Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သစ်ပင် စိုက်ကြမယ်

ဆူးJune 25, 20111min187755

ရွာသားတွေကို တယောက်ကို မြေ ၁ဧက ပေးလိုက်မယ် ဆိုရင် အဲဒီ မြေ ၁ဧက မှာ ဘာလုပ်ဖို့ အစီအစဉ်ရှိလဲ။

မှတ်ချက်.. အိမ် နဲ့ တခြား အဆောက်အအုံ မဆောက်ရ.. အပင် စိုက်ဖို့ သီးသန့် တွေးပြီး ရေးရန်သာ ဖြစ်သည်။

 

55 comments

  • weiwei

    June 25, 2011 at 3:55 pm

    အခုခေတ်စားနေတဲ့ နဂါးမောက်သီးတော့ စိုက်ကြည့်ချင်သား …

  • ဆူး

    June 25, 2011 at 4:08 pm

    နဂါးမောက်သီးက စိုက်ပြီး ရောင်းချတာ ဗီယမ်နာမ်မှာ တော်တော် အလုပ်ဖြစ်နေတာ.. သူတို့ နိုင်ငံ အတွက် စီးပွားရေး တော်တော် အထောက်အကူ ပေးတယ် ပြောတယ်။ ဒီမှာကတော့ သိပ်လည်း တွင်တွင်ကျယ်ကျယ် မစိုက်သလို ဈေးကွက် မရသေးဘူး။ နိုင်ငံခြားကို ထိုးဖောက်ပြီး ရောင်းနိုင်မှ အဆင်ပြေမယ်။

    ဆေးပင် အနေနဲ့ ဆိုရင်တော့ ရဲယို ပင် စိုက်ပြီး ကင်ဆာ ကာကွယ်ဆေး ဆိုလား ပျောက်ဆေး ဆိုလား စမ်းနေတဲ့ သူဌေး တယောက် ရှိတယ် လှည်းကူးဘက်မှာ.. စမ်းတာ မအောင်မြင်သေးလို့ ဆိုလား ပြောတယ် အောင်မြင်ရင် ဂျပန်ကို ဈေးကွက် ဖောက်ဖို့ စာချုပ်တောင် ချုပ်ပြီးပြီး ကြားတယ်။

  • PinkCandy

    June 25, 2011 at 4:15 pm

    စတော်ဘယ်ရီပင်စိုက်ချင်တယ်။
    အနံ့ရော အရသာရော ကြိုက်တယ်။
    ဈေးကွက်လဲရှိတယ်။
    ဟိုတလောက forward မေးလ်ထဲမှာ စတော်ဘယ်ရီပင်တွေကို စင်တင်ပြီးစိုက်ထားတာတွေ့ရတယ်။
    ဘယ်လိုစတော်ဘီရယ်အမျိုးမို့လို့လဲတော့မသိဘူး။
    အသီးလည်းကြီးပြီးတော့ ကြည့်ယုံနဲ့တင် စားချင်လာတယ်။ 🙂

    • ဆူး

      June 25, 2011 at 4:41 pm

      စတော်ဘယ်ရီ အသီး အလုံးကြီးတွေ ဂျပန်မှာ စိုက်တယ် ရာသီဥတု အေးလို့ ဖြစ်ထွန်းတဲ့ အတွက် အသီးက ခပ်ချဉ်ချဉ် နဲ့ ချိုမြမြလေးဖြစ်ပြီး စားကောင်းတယ်။ ထိုင်းကို တင်ပို့တယ်လို့ ပြောသံကြားတယ်။
      ထိုင်းမှာလည်း စိုက်မယ် ထင်ပါတယ်။ ထိုင်းမှာလည်း အဲဒီ စတော်ဘယ်ရီ အလုံးကြီးတွေ တွေ့တယ် အသင့်စား ဘူးထဲ ထည့်ထားတာရှိသလို.. လမ်းဘေးတွေမှာလည်း ခွက်ကလေးနဲ့ အလုံး ၄ ၅ လုံး လောက်ထည့်ထားပြီး သကြားလေး အပေါ်က ပုံလို့ ဒုတ်ကလေး ထိုးပြီး ထည့်ထားတယ် တခွက် ၁ဝ ၂ဝ ရောင်းကြတယ်။
      မြန်မာ နိုင်ငံမှာတော့ စတော်ဘယ်ရီ အလုံးကြီး ဒီတိုင်း ကိုက်စားတဲ့ အကျင့် မရှိတဲ့ အတွက် ဖျော်သောက်ကြပါတယ်။ ဖျော်သောက်တဲ့အခါ မြန်မာသီး အလုံးညှက်ညှက်လောက် အရသာ သိပ်မတွေ့ကြလို့ အလုံးကြီး က ဈေးသိပ်မရကြပါဘူး။ အလုံးသေးတွေကိုသာ လက်ဖျော် စက်ဖျော် ဆိုပြီး ဆိုင်တွေမှာ ဝယ်သောက်ကြတယ်။ မြန်မာ ပါးစပ်ကတော့ အလုံးကြီး အရသာ ပေါ့တယ် ပြောကြတယ်။

