လူစာရင်း
The Regime’s Cronies List
ဇွန်လ ၂ ရက်နေ့က အမေရိကား အောက်လွှတ်တော်၊ နိုင်ငံခြားရေးရာကော်မီတီ၏ ကြားနာမှု အစီအစဉ်တွင် ဝါရှင်တန်ဒီစီအခြေစိုက် USCB အဖွဲ့ ဦးဆောင်သူ ကိုအောင်ဒင်က ဩစတြေးလျနိုင်ငံ၏ မြန်မာပြည်အပေါ် ငွေကြေးစီးပွားဆိုင်ရာ ပိတ်ဆို့အရေးယူမှုမျိူးကို တိုးချဲ့ပြုလုပ်ရန် အကြံပြု တင်ပြခဲ့သည်။ ဩစတြေးလျက မြန်မာစစ်အာဏာရှင်များ၊ မိသားစုများ၊ စစ်ခေါင်းဆောင်များ၊ အပေါင်းအပါ စီးပွားဖက်များ၊ အကာအကွယ်ပေးသူများ၊ မိသားစုများ၏ စုစုပေါင်း လူဦးရေ ၄၀ဝ ကို စာရင်းပြုစု သတ်မှတ်ပြီး ငွေကြေးစီးပွားပိတ်ဆို့မှု ပြုလုပ်ထားကြောင်း ထောက်ပြသည်။ အမေရိကား၏ ပစ်မှတ်ထားပိတ်ဆို့မှုမှာ ဩစတြေးလျစာရင်းထက်စာလျင် များစွာ လျော့နည်းကြောင်း ထိုနမူနာကို ကြည့်သင့်ကြောင်း တိုက်တွန်းထားသည်။
အောက်တွင် လူစာရင်းကို ဖေါ်ပြထားသည်။
စဉ်
|
လူအမည်
|
စီးပွါးရေးလုပ်ငန်း
|
ဥရောပသမဂ္ဂမှ ဗီဇာပိတ်ဆို့
|
ဩစတြေးလျ အစိုးရမှ
|
၁
|
ဦးအောင်ကိုဝင်း (ခ) ဆရာကျောင်း
|
ကမော္ဘဇဘဏ်
မြန်မာဘီလျံဂရု
နီလာရိုးမ ကုမ္ပဏီ
အရှေ့ရိုးမ ကုမ္ပဏီ
လန်ဒန်စီးကရက် ကိုယ်စားလှယ်
ကမော္ဘဇဘောလုံးသင်းပိုင်ရှင်
|
အရေးယူပြီး
|
အရေးယူပြီး
|
၂
|
ဦးကျော်ဝင်း
|
ရွှေသံလွင် ကုမ္ပဏီ မြန်မာအင်တာနေရှင်နယ်သတင်း၊
ရွှေအက်ဖ်အမ်ရေဒီယို
|
အရေးယူပြီး
|
အရေးယူပြီး
|
၃
|
ဦးမောင်မောင်မြင့်
|
မြန်ဂုဏ်မြင့် ကုမ္ပဏီ (ကြံ့ဖွံ့ ၏ စီးပွါးရေးလုပ်ငန်းများ) |
အရေးယူပြီး
|
အရေးယူပြီး
|
၄
|
ဦးမောင်ကို
|
ထာဝရ သတ္တုတွင်းကုမ္ပဏီ
|
အရေးယူပြီး
|
အရေးမယူရသေး
|
၅
|
ဦးအောင်ထွေး
|
ရွှေပန်းကုမ္ပဏီ (Golden Flower Company Ltd.)
|
အရေးယူပြီး
|
အရေးမယူရသေး
|
၆
|
ဦးကျော်မြင့်
|
ရွှေပန်းကုမ္ပဏီ (Golden Flower Company Ltd.)
|
အရေးယူပြီး
|
အရေးမယူရသေး
|
၇
|
နေဝင်းထွန်း
|
ပတ္တမြား နဂါး ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာ ကုမ္ပဏီ လီမိတက် (Ruby Dragon Jade and Gems Company Ltd.)
|
အရေးယူပြီး
|
အရေးမယူရသေး
|
၈
|
ဦးအိုက်ထွန်း
|
အိုလံပစ် ဆောက်လုပ်ရေး ကုမ္ပဏီ ၊အာရှဓန ဘဏ်
|
အရေးယူပြီး
|
အရေးမယူရသေး
|
၉
|
ဦးအောင်မြတ် (ခေါ်) ဦးအောင်မြင့်
|
မိခင်ကုန်သွယ်ရေးနှင့် ဆောက်လုပ်ရေး ကုမ္ပဏီ
(Mother Trade and Construction Company)
|
အရေးယူပြီး
|
အရေးမယူရသေး
|
၁၀
|
ဦးဝင်းလွင်
|
ကျော်သာကုမ္ပဏီ၊ ကျော်သာဆောက်လုပ်ရေးအုပ်စု၊
|
အရေးယူပြီး
|
အရေးမယူရသေး
|
၁၁
|
ဒေါက်တာ စိုင်းစံထွန်း
|
လွိုင်ဟိန်းကုမ္ပဏီ (Alpine သောက်ရေသန့်)
ရတနာပုံယူနိုက်တက်
ဘောလုံးအသင်းပိုင်ရှင်
|
အရေးယူပြီး
|
အရေးမယူရသေး
|
၁၂
|
ဒေါ်စန်းစန်းရီ
|
စူပါဝမ်း ကုမ္ပဏီအုပ်စု
A&S International Co., Ltd.
|
အရေးယူပြီး
|
အရေးမယူရသေး
|
၁၃
|
အောင်ဇော်ရဲမြင့် (ဒုဗိုလ်ချုပ်ကြီး ရဲမြင့်၏သား)
|
ရေတံခွန် ဆောက်လုပ်ရေးကုမ္ပဏီ
|
အရေးယူပြီး
|
အရေးယူပြီး
|
၁၄
|
စစ်တိုင်းအောင် (သစ်တောဝန်ကြီးဟောင်း ဦးအောင်ဖုန်း ၏သား)
|
Suntac International Trading Co., Ltd.
|
အရေးယူပြီး
|
အရေးမယူရသေး
|
၁၅
|
စစ်သွေးအောင် (သစ်တောဝန်ကြီးဟောင်း ဦးအောင်ဖုန်း ၏သား)
|
Suntac International Trading Co., Ltd.
|
အရေးယူပြီး
|
အရေးမယူရသေး
|
၁၆
|
လွင်မိုး (ရုပ်ရှင်သရုပ်ဆောင်)
|
သတ္တုတွင်းကုမ္ပဏီပိုင်ရှင်
|
အရေးမယူရ
သေး
|
အရေးမယူရသေး
|
၁၇
|
ဦးနေအောင်
(စက်မှု (၁) ဝန်ကြီးဟောင်း နှင့် ကြံ့ဖွံ့ပါတီအတွင်းရေးမှူး ဦးအောင်သောင်း၏သား)
|
အောင်ရည်ဖြိုးကုမ္ပဏီလီမိတက်၊
အမရ ဘဏ်၊
International Group of Entrepreneur (IGE) Co., Ltd.
|
အရေးယူပြီး
|
အရေးယူပြီး
|
၁၈
|
ဦးပြည်အောင် (ဗိုလ်မှူးဟောင်း)
(စက်မှု (၁) ဝန်ကြီးဟောင်း နှင့် ကြံ့ဖွံ့ပါတီအတွင်းရေးမှူး ဦးအောင်သောင်း၏သား)
(ဒုဗိုလ်ချုပ်မှူးကြီးမောင်အေး၏ သားမက်)
|
အောင်ရည်ဖြိုးကုမ္ပဏီလီမိတက်၊
International Group of Entrepreneur (IGE) Co., Ltd.
Queen Star Computer Company
|
အရေးယူပြီး
|
အရေးယူပြီး
|
၁၉
|
ဦးဝင်းမြင့်
|
ကုန်သွယ်ရေးဝန်ကြီး၊
UMFCCI ၏ ဥကဋ္ဌဟောင်း၊
ရွှေနဂါးမင်းကုမ္ပဏီ၊ ဇေယျာရွှေမြေဘောလုံးအသင်းပိုင်ရှင်
|
အရေးယူပြီး
|
အရေးမယူရသေး
|
၂၀
|
အောင်ကျော်မိုး (ခေါ်) အောင်မိုးကျော်
|
International Brewery Trading Company
ဥဿာယူနိုက်တက်ဘောလုံး
အသင်းပိုင်ရှင် |
အရေးမယူရ
သေး
|
အရေးမယူရသေး
|
၂၁
|
ဦးခင်စိုး
|
အဏ္ဏဝါလွှမ်းကုမ္ပဏီလီမိတက်
ရန်ကုန်၊ ပဲခူး ဒေသကြီးများတွင် ဓာတ်ဆီဆိုင် ၁၄ဆိုင် ဖွင့်ထား၊
|
အရေးမယူရ
သေး
|
အရေးမယူရသေး
|
၂၂
|
ထွန်းနိုင်ရွှေ (ခေါ်) ထွန်းထွန်းနိုင် (ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၏သား)
|
မြန်မာနိုင် အုပ်စု၊ ဂျေ အန် ဂျေ ကုမ္ပဏီ (J and J Company)
ရန်ကုန်၊ မန္တလေး ဒေသကြီးများတွင် ဓာတ်ဆီဆိုင် ၆ ဆိုင်ဖွင့်လှစ်ထား၊
|
အရေးယူပြီး
|
အရေးယူပြီး
|
၂၃
|
နေလင်းအောင်
(ဒု ဗိုလ်ချုပ်ကြီး မြင့်အောင်၏သား)
|
နီလာရိုးမ ကုန်သွယ်ရေးကုမ္ပဏီ
ရန်ကုန်၊ မန္တလေး၊ ပဲခူး နှင့် ဧရာဝတီ ဒေသကြီးများတွင် ဓာတ်ဆီဆိုင် ရ ဆိုင်ဖွင့်ထား၊
|
အရေးယူပြီး
|
အရေးမယူရသေး
|
၂၄
|
အောင်ဇော်နိုင် (ဦးအိုက်ထွန်း ၏သား)
|
အိုလံပစ်ဆောက်လုပ်ရေး နှင့် အင်ဂျင်နီယာရင်းကုမ္ပဏီ
အိုလံပစ်ကုမ္ပဏီလီမီတက်
ရန်ကုန်၊ စစ်ကိုင်း၊ ပဲခူး ဒေသကြီးများတွင် ဓာတ်ဆီဆိုင် ၁၂ ဆိုင်ဖွင့်ထား၊
Hi-Star Company Limited
High Tech Concrete Co., Ltd.
Shwe Taung International
Golden Tri Star Co., Ltd.
