်၊ […]

security_guard_icon2.png

SnowyMay 5, 20111min15413
တနင်္ဂနွေနေ့လေး နေမြင့်အောင်အိပ်ရမလားမှတ်တယ် စောစောစီးစီးကို ဖုန်းမြည်လာတယ်လေ။ Silent လုပ်ပြီးမအိပ်မိတော့ ခု ဇိမ်ပျက်ရပြီ။ နံပတ်ကြည့်လိုက်တော့လည်း တခါမှ မမြင်ဘူးဘူးဖြစ်နေတယ်။ သန်း တာနဲ့ရောပြီး ဖုန်းပြန်ဖြေလိုက်တယ်… “ဟားလို” “ကိုဖိုးကျော်လား ဗျာ” “ဟုတ်ပါတယ်” “ကျနော်က မောင်ရာဇာပြည့်စုံမင်းသွေးပါ” အောင်မယ်လေး…ရှည်းလျားတော်မူလို   က်တဲ့နာမည် “အော်…အေး…ပြော မောင်မီးသွေး” “မင်းသွေး ပါဗျ” “ဟုတ်ပါပြီကွာ…ကိစ္စကိုပြောပါအုံ း” “ရန်ကုန် စမ်းချောင်းက ကိုသန်းထူး ကိုသိတယ်မလား” “အင်း…သိတယ်၊ ဘာလဲ သူ ဆုံးပြီလား” “အာ…မဟုတ်ပါဘူး၊ ကျနော်က သူညီဝမ်းကွဲလို့ ပြောမလို့ ပါ” “အော်…ဒီလိုလား” “ဟုတ်ပါတယ်၊ ကျနော်က အလုပ်လာရှာတာ၊ ကိုဖိုးကျော်ဆီဆက်သွယ်ပြီး လိုအပ်တာ အကူအညီတောင်းဖို့ မှာလိုက်လို့” အေပေး သန်းထူး၊ ဒုက္ခပေးဖို့တော့ သတိရရှာသား။ ရုံးပိတ်ရက်လေးတရက်တော့ […]


SnowyApril 20, 20111min18616
ဒီနေ့ တစ်နေ့လုံးရင်ထဲမှာနေလို့ မကောင်း အလုပ်လဲလုပ်လို့မရတာနဲ့ ဘယ်သူမှလဲရင်ဖွင့်စရာ မရှိ …. နောက်ဆုံးဒီဆိုက်လေးထဲမှာရေးဖို့ ဆုံးဖြတ်လိုက်တယ် နဲနဲတော့ပေါ့သွားသလိုပဲ မနေ့က Facebook မှာ ရည်းစားဟောင်းရဲ့ Wedding Reception photo နဲ့ status ကိုတွေ့လိုက်ရတယ် …… ဘာကြောင့်မှန်းမသိရင်ထဲမှာ အရမ်းဆို့နင့်နေတယ် …. သူနဲ့ အဆက်အသွယ်ပြတ်ခဲ့တာ တစ်နှစ်ကျော်ခဲ့ပြီ … ခုထိဘာကြောင့်ခံစားချက်တွေရှိနေပါလဲစဉ်းစားလို့ မထွက်ဘူး …… သူ့ wall မှာ Congratulation ရေးရတာနဲနဲတော့ ရီစရာကောင်းသားနော် ….. အခုချိန်ထိသူနဲ့ ပါက်သက်တာတွေကို နားစွင့်နေစဲ။ သူနဲ့လမ်းခွဲခါနီး ….. ပြောခဲ့တဲ့စကား ခုထိမှတ်မိနေစဲ .. ” မင်းကအရမ်းမာနကြီးတယ် … အတ္တကြီးတယ် …. တစ်ကိုယ်ကောင်းအရမ်းဆန်တယ် …. မင်းဖက်ပဲကိုပဲကြည့်ပြီး ငါ့ဖက်ကိုမကြည့်ဘူး” […]