Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဒေါက်ဖိနပ်နဲ့မေမေ…ပုခက်လွှဲတဲ့ဖေဖေ..

hmeeJuly 19, 20111min54520

တရက်တရက် သားကို ကစားကွင်း လိုက်ပို့တိုင်း အမှတ်မထင်ရော အမှတ်ထင်ထင်ရော တွေ့နေတာလေးတွေ ရှိပါတယ်။ ပိတ်ရက်တိုင်း မိဘတွေက ကလေးတွေကို  မဖြစ်မနေ ကစားကွင်း လိုက်ပို့တာကိုပါ။ ကစားကွင်းဆိုတာကလည်း သိတဲ့အတိုင်း နှစ်လမ်း သုံးလမ်း ခြားမှာ တခုလောက် ရှိနေတာကိုး။ တချို့ ကစားကွင်းမှာဆို လူကြီးတွေ ကလေးထိန်းရင်း  အားကစားပါ လုပ်လို့ရသေးတာ။ ကလေးကို  လူကြီး ခါးသာသာ ရှိတဲ့ သံပန်းပတ်လည် ကာထားတဲ့ ကလေး ကစားကွင်းထဲမှာထည့် တံခါးပိတ်ပြီး မိဘက ကလေးရှေ့ အားကစား လုပ်လို့ရသေးတာ။ ကလေးကလည်း သူ့ဘာသာဆော့ လူကြီးလည်း လုပ်ချင်ရာလုပ်။ ကလေးလဲမှာလား မပူနဲ့ ကလေးကစားကွင်း အခင်း( သံဇကာကာထားတဲ့နေရာ)က ရာဘာလို အစသေးသေးလေးတွေကို ခင်းထားတာ။ မသိရင် ကတ္တရာခင်းလိုပဲ။ သားရည်သားမို့ ကလေးလဲလည်း ဘာမှ ထိခိုက်မိတာ မရှိဘူး။ လျှောပေါ်က ပြုတ်ကျတောင် မကျိုုးနိုင်ဘူး။ ဒန်းကော ခိုင်ပါ့မလား မပူနဲ့။ စည်ပင်အဖွဲ့က လုံခြုံရေး အမြဲစစ်တာမို့ အေးဆေး။ ကစားကွင်း တကွင်းတည်းတောင် အသက်အပိုင်း အခြားရှိသေးတာ။ နှစ်နှစ်အောက်ကလေးအတွက် သတ်သတ်၊ သူ့ထက်ကြီးတာအတွက် သတ်သတ်။ မိဘတွေက ကလေးတွေကို အထဲမှာ ထည့်ပြီး အပြင်က ခုံမှာ အေးဆေးကို ထိုင်နေတာ။ လိုက်ထိန်းတာဆို နှစ်နှစ် အရွယ်လေးတွေပဲ မိဘက ထိန်းတာ ကျန်တဲ့ အရွယ်တွေ လွှတ်ကို ထားတာ။ တချို့ကလေးများ  ရှိလမှ ၃နှစ်ပေါ့ စကိတ်စီးနေတာများ အသည်းယားစရာ။ ကစားကွင်းထဲမှာပဲမို့ ကားတိုက်မှာလား တွေးတောင်တွေးမိမှာမဟုတ်။ လုံခြုံမှုက အပြည့်လေ။ စက်ဘီးစီးတဲ့လမ်းမှာ စက်ဘီးစီး အားလုံး အဆင်ပြေပဲ။ တခါက သားကို စိတ်မချလို့ ကိုယ်က အနောက်က တကောက်ကောက်  ကလေးတယောက် လျှောပေါ်က ဆင်းတာ မျက်နာနဲ့ မှောက်ကျရော။ ကိုယ်က မနေတတ် ပြေးထူမယ်လုပ်လို့ အမေဖြစ်သူထင်တာပဲ လာပြောတယ် မထူပါနဲ့ သူ့ဘာသာ ထလိမ့်မယ်တဲ့။ တကဲ့ ကလေး သူ့မျက်နှာ သူ့လက်ကလေးနဲ့ ပွတ်ပြီး ထပ်တက်ပြီး လျှောချတာပဲ အခုနက ထိတာ သူမဟုတ်သလို။ ဒါနဲ့ပဲ စဉ်းစား မိသေးတယ် ဒါကြောင့် သူတို့တွေဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတာ ကျွန်မတို့ထက် ပိုသလားပေါ့။ မတူညီတဲ့ ဓလေ့တွေများ  