Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မြန်မာယူနီကုတ် သုံးကြပါစို့။

Ma MaJuly 6, 20111min48316

classified@myanmartimes.com.mm မှ ရရှိတဲ့ မေးလ် ကို ရှယ် ပေးလိုက်ပါတယ်။ myanmaritmenUsing Myanmar NLP Unicode Utilities

Posted: 05 Jul 2011 10:38 AM PDT

Myanmar NLP အဖွဲ့က ထုတ်ဝေထားတဲ့ Unicode Utilities တွေဟာ အစွမ်းထက်သထက် ထက်လာတာကို ဝမ်းသာအားရနဲ့ ကြိုဆိုမိပါတယ်။ အရင်တုန်းက တခြား Font နဲ့ ရိုက်ထားတဲ့ စာတွေကို Unicode သို့ Convert လုပ်နိုင်ရုံအဆင့်ပဲ ရှိပေမဲ့ အခုတော့ Searching,Word Break, Phrase Break တွေပါ ရလာပါပြီ။ အဲဒီ Utitities တွေကို Microsoft Word 2007 နဲ့ ဘယ်လိုတွဲပြီး အသုံးပြုရမလည်းဆိုတာလေးကို ရေးသား တင်ပြလိုက်ပါတယ်။
ပထမဆုံးတော့ Unicode Font နဲ့ Keyboard ကို Install ပြုလုပ်ဖို့ လိုပါတယ်။ Myanmar NLP အဖွဲ့ကတော့ KeyMagic ကို Recommend ပေးထားတာ တွေ့ရပါတယ်။ အခုနောက်ဆုံးထွက်လာတဲ့ မြန်စံယူနီကုတ်ဟာ KeyMagic နဲ့ Myanmar 3 ကို တွဲဖက်အသုံးပြုထားပြီး တခြားပြုပြင်ပြောင်းလဲမှုတွေ လုပ်ထားတာမို့ ယူနီကုတ်အတွက် မြန်စံ ကိုသာ သုံးစွဲဖို့ လက်တို့လိုက်ပါရစေ။ မြန်စံကို အောက်ပါလင့်ခ်မှာ Download ဆွဲပါ။ Zip ဖိုင်ထဲမှာ Install ရော အသုံးပြုပုံပါ ပါဝင်ပြီးသားဖြစ်ပါတယ်။

http://www.myanmarnlp.org.mm/sites/default/files/MyanSanKeyboard.zip

မြန်စံကို Install လုပ်ပြီးရင်တော့ Microsoft Word 2007 မှာ မြန်မာစာတွေကို ရှာဖွေခြင်း၊ ပုဒ်ဖြတ်ခြင်းတွေ ပြုလုပ်နိုင်ဖို့အတွက် Unicode Addins တစ်ခုကို ထပ်မံ Install ပြုလုပ်ဖို့ လိုပါလိမ့်မယ်။ အောက်ပါ Link ကနေ Download ဆွဲပါ။

http://www.myanmarnlp.org.mm/sites/default/files/MsWord07_UnicodeUtilities_Addin.zip

Microsoft Excel 2007 မှာ မြန်မာစာတွေကို အက္ခရာစဉ်နိုင်ဖို့အတွက် အောက်ပါ Addin ကို Download လုပ်ပြီး Install ပြုလုပ်ပါ။

http://www.myanmarnlp.org.mm/sites/default/files/MsExcel07_UnicodeUtilities_Addin.zip

အားလုံး Install ပြုလုပ်ပြီးသွားရင်တော့ စတင်အသုံးပြုနိုင်ပါပြီ။ Segmentation ကို အရင်စမ်းသပ်ကြည့်ရအောင်ပါ။ Microsoft Word ကိုဖွင့်ပါ။ Myanmar3 Font ကို ရွေးချယ်ပြီး မြန်မာစာကြောင်း တစ်ကြောင်းလောက်ကို Space တွေ မခြားဘဲနဲ့ ရိုက်ကြည့်ပါ။ ပြီးရင် Save လုပ်ပါ။ အပေါ် Tab တွေထဲက MMNLP Unicode Utilities ကို ရွေးပါ။ ပြီးနောက် Phrase Break ကို နှိပ်ပါ။ ဒါဆိုရင် New Windows တစ်ခု ပွင့်လာပြီး ရိုက်ထားတဲ့စာတွေကို ဘာသာဗေဒနည်းအရ ပုဒ်စုအလိုက် ပိုင်းဖြတ်ပေးသွားမှာ ဖြစ်ပါတယ်။ အောက်မှာပြထားတဲ့ နမူနာတွေကို ကြည့်နိုင်ပါတယ်။

