မန္တလေးမှာ တရုတ်-မြန်မာ ကုန်သည်တွေ ရိုက်ပွဲ ဖြစ်ခဲ့ဆိုပြီး တင်ခဲ့တဲ့သတင်းနှင့် …..
ရွာထဲမှာ မန္တလေးမှာ တရုတ်-မြန်မာ ကုန်သည်တွေ ရိုက်ပွဲ ဖြစ်ခဲ့ဆို Posted by PaukPhaw on Jun 27, 2011 in မှာ တင်ခဲ့ပါတယ်
အဲဒီသတင်းကိုလည်း စိတ်ဝင်စားစွာ ကျွန်တော်ဖတ်ရှုခဲ့ပါတယ် ….သူတင်ထားတကတော့ . https://myanmargazette.net/wp-admin/post-new.php?post_type=post မှာဖြစ်ပြီး သူဖတ်ခဲ့တဲ့ သတင်း Link လေးကိုပါ အောက်ပါအတိုင်း တင်ပေးခဲ့တာကို
ကျွန်တော်ဖတ်ရှုခဲ့ရပါတယ် … ” မူရင်း..http://anyarnwaytamarmyay.blogspot.com/2011/06/blog-post_27.html ” ဒါနဲ့ ကျွန်တော်လည်း ဆိုဒ်တစ်ခုမှာ ဒီသတင်းကိုပဲ ပုံနှင့်တကွ ဖတ်လိုက်ရပါတယ် ကို PaukPhaw ရဲ့ သတင်းမှာတော့ ” ဖြစ်စဉ်ကတော့ သိန်း ၄ဝနဲ့ ဈေးဆိုင်ထားတဲ့ ကျောက်လွှာထုပ်ကို တရုတ် ကုန်သည်က ဝယ်မယ်ဆိုပြီး လက်မှတ်ထိုး တိပ်ပတ်ထုတ်ထားခဲ့ပါတယ်။ ရောင်းမယ့်ဗမာကုန်သည်က ဈေးပိုလိုချင်လို့ ထပ်တောင်းပေမယ့် အကြောင်းမပြန်လို့ တခြားကုန်သည်ကို တိပ်ပတ်ထားတဲ့အထုပ်ကိုဖြည်ပြတော့ အရင်ကုန်သည်ထက် ၅သိန်းပိုပေးလို့ အရောင်းအဝယ်ဖြစ်သွားပါတယ်။ ဒီမှာတင် အရင်လေနဲ့တည့်ထားတဲ့ တရုတ်က သူ့ကိုမရောင်းလို့ဆိုပြီး ဗမာကုန်သည်ကို သူ့အခန်းခေါ်ပြီး တရုတ်တွေက ဝိုင်းထိုးနှက်ခဲ့ပါတယ် ” လို့ ဖော်ပြခဲ့ပြီး ….. ကျွန်တော်ဖတ်ခဲ့တဲ့ သတင်းမှာတော့ ” မနက်ကိုးနာရီလောက်က စဖြစ်တယ်ပြောတယ်။ ကိုမော်ကြီးဆိုတဲ့ကျောက်သမားဆီက သိန်းလေးဆယ်နဲ့ဈေးဖြတ်ထားတဲ့ ကျောက်ကိုတရုတ်တွေ မယူလို့ စကားများပြီး တရုတ်တွေက ကိုမော်ကြီးကို ဝိုင်းထိုးကြတယ် ” လို့ ဖော်ပြထားပါတယ်… (ဖတ်ရှုခဲ့တဲ့ သတင်းဆိုဒ်ကိုလည်း ဖော်ပြလိုက်ပါတယ် http://www.shwemandalay.net/index.php?option=com_content&view=article&id=702:2011-06-27-08-42-40&catid=82:asia&Itemid=199 ) အဲဒီတော့ သိသူများက အောက်မှ ရေးပေးကြပါအုန်းဗျာ …..