Asia Royal Hospital
ငွေဆောင်ကမ်းခြေဟိုတယ် နှင့်အပန်းဖြေစခန်း
|
အရေးယူပြီး
|
အရေးမယူရသေး
|
၂၅
|
ဇော်ဝင်းထွန်း
(ပအို့လက်နက်ချ အောင်ခန်းထီ အုပ်စု၏ စီးပွါးရေးတာဝန်ခံ)
|
ရွှေသံလွင် ကုမ္ပဏီလီမိတက်
ပဲခူး ဒေသကြီး ၊ မွန်၊ ကရင်ပြည်နယ်များတွင် ဓာတ်ဆီဆိုင် ၁၂ ဆိုင်ဖွင့်ထား၊
|
အရေးမယူရ
သေး
|
အရေးမယူရသေး
|
၂၆
|
ဦးဇော်လေး
|
ရေလုပ်ငန်းနှင့်ပင်လယ်ထွက်ကုန်များ ကုမ္ပဏီလီမိတက်
ရန်ကုန်၊ ပဲခူး ဒေသကြီးများတွင် ဓာတ်ဆီဆိုင် ၆ ဆိုင်ဖွင့်ထား၊
|
အရေးမယူရ
သေး
|
အရေးမယူရသေး
|
၂၇
|
တိုးနိုင်မန်း (ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ ပြည်သူ့လွှတ်တော် ဥက္ကဌ၏ သား၊ ဇေကမ႓ာဦးခင်ရွှေ၏ သားမက်)
|
Red Link Company Limited
|
အရေးယူပြီး
|
အရေးယူပြီး
|
၂၈
|
နေရွှေသွေးအောင် (ခေါ်) ဖိုးလပြည့်
(ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏
မြေး)
|
အာဏာပိုင်များနှင့် စီးပွါးရေးသမားများအကြား ဆက်သွယ်အကျိုးဆောင်ပေးနေသူ
|
အရေးယူပြီး
|
အရေးမယူရသေး
|
၂၉
|
ဇော်ဝင်းရှိန် (စစ်ဥပဒေချုပ်ဟောင်း နှင့် ယခု သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင် ၏မွေးစားသား)
|
ဧရာဟင်္သာကုမ္ပဏီလီမိတက်၊
ဒယ်လ်တာယူနိုက်တက် (Delta United) ဘောလုံးအသင်းပိုင်ရှင်
|
အရေးမယူရ
သေး
|
အရေးမယူရသေး
|
၃၀
|
ဦးလှမောင်ရွှေ
|
မြန်မာငါးလုပ်ငန်းအဖွဲ့ချုပ် ဒုဥက္ကဌ၊ မြန်မာ အီးဂရက်စ် (Myanmar EGress) ဒုဥက္ကဌ၊
|
အရေးမယူရ
သေး
|
အရေးမယူရသေး
|
၃၁
|
ဦးချစ်ခိုင်
|
ဧဒင် ကုမ္ပဏီအုပ်စု၊
မြန်မာ့ဦးဆောင်ဘဏ်၊
မြန်မာ့ဆန်လုပ်ငန်းအဖွဲ့ ဥက္ကဌ၊
|
အရေးယူပြီး
|
အရေးယူပြီး
|
၃၂
|
အောင်စိုးသာ (ဝန်ကြီးဟောင်း ဦးစိုးသာ၊ ယခု ကြံ့ဖွံ့ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင် ၏သား)
|
Myanmar Information and Communications Technology (Myanmar Infotech)
|
အရေးယူပြီး
|
အရေးမယူရသေး
|
၃၃
|
ဒေါက်တာ တင်ထွန်းဦး
|
မြန်မာတိုင်း ဂျာနယ်၊ ပြည်မြန်မာဂျာနယ်၊ သုတစွယ်စုံမဂ္ဂဇင်း
|
အရေးမယူရ
သေး
|
အရေးမယူရသေး
|
၃၄
|
ဒေါက်တာနေဝင်းမောင် (ခေါ်) အောင်ထက်
|
ကြော်ညာနှင့်ဈေးဝယ်လမ်းညွှန်
မဂ္ဂဇင်း၊
မြန်မာ Egress၊
The Voice Journal
|
အရေးမယူရ
သေး
|
အရေးမယူရသေး
|
၃၅
|
မြတ်ခိုင်
|
လျှပ်တပြက်ဂျာနယ်၊
အချစ်ဂျာနယ်၊
|
အရေးမယူရ
သေး
|
အရေးမယူရသေး
|
၃၆
|
ဇင်ယော်မောင်မောင်
(ရုပ်ရှင်ဒါရိုက်တာ)
|
ဇင်ယော်ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ၊ Envoy Journal
|
အရေးမယူရ
သေး
|
အရေးမယူရသေး
|
၃၇
|
ဇော်မင်းအေး (ဒုဗိုလ်ချုပ်ကြီး တင်အေး ၏သား)
|
မိုးဆန်းပန်း မီဒီယာကုမ္ပဏီ၊
Ecovision Journal, Massager Journal
Yangon Entertainment Co.
Ruby Mart Shopping Mall
|
အရေးယူပြီး
|
အရေးယူပြီး
|
၃၈
|
နန်းကလျာဝင်း (ခေါ်) ကလျာ
(ဒုဗိုလ်ချုပ်ကြီးဝင်းမြင့်၏ သမီး)
|
ပေါ်ပြူလာဂျာနယ်
ပေါ်ပြူလာ သတင်းဂျာနယ်
|
အရေးမယူရ
သေး
|
အရေးမယူရသေး
|
၃၉
|
ကိုကို (စက်မှုတက္ကသိုလ်)
|
ရန်ကုန်မီဒီယာအုပ်စု၊
The Yangon Times
အတွင်းရေးမှူး၊ မြန်မာစာပေနှင့်စာနယ ဇင်းအဖွဲ့
|
အရေးမယူရ
သေး
|
အရေးမယူရသေး
|
၄၀
|
သတိုးဟိန်း
|
မြန်မာဩဘာကုမ္ပဏီ
|
အရေးမယူရ
သေး
|
အရေးမယူရသေး
|
၄၁
|
ဖြိုးကိုကိုတင့်ဆန်း (ဟိုတယ်နှင့်ခရီးသွားလာ
ရေးဝန်ကြီး ဦးတင့်ဆန်း၏သား)
|
A.C.E. ဆောက်လုပ်ရေးကုမ္ပဏီ
|
အရေးမယူရ
သေး
|
အရေးမယူရသေး
|
၄၂
|
ဦးရန်ဝင်း
|
A 1 ဆောက်လုပ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေးကုမ္ပဏီ
|
အရေးယူပြီး
|
အရေးမယူရသေး
|
မှတ်ချက်။ ။ သတင်းအဖြစ် ရရှိထားသည့်စာရင်းကို သိသာစေရန်ဖေါ်ပြခြင်းဖြစ်ပြီး မည်သူမဆို မိမိတို့၏လူ့ အခွင့်အရေးအလိုတော်အရ ပြန်လှန်ဆွေးနွေးချေပနိုင်သည်။ 🙂
30 comments
ကိုပေါက်(မန္တလေး)
July 3, 2011 at 12:56 am
အရေးယူတာမယူတာတော့ မသိဘူးလောလောဆယ်သူုတို့ကတော့ လူချမ်းသာတွေပါဘဲ။
နိုင်ငံတကာက ပိတ်ဆို့တော့ ကျနော်တို့လိုအခြေခံလူတန်းစားကသာ ဈေးကြီးပေးဝယ်ရတာပါဘဲ။
ကျန်တာကတော့ လက်လှမ်းမမှီလို့ ကျနော်လဲမသိဘူးဗျာ။.
bigcat
July 3, 2011 at 1:54 am
ဘယ်ဟာတွေကို ဈေးကြီးပေးဝယ်နေရတာလည်း ရှင်းရှင်းပြောရင် ပိုကောင်းမယ်ဗျ။ စကားကပ်ပြောရရင် ပိတ်ဆို့ထားမှ ပုဇွန်ထုပ်ကြီးဈေးထဲမှာ ပြန်မြင်ရမယ်လေ။ ဦးပေါက် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရင် ပို့စ်တပိုဒ်လောက် တင်ကြည့်ပါလား။ အပြန်အလှန် အမြင်ချင်းဖလှယ်လို့ရတာပေါ့။ အတည်ပြောတာနော်၊ တူမချောနဲ့ သဘောမတူတော့ဘူးတော့ မလုပ်ပါနဲ့။
pan pan
July 4, 2011 at 4:34 am
ပုဇွန်ထုပ်ကြီးဈေးထဲမှာ ပြန်မြင်ရပေမယ့်
ဝယ်မစားနိုင်ရင် ကြည့်ပြီးပြန်လာရမှာပေ့ါနော်
ဈေးသွားရင် အဲလိုပြန်လာရပေါင်း များဘီ…..
ပုစွန်ကျား၊ ဘော့ချိတ်၊ ပုစွန်ထုတ်ပေါက်စတွေနဲ့ပဲ စိတ်ဖြေသိမ့်ရပေါင်းလည်း များခဲ့ပါဘီ……
PaukPhaw
July 3, 2011 at 3:38 am
ပိတ်ဆို ့နေတာထက်..ဒုံးကျည်နဲ ့ပါထုထည့်လိုက်ရင် ပိုကောင်းမယ်..
မနာလိုတာတော့ မဟုတ်ဘူး..
