Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အသက်ကြီးလဲ သတိထားရမှာပဲ ….

နွယ်ပင်June 23, 20111min56530

နွယ်ပင်က အခုတစ်လော အလုပ်ကပြန်ရင် သင်တန်းတစ်ခုတက်နေတော့ ညအပြန်ဆို အမြဲတမ်းနောက်ကျနေတက်တယ်
တစ်နေ့ကလဲ ထုံးစံအတိုင်း သင်တန်းပြီးလို့ပြန်တော့ (သင်တန်းနဲ့ အိမ်နဲ့က နည်းနည်းဝေးတယ် ) ည (9း00) နာရီလောက်ရှိနေပြီ
နွယ်ပင်နဲ့ နွယ်ပင်သူငယ်ချင်းက မီးပွိုင့်မှာ ကိုယ်စီးရမယ့် ကားကိုတွေတော့ အရမ်းဝမ်းသာပြီး အပြေးပဲ လှမ်းတက်လိုက်တာပေါ့
ကားကလဲ ထွက်နေပြီဆိုတော့ ခုံကိုရွေးမနေတော့ပဲ ကို်ယ်နဲ့ အနီးဆပ်ဆုံးခုံမှာ ဝင်ထိုင်လိုက်မိတယ်
ခုံက သုံးယောက်ထိုင်ထိုင်ခုံဆိုတော့ ဘေးနားမှာက ထိုင်နှင့်နေပြီးသားသူကရှိနေတယ် ကြည့်လိုက်တော့လဲ ကိုယ့်အဖေ အရွယ်
ဦးလေး အရွယ်ဆိုတော့ အေးအေးသက်သာပဲ ဝင်ထိုင်လိုက်မိတယ် . ‘ ဒါပေမဲ့ အဲ့အဖေအရွယ် ဦးလေးအရွယ်ကြီးက နွယ်ပင်တို့
သူငယ်ချင်း (2) ယောက်ဝင်ထိုင်ကတည်းက သိသိသာသာ တစ်မျိုး ခေါ်တော်ကြည့်လို့ခေါ်တဲ့ အကြည့်နဲ့တစ်မျိုး နှိပ်စက်ပါလေရော
ကိုယ်တွေကလဲ ကြည့်တာပဲလေဆိုပြီး မသိလိုက်မသိဘာနေပင်မဲ့ သူက နောက်ပိုင်းလဲကျရော အဲလိုနေလို့မရအောင်ကိုကြည့်တော့တာ
နောက် ကားက မှတ်တိုင်တစ်ခုရောက်လို့ ရပ်လိုက်ရင် သူက လိုအပ်တာထက်ပိုပြီးတော့ အသားချင်းထိအောင် ကိုယ်ကိုယိမ်းလိုက်တာမျိးတွေပါလုပ်လာတယ်
အဲဒါနဲ့ နေရာပြောင်းမယ်လဲ လုပ်ရော ကားပေါ်မှာက နေရာလွတ်ကမရှိတော့ဘူး ။နောက်တော့ နွယ်ပင်လဲ စိတ်က အရမ်းတိုလာပြီးပြောမယ်ဆိုပြီး
တည့်တည့်ကြည့်လိုက်တော့ အံမယ် ဥပတိရုပ်က ထင်ရက်စရာမရှိဘူး တကယ့် လူကြီးလူကောင်းပုံစံနဲ့ ပြီးတော့ သူက ဘုရားစာရွတ်သလိုပါးစပ်ကလဲ
ပွပွစိစိနဲ့ မသိချင်ယောင်ဆောင်နေတာလေ ။ ဒါနဲ့ပဲ ဆက်ပြီးသူ့ဘက်ကို တက်နိုင်သလောက်မထိအောင် ဟိုဘက်ကို ယိမ်းးပြီး
ထိုင်တာ ထိုင်နေရတဲ့ သူက အလိုင်းမင်းတောင်လွဲမတက်ပဲ ဒါတောင်သူကရအောင်ထိသေးတယ် ။ သည်းမခံနိုင်တဲ့အဆုံး ဘာပဲဖြစ်ဖြစ်ပြောတော့မယ်ဆိုတော့
ဘဘကြီးက ဆင်းတော့မလိုနဲ့ ထိုင်ရာကထသွားပြီးဘာလိုလိုနဲ့ အပေါက်ဝမှာ သွားရပ်နေတာ မှတ်တိုင် (2) ခုလောက် ရပ်ပြီးမှဆင်းသွားတယ် ။
အဲလို အသက်ကြီးပြီး အချိန်မစီးတဲ့ သူကလဲ ရှိသေးတယ် ကိုယ့်သမီး အရွယ်တူမအရွယ်လေးတွေများ အသားယူတာပြောပါတယ် သူ့အတွက် ဘာအကျိုးအမြတ်
ဘာအရသာများရှိလို့ပါလိ်မ့် …