အားလုံးကိုလေးစားလျှက်
…………………………. King 😛 😀 🙂
13 comments
windtalker
June 30, 2011 at 1:23 pm
ကိုကင်း ရေးထားတဲ့ 40/5 ဆိုတာ မှန်ပါတယ် ။ ယခင် က လည်း အစာမကြေမှုတွေ ရှိခဲ့တယ် လို ့သိရပါတယ် ။ ဗမာ ကုန်သည် နဲ ့တရုတ်ကုန်သည် နဲ ့ရန်ဖြစ်ကြရာ မှာ တရုတ်ကုန်သည် ကို ထိုးလိုက်တဲ့ ဗမာကုန်သည် ဟာ ထောင်တစ်လ ကျခဲ့ပါတယ် ။ နောက်တစ်ခါ ထပ်ဖြစ်ရာ တရုတ်ကုန်သည် က ဗမာ ကုန်သည် ကို ထိုးတဲ့အခါ ဘာမှ အရေးမယူခံ ရသဖြင့် အစာမကြေမှု များ ရှိခဲ့ကြောင်း သိရပါတယ် ။
pan pan
July 1, 2011 at 2:39 am
ဒါဆို ဘာလုပ်ရတော့မှာလဲ
မိုက်ကယ်ဂျော်နီအောင်ပု
June 30, 2011 at 2:45 pm
ဒီအကြောင်းလေးတွေကိုသိခြင်ရင်
မအေလိုးးးးးးးးတရုပ်တွေကို
ဘယ်လိုဆက်ဆံရတယ်ဆိုတာ
ခင်ဗျားတို့
သဂျီးမင်းက ဖြေကြားပါလိမ့်မယ်
nature
June 30, 2011 at 4:13 pm
တရားဥပဒေက မှန်မှန်ကန်ကန် ထိထိရောက်ရောက် အရေးယူမှုအားနည်းတော့ တရားဥပဒေကို ယုံကြည်မှု အားကိုးလေးစာမှု အားနည်းလာပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့ရှင်းကြတာပဲ။
king
July 1, 2011 at 10:37 am
ဟုတ်ကဲ့ပါဗျ
အခုလို ပြောကြားပေးတဲ့အတွက်လည်း
ကျေးဇူးတင်ပါတယ်
ကျွန်တော်ထပ်ပြီးရတဲ့ သတင်းသံတွေကတော့ …
ဦးညီပုလေး (စာရေးဆရာ)
“ကျနော့်အနေနဲ့က လူမျိုးရေး မမုန်းတီးပါဘူး။ ဒီလိုမျိုးဖြစ်စေတဲ့ အကြောင်းတွေကို စူးစမ်းပြီး ဆင်ခြင်ဖို့ပါပဲ။ ဒီလိုစီးပွားရေး အခြေအနေ ဖြစ်အောင်၊ တရုတ်ကိုလိုနီဖြစ်အောင် ဘယ်သူက လုပ်တာလဲဆိုတာ စဉ်းစားဖို့ပါ။ ဖြစ်ဖို့များတာက စီးပွားရေးလောက သူတို့ရဲ့ အတွင်းစည်းထဲမှာ၊ ကုန်သည်လောကမှာ ဒီလူတွေရဲ့ ဆက်ဆံရေးက သူတို့ပြုသမျှ နုရတဲ့ အနေအထားတွေမှာ ငွေရှိတဲ့သူက မောက်မာမှုတွေ လုပ်တာမျိုးလည်း ဖြစ်နိုင်တယ်လေ။ သူတို့ စီးပွားရေး လောကသားချင်းက ဒါတွေ ပိုသိမှာပါ”
ဦးထွန်းဦး (ထွန်းဦးစာပေ)
“ဘေးလူတွေ အုံနဲ့ကျင်းနဲ့ ဝင်လာတယ်ဆိုတာ လူတွေက ခံစားချက်တွေ ရှိကြတာပေါ့လေ။ အရင်တုန်းက ကာရာအိုကေတို့ ဘာတို့မှာ ရိုက်တာနှက်တာ။ သူတို့က ပိုက်ဆံရှိတယ် ကားကောင်းစီးတယ်။ လုပ်ပြီး ထွက်သွားတာလေ။ သူတို့ကားနဲ့ တိုက်သွားလည်း ကိစ္စမရှိဘူး။ တကယ်လိုက်တော့လည်း သူတို့က ဟိုဘက်ပြေးတာလေ။ မြို့ခံလည်း မဟုတ်ဘဲ အဝေးက ရောက်လာတာတွေများတော့ အဲလိုလည်း ရှိတာပေါ့လေ”
“နယ်စပ်ကနေ ပြည်တွင်းကို မှတ်ပုံတင်အတုတွေနဲ့ ဝင်လာ၊ စီးပွားရေးလုပ်။ နယ်ခြားကနေ ဒီဘက်အထိ ဝင်လာပြီး ကုန်ကြမ်း တောက်လျှောက် ဝင်ဝယ်တဲ့ သူတွေက ဒေသခံစကား မတတ်တာတို့၊ ရိုင်းတာတို့၊ အုပ်စုဖွဲ့တာတို့၊ စီးပွားရေးအခံလေးတွေ မကြိုက်တာလေးတွေ ပါကောင်းပါလိမ့်မယ်”