Install လုပ်လိုက်ရင် Word 2007 မှာ Ribbon Bar မှာ အခုလို ပေါ်လာပါလိမ့်မယ်။

Unicode_Utilities

ဒီအတိုင်းရိုက်လိုက်တယ်။

Myanmar_Unicode_Phrase_Breaking1

Phrase Breaking လုပ်လိုက်တဲ့အခါ..

Myanmar_Unicode_Phrase_Breaking2

Searching လည်းရတယ်

Burmese_Word_Searching

Convert လုပ်ဦးမလား

Unicode_Convert

Software တွေ Download ချရာမှာ ကြာတယ်။ သိချင်ရုံသက်သက်လောက်ပဲဆိုရင်တော့ Manual PDF တွေကို အောက်ပါ Link တွေကနေ Download ဆွဲနိုင်ပါတယ်။

Myanmar Unicode Installation & Usage Manual

http://cl.ly/0S2s1g0O1Z1e0s232Y39

Myanmar Unicode Excel 2007 Addin User Manual

http://cl.ly/3W3g1e0O2r0e1H0d372Z

Myanmar Unicode Word Addin User Manual

http://goo.gl/0QEwI

ဒါတွေကိုကြည့်ခြင်းအားဖြင့် Unicode အသုံးပြုကြောင့် ရနိုင်တဲ့အကျိုးကျေးဇူးတွေကို မြင်တွေ့နိုင်ပါတယ်။ ဒါတွေဟာ အစပဲရှိဦးမှာပါ။ နောက်ပိုင်းကျရင် သတ်ပုံစစ်ဆေးခြင်း ပါလာပါလိမ့်ဦးမယ်။ နောက်ကျရင်တော့ ဘာသာပြန်စနစ်တွေထိ ဖြစ်လာပါလိမ့်မယ်။ ဒါပေမဲ့ ကိုယ့်ရဲ့မြန်မာစာတွေဟာ Unicode နဲ့ ရိုက်ထားမှပဲ ဒီ အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါလိမ့်မယ်။ Unicode အပြောင်းအလဲတွေကိုတော့ www.myanmarnlp.org.mm နဲ့ www.myanmarnlp.net.mm မှာ ကြည့်နိုင်ပါတယ်။

16 comments

  • Shwe Tike Soe

    July 6, 2011 at 9:19 am

    ကျေးဇူးတင်ပါတယ်… စမ်းကြည့်အုံးမယ်နော်..

  • Smiegol

    July 6, 2011 at 9:26 am

    ဇော်ဂျီပဲဖြစ်ဖြစ် မြန်မာယူနီကုဒ်ပဲဖြစ်ဖြစ် (၂)ဖက်လုံးကောင်းအောင်ကြိုးစားနေကြတာပါပဲ
    အစိုးရက ဘတ်ဂျက်ထုတ်ပေးပြီး Unicode ကို Develop လုပ်ခိုင်း၊ ပြီးတော့ သုံးစွဲသူတွေနဲ့ Survey လုပ်ပြီး
    Standard တစ်ခု လုပ်ပေးရင် အကုန်လုံးအတွက် အကျိုးရှိမယ့်ဟာပါ။
    ဗမာစာကို ရုံးသုံးဘာသာစကား (Official Language) အဖြစ်သတ်မှတ်သလို ရုံးသုံးယူနီကုဒ် (Official Unicode) လုပ်ပေးနိုင်ရင်ကောင်းမယ်ဗျာ။
    လုပ်ပေးနိုင်တဲ့သူတစ်ယောက်ယောက်ဖြစ်ဖြစ်၊ အကြံပေးနိုင်တဲ့သူတစ်ယောက်ယောက်ဖြစ်ဖြစ် ကျွန်တော့ရဲ့ Comment ကို တွေ့မြင်နိုင်ပါစေ။