တကယ်ကို အများကြီးမှ အများကြီး။ ကျွန်မတို့များ ကိုယ်အားလပ်မှ ကလေးကို ကစားကွင်းပို့ဖြစ်တာ။ ဒီက လူတွေကတော့ ပိတ်ရက်တိုင်း မဖြစ်မနေ လုပ်ရမဲ့ အလုပ်တခုလို သဘောထားပြီး သွားကို သွားတာ။ သောကြာ၊စနေ ရုံးပိတ်ရက်တိုင်း ပန်းခြံ၊ ကမ်းခြေတွေမှာ အပြည့်။ တချို့များဆို ဘာဘီကျုတောင် လုပ်စားလို့။ မိစုံ၊ဖစုံ၊ ဆွေမျိုးအစုံပဲ။  နောက် ထူးဆန်းတာတခု ကျွန်မတို့ဆီမှာတော့ ကလေးတယောက် တာဝန်များ အမေတယောက်တည်းကသာ တာဝန်ယူရမယ်လို့ ဥပဒေ ထုတ်ထားသလို။ အမေထက် အဖေက ကထိကထ ခံပြီး လုပ်ပေးတာများ ရှာမှရှားပါ။ ဒီအရပ်မှာတော့ အဲလိုမဟုတ်ဘူး။ ကလေးလှည်းများ အမေတွေ တွန်းတာ ရှားတယ်။ အဖေဖြစ်သူက ကလေးလှည်းတွန်း၊ ကလေးကိုကြည့် အမေကတော့ ဘေးကနေ စတိုင်ကျကျ ကြွကြွရွရွ။ ဘာဘီကျုလုပ်စားနေတာများ စောင်းကြည့်လိုက် ယောက်ကျားတွေပဲ မီးခိုတအူအူကြား ကင်လို့ အဲ…ပြီးတော့ ကလေးနို့ဗူးလဲတာတို့  ရေဗူးတိုက်တာတို့လည်း သူတို့ပဲ လုပ်နေတာ တွေ့နေရတယ်။ အမျိုးသမီးတွေကရောဆိုတော့  အခင်းလေးပေါ်မှာ အေးရာအေးကြောင်း ခြေလေးတောင်ဆန့်လို့ အေးဆေး အနားယူနေတာ။ ဘယ်နေရာ သွားသွား အဲလိုတွေပဲ တွေ့နေရတာ။ တချို့ အမျိုးသားတွေများ အငယ်လေးကို ရင်ဘတ်မှာပိုးလို့ အကြီးလေးက လှည်းထဲမှာထိုင်လျှက် အမေကရော ဘေးကနေ ဒေါက်ဖိနပ်လှလှနဲ့  ကျော့ကျော့မော့မော့။ တချို့ အမေတွေများ ခုံမှာထိုင် ဆေးလိပ်သောက်ရင်း စကားတွေများ ပြောလို့ ကလေးကိစ္စ သူနဲ့ မဆိုင်သလို။ တခါတခါများ အပြန် အတူတွဲပြန်မှ အော်…သူတို့က လင်မယားကိုလို့ သိရတာ အဲဒီလိုတွေ။ အဖေကပဲ ကလေး လိုက်ထိန်း၊ ဒန်းလွှဲပေါ့။ အားကစားလုပ်နေတဲ့ တချို့ အမျိုးသားတွေဆို  တခါတည်း အလုပ်နှစ်ခု ပြီးအောင်လုပ်နေသလိုပဲ။ ကလေးကို ရှေ့ကပိုး နားမှာ နားကြပ်တပ်ပြီး ကမ်းခြေတလျှောက် အပြေးလေ့ကျင့် နေတာတွေ မကြာခဏ ဆိုသလို မြင်ရတာ။  သီချင်းနားထောင်ရင်း အပြေးလည်း လေ့ကျင့်ပြီး ကလေးလည်း ထိန်းပြီးမို့ တချက်ခုတ် သုံးချက်ကို ပြတ်ရော။ ကလေးဆိုတာ အလွန်ဆုံးရှိမှ သုံးလေးလ သားလေးတွေ  နေပူပူကြီးထဲမှာ ဖျားမှာများ မပူသလိုပဲ။  ကလေးထိန်းတာ အများစုကတော့ ယောက်ကျားတွေပဲ။ ဒါနဲ့ ကျွန်မလည်း အသိတယောက်ကို မေးကြည့်ပါတယ် ကျွန်မအတွက် ထူးဆန်းနေတာကိုး။ သူက ဘာပြောလဲဆိုတော့ ဒီမှာ နှစ်ဦးနှစ်ဖက်စလုံး