“ကျောက်ဆစ်တန်းဆိုရင် ကျောက်ဆစ်ရုပ်တုလုပ်တာတောင် သူတို့ပဲ။ မတ္တရာ စကျင်တောင် အဲဒီအထိကို လိုက်ဝယ်တာ။ စကျင်ရွာမှာ အိမ်ဝယ်ပြီးတော့ ကျောက်တုံးတွေကို တရုတ်ပုံကြမ်းထုပြီး သယ်တာလေ။ သူတို့ဘယ်လောက်ထိ ဈေးကွက်ရှိလဲ စဉ်းစားကြည့်။ ဖရဲသီးစိုက်တာဆိုလည်း စိုက်ခင်းပါဝယ်၊ သရက်ခြံတွေလည်း ဝယ်။ မန္တလေးသားစစ်စစ် ပြဇာတ်ထဲက လူရွှင်တော် ချစ်စရာပြောတာလေး ကြည့်ရလား။ အကိုကြီးက တိုက်ဝါး၊ ညီအလတ်က အိမ်ဝါး၊ ညီအငယ်ဆုံးက ခြံဝါး … ဝါးမျိုးနွယ်တွေ ဆိုတာလေ”
မန္တလေးမြို့ခံ သတင်းဆရာတဦး
“ဒီကနေ့ပဲ ကျောက်ဝိုင်းမှာ ပြောနေတဲ့ စကားတခုရှိတယ်။ တချိန်တုန်းက မြန်မာ အရောင်းအဝယ်သမား တယောက်က တရုတ်ကို လက်သီးနဲ့ ထိုးတာ ၆ လ ထောင်ကျတယ်လို့ ပြောတယ်။ မနက်ကကျတော့ ဒီတရုတ် ၅ ယောက် ထင်တယ်၊ သူတို့ကို ရဲတွေက အကာအကွယ်ပေးပြီး လုံခြုံရာကို ဒိုင်းတွေနဲ့ ကာပြီး စောင့်ရှောက်
ခေါ်သွားတာ တွေ့ရတယ်။ အဲဒီလို favor ပေးခံရတာချင်းက ကွာတယ်လေ။ အဲဒါမျိုးတွေလည်း သဘောမကျနိုင်ကြဘူးပေါ့။ တကယ်လို့သာ မြန်မာတယောက်က တရုတ်တယောက်ကို မနက်ကလို ကိုယ်ထိလက်ရောက် ဆက်ဆံရင် သေချာတယ်၊ အဲဒီမြန်မာကုန်သည်ကို ရဲက လာပြီး ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံပြီး ဖမ်းခေါ်သွားမှာလေ။ အဲဒီလို ဆက်ဆံခံရမှု ကွာခြားချက်ကိုလည်း သဘောမကျနိုင်ဘူး ထင်တယ်”
ဒေါက်တာလှကျော်ဇော (တရုတ်-မြန်မာအရေး လေ့လာသူ)
“ဗမာပြည်အစိုးရကိုယ်တိုင်က ဥပဒေနဲ့အညီ အုပ်ချုပ်တာမှ မဟုတ်တာ။ လက်သင့်ရာ စားတော်ခေါ်နေတာ။ တရုတ်တွေအနေနဲ့ကလည်း သူတို့ ပေးနိုင်ကမ်းနိုင်၊ လာဘ်ထိုးနိုင်တော့ အခွင့်အရေးတွေ ရလာတယ်၊ ဒါကို အခွင့်အရေး မခံစားရတဲ့ ပြည်သူလူထုက မကျေမနပ်ဖြစ်လာတော့တာ အခြေခံပါ”
“တရုတ်ပြည်ကနေ နိုင်ငံခြားတွေကိုသွားရင် … ဗမာပြည်မွေး တရုတ်လူမျိုးကို ပြောတာမဟုတ်ဘူးနော်။ တရုတ်ပြည်သား စစ်စစ်တွေကို ပြောတာ။ အခုက သူတို့က တကမ္ဘာလုံးကို ထွက်နေတာနော်။ အာဖရိကတို့၊ လက်တင်အမေရိကတို့ အကုန်လုံးထွက်နေတာ။ အဲဒီအခါမှာ တရုတ်အစိုးရက သေသေချာချာ မှာလွှတ်တာ ရှိပါတယ်။ အဲဒီဒေသနိုင်ငံရဲ့ လူမျိုး၊ တိုင်းပြည်ရဲ့ ဥပဒေကို သေချာလိုက်နာဖို့၊ အဲဒီက လူမျိုးတွေရဲ့ ယဉ်ကျေးမှုကို လေးစားပြီး လူထုနဲ့ ချစ်ချစ်ခင်ခင်နေဖို့ သေချာ မှာလွှတ်တာရှိတယ်”
“ဒါပေမဲ့ စီးပွားရေးသမားကတော့ စီးပွားရေးအမြင်ပဲ ရှိတာဆိုတော့ ပြဿနာတွေ ခဏခဏ ဖြစ်တာပဲ။ အီတလီမှာ တရုတ်ဖိနပ်ဆိုင်တွေ မီးရှို့ပစ်တာ၊ ရုရှားမှာ တရုတ်ဈေးတန်းကြီး မီးရှို့ခံရတာတို့ ရှိပါတယ်။ ဘာလို့လဲဆိုတော့ တရုတ်က ကုန်သွယ်ရေး လုပ်တတ်ကိုင်တတ်ရှိတော့၊ ကြီးပွားလာတော့ ဒေသခံတွေ မခံမရပ်နိုင်ဖြစ်လာတာ။ ကုန်သည်လုပ်တဲ့သူက အမြတ်ရရင် မတရားတာရော၊ တရားတာရော လုပ်တာတွေ ရှိပါလိမ့်မယ်။ အဲဒီအခါမှာ အမျိုးသားရေးအဖြစ်နဲ့ ပေါက်ကွဲပြီး ပြဿနာဖြစ်တာတွေ ကြုံတွေ့ရတာပဲ”
