Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

နှစ် ၇ဝ ကြာ အစာမစား၊ ရေမသောက်ဘဲ နေလာခဲ့သည်ဆိုသော ဆာဒူးကြီး..

BayoteMay 5, 20101min52613

နှစ် ၇ဝ ကြာ အစာမစား၊ ရေမသောက်ဘဲနေလာခဲ့သည်ဆိုသော အသက် ၈၂ နှစ်အရွယ်ရှိ ဆာဒူးကြီးအား အိန္ဒိယစစ်ဘက်သိပ္ပံပညာရှင်များက သုတေသနပြုလုပ်လျက်ရှိကြောင်း သိရသည်။        ပရာလက်ဒ်ဂျာနီအမည်ရ ဆာဒူးကြီးကို ဂူဂျာရက်ပြည်နယ် အမာ ဒါဘက်ရှိဆေးရုံတစ်ရုံတွင်ထားရှိပြီး အိန္ဒိယကာကွယ်ရေးသုတေသနအဖွဲ့ က ဆရာဝန်များနှင့်အတူ စောင့်ကြည့်လေ့လာလျက်ရှိသည်။ဆာဒူးကြီးသည် စောင့်ကြည့်လေ့လာသူများနှင့် ကင်မရာများရှေ့မှောက်တွင် အစာမစား၊ ရေမသောက်ဘဲနေသည် မှာ ဧပြီလ ၂၈ ရက်နေ့တွင် ၆ ရက် မျှရှိလာပြီဖြစ်သော်လည်း ၎င်းခန္ဓာ ကိုယ်သည် ငတ်မွတ်မှု၊ ရေဓာတ်ခန်းခြောက်မှုတို့ကြောင့် ဖြစ်သည့်သက်ရောက်မှုဆိုးကျိုး တစ်စုံတစ်ရာမျှရှိသည်ဟု မတွေ့ရကြောင်း ဆရာဝန်များက ပြောကြားသည်။

ပရာလက်ဒ်ဂျာနီသည် အသက် ရ နှစ်အရွယ်ကတည်းက အိမ်မှ ထွက်လာခဲ့သူဖြစ်ပြီး ဆာဒူးအဖြစ် ရာဂျာ့စ်သန်ပြည်နယ်တွင် လှည့်လည်နေခဲ့သူဖြစ်သည်။ ၎င်းသည် သမထစွမ်းအားဖြင့် အာဟာရသိဒ္ဒိပြီးနေသူဟု ထင်ရှားသူဖြစ်သည်။

သဘာဝလွန် စွမ်းအားများရှိသည်ဟု ထုတ်ဖော်သူများကိုလေ့လာသည့် နာမည်ကျော်အိန္ဒိယဆရာဝန်တစ်ဦးကလည်း ယင်းဆာဒူးကို ထောက်ခံချက်ပေးထားသည်။သို့ရာတွင် အချို့ကလည်း လှည့်စားမှုမျှသာဖြစ်သည်ဟု ဝေဖန်မှုများလည်း ရှိနေသည်။

အိန္ဒိယကာကွယ်ရေးသုတေသနဖွံ့ဖြိုးရေးအဖွဲ့မှ သိပ္ပံပညာရှင်များသည် လူမဲ့လေယာဉ်၊ တိုက်ချင်းပစ်ဒုံး၊ ဗုံးအသစ်အဆန်းများကိုပါ တီထွင်ခဲ့ကြသူများဖြစ်ပြီး ဆာဒူးကြီးကို လေ့လာမှုမှတဆင့် စစ်သားများ အစာရေစာပြတ်လပ်ချိန်တွင် မည်သို့နေထိုင်ရမည်၊ သဘာဝဘေးအန္တရာယ်ကျရောက်သည့်အရပ်မှ ဒေသခံများ အကူအညီများမရောက်ရှိလာမီ မည်သို့ရှင်သန်အောင်နေရမည်တို့နှင့် ပတ်သက်ပြီး အကူအညီတစ်ရပ်ရရန် မျှော်လင့်ထားသည်။