အလုပ်လုပ်ရတာမို့ (ယုတ်ဆွအဆုံး စစ်မှုလည်း အတူထမ်းရတာလေ) ကလေးယူမယ်ဆို အရင်ညှိုနှိုင်းတယ်ဆိုပဲ။ ယောက်ကျားကပါ တာဝန်ယူမယ် သဘောတူမှ ကလေးယူပါတယ်တဲ့။ ဒါကြောင့် ယောက်ကျားတွေက အားလပ်ချိန်များမှာ ကလေးတာဝန် ယူကိုယူရပါတယ်။  ညရေးညတာများလည်း ကလေးတာဝန်  ယောက်ကျားကသာ တာဝန်ယူရပါတယ်တဲ့။  သဘောမတူရင် ကလေးမယူပါဘူးတဲ့။ အံ့ဩချက်များ ပြောပါတယ် ကလေးတောင် ခံဝန်ကတိနဲ့  ယူတယ်ဆိုလို့ပါ။ သူတို့ဟာ သူတို့ ဘယ်လိုပဲ ယူယူ ကလေးတာဝန်ကို ဖခင်ပါ ခွဲဝေယူတာတော့ အတော်သဘောကျသား။ မိခင်တွေဘဝ သက်သာတာကိုး။ ဒါပေမဲ့ ဒီလို ခေတ်မှီတာကို သဘောကျပေမဲ့ နောက်တမျိုးတော့ဖြင့် ကျွန်မက သဘောမကျလှဘူး။ ကျွန်မကသာ မကြိုက်တာ လင်တော်မောင်က “ဟ..နိပ်သားဟ” တဲ့လေ ကျွန်မ မကြိုက်လို့ စတာပါ။ အဲဒါကတော့ ခေတ်နောက်ကျတယ်ပြောပြော ကိုယ့်ဘက် ကိုယ်ယက်တယ်ဆိုဆို မကြိုက်ရေးချ မကြိုက်ပဲ။  ကျွန်မတို့ ဆီမှာတော့ ကလေးချီလာရင် အတော် အန္တရာယ်ကင်းတယ်လေ။ ဘယ်သူကမှ စိတ်နဲ့တောင် ပြစ်မှာမှာ မဟုတ်ဘူး ကလေး အမေကြီး ဆိုပြီး။ ဒီမှာတော့ အဲ့လို မဟုတ်ပြန်ဘူး။ မကြိုက်တာတွေ  ထဲကမှ မကြိုက်ဆုံးတခုလို့တောင် ဆိုရမလိုပဲ။ တခါတလေ ကလေးပါရဲ့နဲ့ မချိုမချဉ်လူမျိုး တွေ့သေးတာ။  အော်…ငါ့မှာလည်း ကလေးပါရဲ့နဲ့ ဘယ့်နှယ့် ဘယ်နှယ့် ပါလိမ့်ပေါ့။ နောက် သိတဲ့သူကို မေးကာ  စပ်စုကြည့်မှ ကလေးရှိ အိမ်ထောင်ရှိလည်း နောက် သဘောကျတာများ ရှိရင် လက်ရှိလူကို ဘေးချိပ် ထပ်ယူရုံပါပဲတဲ့ရှင်။ ဒါကြောင့် ပျိုတယ်၊အိုတယ် ဆိုတဲ့ အယူအဆများ မရှိပါတဲ့ရှင်။  ဒါကတော့ မနိပ်လှပါဘူး ရှေးရိုးစွဲတယ် ပြောလည်း တတ်နိုင်ပါဘူး။ ကိုယ့်အရပ် ကိုယ့်ဇာတ်က ရိုးမြေကျ တယောက်ဆို တယောက်ဆိုတာကြီး အရိုးစွဲနေတာကိုး။ ဒီလိုနဲ့ပဲ  ကျွန်မလည်း နောက်ဆို လင်တော်မောင် မပါပဲ အပြင် မသွားရဲတော့ပါဘူး။  ကိုယ့်အပြုအမူကို မတော်အထင်လွဲ နေမှဖြင့် မခက်ပေဘူးလား။ ကိုယ်ကလည်း ရှင်းတတ်တာမဟုတ် စကားပြောရအောင်ကလည်း အေဘီစီကို ဘောင်ခတ်ထားတာပဲ သိတာလေ။ အဲလိုနဲ့ အပြင်ထွက်တိုင်း၊ကစားကွင်းသွားတိုင်း လင်တော်မောင်ကလည်း မလိုက်မဖြစ်ဆိုတော့  ကျွန်မလည်း ဘယ်ရမလဲ ဂျုးမတွေထုံး နှလုံးမူပြီး သားလှည်းရော သားကိစ္စအဝဝကို လင်တော်မောင်လက် ဝကွက်အပ်ပြီး စတိုင်ကျကျ လှလှပပ ဘေးကပဲ လျှောက်ပါတော့တယ်။