ဘသူသေသေ ငတေမာရင် ပြီးရော ဆိုတဲ့ ကောင်စားမျိုးတွေမိုလို ့ အားကြီးစောက်မြင်ကတ်တယ်
Thanlwinoo
July 3, 2011 at 4:37 am
မြန်မာနိုင်ငံရဲ့ သန်း(၆၀)သောပြည်သူများအားလုံးနဲ့သက်ဆိုင်တဲ့ သဘာဝသယံဇာတတွေ၊ အကျိုးခံစားခွင့်တွေ၊ စီးပွားရေးလွတ်လပ်ခွင့်တွေကို ဒီလူတစ်စုနည်းနည်းလေးကဘဲ လက်ဝါးကြီးအုပ်ပိတ်ဆို့ထားပါတယ်။ နောက်လဲ ဆက်ပြီး လက်ဝါးကြီးအုပ်ပိတ်ဆို့နေမှာပါဘဲ။ ဒီလူတစ်စုရဲ့ လက်ဝါးကြီးအုပ်ပိတ်ဆို့မှုတွေက မလွတ်မြောက်မချင်း တိုင်းသူပြည်သားတွေ ဆက်လက်ပြီး ဆင်းရဲမွဲတေနေဦးမှာပါဘဲ။ အောက်ကျနောက်ကျဖြစ်နေဦးမှာပါ။ ပြသနာတွေလည်း ဆက်ရှိနေဦးမှာပါဘဲ။ လက်ရှိအခြေအနေရတော့ သန်း(၆၀)က ဘာမှမတတ်နိုင်ပါဘူး။ အပြည်ပြည်ဆိုင်ရာက မှားတာကို မှားနေတယ်လို့ထောက်ပြပြီး ပိတ်ဆို့အရေးယူနေတာ လက်ရှိအခြေအနေက ပိုမိုကောင်းမွန်တိုးတက်လာအောင်၊ ဒီမတရားတဲ့စနစ်တွေပပျောက်အောင် တဖက်တလမ်းက ကူညီဆောင်ရွက်ပေးနေတာလို့ မြင်ပါတယ်။ မှားတာတွေကို ပြင်လိုက်ရင် ကျန်တာတွေ ပြေလည်သွားမှာပါ။
Ko Ko Aung
July 3, 2011 at 5:11 am
ဒီလူတွေက ချမ်းသာတယ် အားကြီးတယ် ၊ တိုင်းပြည်ကို ဗိုလ်ကျ လက်ဝါးကြီးအုပ်ထားတယ်။
ပိတ်ဆို့မှု့လုပ်လို့ သူတို့ထိခိုက်နစ်နာသွားသည်ဖြစ်စေ၊ ဖွင့်ပေးလိုက်လို့ သူတို့ ပိုချမ်းသာသွားသည်ဖြစ်စေ ၊ ဗိုလ်ကျ လက်ဝါးကြီးအုပ်ထားနိုင်တဲ့ နေရာမှာပဲဆက်ရှိနေမှာဖြစ်တယ်။ သူတို့ကို သတ်ပစ်နိုင်တယ်ထားဦး သူတို့နေရာမှာ “ဒုတိယသူတို့” တွေ နေရာဝင်ယူမှာပဲဖြစ်တယ်။
ပိတ်ပိတ် ဖွင့်ဖွင့် သူတို့ ဘာမှသိပ်မဖြစ်ဘူး။
ပြည်သူကျတော့ ….တိုင်းပြည်ကျတော့….“ ဖြစ်တယ်။ ”
တိုင်းပြည်ကိုစီးပွားရေးပိတ်ဆို့မှု့ဟာ တိုင်းပြည်ကို ပိုဆင်းရဲစေတယ်။ အခွင့်အလမ်းနည်းစေတယ်၊ အခြားတိုင်းပြည်များနဲ့ ယှဉ်ပြိုင်နိုင်စွမ်း လျှော့နည်းစေတယ်။ ကုန်ထုတ်စွမ်းအားကျဆင်းစေတယ်။
ကုန်သွယ်မှု့အခွင့်အလမ်းနဲ့ အကျိုးအမြတ်ကို ကြီးစွာ ထိခိုက်စေတယ်။
အခု ကုန်ထုတ်ကရိယာနဲ့ နည်းပညာတွေမှာ တရုတ်လုပ် အညံ့စားတွေကလွဲရင် ဘာမှရွေးစရာမရှိတာ သက်သေပဲ။
ပြီးတော့ နှစ်နှစ်ဆယ်အတွင်း စီးပွားရေးချွတ်ခြုံကျဆဲဖြစ်နေတာလဲ ပိတ်ဆို့မှု့တွေရဲ့ အကြောင်းမကင်းဘူးလို့ပဲ ယူဆပါတယ်။
နှစ်နှစ်ဆယ်အတွင်း ဒီလိုလူတွေကျ အလွန်အမင်း ချမ်းသာသွားပြီး ပြည်သူတွေကျ နလံကိုမထူတာကလဲ စီးပွားရေးပိတ်ဆို့မှု့ ခုတ်ရာတခြားရှရာတလွဲ ဖြစ်နေတာကိုဖေါ်ပြပါတယ်။
bigcat
July 3, 2011 at 5:57 am
ပိတ်ဆို့မှုတွေ ဖွင့်ပေးလိုက်လို့ စီးပွားရေးနာလန်ထူလာမယ်လို့ ဘာအာမခံချက်နဲ့ ပြောနိုင်ပါသလဲ။ တိုင်ပြည်ဆုတ်ယုတ်ပျက်စီးမှုရဲ့ အရင်းခံ အကျင့်ပျက်ခြစားမှု၊ ဖိနှိပ်ချုပ်ချယ်မှု၊ အခွင့်အလမ်းကောင်းမှန်သမျှ လက်ဝါးကြီးအုပ်စီးမှု၊ တလွဲစီမံအုပ်ချုပ်မှုတွေကို မပြင်ဘဲနဲ့ ရမယ်လို့ ဘာကြောင့်ထင်ရပါသလဲ။ လက်ရှိနိုင်ငံရေးကိုပဲ ကြည့်ပါ၊ ရွေးဂေါက်ပွဲပြီးရင် အခြေအနေတွေကောင်းလာမယ်ပြောတယ်၊ အခုဆိုရင် အစိုးရသစ်တက်တာ ရက်၁၀ဝ ပြည့်တော့မယ်၊ ဘာမှတိုးတက်မှုမရှိ၊ နယ်စပ်တွေမှာ တိုက်ပွဲတွေတောင် ပြန်ဖြစ်လာတယ်။ ရွေးဂေါက်ပွဲပြီးရင် နိုင်ငံရေးပြောင်းလာတော့မယ်ဆိုတဲ့ ကျီးယောင်ဆောင်ဒေါင်းတွေ၊ စားဖားတွေ၊ နောက်ဆွဲတွေ ဘာလုပ်ပေးနိုင်သလဲ၊ စစ်အစိုးရမှာသာ ရွေးဂေါက်ပွဲနိုင်အစိုးရဆိုတဲ့ နိုင်ငံရေး အမြတ်ထွက်သွားတယ်။ စီးပွားရေး ပိတ်ဆို့မှုဖွင့်လို့ ပိုနေမြဲကျားနေမြဲ မွဲမြဲမွဲနေတော့လည်း ဒီလိုပဲ ကိုယ်ပြောခဲ့တာမဟုတ်သလို မျက်နှာလွှဲခဲပစ် လုပ်နေကြအုံးမှာပဲ။
ပိတ်ဆို့မှုတွေ ဖွင့်ချင်ရင် နှစ်ဖက်ညှိနှိုင်း စေ့စပ်လိုက်လျောမှု တွေလုပ်ရမယ်။ ဒါကိုကြတော့ ပြောရင်နာမှာစိုးလို့ ရူးချင်ယောင်ဆောင်နေပြီး တဖက်ကို နင်းပြောတာတော့ ကိုယ်သိက္ခာကိုယ် ရှက်ဖို့ကောင်းတယ်။
Ko Ko Aung
July 3, 2011 at 6:33 pm
လေးစားစွာနဲ့ ပြန်ဆွေးနွေးပါသဗျာ –
ပိတ်ဆို့မှုတွေ ဖွင့်ပေးလိုက်လို့ စီးပွားရေးနာလန်ထူလာမယ်လို့ ဘာအာမခံချက်မှမရှိပါဘူး။ စီးပွားရေးနာလန်ထူလာဘို့က အခြားအဓိကအကြောင်းများစွာရှိပါတယ်။ အဲဒါတွေ ထိထိရောက်ရောက် ဖြေရှင်း ဖြည့်ဆည်းနိုင်မှသာ ရေရှည်မှာ စီးပွားရေးနာလန်ထူမှာပါ။ ဒါပေမယ့် ဒီကွန်မင့်မှာ ဆွေးနွေးတာကတော့ စီးပွားရေးနာလန်ထူဘို့ မဟုတ်ပါဘူး။ ကျွန်တော်ပြောခဲ့တဲ့ ထိခိုက်နစ်နာမှု့တွေမှ သက်သာရာရအောင်ပါ။
တိုင်ပြည်ဆုတ်ယုတ်ပျက်စီးမှုရဲ့ အရင်းခံ အကျင့်ပျက်ခြစားမှု၊ ဖိနှိပ်ချုပ်ချယ်မှု၊ အခွင့်အလမ်းကောင်းမှန်သမျှ လက်ဝါးကြီးအုပ်စီးမှု၊ တလွဲစီမံအုပ်ချုပ်မှုတွေကို မပြင်ဘဲနဲ့ ရမယ်လို့(စီးပွားရေးကောင်းအောင် လုပ်နိုင်မယ်လို့) ကျွန်တော်လဲမထင်ပါဘူး။ စစ်အစိုးရဘက်ကလူတွေအပါအဝင် အခြားထင်တဲ့လူလဲ ရှိမယ်မထင်ပါဘူး။ အဲဒါတွေကို ပြင်ရမှာပါ၊ ဖြေရှင်းရမှာပါ၊ တိုက်ဖျက်ရမှာပါ။
အဲဒီတော့ အဲဒါတွေပြင်လို့မပြီးခင်မှာ အခြေအနေ အလွန်ဆိုးရွားနေတဲ့ ပြည်တွင်း လုပ်ငန်းရှင်ငယ်တွေနဲ့ ပြည်သူတွေမှာ နဲနဲဖြစ်ဖြစ် သက်သာရာမရသင့်ဘူးလား။
အဲဒီပြင်စရာတွေက လူတယောက် လူတစု က ထိထိရောက်ရောက် ပြင်နိုင်မှာမဟုတ်ဘဲ အများဆန္ဒနဲ့ရွေးချယ်ထားတဲ့ လူ(ခေါင်းဆောင်)တွေက အများကျေနပ်သဘောတူတဲ့ စည်းမျဉ်း(အခြေခံဥပဒေ)အရ အုပ်ချုပ်နိုင်တဲ့အချိန်မှသာ /သို့မဟုတ် လွယ်လွယ်ပြောရရင် ဒီမိုကရေစီစစ်စစ်ရမှသာ မှန်မှန်ကန်ကန် ထိထိရောက်ရောက် ပြုပြင်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီအချိန်ရောက်ဘို့ တော်တော်ကိုလိုပါသေးတယ်။ လမ်းစကို မမြင်ရသေးသလောက်ပါဘဲ။
ကျွန်တော်တို့တိုင်းပြည်အခြေအနေက အဲဒီလောက်စောင့်နိုင်ပါ့မလား။ အခုကိုပဲ ဒေသတွင်းမှာ ဘယ်သူ့ကိုမှ မယှဉ်ပြိုင်နိုင်လောက်အောင် ဆိုးနေတယ်လို့ ထင်မိပါတယ်။ မကြာခင် AFTA လိုဟာမျိုးတွေ လာတော့မယ်။ ကျွန်တော်တို့က မထုတ်လုပ်နိုင်ရင် ရှိတာရောင်းစားရမယ်။ ကျွန်တော်တို့ ရေ မြေ တော တောင် တွေ သူများဝယ်ကုန်လိမ့်မယ်။ အဲဒါကိုလဲ စိုးရိမ်မိပါတယ်။
ပိတ်ဆို့မှု့တွေကို လက်ရှိအာဏာပိုင်တွေက ဖွင့်ချင်တယ်လို့တောင် ကျွန်တော်တော့ မထင်ပါဘူး။ သူတို့နဲ့ သူတို့ရဲ့ လက်ဝေခံ အပေါင်းအပါတွေအဖို့ ပိတ်ထားတာက ပိုပြီး လက်ဝါးကြီးအုပ် ဗိုလ်ကျခွင့်ရစေတယ် လို့ ကျွန်တော် ထင်ပါတယ်။ ဒါကြောင့် စစ်အစိုးရကတော့ ဆွေးနွေးညှိနှိုင်းစေ့စပ်လိုက်လျောတာတွေ လုပ်မယ်မထင်ပါဘူး။ လုပ်ရင်လဲ ပိတ်ဆို့မှု့တွေ ဖယ်စေချင်လို့ထက် သူတို့ရဲ့ ကစားကွက်အဖြစ်ပဲလုပ်မှာပါ။ ပြည်သူကို အဲဒီလောက်ညှာတာတတ်ရင် ဒီအခြေအနေမရောက်ပါဘူး။