  • windtalker

    June 25, 2011 at 4:29 pm

    ကျွန်တော် တို ့မြန်မာနိုင်ငံ ဟာ တစ်ခြားနိုင်ငံတွေ ထက် စာရင် ရေခံမြေခံ ကောင်းတာကြောင့်မို ့ ဘာစိုက်စိုက် အောင်မြင်မှာ အသေအချာ ပဲ မို ့ဆူးများတဲ့ နှင်းဆီ လှလှလေး တွေ စိုက်မယ် ဗျာ ။

  • xman

    June 25, 2011 at 4:42 pm

    ၁ဧကထဲဆိုတော့ ကျွဲကောပင်တွေ ခပ်ကျဲကျဲစိုက်ထားပြီး အပင်တက်လာတော့မှ ကီလိုမာလကာတွေ ကိုင်းကူးစိုက်မယ်။
    စည်းရိုးပင်အဖြစ်တင်းဝါးမြစ်ကလေးတွေချထားပြီး ၊ အလယ်မှာ တဲကလေးဆောက်မယ်။
    တဲရှေ့မှာ ကွပ်ပျစ်ကလေးထိုးထားပြီး
    ညဖက်လသာရင် ..

    • ဆူး

      June 25, 2011 at 4:47 pm

      စိတ်ကူးလေး ကောင်းတယ်။
      ရေတွင်းလေး တူးပြီး ငှက်ပျောပင် နဲ့ သင်္ဘောပင် စိုက်.. ကြီးမြန် သစ်ပင် အသီး အမြန်ရမယ်။
      ဧည့်သည် လာရင် ငှက်ပျောသီးနဲ့ သင်္ဘောသီး ဧည့်ခံလို့ရသေးတယ်။

  • pooch

    June 25, 2011 at 5:06 pm

    အနော်ကတော့ ရန်ကုန်မှာ စီးပွားဖြစ်သစ်ခွသင်တန်း တက်ဖူးတယ် အခုလက်ရှိလဲအိမ်ှာ နည်းနည်းပါးပါးစိုက်ထား လို့ သစ်ခွကို စီးပွားဖြစ် အကြီးအကျယ် စိုက်ကြည့်ချင်တယ်

    • ဆူး

      June 25, 2011 at 5:13 pm

      သစ်ခွပင်တွေက တော်တော် အလုပ်ရှပ်တယ်နော်..
      အချိန်မှန် ဆေးဖြန်းရတာနဲ့ မှိုဆေး ပိုးသတ်ဆေး အမြစ်အားဆေး အပင်အားဆေး အပွင့်အားဆေး အချိန်နဲ့ အညီ အချိုးကျ လုပ်နိုင်မှ ကောင်းမယ် ထင်တယ်။ ထိုင်းမှာ ဆိုရင် သစ်ခွ ခြံကိုပဲ ခရီးသွား ဧည့်သည်တွေ သွားလည်စရာ နေရာ တခုလို ဖြစ်အောင် လုပ်ထားတယ်။
      ခြံ တခုလုံး သစ်ခွ ပင်တွေ အမျိုးပေါင်း များစွာ စိုက်ထားသလို ဧည့်သည်တွေ စားဖို့ ဘူဖေး စားသောက်ဆိုင် ဖွင့်ထားတယ်။ စားပြီး သောက်ပြီး ခြံထဲ ဆင်းပြီး သစ်ခွ အပင်တွေ လိုက်ကြည့် ပြီး စိတ်အပန်းပြေ နေလို့ ရအောင် လုပ်ပေးထားတယ်။
      စိတ်ကူးကောင်းတယ်။

  • shwe ni

    June 25, 2011 at 5:18 pm

    ခြံကရန်ကုန်မှာဆိုရင် ဘေးဖက်တွေကို သရက် ပင်စိုက် ပြီးရင် အလယ်မှာ ဘောင်ထိုးပြီး သပြေပင်လေးတွေစိုက် ။ထောင့်တစ်ထောင့်မှာတော့ ရေကန်လေးထားပြီး ရေကန်ဘေးမှာ ဘူးစင်လေးထားချင်သား။ မျက်စိပသာဒဖြစ်အောင် အကြမ်းလည်းခံတဲ့ ပိန်းပန်းအိုးလေးတွေထားမယ်

  • kai

    June 25, 2011 at 9:16 pm

    ပန်းကံ့ကော် ရွှေစကား
    ငွေသားနု စပယ်မှန်
    မုလေး ခတ္တာနှင့်
    ရွေရင်းမာ ကြာ ခဝဲ
    ဖွဲ စ နှင်းလျှံ
    သဇင် ကျန်
    ခွာတန် နှင့် ပေါက်လဲ
    ပွင့်ဝတ်ကယ် ရွှေ ဖီမင်း
    သင်းထုံနံ့ကဲ။
    (ကင်းဝန်မင်းကြီး)