20 comments

  • ကြောင်ကြီး

    July 20, 2011 at 9:27 am

    ဒေါ်မှီကလည်း သဂျီးလက်ခမောင်းခတ်အောင် ရေးနေပြန်ပြီ….နဂိုထဲကမှ ဟိုလူကိုမြောက်ပေး ဒီလူကိုမြောက်ပေးနဲ့ သူ့ကိုမနဲ ဝိုင်းတွယ်ထားရတာ…

  • weiwei

    July 20, 2011 at 10:28 am

    ရန်ကုန်မှာကတော့ ကလေးတွေကို ကစားကွင်းပို့ချင်တာတောင်မှ ဘယ်နားသွားပို့ရမှန်းမသိတော့ဘူး … နေရာလဲမရှိသလို ကျူရှင်ချိန်အပြည့်နဲ့မို့ ကလေးတွေခဗျာလဲ အချိန်မရှိ …

  • etone

    July 20, 2011 at 10:28 am

    မမှီရေ ဖတ်လို့ အလွန်ကောင်းပါတယ် … ။
    ဒီနိုင်ငံမှာက မိန်းမဆိုတဲ့ အမျိုးကို .. မီးဖိုချောင်၊ကလေးထိန်း ၊ မိသားစု ဝေယျာဝစ္စလုပ် ၊ အိမ်သန် ့ရှင်းရေးလုပ်တဲ့လူလို့ပဲ သတ်မှတ်ထားကြတာ …. ။ အိမ်ထောင်ကျပြီးလို့ အိမ်ခွဲမနေပဲ ယောက္ခမနဲ့နေတဲ့လူဆို ယောက္ခမရဲ့ ဝေယျာဝစ္စပါလုပ်ရသေးတယ် … ။ ယောကျာ်းတွေကတော့ ပိုက်ဆံရှာတယ်ဆိုပြီး ပြန်လာလျှင် ဘာအလုပ်မှ မလုပ်ချင်တော့ဘူး … etone မှာ အဒေါ်တွေရှိတယ်… သူတို့လည်း ပြောတုန်းကတော့ မိုးလား ကဲလားနဲ့ နောက်ဆုံး … အဲ့ဒီဝတ်ကျွေးတွေနဲ့ ပိနေလို့ … ရှိရင်းစွဲ အလုပ်တောင် ထွက်ပစ်လိုက်ရတယ်လေ … ။ တကယ်ဆို အိမ်ထောင်တစ်ခုမှာ မျှမျှတတဖြစ်သင့်တာ … ။
    အရင်ကလို ရှေးရိုးစွဲ မိန်းမမို့လို့ …. ကလေးပဲထိန်း အိမ်အလုပ်ပဲလုပ်ဆိုတာမျိုးမရှိသင့်တော့ပါဘူး ။ ဒီခေတ်မှာ တခ ျို့ မိန်းမတွေ ယောကျာ်းတွေနဲ့ ယာဉ်ပေါင်တန်းပြီး ဒိုးတူဘောင်ဖက် အလုပ်လုပ်နေကြပါပြီ … ။
    ယောကျာ်းတွေကလည်း အပျင်းမထူပဲ … ကိုယ့်ပန်းကန်ကိုယ်ဆေးတာတို့ … မိန်းမ အဝတ်လျှော်နေတုန်း ကလေးပုခက်လွဲတာတို့ .. ဖြစ်သင့်နေပါပြီ ။ ဒါတွေလုပ်လို့ ယောကျာ်းတန်ဖိုး ၊ သိက္ခာ ကျသွားတာမှ မဟုတ်ပဲ … မိန်းမကို ကူညီတယ်ဆိုပြီး … ပိုတောင် ချစ်လာပါဦးမယ် 😛 😛 😛 😛

