ဒါမျိုးတွေလည်း ဖြစ်တတ်ပါတယ်
Thaw Zin Loikaw ရဲ ့` ရဟန်းဝတ်စဉ်က အလွဲ(၁) ´ ကို ဖတ်ပြီး အောက်ပါ စာလေး ကို ရေးမိပါတယ်
ကျွန်တော် ဟာ ရဟန်း (ဝါ) ဘုန်းကြီး တစ်ပါး မဟုတ်ပါ ။ သို ့သော် တစ်နှစ်သော သင်္ကြန် မှာ ရဟန်း ဝတ် ခဲ့ဖူးပါတယ် ။ ကျွန်တော် ဝတ် ပြီး နောက် ၂ ရက်လောက် အကြာ မှ ကျွန်တော် နဲ ့ တွဲဖော် တွဲ ဖက် တွေ လည်း အခြား ဘုန်းကြီးကျောင်း မှာ ဝတ်ကြ သဗျ ။ ကျွန်တော် ဟာ ဗုဒ္ဓဘာသာ ကို ကိုးကွယ်သူ တစ်ဦးပါ ။
အခုလောလောဆယ် တော့ ကျွန်တော် ဟာ mandalay gazette မှာ post တင်နေသူ writer တစ်ယောက် အဖြစ် သရုပ်ဆောင်နေပါတယ် ။
writer တစ်ယောက် အနေ နဲ ့ပွင့်ပွင့်လင်းလင်း ပြောပါ့မယ် ။ ဒီနေ ့ကမ္ဘာဟာ ရွာကြီး တစ်ရွာ နီးပါး ဖြစ်နေပြီမို ့ တစ်ယောက်နဲ ့တစ်ယောက် သိစရာလေးတွေ ဗဟုသုတ သဘောမျိုး ဖလှယ်နေကြတဲ့ ခေတ်ကြီးမှာ မို ့ကျွန်တော် လည်း ဖလှယ်လိုက်ပြီဗျာ ။ ဒီမှာ ရှိတဲ့ ဗုဒ္ဓဘာသာ ဝင် ညီညီ ကိုကို ဦးဦး တို ့လည်း တစ်ချိန်တစ်ခါ က ရဟန်းဝတ်ဖူးကြမယ် လို ့ထင်ပါတယ် ။ မဝတ်ဖူး သူ များ ရှိရင်လည်း အခု ကျွန်တော် ရေးတဲ့ အကြောင်းအရာ ဟာ ဖတ်စရာ တစ်ခု ဖြစ်မှာပါ ။
ဒီလိုပါ ဗုဒ္ဓဘာသာဝင်တွေ ယောက်ျားတွေ အနေ နဲ ့ရဟန်းပြု တော့ မယ် ဆိုရင် အသက် ၁၈ နှစ် ပြည့်ရင် ရဟန်းပြု လို ့ရပြီလို ့တော်တော်များများ သတ်မှတ်ကြပါတယ် ။
အသက် ၁၈ ပြည့်ပြီး အရွယ်တွေ ဆိုတော့က ၊ ရင်ခုန်စရာ ဇါတ်လမ်းလေးတွေ ကို အတိုအနေ နဲ ့သော်လည်းကောင်း အရှည်အနေ နဲ ့သော်လည်းကောင်း တွေ ့ဖူးပြီးကောင်း တွေ ့ဖူးပြီး ဖြစ်ကြမှာပါ ။မတွေ ့ဖူးသေးတဲ့ သူတွေ လည်း ရှိမှာပါ ။ ကျွန်တော် အခု ရေးတဲ့ ကိစ္စဟာ အသက်ကြီးမှ ရဟန်းဝတ်တဲ့ သူ တွေ မှာတော့ မဖြစ်လောက်ဘူး ထင်ပါတယ် ။ နောက်ပြီး ဆီးချို ရောဂါ ရှိတဲ့ သူတွေ မှာလည်း လုံးဝ ဖြစ်မှာ မဟုတ်ပါဘူး ။
အဓိက ပြောချင်တာ က
