ဒီအချိန်မှာ eros ဘာလုပ်ချင်သလဲဆိုတော့… ပိုစ့်အပေါ် ကိုပေါက်(မန္တလေး) နှင့် eros အမြင်ဖလှယ်ခြင်း။

erosJune 29, 20111min28514

ဒီလိုအတွေးမျုးိလူငယ်တွေရဲ့စိတ်ထဲကိုရောက်နေတာဝမ်းနည်းစရာ တိုင်းပြည်အနာဂတ်အတွက်ရင်လေးစရာလို့မြင်မိပါတယ်။
ဒီလိုဖြစ်ရတာ
(1) မိမိသင်ယူထားတဲ့ အတတ်ပညာနဲ့ထိုက်တန်သောငွေကြေး မရဘူးလို့ထင်မိရတာရယ်
(2) စာတွေအများကြီး ပိုက်ဆံအကုန်ခံသင်ပြီးမှ အလုပ်ဝင်လုပ်တဲ့အခါရှာလို့ရတဲ့ငွေရယ် စာတွေသင်စရာမလိုဘဲ ရှာလို့ရတဲ့ဝင်ငွေကို သွားယှဉ်ကြည့်လို့ပါဘဲ။.
ကျနော်လည် း ဝန်ထမ်းတစ်ယောက်ပါဘဲ။
ကျနော်ခံယူထားတာကတော့ ကျနော့်အတတ်ပညာနဲ့ အချိန် ကို ယာယီရောင်းစားထားတာလို့ခံယူပါတယ်။
ကိုယ့်လောက် မသိသူ မတတ်သူက ကိုယ့်ထက်ဝင်ငွေကောင်းနေလည်း ခေါင်းထဲသိပ်မထားပါဘူး။
သူ့ကိစ္စနဲ့သူ ကိုယ့်ကိစ္စနဲ့ကိုယ်ပါဘဲ။
နောက်ပြီး အဖေပိုင်ရှင်ဖြစ်လို့ သားပိုင်ရှင်ဖြစ်လာတာကို လဲ သိပ်ခေါင်းထဲမထည့်ပါဘူး။.
ကိုယ်မှာဘာအရင်းအနှီးမှ မပါဘဲ နေရာတစ်ခုရအောင်လုပ်နိုင်တယ်ဆိုတာ ကိုယ့် တန်ဘိုးပါဘဲ။
အေးကောင်းအောင်လုပ်ရဲ့သားနဲ့မှ အဆင်မပြေဘူးဆိုရင်တော့ ဖောက်ထွက်ဘို့ နည်းလမ်းရှာရမှာဘဲ။
သူများကို ကြည့်နေမယ့် အစားကိုယ်ဘာလုပ်သင့်လဲ ဆိုတာကို ဦးစားပေးသင့်တယ်လို့မြင်ပါတယ်။.
ကဲ နတ်ဘုရားရေ ငါ့ဘက်လှည့်ထားတဲ့ မင်းစက်သေနတ်ဘေးဖယ်လိုက်ပါအုံးကွာ။
ငါကြောက်လို့ပါ။

ဒါကတော့ ဒီအချိန်မှာ eros ဘာလုပ်ချင်သလဲဆိုတော့… ပိုစ့် https://myanmargazette.net/53684/creative-writing အပေါ် ကျွန်တော်တို့ ခင်မင်ရပါသော လေးပေါက် (ကိုပေါက်(မန္တလေး)) မှတ်ချက်ပြုထားတာပါ။ ဒီအပေါ်မှာ ကျွန်တော် eros ကလည်း ခင်မင် ရင်းနှီးစွာ အမြင်ဖလှယ်တာပါ။

(1) မိမိသင်ယူထားတဲ့ အတတ်ပညာနဲ့ထိုက်တန်သောငွေကြေး မရဘူးလို့ထင်မိရတာရယ်
(2) စာတွေအများကြီး ပိုက်ဆံအကုန်ခံသင်ပြီးမှ အလုပ်ဝင်လုပ်တဲ့အခါရှာလို့ရတဲ့ငွေရယ် စာတွေသင်စရာမလိုဘဲ ရှာလို့ရတဲ့ဝင်ငွေကို သွားယှဉ်ကြည့်လို့ပါဘဲ။.

လေးပေါက်ရေ အရင်ဆုံး ပြောရရင် ပညာသင်တာဘာဖို့လဲဆိုတာ မေးရပါမယ်။ လူရယ်လို့ ဖြစ်လာရင် စားဝတ်နေရေးအတွက် ရှာဖွေရမှာ ဖြစ်တယ်။ ဒီပညာတွေ တက်ပြီး စားဝတ်နေရေးမှ အဆင်မပြေရင် ပညာမတက်တဲ့သူက စားဝတ်နေရေး ချောင်လည်နေရင် ပညာတတ်သူက ဘယ်လိုခံစားရမလဲ။ ပညာတတ်သူရဲ့ ego ဂုဏ်သိက္ခာ ဘယ်နေရာမှာ သွားထားမလဲ။ ဒီထဲမှာလဲ ဆရာဝန်များ ကိုယ့်ရဲ့ ego က်ို (စမ်းသပ်ခ) ယူတာနဲ့ ပတ်သက်ပြီး ဆွေးနွှေးဘူးပါတယ်။ ပညာသင်တာ ဘာလုပ်ဖို့လဲ။ ဖြေ။ ပညာတက်ဖို့ပေါ့။ ပညာတတ်တာ့ ဘာလုပ်လို့ရမလဲ။ ပညာတွေတတ်တော့ဘာဖြစ်မလဲ။ ဖြေ။ ဂုဏ်ရှိတာပေါ့။ ဂုဏ်ကထမင်းဝယ်စားလို့ရလား။ ဖြေ။ +*-%# 🙁 ။ နောက်တနည်း.. ပညာသင်တာ ဘာလုပ်ဖို့လဲ။ ဖြေ။ ပညာတက်ဖို့ပေါ့။ ပညာတတ်တာ့ ဘာလုပ်လို့ရမလဲ။ ပညာတွေတတ်တော့ဘာဖြစ်မလဲ။ ဖြေ။ လခတွေအများကြီးရ၊ ခံစားခွင့်တွေရ နိုင်တာပေါ့။ ဒါတွေမရတဲ့ အခါ…။ သေချာတာတော့ လူဆိုတာ စားဝတ်နေရေးနဲ့ တိုင်းတာပါပဲ။ ဒါတွေ အဆင်ပြေလား မပြေဘူးလား။ ဒါပြီးရင် ပညာ ဘယ်လောက်တတ်သလဲဆိုတာပါပဲ။ ဆိုတော့ လူ့ပတ်ဝန်းကျင်နဲ့ နေထိုင်တဲ့အတွက် စားဝတ်နေရေး သိက္ခာလိုလာပါတယ်။ ဒီတော့ ဘယ်သူတွေက ဘာဆိုတာ ခေါင်းထဲထည့်မထားလို့တော့မရပါဘူး။ နည်းနည်းထည့်ရမှာပါ။ ယျေဘုံယျအားဖြင့် နိုင်ငံကို ဆင်းရဲ၊ ချမ်းသာ ရိုးရိုးလေးတိုင်းတာက စားဝတ်နေရေးအဆင့်အတန်းနဲ့တိုင်းတာတာပါ။ ပြီးမှ ပညာလာတာပါ။ ထိုင်းသွားသွား၊ စင်ကာပူသွားသွား နိုင်ငံခြားသွားတဲ့ အခါ မျက်နှာဖြူတွေကို ဆိုရင် လုူဝင်မှုကြီးကြပ်ရေးက မျက်နှာသာပေးပါတယ်။ မြန်မာဆိုရင် သံသယမျက်လုံး၊ မရှိ၊ ခိုးနိုးမျက်နှာ အကြည့်တွေနဲ့ပါ။ မျက်နှာဖြူတကောင်ဟာ အလယ်တန်း၊ အထက်တန်းအဆင့်ပညာရေး လေးပေမယ့် အရစ်မခံရပါဘူး။ မြန်မာတွေမှာ လူတော်တွေ တပုံကြီးပါပဲ။ နာဆာမှာ လုပ်တဲ့သူရှိတယ်တောင်ကြားဘူးပါတယ်။ ဒါပေမယ့် ဘာလို့ရစ်ခံနေရလဲဆိုတာ အဖြေသိနိုင်ပါတယ်။