“ကိုယ်သိက္ခာကိုယ် ရှက်ဖို့ကောင်းတယ်။”
စိတ်မရှိနဲ့နော် ။ ကျွန်တော့်ကွန်မင့်မှာပြောတာမို့ ကျွန်တော့်ကိုပြောတာလို့ထင်ပါတယ်။ အဲဒါဆိုရင်တော့ ကိုကြောင်ကြီး အထင်မှားနေပါပြီ။
bigcat
July 4, 2011 at 2:04 am
ဦးကိုကိုအောင်ခင်ဗျား..ကျနော့်စကားလုံးတွေ ရင့်သီးသွားရင် တောင်းပန်ပါတယ် အဲဒီအသုံးအနှုန်းကို ရွေးဂေါက်ပွဲသည်သာ တခုတည်းသော ထွက်လမ်းဆိုပြီး သူခိုးအားပေးလုပ်ခဲ့ကြတဲ့ နိုင်ငံရေးသမားများ၊ လွှတ်တော်ထဲမှာ ယောင်ပေပေ အတိုက်အခံအမတ်များ၊ တတိယအင်အားစုလို့ ကိုယ့်ကိုယ်ကို အမည်ပေးထားတဲ့သာကူးများ၊ စပ်တပ်လက်ပါးစေ ဒလျှိုဒလန်များကို ရည်ညွှန်းတာပါ။ ဦးကိုကိုအောင်က အဲဒီအထဲမှာပါရင်တော့ မတတ်နိုင်ဘူးပေါ့ဗျာ။
စာပါအကြောင်းအရာဖက် ပြန်လှည့်ရရင် စီပွားရေးပိတ်ဆို့မှုတွေ မရှိရင် ပိုကောင်းမယ်ဆိုတာ လူတိုင်းလက်ခံပါတယ်။ ဒါပေမယ့် ဘယ်လောက်မျက်နှာသာပေးပေး အခွင့်အရေးရှိရှိ လုပ်တတ်ကိုင်တတ် နည်းလမ်းမှန်မှ ရပါမယ်။ လက်ရှိမှာ မြန်မာပြည်သည် အာစီယံ တရုတ် ကုလား ဂျပန် စတာတွေနဲ့ ကုန်သွယ်ခွင့် ရနေပါတယ်။ အာစီယံအဖွဲ့အတွင်းမှာဆို ဖွံ့ဖြိုးမှုနိမ့်ကျတဲ့ ဒေသတွင်းနိုင်ငံတခုအနေနဲ့ ကုန်သွယ်ရေး အထူးအခွင့်အရေးများ အပေးခံထားရတယ်။ ဒီလောက်နှစ်တွေကြာလာတာတောင် မြန်မာ့စီးပွားရေး အခြေအနေကတော့ သိတဲ့အတိုင်း နိုင်ငံတကာမပြောနဲ့ ဒေသတွင်းမှာတောင် သူများနဲ့ ယှဉ်ပြိုင်နိုင်စွမ်း မရှိသေးပါဘူး။ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့မှုကြောင့် မတိုးတက်တာဆိုရင် သူတို့လက်လှမ်းမမှီတဲ့ ဒေသတွင်းကုန်သွယ်မှုမှာ မြန်မာ့စီးပွားရေး ကောင်းစွာရှင်သန်ဖွံ့ဖြိုး တိုးတက်နိုင်ကြောင်း၊ ပြည်သူအများ အကျိုးစီးပွားခံစားရကြောင်း ပြနိုင်ရမယ်။ ဒါမှသာ ဟိုဟာကြောင့်ဒါဖြစ်တာလို့ လက်ညှိုုးထိုးလို့ရပါမယ်။ အဲဒီလိုရော တကယ်လက်တွေ့ လုပ်နိုင်စွမ်းမရှိဘူးလား၊ ရှိသမှသိပ်ရှိပါ။ လက်ရှိ စစ်အုပ်ချုပ်ရေးနဲ့ကို လုပ်ချင်ရင်ဖြစ်ပါတယ်။ သဘာဝဓာတ်ငွေ့၊ ကျွန်းသစ်၊ ကျောက်မျက် တွင်းထွက်သယံဇာတတွေကရတဲ့ ဘီလီယံနဲ့ချည်တဲ့ ဒေါ်လာတွေနဲ့ ပံ့ပိုးထောက်ပံ့မှုပြုရင် မရနိုင်ဘူးလား။ ရသမျှကို အိပ်ထဲထည့်၊ စစ်အသုံးစရိတ်ကို တိုင်းပြည်ဘတ်ဂျက်တဝက်ကျော်သုံးပြီး အခြေခံ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေး စတာတွေကြတော့ မဖြစ်စလောက်နဲ့ထားပြီး နင်တို့ကြောင့် လူတွေဒုက္ခဆင်းရဲရောက်တာပါလို့ပြောတာကို သံယောင်လိုက်လို့ ဖြစ်နိုင်ပါ့မလား။ ကိုယ်မှာရှိတဲ့ အရင်းအမြစ်တွေနဲ့ လက်တွေ့ကျကျ လုပ်ပြနိုင်ရင် တဖက်က ပိတ်ဆို့မှုတွေ ရုပ်သိမ်းသွားမှာပါ။ တကယ်လူထုကို အကျိုးမပြုဆိုရင် အတိုက်အခံနိုင်ငံရေးသမားတွေလည်း လက်လျှော့သွားပါလိမ့်မယ်။ လာမယ့်ရက်သတ္တပတ်တွေမှာ ဒေါ်စုတိုင်းပြည်အနှံ့ ခရီးထွက်တော့မှာမို့ မြန်မာ့နိုင်ငံရေးရေချိန် မြင့်လာပါတော့မယ်။ ဒီတော့ ဒီမိုကရေစီကို ထောက်ခံရင် ရန်သူအားပေး သံယောင်လိုက်စကား မပြောမိဖို့ အထူးလိုအပ်ပါတယ်။ နို့မို့လို့ကတော့ စစ်တပ်သက်ဆိုးရှည်ဖို့ တဖက်လှည့်နဲ့ အားပေးရာရောက်ကြောင်း အသိပေးလိုက်ပါတယ်။
maungmoenyo
July 5, 2011 at 12:14 am
လက်ရှိအာဏာရများနဲ့လက်ဝေခံစီးပွားရေးလုပ်ငန်းရှင်ကြီးများကို ပိတ်ဆို့ခြင်းဖြင့် လူထုအပေါ်ပိုပြီးလက်ဝါးကြီးအုပ်ဗိုလ်ကျလာမယ်ဆိုတဲ့ တွက်ကိန်းက အဆံမပါတဲ့ နိုင်ငံရေးထွက်ပေါက်ထွက်လမ်း ဆင်ခြေပါ။ နိုင်ငံတကာမှာ ရောက်နေကြတဲ့ ဒိတ်ဒိတ်ကျဲ စီးပွားရေးပညရှင်တွေ က အဖြေမျိုးစုံပေးကြပါတယ်။ ဒါပေမဲ့ စီးပွားရေးပိတ်ဆို့မှုနဲ့ ပါတ်သက်ပြီး တိတိကျကျအဖြေမပေးပါဘူး။ တမင် အဖြေမပေးတာလို့ဆိုပါရစေ။ ဘာဖြစ်လို့လဲဆိုတော့ ပုဂ္ဂိုလ်ရေးတွေပါလာလို့ပါ။ စီးပွားရေးပိတ်ဆို့မှုဟာ very specific ပါ။ သက်ဆိုင်တဲ့သူကိုတိုက်ရိုက်ပစ်မှတ်ထားပါတယ်။ targeted ပါ။ စီးပွားရေးလုပ်ငန်းရှင်တွေ ဟာ သူတို့လုပ်ငန်းတွေအမြဲရှင်သန်နေ ဘို့ cash flow ရှိဘို့သိပ်အရေးကြီးပါတယ်။ စီးပွားရေးပိတ်ဆို့မှုဟာ အဲ့ဒီ cash flow ရှိတဲ့နောက်ကို ကောက်ကောက်ပါအောင်လိုက် ပစ်မှတ်ထားပါတယ်။ လွတ်လမ်းမရှိလို့တော့မဆိုလိုပါဘူး။ ဒါပေမဲ့ ရွေးစရာလမ်မရှိပါဘူး။ ဒီတော့ သူတို့မှာရှိတဲ့ သုံးမကုန်အောင်ရှိတဲ့ ဒေါ်လာတွေ ထွက်လမ်းမရှိပိတ်နေပါတယ်။ dollar cash value မှာ cash value မရှိတော့ပါဘူး။ အမေရိကားမှာနေတဲ့ မောင်ဖြူဆိုတဲ့သူရဲ့လက်ထဲမှာကိုင်ထားတဲ့ ငွေသား one dollar ဟာ one dollar တန်ဘိုးအပြည့်ရှိပေမဲ့၊ အဲ့ဒီလိုဒေါ်လာမျိုး one dollar ကိုကိုင်ထားတဲ့ ဇေကမ္ဘာခင်ရွှေ လက်ထဲမှာ one dollar တန်ဘိုးမရှိတော့ပါဘူး။ ဒါဟာ ပိတ်ဆို့မှုရဲ့ ရလာဒ်တွေထဲကတခုပါ။ ဒေါ်လာဈေးတဗုန်းဗုန်းကျနေတာဟာ ငြင်းမရတဲ့ သက်သေတခုပါ။
မြေနီကုန်းက တော်ဝင်ကုန်တိုက်ကြီးမှာ မြန်မာလူထု ရာနှုန်းဘယ်လောက်သုံးနိုင်ကြလဲ? ဘယ်လောက်မှန်မှန်သုံးနိုင်ကြသလဲ။ လူထု(၉၀)ရာနှုန်းကျော်ကနေ့စဉ်မှန်မျန်သုံးရတဲ့ ကုန်တိုက်တခု၊ အားကိုးရတဲ့ကုန်တိုက်တခုဆိုရင်တော့ ပိတ်ဆို့မှုဟာမှားတယ်လို့ဆိုနိုင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီကုန်တိုက်ကိုပိုင်တဲ့ ဒဂုဏ်ဝင်းအောင် ဟာပစ်မှတ်ထဲပါသူတဦးမို့ သူ့ကိုပိတ်ဆို့ထားပေမဲ့ လူထုက ဘာမှထိခိုက်စရာမရှိပါ။ ဘာလို့လဲဆိုတော့ တော်ဝင်ကုန်တိုက်ဟာ မြန်မာလူထုတရပ်လုံအတွက် သေရေးရှင်ရေးမရှိမဖြစ်မဟုတ်လို့ပါ။ ထိုနည်းတူ ရေနံ၊ သဘာဝဓါတ်ငွေ့၊ စက်မှု၊ အထည် ထုတ်လုပ်မှုတွေ….ဒါတွေအားလုံအလားတူပါဘဲ။ အများလူထုကသုံးနိုင်တဲ့ ထုတ်ကုန်တွေမဟုတ်ပါဘူး။ အဲ့ဒီကရလာတဲ့အကျိုးအမြတ်အားလုံးဟာ အဲ့ဒီစီးပွားရေးလုပ်ငန်းရှင်များ နဲ့ ဗိုလ်ချုပ်များ (အရပ်ဝတ်လဲများ) ရဲ့ အိပ်ကပ်ထဲ တိုက်ရိုက် (တိုက်ရိုက်ဆိုတာယုံကြပါဗျာ။) ဝင်သွားပါတယ်။ အဲ..ဝန်ထမ်းအလုပ်နေရာပေါ်ထွန်းလာနိုင်တယ်ဆိုတဲ့ ဆင်ခြေ ကရော…။ ဒါကတော့ရှင်းပါတယ်။ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ ကသူတို့စီးပွားရေးသက်ဇိုးရှေဘို့ labor ကိုပေါပေါလောလော သုံနိုင်ကြပါတယ်။ သူတို့နေ့စဉ်သုံဖြုံးနေကြတာတွေနဲ့ယှဉ်ရင် အပရိကပါ။