30 comments

  • windtalker

    June 23, 2011 at 7:46 am

    ကျွန်တော့် အသိ ကောင်မလေး လို အပ်ချိတ်ကြီး တစ်ချောင်း ကို သွားလေရာ ဆောင်ထားပါလား ။ ကောင်မလေး က မန်းတလေး နဲ ့ဗန်းမော် ကားအမြဲ စီး နေကြ ဆိုတော့ မနွယ်ပင် ပြောသလို ခေါ ်တော တွေ နဲ ့မကြာခဏ ကြုံ ရသတဲ့ ။ အချို ့ဆို လက်ပါ သရမ်းတာတဲ့ ။ သူ က တော့ သူ ့လာ လက်သရမ်း ရင် ဆောင်ထားတဲ့ အပ်ချိတ်ကြီး နဲ ့သွေးထွက်ထွက် ဘာဖြစ်ဖြစ် ဆိုပြီး ဆောင့်ဆောင့်ထိုး သတဲ့ ။ အဲဒီလို ထိုးရင် မျက်နှာကြီး ရှုံ ့၊ ပါးစပ် ကလဲ အသံမထွက် ရဲ ပဲ ငြိမ်သွားပါလေရော တဲ့ ။ စကားမစပ် မနွယ်ပင် က တော်တော်ချော မှာ အသေအချာပဲ ။ ဘုရားတရား လုပ်ရမယ့် အရွယ်တောင် ဘုရားမေ့တရားမေ့ လောက်အောင် ဖြစ်စေတယ်ဆိုတော့ ။ ဟီဟိ ( သားက ခင်ချင်လို ့စတာပါနော် မမနွယ်ပင် စိတ်ချိုးရဘူးနော် )

    • နွယ်ပင်

      June 23, 2011 at 8:12 am

      အရင်က နွယ်ပင်လဲ အဲလိုချိတ်တွေဘာတွေဆောင်ပါတယ် မဟုတ်ရင်လဲ ဖိနပ်နဲ့ဆောင့်နင်းလိုက်တာပဲ အဲ့နေ့ကမှ အဲ့ဘူးဘဘကြီး ကံကောင်းချင်လို့ထင်ပါတယ် ချိတ်ကလဲ မပါလာ ထိုင်ရက်ဆိုတော့ ဖိနပ်နဲ့ ဆောင့်နင်းလို့လဲ မရဖြစ်သွားတာပါ
      နွယ်ပင်လား ချောသလားမမေးနဲ့ ယင်ကောင်တောင်နားလို့မရဘူး ချောလွန်းလို့ ချော်ထွက်နေတာ 🙂

  • xman

    June 23, 2011 at 7:58 am

    ဒီလိုရှိတယ် တူမလေးရဲ့
    လူကောင်း လူယုတ်မာဆိုတာ အသက်နဲ့မဆိုင်ဘူး။ သီအိုရီတွေက ဘယ်လိုပြောပြော လက်တွေ့မှာတော့ အကျင့်မကောင်း စိတ်ဓါတ်မကောင်းတဲ့ သူတွေအများစုဟာ အိုပြီးသေတဲ့အထိ အဲဒီအတိုင်းပဲ။
    ဒီခေတ်မှာပိုဆိုးတယ်-
    အသက်ကလေးရလာတော့ အသက်အလျှောက် လုပ်ငန်း ငွေကြေးလေးဘာလေး နဲနဲပြည့်စုံလာတော့ ၊ ခေတ်ကလဲ ကဲလို့လွယ်တဲ့ခေတ် ရောက်လာတော့ အဲဒီကြီးယုတ်မာတွေဟာ ကာရာအိုကေတွေမှာလဲ မင်းသား ၊ မာဆတ် တွေမှာလဲ ဖေါက်သည်၊ စင်တင်ဂီတပါတဲ့ စားသောက်ဆိုင်တွေမှာလဲ ဆိုင်မဆင်းဖြစ်ကုန်ပြီး –
    မိန်းကလေးမြင်ရင်ကို ကိုယ့်သမီးအရွယ်လား ကိုယ့်မြေးအရွယ်လား ခေါင်းထဲမရောက်နိုင်တော့ဘဲ ယုတ်မာတဲ့မျက်စေ့နဲ့ပဲ မြင်တော့တယ်။
    အဲဒီလိုလူတွေများနေလို့လဲ ဦးတို့တိုင်းပြည် ဒီလိုဖြစ်နေတာ။

    ဒါကြောင့် ဒီလိုထောက်ခံတယ် –
    အသက်ကြီးလဲ သတိထားပါ

  • pan pan

    June 23, 2011 at 7:59 am

    ဒီလိုကိစ္စတွေက ဘတ်စ်ကားစီးတဲ့မိန်းကလေးတိုင်း အနည်းနဲ့အများ ကြုံရပါတယ်။ ထိုင်ရက်အသားယူတာတစ်မျိုး၊ မတ်တပ်ရပ်ရင်းကတစ်သွယ်၊ သူတို့နည်းစနစ်တွေက အများသား။

  • hmee

    June 23, 2011 at 8:29 am

    မမှီတို့လည်း ကြုံခဲ့ဖူးတယ်။ ဟီး…၈ဝ ရအောင် ပို့စ် တခု တင်ဦးမှ။ ကျေးဇူးပဲ နွယ်ပင်ရေ အတွေးလေး ပေးလို့။ 🙂