ကျနော်လည် း ဝန်ထမ်းတစ်ယောက်ပါဘဲ။
ကျနော်ခံယူထားတာကတော့ ကျနော့်အတတ်ပညာနဲ့ အချိန် ကို ယာယီရောင်းစားထားတာလို့ခံယူပါတယ်။

ဝန်ထမ်းရဲ့ သဘာဝသည် မိမိမှာ ရှိတဲ့ အတက်ပညာ၊ ကျွမ်းကျင်မှုကို ရောင်းစားရတာပဲ။ ဒါသဘာဝပဲ။ ဒါပေမယ့် ရောင်းစားလို့ရတဲ့ဟာက စားဝတ်နေရေးအတွက် ပညာမတက်တဲ့ သူလောက်မှသည် အဆင်မပြေရင်ဘာလုပ်ရမှာလဲ။ဒါခေါင်းပုံဖြတ်ခံရတာပဲ။ ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခါင် ပညာတွေပဲ။ အသုံးမကျတဲ့ပညာတွေပဲဖြစ်သွားမှာပဲ။ လူတိုင်းသည် ကိုယ်ပိုင်အလုပ်ရှင်ဖြစ်အောင်ကြိုးစားနေသူပဲ။ လုပ်ချင်ကြသူတွေပဲ။ ဒါပေမယ့် ၁၉၈၅-၈၈ နောက်ပိုင်း မွေးလာတဲ့ လူငယ်တွေအဖို့ မိဘဖက်က ဓနအင်အားအထောက်အပံ့၊ အသိုင်းအဝိုင်းအထောက်အပံ့ မပါလို့ကတော့ အောင်အောင်မြင်မြင်ကိုယ်ပိုင်အလုပ် လုပ်ဖို့မလွယ်ပါဘူး။ လက်တွေ့ပါ။ ကိုယ်ပိုင်အလုပ်လုပ်ဖို့ အခွင့်အရေးတွေရခဲ့ပါတယ်။ အရင်းအနှီးမရှိလို့ အဆင်မပြေခဲ့ပါဘူး။ ကိုယ်ပိုင်အိမ်တလုံး ပိုင်ဖို့တောင် အိမ်မက်ဖြစ်နေသူတွေအများကြီးပါ။ နောက်တခုက အကောင်အထည်အကြီးတွေက မတရားကြီးနေတော့ ကိုယ့်ကို ဝါးမြိုသွားတာပါ။ ဒီကိစ္စမှာ ကံကောင်းတာကို ဘေးဖယ်ထားကြစို့။ ကိုယ်တတ်တဲ့ ပညာနဲ့လုပ်စားဖို့က အဆင်မပြေလို့ ကွမ်းယာသည်၊ ဈေးသည်၊ ကားစပယ်ယာ၊ ယာဉ်မောင်းဖြစ်သွားသူတွေ တပုံကြီးပါ။ ပညာတွေ နှမြှောစရာပါ။ ဒါပေမယ့် လက်တွေ့ ဘဝက လက်တွေ့ဘဝပါ။ ဘာမှမတက်နိုင်ပါဘူး။ ဒီလိုပုံတွေနဲ့ နောင်တက်လာမည့် ခလေးတွေကို ပညာရေး ဘယ်လိုအားပေးမလဲ။ ဘယ်လိုလမ်းညွှန်မလဲ။ ဘယ်မှာလဲပြောအား။ သူတို့က ဘယ်လို လက်ခံမှာလဲ ဘယ်မှာလဲ ပညာတတ်တာ ကောင်းတယ်ဆိုတယ့် လက်ဆုတ်လက်ကိုင်ပြစရာ…။ လေးလေးပါလေယာ၄၆ (parlayyar 46) ဒီအချိန်မှာ eros ဘာလုပ်ချင်သလဲဆိုတော့… ပိုစ့် https://myanmargazette.net/53684/creative-writing အပေါ်မှာ မှတ်ချက်ပြုပြောတဲ့ ကားသမားတယောက်က ကျွန်တော်တို့ရပ်ကွက်ထဲမှာပဲနေတယ်ပဲဆိုပါစို့။ ကလေးတယောက်၊ လူငယ်တယောက်ကို ပညာတတ်တာကောင်းတယ် ကျွန်တော်ပြောနေချိန်မှာ အဲဒီကားသမားက ရောက်လာပြီး ပညာတက်လည်းဘာမှမထူးဘူး ပြောရင်ဘာပြန်ပြောရမလဲ။ ကလေး၊လူငယ်ကသိနေတယ်။ ကားသမားက ကျွန်တော့်ထက် အများကြီးစားဝတ်နေရေး အဆင်ပြေနေတယ်ဆိုတာ။ ကဲသူဘယ်ဘက်လိုက်မလဲ။ ဒီကြားထဲ အဲဒီကားသမားက လိမ္မာလို့ သူ့ရတဲ့ငွေနဲ့ ကိုယ်ပိုင်အလုပ်ထောင်နိုင်တယ်ဆိုရင် ပိုသေချာတယ် အဲဒီကလေး၊ လူငယ်က ပညာဆက်မသင်ပဲ ကားသမားဘဝပြောင်းသွားမှ ကျွန်တော်ဆိုလိုတာက ကားသမားတွေကို နှိမ်ချတာ မဟုတ်ပဲ၊ ပညာတန်ဖိုးမဲ့နေတယ်ဆိုတာမီးမောင်းထိုးပြတာ။ ရပ်ကွက်ထဲမှာရော ပညာတွေတက်ပြီး စားဝတ်နေရေး အဆင်မပြေ၊ လိုအပ်ရင်ချေးငှားနေသူနဲ့ ပညာမတက်ပဲ အလုပ်လုပ်ပြီး စားဝတ်နေရေးအဆင်ပြေပြီး တင့်တောင့်တင့်တယ် နေနိုင်သူ ဘယ်သူကို အများအားဖြင့် ဘယ်သူကို ပိုလူရာသွင်းမလဲ ပေါင်းသင်းဆက်ဆံကြမလဲ။ ဆိုရင် လေးပေါက်ပြောတဲ့