ပြောခဲ့တဲ့ နိုင်ငံတကာရောက်မြန်မာစီးပွားရေးပညာရှင်တွေက ဒီပိတ်ဆို့မှုဆိုတဲ့ ကိစ္စမှာကြားဝင် ခေါင်းခံလေ့မရှိပါဘူး။ မဝင်မဖြစ်လို့ဝင်ရရင်လဲ (အစိုးရဘက်နီးရင်) ပိတ်ဆို့မှုတွေ ဖယ်ပေးပါလို့မျက်စေ့မှိတ်ပြီးအော်ကြရပါတယ်။ သေခြာတာတခုကတော့ စီးပွားရေးပိတ်ဆို့မှုဆိုတဲ့ ခေတ်သစ်လက်နက်ဟာ သမန်ကာရှန်ကာ သုံတဲ့ လက်နက်မဟုတ်ပါဘူး။ ထိရောက်မှုအတိုင်းအတာကိုလေ့လာဆန်းစစ်နေကြတဲ့ think tank တွေရှိသလို ဝေဖန်တိုက်ခိုက်နေကြတာတွေ အများကြီးရှိပါတယ်။
ဒေါ်စု က အမေရိကန်ကွနိ်ဂရက်ကို တိုက်တွန်းထားတဲ့ စကားစုကလေးရှိပါတယ်။ “အမေရိကန်အစိုးရအနေနဲ့ လက်ရှိဆောင်ရွက်နေတဲ့ကိစ္စတွေဆက်လုပ်ပါ”…..တဲ့။
winnmyo
July 3, 2011 at 5:16 am
မှန်ပ့ါ Ko Ko Aung ရှင့်…
Thanlwinoo
July 3, 2011 at 6:51 am
ပြည်သူအများဆင်းရဲတာ၊ တိုင်းပြည်စီးပွားရေးချွတ်ချုံကျတာ၊ ပြည်ပပိတ်ဆို့မှုက အဓိကမကျပါဘူး။
ကိုယ်အသုံးမကျတာ သူများကြောင့်လို့ ဆင်ခြေပေးတာပါဘဲ။
အများပြည်သူတွေကို အာရုံလွဲအောင်လုပ်တာပါ။
ဘိလပ်မြေ၊ စားအုန်းဆီလို အခြေခံပစည်းတွေကို လက်ဝါးကြီးအုပ်ထားတဲ့ ကုမဏီတွေကြောင့် ဈေးတက်တာ ပြည်ပနဲ့မဆိုင်ပါဘူး။ ကမာပေါ်မှာ ဖုန်းတွေဈေးပေါပေါသုံးနိုင်တဲ့အခြေအနေမှာ ဈေးကြီးပေး ဝယ်သုံးရတာ၊ ကားတွေကို မတန်တဆဈေးနဲ့ ဝယ်သုံးရလို့ သာမန်ပြည်သူတွေမှာ ကြီးမားတဲ့ဝန်ထုပ်ဝန်ပိုးဖြစ်တာ ပြည်ပနဲ့မဆိုင်ပါဘူး။
သစ်တောတွေ အပြောင်ရှင်း၊ တလကြမ်းခုတ်၊ သစ်လုံးလိုက် နိုင်ငံခြားကို အောက်ဈေးနဲ့ရောင်း၊ သစ်စက်ရုံတွေ ကုန်ကြမ်းပြတ်လပ်လို့ လုပ်ငန်းတွေရပ်ကုန်တာ ပြည်ပပိတ်ဆို့မှုကြောင့် မဟုတ်ပါဘူး။
သဘာဝဓါတ်ငွေ့တွေ၊ ကျောက်မျက်ရတနာတွေကို ရောင်းစားပြီး နေပြည်တော်လို မလိုအပ်တဲ့နေရာတွေမှာ ဘီလီယံနဲ့ချီသုံးတဲ့အတွက် အများပြည်သူအတွက် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးတွေမှာ ထိထိရောက်ရောက်မသုံးနိုင်တာ ပိတ်ဆို့မှုကြောင့်လို့ လက်ညိုးထိုးလို့ မရပါဘူး။
ပိတ်ဆို့မှုဖွင့်မှ မတရားရထားတဲ့ငွေတွေကို တကမာလုံး စိတ်ကြိုက်ဖြုံးနိုင်မဲ့လူတွေကတော့ ပိတ်ဆို့မှုကို အလိုမရှိပါဘူး။
ဘယ်ဟာအဓိကလည်း၊ ဘယ်ဟာ ကိုယ့်အပြစ်ကို ဖုံးကွယ်တာလည်း၊ ဘယ်လိုဖြေရှင်းရင် အားလုံးပြေလည်သွားမလည်း အများပြည်သူများ သိထားသင့်ပါတယ်။
Yan Shin
July 3, 2011 at 6:58 am
စီးပွါးရေးပိတ်ဆို့နေယုံမျှ မက
ကုလုံကောင်စီမှ ဆုံးဖြတ်ချက်ချကာ
နိုင်ငံတကာ ငြိမ်းစစ်တပ်ဖြင့် ပိတ်ဆို့ ဖမ်းဆီးသင့်ပါကြောင်း……………………
zaw min
July 3, 2011 at 7:37 am
ပိတ်ပိတ် ကြိုက်သလောက်ပိတ်…”မင်းတို့ ဘာမှ မစိုးရိမ်နဲ့ မင်းတို့ဘက်မှာ O ရှိတယ်” “O”ဆီကိုသာ သစ်တွေ၊ကျောက်စိမ်းတွေမှန်မှန်ပို့ပေးဖို့ မမေ့နဲ့။
july cancer
July 3, 2011 at 9:18 am
လူဆိုတာက တော်တဲ့လူကနည်းပြီး ညံ့တဲ့လူကများတော. အရေးယူခံရတာမဆန်းပါဘူး…မြန်မာပြည်လူဦးရေသန်း ၆ဝ ကျော်မှာ လူ ၄၀ဝ ပဲဆန်ကာတင်တယ်…
PaukPhaw
July 3, 2011 at 5:52 pm
အင်းစိန်မှာ 400 မကပါဘူး
တော်တဲ့လူတွေ အများကြီးပဲ လေ အရေးယူခံထားရတာ
ဟုတ်တယ် ဟုတ်… ?
hak hak hak :XD
kai
July 3, 2011 at 10:37 am
http://burmese.dvb.no/archives/11773
ပိတ်ဆို့ဒဏ်ခတ်တဲ့ကိစ္စက အပေးအယူအဖြစ်နဲ့ အများကြီးလျှော့ပေါ့ပေးနိုင်တယ်
မနက်ဖြန် မြန်မာနိုင်ငံကို လာရောက်မယ့် ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး ကယ်ဗင်ရတ် (Kevin Rudd) ရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ ဆစ်ဒနီ အခြေစိုက် ဘားမားကမ်ပိန်း ဩစတြေးလျ (Burma Campaign Australia) ရဲ့ ညွှန်ကြားရေးမှူး ဒေါက်တာမြင့်ချိုကို ဆက်သွယ်မေးမြန်းထားပါတယ်။
ဩစတြေးလျက အရင်တုန်းကလည်း အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုပြီးတော့မှ ပြောတဲ့အတိုင်းပဲ ဒီ ခရီးစဉ်မှာလည်းပဲ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ပြောမယ်ဆိုပြီးတော့မှ ကြေညာချက်မှာတော့ ကျနော်တို့ တွေ့တာပေါ့ဆရာ။ Burma Campaign Australia အနေနဲ့ ကျတော့ ထိရောက်မှုက ဘယ်လောက် ရှိနိုင်တယ်လို့ ဆရာတို့ ယူဆလဲ။
“နံပါတ် ၁ အချက်က သွားတဲ့ ဩစတြေးလျဝန်ကြီး ကိုယ်၌ကိုက မြန်မာပြည် ဒီမိုကရေစီအပြောင်းအလဲ ဖြစ်ပေါ်ရေးမှာ တကယ့်ကို အင်တိုက်အားတိုက် ဆောင်ရွက်ချင်တဲ့ ဆန္ဒရှိတယ်။ အရင်တုန်းကလည်း အတိုက်အခံ ဘဝမှာကော၊ ဝန်ကြီးချုပ်ဘဝမှာကော၊ လက်ရှိ နိုင်ငံခြားရေးဝန်ကြီး ဘဝမှာကော တက်တက်ကြွကြွ လုပ်ဆောင်ပေးနေတဲ့အတွက်ကြောင့် သူ့ရဲ့ အင်တိုက်အားတိုက် လုပ်ဆောင်မှုကတော့ တစုံတရာ အကျိုးသက်ရောက်မှု ရှိမယ်လို့ ကျနော် ယူဆတယ်။ နောက်တချက်ကလည်း သွားတဲ့အခါမှာ ဖိအားပဲ ပေးမှာမဟုတ်ဘဲနဲ့ ကူညီနိုင်မယ့် ကိစ္စတွေကိုလည်း အများကြီး ချပြပြီးတော့ ကူညီလက်စနဲ့ တဖက်က အပြောင်းအလဲ လုပ်ပေးမယ့် ကိစ္စတွေကို အပေးအယူ လုပ်ပြီးတော့ ဆွေးနွေးလိမ့်မယ်လို့ ကျနော် ထင်ပါတယ်ခင်ဗျ။”
ဟုတ်ကဲ့ ဘယ်လိုမျိုး ကိစ္စမျိုးတွေလဲ ဆရာ။
“ဥပမာ ဩစတြေးလျကနေ မြန်မာနိုင်ငံမှာရှိတဲ့ ဒီ ဗိုလ်ချုပ်ကြီးတွေနဲ့ သူတို့ရဲ့ မိသားစုတွေနဲ့ စီးပွားရေးလုပ်ဖော်ကိုင်ဖက် အပေါင်းအပါ ၄၆၃ ဦးကို ဘဏ္ဍာရေးအရ ပစ်မှတ်ထားပြီးတော့ ပိတ်ဆို့ထားတဲ့ ကိစ္စတွေ၊ ဩစတြေးလျကို လာလို့မရအောင် ဗီဇာပိတ်ပင်တဲ့ ကိစ္စတွေ၊ မြန်မာနိုင်ငံကို တင်သွင်းနေတဲ့ ကာကွယ်ရေးပစ္စည်းတွေ မရောင်းချရအောင် ပိတ်ပင်ထားတဲ့ ကိစ္စတွေ ဒီ ဆန်ရှင်ကိစ္စတွေဟာ လက်ရှိ နအဖ စစ်အုပ်စုကော၊ လက်ရှိ ကြံ့ဖွံ့အစိုးရကော မလိုချင်ဆုံးအရာပဲ။ အဲဒီအပေါ်မှာ ဩစတြေးလျအစိုးရကို ဆန်ရှင်ပိတ်ဆို့ဒဏ်ခတ်မှု ရုပ်သိ်မ်းဖို့ ပြောမှာပဲ။ အဲဒီတော့ ဩစတြေးလျအစိုးရ အနေနဲ့ကလည်း ဒါတွေ ချမှတ်ထားတာက ဗမာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့အတွက်၊ နောက်ပြီးတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးရေးတွေ ဖြစ်ပေါ်လာအောင်၊ တိ်ုင်းရင်းသားလူမျိုးစုတွေကို လူ့အခွင့်အရေးချိုးဖောက်နေတဲ့ ကိစ္စတွေ ရပ်သွားအောင် ဆိုပြီးတော့ သူတို့ ဆန်ရှင်ပိတ်ဆို့မှုကို တောင်းဆိုထားတာဖြစ်တယ်။ အဲဒီတော့ ဒါတွေကို သူတို့က ပြန်ပြီးတော့ ပြောမယ်ဆိုရင်တော့ ဒီပိတ်ဆို့ဒဏ်ခတ်တဲ့ ကိစ္စတွေနဲ့ပဲ အပေးအယူအဖြစ်နဲ့ အများကြီးလျှော့ပေါ့ စဉ်းစားပေးနိုင်တယ်လို့ ကျနော်ယူဆပါတယ်။”