  • susunosuki

    June 23, 2011 at 8:45 am

    ဟုတ်ပါတယ်။ ဒါမျိုးရှိတတ်ပါတယ်။

    ဒီလိုလူမျိုးတွေရှိတတ်လို့လည်း တစ်ခါတစ်ရံမှာ ကျွန်တော်တို့ တော်တော် အကျပ်ရိုက်ရတဲ့ အကြိမ်တွေအများကြီးကြံဖူးပါတယ်။

    တစ်ခါလောက်ခံထားဖူးတဲ့ မိန်းကလေးဟာ နောင်ဆိုအမြဲ သံသယနဲ့ ကြည့်တတ်လာပါတယ်။ အဲဒီလိုမျိုးကိုယ့်ကို သံသယနဲ့ ကြည့်ခံရတော့လည်း တော်တော်ခံပြင်းပါတယ်။ ကိုယ်မလုပ်တဲ့ ကိစ္စတစ်ခုကို ကျွန်တော်တို့ ဘယ်လိုစိတ်နဲ့ ငြိမ်ခံနေနိုင်မလဲ။ တစ်ဖက်မိန်းကလေးဖက်က ကြည့်ပြန်တော့လည်း သူကကို်ယ့်အကြောင်းကို ဘယ်လိုသိနိုင်မလဲ။

    အကောင်းဆုံးအကြံပေးလိုတာ က ဒီလို ချိကန်း(ဂျပန်နိုင်ငံတွင် ဒီလိုကိစ္စမျိုးကို ချိကန်းဟု နာမ် ပြုကြောင်းကြားဖူးပါတယ်) လုပ်တာခံရပြီလိုသံသယဝင်ချိန်မှာ စိတ်ကိုရှင်းရှင်းထားပြီး အတည်ပြုပါ။
    သေချာပြီဆိုရင် အသက်ကို ညင်ညင်သာသာနဲ့ သုံးခါလောက်ရှုပါ။ ပြီးရင် တရားခံဖက်ကိုလှည့် ပြီး တစ်သက်တာကြားပြောဖူးသမျှစကားထဲမှာ အရိိုင်းဆုံး၊ အရင့်ဆုံး၊ အကြမ်းဆုံး၊ အကျယ်ဆုံး စကားလုံးတွေ သုံးပြီးရန်တွေ့ပါ။

    ပြီးရင်တော့ မေ့ပစ်လိုက်ပါတော့။ သတိရနေရင် ကိုယ်ပဲခံစားရမယ်။ လူသားတွေဆိုတာ တဏှာကျွန်တွေမို့လို့ ညဏ်ရှိတဲ့သူက ထိန်းပြီး ညဏ်မရှိသူက မထိန်းချုပ်ဘူးလို့ပဲ ကိုယ့်ကိုယ်ကို နှလုံးသွင်းပါ။

    ကျွန်တော်တို့ကတော့ ပိုခက်ပါတယ်။ ယောကျင်္ားအချင်းချင်း ဒီလို ချိကန်းလာလုပ်တာ ၂ ခါခံဘူးပါတယ်။ တစ်ခါကတော့ ဘယ်လို့မှာ ပြောမထွက်လောက်အောင် အရမ်းဒေါသထွက်ပြီး နောက်တစ်ကြုံရတော့ ဆဲပစ်လိုက်ပါတယ်။

    ကို်ယ်မျက်စေ့ရှေ့မှာ မိန်းကလေးတစ်ဦးဦးကို ချိကန်းလုပ်တာကို တစ်ခါမှာ ဘုရင့်နောင်လမ်းဆုံနားက လိုင်းကားပေါ်ကြုံဖူးတယ်။ ကျွန်တော်စိတ်ကို ဆုံးဖြတ်လိုက်တယ်။ နောက်ထပ် တစ်မိနစ်စောင့်ကြည့်လို့မှ ဒီလိုမရပ်ရင် ကိုယ်တိုင်ရန်စပြီး ဆွဲထိုးမယ်လို့။ ခပ်တင်းတင်းကြည့်နေတာကို မနေတတ်သလို အဲဒီလူ နောက်ရွှေ့သွားပါတယ်။

    ရန်ဖြစ်ရင်လည်း မလွယ်ပါတယ်။ သူက ကျွန်တော့်ထက် ဗလကြီးပါတယ်။ သူ့ပုံစံက ကျွန်တော့်ထက်ပိုပြီးသန့်ပြန့်သပ်ရပ်နေပါတယ်။ လည်ကတုံးနဲ့ပါပဲ။ တကယ်ရန်ဖြစ်ရင်တောင် ကျွန်တော့်ဖက်လိုက်မယ့် လူ မရှိသလောက်ပါပဲ။ မိန်းကလေးက ရှက်ပြီး ရေငုံနေရင်ပေါ့။