(2) စာတွေအများကြီး ပိုက်ဆံအကုန်ခံသင်ပြီးမှ အလုပ်ဝင်လုပ်တဲ့အခါရှာလို့ရတဲ့ငွေရယ် စာတွေသင်စရာမလိုဘဲ ရှာလို့ရတဲ့ဝင်ငွေကို
သွားယှဉ်ကြည့်လို့ပါဘဲ။

ဆိုတာနဲ့ပတ်သက်ပြီး ကျွန်တော့်အမြင်ပါ။အောက်မှာလည်း အမြင်ကို ဖလှယ်ထားပါသေးတယ်။

နိုင်ငံတကာမှာ ပညာတတ်၊ ပညာနဲ့လုပ်ကိုင်သူတွေက ခံစားခွင့်ပိုရကြပါတယ်။ ပညာဆက်သင်နိုင်အောင် အမျိုးမျိုး ထောက်ပံ့ပေးတယ်၊ အခွင့်အရေးပေးပါတယ်။ ဒါပညာတန်ဖိုးပါ။ လေးပေါက်အနေနဲ့ အကြီးတန်း အရာရှိ တယောက်ဖြစ်နေမှာပါ။ ဒီအချိန်မှာ အတော်အတန် အထိုင်ကျနေပြီး အောက်က အခြေအနေတူ အနေအထားနဲ့ စေ့ငုံစွာ မမြင်မိပဲ အပေါ်စီးကမြင်နေလို့ ဒီလိုပြောတာဖြစ်နိုင်ပါတယ်။ အပေါ်စီးကကြည့်မှ ပိုမြင်ရတာဟာ ဒီလိုကိစ္စတွေမှာ မမှန်နိုင်ပါဘူးထင်ပါတယ်။ peer vision သက်ရွယ်ဆင့်တူ အမြင်မှပိုပြည့်စုံမှာပါ။

ကိုယ်မှာဘာအရင်းအနှီးမှ မပါဘဲ နေရာတစ်ခုရအောင်လုပ်နိုင်တယ်ဆိုတာ ကိုယ့် တန်ဘိုးပါဘဲ။
ဆိုရင် ကျွန်တော်တို့ သင်ထားတဲ့ ပညာတွေသည်၊ အသက်မွေးဝမ်းကြောင်းပညာတွေ၊ အတွေ့အကြုံပညာတွေ၊ ကျွမ်းကျင်မှုပညာတွေသည် အရင်းအနှီးမဟုတ်ဘူးလား။ ဘာမှမဟုတ်တော့ဘူးလား။ စဉ်းစားစရာ ဖြစ်သွားပြီ။ ကျွန်တော်တို့ မိဘတွေသည် အချိန်ကုန်၊ ငွေကုန်၊ အပင်ပန်းခံပြီး ကျောင်းပို့ ပညာသင်ကြားပေးတာ၊ ကျွန်တော်တို့ ကိုယ်ပိုင်လုပ်အားခလေးတွေနဲ့ အချိန်ကုန်၊ လူအပင်ပန်းခံ ကုန်ခဲ့တယ့် အသက်တာ အချိန်တွေ၊ အသက်တွေနဲ့ ပညာသင်ကြတာဟာ အလကားပဲလား။ အရင်းအနှီး မဟုတ်တော့ဘူးလား။ ကိုယ့်မှာဘာအရင်းအနှီးမှ မပါဘဲ ဆိုရင်တော့
ပညာ = အလကား လို့ အဖြေထွက်သွားပါပြီ။

သူများကို ကြည့်နေမယ့် အစားကိုယ်ဘာလုပ်သင့်လဲ ဆိုတာကို ဦးစားပေးသင့်တယ်လို့မြင်ပါတယ်။

သေချာတယ် လေးပေါက်ရေ။ လူငယ်တိုင်း အားပါးတရကြိုးစားနေတာ။ ဒါပေမယ့် အခြေအနေတွေက ပညာတန်ဖိုးမဲ့နေတာ၊ ခေါင်းပုံဖြတ်ခံ နေရတာကို ဖော်ပြချင်တာပါ။ အရာရာတိုင်းမှာ အခြေအနေဆိုတာ အရေးပါပါတယ်။ ကျွန်တော်လည်း အပတ်တကုတ် ကြိုးစားနေတာပဲ။