“တရုတ်ဆန့်ကျင်ရေးကတော့ လူတော်တော်များများမှာ ရှိမယ်ထင်တယ်။ မန္တလေးမြို့မှာ တကယ့် အချက်အခြာ
နေရာတွေ အားလုံးက တရုတ်တွေ ဝယ်ထားပြီး တကယ်နေလာတဲ့ သူတွေက မြို့ပြင် ရောက်ကုန်တာမျိုး အထိဆိုတော့ တစုံတရာ လူမျိုးရေးအရ ခံပြင်းမုန်းတီးမှုတွေ ဖြစ်နိုင်ပါတယ်”
“အမျိုးသားရေးပဲဖြစ်ဖြစ်၊ လူမျုးိရေးပဲဖြစ်ဖြစ် အုပ်ချုပ်တဲ့သူ လူတန်းစားပါ ပါပြီး မြောက်ထိုးပင့်ကော် လုပ်တာ။ ဒါက အစိုးရပေါ်မှာ မူတည်တယ်။ အစိုးရက ပိုင်ပိုင်နိုင်နိုင် ဖြေရှင်းနိုင်ရင် ပြဿနာမကြီးပေမယ့် အစိုးရကိုယ်တိုင်ကိုက လူတွေရဲ့ ဒေါသကို တမင်သက်သက်၊ ဥပမာ – ဟိုတုန်းက ဦးနေဝင်းလက်ထက် လူတွေက ဆန်မလောက်တာကို ဒေါသဖြစ်တာကို တရုတ်-ဗမာအရေးအခင်းနဲ့ လွှဲပေးလိုက်တယ်”
“အခု ဗမာပြည်မှာလည်း ကျပ်တည်းနေတာတွေက သူ့အတွက် အခက်အခဲရှိနေတယ်ဆိုတော့ လွှဲပေးတာမျိုး ဖြစ်တတ်တယ်။ လူတွေရဲ့သူ့အပေါ် ပုံလာမယ့် ဒေါသကို အမျိုးသားရေးနဲ့ လွှဲပေးတတ်တယ်။ ဗမာပြည်သူတွေရဲ့ အဓိက တရားခံဟာ ဘယ်သူလဲဆိုတာ ရှင်းရှင်းလင်းလင်း သိပြီး အစိုးရ ထောင်ချောက်ထဲ ပြည်သူတွေ မဝင်ဘူးလို့တော့ ထင်တယ်”
“အခုအခြေအနေက အရင်တုန်းကနဲ့ မတူဘူးလေ ဦးသိန်းစိန် အစိုးရ တရုတ်ကို အားကိုးနေတဲ့ အနေအထား ဖြစ်တော့ တရုတ်အစိုးရ စိတ်ဆိုးအောင်တော့ လုပ်မယ်မထင်ဘူး။ မှတ်မိလား ကိုးကန့်ကို ဗမာစစ်တပ်က ဝင်တိုက်တုန်းက တရုတ်က သူ့လူတွေသေတော့ ချက်ချင်းဝင်ပြောတော့ ကမန်းကတန်း ရပ်လိုက်ရတာပဲ။ ဒါ့ကြောင့် အစိုးရကလည်း ဒီကိစ္စကို နိုင်နိုင်နင်းနင်း ကိုင်တွယ်လိမ့်မယ်လို့ ထင်တယ်”
“ဝန်ကြီးချုပ် ဝမ်ကျားပေါင်က သူ ဗမာပြည်က ခေါင်းဆောင်တွေကို ပြောခဲ့တာပဲ။ သူတို့ တရုတ်နွယ်ဖွားတွေ ဗမာပြည်တွင်းရဲ့ ဥပဒေကို လေးစားလိုက်နာပြီး လုပ်ကိုင်စားသောက်နေသူ အားလုံးကို၊ သူတို့ရဲ့ လုံခြုံရေးကို အာမခံပေးပါလို့ ပြောခဲ့တာပဲ။ အစောကြီးကတည်းက သူတို့သိတယ်။ ကြားလည်း ကြားနေတာပဲ။ ဗမာပြည်သူတွေထဲမှာ တရုတ်နဲ့ ပတ်သတ်ပြီး စိတ်ထိခိုက်ခံစားနေကြတယ်။ ခံစားချက်တွေ ရှိတယ်ဆိုတာ သူတို့သိတယ်။ ဒါ့ကြောင့် အစောကြီးကတည်းကနေ ဗမာအစိုးရကို တရုတ်လူမျိုးတွေရဲ့ လုံခြုံရေးကို ဂရုစိုက်ပေးဖို့ မှာထားတာပါ”
mzm
July 1, 2011 at 10:54 am
အင်းတော်တော်ခက်ပါ့လား
eros
July 1, 2011 at 11:10 am
အင်းလွန်ခဲ့တဲ့ ၃ နှစ်လောက်က ဂျာမနီမှာ တရုတ်စားသောက်ဆိုင်ကို သေနတ်နဲ့ ဝင်ပစ်သွားတဲ့ သတင်းကို NHK မှာကြည့်ဖူးတယ်။
ဩစတေးလျမှာလည်း တရုတ်ဆန့်ကျင်ရေးဝါဒ တော်တော်သောင်းကျန်းနေတယ် ကြားဘူးပါတယ်။
မိုက်ကယ်ဂျော်နီအောင်ပု
July 1, 2011 at 12:04 pm
ဒါကတော့
ကံစီမံရာပေါ့ လူကလေးတို့ရယ်
naywoonni
July 1, 2011 at 1:59 pm
အောင်ပုရေ….