“သူပြောတဲ့အတိုင်းသာ အမှန်ဆိုရင်တော့ ဒါဟာဆေးပညာသမိုင်းမှာ အောင်မြင်မှုတစ်ရပ်ပါပဲ”ဟု Defence Institute of Physiology & Allied Sciences မှ ညွှန်ကြားရေးမှူး ဒေါက်တာဂျီ၊အီလာဗက်ဇ်ဟန်ဂန်က ပြောကြားခဲ့သည်။

ပရာလက်ဒ်ဂျာနီသည် ဧပြီလ ၂၈ ရက်နေ့ အထိခြောက်ရက်အတွင်း အစားမစား၊ ရေမသောက်ဘဲနေခဲ့သလို ကျင်ကြီးကျင်ငယ်စွန့်ခြင်းလည်းမရှိဘဲ ကျန်းကျန်းမာမာရှိနေကြောင်း သိရသည်။ ၎င်းကို အနည်း ဆုံး ၁၅ ရက်မျွှ ထပ်မံစောင့်ကြည့် သွားမည်ဖြစ်ပြီး ကိုယ်ခန္ဓာချို့ယွင်းချက်များ ဖြစ်ပေါ်လာခြင်းရှိ မရှိကို ၂၄ နာရီကင်မရာများ၊ လူများဖြင့် စောင့်ကြည့်သွားမည်ဖြစ်သည်။

လူအများစုမှာ အစာမစားဘဲ ရက် ၅ဝ ထက် ပိုမနေနိုင်သလို ယင်း ရက် ၅ဝ တွင်း ခန္ဓာကိုယ်တွင်းချို့ယွင်းပျက်စီးမှုများဖြင့် ရောဂါဘယများဝင်လာကာ သေဆုံးရလေ့ရှိသည်။

Source : Weekly Eleven

More : http://www.digitaljournal.com/article/291384

http://www.aolhealth.com/2010/04/29/scientists-studying-man-who-claims-to-have-not-eaten-in-70-years/

http://tikimedia.blogspot.com/2010/04/men-do-not-eat-and-drink-over-70-years.html

http://www.bruneinews.net/story/629648

13 comments

  • yannaingech

    May 5, 2010 at 4:24 am

    စစ်သားတွေ ခဏထားပါဦးဗျာ…လူတွေအားလုံးအတွက်ပါ…အနည်းဆုံးတစ်နေ့ထမင်းတစ်နပ်လောက်ဖြစ်ဖြစ် မစားဘဲနေလို့ရနိုင်လောက်မယ့် Result မျိုး ထွက်လာရင် ကောင်းမှာ။ တစ်နပ်သက်သာလည်း ..နည်းလား

  • laypyay

    May 5, 2010 at 6:03 am

    အင်း စဉ်းစားရတော့ခက်သားဗျ ဘာသာရေး အရ တွေးကြည့်ပြန်တော့ မဖြစ်နိုင် ဆေးပညာအရလဲ မဖြစ်နိုင် ဆိုတော့ ကာ.. လက်တွေ စမ်းသပ်တဲ့နေရာမှာ စိစစ်သေချာဘို့တော့လိုမယ်ထင်တယ်..။

  • Rain girl

    May 18, 2010 at 7:13 am

    အဲ့လို မစားဘဲနေနိုင်တာ တစ်ခုခုတော့ရှိမယ်။ ဆေးပညာအရကတော့မဖြစ်နိုင်ဘူး။ သိပ္ပံပညာအရလည်း သိပ်မဖြစ်နိုင်ဘူး။ ဒါပေမယ့် ဝိဇ္ဇာပညာအရတော့ ဖြစ်နိုင်ပါတယ်။