ဒီလိုအတွေးမျုးိလူငယ်တွေရဲ့စိတ်ထဲကိုရောက်နေတာဝမ်းနည်းစရာ တိုင်းပြည်အနာဂတ်အတွက်ရင်လေးစရာလို့မြင်မိပါတယ်။
ဒီလိုဖြစ်ရတာ
(1) မိမိသင်ယူထားတဲ့ အတတ်ပညာနဲ့ထိုက်တန်သောငွေကြေး မရဘူးလို့ထင်မိရတာရယ်
(2) စာတွေအများကြီး ပိုက်ဆံအကုန်ခံသင်ပြီးမှ အလုပ်ဝင်လုပ်တဲ့အခါရှာလို့ရတဲ့ငွေရယ် စာတွေသင်စရာမလိုဘဲ ရှာလို့ရတဲ့ဝင်ငွေကို
သွားယှဉ်ကြည့်လို့ပါဘဲ။

ဟုတ်ပါတယ်။ ရင်လေးစရာ အတွေးတွေပါ။ ဒါပေမယ့် လက်တွေ့တွေက မောင်းနှင်နေပါပြီ။ ဘာမှမတက်နိုင်ပါဘူး။ ပညာတတ်များ တိုင်းတပါးသွား သံချီသံကွေးလုပ်နေကြပါတယ်။

ပြောရင် နိုင်ငံတကာ အဆင့်မမှီဘူးပြောပြောနေတဲ့ အလုပ်ရှင်များ၊ကိုယ့်ဖက်ကို ကြည့်ပြီး နှစ်ပဲတပြား၊ မဝရေစာ မလောက်တလောက်၊ မလောက်မငှလစာပေးထားတဲ့ သူများ၊ မြန်မာနိုင်ငံက နိုင်ငံတကာအဆင့်မမှီဘူးတို့၊ စုတ်ပြတ်နေတာပဲပြောနေသော ဟိုလူဒီလူ ဟိုကြောင့် ဒီကြောင့် အပြစ်ပုံချနေသော အလုပ်ရှင်များ မိမိကိုယ်တိုင် ပညာတန်ဖိုးထားလားမေးရတော့မှာပါ။ ပညာကို တန်ဖိုးမထားလို့ကတော့ နိုင်ငံတကာ အဆင့်မှီဆိုတာက ဖြစ်မလာနိုင်ပါ။ နိုင်ငံတကာ အဆင့်မှီ မလိုချင်ပါနဲ့။

(1) မိမိသင်ယူထားတဲ့ အတတ်ပညာနဲ့ထိုက်တန်သောငွေကြေး မရဘူးလို့ထင်မိရတာရယ်။

ထင်မိတာ မဟုတ်ပါဘူး။ တကယ် မရတာပါ။ တကယ်ဖြစ်နေတာ ဒါကြောင့်ပြောနေတာ။

(2) စာတွေအများကြီး ပိုက်ဆံအကုန်ခံသင်ပြီးမှ အလုပ်ဝင်လုပ်တဲ့အခါရှာလို့ရတဲ့ငွေရယ် စာတွေသင်စရာမလိုဘဲ ရှာလို့ရတဲ့ဝင်ငွေကို
သွားယှဉ်ကြည့်လို့ပါဘဲ။

အပေါ်မှာယာဉ်မောင်းနဲ့ ပညာတတ် ကိစ္စမှာ အမြင်ဖလှယ် ပြီးသွားပါပြီ။

ကျွန်တော်တို့ လူ့သမိုင်းကြောင်းမှာ အသုံးဝင်တာတွေ ယူဆောင်လာပြီး အသုံးမဝင်တာတွေ ပယ်ရှားခဲ့တာပါ။ ဥပမာပေးရရင် လိမ္မော်သီး၊ ဒူးရင်းသီးတို့ကို အခွံနွှာစားသလိုပါပဲ။ ပညာကတန်ဖိုးမဲ့နေရင် ပညာဆိပ်သုဉ်းသွားမှာပါ။ ဝမ်းနည်းစရာကောင်းပါတယ်။ ပညာ တန်ဖိုးထားတဲ့ နေရာက ပိုသာသွားတော့မှာပါ။ ဒါပါပဲ။

မှတ်ချက်။ ။ လေးပေါက်ရေ စက်သေနတ်တင်မက၊ ဟောင်ဝစ်ဇာ အမြှောက်နဲ့ရော ၂၁ရာစု နီဗားဒါးသာမက နူးကလီးယားထိပ်ဖူးတပ် ဒုံးကျည်နဲ့ပါ ဧည့်ခံဖို့ ပြင်ဆင်ထားပါတယ်။ ငှဲငှဲငှဲ ဟဲဟဲဟဲ။ (နောက်တာနော် ဒီဘကြီးတကယ်ထင်သွားဦးမယ်။)

14 comments

  • ရွှေဘိုသား

    June 29, 2011 at 11:59 am

    လေးပေါက် ကိုတော.တကယ်လေးစားသွားပြီဗျာ
    အမှန်တွေကိုပဲ ချပြသွားတာ
    ကားသမားနဲ. နှိုင်ယှဉ်ပြသွားတာလည်း တကယ်ကိုဟုတ်ပါတယ်
    ကားသမား သွားမနှိမ်ပါနဲ.
    မညာက တန်ဖိုးကျနေတာပါဆိုတာ ကိုကြိုက်တယ်

  • ဆူး

    June 29, 2011 at 2:04 pm

    ပညာ ဆိုတာ ဘယ်နေရာ ဘယ်အချိန် ရောက်ရောက် လိုရင် လိုသလို အသုံးချတတ်ရင် အကျိုးရှိပါတယ်။
    ပတ္တမြားမှန်ရင် နွံမနစ်ပါဘူး။
    ပညာတတ်ကြီး ဘွဲ့ရကြီးတွေ ပညာနဲ့ တခြားစီ ဖြစ်တဲ့ အသက်မွေးမှုတွေ လုပ်နေရတာ အများကြီးပါ အားမငယ်နဲ့.. ဟီးဟီး..
    ဒီနေ့ ဒီအချိန်မှာ ဒီနေရာမှာ ထိုင်နေပေမဲ့ နောက် ၅နှစ်ကြာတဲ့ အခါ ဒီနေရာမှာ ထိုင်နေပါ့မလား..
    ငယ်ငယ်ကတည်းက မြင်နေကျ ဈေးသည်ကြီးက.. အခုထိလည်း ဈေးသည်ပဲ.. သူလုပ်တတ်တာ ဒါပဲ ရှိတော့ ဒါပဲ လုပ်မှာပေါ့.. ဒါပေမဲ့.. ပညာရပ် တခုခုနဲ့ လုပ်နေတဲ့ လူဆိုရင်တော့.. ပြောင်းလဲ မှုတွေ ရှိကို ရှိမယ် မရှိဘူး ဆိုရင် သူရဲ့ အရည်အချင်းက မှိုတက်နေလို့လား.. တိမ်မြုပ်နေလို့လား.. တွေးစရာပဲ..