နောက်တချက်က နိုင်ငံခြားရေးဝန်ကြီး တယောက် ကိုယ်တိုင်က မသွားတာ ကြာပြီပေါ့လေ။ အခုသွားတယ်ဆိုတဲ့ဟာက ဒါက ဘယ်လောက်ထူးခြားတဲ့ ခရီးစဉ်လို့ ပြောလို့ရလဲ။ ဆိုလိုတာက နိုင်ငံခြားရေးပေါ်လစီက ဗမာပြည်နဲ့ ပတ်သက်ပြီးတော့မှ အကြီးအကျယ် ပြောင်းလဲသွားတဲ့ဟာမျိုး ဖြစ်သွားပြီလား ဒီနှစ်တွေထဲမှာ။
“ဒီ လေဘာအစိုးရ တက်လာပြီး နောက်ပိ်ုင်းမှာတော့ အရင်အစိုးရထက် စာရင်တော့ အပြောင်းအလဲတွေ ရှိပါတယ်။ သို့သော်လည်း ဩစတြေးလျ နိုင်ငံရေးမှာ ဘယ်ပါတီပဲ အစိုးရဖြစ်ဖြစ် သူတို့ရဲ့ နိုင်ငံခြားရေးမှုဝါဒက မြန်မာပြည်အပေါ်မှာ ထားရှိတာ အတူတူပါပဲ။ တစ်အချက်ကတော့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ထွန်းကားလာအောင်၊ တွေ့ဆုံဆွေးနွေးရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်ပေါ်လာအောင်ဆိုတဲ့ ရည်ရွယ်ချက်က ဘယ်အစိုးရတက်တက် တူတူပါပဲ။ နောက်တချက်က ဩစတြေးလျမှာရှိတဲ့ မြန်မာနိုင်ငံသား နှစ်သောင်းလောက်ရဲ့ တိုက်တွန်းနှိုးဆော်ချက်တွေကလည်း ဩစတြေးလျအစိုးရကနေ ဂရုစိုက်ရမယ့် အချက်တွေ ဖြစ်တယ်။ ဒီ နှစ်ချက်အပေါ်မှာ အခြေခံပြီးတော့ ဩစတြေးလျအစိုးရတိုင်း အစိုးရတိုင်းဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ နိုင်ငံခြားရေးမူဝါဒ ချမှတ်တဲ့အခါမှာ အမြဲတမ်းလိုလိုပဲ ဆင်တူယိုးမှား ရှိပတယ်။ တခုပဲ ရှိတာက စီးပွားရေးနဲ့ ပတ်သက်လာရင်တော့ အရင်အစိုးရကတော့ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ဖို့အတွက် ပိုဆန္ဒများတယ်။ ဒါပေမယ့် လက်ရှိအစိုးရကတော့ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ပါလို့လည်း မတိုက်တွန်းဘူး၊ မလုပ်ပါနဲ့လို့လည်း မပိတ်ပင်ဘူး။ တဖက်ကနေ စီးပွားရေးလုပ်ရင်တော့ ဥပဒေတွေက စီးပွားရေးလုပ်ငန်းတွေ အာမခံချက် မရှိဘူး၊ စီးပွားရေးလုပ်ငန်းတွေက အန္တရာယ်ရှိတယ်။ ဒါကြောင့်မို့လို့ သွားချင်တဲ့ ကုမ္ပဏီ၊ လုပ်ချင်တဲ့ ကုမ္ပဏီတွေက ကိုယ့်ဟာကိုယ် ဆုံးဖြတ်ပါဆိုပြီး အန္တရာယ်တွေကိုတော့ ကြိုတင်ပြောပြတဲ့အဆင့်ကိုတော့ သူတို့ သတိပေးပါတယ်။ ဆိုတော့ အခု သွားတဲ့ ကိစ္စကတော့ မြန်မာနိုင်ငံရေးကို တကယ်ပဲ နိုင်ငံခြားရေးဝန်းကြီးကိုယ်တိုင် ကိုယ်ကျ သွားရောက် စကားပြောပြီး တိုက်တွန်းနှိုးဆော်မယ်ဆိုတော့ ဒါက ထူးခြားလေးနက်တဲ့ ခရီးစဉ်လို့ ကျနော်တို့ မြင်ပါတယ်။ နောက်တချက်က ဒေါ်အောင်ဆန်းစုကြည်ကိုလည်း တွေ့ပြီးတော့ စကားပြောမယ့် ကိစ္စတွေ ရှိလာတဲ့အခါကျတော့ ဘာပြောပြော ကနေ့ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ လွှတ်တော်နိုင်ငံရေး ပြင်ပမှာရှိတဲ့ အထင်ကရ နိုင်ငံရေးအင်အားစုတွေ အကုန်လုံးကို အသိအမှတ်ပြုတဲ့ ပုံစံမျိုးနဲ့ တလေးတစား ဆက်ဆံတဲ့ ကိစ္စမို့လို့ ဒါကလည်း အရေးကြီးတဲ့ ခရီးစဉ်လို့ ကျနော်တို့ သုံးသပ်ပါတယ်။”
Burma Campaign Australia ကကော ဒီခရီးစဉ်မတိုင်ခင်မှာ သူ့ကို သတင်းစကား ပါးလိုက်တာမျိုး၊ တိုက်တွန်းလိုက်တာမျိုး လုပ်ခွင့်ရခဲ့ပါသလား။
“ဟုတ်ကဲ့ ကျနော်တို့ မေလ ၁၂ ရက်နေ့တုန်းက နိုင်ငံခြားရေးဝန်ကြီး ကင်ဗင်ရတ်နဲ့ ကျနော်တို့ ဖယ်ဒရယ်ပါလီမန်ထဲမှာ တိုက်ရိုက် မျက်နှာချင်းဆိုင် တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ အဲဒီတုန်းကတော့ ကျနော်တို့ နယ်စပ်ဖြတ်ကျော်ပြီးတော့ မြန်မာပြည်က တိုင်းရင်းသားလူမျိုးစုတွေကို အကူအညီပေးဖို့ ဆိုတဲ့ ကိစ္စတွေကို အဓိက ထားပြီးတော့ ကျနော်တို့ ဆွေးနွေးခဲ့ပါတယ်။ တဖက်မှာလည်းပဲ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရရှိရေး၊ တွေ့ဆုံဆွေးနွေးပြီးတော့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာရေး၊ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးတွေ အကုန်လုံးကို ကျနော်တို့ သေချာဆွေးနွေးပြီးတော့ ဒါတွေကို ရအောင် ဆက်ပြီးတော့ ကြိုးစားပေးပါလို့ ကျနော်တို့ သူ့ကို တိုက်တွန်းခဲ့ပါတယ်။”
monmon
July 3, 2011 at 12:17 pm
ဖွင့်ဖွင့် ပိတ်ပိတ်၊ ဘယ်သူသေသေ ငတေမာရင် ပြီးရော ဆိုတဲ့လူတွေ လက်ဝါးကြီး အုပ်ထားသမျှတော့ ဘာမှ ဖြစ်လာမှာမဟုတ်ဘူး….
naywoonni
July 3, 2011 at 1:19 pm
အိမ်းးး လီနင်တို့ သခင်သန်းထွန်းတို့ သခင်စိုးတို့ ခင်ဗျား…. ဒါတွေကို ဒီအတိုင်ကြည့်နေ တော့မှာလား … စိတ်ထဲကပြောတာပါ…။ အပြင်မှာ ပြောရဲပါဝူး..။ 😛
မိုက်ကယ်ဂျော်နီအောင်ပု
July 3, 2011 at 1:24 pm
ဖွင့်တာတို့ ပိတ်တာတို့ ဆိုတာကတော့
ဘာဘာညာညာသိပ်တော့မပြောခြင်ပါဘူး
ပြောသာပြောရတာ စောက်ရေးပါတဲ့စကားမဟုတ်ဘူး
ဒါပေမယ့် တစ်ခုတော့ရှိတယ်
အဖွဲ့အစည်းတွေရဲ့ သဘောတူ၏ ကန့်ကွက်၏ ဆိုတဲ့အကြောင်းတွေကတော့
သူ့ကဏ္ဍနဲ့သူ အရေးပါတယ် ( ဒါက ကျုပ်အမြင် )
အမှန်ဆို သာမန်လူတစ်ယောက်ကို ခင်ဗျားတို့
မေးကြည့်ခြင်းအားဖြင့် လေ့လာကြည့်ဘူးသလား
ကျုပ်ဆိုလိုတာက
သူလိုကိုယ်လို တစ်ယောက်ကို စီးပွားရေးပိတ်ဆို့တာကိုလက္ခံလားလို့မေးကြည့်
ဘာလဲစီးပွားရေးပိတ်ဆို့တယ်ဆိုတာ
သို့မဟုတ်
မသိဘူး နားမည်ဘူးလို့ဆိုလိမ့်မယ်
ကျုပ်ကိုယ်တိုင်တောင် သေသေခြာခြာသိပ်သိတာမဟုတ်ဘူး
ပြောလို့ရတာက ဒီစစ်အစိုးရကို
တစ်ခြား အင်အားကြီးနိုင်ငံတွေနဲ့ စီးပွားရေး ဖက်လဲတစ်ကင်းပြုရေးပေါ့
ဒီနေရာမှာ ဖွင့်ပေးပါလို့ပြောနေတဲ့သူတွေရဲ့အဆို
ဖွင့်ပေးမှ အခြေခံလူတန်စားတွေ ဝင်ငွေရမယ်ဘာညာပေါ့
မဖွင့်ပါနဲ့လို့ပြောတဲ့သူတွေကတော့
ဒီလိုဖွင့်ပေးလို့ သူတို့ဘဲကောင်းစားမယ်ဘာညာပေါ့
ကျုပ်ပြောခြင်တာက ဖွင့်ပေးတယ်မဖွင့်ပေးဘူးထားပါ
ယနေ့လက်ရှိမှာ သယံစာတတွေကို ရောင်းနေဝယ်နေကြတာဘဲ
ဘာဖြစ်လဲ
ဖွင့်ပေးလဲ ရောင်းနေတာဘဲ
မဖွင့်ပေးလဲရောင်းနေတာဘဲ
ဖွင့်ပေးလိုက်တော့ မအေလိုးတွေ နည်းမျိုးစုံနဲ့ခိုးထားတာတွေကို
တရားဝင်ဖြစ်အောင်လုပ်ဘို့လွယ်မယ်
မဖွင့်ပေးတော့ မအေလိုးတွေ နည်းမျိုးစုံနဲ့ခိုးထားတာတွေကို
တရားဝင်လုပ်လို့မရဘူး
အဲ့ခါကြတော့
ပင်လယ်ထဲက ဖောင်ပေါ်မှာ ရတနာထုပ်ကြီးရွက်ပြီး ရေငတ်နေသလို
သဲကန္တာရထဲမှာ ဇိမ်ခံကားကြီး ဘီးမရှိသလိုဖြစ်နေတာပေါ့
ဒါကတော့
ကျုပ်က လွယ်လွယ်လေးဘဲတွေးတယ်
ဘာကိန်းဂဏန်းတွေ ညာတွေ စောက်ပိုတွေလုပ်ပြီး ဘာစာအုပ်မှ မလှန်ထားဘူး