    တန်ခူး ကံ့ကော်ပန်း၊ ရင်ခတ်ပန်း
    ကဆုန် စကားပန်း
    နယုန် စပယ်ပန်း၊မုလေးပန်း
    ဝါဆို ပုန်းညက်ပန်း
    ဝါခေါင် ခတ္တာပန်း
    တော်သလင်း ရင်းမာပန်း
    သီတင်းကျွတ် ကြာမျိုးငါးပါး
    တန်ဆောင်မုန်း ခဝဲပန်း
    နတ်တော် သဇင်ပန်း
    ပြာသို ခွာညိုပန်း
    တပို့တွဲ ပေါက်လဲပန်း
    တပေါင်း ပိတောက်ပန်း၊သရဖီပန်း၊အင်ကြင်းပန်း

    ဘာကို အိပ်မက်မက်ဖူးလဲဆိုတော့..၁၂ရာသီပွင့်တဲ့ပန်းတွေကို အိမ်ဝင်းထဲ စီပြီးစိုက်ထားဖို့ပဲ..။
    အဲဒါဆို ၁၂လရာသီ ပန်းပွင့်တဲ့ခြံရမယ်ပေါ့။ အခုတော့ အဓိပါယ်ပါ ပါလာပြီပေါ့.။
    အရောင်တွေပါ သိချင်သား။ အိပ်မက်ပန်းခြံအတွက်လေ..။

    http://myanmargazette.net/11/20978/creative-writing/poetry-songs

  • forever

    June 26, 2011 at 12:28 am

    စိတ်ကူးနဲ.စိုက်ကြည်.လိုက်မယ်
    ပထမ လေကာပင်အနေနဲ. ၃နှစ်အုန်း ကိုစိုက်မယ်
    ဒုတိယနှစ်ကျတော. ဌက်ပျောပင်စိုက်ရင်းနဲ.ကွမ်းစင်ထိုးစိုက်မယ်
    တတိယနှစ်ဆို အုန်းသီးရော ဌက်ပျောရော ကွမ်းရွက်ကလဲထွက်ပြီလေ၊
    ပွဲတပွဲစာ ရပြီမို. ဘုရားစောင်းတန်းကဒိုင်တွေကိုခေါ်ရောင်းလိုက်ရုံဘဲ
    မပိုင်ဘူးလား…….

    • nature

      June 26, 2011 at 4:58 pm

      နတ်ကတော်တွေနဲ့ ချိတ်ထားရင်ပွဲပြီးပြီ။

  • shweminthar

    June 26, 2011 at 12:42 am

    တစ်ဧကလောက်ဆို မနည်းဘူး
    နေရာကောင်းကောင်းရထားရင် ရွှေ ဖြစ်ပြီ
    အပင်စိုက်စိုက် မစိုက်စိုက် နေရာကောင်းရင်
    မြေကြီးက ရွှေသီးပါတယ်။

    • ဆူး

      June 26, 2011 at 1:26 pm

      အတော် အကြံကြီးတာပဲ.. စိတ်ကူးက လန်ထွက်နေတာပဲ။
      ဘိန်းစိုက်ဖို့ လိုင်စင်ကိုတော့ သဂျီးဆီမှာ တောင်းလိုက်ပါ.. သဂျီးက လိုင်စင်ချ ပေးဖို့ ရှိတယ် ပြောတယ်။

  • nature

    June 26, 2011 at 2:08 am

    စိုက်ချင်တာတွေကတော့ အများကြီးပဲ။ နှစ်ရှည်ပင်ရော၊ နှစ်တိုပင်ရောပေ့ါ။ အရိပ်ရပင်၊ သီးပင်၊ စားပင်၊ ပန်းပင် တွေရောပဲ။ဒါပေမယ့် စိုက်တတ်တာတော့ ဘာမှ မရှိတော့ စိုက်ပြီး မရှင်မှာ စိုးရိမ်တယ်။ ;(

    • ဆူး

      June 26, 2011 at 1:28 pm

      စိတ်ကူးနဲ့ စိုက်ခိုင်းကြည့်တာလေ.. လက်တွေ့ မဟုတ်သေးဘူး။ ရဲရဲသာ စိုက်ကြည့်ပါ.. များများ ဖြစ်ထွန်းလာအောင်.. ဟဲဟဲ..

  • weiwei

    June 26, 2011 at 3:35 am

    သန်လျင်မှာ လာစိုက်ကြမလား … မြေကြီးကောင်းတယ် … ဘာစိုက်စိုက်ဖြစ်တယ် … ဒါပေမယ့် မြေဈေးတော့ တော်တော်ကြီးတယ်နော် … 😛

  • MaMa

    June 26, 2011 at 3:45 am

    သန်လျှင်ဘက်က အသိတစ်ယောက် တစ်ခါက ပိန္နဲသီး လက်ဆောင်ပေးတာ အရမ်းကောင်းတာပဲ။ တစ်ခါမှ အဲလိုကောင်းတာ မစားဖူးဘူး။ အခု သန်လျှင်ဘက်မှာ သစ်မွှေးတွေ စိုက်နေကြတယ် ပြောတယ်။ စိုက်တဲ့အသိတစ်ယောက်က စိုက်ထားတဲ့ ဓာတ်ပုံတွေ စိုက်နည်း ဗွီဒီယိုတွေတောင် လာပြသွားသေးတယ်။ ဒါပေမယ့် အောင်မြင်တဲ့အထိတော့ မရောက်သေးဘူး။ သူက မျိုးရောင်းချင်တာလေ။