    • hmee

      July 20, 2011 at 2:11 pm

      မဝေရေ ဒီက ကလေးတွေ ကြည့်ရတာ အေးဆေးပဲ ပိတ်ရက်မှာဆို အခွင့်အရေး အပြည့်ရသလိုပဲ။ ခန္ဓာကိုယ် ကြံခိုင်တာလည်း မပြောနဲ့ ကစားကွင်းမှာ ပစ္စည်းက အစုံလေ။ ကြိုက်တဲ့ ပန်းခြံသွား ဝင်ကြေး မရှိဘူး။ စက်ဘီးစီးတယ်ဆိုလည်း လက်ပတ်၊ဒူးကာ၊ စက်ဘီးစီးဦးထုတ် ဝတ်စုံပြည့်။ မတော်လဲကျတောင် မပွန်းမပဲ့လေ။ နိုင်ငံသေးပေမဲ့ ချမ်းသာလို့ ဖြစ်မယ်။ သားနဲ့ အရွယ်တူလေးတွေများ သန်မှသန် လက်ကိုင်ပါတဲ့ စကိတ်လေးတွေ စီးတာ ကျွမ်းမှကျွမ်း။ သူတို့နဲ့ ယှဉ်မှ သားက ခပ်ပျော့ပျော့ ဖြစ်နေသလိုပဲ။ အီးတုံးရေ မကူညီလို့ ဘယ်ရမလဲ အရွယ်ရောက်လာရင် ယောက်ကျားရော၊ မိန်းမရော စစ်မှုလည်း အတူထမ်းရတာလေ။ အလုပ်လုပ်တော့ရော အတူတူပဲ။ အားလုံး တန်းတူ အလုပ်လုပ်ရမှတော့ အိမ်မှာ ဇိမ်နဲ့ ထိုင်စားလို့ ဘယ်ရမလဲ ကူညီရမှာပေါ့။

  • chitpyae

    July 20, 2011 at 12:39 pm

    မှန်လိုက်တာ မမမှီရေ .. စရောက်ခါ စတွေ့တုန်းကတော့ တမျိုးဖြစ်နေသေးတယ် တွေ့ရမြင်ရတာ ….
    အခုနောက်ပိုင်းမှ ရိုးသွားတာ … အခု မမှီက သေချာ ပြောလိုက်တော့ ပိုသိလာရတယ် …. ဟိဟိ 🙂
    ဒီလိုပဲ ဖြစ်သင့်တာပေါ့ … ဒါမှ မိန်းမတွေလည်း သက်သာရာရတယ် 😉

    • pan pan

      July 20, 2011 at 1:15 pm

      ဟုတ်တယ်
      ထောက်ခံတယ်
      ဒီလိုဖြစ်သင့်တယ်
      မောင်တစ်ထမ်း မယ်တစ်ရွက်ပေ့ါ
      သူ့အလုပ် ကိုယ့်အလုပ်ခွဲခြားမနေဘဲ ဒီလိုလုပ်တာ ပိုပြီးတာသွားတယ်

      • Foreign Resident

        July 21, 2011 at 4:25 am

        I will not agree ” မောင်တစ်ထမ်း မယ်တစ်ရွက်ပေ့ါ ”
        If မောင် make တစ်ထမ်း —-> မယ် also တစ်ထမ်း
        Gender Equality.