ဒါကို ဘယ်ကောင်က အရိုးအရင်းကိုက်ပြီး
ဘာလာဖြစ်နေတာလဲ
ကဲစီးပွားရေးဖွင့်တယ်ဘာလဲ
ဒီရှိတာတွေဘဲ လာတူးကြမှာဘဲ
ဟိုစီမံကိန်း ဒီစီမံကိန်း နှပဲတစ်ပြားပေးပြီး အိမ်သိမ်းယာသိမ်း ဒါဘဲ
ဆိုတော့ကာ
တံခါးဖွင့်တိုင်း လုပ်လိုက်တဲ့စီမံကိန်းတွေကြောင့်
အသိမ်းခံရတဲ့ မြေယာနေရာတွေမှာ
ခင်ဗျားတို့ အမေလင်အိမ်ယာတွေပါရင်ခင်ဗျားတို့ဘယ်လိုနေမလဲ
ဒါက မြေယာအနေနဲ့သာကျုပ်ပြောတာ
ခင်ဗျားတို့ဆိုတဲ့
အခြခံလူတန်းစားတွေတွက်
ဥပမာ
စက်ချုပ်လုပ်ငန်းတွေ
ပင်လယ်ထွက်ပစ္စည်းတွေကို တိုက်ရိုက်ပို့တာတွေ
ကဲ
အဲ့သည်လို အခြေခံလူတန်းစားတွေတွက်ဘဲသီးသန့်အထောက်ကူပြုမယ့်
လုပ်ငန်းတွေကိုဘဲရွေးပြီးဖွင့်မယ်ဆိုရင်
ခင်ဗျားတို့ပထွေး စစ်အာဏာရှင်တွေနဲ့ အရင်းရှင်တွေကလက္ခံမလား
ဒီလိုလုပ်ငန်းတွေကိုတောင် လက်ဝါးကြီးအုပ်ထားကြတာနော်
တစ်ခြားအရာတွေဆိုပြောမနေနဲ့
ပြောလို့သာပြောရတာ
ယနေ့မြန်မာနိုင်ငံကြီးကည်း
လူမျိုးရေးဆိုပြီး စောက်ရူးထနေကြတာကတစ်မျိုး
အတတ်ပညာပိုင်းဆိုပြီးစောက်ရူးထနေကြတာကတစ်မျိုး
ဘယ်လိုဘဲပြောပြော
အကြင်နာတရား ရှိလေမွဲလေဘဲ
သနားတတ်ရင်ငတ်မယ်
မတရားလုပ်နိုင်မှ
သူများမြေယာတွေကိုသိမ်း သူများမျက်ရည်ကျတာကို ဥပက္ခာပြု
သူများကိုရက်စက်
ကောက်ကျစ် စုပ်ပြတ် ခိုးဝှက်
လုပ်ကြ
ကျုပ်ကတော့မလုပ်နိုင်ဘူး
ကျုပ်လိုကောင်က ဖွင့်ပါပြောလို့ဖွင့်မှာမဟုတ်ဘူး
ပိတ်ပါပြောလို့ ပိတ်မှာမဟုတ်ဘူး
ကျုပ်လဲ လူထဲကလူဘဲ
ရဘို့ရှာဖွေတယ် ရှိဘို့ကျိုးစားတယ်
ဒါပေမယ့် လူတစ်ယောက် ဝမ်းနည်းသွားရင် ကျုပ်စိတ်မကောင်းဖြစ်တယ်
ဒီလိုဖြစ်တတ်တာကိုက ကျုပ်ရဲ့စောက်သုံးမကျတဲ့ စိတ်ဓာတ်ဘဲဖြစ်လိမ့်မယ်
ဒါ့ကြောင့် ဖွင့်ခြင်ရင်လဲဖွင့်ကြ
ပိတ်ခြင်ရင်လဲပိတ်ကြ
ကျုပ်ဖာသာ ထမင်းနပ်မှန်တယ်
သူများရဲ့မျက်ရည်တွေ ဝမ်းနည်းမှုတွေ ဘဝတွေ
စားခြင်ရင်လည်းစားကြ
maungmoenyo
July 4, 2011 at 1:54 am
အမေး -ပိတ်ဆို့မှုတွေ…..ခုခေတ်မြန်မာစီးပွားရေးလုပ်ငန်းရှင်ကြီးတွေ ကိုတကယ်လက်တွေ ထိခိုက်စေပါသလား?
အဖြေ – ကြိမ်းသေပေါက် ထိခိုက်ပါတယ်။
အမေး – လူထုကိုကော?
အဖြေ – သွယ်ဝိုက်သောနည်းနဲ့ထိခိုက်ပါ (သတိချပ်ရန် – အဲ့ဒီစီးပွားရေးလုပ်ငန်းရှင်တွေရဲ့ထုတ်ကုန်ပစ္စည်း နဲ့ အကျိုးဆောင်လုပ်ငန်းတွေကိုအသုံးပြုမှပါ) သို့မဟုတ်ရင် ထိခိုက်ရန်မရှိပါ။
အမေး – ဒါဆိုဘာလို့ လူထုကဒီနေ့ထိ စီးပွားရေးစားဝတ်နေရေး နလံမထူသေးတာလဲ?
အဖြေ – အစိုးရရဲ့ အမြှော်အမြင်မရှိ၊ စေတနာမပါတဲ့ အုပ်ချုပ်ရေးသက်သက်ကြောင့်သာဖြစ်ပါတယ်။ နိုင်ငံတကာစီးပွားရေးပိတ်ဆို့မှုနဲ့ လားလားမှ မသက်ဆိုင်ကြောင်းပါခင်ဗျား။
ယုံကြပါဗျာတို့…။ ဗိုလ်ချုပ်ကြီးများ နဲ့ ခု အစိုးရအဖွဲ့ဝင်များ ကိုဝန်းရံနေကြတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ ရဲ့ အိမ်တွေမှာ မိသားစုချင်းစကားပြောကြရင် ဒီပိတ်ဆို့မှုတွေကိုဘယ်လောက်တောင်ဒေါသ (ကြိတ်ပုန်းဒေါသ) ထွက်ကြလည်းဆိုတာ မြင်ကြရင်………..။
forever
July 4, 2011 at 2:07 am
အနောက်ကပိတ်လေ တရုတ်ကြိုက်လေပါဘဲ….
ဘာလို.လဲဆိုတော. မတရားသဖြင်.ရထားတာတွေ
မြန်မာပြည်မှာလဲမထားရဲ အနောက်ကလဲလက်မခံတော.
တရုပ်မှာသွားထားနေကြရတယ်
တကယ်တမ်းဆက်ရှင်ပြန်ဖွင်.ပေးမှာကိုအကြောက်ဆုံးက
ကိုတရုပ်ကြီးဘဲ အနောက်နဲမြန်မာအဆင်ပြေမှာ သူလက်မခံနိင်ဘူးလေ
မင်းပြည့်ရှိန်
July 4, 2011 at 2:41 am
ဟိုလို လုပ်ပါလား..
ဒီလို လုပ်ပါလား..
ငါလည်း မလုပ်တတ်ဘူး…
“ကျီးယောင်ဆောင်ဒေါင်းတွေ၊ စားဖားတွေ၊ နောက်ဆွဲတွေ ဘာလုပ်ပေးနိုင်သလဲ” တဲ့…
အမယ်မင်း…ပြောရက်လိုက်တာ…ပြောရက်လိုက်တာ…
သူ့မယားလိုချင်..သူ့လင် လှံနဲ့ထိုး…
သူ့အာဏာ လိုချင်..သူ့ဖင်လှံနဲ့ထိုး… (ဒါမှ ထိုင်ခုံပေါ်က ထမှာ)
ဒီမှာ မောင်ရင်…
မင်းအုပ်ထိန်းသူတွေက… ရပ်ကွက်ထဲက လူ့ခွစာ တွေမဟုတ်လား… အရက်သမား..ဖဲသမား….
ဟေ့… မင်းတို့ကို အုပ်ထိန်းတဲ့သူ အသုံးမကျလို့ ငါတော့ မင်းကို ကျောင်းမှာ လက်မခံနိုင်ဘူး…
သတင်းထူး…
စီးပွားရေး တုတ်နဲ့ ထိုးလိုက်တာ… မြန်မာပြည်ရဲ့ စစ်အစိုးရ ပြုတ်ကျသွားဆိုပဲ..
ဟုတ်လား..
ဒါဆို အခု ဘယ်သူတွေ တက်လာသလဲ….
အစိုးရသစ်တဲ့…. ပြောင်းလဲရေးတွေ လုပ်မယ်ပြောတယ်…
ဘယ်လိုလဲ အခြေအနေ..
မထူးပါဘူးကွာ…. အာဏာရတာနဲ့ ပြောချင်တာပြော..လုပ်ချင်တာလုပ်နေကြတာပါပဲ…
researcher
July 4, 2011 at 4:08 am
တိုင်းရေး၊ ပြည်ရေး၊ နိုင်ငံ့အရေး၊ စီးပွားရေး အကြံပြု ဆွေးနွေးလောက်အောင် အတွေ့အကြုံ မပြည့်ဝဘူးလို့ထင်လို့ ဝင်ရောက်မဆွေးနွေးပေမယ့် အခုလို တိုင်းပြည်အတွက် အရေးတယူ ပြောကြ ၊ ဆိုကြ ၊ ဆွေးနွေးကြတာတွေကို ဖတ်ရတာ အင်မတန်ကြိုက်ပါတယ်။ မှားတာ မှန်တာ အသာထားလို့ ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး နဲ့ပတ်သက်ပြီး ကိုယ်လက်လှမ်းမီတဲ့ အနေအထားကနေ ပိုင်းခြားဝေဖန်သုံးသပ် တွေးခေါ်တတ်တဲ့ အလေ့အကျင့်တွေရစေတဲ့ အတွက် ဒီလိုဆွေးနွေးစရာတွေပါတဲ့၊ အမြင်ချင်းဖလှယ်နိုင်နဲ့ post မျိုးကို များများဖတ်ချင်ပါတယ်။ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ အားလုံးကိုလဲ သဘောကျပါတယ်။ တဆက်တည်းမှာပဲ တက္ကသိုလ်တွေမှာ နိုင်ငံရေးသိပ္ပံ ဆိုတဲ့ ဘာသာရပ်ပျောက်သွားတာကို လွမ်းမိပါတယ်။
maungmoenyo
July 4, 2011 at 11:23 pm
လမ်းစဉ်ပါတီခေတ် တုံးက တပ်တွေမှာ တိုင်းတပ်တွင်းပညာပေးသင်တန်းတွေ နဲ့ အရပ်ဘက်မှာတော့ ဗနတ လို့ခေါ်တဲ့ ဗဟိုနိုင်ငံရေးတက္ကသိုလ် ဆိုတာရှိခဲ့ဘူးပါတယ်။ တစ်ပါတီစနစ်မို့ မြန်မာလမ်းစဉ်နဲ့သွားတဲ့ ဆိုရှယ်လစ်လမ်းစဉ် ကို လူထုခေါင်းထဲရိုက်သွင်းနိုင်ဘို့ကြိုးစားခဲ့ပါတယ်။ ခက်တာက ကိုယ်ကိုယ်တိုင်အခက်အခဲ ကြဉ်ထဲကြပ်ထဲရောက်လာတော့ အဲ့ဒီပါတီကိုထူထောင်ခဲ့ပြီး ပြည်တွင်း၏အင်အားပြည်တွင်းမှာသာရှိသည် လို့ကြွေးကြော်ခဲ့တဲ့ ဗိုလ်နေဝင်းကိုယ်တိုင် ပြည်ပကနေခွာ ဘို့ကြိုးစားခဲ့တယ်ဆိုတာကြည့်လေ။
ဆိုလိုတာက ဘယ်လိုနိုင်ငံရေးသိပ္ပံဘာသာရပ်တွေ သင်သင် ဘဝနဲ့ယှဉ်လာရင် အဲ့ဒီ တွေးခေါ်မြှော်မြင်မှုတွေ နောက်ကောက်ကျသွားတတ်ပါတယ်။
လက်ရှိ ဗိုလ်သိန်းစိန်ရဲ့ အစိုးရအဖွဲ့မှာ ယခင်နိုင်ငံရေးသိပ္ပံ သင်တန်းဆင်းကေဒါတွေ ပါလာတာကိုလေ့လာကြည့်ကြပါ။ သူတို့တတွေကဘဲ သူတို့လေ့လာလိုက်စားခဲ့တဲ့ စနစ်ကို လက်ညှိုးငေါက်ငေါက်ထိုးဝေဖန်နေကြပြီလေ…….
