Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရွာသူများဆင်ခြင်နိုင်ဖို့ Manners

mother in law
ယောက္ခမရိုသေ အသက်ရှည်

အင်္ဂလန်နိုင်ငံက လက်ထပ်တော့မယ့်စုံတွဲ သတို့သားဖက် မိဘအိမ်ကို သွားလည်အပြီး ယောက္ခမ လောင်းကြီးကနေ ချွေးမဖြစ်မယ့်သူဆီ ပို့လိုက်တဲ့ သတိပေးအီးမေးလ်စာဟာ အင်တာနက်မှာ လတ်တလော ပျံ့နှံ့နေပါတယ်။ ကမာ္ဘဦးကထဲက ညှိလို့မရတဲ့သူနှစ်ဦးမို့ မဆန်းပေမယ့် တဖက်ကကြည့်ရင် အသက်၃ဝ ကွာနေကြသူ နှစ်ဦး (ယောက္ခမကြီး ၆ဝနှစ်၊ ချွေးမ ၂၉နှစ်ပါ။ အင်္ဂလန်နိုင်ငံက မရိုးနိုင်တဲ့ ဖြစ်ရပ်လေးတခုပါ)။ ရွာသားများ အထူးသဖြင့် ရွာသူများ ဆင်ခြင်နိုင်ကြဖို့ တင်ပြလိုက်ပါတယ်။ J

ပြီးခဲ့တဲ့လတုန်းက သတို့သမီးလောင်း Heidi Withers ယောက္ခမအိမ်မှာ သတို့သားလောင်းနဲ့အတူ ညအိပ်ညနေ သွားလည်ပတ်စဉ် လိုက်နာရမဲ့ စည်းကမ်းများကို ယောက္ခမကြီးက သင်ကြားပေးလိုက်တာပါ။ စာကို မင်းပြင်ရမယ့် အချက်များ Your lack of manners လို့ ခေါင်းစဉ်တပ်ထားပါတယ်။ ဘူးလက်ပွိုင့်နဲ့ ထင်ထင်ရှားရှား ပြထားတဲ့အချက်တွေမှာ (၁) လက်ထပ်ပွဲဟာ အညံ့စားဖြစ်လိမ့်မယ် (၂) အစားအသောက် ဂျီးများလွန်းတယ် (၃) ပြောင်ချော်ချော်နဲ့ လေးစားမှုမရှိဘူး (၄) သူ့သားရဲ့ လက်ထပ်ဖို့ ဆုံးဖြတ်ချက်ဟာ ဆိုးဝါးလွန်းတယ်။

ဒီတော့ ချွေးမလောင်းကလည်း ငြိမ်ခံမနေဘဲ သူငယ်ချင်းအပေါင်းအသင်းတွေဆီကို အီးမေးဖော်ဝဒ် ပို့လိုက်ပါတယ်။ ဘော်ဒါအပေါင်းကလည်း တာဝန်ကျေပြွန်စွာနဲ့ ထပ်မံဖြန့်ဝေလိုက်တာ နာရီပို်င်းမှာတင်  ပလူပျံသွားပါတယ်။ အခုဆိုရင် Western Hemisphere မှာနေသူတိုင်း ဖတ်ပြီးသား ဖြစ်သွားပါပြီတဲ့။ မင်္ဂလာပွဲ ကတော့ ချောချောမွေ့မွေ့ ဖြစ်မှာမဟုတ်တော့ပါဘူး။ မီဒီယာတွေက သတို့သားလောင် မွေးစားအမေကို ငရဲပြည်မှ ယောက္ခမကြီးလို့ ဝိုင်းဝန်းဩဘာပေး ပွက်ပွက်ဆူနေတုန်း သတို့သမီးရဲ့အဖေလည်း miss fancy pants လို့ခေါ်ပြီး မီးလောင်ရာ ဓာတ်ဆီဝင်လောင်းလိုက်ပါတယ်။ အခုတော့ နှစ်ဖက်မိဘတွေပါ ရန်ဖြစ်တဲ့ ပါနေပြီမို့ အကောင်းဆုံးကတော့ ခိုးပြေးကြဖို့ပဲ ရှိပါတော့တယ်။

သတို့သားလောင်း အမေကြီးကတော့ လက်ထပ်ပွဲတက်မယ်၊ ဒါပေမဲ့ သိက္ခာရှိရှိနဲ့ နှုတ်ဆိတ်နေမယ် ဆိုပါတယ်။ (ပွဲမှာ ဘာတခွန်းမှ ဝမ်းမြောက်ကြောင်း ဘာညာသာတကာ မပြောဘူးလို့ ဆိုလိုတယ်ထင်ပါတယ်) သူမဟာ အင်္ဂလိပ်လူမျိုးရဲ့ ယဉ်ကျေးမှုကို နားလည်ပေမယ့် အင်တာနက် အခြေခံစည်းမျဉ်းဖြစ်တဲ့ အပြင်လူ မသိစေချင်တဲ့ အကြောင်းကို ဘယ်တော့မှ အီးမေးလ်မပို့နဲ့ဆိုတာ သိပုံမရပါဘူး။ သူ့အတွက် စိတ်မကောင်း ဖြစ်နေရင် ရေးထားတဲ့စာ ဘယ်လောက်ဆိုးသလဲ ဖတ်ပြီးဆုံးဖြတ်ကြပါ။