        • etone

          July 21, 2011 at 10:31 am

          အဲ့ဒါဆိုလည်း F.R ရေ.. မိန်းမတွေ ကိုယ်ဝန်ဆောင်တဲ့အချိန် …ယောကျာ်းကိုလည်း ဆောင်ခိုင်းလိုက်လေ ဒါမှ ညီမျှမှာပေါ့ .. ဟဲဟဲ 😛 😛

        • Foreign Resident

          July 21, 2011 at 11:34 am

          Dear e-tone,
          In foreign country,
          မိန်းမ can deny to have ကိုယ်ဝန်ဆောင်
          It’s optional,
          If she want to take it ( ကလေး ), she can take it.
          If she don’t want to take it, then don’t take it.
          Nobody can force her to take it ( ကလေး ), It’s her right.

          I encourage our villagers to see the movie “No String Attached”.
          After that, you will understand their culture & their style of sex freedom.

          Boy/girl friend = Yee Sarr ( may or may not, have sex )
          Sex friend = having sex regularly, but no love & no Yee Sarr, just friend
          Lover = having sex regularly, ( may be or may be not, Yee Sarr )
          de facto = living together without marriage

        • etone

          July 21, 2011 at 3:31 pm

          Hi Foreign Resident ,
          Thx for ur details information regarding about friends and lovers but it is news to me !
          As 4 me very strang to know that they have sex without loving each others and getting anything as money, gold , etc ….. 🙄 🙄 🙄

  • MOEPWINTPHYU

    July 20, 2011 at 12:51 pm

    ကောင်းတယ် ဒီမှာလဲအဲလိုအမြန်ဖြစ်လာပါစေလိုဆုတောင်းနေမယ်

    • kai

      July 20, 2011 at 2:20 pm

      လုပ်ပြန်ပြီ ဆုတောင်းနေတာကြီး..။ ဆုတောင်းလို့… ဘာမှဖြစ်မလာပါဘူးနော…။
      လက်တွေ့ကျကျက..ကလေးကို..ယောက်ျားလက်ထိုးပေးလိုက်..။ ပြီးတော့… ဒေါက်ဖိနပ်နဲ့လမ်းလျှောက်ထွက်ပေါ့…။
      မတော်..ဖလက်ဖေါင်းကြား ခြေချော်ကျရင်တော့… ဘေးက ဘာဘူကြီးကို.. ကိုကိုရေ..ထူပါဦးပြောလိုက်နော…။ 🙂

  • နွယ်ပင်

    July 20, 2011 at 3:39 pm

    ဟုတ်ပ မမှီရယ် နွယ်ပင်လဲထောက်ခံတယ်
    အမှန်က အဲလိုဖြစ်နေရမှာ ဒီမှာကတော့ ယောကျာင်္းက အလုပ်လုပ်ပြီး ပိုက်ဆံရှာနေရလို့ ပြန်လာရင်
    အိမ်အလုပ်ကို မလုပ်ချင်တော့ဘူးဆိုတဲ့ အကြောင်းပြချက်ကိုပေးကြတာလေ အမှန်က အခုခေတ်မှာ အိမ်ထောင်သည် အမျိုးသမီးတွေလဲ အလုပ်လုပ်နေကြရတာပဲ အိမ်ကိုပြန်ရောက်ရင်တာ မိန်းမက မနားရဘဲ အိမ်အလုပ်တွေ လုပ်နေရတာ သူတို့ကတော့ အကြောင်းပြချက်ကောင်းကောင်းနဲ့ ဇိမ်ယူနေကြတာတွေ အပုံကြီးပဲလေ နွယ်ပင်အလှည့်ကြရင်တော့ ဒီနည်းလမ်ကို သုံးမှပဲ မဆိုးဘူးနော် 😛

  • weiwei

    July 20, 2011 at 3:52 pm

    တရုတ်ပြည်လိုနေရာမှာတောင် ယောက်ျားတွေ အိမ်အလုပ်ဝိုင်းလုပ်ကြတယ် …
    ကလေးတွေကို ကစားကွင်းတွေ ပန်းခြံတွေကို လိုက်ပို့ပေးကြပါတယ် … ငယ်ငယ်ကလေးထဲက စကိတ်စီးတတ်အောင်လေ့ကျင့်ထားကြလို့ ချော်လဲမှာမပူရတော့ဘူး … အားကစားလဲ အမြဲလုပ်နေကြတော့ ကျန်းမာသန်စွမ်းပြီး ထွားကြိုင်းကြတယ် …