ကံကို စီမံမှာလား ကံ ကစီမံမှာလား (ရှင်းရှင်းပြောပါလား xxxx ရှင်းရှင်းပြောပါလား xxxx ခပ်ရှင်းရှင်းပြောကွယ်……../ ဟေမာ့သီချင်း ဆိုသွားသည်…။ )
king
July 5, 2011 at 5:25 am
Website တစ်ခုမှ ရေးသားထားတဲ့ ဆောင်းပါးတစ်ပုဒ်ကိုလည်း ဖော်ပြလိုက်ပါတယ်
http://www.shwemandalay.net/index.php?option=com_content&view=article&id=712:2011-07-04-02-29-35&catid=82:asia&Itemid=199
ဇွန်လ၂ရ ရက်နေ့က မန္တလေးမြို့ ကျောက်ပွဲစားတန်းမှာ ဖြစ်သွားတဲ့ တရုတ်ကုန်သည်တွေနဲ့ မြန်မာကုန်သည်တွေရဲ့ ပြဿနာက တင်းနေတဲ့ ပူဖေါင်း ထပေါက်သွားသလို ဖြစ်မှာလားလို့ တွေးမိပါတယ်။ တကယ်တော့ မန္တလေးမှာ တရုတ်တွေနဲ့ ဒေသခံတွေ အမြင်မကြည်လင်တာ တော်တော်ကို ကြာခဲ့ပါပြီ။
ဦးခွန်ဆာတို့ အလင်းဝင်တဲ့နှစ် တည်းက ကိုးကန့်လိုတမျိုး၊ ဝလိုတမျိုးနဲ့ တရုတ်တွေ မန္တလေးကို လှိမ့်ဝင်လာခဲ့ ကြပါတယ်။ ကိုးကန့်တို့၊ ဝတို့ တိုင်း ရင်းသားတွေဟာ တောင်ပေါ်မှာ တောင်ယာခုတ်ပြီး ဘာမှမသိရှာတဲ့ တိုင်းရင်းသားတွေပါ။ ဒါပေမယ့် ထိပ်တန်းခေါင်းဆောင်တွေကတော့ တရုတ်တွေ ဖြစ်တယ်။ ကျောက်ညီလိုင်း၊ ဖုန်ကြားရှင် စတဲ့နာမည်တွေဟာ ဝ နာမည်တွေမဟုတ်ပါဘူး။ တရုတ်နာမည်တွေသာ ဖြစ်ပါတယ်။ ဖုန်ကြားရှင်ရဲ့ အမအိမ်မှာ မန္တလေး ကျုံးဘေးမှာ ရှိပါတယ်။ ကျုံးဘေးဖြစ်တဲ့အတွက် အိမ်ရှေ့မှာ မြေကွက်အပိုမရှိပါ။ တိုက်ကြီးကတော့ တရုတ်စာ နီရဲရဲနဲ့ပါပဲ၊ သူမ သေဆုံးစဉ်က လမ်းတပြကို မော်တော်ပီကယ်နဲ့ စစ်ရဲတွေက ပိတ်ထားပြီး အသုဘရှု အခမ်းအနားလုပ်စေခဲ့ပါတယ်။ မန္တလေးမှာ ဘယ်တုန်းကမှ မမြင်ခဲ့ရတဲ့ မြင်ကွင်းပါ၊ ကျုံးဘေးကိုတောင် ပိတ်ပြီးလုပ်နိုင်တယ်၊ တရုတ်တွေ စော်ကားလွန်းတယ်ဆိုတဲ့ မှတ်ချက်တွေ ကြားခဲ့ရဖူးတယ်။
နောက်ဖြစ်ရပ်တစ်ခုကတော့ မန္တလေးမြို့ လမ်း၂ဝနဲ့ ၈၂လမ်းဘက်က တရုတ်ကျောင်းအရှေ့မှာ ထောက်လှမ်းရေးက ကားနဲ့ တရုတ်ကျောင်းသား တွေ တိုက်မိတာပါ။ ဦးခင်ညွန့် ဘုန်းမီးနေလ တောက်ပစဉ်မို့လို့ တရုတ်ကျောင်းတွေ ပိတ်စေပေါ့။ လပိုင်းအတွင်းမှာပဲ ပြန်ဖွင့်ခွင့်ရခဲ့ပါတယ်။ တရုတ်တွေ ဟာ သူတို့ကျောင်းရှေ့မှာ ပျက်စီးနေတဲ့ လမ်းကို နန်းမြို့ရိုးထဲက နိုင်လွန်ကတ္တရာထက် သာအောင်ခင်းပါတယ်။ တရုတ်ကျောင်း အဆောက်အအုံကိုလည်း မထင်မရှားလေးကနေ အထပ်ထပ်မြင့်တဲ့တိုက်ကြီးအဖြစ် တဖြည်းဖြည်း တိုးချဲ့ဆောက်လုပ်ခဲ့ကြပါတယ်။ အခုဆိုရင် မြန်မာပြည်မှာ မန္တလေးက တရုတ် ကျောင်းတွေဟာ အကောင်းဆုံးလို့ နာမည်ကြီးလာပါတယ်။ ဒါဟာ ယဉ်ကျေးမှုအရ နယ်ချဲ့ခြင်းတစ်မျိုး လို့ဆိုနိုင်ပါတယ်။ ဒုတိယကမာ္ဘစစ်အပြီး ပြည်ပနိုင်ငံ တွေကို ပြောင်းရွှေ့သွားတဲ့ တရုတ်တွေဟာ ဒေသခံတရုတ်တွေနဲ့ ပေါင်းပြီး ဘုံကျောင်းတွေနဲ့ လျှို့ဝှက်အသင်းတွေထောင်ပြီး သူတို့ရဲ့ ယဉ်ကျေးမှုကို ရှင်သန်အောင် လုပ်ခဲ့တာကို တွေ့ရမှာပါ။ မန္တလေးက တရုတ်ဘုံကျောင်းတွေဟာ တရုတ်လူမျိုးထဲက ဆင်းရဲတဲ့ တရုတ်တွေအတွက် အရင်းအနှီး ထုတ်ပေး တာ၊ ခိုးဝင်လာတဲ့ တရုတ်တွေအတွက် မှတ်ပုံတင်ရအောင်လုပ်ပေးတာ စသည်ဖြင့် ဆောင်ရွက်ပေးကြပြီး ရန်ပုံငွေလဲ တောင့်တင်းကြပါတယ်။ တရုတ်ထိုက် ချိအသင်းဟာ ကျန်းမာရေးအတွက်လို့ အကြောင်းပြပြီး မနက်စောစောတိုင်း ကျုံးဘေးပတ်လည်မှာ ထိုက်ချိကစားလေ့ရှိကြပါတယ်။ မနက်နေထွက်မှာ မြန်မာ့ဦးစွန်း ကျုံးနဲ့နန်းမြို့ရိုးကြီးကို နောက်ခံထားပြီး တရုတ်ဓားတွေနဲ့ တရုတ်အကတွေ ကနေတာဟာ မြန်မာ့အမျိုးသားရေးနဲ့ ဇာတိမာန်အတွက်တော့ အင်မတန် ဝမ်းနည်းဖွယ်ကောင်းတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ အခု မန္တလေးကလူတွေ သုံးစွဲနေတဲ့ ဖြေးဖြေးသွားနော်၊ ဖြေးဖြေးစားနော် စတာတွေဟာ တရုတ် ယဉ်ကျေးမှုတွေ ဖြစ်ပါတယ်။ ပြီးတော့ မန္တလေးမှာ ဗမာအချင်းချင်းပင်လျှင် တကော( တရုတ်လို အကိုကြီး)လို့ ပြောဆိုဆက်ဆံကြတာ တွေ့ရပါလိမ့်မယ်။ ယဉ်ကျေးမှုအရပါ ဝါးမျိုလာပြီဆိုတာကို မြင်သာတဲ့အချက်ပါ။
မန ္တလေးမှာနေတဲ့ တရုတ်တွေရဲ့ ယဉ်ကျေးမှုကိုကြည့်မယ်ဆိုရင် သူတို့ချင်း ရိုင်းပင်းကူညီကြသလောက်၊ သူတို့ချင်း ယဉ်ကျေးစွာ ဆက်ဆံကြသ လောက် ဒေသခံဗမာတွေကို ရိုင်းပျစွာ ဆက်ဆံတတ်ကြပါတယ်။ တရုတ်အချင်းချင်း ဦးကြီး၊ ဦးလေး၊ အကို၊ညီ စသည်ဖြင့် နာမည်တွေနဲ့ တွဲခေါ်လေ့ ရှိကြ ပေမယ့် ဒေသခံ ဗမာလူမျိုးများအပေါ်မှာတော့ အသက်ကြီးတဲ့ ပုဂ္ဂိ်ုလ်များကိုတောင် မင်းနဲ့ငါနဲ့ စသည်ဖြင့် သုံးစွဲပြောဆိုလေ့ ရှိကြပါတယ်။ တရုတ်လူငယ် တွေကအစ ဈေးဝယ်တဲ့နေရာမှာပဲဖြစ်ဖြစ်၊ အခြားအလုပ်ကိစ္စမှာပဲဖြစ်ဖြစ် ရိုင်းပျတဲ့ ဗမာစကားအသုံးအနှုန်းကို တမင်ရွေးချယ် အသုံးပြုကြပါတယ်။ သူတို့ အနေနဲ့ ဗမာစကား မလည်ပတ်လို့ဆိုတာကို အကြောင်းပြပေမယ့် ဗမာကို ကိုယ့်ထက်တစ်ဆင့်နိမ့်ပြီး ဆက်ဆံရမယ်ဆိုတဲ့ အတွေးအခေါ်ကို စွဲကိုင်ထား တာပါ။ တရုတ်အချင်းချင်းဆိုရင် ယဉ်ကျေးသိမ်မွေ့စွာ ခေါ်ဝေါ်သုံးစွဲနိုင်ပေမယ့် ဗမာလို ဦးကြီး၊ ဦးလေး၊ အကို ခေါ်တတ်ဖို့ ဘာကြောင့်များ ခက်ခဲနေသလဲ ဆိုတာ စဉ်းစားစရာပါ။
ဒေသခံ ဗမာလူမျိုးတွေအနေနဲ့ တရုတ်တွေရဲ့ ရိုင်းပျမှု၊ ခွဲခြားမှုကို မခံနိုင်ကြပေမယ့် မချစ်သော်လည်း အောင့်ကာနမ်းဆိုသလို စီးပွားရေးအရ တရုတ်တွေပေါ်မှာ များစွာမှီခိုနေရတဲ့အတွက် မပြောသာပါကြပါဘူး။ ဒါပေမယ့် စိတ်ထဲမှာ အစိုင်အခဲအဖြစ်တော့ ရှိနေကြပါတယ်။ တရုတ်လူမျိုးပိုင် ဆိုင် တွေမှာ လုပ်ကိုင်ရတဲ့ မြန်မာတွေဟာ တရုတ်လူမျိုး အလုပ်သမားနဲ့ ယှဉ်လိုက်ရင် မည်မျှပင် ပညာတတ်စေကာမူ အလိုလို တဆင့်နိမ့် တဲ့ အနေအထားကို တွေ့ရပါတယ်။
အခုကျောက်ပွဲစားတန်းလို ကိစ္စမျိုးကိုကြည့်ရင် ကိုယ်ပိုင်လုပ်ငန်းများမှာတောင် တရုတ်စီးပွားရေးသမားတွေရဲ့ လောင်းရိပ်မလွတ်တာကြောင့် အနှိမ်ခံဆက်ဆံရတာကို တွေ့ရပါမယ်။ ပိုပြီးဆိုးတာက အခုလို ဗမာတွေကို ကိုယ်ထိလက်ရောက်စော်ကားတဲ့ တရုတ်တွေဟာ မြန်မာပြည်ပေါက် တရုတ် မဟုတ်ဘဲ တရုတ်ပြည်မကြီးနဲ့ ယူနန်နယ်တွေက လာပြီးဝယ်ကြတဲ့ နိုင်ငံခြားသား တရုတ်တွေပါ။ ဒေသခံ တရုတ်တွေကလည်း နိုင်ငံခြားက တရုတ်ကြီးတွေ အားကိုးနဲ့၊ နိုင်ငံခြားက တရုတ်တွေကလဲ ဒေသခံတွေရဲ့ မြန်မာတွေအပေါ် နှိမ့်ချဆက်ဆံတာကိုကြည့်ပြီး ဗမာဆိုတာ နှိမ်လို့ရတယ်ဆိုတဲ့ အမြင်တွေနဲ့ အခု လို ရိုင်းပျစော်ကားကြတာပါ။ ဝမ်းနည်းဖွယ်ကောင်းတာက ရဲစခန်းတွေ၊ လဝကတွေဟာ တရုတ်တွေကို အကာကွယ်ပေးလေ့ရှိတဲ့ အစဉ်အလာအတိုင်း အခု လဲ တရုတ်တွေကို ရဲကဖမ်းသွားပေမယ့် အချိန်တန်ရင် ပိုက်ဆံယူပြီး ပြန်လွှတ်ကြပါဦးမယ်။ ဒီလိုဆို တရုတ်တွေရဲ့အမြင်မှာ ဗမာဆိုတာ ပိုက်ဆံပေးရင် အကုန်ရတယ်လို့ မြင်လာမယ်၊ ပိုမိုနှိမ့်ချဆက်ဆံလာပါမယ်။ ဒါကို မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်သူ့ရဲဆိုတာတွေကအစ အစိုးရအထိ ကိုယ့်လူမျိုးကို အကာ အကွယ် မပေးနိုင်တာ အင်မတန် ဝမ်းနည်းဖို့ကောင်းပါတယ်။