    • etone

      July 6, 2011 at 10:15 am

      ဗမာစာကို official language အဖြစ် သုံးခွင့် etone တို့ ရုံးမှာ မပေ းထားဘူး ။ အလုပ်စဝင်ကတည်းက ကွန်ပျူတာတိုင်းမှာ မြန်မာဖောင့်တောင် မထည့်ထားလို့ … ကိုယ့်ဘာသာကိုယ် မြန်မာဖောင့်တွေ ထည့် ၊ ဂျီတော့နဲ့ ဝက်ဖ်ဆိုက်တွေ ကြည့်ဖို့ ယူနီကုတ်တွေ ဒေါင်းလော့ဆွဲမှ သုံးလို့ရတာ … ။Eng နဲ့ မရေးပဲ… သူတို့ကျတော့ သူတို့ language နဲ့ ရေးပြီး … ကိုယ်တွေကျတော့ မြန်မာစာမသုံးရဘူးတဲ့ … တရားရဲ့လား 🙁

  • weiwei

    July 6, 2011 at 9:53 am

    အခု အစိုးရဌာနတွေမှာတော့ unicode ကို ရုံးသုံးအနေနဲ့သုံးပါတယ် … တခြား ဖောင့် သုံးလို့မရပါဘူး ..

  • bigcat

    July 6, 2011 at 10:18 am

    မသုံးဘူးဗျာ၊ သတ်ချင်သတ်ပစ်လိုက်…. 😛

    • MaMa

      July 7, 2011 at 7:36 am

      အားးးးးးးးးးး အဲလောက်ထိ မပြင်းထန်ပါနဲ့။ 🙁

    • nature

      July 13, 2011 at 9:33 am

      လိမ္မာပါတယ် bigcat ရေ၊ သကြားလုံးဝယ်ကြွေးမယ်လေ။ :):)

  • manawphyulay

    July 6, 2011 at 10:25 am

    ဟုတ်ပါတယ်ရှင်။ Myanmar 3 ကို အစိုးရဌာနတွေမှာ အသုံးပြုဖို့ ဟိုအရင်ထဲက လုပ်ဆောင်လာခဲ့ပါတယ်။ ခုချိန်ထိ ယူနီကုတ်ဘာလဲ ဘယ်လဲဆိုတာ ယူနီကုတ်လုပ်တဲ့သူတွေကိုယ်တိုင်က ဝိုင်းဝန်းလုပ်ဆောင်နေကြတုန်းပါပဲ။ နောက်ပိုင်း နိုင်ငံတကာ စံသတ်မှတ်ချက်အညီ ယူနီကုတ်ကို အသုံးပြုလာကြမယ်လို့လည်း မျှော်လင့်မိပါတယ်။ ခုဆိုရင် အစိုးရက ထုတ်တဲ့ယူနီကုတ် အပြင် မိုင်မြန်မာယူနီကုတ်၊ နောက် ဧရာယူနီကုတ်ဆိုတာတွေ ထွက်ပေါ်လာပါတယ်။ မိုင်မြန်မာယူနီကုတ်ကျတော့ မိုင်ဝင်းဒိုးပါ ထပ်မံတီထွင်ပြီး ဝင်းဒိုးမှာ မြန်မာစာပေါ်အောင် ဖန်တီးထားပါတယ်။ လက်ကွက်တွေကတော့ ဇော်ဂျီနဲ့ သိပ်ပြီး မကွာခြားလှပါဘူး။ လက်ကွက်ကတော့ အင်စတော့လုပ်ပြီးမှ သုံးခါနီးမှ ထုတ်သုံးလို့အဆင်ပြေအောင် လုပ်ပေးထားကြပါတယ်ရှင်။ ခုလည်း တချို့ဝက်ဘ်ဆိုက်တွေက ယူနီကုတ်တွေ ပြောင်းလဲအသုံးပြုကုန်ကြပါပြီရှင်………

  • kai

    July 6, 2011 at 1:16 pm

    လောလောဆယ်တော့ ဧရာယူနီကုတ်ကို ကြည့်နေပါတယ်..။ စမ်းလည်းသုံးကြည့်ပါတယ်..။
    အဆင်ပြေပုံရပေမဲ့.. ဆာဗာ ရီဆို့စ်တွေ တော်တော်သုံးတာတွေ့ရတာမို ့.. ခဏပြန်စောင့်ကြည့်နေပါတယ်..။