  • weiwei

    June 29, 2011 at 2:55 pm

    အယ်ရော့ပြောနေတာတွေက အမှန်တွေချည်းပါပဲ …
    ပညာကိုတန်ဖိုးထားသူတိုင်း ခံစားရတဲ့ ခံစားချက်တွေမို့ ကိုယ်ချင်းစာပါတယ် …

  • နတ်ဘုရားလေးရေ
    အခုလို ပြန်တင်ပြပေးတာကို တကယ်ကိုသဘောကျပါတယ်။
    ညီလေးပြောသလို အကိုလဲခံစားရဘူးပါတယ်။
    ပြန်ပြောပြရရင် 1976 အနှစ်သုံးဆယ်ကျော်ကျော်လောက်ကပေါ့။
    အကို စာပေးစာယူသင်တန်းတက်ရင်းအောက်တန်းစာရေးလေးဝင်လုပ်နေပါတယ်။
    အဲဒီတုံးက pj ဆိုတဲ့ ဂျင်းအင်္ကျီလေးတွေ တထည်မှာ 100ကျော်ကျော်။
    အကိုရတဲ့ လစာ 165ကျပ် အကိုကျောင်းလခနဲ့ လမ်းစရိတ်နဲ့ဝယ်မဝတ်နိုင်ခဲ့ပါဘူး။
    စက်ထဲမှာ အလုပ်သမားလုပ်တဲ့သူက အိုဗာတိုင်ကြေးဘာညာကွိကွရတော့ ဝတ်နို်င်ပါတယ်။.
    အဲဒီတုံးက ငါပညာတွေသင်တာမှားသလားပေါ့။
    ဒါပေမယ့် နှစ်ကြာလာတဲ့အခါ အကိုပညာသင်တာ မမှားဘူးဆိုတာ သိလာပါတယ်။
    ဘာလို့လဲဆိုတော့ အခုအချိန်မှာ အဲဒီလူနဲ့အကိုဘဝခြင်းအများကြိးကွာသွားလို့ပါဘဲံ.။
    မှန်ပါတယ် အကိုတို့ အခုလက်ရှိအခြေအနေမှာ ပညာနဲ့အသက်မွေးဝမ်းကျောင်းဆက်စပ်လို့မရသေးပါဘူး။
    ကိုယ်ပညာတတ်ပေမယ့် အချိန်ကုန်ခံပြီး ပညာသင်မထားသူလောက်ဝင်ငွေမကောင်းတာကလဲ တွေးကြည့်ရင် ဝမ်းနည်းစရာ။
    ဒါပေမယ့် အကို တို့ ပညာမသင်ဘဲရပ်ထားမလား။
    ဒါမှမဟုတ် ပညာနဲ့လုပ်စားလို့ရတဲ့ခေတ်အထိစောင့်ရင်းပညာတွေဆက်သင်မလား ပေါ့။
    အကိုကတော့ ပညာတတ်အောင်သင်ဘို့အားပေးပါတယ်။
    တစ်ချိန်မှာတော့ ညီလေးတို့အကိုတို့ ကို တန်ဘိုးထားတဲ့ခေတ်(ပို်က်ဆံရတာမဟုတ်ဘူးနော်)မလွဲမသွေရောက်လာမယ်ဆိုတာ ယုံကြည်လို့ပါ။
    အားလုံးကလဲ ကိုယ့်အမြင်လေးတွေကို ရေးစေချင်ပါတယ်။.
    ဘယ်သူမှန်တယ် မှားတယ်ဆိုတာထက် အတွေးတွေကို ရလာစေချင်လို့ပါ။
    ကျေးဇူးပါ နတ်ဘုရားရေ………..အကို့မန်းလိုက်တာလေးကို သေသေချာချာဖတ်ပြီး ပြန်ရေးပြလို့ပေါ့။
    အမြင်တူတာ မတူတာထက် စဉ်းစားဆင်ခြင်ကြဘို့က ပိုအရေးကြီးပါတယ်။

    • eros

      June 30, 2011 at 2:13 am

      ဟဲဟဲဟဲ ဒါကြောင့်မို့လို့ လေးပေါက်ရယ် ပညာတွေ ဆက်သင်နေတာပေါ့

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 29, 2011 at 4:27 pm

    သဟစာတပစ္စယော
    သုံးချောင်းထောက်တုတ်တို့သည် တစ်ခုကိုတစ်ခု အပြန်အလှန် အမှီသဟဲပြုကြသည်လို့ ဆိုသဗျ
    ခင်ဗျားတို့အားလုံးကြားဘူးမှာပါ
    အတတ်ပညာသင်ကြားပေးတဲ့ကျောင်းတွေရှိတဲ့အတွက်
    အတတ်ပညာကို ဘယ်လောက်ထိတတ်ကြတယ်ဆိုတာကို
    အတိုင်းအတာပြလို့ရတယ်လို့ အကြမ်းဖျင်းဆိုနိုင်ပေမဲ့
    အတတ်ပညာရဲ့အကြောင်းကို ကြီးစွာအထောက်အပန့်ပေးတာ အသိတရားလို့ဆိုကြပြန်တယ်လား
    ဒီနေရာမှာ ဆိုတာက အသိပညာသင်တဲ့ကျောင်းတွေမရှိဘူးလို့ဆိုတာကိုပါ
    ဒီတော့ကာ
    ခြေတစ်ဖက်ဖြင့် ခြေတစ်ဖက်ကို ပွတ်၍ဆေးကြောရသကဲ့သို့
    လက်တစ်ဖက်ဖြင့် လက်တစ်ဖက်ကို ပွတ်တိုက်ဆေးကြောရတယ်လို့
    စာထည်းပြောတာတော့ မှတ်သားဘူးပါရဲ့
    ဆိုတော့ကာ
    အတတ်ပညာကို
    အသိပညာ ( ဉဏ်နဲ့ ) ချိန်ဆတတ်ရပေမယ်လို့တော့ထင်တာဘဲ
    ဒီနေရာမှာ
    ကံ၊ ဉဏ်၊ ဝိရိယ တို့၏ အကြောင်းကိုလည်း
    ဘာညာ သာရကာပေါ့ဗျာ
    ဘာရယ်တော့ မဟုတ်ပါဘူး
    ခုနစ်တန်းတောင် မအောင်တဲ့ ကျုပ်က
    ခင်ဗျားတို့လို ဘွတ်ရတဲ့သူတွေကို ပြောရတာ
    နွားရှေ့ထွန်ကျူးများဖြစ်နေမလားလို့
    မှာ;တာရှိရင် ဝန္ဒာမိပါဗျာ 😀 😀 😀