နိဂုံးချုပ်ဖြည့်ပြောရရင် ထိုင်းနိုင်ငံဆိုတာ အမေရိကန်ရဲ့ဩဇာ အများကြီးရှိတဲ့နိုင်ငံပါ။ အနောက်နိုင်ငံသားတွေကိုလဲ အင်မတန်အထင်ကြီးတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်လောက်ပဲ မျက်နှာဖြူကြီးဖြစ်နေပါစေ ထိုင်းလူမျိုးနဲ့ ရန်ဖြစ်လို့ကတော့ ထိုင်းရဲက မနေပါဘူး။ အဲဒီ နိုင်ငံခြားသားကို ထိုင်း ရဲက မှတ်လောက်သားလောက်အောင် ဆုံးမပါတယ်။ ထိုင်းလူမျိုးက မှားရင်လည်း အဖမ်းအဆီးပြပြီး ချက်ချင်းပြန်လွှတ်ပေးပါတယ်။ ထိုင်းလူမျိုးတွေကလဲ နိုင်ငံခြားသားနဲ့ ထိုင်းနဲ့ဖြစ်ရင် ထိုင်းလူမျိုးဘက်က ဆတ်ဆတ်ထိမခံ ဝင်ရောက်ကူညီကြပါတယ်။ ဒါကြောင့် ထိုင်းတွေကို နိုင်ငံခြားသားတွေက မစော်ကားရဲ ပါဘူး။ ဒါဟာ အစိုးရရော၊ ပြည်သူ့ဝန်ထမ်းရဲတွေရော၊ မြန်မာ့အသိုင်းအဝိုင်းကပါ အတူယူဆောင်ရွက်ရ မယ့် ကိစ္စမျိုးပါ။ မြန်မာပြည်မှာ တရုတ်တွေက ရဲတွေ၊ လဝကတွေကအစ အစိုးရအထိ အိတ်ထဲထည့်ထားတာကို ကြည့်ရင် အင်မတန် ဝမ်းနည်းဖွယ်ရာကောင်းနေပါတယ်။ ကိုယ့်လူမျိုးကိုယ် ပြန်ရောင်း စားနေတဲ့ အစိုးရ၊ ကိုယ့်နိုင်ငံရဲ့ ဂုဏ်သိက္ခာ၊ ဇာတိမာန်ကို ရောင်းစားတဲ့အစိုးရ တစ်ရပ်ရှိနေသမျှ ကျွန်တော်တို့ဟာ တရုတ်ကျွန်ဘဝကို တဖြေးဖြေးကနေ မြန်မြန်ဆန်ဆန် ရောက်သွားနိုင်ဖွယ်ရာ ရှိနေတယ်ဆိုတာ ရင်လေးဖွယ်တွေ့ နေရပါပြီ။
goldenlight
September 9, 2011 at 1:07 am
ဝါးလုံးနဲ့တော့မ ရမ်းလိုက်ပါနဲ့ဗ ျာအဲဒီလိုတွေကြာ းရတဲ့အခါကျနော်ရ င်ထဲနှင့်လောက်ေ အာင်ခံစားရတယ်ဗျ ။ တချို့တွေလွန်တာ ကိုကျနော်တို့လည ်းသိပါတယ်။ကျနော ်တို့ကမြန်မာစစ် စစ၊်ဗုဒ္ဓသာသနနွယ ်ဝင်စစ်စစ်လိုခံ ယူထားတာဗျ.။နိုင်ငံသားမှတ် ပုံတင်ရဖို့ ၁ဝနှစ်ကျော်ကျော ်တောင်ရှောက်ထား ခဲ့ရတာ။ကျနော်အဘ ွားဆိုရင် တရုတ်မကြီး ဘောင်းဘီကြီးနဲ့ နေပေမဲ့..မြန်မာယဉ်ကျေးမှ ု၊ဘာသာရေးမှာ၊လှ ူရေးတန်းရေးေ တွမှာဆိုရင်ဘုရားဒက ာမ၊စေတီဒကာမ၊ကျေ ာင်းဒကာမ၊သိမ်ဒက ာမ၊ရဟန်းဒကာမ၊ရှ င်ဒကာမ၊ရေတွင်းေ ရကန်ဒကာမ.ထာဝရအလှူတွေလှူတန်းတယ်၊ကျနေ ာ်ကိုရှင်ပြုပေး တုန်းကဆိုရင်..ရှေ့ဝင်းနောက်ဝင ်း.တွေခင်း မီးခိုးတိတ်အလှူ ကြီးပေးခဲ့တာဗျအ ခုတောင်းကျနော်က ိုမှာနေတာ..သူသေရင် ရွှေထီးဆောင်းမယ ်တဲ့..မြန်မာပြည်မှာလူဖြစ်တာအရမ်းကံကောင်းတယ်တဲ့်ဗုဒ္ဓသာသန နဲ့ကြုံရလိုတဲ့
ကျနော်တရုတ်ပြည် သွားရင်..ကိုယ်ကိုကိုယ်မြ န်မာလိုပဲပြောတယ ်…သူတို့တောင်မယုံ ဘူးသူတို့ိနိုင ်ငံသားလိုပဲထင်တ ာ.လူမျိုးကတရုတ်ပေမဲ့မြန်မာနိုင်ငံသားလို့ပဲပြောတယ်.ကျနော်လည်း ကြားဘူးတယ်၊ နိုင်ငံခြားသွား တဲ့လူတွေကိုယ်ကိ ုကိုယ်မြ န်မာလို့ပြောရမှာရှက်တဲ ့လူတွေရှိတယ်တဲ့ ၊အဲဒီလိုအတန်းစာ းထဲမှာ.ကျနော်တို့မပါဘူ း။ တချို့တရုတ်လို့ ေြ့ပာကျပါဗျာ၊ရင ်ထဲတကယ်နေမကောင် းဘူး၊ကျနော်သဘော ပေါက်ပါတယ်၊အကော င်းဆုံးဖြစ်အောင ် ကျနော်တို့အားလံ ုးလုပ်ဆောင်ကြရမ ယ်လို့ကျနော်မြင ်တယ် ။မိတ်ဆွေများအားလုံးကိုလေးစားပါတယ်၊ဒါတွေဟာလည်းလွပ်လပ်စွာတွေးတောပြောပိုင်ခွင့်လိုလည်းမြင်ပါတယ်။