    ဧရာဖေါင့်က WordPress နဲ့အဆင်ပြေအောင်plugin တွေပါထုတ်ထားတာတွေ့ရပြီး.. ပုံနှိပ်သတင်းစာမှာတော့ မစမ်းသပ်ရသေးပါ..။
    Adobe products တွေ နဲ့ပါအဆင်ပြေရင်တော့..ယူနီကုတ်ဖေါင့်တွေဖက်ကို ဖြည်းဖြည်းချင်း ပြောင်းသွားမယ်စဉ်းစားထားပါကြောင်း…။

    http://wordpress.org/extend/plugins/search.php?q=ayar&sort=

  • moethidasoe

    July 6, 2011 at 2:08 pm

    ဇော်ဂျီ၊ ဝင်းတို့က လက်နှိပ်စက်လက်ကွက်ကို အခြေခံလိုက်တော့ လက်နှိပ်စက်နဲ့ ယဉ်ပါးလာတဲ့ လူတိုင်း အဆင်ပြေတယ် ..
    ယူနီကုတ်ကတော့ သတ်ပုံသတ်ညွှန်း၊ sorting လုပ်တာတွေပါ ထည့်သွင်းစဉ်းစားပြီး ဘာသာပြန်ဖို့ အထိပါ စဉ်းစားထားတာဖြစ်လို့ ပိုကောင်းမယ် ဆိုတာ သိပေမယ့် စနစ်တခု ပြောင်းသုံးဖို့ ပြန်လေ့ကျင့်ရမှာကို အချိန် မပေးနိုင်သေးလို့ လောလောဆယ်တော့ ………………………………

  • nozomi

    July 6, 2011 at 2:32 pm

    ယူနီကုတ်ထဲမှာ မြန်မာ ၂ သုံးဘူးတယ် အဆင်ပြေပါတယ်
    ဝင်း တို့ ဇော်ဂျီတို့ လက်ကွက် တွေနဲ့ နဲနဲပဲကွာတယ် ဥ၊ယ၊ဒ၊ဓ တို့လိုဟာမျိုးပေါ့
    သူ့မှာ အားသာချက်က ဝင်းလို alt key တွေ အလွတ်မှတ်စရာ မလိုဘူး မြန်မာစာလုံးပေါင်းအတိုင်း ရိုက်သွားရုံပဲ

    ဘယ်ယူနီကုတ် ဖြစ်ဖြစ် တနိုင်ငံလုံး စံသတ်မှတ် သုံးသွားရင် အကောင်းဆုံးပဲ အဲဒီတစ်ခုကိုပဲ ကောင်းသထက်ကောင်းအောင် ဝိုင်းလုပ်ကြ အခုကျ နိုင်ငံက တစ်ခုထဲ စာရေးနည်းကတစ်ခုထဲကို ယူနီကုတ်က အများကြီး သူ့ဟာကောင်းတယ် ငါ့ဟာကောင်းတယ် လုပ်နေကြတယ်

  • king

    July 6, 2011 at 4:34 pm

    ဟုတ်ပါတယ်ဗျ အခုထိ ယူနီကုတ် မြန်မာ ၂ ကိုပဲ သုံးစွဲနေရပါသေးတယ်
    မြန်မာ ၃ ကတော့ နည်းနည်း တန့်နေတယ်ဆိုတာ ဘာကြောင့်မှန်းမသိပါဘူး ………
    မြန်မာ ၂ က .. ဝင်း တို့လို စာလုံး ဖောင့် ပုံစံမျိုးစုံ မရှိပေမယ့်
    ဇော်ဂျီလိုပဲ သုံးရတာ အစဉ်ပြေပါတယ် ….. ကျွန်တော် နှစ်သက်ပါတယ် … တစ်နိုင်ငံလုံး စံ အဖြစ် အသုံးပြုနိုင်အောင် လုပ်ဆောင်ပေးနေတဲ့ ပညာရှင်တွေအားလုံးကို လေးစားခြင်း များစွာဖြင့် ဂုဏ်ပြုပါတယ် ….
    အမြန်ဆုံး အစဉ်ပြေအောင် ဆောင်ရွက်နိုင်ပါစေကြောင်း ဆန္ဒပြုလျှက် ………………………………….. 🙂