    • pan pan

      June 23, 2011 at 9:17 am

      “သူ့ပုံစံက ကျွန်တော့်ထက်ပိုပြီးသန့်ပြန့်သပ်ရပ်နေပါတယ်။ လည်ကတုံးနဲ့ပါပဲ။“
      ဟုတ်တယ်။ ကိုယ်တွေ့ကြုံဖူးတယ်။ လူကအသက် ၄ဝ ဝန်းကျင်၊ လည်ကတုံးအဖြူနဲ့ ပုဆိုးကမီးပူတိုက်ထားတဲ့ခေါက်ရိုးအထင်းသား။ ခေါင်းကလည်း ညီညာနေအောင်ခေါင်းလိမ်းဆီရွှဲရွှဲနဲ့ ဖိကပ်နေအောင်လိမ်းထားတာ။ နေကာမျက်မှန်ကြီးကလည်း အင်္ကျီအိပ်ကပ်မှာချိတ်လို့။ တကယ့်လူကြီးလူကောင်းပုံစံနဲ့။ အဲလူပေ့ါ ဘီအမ်ကားမှာခြေနင်းခုံကရပ်ပြီး အပေါ်ကရပ်နေတဲ့လူကို တံတောင်ကြီးနဲ့သရမ်းတာ။

  • susunosuki

    June 23, 2011 at 8:48 am

    ဟုတ်ပါတယ်။ ဒါမျိုးရှိတတ်ပါတယ်။

    ဒီလိုလူမျိုးတွေရှိတတ်လို့လည်း တစ်ခါတစ်ရံမှာ ကျွန်တော်တို့ တော်တော် အကျပ်ရိုက်ရတဲ့ အကြိမ်တွေအများကြီးကြံဖူးပါတယ်။

    တစ်ခါလောက်ခံထားဖူးတဲ့ မိန်းကလေးဟာ နောင်ဆိုအမြဲ သံသယနဲ့ ကြည့်တတ်လာပါတယ်။ အဲဒီလိုမျိုးကိုယ့်ကို သံသယနဲ့ ကြည့်ခံရတော့လည်း တော်တော်ခံပြင်းပါတယ်။ ကိုယ်မလုပ်တဲ့ ကိစ္စတစ်ခုကို ကျွန်တော်တို့ ဘယ်လိုစိတ်နဲ့ ငြိမ်ခံနေနိုင်မလဲ။ တစ်ဖက်မိန်းကလေးဖက်က ကြည့်ပြန်တော့လည်း သူကကို်ယ့်အကြောင်းကို ဘယ်လိုသိနိုင်မလဲ။

    အကောင်းဆုံးအကြံပေးလိုတာ က ဒီလို ချိကန်း(ဂျပန်နိုင်ငံတွင် ဒီလိုကိစ္စမျိုးကို ချိကန်းဟု နာမ် ပြုကြောင်းကြားဖူးပါတယ်) လုပ်တာခံရပြီလိုသံသယဝင်ချိန်မှာ စိတ်ကိုရှင်းရှင်းထားပြီး အတည်ပြုပါ။
    သေချာပြီဆိုရင် အသက်ကို ညင်ညင်သာသာနဲ့ သုံးခါလောက်ရှုပါ။ ပြီးရင် တရားခံဖက်ကိုလှည့် ပြီး တစ်သက်တာကြားပြောဖူးသမျှစကားထဲမှာ အရိိုင်းဆုံး၊ အရင့်ဆုံး၊ အကြမ်းဆုံး၊ အကျယ်ဆုံး စကားလုံးတွေ သုံးပြီးရန်တွေ့ပါ။

    ပြီးရင်တော့ မေ့ပစ်လိုက်ပါတော့။ သတိရနေရင် ကိုယ်ပဲခံစားရမယ်။ လူသားတွေဆိုတာ တဏှာကျွန်တွေမို့လို့ ညဏ်ရှိတဲ့သူက ထိန်းပြီး ညဏ်မရှိသူက မထိန်းချုပ်ဘူးလို့ပဲ ကိုယ့်ကိုယ်ကို နှလုံးသွင်းပါ။

    ကျွန်တော်တို့ကတော့ ပိုခက်ပါတယ်။ ယောကျင်္ားအချင်းချင်း ဒီလို ချိကန်းလာလုပ်တာ ၂ ခါခံဘူးပါတယ်။ တစ်ခါကတော့ ဘယ်လို့မှာ ပြောမထွက်လောက်အောင် အရမ်းဒေါသထွက်ပြီး နောက်တစ်ကြုံရတော့ ဆဲပစ်လိုက်ပါတယ်။

    ကို်ယ်မျက်စေ့ရှေ့မှာ မိန်းကလေးတစ်ဦးဦးကို ချိကန်းလုပ်တာကို တစ်ခါမှာ ဘုရင့်နောင်လမ်းဆုံနားက လိုင်းကားပေါ်ကြုံဖူးတယ်။ ကျွန်တော်စိတ်ကို ဆုံးဖြတ်လိုက်တယ်။ နောက်ထပ် တစ်မိနစ်စောင့်ကြည့်လို့မှ ဒီလိုမရပ်ရင် ကိုယ်တိုင်ရန်စပြီး ဆွဲထိုးမယ်လို့။ ခပ်တင်းတင်းကြည့်နေတာကို မနေတတ်သလို အဲဒီလူ နောက်ရွှေ့သွားပါတယ်။