    • Wai Aung

      November 24, 2012 at 4:02 pm

      ဟုတ်လားဘယ်သူလဲ ကျနော်တော့ ဟုတ်ပါဘူူးနော်

  • weiwei

    June 26, 2011 at 4:03 am

    အခု ယိုးဒယားပိန္နဲသီးတွေ စိုက်ကြတယ် … အရမ်းကောင်းတယ် .. အလုံးလဲကြီးတယ် ..
    တစ်လုံးကို ၈ ထောင် တစ်သောင်းလောက်ရတယ် … ကျွန်မတို့အိမ်မှာတောင် ဒီနှစ်စမ်းပြီးစိုက်ထားသေးတယ် … အသီးသီးရင် မမတို့အိမ်ကို ပို့လို်ကမယ် …

    • ဆူး

      June 26, 2011 at 1:34 pm

      အဲဒီ ပိန္နဲသီးတွေက အပင်ပုပုနဲ့ သီးကြတယ်။
      ဒီနှစ်ကြားမိတာ.. အသီး တွေ ပေါလွန်းလို့ ဈေးကောင်း သိပ်မရဘူး ပြောသံကြားတယ်။ ဟုတ်မဟုတ်တော့ မသိဘူး။
      ဆူး လည်း ပိန္နဲသီး စိုက်ဖို့ အစီအစဉ်ရှိတယ် လုပ်ချင်တဲ့ စီမံကိန်း တခု ရှိတယ်။ အခုထိတော့ မစမ်းကြည့်ရသေးဘူး။

    • MaMa

      June 26, 2011 at 2:33 pm

      ဝေဝေရေ- အားလည်းနာတယ်၊ ခင်လည်းခင်တယ် နော်။

  • အတိတ်နဲ့တဘောင်နဲ့နေတဲ့တိုင်းပြည်ဖြစ်တဲ့အတွက်
    အောင်သပြေ ညောင်ရေလောင်းရင် အဆင်သင့်ဖြစ်အောင် တခြံလုံး သပြေပင်တွေဘဲစိုက်မယ်။
    ရေလောင်းပေးနေရုံဘဲ။
    ဘာမှအလုပ်မရှုပ်ဘူး။
    အပင်ကြီးလာရင် ကိုင်းချိုးပြီးရောင်းနေရုံဘဲ။

  • nature

    June 26, 2011 at 6:33 am

    သရက် သဘောင်္ ငှက်ပျော မာလကာ ပိန္နဲ ဒန့်ဒလွန် သံပုရာ အုန်း ဗန်ဒါ ပိတောက် ဇီဇဝါ နှင်းဆီ နဲ့ ဆေးဘက်ဝင်ပရဆေးပင်တွေစိုက်မယ်။

  • intro

    June 26, 2011 at 10:45 am

    ပဒေသာပင် ပဲ စိုက်ချင်တယ်… ဟီးဟီး…

    • nature

      June 26, 2011 at 4:34 pm

      ဘုံကထိန်ကျရင် လာစိုက်နော်၊ များများလေး။

  • hmee

    June 26, 2011 at 10:56 am

    ဆူးရေ ဘယ်နားက မြေပေးမှာလဲ။ လယ်မြေလား၊ ယာမြေလား။ လယ်ဆို နှစ်သီးရမယ်။ ယာမြေဆို သုံးသီးရမယ်။ ဥယျာဉ်မြေ ဆိုရင်တော့ နှစ်ရှည်ပင်ပေါ့။ မမှီတို့ဘက်မှာ ယာမြေ ဈေးအကြီးဆုံး၊ လယ်က ဒုတိယ၊ ယာမြေကတော့ အနည်းဆုံးပေါ့။

    • ဆူး

      June 26, 2011 at 2:11 pm

      စိတ်ကူးထဲမှာ ဆိုတော့ အမ ဘယ်လို မြေမျိုး လိုချင်လဲ.. စိတ်ကူးနဲ့ စိုက်ကြည့်ပေါ့။
      ရွာထဲက လူတွေ ရဲ့ စိတ်ကူးလေးတွေကို သိချင်လို့ စမ်းသပ်တဲ့ သဘောပါပဲ။

  • pan pan

    June 26, 2011 at 11:50 am

    တို့ကတော့ သစ်မွှေး(agar wood)ပဲ စိုက်ချင်တယ်။
    ကိုယ်တိုင်မစိုက်တတ်လည်း အကျိုးတူ ပူးပေါင်းမယ့် လူတွေရှိတယ်..။ 😀

    • Wai Aung

      November 24, 2012 at 4:00 pm

      တယ်ဟုတ်ပါလား သစ်မွှေးကို လူသိများနေသားပဲ

  • မင်းပြည့်ရှိန်

    June 26, 2011 at 2:03 pm

    မန်ကျည်းပင် စိုက်မယ်..
    ကိုယ့်လက်ထက်မှာ သိပ်မဟုတ်လှပေမယ့်..
    ကိုယ့် မျိုးဆက် လက်ထက်မှာတော့ အသုံးဝင်ပါလိမ့်မယ်..
    ကြာကြာ စိုက်ရတဲ့ အမျိုးဆိုတော့လည်း… ကိုယ်က ကြိုစိုက်ပေးမှ သူတို့က စားရမှာလေ..
    မန်ကျည်းပင်ပေါ်တက်ဆော့..
    မန်ကျည်းပင်အောက်မှာလည်း ဖန်ခုန်တမ်းလေးတွေ ဆော့စေချင် စမ်းရဲ့..
    မန်ကျည်းရွက်ခူးစား
    မန်ကျည်းသီးဖျော်ရည် လုပ်သောက် ပါစေပေါ့..