ကိုယ်စိတ်နှစ်ဖြာဘေးရန်ကွာငြိမ်းချမ်းကြပါစေ။
myatthwin62
October 15, 2011 at 8:43 pm
US reporter talks West’s anti-China campaign
http://english.peopledaily.com.cn/90883/7615208.html
an interview with U.S. journalist Andre Vitchek, who recently wrote “The West Perfecting Its Techniques to Hurt China”, in which he criticized the role the Western press plays in bashing China. Below is the interview: PD Online: How long does it take to gather the necessary materials for the article? Why did you write this article? What is the article trying to tell the readers? Vitchek: Writing such article is an ongoing process. And it is logically deducted from my experience; from working and living on all continents – North and South America, Oceania, Asia, Africa and Europe. The purpose of the article was to warn, to alert readers about the forces of Western propaganda, to show how it works and what are its goals.
myatthwin62
October 15, 2011 at 8:45 pm
http://news.xinhuanet.com/english2010/china/2011-10/08/c_131178241.htm
U.S. Senate apologizes for discriminating laws targeting Chinese
(Anti-Chinese folks, please note!)
WASHINGTON, Oct. 7 (Xinhua) — The U.S. Senate has apologized for the country’s dis- criminating laws targeting Chinese immigrants at the turn of 20th century, and the Chi- nese American community said it brings a sense of closure and justice to their communi- ty.
The Senate passed the resolution on Thursday evening with unanimous consent. It ac- knowledged the contributions made by Chinese immigrants to U.S. economic growth in the late 19th century and the start of 20th century, and recounted injustices, including the Chinese Exclusion Laws, done to the Chinese community.
The Chinese Exclusion Laws involved legislation the Congress passed between 1870 and 1904 that explicitly discriminated against persons of Chinese descent based on race. In 1882, Congress passed the Chinese Exclusion Act, which imposed a ten-year morato- rium on Chinese immigration and naturalization of Chinese settlers. The law was later expanded several times to apply to all persons of Chinese descent, each time imposing increasingly severe restrictions on immigration and naturalization………….