    ရန်ဖြစ်ရင်လည်း မလွယ်ပါ။ သူက ကျွန်တော့်ထက် ဗလကြီးပါတယ်။ သူ့ပုံစံက ကျွန်တော့်ထက်ပိုပြီးသန့်ပြန့်သပ်ရပ်နေပါတယ်။ လည်ကတုံးနဲ့ပါပဲ။ တကယ်ရန်ဖြစ်ရင်တောင် ကျွန်တော့်ဖက်လိုက်မယ့် လူ မရှိသလောက်ပါပဲ။ မိန်းကလေးက ရှက်ပြီး ရေငုံနေရင်ပေါ့။

  • pooch

    June 23, 2011 at 8:55 am

    အနော်လည်း ဆေးခန်းတခုမှာ ကြုံ့ဖူးတယ် ။အပြင်ဘက် ခုံတန်းတွေမှာ ထိုင်စောင့်နေတုန်း ။လူကမှ ကိုယ့်အပူ နဲ့ ကိုယ်ပါဆို တကယ် စိတ်တိုတာ။ လူကြည့်တော့ ရိုးရိုး တောသူတောင်သား ရုပ်ရည်မျိုးနဲ့
    တကယ်မထင်ရဘူး ။ ထိုင်ရင်းနဲ့ သူ့ပေါင်ကြီး နဲ့ ကိုယ့်ပေါင်ကို လာထိထားတာ။ ပထမတော့ ရိုးရိုးထိတာမှတ် လို့ ဟိုဘက် တိုးထိုင်လည်း လိုက်လာတော့မှ ထရပ်လိုက်ရတယ်။

    • နွယ်ပင်

      June 23, 2011 at 9:30 am

      ဟုတ်ပ အဲနေ့က နွယ်ပင်တွေ့တဲ့ ဘဘကြီးကလဲ သန့်သန့်ပြန့်ပြန့် ဆံပင်ကို ခွဲကြောင်းညီနေအောင်ခါလို့ ဘောင်းဘီနဲ့ ဟန်းဖုန်းနဲ့ လက်ထဲမှာလဲ အိတ်အမည်းကြီးနဲ့ အလုပ်တစ်ခုခုမှာ ရာထူးကြီးကြီး (အထက်အရာရှိ) လုပ်တဲ့လူပုံမျိုး ။ စိတ်ဓာတ်ကတော့ ဟိုးအောက်ဆုံးမှာလေ

  • ရွှေဘိုသား

    June 23, 2011 at 9:10 am

    တစ်ခါတစ်လေးများ မိန်းကလေး ရွယ်တူတွေကားပေါ်တက်လာလို. နေရာပေးချင်ရင်တောင်မှ
    သူတို.က နှာဗူး တယ်ထင်မှာစိုးလို.မပေးရဲပါဘူး
    အသက်ကြီးတဲ.သူ နဲ. ဘုန်းကြီးနဲ. မပေါ.မပါးမိန်းကလေးတွေလောက်သာပေးရဲတာပါ
    မပေးရဲဆို သူတို.ကလည်း နှာဗူးတယ်ထင်တဲ.မျက်လုံး နဲ.ကြည်.တာကိုး
    ဒါကလည်း သူတို.ကိုအပြစ်မပြောလိုပါဘူး သူတို.က ဘယ်လောက် ကိုယ်တွေ.ခံစားနေရတာမှန်းမှ
    မသိတာနော်။

    • pan pan

      June 23, 2011 at 9:24 am

      အဲလိုဆိုရင် သူတို့မှာ သယ်စရာပစ္စည်းအလေးအပင်နေတွပါလာရင် ယူထားပေးလိုက်ပေ့ါ။ အဲဒါဆို နှာဘူးလို့အထင်မခံရတော့ဘူးပေ့ါ။ ကျေးဇူးတောင်တင်ဦးမယ်။ အဲ…နေရာဖယ်ပေးသင့်တဲ့အခါဆိုရင်တော့ ဖယ်ပေးရမှာပေ့ါနော်။ 🙂

  • zaw min

    June 23, 2011 at 9:31 am

    မြန်မာပြည်မှာတော့ရိုးနေပီထင်မိပါတယ်။အဓိကပြဿနာကတော့ ကိုယ်ချင်းစာတရားခေါင်းပါးမူနဲ့၊လူနေမူအဆင့်အတန်းမပြည့်စုံလိုပါပဲ။အဲဒီလိုလူမျိုးတွေက ရုံးဆင်းရုံးတက်ချိန်တွေကို ခါးပိုက်သမားများအတိုင်းဆောင့်ဆိုင်းနေတတ်ကြပါတယ်။တစ်ချို့တွေဆိုရင် အဖွဲ့လိုက်သွားလာလူပ်ရှားတတ်ပါတယ်။မိမိနေထိုင်ရာ မြို့နယ်ထဲအထိ လိုက်ပါလာတယ်ဆိုရင်တော့ လက်ဆွဲပြီး လူယုတ်မာပါရှင်လို့ အော်ပြီးသာအကူအညီတောင်းလိုက်ပါ၊အကိုတို့ ရွှေတိုင်မှာဆိုရင်တော့ ကောင်းကောင်းဝိုင်းပြီးဆွမ်းကြီးလောင်းကြပါလိမ့်မယ်။၁၉၉၃ လောက်ကစင်္ကာပူ အဲဒီလိုလူမျိုးကို လက်ဆွဲပြီးတော့ ရဲလက်အပ်ခံခဲ့ရတာဟာ မြန်မာလူမျိုးအင်ဂျင်နီယာတစ်ယောက်ဖြစ်နေပါတယ်၊သတင်းစာထဲမှာတောင် ထည့်သွင်းရေးသားခံရပါတယ်။