  • banban

    May 18, 2010 at 8:09 am

    သိပ္ပံရဲ့အဆုံးဟာ ဝိဇ္ဇာရဲ့အစတဲ့…

  • moethiha

    May 22, 2010 at 10:04 am

    ဖြစ်နိုင်လောက်ပါဘူးဗျာ။အဲ့ဒါကကျင့်ကြံမှရတာဗျ။

  • shwenyarmaung

    June 7, 2010 at 2:00 pm

    စစ်သားတွေ ခဏထားပါဦးဗျာ…လူတွေအားလုံးအတွက်ပါ…အနည်းဆုံးတစ်နေ့ထမင်းတစ်နပ်လောက်ဖြစ်ဖြစ်

    မစားဘဲနေလို့ရနိုင်လောက်မယ့် Result မျိုး ထွက်လာရင် ကောင်းမှာ။ တစ်နပ်သက်သာလည်း ..နည်းလား

    ထမင်းတနပ်1000ဆိုပါတော.

    သန်း6000တနပ်မစားရင်သန်း6000000ချွှေတာရာရောက်တာပေါ.

    6000million dollarsပေါ.ဗျာ

  • Amie

    June 15, 2010 at 6:34 am

    i don’t believe it ….. that guy is also human ….how can human live without eating, drinking, going pee and poo…no way,man…. even Buddha ate 2 meals daily to keep surviving ……..

  • etone

    June 29, 2010 at 3:26 am

    အလိမ်တွေနေမှာပါ မယုံပါဘူး ။ မစားပဲနေလို့ရမလား သူလည်း လူပဲဟာကို ။ အရှင်ထွက်လည်းမဟုတ်ဘူး ။

  • gar

    June 29, 2010 at 5:19 am

    ့အစားအသက်ရရက်ရေအသက်တစ်မနံနက်လို. ကြားတာ
    ဆာဒူးကြီး လုပ် မ ပဲ နှစ် ၇ဝ ကြာ အစာမစား တဲ. လူ ကို တွေ. ဘူး တည်

  • cobra

    June 29, 2010 at 5:39 am

    ဟုတ်ကောဟုတ်လို့လား။ဒါဟာတယ်ဆိုရင်တော့ကောင်းတယ်။ဆာဒူးကြီးနည်းအတိုင်းလိုက်ကျင့်လို့ရတာပေါ့။ကျွန်တော်တို့နိုင်ငံကကုန်ဈေး
    နှုန်းကိုလည်းအံတုရင်းနဲ့ပေါ့။

  • Yin Nyine Nway

    July 22, 2010 at 7:46 am

    သူ့ကိုတွေ့ရင်မေးပေးပါ
    နည်းလေးပေးပါလို့
    ဟီး..

  • winne

    July 23, 2010 at 10:47 am

    ဘယ်လိုဘဲ ပြောပြော ဒါမျိုးတွေကတော့ ကြားဖူးတယ် ငယ်ငယ်က ပုံပြင်လိုမျိုးတွေ လက်တွေ့တော့ မပြောတတ်ဘူး။ အိန္ဒိယမှာက အဲဒါတွေ သိပ်ခေတ်စားတာ အကျင့်ထူးဆိုတာတွေကိုလူတွေက လိုက်ရှိခိုးနေကြတာ.. လူတွေလည်း အသိဉာဏ် တိမ်ကြတာကို

  • tunaung

    October 5, 2010 at 4:18 am

    သူတို့စောင့်ကြည့်တာ6ရက်ဘဲရှိတာ 10ရက်ရောက်တော့ဘာဖြစ်သွားလဲဆက်ရေးလေ အယုံလွယ်ယင်အလိမ်ခံရဘို့များတယ် လုံးဝမဖြစ်နိုင်ပါဘူး….မျက်လှည့်ဆရာဒေးဗစ်ကော်ပါဖီး တောင်လူတွေရှေ့မှာကောင်းကင်ကိုငှက်ကလေးလိုပျံပြနိုင်သေးတာ နောက်တော့လဲအဖြေမှန်သိလါရမှာပါ စောင့်ကြည့်ကြပါအုံး……..

Leave a Reply