  • padonmar

    July 6, 2011 at 6:47 pm

    အခုထိတော့ ဇော်ဂျီနဲ့ ဝင်း ဘဲသုံးဘူးတယ်။ဇော်ဂျီက ပိုလွယ်တယ်။

  • naywoonni

    July 6, 2011 at 8:30 pm

    လက်နှိပ်စက်နဲ့ယဉ်ပါးလာသူ အတွက် ဇော်ဂျီပဲ အဆင်ပြေမယ်ထင်ပါတယ်..။ ကျွန်တော်ဆို ဘာသင်တန်းမှ မတက်ဖူးပဲ လက်နှိပ်စက်ရိုက်သလိုရိုက်နိုင်တယ်..။ ဟိုဟာတွေကျတော့ မရဘူးဗျ..။ ဒါ ရိုးရိုးသားသားပြောတာ..။ အဆင်မပြေဘူး ..။ ခုမှပြန်သင်ရမယ်ဆိုလည်း လက်တွေက အသားကျနေပြီ မရတော့ဘူး..။ ကျွန်တော် လက်နှိပ်စက်နဲ့ စထိတွေ့တာ 1989 လောက်ကထဲကပါ..။ ခုပြန် ပြန်ရိုက်ရင်တောင်အဆင်မပြောချင်တော့ဘူး..။ ဟိုမှာက အသတ်တွေ ချောင်းငင်တွေက အရင်ရိုက်ရတာလေ… ။ ဒီမှာက နောက်မှရိုက်ရတာ…… ယူနီ ကုတ်က ရှမ်းစာလိုထွက်တာတွေ မဟုတ်လား …… ဖတ်ရတာအဆင်မပြေပါဘူး

  • လင်းငယ်

    July 13, 2011 at 2:48 am

    ခုဆိုရင် ယူနီကုဒ် သုံးရမယ် အချိန် ရောက်နေပါပြီ။ တစ်ချိန်က ကျွန်တော်တို့ တစ်တွေ ဇော်ဂျီကို စွဲစွဲ မြဲမြဲ သုံးလာခဲ့ကြပေမယ် နိုင်ငံတကာ စံနူန်းနဲ့ ညီနေတဲ့ ယူနီကုဒ်ကို သုံးရမယ် အချိန် ဖြစ်နေပါပြီ။ ကျွန်တော် အင်တာနက်မှာ မြန်မာစာကို စသုံးခဲ့တာက ဇော်ဂျီ ပါ။ ဒါပေမယ့် ဇော်ဂျီ ဆိုတာက အပြောင်းအလဲ တစ်ခု ကြားမှာ ရပ်တည်ပေးခဲ့တဲ့ ဖောင်တစ်ခုပါ။ ခုဆိုရင် မြန်မာ ဝက်ဘ် ဆိုက်ေ တာ်တော်များများ ယူနီကုဒ်ကို သုံးလာကြပါပြီ။ ကျွန်တော်လည်း ကျွန်တော် လုပ်မယ့် ဝက်ဘ်ဆိုက်မှာ ယူနီကုဒ်ကို သုံးဖို့ စဉ်းစားထားပါတယ်။ ဒါကြောင့် ယူနီကုဒ်ကို သိအောင် လုပ်နေပါတယ်။ ယူနီကုဒ်က မြန်မာစာ ပြင်ဆင်မူမှာ အတော်လေး ကောင်းမွန်တာကို တွေ့ရပါတယ်။ ဒါကြောင့် ရှေ့တစ်လှမ်း တိုးကြပါစို့။ ကျွန်တော်တို့ တစ်တွေ Windows စနစ်မှာ မြန်မာစာ ပါဖို့ တောင်းဆို ဖူးပါတယ်။ ဇော်ဂျီ နဲ့တော့ မဖြစ်ပါဘူး။ Coding မှန်ကန်တဲ့ Unicode ကို သာ ပါဝင်နိုင်မှာပါ။ ဘေးတိုက် လျှောက်ရင်တော့ ရှေ့မရောက်ပါဘူး။

Leave a Reply