    အဲဒီကြားမှာမှ ငှက်ပျောပင်စိုက်မယ်..
    ငှက်ပျောသီးစား..
    ငှက်ပျောရွက်ကိုသုံး
    ငှက်ပျောအူတိုင်ကို ချက်စားပေ့စေ..
    ကိုယ်လည်း စားလို့ရမယ်.. သူတို့လည်း စားရမယ်..

    • ဆူး

      June 26, 2011 at 2:18 pm

      မန်ကျည်းပင် နောက်မျိုးဆက် အတွက် ဆိုပြီး သိပ်မတွေးနဲ့ ၁နှစ်လောက်ဆို မန်ကျည်းရွက်နု ခူးပြီး သုတ်စားလို့ ရပြီလေ။ ကိုယ်တိုင် အတွက်လည်း အကျိုးရှိပါတယ်။
      ငှက်ပျောပင် ဆိုလည်း ခုတ်လေ ပွားလေပဲ.. ငှက်ပျော အူတိုင် ရောင်းစားလည်း အကျိုးမယုတ်ဘူး။
      ငှက်ပျော အူတိုင် သုံးနိုင်တဲ့ နေရာ တခု ရှိသေးတယ်။
      ငါးကန် ပုဇွန်ကန် တွေ အနားသတ်မှာ ငှက်ပျောပင်တွေ စိုက်ကြတယ်။
      ရည်ရွယ်ချက်တော့ ခြံစောင့် ငါး ပုဇွန် လက်မဆော့ပဲ ငှက်ပျောသီးပဲ ရောင်းစားပြီး နေအောင်…
      နောက်အချက်ကတော့ တစုံတယောက်က မကျေနပ်လို့ အဆိပ်ခတ်ရင် ငါးတွေ အကုန်သေနိုင်ပါတယ်။ အဆိပ်ခတ်တယ် ဆိုတာ သိရင် ချက်ချင်း ငှက်ပျောပင်တွေ ခုတ်လှဲပြီး ရေထဲ မျှောရင် အဆိပ်တွေ စုပ်ပေးလို့ ငါးတွေ အသေအပျောက် အလွန်နည်းပါတယ်။ အဆိပ်ခပ်တာ စောစော သိရင် ငါး အသေနည်းပါတယ်။ ငှက်ပျောတုံးက အဆိပ်စုပ်လို့ ငှက်ပျောအူ မဲသွားတယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 26, 2011 at 2:39 pm

    ဂွေးချိုသီးပင်စိုက်မယ် ဒါက ပင်စည်မာမျိုး
    ( ခုခေတ် မော်ဒယ်တွေက ဒီလို ချိုချဉ် အသီးတွေကိုကြိုက်တယ်လေ )
    ဂွေးချိုပင်အောက်မှာ ဂွေးတောက်ပင်စိုက်မယ်
    ဒါမှာ ဂွေးတောက်ပင်က ဂွေးချိုပင်ကို နွယ်တက်သွားရင် စင်လုပ်စရာမလိုတော့ဘူး
    ( ဂွေးတောက်ရွက်က ဆေးဖြစ်တယ် )

  • captainamerica

    June 26, 2011 at 2:41 pm

    ကျွန်းစိုက်မယ်ဗျို.။ ကိုယ်တော့အကျိုးခံစားရမှာမဟုတ်ဖူး ဒါပေမဲ့ကိုယ်မျိုးဆက်အတွက်တော့ Good ပေါ့
    တစ်ဧကဆိုရင်လည်းမဆိုးပါဝူး ။

    • မင်းပြည့်ရှိန်

      June 26, 2011 at 2:49 pm

      အဲဒီ မျိုးဆက်တွေ အမွေလုနေကြပါဦးမယ်ဗျာ..
      ကျွန်း ဆိုတော့လေ..