ဒီလိုပါဗျာ ကျွန်တော် ရဟန်းဝတ်တဲ့ အချိန် က ကျွန်တော့် အသက် ၂ဝ ကျော်ပြီ ဗျ ။ ပထမ ၄ ရက်လောက် က တော့ ဘာမှ ထူးထူးခြားခြား မရှိပါဘူး ။ အားလုံး ပုံမှန်အတိုင်းပေါ့ မနက် ၅ နာရီ လောက်ဆို တုံးမောင်းခေါက်တာ နဲ ့အိပ်ယာထ ၊ မျက်နှာသစ် ၊ ကျောင်းမှာ ရှိတဲ့ ဘုန်းကြီးတွေ ကိုရင်တွေ အားလုံး ဘုရားဝတ်တက် ။ ပြီး အာရုဏ်ဆွမ်း ဘုန်း ။ ပြီးတော့ ဆွမ်းခံ ထွက်ကြတာပေါ့ ။ ဆွမ်းခံ ထွက်ပြီး ကျောင်းပြန်ရောက်ရင် လဘက်ရည် သွားသောက်ချင်သောက် ။ မသောက်ချင် လည်း ကျောင်းဝင်းထဲ တရားမှတ် ။ ဇါတ်တော် တွေ ဖတ်ရင်ဖတ် ။ ၁၁ လောက်ကျ နေ ့ဆွမ်းစား ။ ကျွန်တော် ့ကြ ဒုလဘ္ဘ ဆိုတော့ ကျောင်းထိုင်ဘုန်းဘုန်း က တော်တော်လေး လွတ်လပ်ပေးပါတယ် ။ နေ ့လည် တစ်ရေး ကျိန်းချင် ကျိန်းပေါ့ ။ ကျွန်တော် ဘုန်းကြီးဝတ် နဲ ့၅ ရက်ကြာပေါ့ ဗျာ ။ အဲဒီမှာ နေ ့ခင်း တစ်ရေး အိပ်တုန်း အိပ်မက် မက်တာဗျ ။ ဘုန်းကြီး ဝတ်နဲ ့မို ့မာတုကာ မ တွေ ကို တောင် စေ့စေ့ မကြည့် ခဲ့ပေမယ့် အိပ်မက် ထဲ မှာ မိန်းမ တစ်ယောက် နဲ ့တွေ ့တာပေါ့ဗျာ ။ ကျုပ်လည်း ကိုယ့်ကိုကိုယ် ဘုန်းကြီးဝတ် နဲ ့ဆိုတာ ကို အိပ်မက် ထဲ မှာ သိနေတယ် ဗျ ။ သို ့ပေသည့် မရပါဘူး ဗျာ ။ အိပ်မက် က လန် ့အနိုး ရှလွတ်ရှလွတ် နဲ ့ ပန်းကုန် တာ ဗျို ့ ။ ကျွန်တော့် နှယ် ဗျာ ခေါင်းနားပန်း ကို ကြီးသွားတာပဲ ။ ငါတော့ မဖြစ်သင့်တာတွေ ဖြစ်ကုန်ပါပြီ လို ့ ။ ( မရှက်တော့ပါဘူးလေ ။ ဒီစာကို ရေးတာ က လည်း စာဖတ်သူ တွေ ကို ဒီလို ရှိပါလား ဆိုတာလေး ပြောပြချင်လို ့ရယ် ။ တော်တော်များများ လည်း ဒီလို ပဲ ဖြစ်တတ် ကြ တာမို ့ရယ် နဲ ့ရေးလိုက်ပါတယ်နော် ) သင်္ကန်းတွေ ပေကုန်တာပေါ့ ဗျာ ။ တစ်သျူး စက္ကူ နဲ ့သုတ်ရတာ ကလား ဗျ ။ ဒါနဲ ့ စိုးရိမ် တကြီး နဲ ့ သူငယ်ချင်း များ ဝတ်နေတဲ့ ကျောင်း ကို ပြေးရတော့တာ ဗျို ့ ။ ရောက်တော့ ကိုယ်ဖြစ်ခဲ့တဲ့ အဖြစ်ကလေး ကို ပြောပြ ပြီး သူတို ့ကို မေးတာပေါ့ ။ သူတို ့လည်း ဖြစ်ပါသတဲ့ ။ သူတို ့က ကျွန်တော့် ထက် တောင် ပိုသိနေပြီ ။ ဖြစ်ပြီးပြီး ချင်း သူတို ့ရဲ ့ကျောင်းထိုင် ဆရာတော် ကို ငရဲကြီးမကြီး သွားလျှောက်ကြသတဲ့ ။ ကျောင်းထိုင် ဘုန်းကြီး က တရားလေးဟောပါသတဲ့ ။