  • ချစ်စ/ဆ ရာ

    June 29, 2011 at 5:01 pm

    ခုနစ်တန်းလောက်နေထားဘူးလို့တော်သေးတယ်
    မနေဘူးရင်တော့ဒုက္ခ
    နွားရှေ့ထွန်ကျူး ဆိုတဲ့စကားဟာ
    ဘယ်လောက်မိုက်ရိုင်းသလဲဆိုတာ နားမလည်ဘူးလား
    မိကျောင်းမင်းရေခင်းပြ တယ်တို့ဘာတို့ပြောစရာတွေရှိတာဘဲ
    ခွေးအရောဝင် ခေါင်းပေါ်တက်ဆိုသလိုဖြစ်နေပြီနော
    လေးပေါက်ဆိုတာ
    ကိုယ့်အဖေလောက်ရှိတယ်ဆိုတာ မသိဘူးလား

  • mnoe

    June 29, 2011 at 5:49 pm

    ကျွန်မအထင်တော့ ကိုယ်တတ်ထားတဲ့ပညာနဲ့ ကိုယ်လုပ်နေတဲ့အလုပ် match မဖြစ်သေးလို့လို့ ထင်ပါတယ်။ တကယ်သာ ကို်ယ်တတ်ထားတဲ့ ပညာဟာ ကိုယ်လုပ်ကိုင်နေတဲ့အလုပ်နဲ့ ထပ်တူကျမယ်ဆိုရင် ဒါမှမဟုတ် ကိုယ့်ပညာကို တကယ်ဖော်ထုတ်ပြီး အသုံးချခွင့်ရမယ် ကိုယ့်ပညာစွမ်းကို ပြနိုင်မယ်ဆိုရင် ကိုယ့်ရဲ့တန်ဘိုးနဲ့ ကိုယ့်ကို လိုအပ်မှုရှိနေတယ်ဆိုတာ သက်သေပြနိုင်ရင် လစာဆိုတာ ကိုယ်ကပဲ သတ်မှတ်ရမှာဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်။ ကိုယ်ကတကယ်တော်နေပြီး လုပ်နေရပြီး လုပ်နိုင်နေပြီး အလုပ်ရှင်အတွက် အကျိူးဖြစ်နေလျက်နဲ့မှ ထိုက်တန်သလောက်ပြန်မရဘူးဆိုရင်တော့ ကိုယ့်တန်ဘိုးကို သိအောင်ပြောပြပြီး ညှိနှိုင်းသင့်တယ်လို့ထင်တယ်။ အလုပ်ရှင်တွေကလည်း သူတို့အတွက် တကယ် တန်ဘုးိရှိတဲ့ လူတစ်ယောက်ကို အလွယ်တကူတော့ လက်လွှတ်ခံချင်မှာမဟုတ်ပါဘူး။ တကယ်တန်ဘိုးရှိတဲ့ တော်တဲ့သူတစ်ယောက်ရဖို့ကလည်း ခက်ပါတယ်နော်။ ဒီခေတ်မှာ လူ့စွမ်းအားအရင်းအမြစ်တွေက အရေးပါတယ်ဆိုတာ သိလာကြပါပြီ။ ကိုယ့်တန်ဘုးိကို သိလျက်နဲ့ နှိပ်ကွပ်ခံထားရတယ်ဆိုရင်တော့ ကိုယ့်အရည်အချင်းကို ပြခွင့်ရပြီး တန်ဘိုးထားခံရမဲ့ အလုပ်ဆီပြောင်းလိုက်တာကောင်းပါတယ်။ ဉာဏ်မီသလောက်ဆွေးနွေးကြည့်တာပါ။ ချက်ချင်းထွက်ဖို့မလွယ်သေးရင် မှေးထားပြီး အခြားကိုယ်နဲ့သင့်တော်ပြီး ပျော်ရွှင်ရမဲ့အလုပ် ရှာထားပေါ့။ ကျေးဇူးတင်ပါတယ်။ ပျော်ရွှင်ပါစေ။

  • ချစ်စရာလေးရေ
    ခင်ဗျားလုပ်လိုက်မှဘဲ ကိုပေါက်လူစင်စစ်ကနေနွားဖြစ်လိုက် ခွေးဖြစ်လိုက်
    အတော်လဲ တတ်နိုင်တဲ့လူနော်…………………………..

  • bigcat

    June 30, 2011 at 1:35 am

    အကျွန်ုပ်ကြောင်ကြီးလည်း လွန်ခဲ့သောအနှစ် ၂ဝခန့်က စစ်ဗိုလ်လေးဘဝတွင် သင်ကဲ့သို့ တွေးမိကြောင်း ဝန်ခံရပေမည်။ သို့တစေမူကား ယခုအခါတွင်မူကား လွန်စွာဟန်ကြနေပြီဖြစ်ကြောင်း အမောင်အဲရိုးစ်အား ကိုယ်တွေ့ဖောက်သည် ချလိုက်ရပေသတည်း။ 😎