      • ဆူး

        June 26, 2011 at 3:01 pm

        အခုတောင် ထိုင်း နဲ့ တရုတ်ကြီးတို့ အမွေ လုတာ တော်တော် နည်းသွားပြီ။

  • maythakhin

    June 26, 2011 at 4:19 pm

    သံပရာပင်စိုက်မယ်။ မေမြို့ပန်းတွေလည်းစိုက်မယ်။ ငှက်ပျောပင်စိုက်မယ်။ တော်ပြီပေါ့။

  • akswe

    June 26, 2011 at 9:49 pm

    ခုမှစပြီးစိုက်ရရင် ကြာတာပေါ. ကွယ် …….အသက်ကိုလည်းထဲ့ စဉ်းစားရသေးတယ်..
    အဲဒီတော. သီးပင်စားပင် အပင်ကြီးတွေ အစုံပါတဲ့ ခြံကို ဝယ်ပါမယ် ……. ပြီးမှ ကိုယ်ကြိုက်တဲ. ပန်း၊ စားပင်၊ ဆေးပင် ၊ဟင်းသီးဟင်းရွက်၊ ရှားပါး နှစ်တိုပင်မျိုးတွေ ကို ဖြည်. စိုက် မယ်လေ …… ပန်းတွေကိုလည်းချစ်တယ် အသီးခူးရတာလည်း နှစ်သက်တယ်၊ ဆေးဖက်ဝင် အပင်တွေ နဲ.ဘုရားပန်း လက်ဆောင် ပေးရတာ ကိုလည်း နှစ်သက်တယ်။
    ငယ်ငယ်က အဖွား ခြံထဲမှာ အပင်မျိုးစုံနဲ့ အဲဒီလိုဘဝ နေခဲ.ရဘူးတယ် .ဘယ်သူလာတောင်းတောင်း ဆေးတစ်ခွက် ကျို၊ ဘုရားပန်းတစ်အိုး၊ငြုပ်တစ်တို.လောက် ကတော့ အလကားပေးလိုက်နိုင်တယ် … အခုတော. အိပ်မက်လိုပဲ အတိတ်မှာကျန်ခဲ့ပြီလေ…… မဝေတို. တညင်သားတို.နားက ပါဒကြီးဘုရားနားမှာ တစ်နေရာဝယ်ထားတယ် ကီလိုမာလကာပင်တွေ သီဟိုလ် ပင်တွေ ပါတယ် ကျန်တာတွေတော. နောက်မှ အကောင် အထည်ဖော်ရမယ်.. အသက်ကြီးရင် အေးအေးနေ ရမယ်လို.တော. မျော်လင်.တာပဲ လေ…

    • weiwei

      June 27, 2011 at 5:03 am

      အဘဆွေခြံကွက် အခုလောက်ဆို တော်တော်ဈေးတက်နေပြီ …
      ရွာသွားတွေကို နဲနဲစီခွဲပေးပြီး စိုက်ခိုင်းထားလိုက်ရင် ကောင်းမယ် … အဘဆွေပြန်လာတော့ သီးပင်စားပင်ပန်းပင် အစုံနဲ့ သာယာတဲ့ခြံကြီးဖြစ်နေမှာ …

      • akswe

        June 27, 2011 at 5:40 am

        ကောင်းတဲ့ စိတ်ကူးပဲ မဝေ ရေ သူများစိုက်ထားတာ အဆင်သင့်ခူးစားပြီး တရားအားထုတ် လို့ရပြီ ခွိခွိ..
        ဒီလောက်ကြီးတန်မယ် မထင်ဘူး သိပ်အကျယ်ကြီးလည်း မဟုတ်ဘူး မဝေရဲ့ ပေ ၂၀ဝ ပတ်လည် လောက်ပဲရှိတာ ဆိုတော့အဝေတည်.မှာမဟုတ်ဘူး၊ ဘိန်းစိုက်မယ့်သူ၊ စီးပွားဖြစ် သရက် သမား၊ ကျွန်းသမား၊မန်ကျီး၊ ဂွေးသီးသမား၊ ပန်းမျိုးစုံနဲအောင်သပြေ၊ အုန်းငှက်ပျော တွေ ပေါင်းလိုက်ရင် တော်ကြာ မှ ဘတော့ဘုန်းကြီးကျောင်း ကပ်နေရ ဦးမယ်။

  • zoe

    June 27, 2011 at 4:56 am

    အပင်ဆိုရင် ဝါး ။ ပန်းဆိုရင်လီလီ နဲ့ ဂန္ဓမာပန်း နေကြာပန်း ။ အသီးဆိုရင် ဖရဲ ငှက်ပျော ။ ဆေးဖက်ဝင်တဲ့အပင် ။ ဟူး….. စိုက်ရတာမောလိုက်တာ ။ 😀

  • တညင်သား

    June 27, 2011 at 6:11 am

    ဘာပင်စိုက်ရင်ကောင်းမလဲလို့ စဉ်းစားနေရင်း လူတွေကိုလဲ အကျိုးပြုနိင်တယ်ထင်လို့ `ဘိန်း ‘ စိုက်မယ်လို့တွေးမိတာပါ ..ဆေးဝါး ထုတ်လုပ်ရာမှာ အသုံးဝင်တယ်ဆိုလို့ ကြားဘူးတာနော်… မူးယစ်ဆေး လုပ်ဖို့စိတ်ကူးမရှိပါဘူး နောက်ပြီး ဘိန်း ပန်းက အရမ်းလှတယ်ဗျ……:)

  • fatty

    June 27, 2011 at 7:24 am

    တကယ်စိုက်သင့်တာက …. သစ်မွှေးပါ …။ မြင်ရောမြင်ဖူးကြလား။
    သူများတွေစိုက်ကုန်ပြီ အင်မတန်အဖိုးတန်တဲ့အပင်ပေါ့။