စာထဲမှ ကောက်နှုတ်ချက်အချို့ကတော့…

၁။ သူများအိမ်သွားရင် ကိုယ်ဘာစားတယ်၊ မစားဘူး မပြောနဲ့ (စားမဲ့အစာနဲ့ တည့်သ၍)

၂။ မဝသေးဘူးလို့ ထုတ်မပြောနဲ့။

၃။ သူများမစားခင် ကိုယ်က စ မစားနဲ့။

၄။ အိမ်ရှင်က မဖိတ်ခေါ်ဘဲနဲ့ အပိုထပ်မတောင်းနဲ့။

၅။ သူများအိမ်မှာ ဧည့်သည်လုပ်တဲ့အခါ မနက်စောစောထတဲ့ အိမ်ဆိုရင် နေမြင့်ချိန်အထိ အိပ်ယာထဲ မနေနဲ့။ သူများအိမ်စည်းကမ်းကို လိုက်နာပါ။

၆။ ကိုယ်နဲ့ပတ်သက်တော့မယ် မိသားစုကို ဘယ်တော့မှ မစော်ကားနဲ့၊ လူတွေရှေ့မှာဆိုရင်တော့ ပြောဖို့ကို မလိုဘူး။ အရက်ဘားမှာ မင်းရဲ့တုံ့ပြန်ပုံက ပျော်စေပျက်စေဆိုပေမယ့် ရိုင်းစိုင်းလွန်းတယ်။

၇။ လူတွေအာရုံစိုက်အောင် လုပ်နေတယ်။ ဘာကြောင့်ဒီလိုဖြစ်သလဲဆိုတာ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်။ ကိုယ်မပိုင်ပဲနဲ့ ရဲတိုက်ထဲမှာ ဘယ်သူမှ လက်ထပ်လို့မရဘူး (ဝမရှိဘဲ ဝိမလုပ်နဲ့လို့ ဆိုလိုချင်လား မသိဘူး)။ နာမည်ကျော်ကြားသူတွေ အမူအယာကို အတင်းလိုက်တုနေတယ်။

၈။ မင်းမိဘတွေက လက်ထပ်ပွဲကုန်ကျစရိတ် မပေးနိုင်ဘူးလို့ နားလည်ထားတယ်။ (ပြသနာ မဟုတ်ပေမဲ့ လူတိုင်းနားလည်ထားတဲ့ ဥပဒေသက ကိုယ့်သမီးလက်ထပ်ပွဲကြရင် သုံးဖို့နှစ်ပေါင်းများစွာကထဲက စုဆောင်း ထားရမယ်)

ဒါကြောင့်မို့ မင်းထင်နေတာတွေကို နှိမ့်ချပြီး ကိုယ့်ဝင်ငွေနဲ့လိုက်တဲ့ သာမန်လက်ထပ်ပွဲ လုပ်မယ်ဆိုရင် သင့်တော် မင်္ဂလာရှိလိမ့်မယ်။ သူများတွေက အသင့်တော်ဆုံး ယောက်ျားတယောက်ကို မင်းဖမ်းနိုင်လိုက်ပြီလို့ ထင်ကြမှာပဲ။ ငါ ဖရက်ဒီကို (Freddie, သတို့သားလောင်း) သနားတယ်။

Ouch. ဒီစာရဲ့ ရက်စက်ပြင်းထန်မှုကို မငြင်းနိုင်ပါဘူး။ ဒါပေမယ့် လက်ထပ်ပွဲအတွက် အခုလို ကိုယ်တိုင် ခေါင်းမီးတောက်ခဲ့ဖူးရင် အမျိုးသားတွေရင်ထဲ နက်နက်ရှိုင်းရှိုင်း ခြောက်လှန့်နေတဲ့ အိမ်ထောင်ရေး ပူပင် သောကတွေကို နားလည်နိုင်ပါတယ်။ ယောက္ခမကြီးရဲ့ အီးမေးလ်ဟာ ခွင့်လွှတ်နိုင်စရာပါလား….


Mother-in-law sends worst email ever to bride: forgivable?

http://shine.yahoo.com/channel/sex/mother-in-law-sends-worst-email-ever-to-bride-forgivable-2504517/

from: Carolyn Bourne
to: heidi withers
subject: your lack of manners

Here are a few examples of your lack of manners:

When you are a guest in another’s house, you do not declare what you will and will not eat – unless you are positively allergic to something.