  • evolution

    June 30, 2011 at 4:08 am

    ဝင်ဆွေးနွေးရမယ်ဆိုရင်.. 🙂
    အတက်ပညာ နှင့် ငွေ နှစ်ခုစလုံးသည် လူဘဝအတွက် ရေးပါသလို၊ လိုလဲလိုအပ်ပါတယ်။ ဒါပေမယ့်လူတစ်ဦးအနေနဲ့ အတက်ပညာနဲ့ ငွေနှစ်ခုစလုံးကို တစ်ပြိုင်ထည်းရနိုင်ဘို့ဆိုတာ တော်တော်ခက်ခဲပါတယ်။ ဒါဟာ ကျတော့အထင်တော့ဒီနိုင်ငံတစ်ခုထည်းမှာမဟုတ်ပါဘူး။ နိုင်ငံတိုင်းလိုလိုမှာ ဒီလိုအခြေအနေတွေရှိကြမှာပါပဲ။ အနည်းနဲ့ အများပဲကွာမှာပါ။ ဘာလို့လဲဆိုတော့ အတက်ပညာနဲ့ ငွေနှစ်ခုစလုံးကိုတစ်ပြိုင်တည်းရနိုင်အောင်လုပ်ဖို့ဆိုတာ နေထိုင်နေတဲ့နိုင်ငံတစ်ခုမှာရှိတဲ့ လုပ်ဆောင်နိုင်ခွင့်ရှိတဲ့ အခွင့်ရေးပေါ်တွင်သာမကဘဲ မိမိရဲ့ အသိအမြင်၊ လည်ပတ်နေတဲ့အသိုင်းအဝိုင်း၊ အကြားအမြင် စတဲ့အချက်တွေပေါ်အများကြီးမူတည်နေလို့ပါပဲ။
    ဘဝအခြေအနေတွေ တစ်ယောက်နဲ့တစ်ယောက်မတူညီသလို အတက်ပညာနဲ့ ငွေနှစ်ခုစလုံးကိုတစ်ပြိုင်တည်းရအောင်ဆောင်ရွက်နိုင်သူ၊ အတက်ပညာကိုအရင်ရှာဖွေရသူ၊ ငွေကြေးကို အရင်ရှာဖွေရသူ ဆိုပြီးအခြေအနေတွေကွဲပြားနိုင်ပါတယ်။
    အကယ်၍ ဘဝအခြေအနေအရလူတစ်ဦးသည် အတက်ပညာအားစတင်ရှာဖွေသူတစ်ဦးဖြစ်ပါက တစ်ချိန်မှ သူ့ရဲ့အတက်ပညာနဲ့ထိုက်တန်တဲ့ ငွေကြေးကိုရှိဖွေရရှိနိုင်ပါတယ်။ (အဲဒိမှာ ပညာအရည်အချင်း၊ စွမ်းဆောင်နိုင်မှု အခြေအနေ၊ ကျင်လည်ရသောပတ်ဝန်းကျင်အသိအမြင်အလိုက် အခွင့်အရေး ဟာလည်းကွားခြားနိုင်တာကြောင့် ဝင်ငွေရရှိအောင်လုပ်နိုင်စွမ်း ၊ ရရှိနိုင်မှုပမာဏဟာလည်းကွားခြားသွားနိုင်ပါတယ်။ ဒါတွေကိုသေသေချာချာ လိုက်ပြောနေရင်ရှည်မှာဆိုးလို့ ထားလိုက်ပါ) သေချာတာကတော့ သူ့ရွေးချယ်မှုအရ သူ့ရဲ့အချိန်ကို အသုံးပြုပုံအရ သူ့ပညာကိုအသုံးချခွင့်ကတော့ အနည်းအများကွာသွားနိုင်ပါတယ်။ ဥပမာ… တစ်ချို့လူတွေက ပညာသင်ပြီးတဲ့နောက် ငွေရရေးအလုပ်ကိုဝင်လုပ်ပါတယ်။ ဒါပေမယ့် သူ့ပညာ၊ သူ့ဝါသနာကို အလုပ်အားချိန်တွေမှာပြန်အသုံးပြုနေသူတွေအများကြီးပါ။
    xxxxxx
    နောက်လူတစ်မျိုးက အကြောင်းကြောင်းကြောင့် ဝင်ငွေကိုအရင်ရှာတယ်။ လုပ်နိုင်စွမ်းပေါ်မူတည်ပြီး ငွေလည်းရတယ်၊ ပြည့်စုံတဲ့သူတစ်ဦးလည်းဖြစ်နေပြီဆိုပါစို့။ သူ့အတွက်ငွေကြေးကပြည့်စုံသွားတဲ့အခါမှာ အဲဒိလူ ဘာကိုလိုချင်လာမယ်လို့ထင်သလဲ။ သူမှာမရှိတဲ့ ပညာကိုလိုချင်လာကြတာပါပဲ။ ဒီနေရာမှာတစ်ခုကြားဖြတ်ပြောချင်တာက လူဆိုတာကိုယ့်မှာမရှိတာကို လိုချင်ကြ တန်ဖိုးထားကြတယ်ဆိုတာ လူ့သဘာဝပါပဲ။ ပိုက်ဆံရှိသူတစ်ဦးအနေနဲ့ နေရာစုံ၊ လူစုံနှင့်ဆက်ဆံရတဲ့အခါ သူ့မှာဘာလိုအပ်နေသလဲဆိုတာသူသိလာမှာပဲ၊ တစ်နည်းအားဖြင့် (လူမသိ၊ သူမသိ) သိမ်ငယ်လာမှာပါပဲ။ တစ်ကယ်လို့ အဲဒိအချိန်ကြမှ သင်ယူချင်တယ်ဆိုရင်လည်း ခုခေတ်အခြေအနေအရ တစ်ချို့သောအသိပညာ၊ တစ်ချို့သောအတက်ပညာတွေ (အားလုံးကိုမဆိုလိုပါ) ကို အချိန်နှင့်ငွေ ပေးနိုင်ရင် သင်လို့တက်လို့ ရတဲ့ နေရာတွေအများကြီးရှိနေတာပဲ သင်လို့ရပါတယ်။ ဒါပေမယ့် နောက်မှသူသိလိုက်တက်လိုက်ရတဲ့ အသိပညာ၊ အတက်ပညာတွေကို ပြန်အသုံးချဘို့အချိန်တော့ သူ့မှာနည်းသွားလိမ့်မယ်။
    xxxxxx
    ဆိုတော့ ငွေကိုပဲအရင်ရှာရှာ၊ ပညာကိုပဲအရင်ရှာရှာ နောက်ဆုံးမှာတော့ နှစ်ခုစလုံးက လိုအပ်နေတာပါပဲ။ ငွေတစ်ခုတည်းကိုပဲ အရင်ရှာခြင်းမှာ အားသာချက်၊ အားနည်းချက်ရှိသလို ပညာတစ်ခုတည်းကိုပဲ အရင်ရှာဖွေရခြင်းမှာလည်း အားသာချက်၊ အားနည်းချက်တော့ရှိနေတာပါပဲ။
    အကောင်းဆုံးကတော့ နှစ်ခုစလုံးကိုတစ်ပြိုင်တည်းရှာနိုင်ရင်အကောင်းဆုံးပေါ့။