  • Shwe Tike Soe

    June 23, 2011 at 10:20 am

    အော် မနွယ်ပင် က ဘစ်ကား အတွေ.အကြုံတော်တော်များတာပဲ..
    နွယ်ပင် ဘတ်စ် နီကာ ဆိုပြီး စာအုပ်ထုတ်ပါလား အစ်မ 😀 😀

    • နွယ်ပင်

      June 23, 2011 at 10:30 am

      နွယ်ပင်တို့က သဌေးမှ မဟုတ်တာ အဲတော့ အလုပ်သွား အလုပ်ပြန် သင်တန်းတက် တာကို ဘတ်စ်ကားပဲ အားကိုးနေရတာပေါ့ အဲတော့ အတွေ့အကြုံလဲ များတာပေါ့
      စာအုပ်လားထုတ်ချင်တာပေါ့ Shwe Tike Soe က ထုတ်ဝေသူလုပ်ပေးမလား .. 🙂

  • ကြီးတာ ငယ်တာ
    ဘေးဖယ်ပါ။
    ဘူးတဲ့ သူက ဘူးတာပါ။

    ကြီးသူ ငယ်သူ
    အရွယ်မတူ
    ကောင်းချင်သူက ကောင်းမှာဘဲ။
    ငယ်သူဆိုပြိး လဲ မယုံမရဲ မရှိပါနဲ့။
    ကြီးသူဆိုပြီးလဲ ပုံပြီး မယုံလိုက်ပါနဲ့။

  • Big Defender

    June 23, 2011 at 12:20 pm

    ဘတ်စ်ကားပေါ်မှာ ဆိုတော ဒီလိုပါပဲ
    ကျွန်တော်တို့ ကတော ့တွေရင် ရှောင်ရတာပါပဲ
    ဟိုတုန်းက ဘတ်စ်ကားပေါ်မှာ တော်တော်ဆိုးဆိုပဲအဖေအမေ ဆိုးပြောတာပဲ

  • captainamerica

    June 23, 2011 at 4:39 pm

    အော် နိုင်ငံရပ်ခြားမှာတောင်ဒီလိုစိတ်ဓာတ်နဲ.အလုပ်သာွးလုပ်သေးသကိုး။ လဲသာသေလိုက်ဖို.ကောင်းတော့တယ်။ : angry

  • etone

    June 24, 2011 at 2:06 am

    မုန်းစရာကြီးနော် ။ ကြားရတာတောင် အော်ဂလီဆန်တယ် … ။
    နောက်တခါ အဲ့ဒါမျိုးကြုံလာလျှင် အသားမထိအောင် ကြိုးစားမဲ့ အစား ကားယိုင်တာနဲ့ သူ့ဘက်ကို ခပ်ပြင်းပြင်းလေး တံတောင်ဆစ်စာ ကျွေးလိုက် … ပြီးတော့ ခပ်တည်တည်ပဲ နေလိုက် … ။
    နောက်တခါ ကားယိုင်တာနဲ့ …. မျက်နှာကိုခေါင်းနဲ့ တိုက်ပစ်လိုက် (ကိုယ်တော့နည်းနည်းနာမှာပေါ့… 😛 ) ပြီးတော့ ခပ်တည်တည်ဆက်နေလိုက်… ။ အရမ်းလွန်လာလျှင်တော့ အသက်ကြီးပြီး ရိက္ခာယူချင်နေတယ်လို့ အသံပြဲကြီးနဲ့ သူ့ဘက်လှည့်အော်လိုက် … ကိုယ်အော်သလို မဟုတ်အောင်နေ…. ဟဲဟဲ … သူများတွေ လှည့်ကြည့်တော့ သူရှက်သွားလိမ့်မယ်…။

    • pan pan

      June 24, 2011 at 3:25 am

      တွေးကြည့်တော့လည်း….သာမန်အချိန်ဆို သူစိမ်းမိန်းကလေးနဲ့ ယောက်ျားလေး နီးနီးကပ်ကပ် ပူးကပ်နေကြတာမှမဟုတ်တာ။ ဒီအခွင့်အရေးက ဘတ်စ်ကားပေါ်မှာပဲ ရနိုင်တာမို့ နှာသမားတွေ အခွင့်အရေးယူစရာကြီး ဖြစ်နေတာပေ့ါလေ….
      မetoneပြောသလိုလုပ်ရဲရင် မဆိုးဘူးပဲ။ 😀
      ရုံးကအသိအစ်မတစ်ယောက်ကတော့ အဲလိုကြုံရင်သူကဒေါက်ဖိနပ်နဲ့ ဖိနင်းလိုက်ပါသတဲ့။
      သူက ဒေါက်ဖိနပ် စီးနေကျကိုး…