You do not remark that you do not have enough food.

You do not start before everyone else.

You do not take additional helpings without being invited to by your host.

When a guest in another’s house, you do not lie in bed until late morning in households that rise early – you fall in line with house norms.

You should never ever insult the family you are about to join at any time and most definitely not in public. I gather you passed this off as a joke but the reaction in the pub was one of shock, not laughter.

You regularly draw attention to yourself. Perhaps you should ask yourself why. No one gets married in a castle unless they own it. It is brash, celebrity style behaviour.

I understand your parents are unable to contribute very much towards the cost of your wedding. (There is nothing wrong with that except that convention is such that one might presume they would have saved over the years for their daughters’ marriages.)

If this is the case, it would be most ladylike and gracious to lower your sights and have a modest wedding as befits both your incomes.

One could be accused of thinking that Heidi Withers must be patting herself on the back for having caught a most eligible young man. I pity Freddie.

Ouch. There’s no denying it’s harsh, but if you’ve ever been in the line of fire in a wedding party, you know marriage anxieties strike darkness in the hearts of man. What do you think: Is this mom’s email forgivable?

16 comments

  • manawphyulay

    July 2, 2011 at 7:08 am

    ဆင်ခြင်ဖို့တွေကလည်း များလိုက်တာနော်….

  • ဆူး

    July 2, 2011 at 12:15 pm

    အင်္ဂလန်က ဆိုလို့ အဲလစ်စဘက် ရဲ့ ချွေးမ အသစ် စက်စက်လေး ဘယ်လို နေမလဲ မသိဘူး။

    • MaMa

      July 2, 2011 at 1:00 pm

      အဲဒီ အသစ် စက်စက်လေးမှာလည်း လိုက်နာစရာ စည်းကမ်းချက် ပြဌာန်းထားတာတွေ အများကြီးပဲ ရှိတယ်။ အရှေ့တိုင်း ချွေးမတွေထက်တောင် အနောက်တိုင်းချွေးမတွေ အဖြစ်က ပိုဆိုးနေသလိုပါပဲလား။
      🙁

  • PinkCandy

    July 2, 2011 at 2:09 pm

    အင်း မလွယ်ပါလားနော်
    အပျိုကြီးပဲလုပ်တော့မယ် 🙂

    • king

      August 1, 2011 at 5:02 pm

      သမီးလေးရေ ….
      ကြမ်းကျွံတာ နှုတ်ရလွယ်တယ် ..
      စကားကျွံရင်တော့ ……
      ဟိုတစ်ယောက်တော့ သနားပါတယ် ဒီစကားကို ကြားရင်…………. 😛

  • weiwei

    July 2, 2011 at 2:59 pm

    Meet the parents ဆိုတဲ့ ရုပ်ရှင်ကားကို သတိရတယ် ..

  • pan pan

    July 4, 2011 at 2:49 am

    ကိုယ်ချင်းလေးလည်း စာကြပါလို့…….
    ရွာသူများလည်း ဆင်ခြင်ကြပါလို့…….

  • fatty

    July 4, 2011 at 3:47 am

    အဲဒါမျိုးပေါ့ မြန်မာပြည်မှာဆို ကတုံးတုံးပြီး သီလရှင် ကျောင်းအပို့ခံရမှာ ….
    လာအုံးဟဲ့ အနီကဒ် ….. ဘယ်သူတွေက ဘာတွေဆုံဖြတ်ပြီးလုပ်နေလဲမသိဘူး။ လခွီးတဲ့။

  • weRone

    July 4, 2011 at 8:50 am

    အပျိုကြီးဂေဟာ ဖွင့်မလို့ ဥက္ကဌ လုပ်ဖို့ လူလိုနေတယ်… 😀

  • MaMa

    July 4, 2011 at 3:17 pm

    သူ့ကြည့်ရတာတော့ ဥက္ကဋ္ဌလည်း မလုပ်၊ အဖွဲ့ဝင်လည်း လုပ်မယ့်ပုံ မပေါ်။
    🙂

  • unclegyi1974

    July 4, 2011 at 4:48 pm

    ကွာဟသွားတဲ့ခေတ်၂ခုအကြောင်းပါ
    သူခေတ်နဲ့သူတွင်ကျယ်တာပါပဲ

  • cobra

    July 23, 2011 at 3:37 pm

    မင်္ဂလာဆောင်တယ်ဆိုတာတကယ်တော့မလွယ်ပါဘူးလေ။

  • ရွှေဘိုသား

    July 23, 2011 at 6:27 pm

    ရွာသူများသို.အကြောင်းကြားစာ

    ကျွန်တော် ရွှေဘိုသားအမေကတော. အဲလိုမဟုတ်ပါကြောင်း

Leave a Reply