  • MaMa

    June 27, 2011 at 10:35 am

    သစ်မွှေးကို စမ်းသပ်စိုက်ပျိုးရုံပဲ ရှိသေးတယ်ထင်တယ်။ သဘာဝအတိုင်း အကြာကြီး စောင့်စရာမလိုပဲ ၅နှစ်နဲ့ အမွှေးနံ့ရအောင် ထိုင်းက နည်းပညာနဲ့ လုပ်ပေးတဲ့ ကုမ္ပဏီလာဖွင့်ထားတယ်။ ဒါပေမယ့် ကုန်ကျစရိတ်တော့ ကြီးတယ်လို့ ပြောသံကြားဖူးတယ်။ ၁နှစ် ၂နှစ် သက်တမ်းရှိတဲ့ သစ်မွှေးပင်နဲ့၊ အမွှေးနံ့ရအောင် လုပ်ပုံတွေကို ဓာတ်ပုံတွေ ဗွီဒီယိုတွေ ကြည့်ဖူးတယ်။

  • padonmar

    June 27, 2011 at 2:55 pm

    ရွာထဲ မရောက်တာ ကြာတော့ စိုက်သွားကြတာ မြေကွက်လပ်တောင် မကျန်ချင်တော့ဘူး၊
    ကန်လေးတစ်ကန်လောက်တူးပြီး ကန်ပတ်လည်မှာ တမာပင်နဲ့ မိုးမခပင် တွေ စိုက်ချင်တယ်။
    ငယ်ငယ်က မန်းလေးတက္ကသိုလ်လေ့ကျင့်ရေးတပ်ထဲမှာ နွေကျောင်းပိတ်ရက် သွားနေရတော့ နွေရာသီ အပူကို ကန်ရေ ဖြတ်တိုက်လာတဲ့ တမာပန်းနံ့မွှေးမွှေးလေး က တွန်းလှန်ပေးတယ်။ပူတယ်တောင် မထင်ရဘူး ၊တမာရွက်ချဉ်လည်းလုပ်စား၊ တမာသီးက ပိုးသေတယ်၊တမာခေါက်က သွားခိုင်တယ်။
    မိုးမခကတော့ ပေါင်ချိန်ကားထဲမှာ ပီကင်းမြို့ကရေကန်တွေမှာ အမြဲပါတယ်လေ၊ရေကန်ထဲကို အရွက်တွေ တွဲလွဲကျနေတာ သိပ်လှတယ်။မိုးမခခေါက်က ငှက်ဖျားပျောက်တယ်လို့ကြားဘူးတာဘဲ။စိုက်ရလွယ်တယ်၊ကိုင်းထိုးစိုက်ရုံဘဲ။
    မြကျောက်သရက်ပင်တွေလည်းစိုက်ချင်တယ်။ နောင်လာနောက်သားတွေစားရအောင်လို့၊
    သရက်သီးမစားရသေးလည်း အရိပ်ရ။သရက်ညွန့်လေးတွေ သုပ်စားလို့ရတယ်။
    နောက် ဒန့်ဒလွန်ပင်ကလည်း စိုက်လို့လွယ်တဲ့အပြင် အရွက်က ၁၂ ရာသီစားရတယ်။သွေးတိုးကျတယ်၊
    အသီးကလည်း စားကောင်းတယ်လေ၊
    ဒီလောက်တော့ မြေကျန်ပါသေးတယ်နော်။

    • ဆူး

      June 28, 2011 at 3:08 pm

      ဒန့်သလွန် အရွက်က ဆီးကျိတ်ရောဂါ ဖြစ်စေတဲ့ နိုင်တယ်လို့ တိုင်းရင်းဆေးဆရာ ပြောတာ ကြားဖူးတယ်။ အမျိုးသားများ မစားသင့်ဘူးလို့ ကြားဖူးတယ်။

  • Yan Shin

    June 27, 2011 at 3:19 pm

    ဒီနေ့ ဆရာတစ်ယောက်ပြောတဲ့စကားလက်ဆောင်ပြန်မျှမယ်
    သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားနိုင်တဲ့

    သူက အဲလိုမဟုတ်ဘူးတဲ့

    ငှက်တစ်ကောင်ကောင်း သစ်တစ်သောင်းစိုက်နိုင်တဲ့

    တကယ်ကြိုက်တယ်။( ကိုယ်က အသေမဟုတ် အရှင်နှော်၊ သူစိုက်တဲ့ တစ်သောင်းဆိုရင် ကိုယ်တို့ဘဝတူ ငှက်ဘယ်လောက်တောင် နားခိုနိုင်လိုက်မလဲ)

  • padonmar

    April 15, 2015 at 12:22 pm

    4 နှစ်တောင်ကြာပေါ့။ကေဇီလေးတော့ အတော်တူးဆွလိုက်ရမယ်။
    ဒီ ၄နှစ်မှာ ဒီထဲကျန်နေသေးတဲ့ ရွာသူား ဘယ်နှစ်ယောက် ရှိပြီး ဘာပင်တွေများ စိုက်မိကြပါလိမ့်။
    (ကျမကတော့ သရက်ပင်နဲ့ တမာပင် နဂိုကတည်းက စိုက်ထားပြီးသား…)