bigcat
July 4, 2011 at 5:29 am
သံမှူးကြီး ဦးကျော်ဝင်း နိုင်ငံရေး ခိုလှုံခွင့် တောင်းခံ
2011-07-03
ဝါရှင်တန် ဒီစီရှိ အမေရိကန်နိုင်ငံ ဆိုင်ရာ မြန်မာသံရုံး ဒုတိယ အကြီးအကဲဖြစ်တဲ့ သံမှူးကြီး ဦးကျော်ဝင်းဟာ သူ့ရဲ့တာဝန်တွေကို စွန့်လွှတ်လိုက်ပြီး အမေရိကန် ပြည်ထောင်စုမှာ ဒီကနေ့ ဇူလိုင်လ ၄ ရက်နေ့မှာ နိုင်ငံရေး ခိုလှုံခွင့်တောင်းခံလိုက်ပါတယ်။
RFA
၂၀၁၁ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့မှာ အမေရိကန်နိုင်ငံမှာ နိုင်ငံရေး ခိုလှုံခွင့်တောင်းခံလိုက်တဲ့ ဝါရှင်တန် ဒီစီရှိ အမေရိကန်နိုင်ငံ ဆိုင်ရာ မြန်မာသံရုံး ဒုတိယ အကြီးအကဲဖြစ်သူ သံမှူးကြီး ဦးကျော်ဝင်း ဖြစ်ပါသည်။ ဓါတ်ပုံ – RFA
နိုင်ငံခြားရေးဌာနမှာ ၁၉၈ဝ ခုနှစ်က စပြီး တာဝန် ထမ်းဆောင်ခဲ့တဲ့ သံမှူးကြီး ဦးကျော်ဝင်း က သူဟာ မြန်မာ အစိုးရ အပေါ်မှာ ယုံကြည်မှု ကင်းမဲ့ သွားပြီ ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပခဲ့တာ မှန်ပေမယ့် အမှန် ပကတိမှာ ဒီမိုကရေစီ အရိပ်အယောင် မြင်တွေ့ရခြင်း မရှိကြောင်း၊ အမေရိကန် ပြည်ထောင်စုက မြန်မာအစိုးရ ခေါင်းဆောင်ပိုင်း အပေါ် ကန့်သတ် ပိတ်ပင်မှုကို မိမိ ထောက်ခံကြောင်း၊ တပြိုင်နက်မှာပဲ အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာ အစိုးရ အပေါ် အနီးကပ် ဆက်ဆံမှုတွေကို တိုးချဲ့သင့်ကြောင်း စသဖြင့် အာအက်ဖ်အေ နဲ့ သီးသန့် တွေ့ဆုံရာမှာ ပြောဆိုလိုက်ပါတယ်။
bigcat
July 4, 2011 at 5:47 am
အမေရိကန်ဆိုင်ရာ မြန်မာဒုသံမှူးက နိုင်ငံခြားရေးဝန်ကြီးကလင်တန်ထံ စာရေးပို့
မိုးမခ၊ ဇူလိုင် ၄၊ ၂၀၁၁
လွန်ခဲ့သည့် နာရီပိုင်းအတွင်းက မြန်မာစစ်အစိုးရကို စွန့်ခွာပြီး အမေရိကန်ပြည်တွင် နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားသူ ဒုသံမှူး ဦးကျော်ဝင်းက နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ထံ တိုက်ရိုက်စာရေးသားပေးပို့သည်ဟု ယုံကြည်စိတ်ချရသည့်သတင်းရင်းမြစ်တခုက ထုတ်ဖော်ပြောဆိုသည်။
အဆိုပါ ပေးစာတွင် ၎င်းက ထုတ်ဖော်ပြောဆိုရာတွင် မြန်မာစစ်အစိုးရကိုယ်စား အမေရိကန်သံတမန်လောက၊ အစိုးရမဟုတ်သော အသိုင်းအဝိုင်း၊ နိုင်ငံရေးလောကနှင့် အသိုင်းအဝိုင်းများကို ထိတွေ့ဆက်ဆံမှုများ ပြုလုပ်ခဲ့သူတဦးအဖြစ် တာဝန်ယူခဲ့သူ ဖြစ်ကြောင်း၊ အမေရိကန်နှင့် ဆက်ဆံရေးကောင်းမွန်စေရန် မိမိ၏ အကြံပြုချက်များကို နေပြည်တော်အစိုးရက အစဉ်တစိုက် ပယ်ချခဲ့ကြောင်း၊ မိမိယခု မြန်မာစစ်အစိုးရကို စွန့်ခွာရခြင်းမှာ မြန်မာပြည်သူများအပေါ် ကျောခိုင်းခြင်းမဟုတ်ကြောင်း ထုတ်ဖော်ရေးသားထားသည်။
အမေရိကန်၏ စစ်အစိုးရအပေါ် ပိတ်ဆို့အရေးယူမှုများကို ထောက်ခံကြောင်း၊ ကုလသမဂ္ဂကိုယ်တိုင်က မြန်မာစစ်အစိုးရ၏ လူ့အခွင့်အရေးချိူးဖော်မှုများ၊ ရာဇဝတ်မှုများကို ဖော်ထုတ်စစ်ဆေး အရေးယူခြင်းကို အမေရိကန်က ထောက်ခံဆောင်ရွက်စေလိုကြောင်း၊ စစ်အစိုးရထောက်ခံသူ စီးပွားရေးသမားများ၊ အလိုတော်ရိများကိုပါ ဆက်လက်ပိတ်ဆို့အရေးယူစေလိုကြောင်း တိုက်တွန်းရေးသားထားသည်ကို တွေ့ရသည်။
The Honorable Hillary Clinton
The Department of State
2201 C Street NW
Washington, DC 20520 Dated : July 4, 2011
Dear Secretary Clinton,
I am writing to inform you that, as of today, I have no choice but to leave the service of the
Government of Myanmar and I am formally requesting political asylum in the United States for
me and my family. After over 31 years of service in the Ministry of Foreign Affairs, I had lost
confidence and my conscience would no longer allow me to work for the government. It has
always been my hope that democratic reform could finally be realized in my country. The truth is
that, despite the election that was held up as a democratic process, the military continues to hold
uncontested power and democratic change under this system will not happen in the foreseeable
future.
As the Deputy Chief of Mission to the Myanmar embassy in Washington, I was responsible for
reaching out to the Washington, D.C.-based diplomatic community, members of Congress, the
media and the governmental and NGO circles. Unfortunately, my efforts of reaching out to
groups and individuals here, and my reports suggesting of actions to improve bilateral relation
between Myanmar and the U.S. have been continually rejected and resulted in my being deemed
dangerous by the government. Because of this, I am also convinced and live in fear that I will be
prosecuted for my actions, efforts and beliefs when I return to Naypyidaw after completing my
tour of duty here.
When I first began my service in the Foreign Ministry I thought that, over time and perhaps
with the help of my efforts, the military would ease its grip and send Myanmar on a path to
greater political pluralism. However, the truth is that senior military officials are consolidating
their grip on power and seeking to stamp out the voices of those seeking democracy, human
rights and individual liberties. Oppression is rising and war against our ethnic cousins is
imminent and at present, threats are being made against Aung San Suu Kyi –they must be taken
seriously.
I have not left the service of my people, but I have defected from working for a government
which is against its countrymen. I know that many in the military believe, like me, that the army
of General Aung San has been corrupted and is now an oppressor of the people, not a defender of
the people. I want to urge them not to fear democracy, but embrace it as the only way forward
that can bring peace to the land we love. They too can become the heroes for whom the army
used to represent by preventing violence and take steps to ease tensions and build respect with
our ethnic minorities.
Madam Secretary, I respectfully want to urge you to use the political will of the United States
to create through an international body, a council of inquiry to investigate the human rights
violations that have taken place in the conflict zones of my country by the government’s armed
forces or any other armed groups. I also respectfully urge you to fully implement highly targeted
financial sanctions against the government and their cronies that serve to keep them in power.
These sanctions can play a critical role in denying the regime, and the businessmen who live off
of them, access to the international financial system.
The United States has played a special role in standing up for democracy and freedom in my
country. Please, it is more important than ever that my country not be allowed to disappear
behind the headlines of countries experiencing their own troubles. There are many civil servants
and those in the military who can benefit greatly from greater exposure to the international
community and international norms and values. Continued engagement with my government at
all levels can help open a window, change the mindset imprinted by the regime, and let them see
an alternative path towards peace and freedom.
Recently, Mongolian President Elbegdorj, a strong supporter of democracy in my country,
spoke in Washington where he stated that “no dictatorship, no military regime, no authoritarian
government can stand against the collective will of a people who want to be free.” I could not
agree more and I hope those words start the leaders in Naypyidaw thinking about how to build
meaningful peace and prosperity in Myanmar.
I look forward to devoting my time, energy and my future to the freedom of my homeland. I
thank you for your efforts on behalf of my countrymen and, as the American people celebrate
their Independence Day, we will one day soon celebrate ours. The democracy movement in my
country cannot be crushed. It is alive and well and at some point will prevail.
Sincerely,
Kyaw Win
မိုက်ကယ်ဂျော်နီအောင်ပု
July 4, 2011 at 5:57 am
ဒါမှ ဒို့ဘကြီး
ဘဂျီးမောင်မိုးညို နဲ့
ဒို့ အကိုကြီး ကိုကြောင်ကြီးကွ
မှတ်ထားကြ
ဘုမသိဘမသိ လာမဖောလ်နဲ့
ဒို့ အကိုကြောင်ကြီးနဲ့
ဒို့ဘကြီး
ဘဂျီးမောင်မိုးညိုနဲ့တွေ့သွားမယ်
ဘာမှတ်သလဲ
မိုက်ကယ်ဂျော်နီအောင်ပု
July 4, 2011 at 5:58 am
အထူးသဖြင့်
သဂျီး
ကြပ်ကြပ် သတိထား 😀 😀 😀
ရွှေဘိုသား
July 4, 2011 at 7:52 am
ကိုကြောင်ကြီးကို ကျေးဇူးအများကြီးတင်တယ်ဗျာ
နိုင်ငံရေးခိုလှုံခွင့်တောင်းတယ်ဆိုတာကြားလို. ဖတ်မလို. ဆိုဒ်ဖွင်.တော.လည်း ကွန်ကမတက်တာနဲ.
မသိဘူးဖြစ်နေတာ အခုတော. ကိုကြောင်ကြီး ကောင်းမှုကြောင်.သိသွားပြီ