  • bigcat

    June 24, 2011 at 2:07 am

    လူပျိုပေါက်အရွယ်တုန်းက ဟိုင်းလပ်လိုင်းကားစီးတော့ ဘေးမှာကောင်မလေးတယောက်နဲ့ အတူကြတယ်။ အသားချင်းကပ်ထိုင်ရတဲ့ အရသာ ပထမဆုံးလည်းဖြစ် ကောင်းလည်းကောင်းလွန်းလို့ ဆင်းရမဲ့မှတ်တိုင် ကျော်သွားတာတောင် မသိဘူး။ 😳

    • etone

      June 25, 2011 at 2:57 am

      အဲ့လိုကြီးက စိတ်ညစ်စရာကောင်းပါတယ် ကိုကြောင်ကြီးရာ… ဘေးကလူက ရုပ်လေးလှသလောက် ချွေးစော်လည်းနံမယ်…၊ အသားကလည်း မီးလိုပူမယ်ဆိုလျှင် တကယ် အာရုံနောက်စရာကြီး 😛

  • PinkCandy

    June 24, 2011 at 2:57 am

    candy လည်း ရန်ကုန်-မန္တလေးကားပေါ်မှာ တစ်ခါကြုံဖူးတယ်
    ပထမဆုံးခရီးလည်းဖြစ် အိမ်နဲ့ပထမဆုံးအကြိမ်ခွဲလာတဲ့ ယောင်တိယောင်နဲ့ဆိုတော့ ၁ခါမှလည်းမကြုံဖူးဘူးလေ
    အဲဒီလူကြီးလက်ကို ဆွဲဖယ်လိုက်
    ဂျိုပေးလိုက်နဲ့ အဲယားကွန်းဘက်စ်ပေါ်မှာ ချွေးပြန်နေတာ။
    ပြီးတော့ ရန်ကုန်မှာ ဘယ်မှာနေလဲလို့တောင် လိပ်စာမေးလိုက်သေးတယ်။
    ပြန်တွေးရင် ဒေါသထွက်လွန်းလို့။
    နောက်မှ ကားတွေစီးလာတာအတွေ့အကြုံရှိမှပဲ ဒီလိုဖြစ်ရင် ရန်တွေ့ရပါလားလို့ သိတယ်။
    အဲဒီတုန်းကတော့ ရှက်နေတာနဲ့ အသံတိတ်ပဲ မျက်စောင်းထိုးနေရတယ်။ 🙁

  • Members

    June 24, 2011 at 4:18 am

    အသိတရား သည် အသက်အရွယ်နှင့် မဆိုင်ပါ။
    သေသည့်တိုင်မိုက်သော ကြီးမိုက်များ ရှိသလို အသက် (၇)နှစ်သားနှင့်ရဟန္တာဖြစ်သူများ ရှိကြပါသည်။
    အသိတရား ဟူသည် ဗီဇ ပတ်ဝန်းကျင် မိဘဆရားများ၏ ဆုံးမမှု ၊ အဆုံးအမခံနိုင်မှု နှင့် ဉာဏ်ပညာ ပါရမီ တို့၏ အရာသာဖြစ်သည်။ အသိတရားကို အသက် အရွယ် ရုပ်ရည် လူှမျိုး ကိုးကွယ်ရာဘာသာ တို့ဖြင့် တိုင်းတာ မရနိုင်။ လူမိုက်ကို မိုက်ရိုင်းသည့်နည်းဖြင့် တုန့်ပြန် ခြင်းဖြင့် မိမိသာ အကျိုးမဲ့နိုင်ရာသည်။
    မိုက်ရိုင်းလိုစိတ်ဝင်မိခြင်းသည်ပင် မိမိ၏ မိုက်စိတ် ကိုဖော်ပြခြင်းဖြစ်သည်။
    လိမ္မာပါးနပ်စွာဖြင့်သာ ပညာ ဖြင့်ရှောင်ရာ၏။

  • intro

    June 24, 2011 at 4:21 am

    မနွယ်ပင်ပြောမှပဲ ကြုံခဲ့ရတဲ့ အဖြစ်လေးကို သတိရမိတယ်… ကျွန်တော်လဲ ကားပေါ်မှ အကပ်ခံရဘူးတယ်ဗျ… ယောက်ျားအချင်းချင်းဗျာ… ဗလကြီးမှ အားမနာဘူး လာနွဲ့နေတယ်… အနားကပ်ပြီး ဟိုကိုင်ဒီကိုင် လုပ်ဖို့ ကြိုးစားနေတာ… တော်သေးတာဖို့ ဆင်းမယ့် မှတ်တိုင်က သိတ်မဝေးလို့…