  • padonmar

    April 15, 2015 at 12:34 pm

    Khin Thin Thin မြေ က ၁ဧက ဘဲဆိုတော့
    ပျိုးပင်တွေပွားပါမယ်
    အထူးသဖြင့် စားပင်များ
    ဒန့်ဒလွန်ပင် သရက်သီး မရမ်းသီး ဇီးသီး
    ကျန်တဲ့ ဘာစိုက်ရမှန်းမသိဖြစ်နေတဲ့
    ဘဝတူ မြေ တဧက ရတဲ့ သုတွေကို
    ပျိုးပင်နဲ့ အတူ အကြံပါပေးပါမယ် (FB ကသူငယ်ချင်းက ဝင်ဖြေတာ)

  • မြစပဲရိုး

    April 15, 2015 at 1:24 pm

    ဒီမှာတော့ စိုက်ထားတဲ့ Daffodale အပင်တွေ စပွင့်ပြီ။
    အရီး ကတော့ ရတဲ့ မြေမှာ ရာသီအလိုက် အပင် တွေ ပြောင်းစိုက်မယ်။
    တစ်ပုံစံ ထဲ မြင်ရတာ ပျင်းစရာ ထင်လို့။ :))

  • ဝင့်ပြုံးမြင့်

    April 15, 2015 at 2:00 pm

    .သစ်ပင် မစိုက်ဖူးသေးလို့ လျှောက်ပြောနေတာ ဖြစ်မယ်။ လက်တွေ့မှာ အပင်တစ်ပင်ဖြစ်ဖို့ မလွယ်ဘူး။ မိုးတွင်းဆို ရေမြုပ်၊ ဒါမှမဟုတ် ပေါင်းမနိုင်။ နွေနဲ့ ဆောင်းဆို ရေမရှိ။ အခု နွေအပူက ဟိုတုန်းကလို မဟုတ်ဘူး။ မီးနဲ့မြိုက်ထားသလိုကို ပူတာ။ အပင်လေးတစ်ပင်စိုက်ပြီး ၃ရက်လောက် ရေမလောင်းနိုင်ရင် ကြွရော။ ကိုယ်နေတဲ့နေရာနဲ့ နီးနီးမဟုတ်ရင်လည်း စိုက်ထားတဲ့အပင်တွေ သူများနှုတ်သွားရော။ ဖြစ်ထွန်းလွယ်တဲ့ အုန်းတို့ ကွမ်းတို့ စိုက်ရင်လည်း မြေသား ပျက်စီးတယ်။ အုန်းသီးကြွေကျမယ့် အန္တရာယ်ရှိတယ်။ အုန်းပင် ကွမ်းပင်တက်သမား ရှာရခက်တယ်။ သေချာတာက ကိုယ်တိုင်မလုပ်နိုင်ရင် (မာလီလို မလုပ်နိုင်ရင်) အဲဒီအပင်က ရလာမယ့် အကျိုး ကျေးဇူးထက် စိုက်ပျိ ုးစရိတ် ကုန်ကျမှုက ပိုများမယ်။ ခြံရှင်းသမားခေါ်ရင် အောက်ထစ် တစ်ရက် ငါးထောင်။ အပင်က ဖြစ်ထွန်းရင် ဒီလောက် မဝင်ဘူး။ ဒါကြောင့်မို့ တစ်နိုင်တစ်ပိုင် မစိုက်သင့်ဘူးလို့ ပြောတာ မဟုတ်ပါဘူး။ ရင်းရတာ ကြီးလွန်းလို့ မြေပိုရှိသူတိုင်း သစ်ပင်ကြီးစိုက်ထားသင့်ပါတယ်။ ရင်းနှီးမြှု ပ်နှံထားသင့်ပါတယ်။ ရင်းရတာ ကြီးလွန်းလို့ ဘာမှပြောပလောက်အောင် တန်ဖိုးရှိမလာတဲ့ အပင်ကို သာ မစိုက်သင့်တာပါ။ ဥပမာ… ဗောဓိညောင်တို့ ဘာတို့ကို ဆိုလိုတာပါ။ အချိန်ရော လုပ်အားရော ငွေရော ရှိရှိသမျှ ရင်းလိုက်ပြီးတော့မှ …

  • ခင်ဇော်

    April 15, 2015 at 2:07 pm

    သများက လက်ဆိပ် အားဂျီးရှိတာ။
    အပင်သေတဲ့ လက်ဆိပ်မို့။
    ဒီတိုင်းထိုးစိုက်ရတဲ့ ကြက်သွန်နီ ဥပင်တောင် သေတာပါဆို။
    ခုတော့ ရွှေလာငွေလာလေးကို အိုးလေးနဲ့ စိုက်ထားတာ ရှင်တယ်။
    ရေပဲ လိုတာကိုးးး
    ဟီးဟီး
    :k:

    အပင်တွေကိုတော့ အားဂျီးချစ်ချစ်

    :chit:

Leave a Reply