  • fatty

    June 30, 2011 at 4:30 am

    စဉ်းစားစရာလေးတခုထပ်ပေးလိုက်အုံ့းမယ် …..
    မြန်မာပြည်မှာချမ်းသာနေကြတဲ့ ဂရိတ် သူဌေးကြီးတွေရှိပါတယ် နာမည်တွေတော့ထဲမရေးတော့ပါဘူး
    သူတို့ဟာ အများအာဖြင့် ၁ဝ တန်းတောင် မအောင်ကြပါဘူး ။ ဒါပေမဲ့ ပညာတတ်ဆိုသူတွေကို
    လစာပေးပြီးခိုင်းနေကြပါတယ်။ အဲဒါတခြားမဟုတ်ပါဘူး ..။ ၁ဝ တန်းမအောင်ပေမဲ့ ( အတန်းပညာ )
    မရှိပေမဲ့ သူတို့ပညာနဲ့သူတို့ရှိလို့ပါဘဲ။ အတန်းပညာရယ် .. သူတို့ဆီကပညာမျိုးရယ်ပေါင်းစပ်
    နိုင်ရင် သူတို့ထက်သာပါလိမ့်မယ်။ အဲဒီ ယနေ့ ဂရိတ် ဆိုတဲ့ သူဌေးကြီးတွေကို
    ခွဲခြားကြည့်တဲ့အခါ … ပညာ၂ မျိုးပေါင်းစပ်ထားသူက ပိုပြိး အသာစီးရနေတာတွေ့ရပါတယ်။
    ကံ ကံ၏ အကျိုးပေးတော့ ထည့်မပြောသေးဘူးနော် …။ တခုရှိတာက ပညာတတ်သည်ဖြစ်စေ
    မတတ်သည်ဖြစ်စေ .. ကြီးပါွးမဲ့သူက ကြီးပွါးတာပါဘဲ …။ ဒါက ကံ ပါ။

  • eros

    June 30, 2011 at 4:48 am

    လေးဖက်ရဲ့ ဒီကိစ္စမှာ ပိုပြောချင်တာက အဲဒီလူတွေ သိပ်မပါဘူးဗျ။ နောက်ပြီးသူတို့ ခေတ်အခါက လုပ်ရတာ အခွင့်အလမ်းတွေ ပိုသာခဲ့တယ်။ ဒါတွေလည်းရှိတယ်။ ဒီမှာတွေလည်း ဖော်ပြထားပါတယ်။
    သွားရောက် ဖတ်ရှုနိုင်ပါတယ်။

    http://www.thevoicemyanmar.com/index.php?option=com_content&view=article&id=188:2011-05-15-18-37-27&catid=35:perspective&Itemid=56

    http://www.thevoicemyanmar.com/index.php?option=com_content&view=article&id=178:transaction-cost-&catid=35:perspective&Itemid=56

    http://www.thevoicemyanmar.com/index.php?option=com_content&view=article&id=340:2011-06-14-03-03-56&catid=35:perspective&Itemid=56

    အခုခေတ်မှာ အရင်းအနှီး၊ အသိုင်းအဝိုင်းမရှိရင်တော့ တော်တော့ကို ခက်ခဲပါတယ်။

    အခုပြောချင်တာက ပညာတတ် တို့၏လစာနဲ့ အခွင့်အရေးသည် ပညာမတတ်ကျွမ်းသူတို့ လစာနဲ့ အခွင့်အရေးထက် နိမ့်ပါးနေပြီး လက်တွေ့ မောင်းနှင်ချက်ကြောင့် အဆိုပါ အလုပ်တွေကို ပြောင်းလုပ်နေသူများရှိ ပြီး ပညာများအလကား ဖြစ်နေခြင်း၊ ပညာတန်ဖိုးနိမ့်ကျနေခြင်း၊ ပညာရေးကို နောင်လာ နောင်သားများအတွက် တိုက်တွန်းရန် အခက်အခဲတွေ့နေခြင်းဖြစ်ပါတယ်။

  • pan pan

    June 30, 2011 at 9:35 am

    ပညာတွေသင်ပြီး ကုန်ရတဲ့ အချိန်တွေ၊ ငွေတွေနဲ့ မထိုက်တန်တဲ့လုပ်အားခသာရကြတာမှန်ပါတယ်
    ဒီမှာဘွဲ့ရသူ ပေါတယ်၊ ပညာတတ်တဲ့လူ ရှားတယ်
    လူ့စွမ်းအားကောင်းကောင်းမရှိဘူး (အသုံလည်းမချတတ်ဘူး)
    ရှိတဲ့အနည်းစုကိုလည်း ထိုက်သင့်လို ပြန်မပေးနိုင်ဘူး
    ဒါကြောင့် ပညာရှင်တွေမှာ ပြည်ပထွက်တဲ့အရေအတွက် များလာတယ်
    နှမြောဖို့ကောင်းတာက ကိုယ့်နိုင်ငံကပညာရှင်တွေရဲ့ပညာ ကိုယ်နိုင်ငံအတွက် မသုံးနိုင်တာပဲ
    ငွေရှင်နဲ့ ပညာရှင်ဆိုတာ လက်တွဲလုပ်ရင် သေချာပေါက် နှစ်ဖက်အကျိုးရှိမှာပါ
    အဲဒါကို ငွေရှင်တွေအနေနဲ့ ပညာကိုရင်းနှီးတဲ့လူအပေါ် သူ့ပညာနဲ့ထိုက်တန်တဲ့နေရာမပေးရင် ဒီပညာရှင်တွေရဲ့ အကူအညီကို ကြာကြာမရနိုင်ပါဘူး
    လခယူပြီး အလုပ်လုပ်နေသူတိုင်း(အားလုံး)ကလည်း သင်ခဲ့ရတဲ့ပညာ တကယ်တတ်တဲ့လူ နည်းပါတယ်
    ငွေရှင်တွေကလည်း တကယ်တတ်ကျွမ်းတဲ့ ပညာရှင်တွေကို (သူ့အကျိုး ကိုယ့်အကျိုး မျှော်ကိုး၍) ထိုက်သင့်သလိုပေးသင့်တယ် လို့ထင်ပါတယ်…..

Leave a Reply