` မြတ်စွာဘုရားရှင် လက်ထက် က ရဟန်းတစ်ပါး ဟာ ဆွမ်းခံ က အပြန် တောစပ် က သစ်ရိပ် မှာ ခဏကျိန်းစပ်နေစဉ် နွားကျောင်းသမ လေး တွေ က ထိုရဟန်း ကို တွေ ့ကြ ပါသတဲ့ ။ တွေ ့တဲ ့အခါ မှာ ရဟန်း ရဲ ့ ရုပ်ရည် ကို သဘောကျ ( စိတ်ထဲ တဏှာထ သွားကြပြီး) ရဟန်းက ကျိန်းနေတုန်း သူတို ့က ရဟန်း နဲ ့မေထုန် ပြု ကြပါသတဲ့ ။ ရဟန်းဟာ ကျိန်းရာ မှ နိုးထ တဲ့ အခါ သူ ့အဖြစ်ကို သိရှိသွားပြီး ။ မြတ်စွာဘုရားရှင် ဆီ ပြန်အရောက် ဖြစ်ရပ် ကို လျှောက်ထားပြီး အာပတ်သင့်မသင့် ရဟန်းအဖြစ်မှ ကျဆုံးခြင်း ဖြစ်မဖြစ် ကို မေးမြန်းပါသတဲ့ ။ ( ရဟန်းဝိနည်း သိက္ခာတွေ ထဲ မှာ မေထုန် မမှီဝဲ ရ ဆိုတဲ့ ပဉာတ်တော် ပါ ပါတယ် ) မြတ်စွာဘုရား ရှင် က ဖြေကြားတော်မူတာ က အာပတ်မသင့်ကြောင်း ရဟန်းအဖြစ်မှ မဆုံးရှုံးကြောင်း ၊ ကိုယ် ကိုယ်တိုင်မသိ စိတ်ခံစားချက် မပါ ပဲ ဖြစ်သွားတဲ့ ကိစ္စမျိုး ဟာ အာပါတ်မသင့်ကြောင်း ဖြေကြားခဲ့ပါတယ် ။ ´ လို ့ ကျောင်းထိုင် ဘုန်းကြီးက ရဟန်းဝတ်နေတဲ့ ကျွန်တော့် သူငယ်ချင်း များ ကို ပြန်ဟော ဆုံးမ ပါတယ် ။ အဲဒီတော့ မှ သူတို ့လည်း စိတ်သန် ့သွားတာပေါ့ ။ သူတို ့ကို ပြန်မေးမိတဲ့ ကျွန်တော် လည်း စိတ်သန် ့ သွားပါတယ် ။ ကျွန်တော် ရဟန်း ဝတ်ခဲ့တာ ရ ရက်ပါ ။ အထက်ပါ ရေးခဲ့တဲ့ အဖြစ်မျိုး ထပ်မဖြစ်ပါဘူး ။ နောက်ပိုင်း လူထွက်ပြီး ရဟန်းဝတ်ဖူးသူ ညီညီ၊ကိုကို၊ဦးဦး တို ့ကို မေးကြည့်တဲ့ အခါမှာလည်း တော်တော်များများ ကြုံ ဖူးကြတာ ကို သိရပါတယ် ။ ဒါဟာ ရှက်စရာ မဟုတ်ပါဘူး လို ့ဒီကနေ ကျွန်တော် ပြောပါရစေနော် ။ အထူးသဖြင့် အိမ်ထောင်ကျ တာ မကြာသေးတဲ့ ဒုလဘ္ဘဝတ်သူ ယောက်ျားတော်တော် များများ လည်း ကြုံတွေ ့ကြပါသတဲ့ ။ ဒီကိစ္စဟာ ဘာလို ့ဖြစ်ရသလဲ ဆိုရင် မသိစိတ်ထဲ မှာ ဖြစ်တဲ့ မေထုန် စိတ်ကြောင့် လို ့ထင်မိပါတယ် ။ လူ မှာ သိစိတ် ရယ် မသိစိတ် ရယ် ရှိတယ်လို ့သိခဲ့ ကြားခဲ့ရပါတယ် ။ ကျွန်တော် တို ့နေ ့တဓူဝ လုပ်ကိုင်နေကြတာတွေ ဟာ သိစိတ် နဲ ့ပေါ့ နော် ။ မသိစိတ် က ကြ ထိုင်နေတုန်း ရုတ်တရက် ကိုယ့် မျက်နှာကို တစ်ယောက်ယောက် က ရိုက်မလို ့ရွယ်ခဲ့ရင် အော်တို ထပြီး ၊ လက်နဲ ့ကာကွယ်လိုက်တာမျိုး ဟာ မသိစိတ်ကြောင့်လို သိရပါတယ် ။ အထူးသဖြင့် အိပ်မက် မက်နေစဉ် များဆိုရင် ကိုယ်က ဘာကို မှ ထိန်းလို ့ မှ မရတော့တာ မျိုး ကြောင့် လို ့မြင်မိပါတယ် ။ ထားပါ ။ ကျွန်တော့် စာလည်း တော်တော်ရှည်နေပြီ ။ ကျွန်တော် ဟာ ပညာတတ် ပရော်ဖက်ရှင်နယ် တစ်ဦး မဟုတ်တဲ့ အတွက် ကျွန်တော် ရေးခဲ့တဲ့ ကျွန်တော့် အမြင်တွေ မှားနေခဲ့ ရင် မသိနားမလည်သူ တစ်ယောက် ရယ် လို ့ခွင့်လွှတ်သည်းခံပေးကြပါနော် ။ ကျွန်တော် က တော့ ဒါက ဒီလို ဖြစ်တတ်ပါတယ် ဆိုတာကလေး ကို မသိသေးသူတွေ အတွက် ကော ၊ သိပြီး သူတွေ အတွက် ဘာကြောင့် ဖြစ်ရတယ် ဆိုတာလေး ကို ဆွေးနွေး နိုင်အောင် လို ့ရယ်ပါ ရည်စူး ပြီး တိုက်ပင်း ရိုက်တင်လိုက်ပါတယ် ။ အားလုံး ကို ကျေးဇူးတင်ပါတယ် ခင်ဗျာ ။ အထူးသဖြင့် အတိတ်ကို ပြန်လည် သတိရစေတဲ့
` ကိုသော်ဇင် လွိုင်ကော် ´ ကို အထူးပဲ ကျေးဇူးတင်ပါတယ် ။
4 comments
ကြောင်ကြီး
July 11, 2011 at 2:05 am
အင်း…. အိမ်မက်ထဲမှာ ဘယ်လိုတွေ့လို့ ဘယ်လိုလုပ်သလဲ မသိဘဲနဲ့ ပြောရန်ခက်သဗျို့….
kai
July 11, 2011 at 2:32 am
လူ့သဘာဝကို အပြင်းအထန်တားဆီးတာမျိုး ဂေါတမဘုရားကိုယ်တိုင်.. ဒုက္ခရစရိယာကျင့်ပြိး ၆နှစ်လုံးလုံးလုပ်ဖူးတယ်..။
ဟိန္ဒူတွေကတော့ အခုထိလုပ်နေကြတုံးပဲ..။
အဲ.. မြန်မာထေရဝါဒဗုဒ္ဓဘာသာဝင်တွေလည်း… ပြီးခဲ့တဲ့ရာစုနှစ်ကုန်ပိုင်း (တိတိကျကျပြောရရင် ဦးဂိုအင်ဂါတိုက်တွန်းစွမ်းဆောင်မှုတွေကြောင့်)ကစလို့… တော်တော်လေး လုပ်လာကြပါပြီ.။
—
ကျုပ်ဖတ်ဖူးသလောက်… ဂေါတမဘုရားက.. မုဒိန်းအကျင့်ခံရတဲ့ ရဟန်းကို “သာယာသလား”လို့မေးပါတယ်..။
မသာယာဘူးဆိုရင် အပြစ်မဖြစ်ဘူး ပြောပါတယ်..။ အဲဒီတော့ သာယာရင်ဘာဖြစ်သလဲ မေးစရာဖြစ်ပါလိမ့်မယ်..။ သာယာတော့ ထပ်လုပ်ချင်ပါတယ်..။ ထပ်လုပ်ချင်တော့ ထပ်လုပ်ပါတယ်.. (အဲဒီသံသရာကို အသေးစိတ်သိချင်ရင် ပဋိစ သမုပ္ပါဒ် စက်ဝိုင်းကြည့်ပါ)
သာယာတယ်မသာယာဘူး… ဘယ်သူမှမေးစရာမလို..ကိုယ့်ကိုယ်ကိုယ်ပြန်မေးယုံပါပဲ..။
ဆိုတော့…
လူတွေအတွက်ကတော့ ..သာယာမှကောင်းမယ်ထင်ပါတယ်..။ 🙂
ကာမကို မှားယွင်းမကျင့်ကြဖို့ပဲ လိုမယ်…။ အဲဒါမှ ရခဲလှတဲ့(ကိုယ့်ရဲ့)လူ့ဘဝ အရသာရှိမှာပေါ့…။
ရွှေဘိုသား
July 11, 2011 at 9:28 am
အိပ်မက်ထဲမှာ ဘယ်လိုမက်သလဲ မသိရတော. ပြောဖို.ကခက်တယ်ဗျနော်
အစ်ကိုလည်း မိန်းမရပြီးခါစမို.ထင်တယ်နော် ဟုတ်တယ်မလား မလိမ်နဲ.နော်