  • mozillamedia

    July 21, 2011 at 10:22 am

    ကြိုက်ပါတယ်….. နေရာချင်းတောင် လဲလိုက်ချင်ပါတယ်….
    ရှာရဖွေရ စိတ်မောရ…. လုပ်ကြည့်လိုက်တာ ပိုကောင်းပါတယ်…

    • etone

      July 21, 2011 at 10:35 am

      အံမယ်လေး ကိုယ်တော်ချောရေ … ဒီခေတ်မှာ မိန်းမတွေလည်း ၊ အိမ်စရိတ်ရှာနေကြပါပြီနော် … ။

      မိန်းမတွေကို အိမ်အခိုင်းစေ သဘောမျိုးနဲ့ ပျော်တော်ဆက်သဘောလောက်ပဲ ထားတဲ့ ခေတ်က ဘိုးတော် ဘုရားလေးဖက်သွားတဲံ ခေတ်မှာ ကျန်ခဲ့သင့်ပြီ … ။ 🙄

  • moethidasoe

    July 21, 2011 at 1:17 pm

    အဲဒါလေးနဲ့ မတူပေမယ့် နီးစပ်တဲ့ ဝတ္ထု (ဇဝနရဲ့ ကျွန်တော့်လင်) တဲ့ ယောက်ျားကို နွဲ့နွဲ့နဲ့ မိန်းမကို သန်သန်မာမာ ထားတာ .. ဖတ်ပြီးတော့ သဘောကျနေတယ်

  • athaylay

    July 21, 2011 at 1:40 pm

    ကိုယ့်အလှည့်ကျရင် ဒီလိုမျိုးပဲ လုပ်မှာ။

  • ဆူး

    July 22, 2011 at 12:48 am

    ဒေါက်ဖိနပ်နဲ့ ခပ်တည်တည် နဲ့ သွားနေတာ အနောက်က ကိုယ်ရံတော် ကလေးထိန်းပြီး လိုက်တယ် ဆိုတော့ တမျိုးလေးပဲ။ တာဝန် ဆိုတာ လူတိုင်းမှာ ရှိတာပဲ..
    ငယ်ငယ်က အဖေ ပဲ ကပ်နေတော့ အမေ နည်းနည်း သက်သာမယ် ထင်တယ်။ ဟိုဟို ဒီဒီ သွားရင် အဖေက ချီတယ်။ ပြောရင်းနဲ့ ငယ်ဘဝတောင် သတိရမိတယ်။

  • ရွှေဘိုသား

    July 22, 2011 at 10:23 am

    မိန်းမတွေ ထမင်းချက် နောက်ဖေး အလုပ်တောင် တော်တော်ပင်ပန်းတယ်စိတ်ရှုပ်ရတယ်ဆိုတာ
    ကိုယ်တိုင် မီးဖိုချောင် ဝင်ချက်ဖူးရင် သိမှာပါဗျာ
    ကျွန်တော်တကယ် အမေနေမကောင်းတုန်းဝိုင်းကူချက်ဖူးတယ် မနက်စာ နေ.လည် 12 နာရီမှစားရတယ်
    မိန်းကလေးတွေလို မစီစဉ်တတ်လို.လေ သူတို.က ထမင်းချက်ထားရင်း ဟင်းသင်တယ်
    လှီးစရာရှိလှီးတယ် ဆေးစရာရှိဆေးထားလိုက်တယ် ထမင်းအိုးကျက်ရင် ဟင်းအိုးကအဆင်သင်.ပြင်ပြီးသား
    ဖြစ်နေတာ ကိုယ်တွေက တစ်ခုပြီးမှတစ်ခုထလုပ်တာဆိုတော. တော်တော်ကိုစိ်တ်ရှုပ်ရတယ်

    အခုတော.လည်း အေးဆေးဖြစ်ပြီး အိမ်ရှင်မလေးတွေကို နားလည်လာတယ်

Leave a Reply