  • rabbit

    June 24, 2011 at 4:31 am

    ယုန့် သူငယ်ချင်း ကောင်လေးတစ်ယောက်လည်း အဲလို ယောက်ျားချင်း လာကပ်တာ ကြုံဖူးတယ်တဲ့ .. ကားပေါ်က ဆင်းပြေးလာရတယ်တဲ့ ရုတ်တရက်ဆိုတော့ လန့်သွားလို့တဲ့လေ … ပြောမနေပါနဲ့တော့ အဲလိုလူမျိုးတွေကတော့ Bus ကား တွေမှာ ခဏခဏကြုံနေရတာပါပဲ .. ခါးပိုက်နှိုက်ကြောက်ရတာတစ်မျိုး .. သူတို့ရန်ကို ရှောင်ရတာက တစ်ဖုံနဲ့ …. 🙁 … တစ်ခါတစ်လေ စပယ်ယာကပါ အဲလို ချိုးသေးတယ် ..မလိုပဲ အတင်း ကပ်ကပ်ပြီးတိုးတာမျိုးလေ .. ကိုယ်ကပြောရင် သူတို့ကပြန်ပြောသေးတယ် .. ကိုယ်ပိုင်ကားစီးပါလားတဲ့လေ … ကောင်းကြသေးရဲ့လား

    • etone

      June 25, 2011 at 3:28 am

      ကိုယ်ပိုင်ကားစီးပါလား ဆိုတဲ့စကားကို စပယ်ယာတိုင်း ခရီးသည်နဲ့ အဆင်ပြေလျှင် ပါးစပ်က အလွယ်ပြောတတ်ကြတယ်… ။ တခါ ရုံးနောက်ကျလို့ အထူးကြပ်တဲ့ကားနဲ့ သွားဖူးတယ်… ။ သူတို့ ကငါးပိငါးချဉ် သိပ်သလို လူတွေကို စီထည့်တာ… တွေးကြည့်ပါဦးနေရာမရလျှင် ဖင်ချင်းပေါက်နေတာ … ဒီကြားထဲ ဟိုနားသွား ၊ ဒီနားသွား သူများ ရင်ဘတ်ထဲ ရောက်အောင်ကို တိုးခိုင်းတာ … ။ etone လည်း အကြောကတင်းတယ် ကိုယ်အဆင်ပြေတဲ့နေရာမှာ ကိုယ်ရပ်နေတာပေါ့… ဒါကို စပယ်ယာက အထဲဝင်လေ လမ်းပိတ်တယ်ဘာညာနဲ့ ဖြဲကားအော်တာ ။ အထဲသာဝင်ခိုင်းတာ ရပ်စရာနေရာကိုကမရှိတော့ဘူး …… အထဲ မဝင်ချင်လျှင် ကိုယ်ပိုင်ကားစီးတဲ့ … ။ စပယ်ယာက ဟောက်စားလုပ်တော့ ဒေါသတွေ ဆူပွက်ပြီး … ရန်တွေ့တော့တာပဲ… ကားစီးတာ အလကားစီးတာမဟုတ်ဘူး ပိုက်ဆံပေးစီးတာပေါ့… ။ အထဲမဝင်နိုင်ဘူး ဘာဖြစ်ချင်လဲလို့ ခပ်တင်းတင်းပြောပြီး ကိုယ်နေချင်တဲ့နေရာနေတယ်…။ အပေါက်ဆိုးမှန်းသိတော့မှ စပယ်ယာကလက်ရှော့ပြီး အသံတိတ်သွားတာ … ။ ဆင်းတဲ့ မှတ်တိုင်ကျမှ ဘလိုင်ကြီး သူ ့ ဒူးကို ခြေထောက်နဲ့ နှစ်ချက်ကန်ခဲ့တယ်… ။ အားလုံးလည်းကြောင်ကြည့်နေတယ်… အသိဝင်တဲ့အချိန်ကားက ဝူးဆိုပြီး မောင်းသွားပြီ ။ 😛
      etone စိတ်ကိုက နားကိုက်လျှင် ပါးပြန်ရိုက်မယ်ဆိုတဲ့ စိတ်မျိုးမို့ … ဒေါသထွက်လျှှင် ထိန်းမရဘူး … ဒေါသကလည်း ခဏခဏထွက်တယ် … 😀

      • intro

        June 25, 2011 at 11:07 am

        ကားတစ်စီးလုံးသာ အီးတုံးလို လူတွေ ချည်းပဲ ဆိုရင် အဲ့သည့် စပယ်ယာတော့ သေပြီပဲ…

  • weRone

    June 24, 2011 at 10:45 am

    ဆဒ္ဒ ကို သိက္ခာနဲ ထိန်းတဲ့။ အဲလို လူတွေအတွက် သိက္ခာကို ပိုက်ဆံပေး ဝယ်ထည့်ရရင် .. Bill Gate လောက်ချမ်းသာနေရင်တောင် လောက်မှာ မဟုတ်ဘူး။

  • unclegyi1974

    June 24, 2011 at 3:43 pm

    မှန်ပါတယ်ကြီးတယ်ငယ်တယ်မရှိပင်ကိုယ်အသိကအဓိကပါ
    အဲလိုလူမျိုးအတွက်ကငြိမ်နေရင်သူတ်ို့အကြိုက်ပါပဲ
    တကားလုံးလည့်ကြည့်သည်အထိတုန့်ပြန်ဖို့လိုမယ်လို့ထင်ပါတယ်

Leave a Reply