တစ်ခါက ဆေးလောကရဲ. အမေးအဖြေထဲမှာတော. အဲဒီလိုဖြစ်တာက ကိုယ်ခံအားနည်း တဲ.အချိန်ဖြစ်တတ်
တာလို.ဖတ်ရတယ် ကျွန်တော်ကတော. နားမလည်ဘူးဗျ ဘာ.လို.လဲဆိုတာ. ဒီလိုကစ္စက အားပြည်.တဲ.အချိန်ဖြစ်တတ်တာလို.ထင်လို.ပါ
parlayar46
July 11, 2011 at 12:50 pm
ဗုဒ္ဓဘာသာဝင်တွေ ယောက်ျားတွေ အနေ နဲ ့ရဟန်းပြု တော့ မယ် ဆိုရင် အသက် ၁၈ နှစ် ပြည့်ရင် ရဟန်းပြု လို ့မရသေးပါဘူး။
အနိမ့်ဆုံးအနေနဲ့ ပဋိသန္နေ တည်တဲ့အချိန်ကစလို့ လ ပေါင်း နှစ်ရာ့လေးဆယ် (အသက်အားဖြင့် ဆယ့်ကိုးနှစ် သုံးလ) ပြည့်ပြီးမှ ရဟန်းဝတ်ခွင့်ရပါတယ်။ အကြမ်းပြောရင် အသက်နှစ်ဆယ်ပေါ့။
စာရေးသူပြောတဲ့ကိစ္စမျိုးက ငယ်ငယ်(၁၂ နှစ်အောက်)ကတည်းက ကိုရင်ဝတ်ပြီး တဆက်တည်း ရဟန်းပြုသူလဲမဟုတ်၊ အရိယာလဲမဟုတ်၊ လက်ရှိမှာ ဈာန်သမာဓိ၏အနီးအပါး (ဥပစာရ သမာဓိ) သို့လဲ ရောက်လေ့မရှိသေး (ဝသီဘော်မရှိသေး) သူ ရဟန်းပျိုများမှာ ၊ အထူးသဖြင့် မိန်းမရပြီးမှရဟန်းဝတ်တဲ့ ရဟန်းပျိုများမှာ အများအပြားဖြစ်လေ့ရှိပါတယ်။ အဲဒါသဘာဝဖြစ်ပြီး ရှက်စရာမဟုတ်ပါ။
ဒါကြောင့် ဘုရားရှင်ခွင့်ပြုတော်မူတဲ့ (…တယ်လို့ဆိုတဲ့) သင်္ကန်းကိုးမျိုးမှာ သုတ်ရေခံသင်္ကန်းဆိုတာ အထင်အရှား ပါပါတယ်။ အဲဒီသင်္ကန်းမျိုးကတော့ အလျှားလေးတောင် အနံ တထွာခန့်ရှိတဲ့ သင်္ကန်း အပိုင်းကိုဆိုလိုတာဖြစ်ပြီး ခါးမှာပတ်ပြီး ခါးတောင်းကျိုက်သလို ဝတ်ရတာမျိုးပါ။ ရှေးယခင်က ရဟန်းငယ်များ အခြားဒေသ အခြားကျောင်းကို ညအိပ်ညနေသွားရင် ဣန္ဒြေရေ မချွတ်ယွင်းရန်အလို့ငှာ အဲသလိုသင်္ကန်းကို ဆောင်သွားပြီး ညအိပ်ရင် အသုံးပြုဖို့ ဆရာတော်ကြီးများက မိန့်မှာလေ့ရှိတယ်လို့ ဆိုပါတယ်။
အဲသလို သုတ်လွှတ်မိရင် မိမိစိတ်ထဲမှာသာယာရင် ပါစိတ်အာပါတ်သင့်ပြီး ၊ သုတ်လွှတ်အောင် လုံ့လပြုရင်တော့ ဒေသနာကြားရုံနဲ့မပျောက်ပဲ ဝတ်ဆောက်တည်ပြီးမှ အာပါတ်ဖြေလို့ရတဲ့ အာပါတ်ကြီးမျိုးသင့်ပါတယ်။ အဲဒီအာပါတ်အမည်ကို မေ့နေလို့ စာအုပ်လှန်ရမှာလဲ ပျင်းနေလို့ သိလိုသူများ နီးတဲ့ ဘုန်းကြီးသာမေးကြည့်ပါတော့။
ဆရာဝင်လုပ်တာမဟုတ်ပဲ သာသနာတော်အတွက် အရေးကြီးတဲ့အယူအဆမို့ ဝင်ပြောခြင်းပါဗျာ။